Moshi Moshi_Uchiwa Fan

Moshi Moshi_Uchiwa Fan Promotional Gift, Branding, Traditional fan gift

12/03/2026

ကော်စေ့စျေးကတော့ ရက်ရက်စက်စက်ကို တက်ပါတယ်ရှင်။ 😅 အရင်ကော်စေ့စျေးနဲ့ ထုတ်ထားတာလေးတွေကိုတော့ အရင်စျေးနဲ့ပဲ ရောင်းပေးနေဦးမှာပါရှင်။ နောက်ထုတ်တာတွေကျ နောင်ခါလာ နောင်ခါစျေးပေါ့နော်။

ဒါကြောင့် လိုအပ်ရင်၊ ကိုယ်က သုံးနေတယ်ဆိုရင် ခုချိန် ဝယ်သာထားပါနော်။ အရင်စျေးလေးနဲ့ပဲ ရစေချင်လို့ပါ။

✅ အဖြူကတော့ ရပါဦးမယ်။ ကျန်အရောင်လေးတွေကတော့ in-stock တော်တော်နည်းနေပါပြီ။
#ဂျပန်ယပ်တောင်အရိုး
☎️ 09 798 426 962

03/03/2026

Moshi Moshi ရဲ့ Uchiwa fan လေးတွေကို အရည်အသွေးလုံးဝမလျော့ပဲ တောင်းဆိုသလောက် ထုတ်ပေးနိုင်အောင် ကြိုးစားနေတယ်နော်။ 😊😊
အားပေးကြတဲ့ မိတ်ဆွေများလည်း ကျေးဇူးအထူးပါရှင်။

အဖြူ/ အနက် - in stock ✅
အခြားအရောင် - pre order ရပါတယ်ရှင်။

ကားဂိတ်ချ၊ Royal Express ရောက်တဲ့မြို့တိုင်း ပို့ပေးနေပါတယ်နော်။

☎️ 09 798 426 962

02/03/2026

အချောင်း ၁၀၀ မှစ ထောင်ချီ၊ သောင်းချီ စိတ်ကြိုက်မှာနိုင်ပါပြီနော်။

ဂျပန်စတိုင် Uchiwa ယပ်တောင်အရိုး
အဖြူ - in stock ✅
အခြားအရောင် - အချောင်း ၁၀၀၀ မှစ pre-order မှာနိုင်ပါတယ်။

☎️ 09 798 426 962

Moshi Moshi ကနေ Uchiwa fan bone (အရိုးသီးသန့်)လေးတွေ ဝယ်ယူအားပေးကြတဲ့ နီးနီးဝေးဝေးက မိတ်ဆွေတို့အတွက် tips လေးတွေ မျှဝေပေ...
17/02/2026

Moshi Moshi ကနေ Uchiwa fan bone (အရိုးသီးသန့်)လေးတွေ ဝယ်ယူအားပေးကြတဲ့ နီးနီးဝေးဝေးက မိတ်ဆွေတို့အတွက် tips လေးတွေ မျှဝေပေးချင်ပါတယ်ရှင်။ များသောအားဖြင့် မေးကြတဲ့ မေးခွန်းလေးတွေပေါ့နော်။

👉 ဘာနဲ့ကပ်ရလဲ။
▫️ Photo Paper Sticker နဲ့ ကပ်ပါတယ်ရှင်၊ ဒါကြောင့်လည်း နှစ်သက်ရာ ဒီဇိုင်းနဲ့ထုတ်လို့ရပါတယ်ရှင်။

👉 ကြာရှည်ကပ်လား။
▫️ ကြာရှည်ကပ်ပါတယ်၊ Moshi Moshi က ထုတ်ပေးလိုက်တဲ့ တချို့ယပ်တောင်တွေဆို ဆိုင်မှာသုံးနေတာ ၃နှစ်ကျော်လောက်ရှိပေမယ့် ခုထိ လုံးဝမကွာသေးပါ။ ဒါပေမယ့် ဂရုစိုက်ရမှာလေးတွေတော့ ရှိပါတယ်။

