Lucky steven jade

Lucky steven jade ကျောက်ကြည့်ဓါတ်မီး ကွမ်စက် ၊ဖြတ်စက? မင်္ဂလာပါ ဗျာ ဝင်ရောက်လေ့သူ အပေါင်း ကို ကျေးဇူးအထူးတင်ရှိပါတယ်.. အားလုံးပဲကျန်မာချမ်းသာကြပါစေ

Online အရောင်းရောဆိုင်ရောရပ်နားထားလိုက်ပါပီဗျာ ဝယ်ယူအားပေးကြတဲ့သူတွေကိုကျေးဇူးအထူးတင်ပါတယ် ထပ်လာဝယ်နေကြသူတွေများ‌ေနကညတဲ့...
10/05/2024

Online အရောင်းရောဆိုင်ရောရပ်နားထားလိုက်ပါပီဗျာ
ဝယ်ယူအားပေးကြတဲ့သူတွေကိုကျေးဇူးအထူးတင်ပါတယ် ထပ်လာဝယ်နေကြသူတွေများ‌ေနကညတဲ့အတွက်ယခုpostတင်လိုက်တာပါ

Online အရောင်းရောဆိုင်ရောရပ်နားထားလိုက်ပါပီဗျာ ဝယ်ယူအားပေးကြတဲ့သူတွေကိုကျေးဇူးအထူးတင်ပါတယ် ထပ်လာဝယ်နေကြသူတွေများ‌ေနတဲ့အတ...
08/07/2023

Online အရောင်းရောဆိုင်ရောရပ်နားထားလိုက်ပါပီဗျာ
ဝယ်ယူအားပေးကြတဲ့သူတွေကိုကျေးဇူးအထူးတင်ပါတယ် ထပ်လာဝယ်နေကြသူတွေများ‌ေနတဲ့အတွက်ယခုpostတင်လိုက်တာပါ

......SOLD OUT .....ကျောက်ဖြတ်စက် ၁.၅ ​မော်တာအား (​မော်တာ တစ်​ကောင်ခွဲးအာ)အတွင်းမှာ ကျီးကိုင် စစ် ကိုင်ပက်​ကြိုး အပြည့် ...
07/04/2023

......SOLD OUT .....
ကျောက်ဖြတ်စက် ၁.၅ ​မော်တာအား (​မော်တာ တစ်​ကောင်ခွဲးအာ)
အတွင်းမှာ ကျီးကိုင် စစ် ကိုင်ပက်​ကြိုး အပြည့် အမှန်
တက်လို့ရတဲ့ လွှစိုက်​တွေက (၆"-အထူ-အပါး / ၈"-အထူ-အပါး /၁၀"-အထူ - အပါး ) အကုန် တက်ပီးသုံးလို့ရတယ်
အစုံလိုက် တစ်စုံ လက်ရှိအသုံးပြု​နေတဲ့စက်​ပါ
ပို​နေလို့ပြန်​ရောင်မယ် ဗျ လိုအပ်​နေသူများ ​စျေးချိုချို ​လေးနဲ့ ပြန်​ရောင်းမယ်

(မှတ်ချက် --- လွှအပို မပါပါ )

​ရောင်း​စျေး --- ၂၅၀၀၀၀ ကျပ်

ဖုန်း ---- ၀၉၉၅၂၈၄၄၈၈၀

------------------Sold oud --------

ကျောက်ကြည့်ဓါတ်မီးခေါင်းအကျဉ်းအကျယ်ပါအပီးအားသွင်းကြိုးဓါတ်ခဲပါအပီးupdateprice မီးဖြူ   44000ကျပ်updateprice မီးဝါ    440...
23/03/2023

ကျောက်ကြည့်ဓါတ်မီး

ခေါင်းအကျဉ်းအကျယ်ပါအပီးအားသွင်းကြိုးဓါတ်ခဲပါအပီး
updateprice မီးဖြူ 44000ကျပ်
updateprice မီးဝါ 44000ကျပ်

