Genius Kid Bookstore2

Genius Kid Bookstore2 �သားသားမီးမီးလေးတို့အတွက် သင်ထောက်

အိမ်ထောင်ရေးဖောက်ပြန်မှု ဘာကြောင့်ဖြစ်ရတာလဲဘယ်လိုကျော်လွှားမလဲအချစ်ဆိုတာ စည်းကမ်းတစ်ခုတည်းနဲ့ မထိန်းနိုင်ဘူး...  လူတွေရဲ...
26/11/2025

အိမ်ထောင်ရေးဖောက်ပြန်မှု
ဘာကြောင့်ဖြစ်ရတာလဲ
ဘယ်လိုကျော်လွှားမလဲ

အချစ်ဆိုတာ စည်းကမ်းတစ်ခုတည်းနဲ့
မထိန်းနိုင်ဘူး...
လူတွေရဲ့ စိတ်က လှိုင်းထနေတဲ့ ပင်လယ်လို...
တစ်ခါတစ်လေ မိမိမထိန်းနိုင်တဲ့ လှိုင်းတွေက
သစ္စာကို ဆွဲယူသွားတတ်တယ်

၁။ ဘာကြောင့် ဖောက်ပြန်ကြတာလဲ
ချစ်တယ်ဆိုတဲ့စကား အေးစက်သွားတဲ့အခါ...
အိမ်ထောင်ဖက်အပေါ် စိတ်ဝင်စားမှု
လျော့နည်းလာပြီး ပြင်ပက အာရုံစိုက်မှုကို
ရေငတ်နေသူရေရှာသလို လိုက်ဖြည့်မိတတ်ပါတယ်။

အထီးကျန်မှုက လူကို အမှောင်ထဲဆွဲချတယ်
တစ်ယောက်နဲ့တစ်ယောက် စကားမပြောဖြစ်တာ၊ ခံစားချက်တွေကို မျှဝေမနိုင်တာက
ပြင်ပကလူနဲ့ အပူအအေး" ရှာမိစေတယ်။

ရုပ်ပိုင်းဆိုင်ရာ ဆန္ဒတွေရဲ့ လွှမ်းမိုးမှု
လိင်မှုကိစ္စမှာ မတူကွဲပြားမှု (သို့) စိတ်မပါတာက
တစ်ဖက်သားကို အပြင်မှာ
အစားထိုး ရှာဖွေစေနိုင်တယ်။

လူမှုကွန်ရက်တွေရဲ့ သက်ရောက်မှု
Facebook, Tinder, Telegram တို့မှာ
အလွယ်တကူချိတ်ဆက်နိုင်တဲ့ခေတ်က
ဖောက်ပြန်မှုကို မီးမွှေးပေးနေသလိုဖြစ်နေတယ်။

၂။ ဘယ်လိုရင်ဆိုင်မလဲ
ပြန်ပြီးချစ်ကြည့်ပါ
အရင်က ဘာကြောင့်ချစ်ခဲ့လဲဆိုတာကို
မှတ်မိအောင် ကြိုးစားပါ။
အတူရှိနေတဲ့အချိန်တွေကို
အသစ်တစ်ဖန် ဖန်တီးကြည့်ပါ။

စကားပြောဖို့ မကြောက်ပါနဲ့
ငါတို့ဘာဖြစ်နေတာလဲ ဆိုတဲ့မေးခွန်းကို ရင်ဖွင့်ပါ။
တစ်ယောက်ရဲ့ဝမ်းနည်းမှုကို
တစ်ယောက်ကနားလည်ဖို့ လိုတယ်။

အကူအညီတောင်းခံပါ
အိမ်ထောင်ရေးအကြံပေးဆရာတွေ၊
စိတ်ကျန်းမာရေးပညာရှင်တွေနဲ့ တိုင်ပင်ပါ။
ဒါက "အားနည်းခြင်းမဟုတ်၊
ရဲရင့်ခြင်း" ရဲ့လက္ခဏာပါ။

ကိုယ့်ကိုယ်ကို ထိန်းနိုင်ဖို့ သင်ယူပါ
ပြင်ပက ဆွဲဆောင်မှုတွေကို မီးနဲ့မကစားနဲ့
ဆိုတဲ့သဘောနဲ့ ရှောင်ပါ။
အခွင့်အလမ်းရှိရင် လုပ်မယ်ဆိုတဲ့စိတ်ကို
ချုပ်တည်းပါ။

၃။ သိထားရမယ့်အရာ
ဖောက်ပြန်မှုက ပြဿနာရဲ့ လက္ခဏာ ပါ၊ အကြောင်းရင်းမဟုတ်ဘူး
အတူတူအမြစ်တူးပြီး ဖြေရှင်းမှသာ
အနာကျက်မယ်။
တစ်ခါတလေ ခွင့်လွှတ်ဖို့က
အကောင်းဆုံးဖြေရှင်းနည်းဖြစ်တတ်သလို
တစ်ခါတလေ လမ်းခွဲဖို့ကလည်း
ရွေးချယ်စရာတစ်ခုပါ

အိမ်ထောင်ရေးဆိုတာ
နှစ်ယောက်တည်းရဲ့ ခရီးပါ
အဆင်မပြေတဲ့အခါ တစ်ယောက်ကို
တစ်ယောက် ပြန်လည်ဆွဲတင်ဖို့ လိုပါတယ် 💔

#ရေးသူ - ခိုင်ခိုင်
Crd

မွေးနေ့ပဲဖြစ်ဖြစ် ပွဲတော်ပဲဖြစ်ဖြစ် သုံးလို့ရတဲ့ မီးလင်းလိပ်ပြာစကပ်လေးပါရောင်စုံရမီးမီးလေးတွေ ဝတ်ဖို့ အတွက် စကတ်ပါ မီးလင...
15/09/2025

မွေးနေ့ပဲဖြစ်ဖြစ် ပွဲတော်ပဲဖြစ်ဖြစ် သုံးလို့ရတဲ့ မီးလင်းလိပ်ပြာစကပ်လေးပါ
ရောင်စုံရ
မီးမီးလေးတွေ ဝတ်ဖို့ အတွက် စကတ်ပါ မီးလင်းလိပ်ပြာ (စကတ် က မီးလေးလင်းပါတယ်နော်)
Price - 20000 ks

မီးမီးလေးတွေအတွက် အရမ်းကြိုက်ပြီး အရမ်းလဲချစ်ဖို့ကောင်းတယ့် မီးလင်းလိပ်ပြာ လေးပါရှင်။
1.မီးလင်း လိပ်ပြာတောင်ပံ
2. မီးလင်း စကတ်
3. နှင်တံ
4. ဘီးကုတ် 4မျိုး တစုံစာပါပါတယ်။

စကပ်လေးမှာ မီးလေးတွေ လင်းတော့ မီးမီးလေးတွေ အကြိုက်ပါဘဲနော်။😘😘😘

 #ကလေးတွေကို အကြောက်တရားနဲ့ ထိန်းချုပ်ခြင်းဟာ ကလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ဆိုးရွားစွာ ထိခိုက်စေနိ...
03/09/2025

#ကလေးတွေကို အကြောက်တရားနဲ့ ထိန်းချုပ်ခြင်းဟာ ကလေးတွေရဲ့စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ဆိုးရွားစွာ ထိခိုက်စေနိုင်တဲ့ အလေ့အကျင့်တစ်ခုပါ။ လူကြီးမင်းပေးပို့ထားတဲ့ ခေါင်းစဉ်နဲ့ ပတ်သက်ပြီး မိဘတွေအတွက် သတိပေးဆောင်းပါးလေးတစ်ပုဒ် ရေးသားပေးလိုက်ပါတယ်။

💛💛ကလေးကို အကြောက်တရားနဲ့ ထိန်းချုပ်ခြင်းကို ရှောင်ရှားပါ
ကလေးကို စကားနားထောင်စေချင်တဲ့အခါ၊ မိမိပြောတာကို လိုက်နာစေချင်တဲ့အခါ "မကောင်းဆိုးဝါးလာဖမ်းမယ်"၊ "ရဲက လာဖမ်းသွားမယ်"၊ "ဆရာဝန်က ဆေးထိုးမယ်" စတဲ့ ခြိမ်းခြောက်တဲ့စကားလုံးတွေနဲ့ ကလေးကို ထိန်းချုပ်တာမျိုး မိဘအများစု ပြုလုပ်တတ်ကြပါတယ်။ ဒီလိုလုပ်ရပ်တွေဟာ ကလေးကို အခိုက်အတန့်အားဖြင့် နာခံစေနိုင်ပေမဲ့ ရေရှည်မှာတော့ ကလေးငယ်ရဲ့စိတ်ပိုင်းဆိုင်ရာကို ဆိုးရွားစွာ ထိခိုက်စေပါတယ်။
💛💛 အကြောက်တရားက ကလေးငယ်အပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ
* လုံခြုံမှုမရှိတဲ့ခံစားချက် - ကလေးတွေဟာ မိဘကို သူတို့ရဲ့လုံခြုံရာအဖြစ် သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ မိဘကိုယ်တိုင်က ခြိမ်းခြောက်တဲ့စကားတွေပြောတဲ့အခါ ကလေးဟာ စိတ်မလုံခြုံတော့ဘဲ အမြဲတမ်း ကြောက်လန့်ပူပန်နေတတ်ပါတယ်။
* ယုံကြည်မှုပျက်ပြားခြင်း - အကြောက်တရားနဲ့ ထိန်းချုပ်တာကို ခဏခဏခံရတဲ့ကလေးဟာ မိဘအပေါ် ယုံကြည်မှုလျော့နည်းလာပြီး ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ပြောဆိုဖို့အတွက် ခက်ခဲလာပါတယ်။

