Hpone Min Myat - Battery shop

Hpone Min Myat - Battery shop အထူး အာမခံ ဘက်ထရီ အမျိုးမျိုး အရောင်းဆိုင်

⛔⛔ #အင်ဗာတာ(Inverter)အဲကွန်းနဲ့ရိုးရိုး(Non-inverter)အဲကွန်းဘာကွာသလဲ? #ဘယ်ဟာကပိုကောင်းသလဲ?♦ကျနော့်ကို ဘယ်အဲကွန်းကကောင်းသ...
02/05/2024

⛔⛔ #အင်ဗာတာ(Inverter)အဲကွန်းနဲ့ရိုးရိုး(Non-inverter)အဲကွန်းဘာကွာသလဲ? #ဘယ်ဟာကပိုကောင်းသလဲ?

♦ကျနော့်ကို ဘယ်အဲကွန်းကကောင်းသလဲလာမမေးပါနဲ့
ကျနော်မဖြေတတ်ဘူး
♦ဘယ်အဲကွန်းကမီတာခသက်သာလဲလာမေးမယ်?
အအေးနှုန်းကစက်မှာဖော်ပြတဲ့အတိုင်းတကယ်ဟုတ်ရဲ့လားလာမေးမယ်?
ဘယ်စက်တာရှည်ခံလဲလာမေးမယ်?
ဘယ်စက်အပိုပစ္စည်းပေါလဲလာမေးမယ်?
အာမခံစိတ်ချရလားလာမေးမယ်
ဆိုရင်တော့ တိတ်တိတ်ကလေးလာမေးပါ ကျနော်သိတာ လေးဖြေပေးပါမယ်။

🛑အင်ဗာတာဖြစ်စေရိုးရိုးဖြစ်စေ
အဲကွန်းတိုင်းက အခန်းထဲကအပူကို စုပ်ယူပြီး
အောက်ဒိုးယူနစ်ကနေ အပြင်ကို
အပူစွန့်ထုတ်ပေးတာချင်းအတူတူပါ။
အအခန်းကိုအေးအောင်လုပ်​ ပေးတာချင်း အတူတူပါ။

🛑ပါဝင်တဲ့အစိတ်အပိုင်းအတွေကလည်းတူသလို
အလုပ်လုပ်ပုံကလည်းအတူတူပါ။

🛑ဒါဆိုဘာက မတူတာလဲဆိုရင်
#အင်ဗာတာအဲကွန်းမှာတော့
ပါဝင်တဲ့အစိတ်အပိုင်းတွေထဲကမှ
လျှပ်စစ်သုံးပြီးလည်ပတ်နေရတဲ့ မော်တာတွေဖြစ်တဲ့
♦️အခန်းတွင်းအင်ဒိုးယူနစ်တွေထဲကပန်ကာမော်တာ၊♦️အောက်ဒိုးယူနစ်တွေထဲကကွန်ပရက်ဆာမော်တာနဲ့ပန်ကာတွေရဲ့အလုပ်လုပ်တဲ့ အမြန်နှုန်းက အခန်းရဲ့အပူချိန်၊ရာသီဥတုနဲ့လူဦးရေလိုက်လို့ အလိုအ​ လေျာက် ပြောင်းလဲပြီး အတိုးအလျော့လုပ်လို့အမြန်နှုန်းကို ကစားပေးနိုင်တာပါ။

အဲဒီလိုအမြန်နှုန်းလျော့တော့ ဘာဖြစ်လဲဆိုရင် ကြာရှည်သုံးတဲ့အခါ ပျမ်းမျှအနေနဲ့တွက်ရင် မီတာခသက်သာတာပါပဲ။

💢မော်တာတွေရဲ့ လည်ပတ်နှုန်းက ၂၀%လျော့သွားတိုင်းအကြမ်းအားဖြင့် လျှပ်စစ်စားသုံးမှုက ၄၀% ကျော်လောက်သက်သာတာပါပဲ။

