27/02/2023
ကမ္ဘာ့ပေါ်တွင်တစ်ပွင့်တည်းသာတွေ့ရှိထားသော Kyawthuite ကျောက်အကြောင်း✨
မဂ်လာပါရှင်🙏
ဒီနေ့မှာတော့ချယ်ရီက မြန်မာနိုင်ငံ မိုးကုတ်ဒေသထွက်ဖြစ်ပြီး ၊အမေရိကန် နိုင်ငံ ၊ လော့စ်အိန်းဂျလစ် တွင်ပြသထားသည့်
ကမ္ဘာပေါ်မှာ လက်ရှိတစ်ပွင့်ထဲသာရှိသောပထမ
ရှားပါးကျောက်အကြောင်းကို ဗဟုသုတ ရအောင် မျှဝေပေးပါရစေရှင့်
သူ့ရဲ့နာမည်ကတော့
kyawthuite ကျော်သူအိုက် ကျောက်လို့ခေါ်ပါတယ်
မြန်မာနိုင်ငံ၊မိုးကုတ်ဒေသ၊ချောင်းကြီးအလယ်ရွာတွင် မြန်မာ့တွင်းထွက် ဘူမိပညာရှင် "ဒေါက်တာကျော်သူ"စတင်တွေ့ရှိခဲ့ကာ
၂၀၁၅ခုနှစ်တွင်ကမ္ဘာတွင်စတင်တွေ့ရှိသောကျောက်မျက်အဖြင့် စတင်သတ်မှတ်ခံခဲ့ရပြီး
ကျော်သူအိုက်ဟု စတင်ဂုဏ်ပြုခေါ်ဆိုခြင်းဖြစ်ပါတယ်
လွန်ခဲ့သော ၁ဝနှစ်ခန့်ကတွေ့ရှိခဲ့တာဖြစ်ပြီး
ပုံဆောင်စနစ် တစ်ရိုးစောင်းစနစ်(Monoclinic System )
အမာအဆင့် ၅.၅
သိပ်သည်းဆ ၈.၂၅၆
လိမ္မော်နီရောင် (Reddish Orange)ရှိပြီး စိန်ရောင်လက်မူရှိပါတယ်
ချယ်ရီကြား သိရသလောက်တော့
သန်းပေါင်း ၁၆၅သန်းတန်တယ်လို့ သိရပါတယ်ရှင်
သိသလောက်မျှဝေပေးတါဖြစ်လို့ လိုအပ်ချက်များရှိရင်
ပြောခဲ့လို့ရပါတယ်ရှင့်
အရင်လို video တွေနဲ့ရှင်းပြဖို့မအားတာကြောင့်စာလေးတွေရေးပြီးနောက်ထပ်သိသမျှ
စိန်ရွှေကျောက်မျက်ရတနာအကြောင်းလေးများကိုလည်းမျှဝေပေးသွားပါအုံးမယ်ရှင့်
သင်ဆရာမြင်ဆရာကြားဆရာ များဖြစ်ကြသော ဆရာ့ဆရာကြီးများအားလုံးအား ဦးထိပ်ပန်ဆင်ကာချစ်ခင်လေးစားလျှက်🙏🙏🙏
May Cherry Tun
May Grace Diamond
စိန်နှင့်ကျောက်မျက်ရတနာရောင်းဝယ်ရေး