Sar Oak -The Book

Sar Oak -The Book Book Shop

မရတော့တာကြာနေပြီဖြစ်တဲ့ စာအုပ်လေးကို စာရွက်သား ဖြူဖြူချောချောလေးနဲ့ ပြန်ရပြီဝေ့  #တော်ဝင်မန္တလေး ဘုန်းဘုန်းရဲ့ မဟာသမယသုတ...
05/05/2025

မရတော့တာကြာနေပြီဖြစ်တဲ့ စာအုပ်လေးကို
စာရွက်သား ဖြူဖြူချောချောလေးနဲ့ ပြန်ရပြီဝေ့
#တော်ဝင်မန္တလေး ဘုန်းဘုန်းရဲ့
မဟာသမယသုတ် ကိုယ်တွေ့ထူးခြားမှုစာအုပ်လေး
မှာယူလိုပါက
မင်မင်တို့ရဲ့ page👇
Sar Oak -The Book ရဲ့ chat boxမှလဲ မှာယူနိုင်သလို
ဖုန်း 📱09-799637601
📱09-420289727 သို့လဲ ဆက်သွယ်ပြီး
မှာယူနိုင်ပါတယ်ရှင်

တစ်ဆင့် ပြန်လည်လှူဒါန်းလိုသူများအတွက်လဲ
အမည် ဆေးရိုက်ပေးခြင်း
စတစ်ကာကပ်ပေးခြင်း
အလှူရှင်များ ကိုယ်စား
🔹အမြန်ချောပို့ (Royal Express/ Ninja Van) Delivery
🔹ကားဂိတ် များသို့
မင်မင်တို့က ပို့ဆောင်ပေးပါတယ်ရှင့် 🙏

 #အဋ္ဌာနမေတံဂါထာကိုရွတ်ဖတ်ပူဇော်ရင် ဘာအကျိုးကျေးဇူးတွေရနိုင်သလဲ? 🙏🙏🙏🙏🙏🙏🙏 အဋ္ဌာနမေတံဂါထာတော်ဟာ သာမန်လောကီဂါထာ မဟုတ်ပဲ ​ဒေ...
19/04/2025

#အဋ္ဌာနမေတံဂါထာကိုရွတ်ဖတ်ပူဇော်ရင်
ဘာအကျိုးကျေးဇူးတွေရနိုင်သလဲ?
🙏🙏🙏🙏🙏🙏🙏
အဋ္ဌာနမေတံဂါထာတော်ဟာ သာမန်လောကီဂါထာ မဟုတ်ပဲ ​ဒေဝဒတ်မှ မြတ်စွာဘုရားရှင်အား လုပ်ကြံ သတ်ဖြတ်ဖို့ ကြိုးစားပြီးတဲ့အခါမှာ ရှင်အာနန္ဒာနှင့် ရဟန်းတော်များက မေးမြန်းလျောက်ထားကြရမှာ
ရှင်တော်မြတ်ဘုရားက အဋ္ဌာမနေတံဂါထာကို ဟောကြားတော်မူခဲ့ပါသည် ။
အဋ္ဌာနမေတံဂါထာသည် ​မြတ်စွာဘုရားရှင် နှုတ်တော်မှ ထွက်တော်မူသော ဓမ္မစက်အစစ် ဖြစ်ပါသောကြောင့်
ဤဂါထာကို ရွတ်ဆိုပူဇော်ခြင်းကြောင့် ကလေးများ ညဉ့်နက်သန်းခေါင် လန့်၍ ငိုခြင်း၊ စုန်းတိုက်ခြင်း၊ ပယောဂပြုခြင်းအစရှိသော အနှောင့်ယှက်ပြုခြင်း တို့မှ ကင်းဝေးခြင်း၊ကပ်ရောဂါအန္တရာယ်ဘေးတို့မှ ကင်းဝေး စေခြင်း အစရှိသော အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။

နှစ်သစ် ဆုမွန်လွှာ မြန်မာ့နှစ်ကူးအခါသမယ မှာ မြန်မာပြည်သူပြည်သားများနှင့် Sar Oak -The Book  မိတ်ဟောင်းမိတ်သစ်များ အားလုံ...
17/04/2025

နှစ်သစ် ဆုမွန်လွှာ
မြန်မာ့နှစ်ကူးအခါသမယ မှာ
မြန်မာပြည်သူပြည်သားများနှင့်
Sar Oak -The Book မိတ်ဟောင်းမိတ်သစ်များ အားလုံး
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာလျက်
ကပ်ကြီးသုံးပါးဘေးမှ လွတ်မြောက်ပြီးလျင်
စီးပွားလာဘ်လာဘများ ဒီရေအလား
တိုးတက်ပါစေကြောင်း
ဆုမွန်ကောင်း တောင်းအပ်ပါသည်ရှင့်
🙏🙏🙏

စုံ #စုံပွင့်စုံပေါက်ပဌာန်းအဓိဌာန် =================== စုံ= စုံညီခြင်း၊ ပြည့်စုံခြင်း၊ ဘက်စုံဖြစ်ခြင်းပွင့်=ပွင့်လင်းခြင...
09/04/2025