🛑ရိုးရိုးအဲကွန်းကတော့
ပန်ကာမော်တာတွေနဲ့ကွန်ပရက်ဆာရဲ့လည်နှုန်းက
အခန်းထဲမှာအေးသည်ဖြစ်စေပူသည်ဖြစ်စေ
ချိန်ညှိထားတဲ့အပူချိန်ထိမအေးမချင်း
လူကချိန်ထားတဲ့အတိုင်းလည်ပတ်နှုန်း
မပြောင်းလဲပဲစက်ကပုံသေအမြင့်ဆုံး
အမြန်နှုန်းနဲ့အမြဲအ လုပ်လုပ်နေမှာပါ။

သတ်မှတ်အပူချိန်ရောက်ပြီဆိုရင်လုံးဝရပ်သွားပြီး
အခန်းရဲ့အပူချိန်က ပြန်တက်ပြီး သတ်မှတ်ချိန်ညှိထားတဲ့အပူချိန်ကျော်တာနဲ့ ပြန်လည်ပါတယ်။

(ကွန်ပရက်ဆာက ခဏခဏ လည်လိုက်ရပ်လိုက်လုပ်ရင်
သက်တမ်းတိုနိုင်ပါတယ်၊ စမောင်းမောင်းချင်းမှာ
လျှပ်စစ်ဆွဲအားကိုများလို့ အကြိမ်ရေများများလည်လိုက်ရပ်လိုက်ဖြစ်လေ
လျှပ်စစ်စွမ်းအင်ပိုကုန်လေပါ)

🛑အင်ဗာတာတွေမှာကတော့အခန်းထဲမှာ
ပူနေရင် ကွန်ပရက်ဆာနဲ့ပန်ကာတွေကို
မြန်မြန်လည်ပြီး အခန်းကိုသတ်မှတ်ထားတဲ့
အပူချိန်အနေအထားထိအေးစေဖို့
မြန်မြန်အလုပ်လုပ်ပေးမှာပါ ။
အေးမြသွားရင်တော့ လည်နှုန်းကိုလျော့ချပြီး
စွမ်းအင်ကိုချွေတာပေးပါလိမ့်မယ်။
အခန်းထဲမှာအရမ်းပူချိန်ဆိုရင်တော့ သူ့ရဲ့ကွန်ပရက်ဆာနဲ့ပန်ကာ‌ မော်တာတွေရဲ့လည်ပတ်နှုန်းက သာမာန်အဲကွန်းက လည်ပတ်နှုန်းထက်မြင့်သွားလို့ လျှပ်စစ်ပိုကုန်တဲ့အချိန်လည်းရှိပါတယ်။‌

♦️♦️အရေးကြီးတဲ့တချက်က
အင်ဗာတာအဲကွန်းသုံးတဲ့ အခန်းဟာ အပူမလုံ၊လေမလုံရင်၊စက်ရဲ့Capacityနဲ့မကိုက်ညီပဲ စက်အရွယ်ကသေးနေရင်အဲကွန်းကွန်ပရက်ဆာက High Speedနဲ့လည်‌ နေမှာဖြစ်လို့ လျှပ်စစ်စွမ်းအင်ပိုသုံးစွဲပြီးမီတာခပိုကုန်ကျနိုင်ပါတယ်။

(လျှပ်စစ်မော်တာတွေက လည်နှုန်းမြန်လေလေ လျှပ်စစ်စွမ်းအင်သုံးစွဲမှုပိုများလေလေပါ)

🛑အဲဒီလိုအခန်းမှာ
သတ်မှတ်အပူချိန်ရောက်ပြီဆိုတာနဲ့
အင်ဗာတာအဲကွန်းအများစုက ရိုးရိုးအဲကွန်းတွေမှာလို ကွန်ပရက်ဆာနဲ့ အောက်ဒိုးယူနစ်ကြီးတခုလုံးကို
လုံးဝရပ်တန့်ပစ်တာမျိုးမလုပ်ပဲ စက်ရပ်မပစ်ပဲ
အနိမ့်ဆုံးလည်ပတ်နှုန်းနဲ့ဆက်ပြီးတော့
လည်ပတ်နေစေပြီး လျှပ်စစ်ကိုချွေတာရင်း
အခန်းရဲ့အပူချိန်ကိုထိန်းပေးထားတဲ့အတွက်
ရံဖန်ရံခါ အပူများများထုတ်ဖို့ အခန်းကိုမြန်မြန်ပြန်အေးစေဖို့ လိုတဲ့အချိန်ကလွဲလို့
အမြဲတမ်းကြီး မြန်နှုန်းမြင့်မြင့်နဲ့လည်နေစရာမလိုပဲ
အခန်းကိုအေးနေအောင်
အငြိမ်ထိန်းထားနိုင်ပါတယ်။