မှာယူလိုပါက massage or
09952844880သို့ဆက်သွယ်မှာယူနိုင်ပါတယ်ဗျာ
ရန်ကုန်အိမ်အရောက်ငွေချေပါ
နယ်ဆိုငွေလွှဲဝင်တာနဲ့ကားဂိတ်တင်ပေးပါတယ်ဗျာ

လောပန်းလောင်းတို့အတွက် လောပန်းဖြစ်ဖို့ ကျောက်စိမ်းဘယ်လို၀ယ်မလဲ ကျောက်ပညာ လေ့လာနေသူများအတွက် ရည်ရွယ်ပြီး ရေးသားခြင်းဖြစ်ပ...
23/03/2023

လောပန်းလောင်းတို့အတွက် လောပန်းဖြစ်ဖို့ ကျောက်စိမ်း

ဘယ်လို၀ယ်မလဲ
ကျောက်ပညာ လေ့လာနေသူများအတွက် ရည်ရွယ်ပြီး ရေးသားခြင်းဖြစ်ပါတယ် ကျောက်လောက ဆရာ့ ဆရာကြီးများ ဖြည့်စွပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ အခြေခံအချက်များ

၁ ။ ရေမဆေးဝယ်မယ် ..
၂ ။ ဆေးကြည့်မယ် ..
၃ ။ စျေးကွက်စမ်းမယ်..
၄ ။ ဖျတ်မယ် / ကွမ်မယ်..
၅ ။ အထည် / ပန်းပု / အချောထည် လုပ်မယ်..
၆ ။ ရောင်းမယ်..

(၁)ရေမဆေးဝယ်မယ်

စစ်ရမဲ့အချက်တွေရှိတယ် ကျောက်အထိုင်နှင့် ချော် အခြေအနေကိုသိဖို့ လေ့လာရမယ် ချော်ပေါ်ကပြတဲ့အဖြေက အခွံပေါ်မှာပါတက်တယ်။ နောက်တစ်ခုက အလေးချိန်အရွယ်နဲ့ အလေးချိန်ကိုသိဖို့လိုမယ် အရွယ်ထက်အလေးချိန်ပိုစီးတာဆို အသားရဖို့များတယ် တိကျတဲ့အဖြေပေးဖို့တော့ခက်လိမ့်မယ်။ နောက်ဆုံးတစ်ချက်က စိန်တူရာက ကျောက်မျိုးကိုဖတ်ဖို့လမ်းစနဲ့ ယမ်းကြည့်ဖို့လမ်းစဖြစ်တယ် အဲ့အချက်ချက်‌တွေကို အရင်လေ့လာသင့်တယ်။

(၂)ဆေးကြည့်မယ်

ရေမဆေးတစ်လုံးကို တစ်တုန်းလုံးဆေးခြင်းထက် တစ်ကွက်ခြင်းစဆေးသင့်တယ် ဆေးတဲ့အချိန်အပြောင်းအလဲ ဖြစ်ပျတ်သဘောကို မှတ်ပါလေ့လာပါ။ ချော်က ချော်စေးလား ချော်ပွလားဆိုတာ သိဖို့လိုလာလိမ့်မယ် အခွံရဲ့သဘောကို သိဖို့လေ့လာရမယ် မှတ်သားမယ် ဘာအခွံမျိုးဖြစ်တယ် ယမ်းသဘော တီ မန်း အခွံတွေကို သိဖို့လိုလာလိမ့်မယ် မှော်သဘောကိုပါ တွဲလေ့လာသင့်တယ်။ ‌‌ကျောက်ကိုဖြတ်ဖို့ထက် အရင်းမပျောက်‌အောင်လုပ်သင့်တယ် ဆေးချက်ပေါ်ရင် စျေးကွက်စမ်းမယ်။

(၃)စျေးကွက်စမ်းမယ်

လိုင်းပေါ်တင်ရောင်းခြင်းထက် ဝယ်လက်တိုက်ရိုက်ပြရောင်းတက်ဖို့လိုမယ် စျေးကွက်အခြေအနေသိဖို့လိုမယ် ဘယ်လိုင်းနဲ့ သင့်တော်တယ်ဆိုတာ သိဖို့လိုမယ် ဒါတွေလည်းလေ့လာဖို့လိုအပ်တယ်။