စုံ #စုံပွင့်စုံပေါက်ပဌာန်းအဓိဌာန်
===================
စုံ= စုံညီခြင်း၊ ပြည့်စုံခြင်း၊ ဘက်စုံဖြစ်ခြင်း
ပွင့်=ပွင့်လင်းခြင်း ပွင့်လန်းခြင်း
ပေါက် =ပေါက်မြောက်ခြင်း ၊ပေါက်ရောက်ခြင်း၊ ထွန်းပေါက်ခြင်းဟု အဓိပ္ပါယ် သက်ရောက်ပါသည်။ ။

ထို့ကြောင့်
စုံပွင့်စုံပေါက် ဟူသည်
ဘက်စုံ ပြည့်စုံစွာ ပွင့်လင်း ပေါက်ရောက်ခြင်းဟု အဓိပ္ပါယ်ရပါတယ်။
ပဋ္ဌာန်း၂၄ ပစ္စည်း နှင့်
မြတ်ဗုဒ္ဓ၏ဂုဏ်တော်(၉)ပါးတို့ အား ပူးတွဲရွတ်ပွားပူဇော်ရသော ကျင့်စဉ်နည်းလမ်းတစ်ရပ် ဖြစ်ပါသည်။
ပဋ္ဌာန်းစွမ်းအား နှင့် ဂုဏ်တော်တန်ခိုးတို့ကြောင့် စုံပွင့်စုံပေါက် ကြရစေ၏။

အစီအစဉ်

၁🍀 ဘုရား၊တရား၊သံဃာ ရတနာ ၃ပါးအားရည်မှန်း၍ ဆွမ်းကပ်လှုခြင်း ပန်း ရေချမ်း ဆီမီး ကပ်လှုခြင်း။ (ဒါန ကောင်းမှု)

၂🍀 သီလဆောက်တည်ခံယူခြင်း။
(၅)ပါးသီလသော်လည်းကောင်း
(၈)ပါးသီလသော်လည်းကောင်း
(၉)ပါးသီလ သော်လည်းကောင်း
သီလတမျိုးမျိုးကို စောင့်ထိန်းပါ။

၃🍀 မိမိအိမ်တွင် စောင့်ရှောက်နေသော အိမ်စောင့်နတ်အားလုံးနှင့် တကွ မြင်အပ်မမြင်အပ်သောပုဂ္ဂိုလ်များအား
တရားနာ ဖိတ်ကြားခြင်း။

၄🍀 မေတ္တာသုတ် ရွတ်ပွားခြင်း။
(မေတ္တာဘာဝနာပွားခြင်း)

၅🍀 စုံပွင့် စုံပေါက် ပဋ္ဌာန်း ရွတ်ပွားခြင်း

၆🍀 ရွတ်ပွားမှုကို မြင်အပ် မမြင်အပ် ပုဂ္ဂိုလ် အပေါင်းတို့အား မေတ္တာပို့ အမျှပေးဝေခြင်း။

၇🍀 ပင့်ဖိတ်ထားသော ပုဂ္ဂိုလ်များအား ဆိုင်ရာဘုံဋ္ဌာန များဆီသို့ ပြန်ကြွရန် ပြန်ပို့ခြင်း ။
ဟူ၍ စနစ်တကျ ဆောင်ရွက်ရပါသည်။

💠 ဆွမ်းကပ်လှုရာတွင် သက်သက်လွတ်ကပ်နိုင်ပါက ကပ်ပါ။
💠 ထို့နောက် အလင်းတိုင် ၃ တိုင်
သောက်တော်ရေ ၃ ခွက်
အမွှေးတိုင် ၃ တိုင် တို့အား
ရတနာမြတ် ၃ပါးအားရည်မှန်း ၍ ကပ်လှုပေးရပါမည်။
💠 မြင်အပ် မမြင်အပ် ပုဂ္ဂိုလ် အပေါင်းတို့အား ပင့်ဖိတ်ခြင်း ဆိုရာတွင် မိမိအိမ်တွင် စောင့်ရှောက် နေသောအိမ်စောင့်နတ်အားလုံး နှင့်တကွ (၃၁)ဘုံ ကျင်လည်ကျက်စား၍ နေသော ကြား,ကြားသမျှ မြင်အပ် မမြင်အပ်ပုဂ္ဂိုလ် အပေါင်းတို့အား ပဋ္ဌာန်း တရားနာကြွရောက် ကြပါကုန်လော့ ။
ယခုအခါ မြတ်စွာဗုဒ္ဓ၏ ဂုဏ်တော် (၉) ပါး နှင့် ပဋ္ဌာန်း(၂၄) ပစ္စည်း ကို တွဲ၍ ကြားနာရခဲသော
စုံပွင့်စုံပေါက် ပဋ္ဌာန်း ကို ရွတ်ပွားပူဇော်ပါတော့မည်။
ကြွရောက်ကြပါကုန်လော့ ဟု ဖိတ်ကြားနိုင်ပါသည်။
ထို့နောက်တွင် (၃၁) ဘုံသား အားလုံးစူးစိုက်၍ စိတ်ကြည်လင် လာအောင် မေတ္တာသုတ်တော်အား ရွတ်ပွားပေးတော်မူပါ။
ထို့နောက် ပဋ္ဌာန်း တော်အား
ရတနာ ၃ ပါရည်မှုန်၍ (၃)ခေါက် သို့မဟုတ် ။
ဂုဏ်တော် ၉ ပါး ရည်းမှန်း၍
(၉)ခေါက် သို့မဟုတ်
ပဋ္ဌာန်းတရား ရည်မှန်း၍
(၂၄) ခေါက် ရွတ်ပွားနိုင်ပါသည်။
အချိန်မပေးနိုင်ပါက (၃) ခေါက် ရွတ်ပွားသင့်ပါသည်။