(၁) ဝယ်တဲ့ စတစ်ကာစက္ကူက quality ကောင်း၊ လတ်ဆတ်ဖို့တော့ လိုပါတယ်ရှင်၊ ဆိုင်မှာ သိမ်းထားတာ နှစ်ပေါက်ကြာနေတဲ့ စတစ်ကာစက္ကူမျိုးကျတော့ သူ့ရဲ့ကော်ကိုက ခြောက်နေပြီဆိုရင်တော့ စကပ်ကတည်းကသိပ်မကပ်တော့ လွယ်လွယ်ကွာတာမျိုး ဖြစ်နိုင်ပါတယ်။

(၂) မကပ်ခင် ယပ်တောင်အချောင်းလေးတွေကို အမှုန်အမွှားလေးတွေ သန့်စင်အောင် အဝတ်လေးနဲ့ သုတ်ပေးပါ။ စက်ရုံကထွက်လာတဲ့ ယပ်တောင်အချောင်းလေးတွေမှာ Calcium အမှုန့်လေးတွေ ပါနေတတ်သလို သိမ်းဆည်းတဲ့နေရာမှာလည်း ဖုန်လေးတွေ ကပ်နေတတ်ပါတယ်။ ဒီအမှုန်လေးတွေ ကပ်နေပြီဆိုရင် ကော်ကပ်ဖို့ ခဲယဉ်းပါတယ်... ဒါလေး ဂရုစိုက်ပေးပါရှင်။

(၃) ကပ်တဲ့နေရာမှာ လေမခိုအောင် အစွန်းနှစ်ဘက်ကနေ စကပ်ပေးပါ။ နောက်နေ့တွေကျ ကပ်နည်းဗီဒီယိုလေးတွေလည်း တင်ထားပေးပါမယ်။ လေခိုရင် စက္ကူသားလည်း တွန့်သလို ကွာလွယ်တတ်ပါတယ်... ဒါကြောင့် အစွန်းနှစ်ဘက်ကို သေချာကပ်ပြီးမှ ဆတ်ကနဲ ခွာပြီး ကပ်လိုက်ရင် လှပသပ်ရပ်တဲ့ ယပ်တောင်လေး ရပါပြီရှင်။

သတိထားရမှာလေးတွေရှိပေမယ့် ကပ်ရတာ အရမ်းကိုလွယ်ကူပါတယ်။ ညီမတို့ဆီက အရိုးဝယ်ယူအားပေးတဲ့သူတွေကိုလည်း ကပ်နည်း၊ အသုံးပြုတဲ့စတစ်ကာလေးတွေကအစ သေချာလေး ပြောပြပေးပါတယ်ရှင်။ ဝယ်ယူအားပေးတဲ့ customer အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်...
နောက်ပို့စ်တွေကျမှ ပြန်တွေ့မယ်နော်။ ❤️

#ဂျပန်ယပ်တောင်

စက္ကူတွေ ပြတ်နေတာနဲ့ မတင်ဖြစ်တာတောင် ကြာသွားတယ်…ဒါလေးက Moshi Moshi တို့ရဲ့ချစ်ရသော loyal customer ဖြစ်တဲ့ ဂျပန်ဖောင်ဒေးရ...
29/01/2026

စက္ကူတွေ ပြတ်နေတာနဲ့ မတင်ဖြစ်တာတောင် ကြာသွားတယ်…
ဒါလေးက Moshi Moshi တို့ရဲ့ချစ်ရသော loyal customer ဖြစ်တဲ့ ဂျပန်ဖောင်ဒေးရှင်း (Japan Foundation) ရဲ့ အမှာလေး သွားပို့ဖြစ်တုန်းက ရိုက်ထားတာလေးပါ။

တဘက်က အဝါလွင်လွင်တောက်တောက်လေး
တဘက်က အဖြူငြိမ်ငြိမ်လေး နဲ့ အရမ်းလှ၊ အရမ်းချစ်စရာကောင်းသောလေး 😍

မှာချင်ရင် 📱 09 798 426 962 ကိုသာ ဆက်သွယ်လိုက်နော်။

#ဂျပန်ယပ်တောင်

နယ်အမှာ ယပ်တောင်အရိုးသီးသန့်လေးတွေ တဖြတ်ပို့။ဒီလို ယပ်တောင်အရိုးသီးသန့်လေးတွေလည်း မှာလို့ရပါတယ်။ Size နှစ်မျိုးရှိပါတယ်။...
19/01/2026

နယ်အမှာ ယပ်တောင်အရိုးသီးသန့်လေးတွေ တဖြတ်ပို့။
ဒီလို ယပ်တောင်အရိုးသီးသန့်လေးတွေလည်း မှာလို့ရပါတယ်။