(၄)ဖျတ်မယ် / ကွမ်မယ်

ကွမ်တာနဲ့ပတ်သက်လို့ အထွေအထူးမရှိပါဘူး အလှဆုံးနေရာ မန်း ကြိုး အရည်/ ကာလာ အလှဆုံးနေရာကိုဖောက်တာပါ လက်မလွန်စေဖို့ သတိထားရမယ်။ ကျောက်တစ်လုံး ဖြတ်တယ်ဆိုတာ လွယ်တယ်မထင်နဲ့နော် ယမ်းအသွားအလာ ကျောက်တစ်လုံးဖြစ်တည်မှု အနာနဲ့အရည်အသွားအလာတွေကို ကြည့်တက်မှ ဖျတ်နန်းမှန် ရွေးတက်လိမ့်မယ် လေ့လာသင့်တဲ့အရာပါ။ တချို့လူတွေက အနာနဲ့ အရည်ကိုပဲ ကြည့်ဖျတ်နေတာများတယ် ကျောက်တစ်လုံး ဖြစ်တည်မှု ယမ်းအသွားအလာကို ထည့်မတွက်ကြဘူး။

(၅)အထည်၊ ပန်းပု၊ အချောထည်

အပွင့်လား အချပ်လား လက်ကောက်လား ဂွင်လား ပန်းပုလား ပန်းတီးလား စသဖြင့် ခွဲတက်ဖို့လိုလာပြီ။ အသားတန်းကို သေခြာမသိရင် ခွဲရခက်မယ် အသားတန်းကို သိဖို့လေ့လာရမယ် ဘယ်လိုင်းအတည့်ဆိုတာကို သေခြာသိမှစျေးရမယ် အချောထည်ဆိုလည်း လှမယ်ပေါ့ ။

(၆)ရောင်းမယ်

ဘယ်လိုင်းသိပြီဆို စျေးကွက်ထိုးရလွယ်မယ် ဒါပေမဲ့ စျေးတန်းသိဖို့ လိုလာပြန်ရော ဘယ်စျေးခေါ်မယ် ဘယ်လောက်ထုတ်မယ် ဘာနဲ့ဆုံးဖျတ်တာလဲ ပွဲညှော် ပွဲညွှန့်စားသမားတွေ များတဲ့ လောကမှာ ကိုယ်တိုင်မသိရင် ခံသွားရမယ် ( လူမှန်ရှိပါတယ် နည်းတာပေါ့ ) အဲ့တော့ စျေးကွက်ကို လည်းလေ့လာပါလို့ အကြံပြုချင်ပါတယ်။

အချုပ်ဆိုပြီးပြောရရင် ကျောက်တစ်လုံးဖြစ်တည်ခြင်းကစပြီး အဆင့်ဆင့်လုပ်ကိုင်မှုကို လေ့လာသင့်တယ် စျေးကွက်ကို အမြဲမပျတ်လေ့လာစေချင်တယ်။ ဘုမသိဘမသိ ကံစမ်းမယ်ဆိုတာနဲ့ ဝင်မလုပ်စေချင်ဘူးရှိတာကုန်သွားမယ် ဆရာကြီးမဟုတ်ပါဘူး သိသလောက်လေး မျှဝေတာပါ အသေးစိတ် ကိုတော့ကိုယ်တိုင်လေ့လာပါလို့ အကြံပြုပါရစေ ။

Credit to မူရင်းရေးသားသူ
ကျောက်စိမ်းအကြောင်း

20/03/2023
16/03/2023

အမေးများကြတဲ့ဘောပင်ကွမ်စက်
12V ( Mini Grinder )
အသေးသုံးကွမ်စက်လေးရမယ်ဗျာ
ကွမ်သီးပါအပီး
100~240V
14000rpm
Chuck 0.5-3.2mm