အဓိဋ္ဌာန်တင်ပုံတင်နည်း
🌹 🌹 🌹 🌹 🌹 🌹
ဘုရားတပည့်တော်/မသည်
ဤ မည်သော (----------)ကိစ္စကြောင့် အောင်မြင်မှုကိုရရှိလိုပါ၍
#စုံပွင့်_စုံပေါက်_ပဋ္ဌာန်း အား (၃/၉) ခေါက်ကို နေ့စဉ် ရက်ပေါင်း (၉/၂၄)ရက် မပျက်မကွက်ပူဇော်ခြင်းပြုသော အဓိဋ္ဌာန်ကို ယနေ့မှစ၍ ထားရှိပါကြောင်း လျှောက်ထားအပ်ပါသည်။
ဤသို့ အဓိဋ္ဌာန်ထားသည့်အတိုင်း
ယုံကြည်စွာဖြင့် ရွတ်ပွားပူဇော်ခြင်း အဓိဋ္ဌာန် ပြည့်စုံမှု့ရှိပါက ဘုရားတပည့်တော်၏
အလိုရှိသော (--------) ဤအရေးသည် အောင်မြင်ပါစေသတည်းဟု
ဆုတောင်းအပ်ပါသည် အရှင်ဘုရား။

(( မှတ်ချက်။။ ။
(၉)ခေါက် (၂၄)ရက် ရွတ်ပွားပြီးပါက တစ်ကဏ္ဍရပါသည်။
သုံးကဏ္ဍရပါက မည်မျှပင် ကံတွေပိတ်၍ အကြပ်တည်းကြုံနေပါစေ ကံပွင့်လင်း၍ ဘက်စုံမှထွန်း ပေါက်သော အကျိုးကို ရရှိခံစားရပါလိမ့်မည် ။))

ရွတ်ပွားမှုခေါက်ရေ ပြည့်ပီးပါ တရားနာကြွရောက်ကြ ကုန်သော မြင်အပ် မမြင်အပ် ပုဂ္ဂိုလ် အပေါင်းတို့အား
မိမိပြုခဲ့သော ဒါန၊ သီလ၊ သမာဓိ၊ မေတ္တာဘာဝနာ နှင့် ရွတ်ပွားပူဇော်မှုအစုစု တို့ကို အမျှ အမျှ အမျှ ပေးဝေပါ၏ဟု အသံထွက်၍ အမျှပေးဝေပါ။
သာဓု သာဓု သာဓု ခေါ်၍
ကြေးစည် ၉ချက် တီးပေးပါ။
ထို့နောက် ပင့်ဖိတ်ထားသော တရားနာ ကြွရောက်
ကြကုန်သော ပုဂ္ဂိုလ် အပေါင်းတို့အား မိမိတို့ နေရာ ဌာနဘုံ ဗိမာန်အသီးသီးသို့ ပြန်လည် ကြွရောက်ရန် ပြန်ပို့ဆောင်ပေးပါ။
🌷🌷🌷🌷🌷🌷🌷🌷🌷
စုံပွင့်စုံပေါက် ပဋ္ဌာန်း။

#ဟေတုပစ္စယော
{အရဟံ ဗုဒ္ဓေါ }
သော ဘဂဝါ ဣတိပိ
#ဟေတုပစ္စယော ။

#ဟေတုပစ္စယော
{သမ္မာသမ္ဗုဒ္ဓေါ}
သော ဘဂဝါ ဣတိပိ
#ဟေတုပစ္စယော ။

#ဟေတုပစ္စယော
{ဝိဇ္ဇာစရဏ သမ္ပန္နော}
သော ဘဂဝါ ဣတိပိ
#ဟေတုပစ္စယော ။

#ဟေတုပစ္စယော
{သုဂေတာ}
သော ဘဂဝါ ဣတိပိ
#ဟေတုပစ္စယော ။

#ဟေတုပစ္စယော
{လောကဝိဒူ သယမ္ဘူ ဇိနော}
သောဘဂဝါ ဣတိပိ
#ဟေတုပစ္စယော ။

#ဟေတုပစ္စယော
{အနုတ္တရောပုရိသ ဒမ္မသာရထိ ဇိနောဗုဒ္ဓေါ}
သော ဘဂဝါ ဣတိပိ
#ဟေတုပစ္စယော ။

#ဟေတုပစ္စယော
{သတ္တာဒေဝမနုဿာနံ ဇိနော အရဟတော}
သော ဘဂဝါ ဣတိပိ
#ဟေတုပစ္စယော ။

#ဟေတုပစ္စယော
{ဗုဒ္ဓေါ }
သော ဘဂဝါ ဣတိပိ
#ဟေတုပစ္စယော ။

#ဟေတုပစ္စယော
{ဘဂဝါ ဗုဒ်ဓေါ}
သော ဘဂဝါ ဣတိပိ
#ဟေတုပစ္စယော။
-------------------------------------------
#ဟေတုပစ္စယော နေရာ တွင် ကျန်သော ပစ္စည်းများဖြစ်သည့်
#အာရမ္မဏပစ္စယော၊
#အဓိပတိပစ္စယော၊ .......................
#အဝိဂတပစ္စယော။
စသည်ဖြင့်ပြောင်းကာ ထည့်ဆို ပူဇော်ရမည် ဖြစ်သည်။