💛💛 စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှုများခြင်း - မသိစိတ်ကနေ အမြဲတမ်းကြောက်ရွံ့နေရတဲ့အတွက် ကလေးတွေဟာ စိတ်ဖိစီးမှုတွေများပြီး အလွယ်တကူ စိုးရိမ်ပူပန်တတ်တဲ့ စရိုက်မျိုးဖြစ်လာစေပါတယ်။ ဒါ့အပြင် အကြောက်တရားကြောင့် စိတ်ဒဏ်ရာရပြီး ရေရှည်မှာ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

💛💛 အမှားအမှန်မခွဲခြားနိုင်တော့ခြင်း - "မကောင်းဆိုးဝါးလာဖမ်းမယ်" လို့ပြောပြီး ခြိမ်းခြောက်တဲ့အခါ ကလေးဟာ လုပ်သင့်တဲ့အလုပ်ကို လုပ်ရမယ့်အကြောင်းရင်းကို နားမလည်တော့ဘဲ ကြောက်လို့သာ လုပ်တာမျိုးဖြစ်လာပါတယ်။ ဒါကြောင့် ဘာကြောင့် မလုပ်သင့်လဲ၊ ဘာကြောင့် လုပ်သင့်လဲဆိုတဲ့ အမှားအမှန်ကို ခွဲခြားနိုင်တဲ့အသိဉာဏ် ဖွံ့ဖြိုးဖို့အတွက် အဟန့်အတားဖြစ်စေပါတယ်။
အကြောက်တရားနဲ့ မထိန်းချုပ်ဘဲ ဘယ်လိုထိန်းချုပ်မလဲ

💛💛စည်းကမ်းနဲ့ အကျိုးဆက်ကို ရှင်းပြပါ - ကလေးကို "ဒီလိုလုပ်ရင် ဒီလိုဖြစ်မယ်" ဆိုတဲ့ အကျိုးအကြောင်းဆက်စပ်မှုကို ရှင်းပြပါ။ ဥပမာ- "အရုပ်တွေမသိမ်းရင် လမ်းလျှောက်တဲ့အခါ ချော်လဲနိုင်တယ်" လို့ ပြောပြပေးပါ။
* ဆုပေးခြင်းနှင့် ချီးကျူးခြင်း - ကလေးက ကောင်းမွန်တဲ့အပြုအမူတစ်ခုကို ပြုလုပ်တဲ့အခါ ချီးကျူးတာ၊ အသိအမှတ်ပြုတာမျိုး ပြုလုပ်ပါ။ ဒါဟာ အကြောက်တရားနဲ့ ထိန်းချုပ်တာထက် အများကြီးပိုထိရောက်ပါတယ်။

💛💛 အပြုသဘောဆောင်တဲ့စကားတွေသာ ပြောပါ - "မဆိုးနဲ့" လို့ ပြောမယ့်အစား "သားသား/မီးမီးကို ချစ်တယ်၊ စကားနားထောင်ပေးပါ" လို့ ပြောတာမျိုးက ကလေးကို ပိုမိုနားလည်စေပါတယ်။
* နမူနာကောင်းပြပါ - မိဘက စိတ်လိုက်မာန်ပါမလုပ်ဘဲ စကားပြောဆိုပုံ၊ ပြုမူပုံကောင်းတွေက ကလေးအတွက် အကောင်းဆုံးသင်ကြားမှုပါပဲ။

💛💛 ကလေးတွေကို မေတ္တာ၊ နားလည်မှုနဲ့သာ ပြုစုပျိုးထောင်ခြင်းက သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။ အကြောက်တရားက ခဏတာ ထိန်းချုပ်မှုပေးနိုင်ပေမဲ့ မိဘနဲ့ ကလေးကြားက ခိုင်မာတဲ့ဆက်ဆံရေးနဲ့ ချစ်ခြင်းမေတ္တာကိုတော့ တိုက်စားပစ်နိုင်ပါတယ်ဆိုတာကို အမြဲတမ်း သတိရနေသင့်ပါတယ်။

Crd

မွေးနေ့ပဲဖြစ်ဖြစ် ပွဲတော်ပဲဖြစ်ဖြစ် သုံးလို့ရတဲ့ မီးလင်းလိပ်ပြာစကပ်လေးပါရောင်စုံရမီးမီးလေးတွေ ဝတ်ဖို့ အတွက် စကတ်ပါ မီးလင...
24/08/2025

မွေးနေ့ပဲဖြစ်ဖြစ် ပွဲတော်ပဲဖြစ်ဖြစ် သုံးလို့ရတဲ့ မီးလင်းလိပ်ပြာစကပ်လေးပါ
ရောင်စုံရ
မီးမီးလေးတွေ ဝတ်ဖို့ အတွက် စကတ်ပါ မီးလင်းလိပ်ပြာ (စကတ် က မီးလေးလင်းပါတယ်နော်)
Price - 15000 ks

မီးမီးလေးတွေအတွက် အရမ်းကြိုက်ပြီး အရမ်းလဲချစ်ဖို့ကောင်းတယ့် မီးလင်းလိပ်ပြာ လေးပါရှင်။
1.မီးလင်း လိပ်ပြာတောင်ပံ
2. မီးလင်း စကတ်
3. နှင်တံ
4. ဘီးကုတ် 4မျိုး တစုံစာပါပါတယ်။

စကပ်လေးမှာ မီးလေးတွေ လင်းတော့ မီးမီးလေးတွေ အကြိုက်ပါဘဲနော်။😘😘😘

LCD Writing Tablet ကျောက်သင်ပုန်းလေး တွေ ရောက်ထားပါပီရှင့်😘😘Price- 10000 ks( 8.5 ")Price - 12000ks (12" ) LCD ဖြစ်ပေမယ့်...
05/07/2025

LCD Writing Tablet ကျောက်သင်ပုန်းလေး တွေ ရောက်ထားပါပီရှင့်😘😘

Price- 10000 ks( 8.5 ")
Price - 12000ks (12" )

LCD ဖြစ်ပေမယ့် ဖုန်း Screen လို အလင်းမရှိတာကြောင့် မျက်စိကို လုံးဝမထိခိုက်နိုင်ဘဲ စိတ်ချလက်ချ သုံးစွဲနိုင်ပါတယ်ရှင်။

📋 ပြန်ဖျက်ဖို့အတွက်ကလည်း ခလုတ်လေးတစ်ချက် နှိပ်ရုံနဲ့ လွယ်ကူစွာ ဖျက်နိုင်တာကြောင့် သားသား မီးမီးလေးတို့ အကြိုက်တွေ့မှာ အသေအချာပါပဲရှင့်...

📰 စာရွက်ကုန်သက်သာပြီး 0.24 ပေါင် အလေးချိန်ပဲ ရှိတာကြောင့် အလွယ်တကူသယ်ယူသွားနိုင်ပါတယ်ရှင်။

🌈 Digital LCD ကျောက်သင်ပုန်းလေးရဲ့ အကျိုးကျေးဇူးတွေ အနေနဲ့ သားသားမီးမီးလေးများကို စာရေးချင်စိတ်ဖြစ်ပေါ်လာစေခြင်း၊ သားသားမီးမီးလေးတွေ စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ အရာတွေကို ထုတ်ဖော်ပြသဖို့ ကူညီပေးနိုင်ခြင်း၊ ဖန်တီးနိုင်မှု စွမ်းရည်များနဲ့ ဦးနှောက်ဥာဏ်များ တိုးတက်လာစေခြင်း တို့ဖြစ်ပါတယ်။

🔋 နာရီဓါတ်ခဲလေးကို အသုံးပြုထားပြီး ပါဝါစားစရာ မော်တာ၊ LED မီးများမပါရှိဘဲ ပါဝါစားအရမ်းသက်သာတာကြောင့် အချိန်ကာလ ကြာရှည်စွာ အသုံးပြုနိုင်ပြီး ဓာတ်ခဲလဲမယ်ဆိုရင်လည်း နီးစပ်ရာ စတိုးဆိုင်နဲ့ နာရီဆိုင်တွေမှာ အလွယ်တကူ ၀ယ်လဲနိုင်ပါတယ်ရှင့်..