Size နှစ်မျိုးရှိပါတယ်။
Small နဲ့ Large Size ပါ။

ဆက်သွယ်မှာယူရန် - 09 798 426 962

ဘယ်လို business မျိုးအတွက်မဆို Moshi Moshi ဂျပန်ယပ်တောင်လေးတွေနဲ့ဆို ကြော်ငြာလေးက ပိုပြီး premium ဆန်သွားပြီနော်! 🌹 ညောင...
29/10/2025

ဘယ်လို business မျိုးအတွက်မဆို Moshi Moshi ဂျပန်ယပ်တောင်လေးတွေနဲ့ဆို ကြော်ငြာလေးက ပိုပြီး premium ဆန်သွားပြီနော်! 🌹

ညောင်ဦးမြို့ကနေကို တကူးတက လှမ်းမှာတဲ့ ရွှေအိမ်တော်စားသောက်ဆိုင် မိသားစုကိုလည်း ကျေးဇူးတင်ပါတယ်နော်၊ ညောင်ဦးရာသီဥတုအတွက်လည်း အင်မတန်လိုက်ဖက်တဲ့ လက်ဆောင်လေး ဖြစ်မှာပါရှင်။ 😊😊

ကိုယ့်လုပ်ငန်းအတွက် ဒီလို ကြော်ငြာလက်ဆောင် premium ဆန်တာလေးတွေလိုချင်ရင် Moshi Moshi ကို ဆက်သွယ်လိုက်တော့နော်။
📲 09 798 426 962
#ဂျပန်ယပ်တောင်

မင်္ဂလာပွဲမှာ ပြန်ကမ်းလက်ဆောင် ဘာပေးရမလဲ စဉ်းစားနေပြီလား?သီတင်းကျွတ်အလှူ၊ ကထိန်အလှူမှာ ဘာပေးးရမလဲစဉ်းစားနေပြီလား?ကိုယ့်လ...
02/10/2025

မင်္ဂလာပွဲမှာ ပြန်ကမ်းလက်ဆောင် ဘာပေးရမလဲ စဉ်းစားနေပြီလား?
သီတင်းကျွတ်အလှူ၊ ကထိန်အလှူမှာ ဘာပေးးရမလဲစဉ်းစားနေပြီလား?
ကိုယ့်လုပ်ငန်းအတွက် ဘယ်လိုကြော်ငြာရမလဲ စဉ်းစားနေလား?
ဒါဆိုရင်တော့ Moshi Moshi ရှိတယ်နော် 😊
မိတ်ဆွေတို့ရဲ့ စိတ်ကြိုက်ဒီဇိုင်းနဲ့ ဆိုဒ်လည်း အကြီးအသေးရွေးလို့ရတော့ ကိုယ်လုပ်ချင်တဲ့ပွဲပေါ်မူတည်ပြီး ခိုင်ခန့်ပေါ့ပါးတဲ့ယပ်တောင်လေးတွေကို စိတ်ကြိုက်အပ်လို့ရပါပြီနော် 😇

ပွဲရှိတိုင်း အမြဲအပ်တဲ့ RIHEA International School ရဲ့  2025 design လေး 💙- ပွဲအတွက်ပဲဖြစ်ဖြစ်- အမှတ်တရလက်ဆောင် အနေနဲ့ပဲဖ...
26/09/2025

ပွဲရှိတိုင်း အမြဲအပ်တဲ့ RIHEA International School ရဲ့ 2025 design လေး 💙
- ပွဲအတွက်ပဲဖြစ်ဖြစ်
- အမှတ်တရလက်ဆောင် အနေနဲ့ပဲဖြစ်ဖြစ်
- Branding အတွက်ပဲဖြစ်ဖြစ်
Moshi Moshi Uchiwa Fan လေးတွေကို ရွေးချယ်နိုင်ပါတယ်ရှင်။

Size အကြီး - ၂၃၀၀ ကျပ်
Size အသေး - ၁၃၀၀ ကျပ် နဲ့ အချောင်းရေ ၁၀၀ မှ စတင်ပြီး အော်ဒါ မှာယူနိုင်ပါတယ်ရှင်။

#ဂျပန်ယပ်တောင်

အိုးအိမ်ဝန်ထမ်းဟောင်းများလူမှုရေးကူညီမှုအသင်းကြီးရဲ့ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲအတွက် လုပ်ပေးခဲ့တဲ့ ယပ်တောင်လေးတွေပါ။...
25/08/2025