ပုတီးစိပ်လိုလျင်
#ဟေတုပစ္စယော
{အရဟံ ဗုဒ္ဓေါ }
သော ဘဂဝါ ဣတိပိ
#ဟေတုပစ္စယော ။ (ပုတီး တစ်လုံးချ)

#ဟေတုပစ္စယော
{သမ္မာသမ္ဗုဒ္ဓေါ}
သော ဘဂဝါ ဣတိပိ
#ဟေတုပစ္စယော ။ (ပုတီး တစ်လုံးချ)

ဤသိုဖြင့်ဆက်စိပ်သွားပါက
တစ်ပစ္စည်းလျင် ၉ လုံးရပြီး။ ၂၄ ပစ္စည်း ဆိုပါက ၂၁၆ လုံးရသဖြင့်

အာသေဝန ပစ္စည်း၏

#အာသေဝနပစ္စယော
{ဘဂဝါ ဗုဒ်ဓေါ}
သော ဘဂဝါ ဣတိပိ
#အာသေဝနပစ္စယော။ တွင်
၁၀၈ လုံး ပထမ ပုတီးတစ်ပတ်ရ၏။

ဆက်စိပ်ပါက
အဝိဂတ ပစ္စည်း၏
#အဝိဂတပစ္စယော
{ဘဂဝါ ဗုဒ်ဓေါ}
သော ဘဂဝါ ဣတိပိ
#အဝိဂတပစ္စယော။ အဆုံးတွင်
ဒုတိယ ပုတီးပတ် အံကိုက်ဖြစ်သည်။

ပုတီး နှစ်ပတ်( စုံ )မှ စုံပွင့် စုံပေါက် တစ်ခေါက်ပြည့်၏။
ထိုကြောင့်ပင်လျင် စုံပွင့် စုံပေါက် ပေ၏။

ဦးစိန်ဦး

🍀ပြန်လည်မျှဝေ ဓမ္မဒါနပြုပါသည်🍀

စာရေးသူကို Credit ပေးပါတယ်နော်.......
တစ်ဆင့် ပြန်လည်လှူဒါန်းလိုသူများအတွက်လဲ
အမည် ဆေးရိုက်ပေးခြင်း
စတစ်ကာကပ်ပေးခြင်း
အလှူရှင်များ ကိုယ်စား
🔹အမြန်ချောပို့ (Royal Express/ Ninja Van) Delivery
🔹ကားဂိတ် များသို့
မင်မင်တို့က ပို့ဆောင်ပေးပါတယ်ရှင့် 🙏

မှာယူလိုပါက
မင်မင်တို့ရဲ့ page👇
Sar Oak -The Book ရဲ့ chat boxမှလဲ မှာယူနိုင်သလို
ဖုန်း 📱09-799637601
📱09-420289727 သို့လဲ ဆက်သွယ်ပြီး
မှာယူနိုင်ပါတယ်ရှင်

လိုရာပြည့်ဝ မဟာသမယ (၇) သုတ်တွင် ပါဝင်သော ဘ ဘ ဇရာအို ရေးသားပြုစုသည့်  #နတ်နဂါးမေတ္တာပို့လေးကို ဖော်ပြပေးလိုက်ပါသည်ရှင့် တ...
08/04/2025

လိုရာပြည့်ဝ မဟာသမယ (၇) သုတ်တွင် ပါဝင်သော
ဘ ဘ ဇရာအို ရေးသားပြုစုသည့်
#နတ်နဂါးမေတ္တာပို့လေးကို ဖော်ပြပေးလိုက်ပါသည်ရှင့်

တစ်ဆင့် ပြန်လည်လှူဒါန်းလိုသူများအတွက်လဲ
အလှူရှင်အမည် ဆေးရိုက်ပေးခြငိး
စတစ်ကာကပ်ပေးခြင်း
အလှူရှင်များ ကိုယ်စား
🔹အမြန်ချောပို့ (Royal Express/ Ninja Van) Delivery
🔹ကားဂိတ် များသို့
မင်မင်တို့က ပို့ဆောင်ပေးပါတယ်ရှင့် 🙏

မဟာပဋ္ဌာန်းကျမ်းတော်ကြီးကို မှာယူလိုပါက
မင်မင်တို့ရဲ့ page👇
Sar Oak -The Book ရဲ့ chat boxမှလဲ မှာယူနိုင်သလို
ဖုန်း 📱09-799637601
📱09-420289727 သို့လဲ ဆက်သွယ်ပြီး
မှာယူနိုင်ပါတယ်ရှင်

“ သစ္စာဆို၍ မေတ္တာပွားနည်း ”လောကမှာ   #သစ္စာဟာ အစွမ်းတန်ခိုး အင်မတန်မှ ထက်တယ်။ လူတွေက သစ္စာဆိုမှု အင်မတန်မှ နည်းကြတယ်။ တ...
08/04/2025

“ သစ္စာဆို၍ မေတ္တာပွားနည်း ”