🎨Simple play to Simple way to learn✍Drawing Template 50 pcs🎨သစ်သားပုံဆွဲကတ်ဘူး=20000ကျပ် က​လေးတိုင်းရဲ့အသည်းစွဲHot Item​...
05/07/2025

🎨Simple play to Simple way to learn

✍Drawing Template 50 pcs
🎨သစ်သားပုံဆွဲကတ်ဘူး=20000ကျပ်

က​လေးတိုင်းရဲ့အသည်းစွဲHot Item​လေးပါ​နော် ငြိမ်​ဆေး​လေးလို့​ပြောရင်လည်းမမှားတဲ့သင်​ထောက်ကူ​လေး​ပေါ့​ရှင်

👉Package included
✍ပုံ​ဖော်ထွင်းထားတဲ့ သစ်သားကတ် အခု၅၀(Shades ​
​လေး​တွေပါတာ​ကြောင့်ခွာလိုက်ရင် အချပ်​ရေ၁၀၀)
✍A4 size ပုံဆွဲ​ပြောင်စာအုပ် တစ်အုပ်
✍Reference book
✍အ​ရောင်ခြယ်ဖို့ ​ရောင်စုံ ​ဆော့ပင်၁၂​ချောင်း
✍ခဲဖျက်၊ခဲတံ၊ချွန်စက်တခုစီ
✍package 1 ခု

အကျိုးကျေးဇူး

✍စိတ်ဝင်စားဖွယ် cartoon images, fun patterns ​လေး​တွေထည့်​ပေးထားတာ​ကြောင့် သင်​ထောက်ကူအ​နေနဲ့သုံးနိုင်သလိုမျက်စိ၊လက်ရဲ့လှုပ်ရှားမှု့ကို တစ်သားတည်းဖြစ်​စေပြီး
စိတ်ကူးဥာဏ်ကွန့်မြူး​စေပါတယ်။
✍အရုပ်​လေး​တွေဆွဲ၊ကတ်​လေး​တွေကို shade​လေး​တွေထဲအံဝင်ခွင်ကျပြန်ထည့်ရတာ​ကြောင့် puzzle အ​နေဖြင့်ပါသုံးနိုင်ပါတယ်။
✍ ကစားစရာပစ္စည်းအဖြစ်ပါသုံးနိုင်ပြီးပြန်သိမ်းလို့ရတဲ့ ဘူး​လေးပါပါ​တော့​ပျောက်မှာမစိုးရိမ်ရ​တော့ဘူး​ပေါ့ရှင်။
✍သစ်သားပြား​လေး​တွေရဲ့အစွန်းမထွက်​အောင်၊​ချော​မွေ့​အောင် laser ဖြင့်​သေချာဖြတ်ထား​သော​ကြောင့် လက်ထိခိုက်မှာ လုံးဝ လုံးဝပူစရာမလိုပါရှင်။
✍Color pen​တွေကိုအရည်အ​သွေး​ကောင်းတာ​လေး​တွေထည့်​ပေးထားတာ​ကြောင့် အလွယ်တကူ​ဆေးခြယ်နိုင်၊အ​ရောင်လည်း​တောက်ပြီး ရုပ်ပုံလေး​တွေ ပိုကြွ ပိုလှတာ​ပေါ့ရှင်။
✍High quality wood,environmental friendly woodကိုအသုံးပြုထား​သော​ကြောင့် က​လေး​တွေ toxic ဖြစ်​စေမှာမဟုတ်ပါဘူးရှင်။
✍ဆရာ​တွေမရှိဘဲ က​လေး​တွေ အချိန်မ​ရွေး၊​နေရာမ​ရွေးဆွဲနိုင်၊စိတ်ကူးကွန့်မြူးနိုင်ပါတယ်ရှင်။

အကြံပြုအသက်အရွယ်- 3+

မြန်မာနိုင်ငံရဲ့မြို့နယ်ပေါင်း300ကျော်ကို အိမ်အရောက်ငွေချေပို့ပေးပါတယ်

05/07/2025

ကလေးတွေကိုလုံးဝမစပါနဲ့
***********************
ကလေးတွေကိုမစပါနဲ့
လုံးဝမစ သင့်ပါဘူး..
ပြီးတော့ကလေးကို
ပေါက်ကရနာမည်တွေမခေါ်ပါနဲ့.
ကလေးနာမည် အိမ်နာမည်
ဒါကလွှဲရင်ကျန်တာမခေါ်ပါနဲ့..
ကျေးဇူးပြု၍ ကလေးကို မ စခြင်းဖြင့်
ကလေးမိဘကို ကူညီပေးပါ။

အရုပ်လိုချင်လား..
လာယူ
ကလေးက ဝမ်းသာအားရ ပြေးသွားပြီး
အရုပ်လေးကို လှမ်းယူတယ်။
ကလေး လက်လှမ်းမမှီရာကို
အရုပ်ကို မြှောက်ပြီး
မပေးတော့ဘူး။ လိုချင်ရင်လု။
ကလေးက လုရော။
ဒီနေရာ မှာမေးပါရစေ
ကလေးကို လုတတ်အောင်
သင်ပေးနေတာလား။

ကလေးက လုရတာ ကြာတော့
မောလာတော့ မလုတော့ပြန်ဘူး။
ကလေးငြိမ်နေပြန်တော့
အရုပ်ကို ပြန်ပေးပြီး..
လာ ..လာ.. လာယူ။
ဒီတခါ တကယ်ပေးမှာ။

ကလေးမျက်နှာလေး ဝင်းသွားပြီး
ဒီတခါ တကယ်ရပြီဆိုပြီး
လာယူပြန်တော့
ပထမတုန်းကအတိုင်း လုခိုင်းပြန်ရော။
ကလေးကို
လိမ်တတ်ညာတတ်အောင်
သင်ပေးနေတာလား။

ကြာတော့
ကလေးစိတ်တိုလာတော့
စတဲ့လူကို ရိုက်တာ ကုတ်တာလုပ်ရော..

အဲ့ အချိန်ကျတော့
ကလေးက ရိုင်းတယ် ပြောပြန်ရော။
ကလေးကို မရိုင်းရိုင်းအောင်လုပ်နေတာနဲ့
မတူဘူးလား။

အဲ့ဒါတွေ မြင်နေရတော့
မေမေလုပ်သူက ကလေးကို
သူများအရုပ်မလိုချင်နဲ့
ကိုယ့်အရုပ်လေး ကိုယ်ကိုင် ဆိုပြီး
ပေးထားပြန်တော့လည်း
အဲ့ အရုပ်ကိုဆွဲလုပြီး
ပထမပုံစံအတိုင်း စပြန်ရော။

တဆိတ်မေးပါရစေ။
ဘာရည်ရွယ်ချက်နဲ့ လုပ်တာလဲ။

ကလေးကို စရတာ
ပျော်စရာလို့ မှတ်နေလို့လား...

ကလေး ဒေါသထွက်နေတာ..
ကလေး စိတ်ဆိုးနေတာ..
ကလေး မျော်လင့်ချက်တွေ
ပျက်ဆီးသွားတာ ..
ကြည့်ပြီး ပျော်နေချင်တာလား။
အလုခံရတာရော။ လုယူတာရော။
လိမ်ညာပြောတာရော။
ရန်ပြုတာရော ပျော်စရာမကောင်းပါဘူး။

မလုဖို့
မရိုက္ဖို့
လူကြီးကို ပြန်မအော်ဖို့
သင်ပေးထားရတဲ့ မိခင်ရင်ထဲ
ကလေးကို
ဟဲ့ သားရေ/သမီးရေ
သူများကိုမလုပ်နဲ့လေ
ပါးစပ်ကအော်နေရပေမယ့်..
ရင်ထဲမှာ ဘယ်လောက်တောင်
ခံစားနရမလေဲ။
ကိုယ့်သားသမီးကို မတရားစနေသူကို အကြောင်းကြောင်းတွေ
ထောက်ထားပြီး သည်းခံနေရတဲ့ မိခင်မှာ
ဘယ်လောက် ရင်နာလိုက်မလဲ။

