22/12/2021
handmade လေးတွေကို တန်ဖိုးထားပေးကြပါ🥺❣
" လွယ်မယ်ထင်ရင်လိုက်လုပ်ကြည့်။တန်ဖိုးကြီးလေလုပ်ရခက်လေ "
Handmade လုပ်ရတာလွယ်မယ်ထင်ပီး ဈေးစစ်နေတဲ့သူတွေကို ပြောချင်ပါတယ်။ ကျနော်တို့လက်ကို
လာကိုင်ကြည့်ပါ။ လက်တွေမှာ အသားမာတွေတောင်တက်နေပါပီ။ အပ်တွေလဲထိုးမိပါတယ်။
ဇက်ကြောလဲ တက်ပါတယ်🤧
Handmade တွေရောင်းပီး ချမ်းသာနေတာ မြန်မာပြည်မှာ ကျနော်ကိုယ်တိုင်တောင်မတွေ့ဖူးသေးဘူးဗျ😅။ ကျနော်တို့မှာ ချည်သေးသေးတွေကိုကိုင်ပီး
ဝတ်မယ့်သူတွေရဲ့ ကိုယ်ထည်ဆိုဒ်အတိုင်း အံဝင်ဂွင်ကျကွက်တိဖစ်အောင် ထိုးရတာပါ။ တစ်နာရီထိုးခ
တွက်မယ်ဆို 1000တောင်တခါတလေမရပါဘူး😑
*စာဆိုတစ်ခုရှိပါတယ်*
သင်လိုချင်တဲ့ အချစ်က ရှာလို့မရ
ဝယ်လို့မရရင် handmadeလေး
တွေ ဝယ်ပီးသုံးပါ။ သူတို့ဟာလဲ သင်လိုချင်
တဲ့ အချစ်တွေနဲ့အတူတူပါပဲတဲ့။
Handmadeဆိုတာ ဖန်တီးသူတို့ရဲ့ နှလုံးသားထဲက
လာတဲ့ အချစ်တွေနဲ့ပုံဖော်ထားတာပါ
စာရောပုံရော တခြားသူတင်ထားတာလေးသဘောကျလို့ပြန်တင်တာပါ ါနော်
တခြားသူအတွက်တော့မသိပေမယ့် ယုအတွက်တော့ ကိုယ်တိုင်လုပ်ရတဲ့handmadeတွေက ယုအတွက်တန်ဖိုးအရှိဆုံးပါ
စျေးကြီးတဲ့တန်ဖိုးကြီးလက်ဆောင်တွေအစား ကိုယ်တိုင်လုပ်တဲ့handmadeပစ္စည်းတွေလက်ဆောင်ပေးရတာ ယုအတွက်ပိုတန်ဖိုးရှိပါတယ် ဒါကြောင့် ကိုယ်နှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ တစ်ဖက်လူကhandmadeပစ္စည်းလေးတွေလက်ဆောင်ပေးရင် တန်ဖိုးထားပေးပါ အမြတ်တနိုးသိမ်းထားပေးပါ အဲ့ဒါကရင်ထဲမှာပိုအမှတ်တရဖြစ်ပါတယ်နော်💗