လောကမှာ
#သစ္စာဟာ အစွမ်းတန်ခိုး အင်မတန်မှ ထက်တယ်။ လူတွေက သစ္စာဆိုမှု အင်မတန်မှ နည်းကြတယ်။ တကယ်
ကိုယ့်ဟာကိုယ် သစ္စာဆိုပြီးတော့ ကိုယ်လိုချင်တဲ့ အရာတစ်ခုကို တောင်းလို့ရှိရင် သစ္စာရဲ့စွမ်းအားဟာ ရှိတယ်။

မယုံရင်တော့ လုပ်ကြည့်ပေါ့။ တစ်ခါတည်းနဲ့တော့ ရချင်မှ ရမှာပေါ့။ ဘာဖြစ်လို့တုန်းဆိုတော့ သစ္စာစကားဟာ မှန်ကန်ဖို့လဲ လိုအပ်တယ်။ မှန်မှန်ကန်ကန်လည်း ဆိုရမယ်။ စိတ်စွမ်းအားတွေအားလုံး အသုံးချပြီးတော့ လုပ်ဖို့ လိုအပ်တယ်။ သစ္စာဆိုတာ မှန်တာကိုပြောတာ။ ကိုယ့်ဟာကိုယ်လည်း သစ္စာဆိုလို့ရတယ်။ ကိုယ့်ဟာကိုယ်ဆိုရင် အမှားရှိချင်ရှိနေမယ်။

ဒါကြောင့်မို့ ... ရတနာသုံးပါးနဲ့ ပတ်သက်တဲ့ သစ္စာဆိုပုံကို ရတန သုတ်ကနေယူပြီး နံနက်ခင်းမှာ သစ္စာဆိုနိုင်အောင်
လို့ ဒီမှာထည့်သွင်းထားတာ။

ဒါ မနက်မိုးသောက် အိပ်ရာက ထလာလို့ရှိရင် လုပ်ရမယ့် အလုပ်ကလေးတွေပဲ။ အလုပ်သွားပြီ၊ တစ်ခုခု လုပ်ငန်းကိုင်တာတွေလုပ်ပြီ ဆိုလို့ရှိရင် အခုလို သစ္စာလေးဆိုပေါ့။ သစ္စာဆိုတာ ကိုယ့်အတွက် တင်မဟုတ်ဘူး၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင်အတွက်ပါ အကုန်ပါတယ်။
ကြည့်လေ...။
____________________

“ယံ ကိဉ်စိ ဝိတ်တံ ဣဓ ဝါ ဟုရံ ဝါ၊
သေဂၢသု ဝါ ယံ ရတနံ ပဏီတံ၊
န နော သမံ အတ္ထိ တထာဂတေန၊
ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။”

ဘုရား၊ တရား၊ သံဃာနဲ့ ပါတ်သက်ပြီး သစ္စာဆိုပုံကိုကြည့်။ ဗမာလို အဓိပ္ပာယ်ကလည်း ရှင်းရှင်းပဲ။

“ယံ ကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ
ရတနံ ပဏီတံ” ဒီလိုဆိုလိုတယ်။ အဲဒီတော့

“ယံ ကိဉ္စိ ဝိတ္တံ”-
လောကမှာ နှစ်သက်စရာကောင်းလှတဲ့ ပစ္စည်းဥစ္စာ၊ ဒီလူ့ပြည်မှာ ရှိတဲ့ဟာရော၊ တခြားလောကမှာ ရှိတာတွေရော၊ နတ်ပြည်မှာရှိတာတွေရော၊ လောကမှာ ရတနာတွေဟာ ကမ္ဘာမှာ ရှိတယ်။

“ယံ ကိဉ္စိ”-
ရှိသမျှ ရတနာတွေအားလုံး၊

“န နော သမံ အတ္ထိ တထာဂတေန”-
မြတ်စွာဘုရားဆိုတဲ့ရတနာနဲ့ တူတဲ့ ရတနာ မရှိပါဘူး။

လူတွေပိုင်ဆိုင်ကြတဲ့ စိန်ပဲဖြစ်ဖြစ်၊ ရွှေပဲဖြစ်ဖြစ်၊ ငွေပဲဖြစ်ဖြစ်၊ ကျောက်သံပတ္တမြားတွေပဲဖြစ်ဖြစ် အဲဒီ ရတနာတွေ မြောက်များစွာ ရှိတယ်။ ကမ္ဘာမှာရှိတဲ့ ဒီရတနာတွေရဲ့ တန်ဖိုးဟာ မြတ်စွာဘုရား
တည်းဟူသော ရတနာကို မမီပါဘူး။ ဒီလို ဆိုလိုတယ်။ အဲဒါဟာ မှန်ကန်သောစကားတစ်ခုဖြစ်တယ်။

“ဣဒမ္ပိ ဗုဒ္ဓေ ရတနံ”-
လောကမှာရှိတဲ့ ရတနာတွေထက် .. ပိုပြီးတော့ ထူးမြတ်တဲ့ရတနာ၊ နှစ်သက်စရာကောင်းတဲ့ သီလ၊ သမာဓိ၊ ပညာ ဆိုတဲ့ ဒီ ထူးခြားတဲ့ တန်ဖိုးရှိလှတဲ့ တရားတွေ မြတ်စွာဘုရားရဲ့ သန္တာန်မှာ ရှိတယ်။
တရားမှာ ရှိတယ်၊ သံဃာမှာ ရှိတယ်။