အဖြစ်သည်းလိုက်တာ ..
သူ့ကလေးကိုစတာ အသားပဲ့သွားတာ
ကျနေတာဘဲ ထင်ကြမယ်။

ကလေးအသားမပဲ့ပေမယ်
ကလေး စိတ်ဒဏ်ရာရသွားတာ
သိပါ့မလား။
ကလေးအရင်ကနဲ့မတူတဲ့
အပြုအမူတွေ ပြုမူလာတယ်
ကြမ်းတမ်းလာတယ်။
ဒါတွေကို တွေ့တုန်းခဏ
စပြီးပြန်သွားတဲ့သူတွေ သိနိုင်ပါ့မလား။

ဘယ်သူမဆို
ကလေးအရွယ်ကနေ
ကြီးပြင်းလာကြသူတွေချည်း။
ကိုယ်ချင်းစာစိတ်လေးတော့
မွေးသင့်တာပေါ့။

ကိုယ့်တုန်းက
ဒီအရွယ် ဒီလိုအစ ခံခဲ့ရတာဘဲလေ။
ခုလည်း စတာဘဲ ဘာဖြစ်လဲ။
ကလေးကိုစရတာ
ပျော်စရာကောင်းလို့စတာ။
အဖြစ်သည်းမနေနဲ့။
ကလေးဆိုးလာရင်လည်း ရိုက်ဆုံးမပေါ့။

ဆိုတဲ့သူတွေ မေးပါရစေ။
ကိုယ်ငယ်ငယ် အစခံရတဲ့ နေရာမှာ
ရှိတုန်းက ပျော်ခဲ့ရလို့လား။
ကလေးစိတ်ကို နားမလည်နိုင်ရင်နေပါ။
ကလေးကို တယောက်တည်း
ပင်ပင်ပန်းပန်း ပြုစုပျိုးထောင်နေရတဲ့
မိခင်ကိုတော့
တဆိတ်လောက် နားလည်ပေးပါ။
စတဲ့သူက စပြီး ပြီးရော ဖြစ်ပေမယ့်
ကလေးကို ပြန်ပြုပြင်ပေးရတဲ့ မိဘတွေ
စိတ်ရောလူရော ပင်ပန်းရပါတယ်။
ကျေးဇူး ပြုပြီး
ကလေးတွေကိုမ.စကြပါနဲ့လို့..

မူရင်းရေးသားသူကိုလေးစားစွာဖြင့် ပြန်လည်တင်ပြအပ်ပါတယ်🙏

🧒အသက် (6)လမှစပီး မူကြိုအရွယ်သားသားမီးမီးတို့အတွက်အခြေခံဝေါဟာရ စာအုပ်တွဲလေးနဲ့ မိတ်ဆက်ပေးပါရစေရှင်။ 📚၃၆အုပ်တွဲလုံးကိုမှ( ...
21/06/2025

🧒အသက် (6)လမှစပီး မူကြိုအရွယ်သားသားမီးမီးတို့အတွက်အခြေခံဝေါဟာရ စာအုပ်တွဲလေးနဲ့ မိတ်ဆက်ပေးပါရစေရှင်။

📚၃၆အုပ်တွဲလုံးကိုမှ( ၃၀၀၀၀)ကျပ်နဲ့ ရရှိမဲ့အခွင့်အရေး

📚အတွဲ၁ - အုပ်၂၀ ၁၇၀၀၀ ကျပ်
📚အတွဲ၂ - ၁၆အုပ်တွဲ ၁၃၀၀၀ကျပ်ဆိုတော့ တစ်အုပ်မှ (၈၅၀)ကျပ်သာ ကျပ်သင့်မှာဖြစ်တဲ့အတွက် အရမ်းတန်တဲ့စာအုပ်တွဲလေးပါရှင်😊❤️

📖စာအုပ်တွဲလေးက Flash card ပုံစံကိုမှ စာအုပ်လေးထုတ်ပေးထားတာကြောင့် ကလေးတို့အတွက် အရမ်းအဆင်ပြေတဲ့ စာအုပ်တွဲလေးပါနော်☺️

🧒👧- သားသားမီးမီးလေးတို့ကို မေမေတွေက ပုံလေးတွေပြရင်း အခြေခံဝေါဟာရလေးတွေကို မြန်မာလိုရော အင်္ဂလိပ်လိုရော ပြောပြပီး အလွယ်တကူသင်ပေးလို့ရမဲ့ စာအုပ်လေးတွေပဲဖြစ်ပါတယ်။

📋စာရွက်ကိုလဲ အချောသားနဲ့ ရိုက်နှိပ်ပေးထားပြီးဆေးသားတွေကိုလဲ အရောင်တောက်တောက်လေးဘဲသုံးပေးထားတာဆိုတော့ သင်ပေးလို့လဲ အဆင်ပြေပါတယ်ရှင်❤️

🧒ကလေးတွေ သိသင့်တဲ့ မတူညီတဲ့ခေါင်းစဉ်တွေကို အမျိုးအစားပေါင်း (၃၆)မျိုး တောင် ထည့်ပေးထားပါတယ်ရှင်။ခေါင်းစဉ်တွေနဲ့ နမူနာပုံကို အောက်မှာရိုက်ပြထားပါတယ်ရှင်။👇👇👇

📚စာမျက်နှာအရေအတွက်ကအနည်းဆုံး 14မျက်နှာမှ 44မျက်နှာထိပါ၀င်ပါတယ်။

📚စာအုပ်အရွယ်အစားလေးကတော့ 8"×5" size လေးဖြစ်ပါတယ်ရှင့်။

☎️မှာယူလိုပါက

📞09755005079ကို Phဆက်ပီး မှာယူနိုင်သလို

💕 Page cbတွင်လဲ အမည် လိပ်စာ Phလေးပေးပီးမှာယူလို့ရပါတယ်ရှင့်။

🚲🛵🚚 Ninja Van/Bee delivery ရောက်တဲ့မြို့တိုင်းကို အိမ်အရောက်ငွေချေပို့ပေးပါတယ်ရှင် ။အိမ်အရောက်မရတဲ့မြို့များကိုတော့ကားဂိတ်တင်ပေးပါတယ်။ကားဂိတ်တင်လေးတွေကတော့ငွေကြိုလွှဲရပါတယ်ရှင်။🤗

❌❌Online paymentဖြင့်လည်း(%)ပေးစရာမလိုဘဲဝယ်ယူနိုင်ပါတယ်ရှင်။
ဝယ်ယူအားပေးသူတစ်ယောက်ချင်းစီကိုကျေးဇူးအထူးတင်ပါတယ်ရှင်❤️

ဆန်ရေ နည်းတာ ဝမ်းနည်းစရာလား?ကိုယ်က မိဘဖြစ်ပြီး နေရာတကာ စုန်ရေ နဲ့ ဆန်ရေအနည်း နဲ့ အများ....အရှုံး နဲ့ အမြတ် တွက်နေရင်တော့...
21/06/2025

ဆန်ရေ နည်းတာ ဝမ်းနည်းစရာလား?

ကိုယ်က မိဘဖြစ်ပြီး
နေရာတကာ စုန်ရေ နဲ့ ဆန်ရေ
အနည်း နဲ့ အများ....အရှုံး နဲ့ အမြတ် တွက်နေရင်တော့
မိဘ မပီသလို့ပဲ

ကိုယ့် ဘဝ အိုချိန်...နာချိန် ...
သေဖို့....ကိုယ့်ဖာသာကိုယ်ပဲ ပြင်ဆင်ထားရမှာပါ
သားသမီးက ပြန်သိတတ်ခဲ့ရင်...
အတိုင်းထက် အလွန်......ဆန်ရေပဲ

ဆန်ရေဆိုတာ ...များချင်များမယ်
နည်းချင် နည်းမယ်
သေချာတာကတော့ စုန်ရေလောက် မများဘူး
စုန်ရေလောက် ဆန်ရေ မများတာကို
ကြိုတင်သိရှိ လက်ခံနိုင်ဖို့ ကြိုးစားပြင်ဆင်ထားရပါမယ်

လူဖြစ်စေ..တိရိစ္ဆာန်ဖြစ်စေ
သမိုင်းပေး အဓိက တာဝန်ဟာ
နောင်မျိုးဆက် ပျံ့ပွားဖို့
နောင်မျိုးဆက် တိုးတက်ကြီးပွားဖို့ပါပဲ......