ဈေးနှုန်းလေးက 27000ကျပ်

#ကျောက်ပုံဖော်ခြင်း
#ကွမ်ခြင်း #သံချေးချွတ် #သစ်သားပန်းပု #စာလုံးထွင်းတာ #လက်သဲပုံဖော်တာစတာ‌ေတွအသုံးများပီးအသေးစားလက်မှုပညာပြုလုပ်တဲ့ညီအကို‌‌ေတွလဲအသုံးများကြပါတယ်ဗျာ

လုံးပတ်‌ေသးပီးကိုင်ရလွယ်၊သယ်ရလွယ်တော့ အသုံးပြုရတာပိုအဆင်ပြေတာပေါ့ဗျာ

☎️မှာယူလိုပါကmassengerမှာစာပို့၍ဖြစ်‌ေစ 09952844880သို့ဖုန်းဆက်၍ဖြစ်စေဆက်သွယ်မှာယူနိုင်ပါတယ်ဗျာ

ရန်ကုန်ဆိုအိမ်အရောက်ငွေချေပါ နယ်ကတော့ငွေလွှဲဝင်မှပစ္စည်းပို့ပေးပါတယ်ဗျာ ပစ္စည်းမရောက်မချင်းတာဝန်ယူပါတယ်ဗျာ

15/03/2023

Bestseller ဘူးကွမ်စက်

Update price 65000ကျပ်

#ကျောက်မျက်ရတနာတွေပုံဖော်လို့လဲရသလိုပေါလစ်တင်လို့လဲရတယ်နော်

#‌ေကျာက်ကွမ်တဲ့‌ေနရာမှာသံုးလို့လဲရသေးတယ်ဗျ

#သစ်သားမှာစာထွင်းမလားကော်ပတ်စားမလား
Plasticမှာလဲအဆင်ပြေတယ်နော်
#ကျောက်အရိုင်းတုန်းကိုအခွန်ခွာ.. #ကွမ်...
အပေါက် ဖောက်... အရောင်တင်.. ကျောက် ကြားကအညိတွေ ကို ကွမ်သီးလေးတွေ ပျောင်းပီ လိုသလို တိုက် စာ ပုံ ဖော် လို့ ရတယ် လုပ် တတ် ရင် လုပ် တတ် သလို လုပ် လို့ ရနိုင်ပါ တယ် မီတာ အားစားတာ လဲ သက်သာ ပါ တယ်နော်

က 8000-30000rpm ထိရှိပါတယ်။

အနှေးအမြန် control 6 ချက် ပါပါတယ်
Best qualityအရောင်ကွဲလွဲနိုင်သည်
မှာယူလိုပါကcb or 09952844880သို့လဲဆက်သွယ်မှာယူနိုင်ပါတယ်ဗျာ
နယ်ဆိုငွေလွှဲဝင်တာနဲ့ပစ္စည်းတန်းပို့ပါတယ်ဗျ

ရန်ကုန်မြို့တွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

မြို့နယ်အလိုက်ကျသင့်ငွေပေးချေရပါမယ်

နယ်မှမှာယူသူများကိုလည်းကားဂိတ်ထိပို့ဆောင်ပေးပါတယ်

ကျောက်စိမ်းများ  ပုတ်သိုးသွားခြင်း.......အနုပညာ  ညီငယ်လေးတစ်ယောက်ကပြောတယ်  ကျောက်မျက်ပြပွဲ တစ်ပွဲမှာ ဆရာသမားများနဲ့ရှယ်ယ...
15/03/2023

ကျောက်စိမ်းများ ပုတ်သိုးသွားခြင်း.......အနုပညာ

ညီငယ်လေးတစ်ယောက်ကပြောတယ် ကျောက်မျက်ပြပွဲ တစ်ပွဲမှာ ဆရာသမားများနဲ့ရှယ်ယာပါလိုက်တယ် ကျသင့်ငွေက သိန်း
၅၀၀ အောက်မှာပါပဲတဲ့။