အဲဒီမှန်သောစကားကို ဆိုရသောကြောင့် ...
သတ္တဝါတွေ ချမ်းသာကြပါစေ။
ဒါ “သစ္စာဆိုပြီးတော့ မေတ္တာပွားတဲ့နည်း” ပဲ။
___________________

အဲဒီတော့ နံနက်မိုးသောက် အလင်းရောက်တဲ့အခါ ကိုယ့်အတွက်တင်မကဘူး၊ အများသတ္တဝါတွေအတွက်ပါ သစ္စာဆိုပြီးတော့ မေတ္တာပွားတာဟာ အလွန်ကောင်းတဲ့ အလုပ်တစ်ခုပေါ့။ အဲဒီတော့ အလွန်ကောင်းတဲ့ အလုပ်တစ်ခုကို မှန်မှန်ကန်ကန် လုပ်သွား
မယ်ဆိုလို့ရှိရင် ကောင်းကျိုးချမ်းသာတွေ ရမှာပဲ။

နံနက်ပိုင်းမှာ ဒီလိုလုပ်ဖို့အတွက် ရှေးဆရာတော်ကြီးတွေက ထိုထိုပါဠိတော်တွေကနေ ထုတ်နှုတ်ပြီးတော့ ဒီလိုရေးသားခဲ့ကြတာ
ဖြစ်တယ်။ ဒါကြောင့်မို့လို့ နေ့စဉ်နဲ့အမျှ ကောင်းကျိုးချမ်းသာတွေကို လိုချင်တယ်၊ တစ်နေ့တာ ဖြတ်သန်းတဲ့အခါမှာ နံနက်ပိုင်းမှာ

ကောင်းကျိုးချမ်းသာတွေ ရချင်တယ်၊ နေ့လယ်ပိုင်းမှာ ကောင်းကျိုးချမ်းသာတွေ ရချင်တယ်၊ ညနေပိုင်းမှာ ကောင်းကျိုးချမ်းသာတွေ ရချင်တယ် ဆိုလို့ရှိရင် ဒီအတိုင်း လိုက်နာကြရမယ်။

🙏🙏🙏
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
{ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ}

Young Buddha Association.

 #ပြည်မြို့ဝေပုလ္လာရာမဆရာတော်၏ ထွက်ရှိပြီး စာအုပ်များ 5% promotion discount လဲ ရှိတယ်နော် တစ်ဆင့် ပြန်လည်လှူဒါန်းလိုသူမျ...
08/04/2025

#ပြည်မြို့ဝေပုလ္လာရာမဆရာတော်၏
ထွက်ရှိပြီး စာအုပ်များ
5% promotion discount လဲ ရှိတယ်နော်

တစ်ဆင့် ပြန်လည်လှူဒါန်းလိုသူများအတွက်လဲ
အလှူရှင်အမည် ဆေးရိုက်ပေးခြင်း
စတစ်ကာကပ်ပေးခြင်း
အလှူရှင်များ ကိုယ်စား
🔹အမြန်ချောပို့ (Royal Express/ Ninja Van) Delivery
🔹ကားဂိတ် များသို့
မင်မင်တို့က ပို့ဆောင်ပေးပါတယ်ရှင့် 🙏

မှာယူလိုပါက
မင်မင်တို့ရဲ့ page👇
Sar Oak -The Book ရဲ့ chat boxမှလဲ မှာယူနိုင်သလို
ဖုန်း 📱09-799637601
📱09-420289727 သို့လဲ ဆက်သွယ်ပြီး
မှာယူနိုင်ပါတယ်ရှင်

08/04/2025

ဧပြီလအတွက်
Promotion လေးက
မဇ္စျိမစာပေတိုက်က
ထွက်ရှိထားတဲ့ ဘယ်စာအုပ်ကိုပဲဝယ်ဝယ် 5% လျော့ပေးပါမယ်နော်

ငလျင်လှုပ်ပြီးတဲ့နောက်မှာ ပိုပြီးအရေးကြီးတဲ့ ဘာတွေဆက်လုပ်ရမလဲ၊ ဘယ်လိုအန္တရာယ်တွေကို ရှောင်ရှားမလဲဆိုတာကို ရေးပေးလိုက်ပါတ...
28/03/2025

ငလျင်လှုပ်ပြီးတဲ့နောက်မှာ ပိုပြီးအရေးကြီးတဲ့ ဘာတွေဆက်လုပ်ရမလဲ၊ ဘယ်လိုအန္တရာယ်တွေကို ရှောင်ရှားမလဲဆိုတာကို ရေးပေးလိုက်ပါတယ်။

(၁) ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာပါ။

ငလျင်တိတ်သွားပြီဆိုတာနဲ့ ပထမဆုံးလုပ်ရမှာက ကိုယ့်ကိုယ်ကိုရော၊ ပတ်ဝန်းကျင်ကိုပါ အကဲဖြတ်ဖို့ပါပဲ။

⭕ ကိုယ်ရော မိသားစုဝင်တွေပါ ထိခိုက်ဒဏ်ရာရတာတွေ ရှိမရှိ သေချာကြည့်ပါ။ အရေးပေါ်အကူအညီလိုရင် ချက်ချင်းဖုန်းခေါ်ပါ။