ဒါကြောင့်လည်း ဆော်လမွန်ငါးတွေ မျိုးပွားရင်း သေကြတယ်
ပင့်ကူ တချို့ မျိုးပွားရင်း သေကြတယ်
သတ္တဝါလောကမှာ နောင်မျိုးဆက် တည်တံ့ကျန်ရစ်ဖို့
အသက်စတေးခံရတဲ့ မျိုးဆက်တွေ အများကြီး ရှိပါတယ်
မျိုးဆက်သစ်တွေ ကောင်းစားဖို့ အတွက်ဟာ
မျိုးဆက်ဟောင်းတွေကို ကျေးဇူးကြွေးဆပ်ဖို့ထက်
ပိုပြီး အရေးကြီးတယ်
ခါးသီးပေမဲ့
ဒါက လောက သဘာဝ အမှန်တရားပါပဲ

အသိဥာဏ် မြင့်မားလာတဲ့ လူသားကမ္ဘာမှာ
ကြွေးဟောင်းဆပ်သင့်ကြောင်း.....
ကျေးဇူးတရားအကြောင်း....ရှိလာပေမဲ့
အဓိက တာဝန် ကတော့ ပြောင်းမသွားဘူး
သားဆိုး သမီးဆိုး မဖြစ်ဖို့ထက်
မိဘဆိုး မဖြစ်ဖို့က ပိုပြီး လိုအပ်တယ်
အနာဂတ် လူသားကမ္ဘာ ကောင်းစားရေးအတွက်။

(၁) မွေးခါစ ကနေ အသက်(၆-၇) နှစ်အထိ
သားသမီးတိုင်းအတွက် အချစ်ဆုံး ချစ်သူဟာ
အချစ်ဦး ဟာ....မိခင်ပဲ...
ဒါမှ မဟုတ် ကျွေးမွေးစောင့်ရှောက်သူ မွေးစားမိဘ ပေါ့

(၂) အသက်(၇)နှစ်ကနေ အသက်(၁၂) လောက်အထိ
ရောက်လာတဲ့အခါ
သားသမီးတိုင်းအတွက် လူစွမ်းကောင်းဟာ
ဖခင်ပဲ
အသက်(၇နှစ်ကနေ--၁၂) နှစ်ကြားမှာ မိခင်ထက်
ဖခင်ကို ပိုပြီး အထင်ကြီးကြတယ်
တွယ်တာမြတ်နိုးကြတယ်

(၃) အသက်(၁၃) နှစ်နောက်ပိုင်းကျတော့

နိုင်ငံကျော် ဘောလုံးသမားဖြစ်စေ
ရုပ်ရှင်မင်းသားတယောက်ယောက်ဖြစ်စေ
သူငယ်ချင်းရဲ့ ဦးလေး ဖြစ်စေ ..စသဖြင့်
မိဘထက်...ဖခင်ထက် ..ပိုပြီး အထင်ကြီး လေးစားရတဲ့သူ..
Idol တယောက်ယောက်....
Super Hero တယောက်ယောက် က
ဖခင်ရဲ့ နေရာကို ယူသွားတတ်တာ သဘာဝပဲ ဖြစ်ပါတယ်

ဝမ်းနည်းစရာ မဟုတ်ပါဘူး
လူသားငယ်ကလေး အသိဥာဏ် ဖွံ့ဖြိုးလာတဲ့အခါမှာ
ငါ့ အဖေသာ အရာရာအကြီးမြတ်ဆုံး မဟုတ်မှန်း သိလာပြီး
အရှိတရား အမှန်တရားကို လက်ခံလာတဲ့ သဘောပါပဲ

သားသမီးတွေကို ရဲရင့်ထက်မြက်စေချင်ရင်
(၁) အသက်(၇) နှစ် မတိုင်မှီ ကလေးဘဝမှာ
မိခင်က ကလေးကို မရိုက်ရပါဘူး.ကိစ္စတခုခု နဲ့ ကလေး ယှဥ်လာရရင် ..ကလေးကို
ဦးစားပေးရမှာပါ(ဥပမာ....ကလေးကို နို့တိုက်ဖို့နဲ့
ထမင်းချက်ဖို့ ယှဥ်လာရင်
ကလေးနို့တိုက်ဖို့ကို ဦးစားပေးရပါမယ်...)
ကလေးနဲ့ အခြားအရာမှာ....အခြားအရာတွေကိုပဲ
မိဘက ဦးစားပေးရင်....ကလေးက
သူ့ကိုယ်သူ ...အရေးမပါတဲ့ ..သူ
တန်ဖိုး မဲ့ တဲ့ သူအဖြစ် ခံစားရပါတယ်...
အဲ့လို ကလေးမျိုး လူကြီးဖြစ်လာတဲ့ အခါ
မသိစိတ်က မိဘကို ကလဲ့စားချေပါလိမ့်မယ်...

မိဘ နဲ့ ဘာကိစ်စနဲ့ဘဲ ယှဥျယှဥျ
မိဘကို နောက်မှာ ထားပါလိမ့်မယ်..
အဲ့တော့မှ ဝမ်းမနည်းနဲ့

(၂) ကလေးအသက်(၇) နှစ်ကနေ (၁၂) နှစ်ကြား

ဒီကာလမှာ
လူကြီးတယောက်လို ကလေးကို တလေးတစား ဆက်ဆံရပါမယ်
ကလေး ပုံဆွဲတာ....စာရေးတာ....
သိချင်လို့ မေးမြန်းတာ...စပ်စုတာတွေကို
တလေးတစား ချီးမွမ်းတာ....
အသိအမှတ်ပြု ဝေဖန် အကြံပြုတာ......
သူတို့ ပြောရင် စိတ်ဝင်တစားနားထောင်တာ လုပ်ရပါမယ်

ရိုက်တာ....
အရေးမလုပ်တာ.....
ပြန်ပြောခွင့် ...ရှင်းပြခွင့် မပေးတာ....
အထင်သေးတာ( မင်း ဘာသိလဲ....
ကလေး..ကလေးလိုနေ....လာမရှုပ်နဲ့ ....ဆိုတာမျိုး)

" မိဘစကား မြေဝယ်မကျနားထောင်....
ငရဲအိုးဂျိုးကပ်ချင်လား....ပါးစပ် ပိတ်ထားစမ်း" ဆိုရင်...

အဲ့လိုဆက်ဆံခဲ့ရင် ကလေးက အောက်က (၂) မျိုးထဲက တခုခု
ဖြစ်သွားပါလိမ့်မယ်။

(က) အငုံ့မျိုး

ပင်ကိုဗီဇ ပျော့တဲ့ ကလေးဆိုရင်
စကားနည်း သွားမယ်
အရမ်းအေးဆေးတဲ့ ကလေး ဖြစ်သွားမယ်
မိဘကို မဆန့်ကျင်ရဲတော့ဘူး ...ပြန်မပြောရဲတော့ဘူး
တက်တက်ကြွကြွ မရှိတော့ဘူး
ဘယ်နေရာမှလည်း မထူးချွန်တော့ဘူး
ရန်မဖြစ်ဘူး..သူများက ရန်လာစရင်တောင်မှ
ငုံ့ခံတော့မယ်
ကိုယ့် ကလေး စာမတော်ရင် ...တရားခံဟာ ကိုယ်ပဲ
တခြားသူ မဟုတ်ဘူး
(တလောက YBS အပေါ်မှာ သူများထိုးတာကို ခံပြီး
ပြန်မထိုးရဲပဲ ဖေ့ဘုတ်တင်တဲ့သူဟာ အငုံ့မျိုးပါ)

(ခ) အကန်မျိုး
ပင်ကိုဗီဇ မာကြောတဲ့ ကလေးဆိုရင်
ဆိုးလာမယ်
မိဘကို မကြောက်တော့ဘူး
အရွဲ့တိုက်မယ် ...ပေကပ်ကပ်လုပ်မယ်
ရန် ခဏ ခဏ ဖြစ်မယ်
သူများကလေးတွေကို ထိုးမယ် ကြိတ်မယ်
(တလောက ဖေ့ဘုတ်ပေါ်မှာ သူများကို ဗလိုင်းကြီး
(၃) ချက် ဆွဲထိုးတဲ့ ကလေးမျိုးပေါ့
ထစ်ကနဲ ဆို လက်ပါတတ်တယ်
လင်မယား စကားများရင်တောင်မှ လက်ပါရမှ)

(၃) အသက်(၁၂) နှစ်မှ အထက်

သားသမီးကို လူကြီးတယောက်လို တိုင်ပင်တာ...
အရေးတယူ လူရာသွင်းတာ လုပ်ရမဲ့ အချိန်ပါ
ဝါသနာတွေ..ဗီဇတွေ စပြီး ထင်ရှားပေါ်ထွန်းလာချိန်ပါ။

သားသမီးကို တန်းတူထား....
ပြောရင် ကရုစိုက် နားထောင်ပြီး သူတို့ခံစားချက်ကို
နားလည်နိင်ဖို့..မျှဝေနိုင်ဖို့ ကြိုးစားရမဲ့ အချိန်ပါ

ဒီအသက်အရွယ်မှာ
(၁) မိဘနဲ့ သဘောထား ကွဲလွဲလာပြီးငြင်းခုံတာ ထုံးစံပါ
သူတို့ အသိဥာဏ် ဖွံ့ဖြိုးလာတာကိုး...