⛔အဲဒီလိုမတူညီမှုတွေကနေ
သုံးစွဲသူတွေအတွက်ဘာတွေ
အားသာစေသလဲဆိုရင်တော့

♦️ရိုးရိုးအဲကွန်းတွေကစက်မောင်းနေတဲ့တလျှောက်
အခန်းကသတ်မှတ်ထားတဲ့အပူချိန်ထိမအေးမချင်း
ပုံသေနှုန်းနဲ့ လည်နေတဲ့အတွက် နာရီနဲ့အမျှ လျှပ်စစ်
ကပုံသေနှုန်းနဲ့ကုန်နေပြီး မီတာခတက်နေမှာပါ။

⛔ပြည်တွင်းမှာရောင်းချနေတဲ့
ရိုးရိုးအဲကွန်းတွေအများစုကတော့
9000BTU/hr (တကောင်စက်)
တနာရီမောင်းရင် စက်အများစု
မီတာယူနစ်အနေနဲ့( 0.9)ယူနစ်
(တယူနစ်နီးပါ) တက်ကြပါတယ်။
တချို့စက်အနည်းစုပဲ
တနာရီကို (0.7)ဝန်းကျင်လောက်သာတက်တာပါ။

⛔တနေ့ကို (၁၀) နာရီသုံးမယ်ဆိုရင်တော့
စက်အမျိုးအစားလိုက်လို့တနေ့ကို
လျှပ်စစ်ယူနစ် (၇) က ယူနစ်(၉) ကြား
ကုန်ကျပါလိမ့်မယ်။ တနှစ်ဆိုရင်တော့

✍🏻၉ ယူနစ် × ၃၆၅= ၃၂၈၅ယူနစ် ယူနစ်ကုန်ပါမယ်။♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️

✍🏻မီတာခအနေနဲ့ ၃၂၈၅ × ၁၂၀= ၃၉၄၀၀၀ ကုန်ကျနိုင်ပါတယ်။
၁၀နာရီထက်ပိုမောင်းရရင်တော့ ဒီထက်ပိုကုန်ပါမယ်။
♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️

⛔အဲဒီအချိန်မှာ အင်ဗာတာအဲကွန်းကိုသုံးရင်တော့
တနေ့စာအတွက် ကွန်ပရက်ဆာနဲ့မော်တာတွေဟာ
အခန်းထဲမှာအေးနေချိန်
မလိုအပ်ရင်ဖြည်းဖြည်းပဲလည်လို့
လည်နှုန်းလျော့လေလေ လျှပ်စစ်စွမ်အင်ကုန်တာ
သက်သာလေလေပါ။အဲဒါကြောင့် စက်သံလည်းငြိမ်တဲ့အပြင် မီတာခလည်းသက်သာစေပါတယ်။

⛔ရိုးရိုးစက်နှင့်ယှဉ်ရင်စက်အမျိုးအစားလိုက်လို့ ၃၀%ကနေ ၅၀%ကျော်ထိသက်သာနိုင်ပါတယ်။

⛔ဂျင်းအာဗာတာစက်တွေလည်းအများကြီးရှိပါတယ်။
ဆိုလိုတာက ရိုးရိုးNon inverterနဲ့ဘာမှမထူးတဲ့စက်တွေပြောတာပါ။ပိုလာတာက ‌ဆားကစ်တွေပိုလာတော့ မြန်မာပြည်လျှပ်စစ်နဲ့ စက်မြန်မြန်ပျက်တာပါပဲ။

⛔အဲဒါကြောင့်တနှစ်ရဲ့မီတာခအနေနဲ့
တကောင်အားအဲကွန်း(9000Btu/hr)
အင်ဗာတာစက်အမျိုးအစားလိုက်လို့
စက်တလုံးအနေနဲ့တနှစ်ကို