⭕ အက်ကြောင်းတွေ၊ ပျက်စီးနေတဲ့နေရာတွေ၊ ပြိုကျနိုင်တဲ့ အပိုင်းအစတွေရှိမရှိ သတိထားပါ။ အန္တရာယ်များပုံပေါ်ရင် အဲ့ဒီအဆောက်အအုံထဲကို လုံးဝမဝင်ပါနဲ့။
⭕ ဓာတ်ငွေ့နံ့ရရင် ချက်ချင်းအဆောက်အအုံပြင်ပကို ထွက်ပါ။ မီးဖွင့်တာ၊ မီးခြစ်တာမျိုးတွေ လုံးဝမလုပ်ပါနဲ့။ ပြီးမှ သက်ဆိုင်ရာကို ဖုန်းဆက်အကြောင်းကြားပါ။

⭕ မီးပွားတွေထွက်တာ၊ ဝါယာရှော့ဖြစ်တာ၊ မီးခိုးတွေထွက်တာ တွေ့ရင် Main Switch ကို ချက်ချင်းပိတ်ပါ။ ရေတွေနဲ့ ဝါယာတွေကို မထိတွေ့ပါစေနဲ့။

(၂) သတင်းအချက်အလက်ကို ရယူပါ

⭕ နောက်ဆက်တွဲအခြေအနေတွေကို သိရှိနိုင်ဖို့အတွက် သတင်းအချက်အလက်တွေ ရယူဖို့ အရမ်းအရေးကြီးပါတယ်။

⭕ နောက်ဆုံးရသတင်းတွေ၊ အရေးပေါ်အခြေအနေဆိုင်ရာ ကြေညာချက်တွေ၊ နောက်ဆက်တွဲငလျင်သတင်းတွေကို နားထောင်ဖို့/ကြည့်ရှုဖို့ လိုအပ်ပါတယ်။ တရားဝင်သတင်းဌာနတွေကနေ ထုတ်လွှင့်တဲ့ သတင်းတွေကိုပဲ အတည်ယူပါ။

⭕ သတင်းအမှားတွေ၊ ကောလဟာလတွေ အလွယ်တကူပျံ့နှံ့နိုင်တာကြောင့် သတိထားပါ။ တရားဝင်သတင်းရင်းမြစ်တွေကနေ ရတဲ့အချက်အလက်တွေကိုပဲ မျှဝေပါ။

⭕ ဒေသအာဏာပိုင်တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့အစည်းတွေရဲ့ ညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာပါ။

(၃) နောက်ဆက်တွဲငလျင်အတွက် ပြင်ဆင်ထားပါ။

⭕ ငလျင်အသေးစားတွေ ဆက်တိုက်လှုပ်နိုင်တာကြောင့် ကိုယ့်ရဲ့လုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

⭕ အိမ်ထဲမှာဆိုရင် ခိုင်ခံ့တဲ့ စားပွဲအောက်၊ တံခါးပေါက် ဒါမှမဟုတ် အပြင်နံရံနားမှာနေပါ။ အပြင်မှာဆိုရင် အဆောက်အအုံတွေ၊ သစ်ပင်တွေနဲ့ ဝေးဝေးမှာနေပါ။

⭕ ရေ၊ အစားအစာ၊ ဓာတ်မီး၊ ရေဒီယို၊ ဘက်ထရီနဲ့ အရေးကြီးစာရွက်စာတမ်းတွေကို အလွယ်တကူယူလို့ရအောင် စုစည်းထားပါ။

(၄) အခြားအန္တရာယ်တွေကို သတိပြုပါ။

ငလျင်ကြောင့် တခြားအန္တရာယ်တွေလည်း ဖြစ်ပေါ်နိုင်တာမို့ သတိထားရပါမယ်။

⭕ ကမ်းရိုးတန်းဒေသတွေမှာ နေထိုင်သူတွေအနေနဲ့ ငလျင်လှုပ်ပြီးရင် ဆူနာမီအန္တရာယ်ကို အထူးဂရုပြုပါ။ သတိပေးချက်ရတာနဲ့ ကုန်းမြင့်ပိုင်းကို ချက်ချင်းရွှေ့ပြောင်းပါ။

⭕ တောင်စောင်းတွေနဲ့ မြေပြိုနိုင်တဲ့နေရာတွေမှာ သွားလာတာကို ရှောင်ကြဉ်ပါ။

⭕ ရေကာတာတွေ ပျက်စီးနိုင်တာကြောင့် ရေကြီးနိုင်တဲ့အန္တရာယ်ကိုလည်း သတိပြုပါ။

(၅) အချင်းချင်း ကူညီပေးကြပါ။

ဒီလိုအချိန်မျိုးမှာ လူသားချင်းစာနာထောက်ထားတဲ့စိတ်နဲ့ အကူအညီပေးဖို့ အရေးကြီးပါတယ်။

⭕ သင့်ရဲ့အိမ်နီးချင်းတွေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အကူအညီလိုအပ်နေသူတွေကို တတ်နိုင်သလောက် ကူညီပေးပါ။

⭕ ငလျင်ကြောင့် စိတ်ထိခိုက်နေသူတွေကို နားထောင်ပေးခြင်း၊ အားပေးခြင်းဖြင့် ကူညီနိုင်ပါတယ်။