မိဘက ကျောင်းမှာ ပြဿနာဖြစ်လာရင်လည်း
အကျိုးအကြောင်း သေချာနားမထောင်ပဲ...
" ကျောင်းမှာ ဆရာတွေနဲ့ ဘယ် အဆင်ပြေမလဲ
မင်းက အချိုးမှ မပြေတာ " ဆိုတာမျိုး...
" ပြဿနာ တခုခု ဖြစ်ပြီဆိုရင် သားသမီးကို ဆူလား
ငေါက်လား လုပ်တတ်တယ်ဆိုရင်.."...

သေချာပါတယ်....အဲ့ဒီ မိဘ နဲ့ သားသမီး
ဒီဘဝမှာ ..ထာဝရ ဝေးပါပြီ

တခုခုဖြစ်လာရင်
ကိုယ့် ဖက်....ကိုယ့် ခံစားချက် နားမထောင်၊နားမလည်ပေးတဲ့
မိဘမျိုးတွေ ကို သားသမီးတွေက ခင်တွယ်လေ့ မရှိပါဘူး
ထစ်ကနဲဆို ကိုယ့်သားသမီးကို အပြစ်တင်လေ့ရှိရင်..သားသမီးတွေက
သူတို့အတွက် ရင်ဖွင့်ရာ.......
တိုင်ပင်ရာ...ဟာ မိဘ မဟုတ်တဲ့ ...အခြားတယောက်ယောက်ပဲ ဖြစ်သွားတတ်ပါတယ်
မိဘတော့ မသိဘူး ...သူငယ်ချင်းပဲ အသိပေးတယ်ဆိုတာမျိုး....
မိဘထက် ...သူငယ်ချင်းကို ခင်တွယ်တယ် ဆိုတာမျိုးပါ

" အငုံ့စိတ် နဲ့ မအုပ်ချုပ်ပါနဲ့"

အပြောလွယ်သလောက် အလုပ်အခက်ဆုံး တခုပါ

" အမေ ဘာသိလို့လဲ?" ....
" အဖေ ဘာမှ မသိပါဘူးဗျာ " ဆိုတဲ့ စကားဟာ
မိဘတွေ အခံရအခက်ဆုံး စကားပဲ
ဒါပေမဲ့ သားသမီးက မိဘကို အဲ့လိုစကားပြောလာပြီဆိုရင်
တရားခံက မိဘကိုယ်တိုင်ဆိုတာ သိရမှာပါ။
" မင်း ဘာသိလို့ လဲ? ကလေး...ကလေးလိုနေစမ်း"...
" ကလေးက ..ကလေးလိုနေ...လူကြီးတွေကြား
ဝင် မစပ်စုနဲ့
ဝင်မရှုပ် နဲ့ " လို့ ပြောခဲ့ဖူးတဲ့ မိဘတွေ ပဲ အဲ့လို ခံရတာ။

ကိုယ်က မိဘဆိုတဲ့ အရှိန်နဲ့ အထက်စီးက ပြောတုန်းကတော့
ဟုတ်တုတ်တုတ်ပေါ့
ကိုယ် ပြန် အပြောခံရတော့ မခံမရပ်နိုင် ဖြစ်ရော...

အရေးအကြီးဆုံးက မိဘတွေရဲ့ အသိပညာပါ

သားသမီးတွေ ကြီးလာတာနဲ့အမျှ
ဖွံ့ဖြိုးတိုးတက်လာတဲ့ အသိပညာကို
မိဘက မမှီရင် ...ပြဿနာက ကြီးပါပြီ။

အရေးအကြီးဆုံးက မိဘက ပညာနည်းနေရင်တောင်မှ
ဘယ်တော့မှ မမှားတဲ့ အုပ်ချုပ်နည်း ရှိပါတယ်
မေတ္တာတရားနဲ့ပဲ အုပ်ချုပ်ပါ

(၁) ရိုက်တာဟာ သားသမီး ကောင်းစားစေချင်လို့
မဟုတ်ပါဘူး
ကိုယ့် ဒေါသ ကိုယ် မထိန်းနိုင်လို့ ရိုက်တာပါ
ရိုက်ပြီး ဆုံးမတယ် ဆိုတာ...ဒေါသ မထိန်းနိုင်တာပါ

(၂) သားသမီးကို သူများနဲ့ မယှဥ်ပါနဲ့
" သူများ သားသမီးတွေများ ...တော်လိုက်တာ
လိမ္မာလိုက်တာ..." လို့ ဘယ်တော့မှ မပြောပါနဲ့

" သူများ မိဘတွေများ...တော်လိုက်တာ...အလိုက်သိလိုက်တာ
ချမ်းသာပြည့်စုံလိုက်တာလို့....." သားသမီးကလည်း
တွေးနေမှာပါ

(၃) သားသမီးရ ကံဆိုးတယ်လို့ မငြီးပါနဲ့
ရိုက်တာထက် နာပါတယ်
" ငါ တို့ မိဘရတာ ကံဆိုးတယ် " လို့ သူတို့ကလည်း
တွေးနေမှာပါ

(၄) နိုင်ကွက် မနင်းပါနဲ့
" ငါ့ စကား နားမထောင်နိုင်ရင် ...အိမ်ပေါ်က ဆင်းသွား လို့
ဘယ်တော့မှ မပြောပါနဲ့
နာကြည်းစိတ်ကြောင့် ဆင်းနိုင်တဲ့ အစွမ်း ရှိတဲ့တနေ့
ဝေးသထက် ဝေးအောင် နေပါလိမ့်မယ်"

(၅) စည်း မကျော်ပါနဲ့
ငါ မိဘပဲ ဆိုပြီး သားသမီးတွေ မရှိတုန်း
သူတို့ အဝတ်ဗီဒိုဖွင့်ပြီး ပေးချင်တဲ့ အင်္ကျီ လျှောက်မပေးပါနဲ့..
သူတို့ အရမ်းကြိုက်တဲ့ အင်္ကျီ နီလေး ပါသွားတတ်တယ်...

ရည်းစားဓာတ်ပုံ လွှင့် မပစ်ပါနဲ့.....
ခင်ဗျား (၁၈)နှစ်နဲ့ ခိုးရာလိုက်ပြေးတာ သူတို့သိတယ်
ခင်ဗျား အသက်(၂၂)မှာ မင်္လာဆောင်မှန်း
သူတို့ သိတယ်
ခင်ဗျားတို့ ငယ်ငယ်က ရည်းစားထားခဲ့မှန်း သိကြတယ်
မသိသလို နေပါ...စည်းကျော်ပြီး သူကြိုက်တဲ့ ဓာတ်ပုံ
လွှင့် မပစ်ပါနဲ့

စည်းကျော်တတ်တဲ့ မိဘတွေကို
သားသမီးတွေက သေတဲ့ နေ့ အထိ မမေ့ပါဘူး
နာလိမ့်မယ်....သေအောင် နာလိမ့်မယ်
လေးစားပါ
ငါမွေးထားတာ ...လူတွေ ဖြစ်လို့
လူ့ အခွင့်အရေး...လူ သားပီပီ လေးစားပါ

အဆုံးသတ် တနေ့ကို နားလည်ပါ...

သားသမီးကို မိဘက ပြုစုပျိုးထောင်တာ
ငါ့ မှာပဲ ရှိတယ် မထင်ပါနဲ့
ဝေလ ငါးကြီးတွေမှာ သာမက
သားပိုက်ကောင်တွေမှာ......
ကျားတွေမှာ........
သိမ်းငှက်တွေမှာ.......
ကျားသစ်တွေမှာရော ရှိတယ်

မိဘက (၃-၄) နှစ် ပြုစု ..ပျိုးထောင်
အမဲလိုက်နည်း...
အန္တာရာယ်ရှောင်နည်း.....
မိုးခိုနည်း.....ရေရှာနည်း...စတဲ့ ပညာစုံရင်
သားသမီးတိုင်းဟာ ..
နောင်မျိုးဆက် ပျံ့ပွားဖို့ပဲ တာဝန်ရှိတယ်
မိဘရင်ခွင်က ထွက်ပြီး....ဘဝသစ် စမှာပဲ....

Awaking Freeman
Crd.