သူလည်း သူ့အစု့နဲ့သူ ကျသင်တဲ့ငွေကို ရှိတာနဲ့ ချေးငှားတာနဲ့ ပေါင်နှမ်တာ အားလုံး
ပေးလိုက်ပါတယ်တဲ့။

ကျောက်က မန္တလေးရောက်ပြီး ပိုင်းလိုက် တစ်လိုက်တာ ဝယ်စျေးနဲ့ဆို အောင်ပါလေရောတဲ့။

ဆရာသမား များကပြောတယ် သိုသိုသိတ်သိတ်နေ ကျောက်က အနည်းဆုံး(အနည်းဆုံး)သိန်း လေး ငါး ထောင်ပဲတဲ့
ပျော်လိုက်တာ...ပျော်လိုက်တာ လွန်ပါရော
ပျော်လွန်းလို့ အိမ်ကမိန်းမနဲ့ သားသမီးတွေတောင်ပြောပြ ကြွားလိုက်ရသေးတယ် တဲ့။

ဒီလိုနဲ့ ဆရာသမားတွေကို ဖားရ ဆရာသမားတွေရဲ့ ရှယ်ရာ မန်း တွေကို ဖားရ
ကိုယ်ရဲ့ သူငယ်ချင်တွေကို ကျွေးမွေးရနဲ့
မျှော်လင့်ချက်တွေနဲ့ တက်ကြွတဲ့ ကြက်ဖ တစ်ကောင် ဖြစ်နေတာပေါ့။

အဲ့....ဖြတ်ရင်း တောက်ရင်းနဲ့ တစ်လ တစ်ခွဲ
ကြာတော့ အသားမလိုက်တာလိုလို အရေက ဘာဖြစ်တာလိုလိုနဲ့ လေးငါးထောင်တော့ မသေခြာတော့ဘူး တစ်ထောင် တစ်ထောင့် ငါးရာ လောက်ပဲ မြတ်နိုင်တော့တယ်တဲ့။
ဒါပေမဲ့ ကိုယ့်အရင်းက ငါးရာအောက်ဆိုတော့ ဒီလောက်မြတ်လည်း မဆိုးပါဘူး။

ဒီလိုနဲ့..စျေးကွက် စောင့်တာ နှစ်သစ်ကူးတာ ဘာညာ သာသကွတွေနဲ့ တစ်လ တစ်လခွဲလောက် ကြာသွား ပြန်ပါရောတဲ့။
အဲဒီမှာ သူ့ဆရာသမားက ပြောတယ် ကျောက်က ထင်သလို မဟုပ်ဘူး အလွန်ဆုံး မြတ်မှ မောင်းပြန်ပဲတဲ့။မောင်းပြန်ဆိုတာ
ကိုယ်ရင်းတဲ့ငွေရဲ့ တစ်ဆ(ဥပမာ)တစ်ကျပ်ရင်း တစ်ကျပ်မြတ်ပေါ့
မိန်းမကို ဘယ်လိုပြောရမယ် မသိပေမဲ့လည်းမြတ်သလောက်ပေါ့ ဆိုပြီး ဖြေသိမ့် ခဲ့ရပါတယ်တဲ့။

ဒီလိုနဲ့....နောက်ထပ် တစ်လလောက်ထပ်ကြာတော့ ယူထားတဲ့ အတိုးတွေကတက် အိမ်ကမိန်းမက ပူညံပူညံ ဖြစ်တော့ ဆရာသမားကို အကျိုးအကြောင်းပြောပြ မြန်မြန်လေးလုပ်ပါတော့ ဆိုတော့ မင်းက ပြောတော့လွယ်တယ် ငါလည်းလုပ်နေတာပဲတဲ့။အခု ရောင်းပြီးတာနဲ့ ကျန်တာတွေ တွက်လိုက်ရင် တစ်ဝက်နီးနီး ရှုံးနေပြီတဲ့။