အိုးအိမ်ဝန်ထမ်းဟောင်းများလူမှုရေးကူညီမှုအသင်းကြီးရဲ့ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲအတွက် လုပ်ပေးခဲ့တဲ့ ယပ်တောင်လေးတွေပါ။ နောက်ဘက်က ဒီဇိုင်းလေးက ၄မျိုး အလှူရှင်တွေစိတ်ကြိုက်ထုတ်ပေးခဲ့တာ အရမ်းလှလို့ ပီတိဖြစ်ရ… 🙏🏼🙏🏼

ဝါဆိုသင်္ကန်းကပ်၊ ရှင်ပြုနားသအလှူတော်မင်္ဂလာ၊ ကထိန်သင်္ကန်းကပ် စတဲ့ပွဲတွေမှာ ကမ်းဖို့ ယပ်တောင်လေးတွေလည်း စိတ်ကြိုက်ထုတ်ပေးနေပါတယ်နော်။ 😊

#ဂျပန်ယပ်တောင်

လက်ပံတန်းမြို့က restaurant လေးတစ်ခုရဲ့ သုံးနှစ်ပြည့်အမှတ်တရအတွက် လုပ်ပေးထားတာလေးလည်း လှတယ်နော်။ 🩵💙ဒါလေးကတော့ Mini Size လ...
22/08/2025

လက်ပံတန်းမြို့က restaurant လေးတစ်ခုရဲ့ သုံးနှစ်ပြည့်အမှတ်တရအတွက် လုပ်ပေးထားတာလေးလည်း လှတယ်နော်။ 🩵💙
ဒါလေးကတော့ Mini Size လေးလုပ်ပေးထားတာပါ၊ အိတ်ထဲထည့်ဆောင်သွားလို့ရတဲ့ size လေး၊ အရမ်းချစ်ဖို့ကောင်းပါတယ်။ 🥰

#ဂျပန်ယပ်တောင်

Moshi Moshi ကို အစဉ်တစိုက်အားပေးတဲ့ Japan Foundation ရဲ့ KIRA KIRA နွေရာသီပွဲတော်လေးကို ရောက်ဖြစ်ခဲ့ပါတယ်။ M-Tower ရဲ့ ၁...
18/08/2025

Moshi Moshi ကို အစဉ်တစိုက်အားပေးတဲ့ Japan Foundation ရဲ့ KIRA KIRA နွေရာသီပွဲတော်လေးကို ရောက်ဖြစ်ခဲ့ပါတယ်။ M-Tower ရဲ့ ၁၈ လွှာမှာ August လဆန်းတုန်းက ကျင်းပခဲ့တာပါ။
ဂျပန်ယဉ်ကျေးမှု၊ အခွင့်အလမ်းတွေကို စိတ်ဝင်စားကြတဲ့ လူငယ်လေးတွေအတွက် အစီအစဉ်ကောင်းတွေ အများကြီးပါသလို ပျော်ရွှင်စရာ၊ ဂျပန်ယဉ်ကျေးမှု၊ ရိုးရာတွေနဲ့ ပတ်သက်တဲ့ ဂိမ်းတွေ၊ လက်ဆောင်တွေလည်း ပါလို့ သွားရကျိုးနပ်ခဲ့တဲ့ ပွဲလေးပါပဲ။

ဒီပွဲလေးကို လာကြတဲ့ ဧည့်သည်တွေကို အမှတ်တရလက်ဆောင်ပေးဖို့အတွက် Uchiwa fan လေးတွေလည်း အချောင်းရေ အများကြီးအားပေးလို့ ကျေးဇူးတင်ပါတယ်နော်။ Uchiwa fan ဆို နှစ်စဉ် Moshi Moshi ကပဲမှာတဲ့ Japan Foundation လည်း ဒီထက်အများကြီး ပွဲတွေ၊ အခွင့်အလမ်းတွေ သယ်ဆောင်လာနိုင်ပါစေ၊ ရိုးရာနဲ့ ယဉ်ကျေးမှုတွေကို ဖလှယ်ဝေမျှနိုင်ပါစေရှင့်။ ❤️

Address

Yangon

Telephone

+959798426962

Website

Alerts

Be the first to know and let us send you an email when Moshi Moshi_Uchiwa Fan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share