ကျပ် 120000/- ဝန်းကျင်ကနေ
200000/- ဝန်းကျင်ထိသက်သာနိုင်ပါတယ်။

⛔အင်ဗာတာအဲကွန်းနဲ့ရိုးရိုးအဲကွန်းရဲ့
ဝယ်ရင်းစျေးထက်
တလုံးကို လက်ရှိပေါက်စျေးအရ
တံဆိပ်အမျိးမျိုးလိုက်လို့
၁၀၀၀၀၀/- ကနေ ၃၀၀၀၀၀/-ဝန်းကျင်ပဲပိုကုန်လို့
တနေ့ ၁၀ နာရီနဲ့ တနှစ်ကျော်ကျော်
သုံးရင်ကို အတူတူကုန်ကျတာဖြစ်လို့
ရေရှည်မှာ အင်ဗာတာအဲကွန်းက
ငွေကြေးပိုချွေတာနိုင်မှာပါ။

⛔စက်ရဲ့သက်တမ်းကလည်း ရိုးရိုးစက်နဲ့ယှဉ်ရင်
အရပ်အပြုနည်းလို့ ပိုပြီးသက်တမ်းရှည်ပါလိမ့်မယ်။

⛔အဲကွန်းအလုံးရေအများကြီးသုံးတဲ့ ဟော်တယ်၊တည်းခိုခန်းလို
အဆောက်အဦးတွေဆိုရင်တော့
အင်ဗာတာအဲကွန်းသုံးတဲ့ အဆောက်အဦးတွေက
အများကြီး ငွေကြေးချွေတာနိုင်မှာပါ။

♦️♦️အားသာချက်အားနည်းချက်အနေနဲ့♦️♦️

⛔အင်ဗာတာအဲကွန်းရဲ့စျေးနှုန်းက
ရိုးရိုးစက်နဲ့ယှဉ်ရင်အနည်းဆုံး ကျပ်၁၀၀၀၀၀/- ကနေ ၃၀၀၀၀၀/-ဝန်းကျင်ထိပိုနိုင်ပါတယ်။

⛔အင်ဗာတာစက်က လျှပ်စစ်မီးမတည်ငြိမ်အတက်အကျများရင်ရိုးရိုးစက်လိုမဟုတ်မဟုတ်ပဲ လျှပ်စစ်ပိုင်းဆိုင်ရာ
ဆားကစ်တွေ အခန့်မသင့်ရင်ပျက်စီးတတ်ပါတယ်ပါတယ်။
ဒါပေမယ့်ပုံမှန်အားဖြင့်တော့ ဗို့အားနည်းရင်ကို
ကောင်းကောင်းအလုပ်လုပ်နိုင်စွမ်းရှိပါတယ်။

⛔အင်ဗာတာစက်ဟာရိုးရိုးစက်နဲ့ယှဉ်ရင်
အသံဆူညံမှုပိုနည်းလို့ အခန်းတွင်းမှာပိုပြီး
တိတ်ဆိတ် ငြိမ်သက်နေပါလိမ့်မယ်။အခန်းကို
အမြန်ဆုံးအေးမြစေပါလိမ့်မယ်။
အအေးနှုန်းတည်ငြိမ်စေပါလိမ့်မယ်။

⛔အင်ဗာတာစက်ဟာရိုးရိုးစက်နဲ့ယှဉ်ရင်
လည်အားကို အရမ်းမမြင့်စေပဲထိန်းချုပ်ပြီးထားလို့
လျှပ်စစ်သုံးစွဲမှု အများကြီးသက်သာတဲ့အတွက်
လစဉ်မီတာခတော့ ချွေတာနိုင်ပါလိမ့်မယ်။
(စက်အမျိုးအစားလိုက်လို့ လက်ရှိသုံးစွဲနေတဲ့
အဲကွန်းစာရင် မီတာခ ၅၀%ကျော်ထိသက်သာတဲ့
အင်ဗာတာအဲကွန်းအမျိုးအစားတွေကို
ရွေးချယ်ဝယ်ယူသင့်ပါတယ်)

⛔အင်ဗာတာအဲကွန်းဟာ
ဖုန်နဲ့အညစ်အကြေးထူထပ်ပီး၊ အင်းဆက်ပိုးတွေ များတဲ့နေရာဒေတွေမှာတပ်ဆင်သုံးစွဲရင်တော့ အောက်ဒိုးယူနစ်က လျှပ်စစ်ဆားကစ်တွေကို
ဒုက္ခပေးတတ်လို့ ထိန်းသိမ်းမှုစရိတ်ပိုကုန်ကျနိုင်ပါတယ်။ခဏခဏ Error တက်လို့ပျက်တတ်ပါတယ်။