ကျွန်တော် ဘာပြောရမှန်း မသိအောင် ဆွိ့အသွားမိတယ်ဗျာ။အိမ်ကမန်းမကို ဘယ်လို ပြောရမှန်းမသိတော့ဘုးတဲ့။အကြံဉာဏ်လေးပေးပါအုံးတဲ့။

ကျွန်တော်လည်း လူကြီးဖြစ်ပြီး သူ့ကို
ဖြေသိမ့်နိုင်ပါစေဆိုပြီး ညာ ပြောလိုက်တယ်။
မင်းတို့ ကျောက်တွေက ကြာသွားတာကိုး
ကြာတော့ ပုတ်သိုးသွားပြီး စျေး မရတော့ဘူးလို့ပြောလိုက်တော့.. ဗျာ! ဆိုပြီး မျက်နှာငယ်လေးနဲ့ဖြစ်သွားရှာတယ်။

အမှန် တစ်ကယ်တော့လည်း ကျောက်တွေက ပုတ်သိုးသွားတာပါ။ဦးဆောင်သူ က ညစ်ပတ်ရင် လူလည်ကျရင် ကြာလေ ကြာလေ ကျောက်တွေက ပုတ်သိုးသွား တော့တာပါပဲ။ ကျွန်တော်လည်း ထိုကဲသို့ ဦးဆောင်သူရဲ့ အောက်မှာ ကျောက်တွေ အကြိမ်ကြိမ်အခါခါ ပုတ်သိုးခံခဲ့ရ ဘူးပါတယ်။

ကျောက်တွေကို မပုတ်သိုးစေခြင်ရင် ဦးဆောင်တဲ့သူကို အရွေးမမှားဘို့ လိုတယ်လို့
ကျွန်တော့ကို ပြောပြတဲ့ ညီလေးတစ်ယောက်လို မဖြစ်အောင်အကြံအဉာဏ် ပေးလိုက်ပါတယ်။

ကျောက်တွေ ဘယ်တော့မှ မပုတ် မသိုးပါစေနဲ့လို့.......
ကျောက်သမား ညီအကိုများ အတွက် ဆုတောင်း ပေးရင်းနဲ့..,......

Crd မူရင်းရေးသားသူ OoSoe

15/03/2023

ကွမ်သီးလေးတွေရပါမယ်ဗျာ
ဆိုဒ်စုံအ‌ေချာင်း50ပါတစ်ထုပ်ကို
ဈေးနှုန်း 27000ကျပ်ပါဗျာ

မှာယူလိုပါက cb or
09952844880သို့ဆက်သွယ်မှာယူနိုင်ပါတယ်ဗျာ။

14/03/2023

ကျောက်အရောင်တင်မှတ်ပြား
Update price(55000ကျပ်)
11ချပ်ဈေးပါဗျာ ခွဲမရောင်းပါဘူး

ကျောက်စိမ်းဖြတ်ပီးသားကို
မှတ်ချွတ် ၊ အရောင်တင် ရာမှာတပ်ဆင်အသုံးပြုသောကပ်ခွာဘီးဝိုင်းလေးတွေပါဗျ

📌Size( 3" )_မှတ်ပြားနံပက်​တွေက​တော့ ----50.100.150.300.500.800.1000.1500.2000.3000.5000အထိပါရှိပါတယ်ခင်ဗျာ📌

ရန်ကုန်မြို့တွင်းအိမ်အရောက်ငွေချေပါ(မြို့နယ်အလိုက်deliခ‌ေပးရပါမယ်ဗျ)

နယ်မြို့များကိုငွေလွှဲဝင်တာနဲ့ကားဂိတ်ပို့ပေးပါတယ်
ဂိတ်ချခ(၂၀၀၀)ကျပ်တော့ကျသင့်ပါမယ်ဗျာ
09952844880 သို့ဆက်သွယ်မှာယူနိုင်ပါတယ်ဗျ
ဝယ်ယူအားပေးမှုကိုအစဉ်အမြဲကျေးဇူးတင်ပါတယ်ခင်ဗျာ။

Address

Yangon

Alerts

Be the first to know and let us send you an email when Lucky steven jade posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Lucky steven jade:

Share