"ထူးချွန်တဲ့ ကလေးတွေကို   ဒီလိုပျိုးထောင်ကြပါတယ်✅✅✅✅✅✅✅✅၁။ နေ့တိုင်း အနည်းဆုံး နာရီ၀က်ခန့် အချိန်ယူပြီး သင့်ကလေးနှင့်ဆွေ...
18/06/2025

"ထူးချွန်တဲ့ ကလေးတွေကို
ဒီလိုပျိုးထောင်ကြပါတယ်
✅✅✅✅✅✅✅✅

၁။ နေ့တိုင်း အနည်းဆုံး နာရီ၀က်ခန့် အချိန်ယူပြီး သင့်ကလေးနှင့်ဆွေးနွေးပါ။

၂။ အိမ်မှာနေတယ်ဆိုပေမဲ့လည်း “ မင်္ဂလာပါ။ Good morning, Good night"စတဲ့ ယဉ်ကျေးတဲ့ စကားတွေနဲ့ နူတ်ဆက်သင့်ပါတယ်။
💚💚💚💚💚

၃။ ကလေးများ ငယ်စဉ်မှ စ၍ တစ်ကိုယ်ရည် သန့်ရှင်းရေး ကို အကျင့်ပါပါစေ။

၄။ ကလေးရဲ့ စိတ်တွင်းစကားကို သေသေချာချာ နားထောင်ကြည့်ပါ။
စိတ်ရှည်ပါ။ မေတ္တာအပြည့်အ၀ သုံးပါ။ ပျော်ရွှင်တဲ့စိတ်နဲ့ နားထောင်ပေးပါ။ 💙💙💙💙

၅။ ကလေးက်ို သတိပေးတယ်ဆိုပြီးတော့မှ ကလေးရဲ့ အနာဟောင်းကို ခဏခဏ သွားမဆွ ပါနဲ့။

၆။ ကလေးအပြစ်တစ်ခုခု လုပ်မိရင် လေးလေးနက်နက် သဘောထားပြီး ရှင်းပြပါ။ ဆုံးမပါ။
💛💛💛💛
ရ။ မိဘဆိုပြီးတော့မှ အမြဲတမ်း မျက်နှာကြီး တည်မနေပါနှင့်၊ ကလေးတွေနဲ့ အတူ ရယ်မောနိုင်ပါစေ။ရယ်မောသံဟာ ကလေးတွေကို သူတို့ဘ၀ကို ပိုမို နှစ်သက်စေပါတယ်။
အပြုသဘော ပိုဆောင်ပါတယ်။ဘယ်အရာမဆို ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ ပါးပါး ကြည့်မြင်တတ်တဲ့ အကျင့် ရှိသွားစေတတ်ပါတယ်။
💙💙💙💙
၈။ ကလေးတွေကို ပုံ ပြင်ပြောပြတဲ့အခါ စိတ်ရှည်ပါ။ အကျိုးဖြစ်ထွန်းစေမဲ့ ပုံပြင်ကို ရွေးဖတ်ပြပါ။

၉။ ကိုယ်ဘ၀မှာ မအောင်မြင်ခဲ့တဲ့ ရည်ရွယ်ချက်တွေကို ကလေးအပေါ် ပုံမလွှဲပြောင်းပါနဲ့၊ မပုံချပါနဲ့

၁၀။ ကလေးရဲ့ အခြေအနေမှန်အပေါ် မူတည်ပြီး နေ့စဉ်နေ့တိုင်း ကလေးရဲ့ တိုးတက်ဖြစ်ထွန်းမူ တစ်ခုခု ကို စဉ်းစား အကြံအဥာဏ်ထုတ်ကြည့်ပါ။
💜💜💜💜
၁၁။ ငယ်ရွယ်တဲ့ ကလေးများကို သူတို့ အဖိုးအဖွားတွေနဲ့ အချိန်အကြာကြီး မထားပါနှင့်၊ သားမှာအချစ်၊ မြေးမှာ အနှစ်၊ အနှစ်လွန်သွားရင် ကလေးကို လမ်းမှန်ပြန်ရောက်အောင် ပြန်ခေါ်ဆောင်ရတာ ခက်ခဲတတ်တယ်။ သုတေသန အရ မျိုးဆက်ကျော် ပျိုးထောင်မူ ဟာ ကလေးကို ထိခိုက်တတ်တဲ့ သာဓကတွေ အများကြီး တွေ့ရှိနေပါပြီ။
💙💙💙
၁၂။ ကလေးများကို ပြုံးတတ်အောင် ငယ်စဉ်ကစပြီး သင်ကြားပေးထားပါ။

၁၃။ ကလေးများကို လွယ်လွယ်နဲ့ ဟိုဟာ၀ယ်ပေးမယ်။ ဒီခေါ်လည်မယ်လို့ ကတိပေးမလွယ်ပါနှင့်၊ ကတိပေးခဲ့ရင် ကတိကို ရအောင်အကောင်အထည်ဖေါ်ပါ။
💚💚💚💚
၁၄။ မိဘများအနေနဲ့ နေရာလဲလည်ပြီး စဉ်းစားတတ်တဲ့အကျင့်ရှိပါစေ၊ ငါ သူတို့အရွယ်တုန်းကကောဘယ်လို အနေအထားမျိုး ရှိပါသလဲ။

၁၅။ အခြားကလေးထက် ညံံ့တယ်၊ အခြားကလေးကို ဘယ်နေရာမှာမမှီဘူး လို့ ဘယ်တော့မှ မပြောမိစေနဲ့။💛💛💛💛

၁၆။ ကလေးကို ချီးကျူးဖို့ အကြောင်းအရာ အမျိုးမျိုး ကို ရှာဖွေပါ။ ရက်ရက်ရောရော အသိအမှတ်ပြုပါ။ ချီးကျူးပါ။ ✅✅✅✅

၁၇။ ကလေးကို ဘယ်တော့အခါမှ မခြိမ်းခြောက်ပါနှင့်။💜💜💜💜

၁၈။ ကလေးကို လူရှေ့သူရှေ့တွင် မဆဲဆိုမိပါစေနှင့်၊ မလှောင်ပြောင်မိ ပါစေနှင့်၊ ကလေး ကိုယ့်ကို ကိုယုံကြည်ချက် ပျောက်ဆုံးသွားတတ်တယ်။💚💚

အမှန်တော့ ဘယ်နိုင်ငံပဲ ကြည့်ကြည့် ကလေးတွေ ပျိုးထောင်တဲ့ အခြေခံ အယူအဆတွေ သိပ် အကွာခြားကြီး မဟုတ်ပါဘူး။ကျေးဇူးတင်လျက်..
💛💛💛💛💛💛

ကျေးဇူးတင်ပါသည်
Crd

ကလေးကို စောစီးစွာ စာဖတ်ပြတဲ့          အလေ့အထ လသားမှာတည်းက     မလုပ်ခဲ့ပဲ  3/4 yr ရောက်မှ     သူများကလေးက စာအုပ်ကြိုက်တယ်...
28/05/2025

ကလေးကို စောစီးစွာ စာဖတ်ပြတဲ့
အလေ့အထ လသားမှာတည်းက
မလုပ်ခဲ့ပဲ 3/4 yr ရောက်မှ
သူများကလေးက စာအုပ်ကြိုက်တယ်
စာဖတ်တယ် ဖတ်ပြရင်
ငြိမ်နားထောင်တယ် စသည်ဖြင့်
ကိုယ့်ကလေးကို
အပြစ်တွေတင်လို့ မရပါဘူး.......

ဖြည့်စွက်စာ စတင်ချိန်မှ စ၍
ထမင်း အသီး အရွက် အသား
ငါး အရသာစုံ စတင်မကျွေးခဲ့ပဲ
1yr ကျော် လူကြီးထမင်း ဟင်း
စစားရမယ့်ချိန် ကလေးက
ဂျီးများပြီး မစားမသောက် ရင်
ကလေးကို အပြစ်တင်လို့မရပါဘူး......

စထိုင်တတ်စအချိန် 7months
လောက်ကစပြီး baby chair နဲ့
ပေးထိုင် တဲ့ အကျင့် မလုပ်ပေးခဲ့ပဲနဲ့
" လိုက်ကျွေး " " လမ်းမ ထွက်ကျွေး "
လုပ်ခဲ့ပြီးမှ မိတ်ဆွေတွေနဲ့
ဆိုင်တွေမှာ စားသောက်ချိန် ထိုင်ခုံမှာ
ထိုင်မစားပဲ လျှောက်ပြေးနေခဲ့ရင်
ကလေးကို အပြစ်မတင်ပါနဲ့ ......

6 months လောက်တည်းက
ပေပွပါစေ လက်နဲ့ ထိတွေ့ ခွင့်ပေး
ကိုယ်တိုင် ယူစားစေဆိုပြီး
self feeding skill ကို မလေ့ကျင့်
မပေးခဲ့ပဲနဲ့ 2yr 3yr ထိ
ခွံ့ကျွေးလာခဲ့ပြီးမူကြိုရောက်လို့
ကလေး က သူ့ဖာသာ
" ထမင်းမစားတတ်ရင် "
သူများတွေတောင်စားတတ်တယ်
နင်က မစားတတ်သေးဖူးလား
ဆိုပြီး မချိတင်ကဲ နဲ့
ကလေးကို အပြစ်မတင်ပါနဲ့ .......