⛔အင်ဗာတာအဲကွန်းတွေရဲ့အပိုပစ္စည်းတွေဟာရိုးရိုးအဲကွန်းရဲ့အပိုပစ္စည်းတွေနဲ့ယှဉ်ရင်တော့
စျေးနည်းနည်းပိုကြီးနိုင်ပြီး ကျွမ်းကျွမ်းကျင်ကျင်
ပြုပြင်နိုင်သူတော့နည်းပါးနေပါသေးတယ်။
ပြုပြင်စရိတ်တော့ ပိုကုန်တာရှိနေပါသေးတယ်။
(အပိုပစ္စည်းတွေတော့အလွယ်တကူရရှိနေပါပြီ)

⛔လူတိုင်းအင်ဗာတာအဲကွန်းတွေသုံးရင်တော့
လျှပ်စစ်စွမ်းအင်ချွေတာနိုင်လို့ သဘာပတ်ဝန်းကျင်ကို ပိုပြီးထိန်းသိမ်းနိုင်သလို ပိုလျှံတဲ့လျှပ်စစ်ကို
တိုင်းပြည်အနေနဲ့အကျိုးရှိစွာသုံးစွဲနိုင်ပါမယ်။
(သုံးစွဲဖို့လည်းတိုက်တွန်းပါတယ်)။တကယ့်အစစ်ကိုပြောတာပါ။ဂျင်းအင်ဗာတာကတော့မထူးပါ။

အင်ဗာတာအဲကွန်းကို စျေးမတတ်နိုင်လို့သုံးစွဲဖို့အဆင်မပြေသေးရင်တောင်
သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းဖို့နဲ့စွမ်အင်ချွေတာဖို့
အင်ဗာတာမဟုတ်တဲ့ရိုးရိုးအဲကွန်းတွေထဲကမှ တချို့သော အင်ဗာတာအဲကွန်းနီးပါး လျှပ်စစ်သုံးစွဲမှု သက်သာတဲ့ပြည်တွင်းမှာရောင်းချနေပြီဖြစ်တဲ့ EER , COP မြင့်တဲ့ ရာသီဉတုနဲ့ကိုက်ညီတဲ့
အဲကွန်းအမျိုးအစားတွေကိုရွေးချယ်သုံးစွဲကြဖို့
တိုက်တွန်းပါတယ်။

#ကိုနန္ဒမိုး

Credit - Original Uploader

လုပ်ငန်းသုံးကားများနှင့် အိမ်စီးကား များအတွက် TOYO battery များ ကို ဘုန်းမင်းမြတ် battery ဆိုင်တွင် ၀ယ်ယူအားပေးနိုင်ပါပြ...
28/03/2023

လုပ်ငန်းသုံးကားများနှင့် အိမ်စီးကား များအတွက် TOYO battery များ ကို ဘုန်းမင်းမြတ် battery ဆိုင်တွင် ၀ယ်ယူအားပေးနိုင်ပါပြီ။ ကားများအတွက်သာမက အင်ဗတ်တာ သုံးဆွဲသူများအတွက် လဲ အာမခံ ‌၆ လ ပေး ပေးထာပါတယ်။

GS အိုးခြောက်(MFX) တစ်အိုးဝယ်ယူတိုင်း ဗလာမပါလက်ငင်းငွေသားခဲခြစ် ကံစမ်းမဲ တစ်စောင်ရယူလိုက်ပါ။ ချက်ခြင်းခြစ် လက်ငင်းယူ ဆို...
19/03/2023

GS အိုးခြောက်(MFX) တစ်အိုးဝယ်ယူတိုင်း ဗလာမပါလက်ငင်းငွေသားခဲခြစ် ကံစမ်းမဲ တစ်စောင်ရယူလိုက်ပါ။
ချက်ခြင်းခြစ် လက်ငင်းယူ ဆိုတော့ လက်မနှေးသင့်ဘူးနော်🙋