⭕ သင်တွေ့ရှိတဲ့ အန္တရာယ်ရှိတဲ့အခြေအနေတွေ၊ ထိခိုက်ဒဏ်ရာရသူတွေအကြောင်းကို သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ချက်ချင်းအကြောင်းကြားပါ။

ငလျင်ဆိုတာ မကြုံချင်ဆုံးအရာတွေထဲက တစ်ခုပါ။ ဒါပေမဲ့ ကြုံလာရင်လည်း ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ပြင်ဆင်ထားဖို့လိုပါတယ်။

ဒါကြောင့်တခြားသူတွေလည်း သိရအောင် ဒီ Post ကို Share ပေးစေချင်ပါတယ်။



အားလုံးပဲ ဂရုစိုက်ကြပါနော်…

#ငလျင်

ပဋ္ဌာန်းကျမ်းက စကွယ်မယ်လို့ ဘုရား မဟောခဲ့ဘူး။ ပဋ္ဌာန်းရွတ်ပွဲတွေ လုပ်ဖို့လည်း ဘုရား မတိုက်တွန်းခဲ့ဘူး။ပဋ္ဌာန်းကျမ်းက စကွ...
13/02/2025

ပဋ္ဌာန်းကျမ်းက စကွယ်မယ်လို့ ဘုရား မဟောခဲ့ဘူး။ ပဋ္ဌာန်းရွတ်ပွဲတွေ လုပ်ဖို့လည်း ဘုရား မတိုက်တွန်းခဲ့ဘူး။

ပဋ္ဌာန်းကျမ်းက စကွယ်မယ်ဆိုတာ သီရိလင်္ကာက အဋ္ဌကထာဆရာ အရှင်မဟာဗုဒ္ဓဃောသရဲ့ ယူဆချက်သာဖြစ်တယ်။

အကြောင်းအကျိုး ဆက်စပ််ပုံ သဘာဝတရားက ဆင်ခြင်ကြည့်လေ-မဆုံးလေမို့လို့ သာမန်ဉာဏ်ရည်နဲ့ လိုက်မမီနိုင်ဘူး။ ပဋ္ဌာန်းက ခက်တယ်ဆိုတာ အဲ့ဒါကိုပြောတာ။

လိုက်မမီတော့ ပဋ္ဌာန်းကို လေ့လာသူ နည်းသွားကြလိမ့်မယ်။ အဲ့ဒါဆို ပဋ္ဌာန်းကျမ်း ပျောက်ကွယ်သွားလိမ့်မယ်။ အရှင်ဗုဒ္ဓဃောသက အဲ့လို ယူဆခဲ့တာ။

ပဋ္ဌာန်းဟာ ရွတ်ဖို့မဟုတ်ဘူး။ နားလည်ဖို့ ဖြစ်တယ်။

ပဋ္ဌာန်း အကြောင်းအကျိုး ဆက်စပ်ပုံကို နားလည်သွားရင် အားလုံးဟာ သဘာဝတရားကြောင့် ဖြစ်နေတာဆိုတာ သိသွားမယ်။ ဖန်ဆင်းထားတာ မဟုတ်ဘူးဆိုတာ သိသွားမယ်။ အတ္တ မဟုတ်ဘူး၊ အနတ္တ ဖြစ်တယ်ဆိုတာ သိသွားမယ်။

ရွတ်ရုံသာရွတ်ပြီး နားမလည်ရင်တော့ ပဋ္ဌာန်းကျမ်းက ကွယ်နေမှာပဲ။

ပဋ္ဌာန်းမကွယ်စေ့ချင်ရင် ပဋ္ဌာန်းရွတ်ပွဲလုပ်နေလို့ မရဘူး။ နားလည်အောင် ဟောပေး သင်ပေးကြရမှာ။

Ko Thi
130223
#မူရင်းရေးသားသူအားလေးစားစွာဖြင့် credit ပေးပါတယ်ရှင့်

တစ်ဆင့် ပြန်လည်လှူဒါန်းလိုသူများအတွက်လဲ
ပဋ္ဌာန်းကျမ်း ရွှေစာလုံးထိုးပေးခြင်း
စတစ်ကာကပ်ပေးခြင်း
အလှူရှင်များ ကိုယ်စား
🔹အမြန်ချောပို့ (Royal Express/ Ninja Van) Delivery
🔹ကားဂိတ် များသို့
မင်မင်တို့က ပို့ဆောင်ပေးပါတယ်ရှင့် 🙏

မဟာပဋ္ဌာန်းကျမ်းတော်ကြီးကို မှာယူလိုပါက
မင်မင်တို့ရဲ့ page👇
Sar Oak -The Book ရဲ့ chat boxမှလဲ မှာယူနိုင်သလို
ဖုန်း 📱09-799637601
📱09-420289727 သို့လဲ ဆက်သွယ်ပြီး
မှာယူနိုင်ပါတယ်ရှင်

22/01/2025

သုတဓမ္မဒီပလိုမာ
Level 1 ပြဋ္ဌာန်းစာအုပ်လေးတွေ ပြန်ရပါပြီရှင့်

Address

No. 59, Insein Street , Kyeemyindine
Yangon
19201998

Telephone

+959420289727

Website

Alerts

Be the first to know and let us send you an email when Sar Oak -The Book posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sar Oak -The Book:

Share

Category