ကိုယ်တိုင်ကစားတတ်တဲ့ချိန်
စာအုပ်ယူဖတ်တတ်တဲ့ချိန် ကစလို့
ဆော့ပြီး ကစားစရာလေးတွေ
ပြန်သိမ်းဖို့ စာအုပ်လေးတွေ
စင်ပေါ် ပြန်တင်ဖို့ မသင်ပြ
မပြောပြခဲ့ပဲ ကြီးလာမှ
" စည်းကမ်း " ကိုမရှိဘူး
" စည်းပျက်ကမ်းပျက် " နဲ့
နင်ဟာ ဘယ်သူနဲ့ တူတာလည်း
ဘာညာ ဆိုပြီးတော့
ကလေးကို အပြစ်တွေစုပုံ မတင်ပါနဲ့.....

ငယ်စဉ် မှာ TV တွေပြ Phone တွေပြပြီး
အလွယ်တကူထိန်းကျောင်း လာခဲ့ပြီမှ
လူအများရှေ့ Ph လု TV အတင်း
ဖွင့်ခိုင်းတာတွေရှိရင်
ကလေးကို အပြစ်မတင်ပါနဲ့ ....

" စကား " စပြောစ မိဘစကား
နားလည်ချိန်မှစ ဒါကတော့
" ကောင်းတယ် " ဒါက" မကောင်းဘူး "
သားလေး လို့ ပြောဆို ရှင်းပြခြင်း မရှိ
ကလေးက မပီကလာ ပီကလာ
ပြောစေကာမူ ဘာပြောတာလဲ
ပြောလေ သြော် ဟုတ်လား ဒီလိုလား
စသည်ဖြင့် တလေးတစား နားထောင်
ပေးခဲ့ခြင်း များ မရှိ ခဲ့ပဲ
ကြီးလာတဲ့အခါ " စကားနားမထောင် "
ပြောမရ ဆိုမရ တဲ့အခါမှ
အဲ့ ကလေးကလေ ဆိုးကိုဆိုးတာ
ဘယ်လို ပြောပြော မရဘူး ဆိုပြီး
ကလေးကို အပြစ်တွေ မတင်ပါနဲ့......

အစကောင်းခဲ့မှ
အနှောင်းသေချာပါမည် ......

လက်ဦးဆရာ မည်ထိုက်စွာ
ပုပ်ဗစရိယ မိ နဲ့ ဖ .......

မြေဆီ မြေသား ကောင်းကောင်း
မချခဲ့ပဲ အပင်သန်သန်
လိုချင်လို့မရပါ...

Credit-photo

"ကလေးတစ်ယာက်ရဲ့ဉာဏ်ရည်ဉာဏ်သွေးက မိခင်အပေါ်မှာဘာကြောင့် မူတည်နေသလဲ?"             မျိုးရိုးဗီဇပညာရှင်တွေရဲ့နောက်ဆုံးလေ့လာတ...
28/05/2025

"ကလေးတစ်ယာက်ရဲ့ဉာဏ်ရည်ဉာဏ်သွေးက မိခင်အပေါ်မှာဘာကြောင့် မူတည်နေသလဲ?"
မျိုးရိုးဗီဇပညာရှင်တွေရဲ့နောက်ဆုံးလေ့လာတွေ့ရှိချက်အရ Intelligence လို့ခေါ်တဲ့ ကလေးတစ်ယောက်ရဲ့
ဉာဏ်ရည်ဉာဏ်သွေးက ဖခင်ထက် မိခင်အပေါ်မှာ ပို မူတည်နေတယ်လို့ အတည်ပြုထားကြပါတယ်။
ဘာကြောင့်လဲဆိုရင် မိန်းမတွေမှာ X Chromosome
နှစ်ခုရှိပြီး အမျိုးသားတွေမှာ X နဲ့ Y တစ်ခုစီ ရှိကြပါတယ်။
ဉာဏ်ရည်နဲ့ဆိုင်တဲ့ ဗီဇမျိုးစေ့များစွာဟာ X Chromosome
မှာရှိနေတဲ့အတွက် မိခင်တွေမှာ ပို အလေးသာနေရခြင်းဖြစ်
ပါတယ်။မိခင်တွေရဲ့ ဗီဇမျိုးစေ့တွေထဲက တချို့ဟာဉာဏ်ရည်နဲ့ပတ်သက်တဲ့အပိုင်းမှာ တက်ကြွစွာအလုပ်လုပ်နေပါတယ်။မိခင်တွေဟာ သားသမီးတွေကို ဝမ်းနဲ့လွယ်မွေးထားရတဲ့အပြင် လူ့လောကထဲ စ ရောက်လာတဲ့
ဘဝအစ ရက်တစ်ထောင်ခရီးအတွင်း မိခင်ရဲ့ရင်ဝယ်ပိုက်ထွေးပြုစုစောင့်ရှောက်မှုတွေက ကလေးတစ်ယောက်ရဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှုကို ပိုမိုအားကောင်းလာစေပါတယ်။
မိခင်တွေဟာ လူ့လောကထဲ စ ရောက်လာတဲ့ကလေး
တစ်ယောက်အတွက် "လက်ဦးဆရာ" First teacher တွေ
ဖြစ်ကြပါတယ်။ဒါကြောင့် သားသမီးတွေရဲ့ ခန္ဓာကိုယ်အတွင်းအပြင် ဖွံ့ဖြိုးမှုအားကောင်းလာစေဖို့ဆိုတာ မိခင်ရဲ့
နည်းလမ်းမှန်စွာ ပြုစုစောင့်ရှောက်မှု/သင်ကြားမှုတွေအပြင်
အစာအာဟာရကောင်းမွန်စွာ ကျွေးမွေးမှုတွေ ဟန်ချက်ညီ
နေဖို့ လိုအပ်ပါတယ်။ဒါကြောင့် ကလေးတစ်ယောက်မွေး
ကင်းစ ကနေ ငါးနှစ်အရွယ်ကြားကာလတွေမှာ အစားအသောက်/အနေအထိုင်(daily routineမှန်ကန်မှု)
အခြေခံစည်းကမ်းအဖုံဖုံကို အုတ်မြစ်ချထားပေးဖို့လိုအပ်
ပါတယ်။ဒီအရွယ်မှာ စနစ်တကျစည်းကမ်း လိုက်နာတတ်
အောင် လေ့ကျင့်ပေးမထားရင် ဆယ်ကျော်သက်အရွယ်မှာ
ပြောမရ/ဆိုမရ ဖြစ်လာပြီး မိဘနဲ့သားသမီးကြား ဆက်ဆံ
ရေး ပျက်စီးတတ်ပါတယ်။
ကလေးတစ်ယောက်ရဲ့ဉာဏ်ရည်နဲ့ပတ်သက်ပြီး
ဖခင်ဆီကနေ ရရှိနေတာတွေကတော့
(၁)ဗီဇမျိုးစေ့တစ်ချို့
(၂)ပညာရေးထောက်ပံ့မှု။
(၃)အချိန်ပေးမှု တွေဖြစ်ပါတယ်။
Parenting လို့ခေါ်တဲ့ သားသမီးပြုစုပျိုးထောင်ခြင်းတာဝန်ဟာ မိဘနှစ်ပါးစလုံးမှာ တာဝန်ရှိနေပါတယ်။ကလေးရဲ့ဉာဏ်ရည်က အမေ အပေါ်မှာပဲမူတည်နေတာဖြစ်လို့ အမေကပဲ သားသမီးတွေကို သေချာပြုစုပျိုးထောင်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။အမေ့ရဲ့နည်း
လမ်းမှန်တဲ့ သားသမီးပြုစုပျိုးထောင်နည်းရယ်/အဖေ့ရဲ့
ငွေးကြေးရေး မပူပင်အောင်ထောက်ပံ့မှု/သားသမီးတွေကို
မေတ္တာနဲ့ အချိန်ပေးမှုတွေရယ် အားလုံး အချိုးညီစွာ ပေါင်း
စပ်နေမှ သားသမီးတွေရဲ့ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးမှု
အားကောင်းပြီး Smart kid လေးတွေ ဖြစ်လာမှာဖြစ်ပါ
တယ်ရှင်။
ညနေမိုး(ကလေး)
-Kalay
Sang
&USA
Crd

Address

Insein
Yangon

Telephone

+959755005079

Website

Alerts

Be the first to know and let us send you an email when Genius Kid Bookstore2 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Genius Kid Bookstore2:

Share

Category