Promotion ကာလကတော့ ဖေဖဝါရီလ ၁ရက်နေ့ကနေ
မတ်လ ၃၁ရက်နေ့ထိ မလို့ ဘုန်းမင်းမြတ် battery ဆိုင် မှာ အမြန်ဆုံးပြေးဝယ်လိုက်ကြစို့နော်။

🙏မင်္ဂလာပါ 🙏ဈေးနှုန်းချိုသာပြီး အရည်အသွေးကောင်းမွန်တဲ့ ပြည်တွင်းထုတ်ကုန်  KM အော်တိုအင်ဗာတာ များကို ဘုန်းမင်းမြတ် ဘထ္ထရီ...
11/03/2023

🙏မင်္ဂလာပါ 🙏

ဈေးနှုန်းချိုသာပြီး အရည်အသွေးကောင်းမွန်တဲ့ ပြည်တွင်းထုတ်ကုန် KM အော်တိုအင်ဗာတာ များကို ဘုန်းမင်းမြတ် ဘထ္ထရီ ဆိုင် တွင် ၀ယ်ယူအားပေးနိုင်ပါပြီ 😀😀😃

💥💥💥အာမခံ ကာလ ကလဲ တစ်နှစ် တိတိ
ပါတယ်နော်💥💥

📍 ဘုန်းမင်းမြတ် အာမခံဘထ္ထရီ အမျိုးမျိုး ရောင်း၀ယ်ရေး
အမှတ် ၅၆/က ၊အထက်ဗဟိုလမ်း၊ မရမ်းကုန်းမြို့နယ်၊ရန်ကုန်မြို့။ သမိုင်းမုဒိတာ အိမ်ယာ ရှေ့

☎️ 09 25748322


#သမိုင်းမုဒိတာ အိမ်ယာ(၁)

မင်္ဂလာပါ✨✨✨ အခက်အခဲတွေအမျိုးမျိုးကြားထဲမှာ ပိုလျှံလို့မဟုတ်ဘဲ လိုအပ်ချက် အနေနဲ့ ၀ယ်ယူရတဲ့ပစ္စည်းတွေထဲမှာ Battery🔋 အိုး ...
14/06/2022

မင်္ဂလာပါ✨✨✨
အခက်အခဲတွေအမျိုးမျိုးကြားထဲမှာ ပိုလျှံလို့မဟုတ်ဘဲ လိုအပ်ချက် အနေနဲ့ ၀ယ်ယူရတဲ့ပစ္စည်းတွေထဲမှာ Battery🔋 အိုး လဲ တစ်ခု အပါအ၀င် ဖြစ်ပါတယ်။
🚘‌မော်တော်ကား၊Inverter ၊ Solar ၊ စက်ပစ္စည်း များအတွက် Battery ၀ယ်ယူမယ်ဆိုရင် ကျွန်တော် တို့ရဲ့ ဘုန်းမင်းမြတ် Battery ဆိုင်မှ နိုင်ငံခြားဖြစ် battery အမျိုးမျိုး ကို ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အာမခံမှန်စွာဖြင့် ရောင်းချပေးနေပါတယ်ခင်ဗျာ။

📫ဆိုင်လိပ်စာ
အမှတ် ၅၆/က ၊အထက်ဗဟိုလမ်း၊ (၂)ရပ်ကွက်မရန်းကုန်းမြို့နယ်၊ရန်ကုန်မြို့။ သမိုင်းမုဒိတာအိမ်ယာအနီး။
📢မရမ်းကုန်း(၂) ရပ်ကွက် အတွင်းဆို Delivery Free ပို့ဆောင်ပေးပါတယ်။

☎️ 09257484322

💵💵Payment method များအနေဖြင့်
Cash, KBZ pay တို့ဖြင့် ပေးချေလို့ရပါတယ်ခင်ဗျာ။

🔋     BOSCH(95D/31)                                              maintenance free💪     85 Ah(20HR)💯     12 months warran...
25/04/2022

🔋 BOSCH(95D/31)
maintenance free
💪 85 Ah(20HR)

💯 12 months warranty
CCA rating : 680A(BCI/SAE)

Price : 210,000 MMK
☎️ Pls contact : 09257484322

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959257484322

Website

Alerts

Be the first to know and let us send you an email when Hpone Min Myat - Battery shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hpone Min Myat - Battery shop:

Share