Her Choice Online Shopping

Her Choice Online Shopping Online shopping for ladies wears and household use items.

10/08/2022

“EOD ရှယ်ယာ ဘယ်လိုဝယ်မလဲ”

တော်လှန်ရေးမြန်စေချင်ရင် ဘဏ္ဍာရေးက အဓိကဖြစ်ပါကြောင်း … ကိုမင်းကိုနိုင်က ၃၄ နှစ်မြောက် ရှစ်လေးလုံး လူထုအရေးတော်ပုံ အောက်မေ့ဖွယ် အခမ်းအနားနှင့် စကားဝိုင်းမှာ ပြောခဲ့ပါတယ်။

ဘဏ္ဍာရေးရဲ့ အဓိက ရေသောက်မြစ် တစ်ခုဖြစ်တဲ့ EOD ရှယ်ယာကို ဘယ်လိုဝယ်မလဲ?

☑️ EOD Official page မှာ ကြေညာထားတဲ့ EOD နိုင်ငံတကာက အရောင်းကိုယ်စားလှယ်များ (EOD Agent) များနဲ့ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။ ဘွန်းဝယ်ခဲ့ဘူးတဲ့ Bond Agent များကိုလည်း ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်ပါတယိ။

☑️ ရှယ်ယာ ၁ စောင်ကို USD 100 ဖြစ်ပြီး သက်ဆိုင်ရာ နိုင်ငံရဲ့ ငွေကြေးနဲ့ ဝယ်ယူနိုင်ပါတယ်။ Exchange rate ကို EOD page မှာ လစဉ် ကြေညာပေးပါမယ်။

☑️ ကိုယ်ရေးအချက်အလက် အများကြီးပေးစရာ မလိုပါ။ နာမည်ဝှက် (Nickname) နဲ့ ဝယ်လို့ ရပါတယ်။ ပုံမှာပြထားတဲ့ ၅ ချက်သာ Agent ကို ပေးရပါမယ်။

☑️ Agent က Order တင်ပြီးတာနဲ့ ဝယ်သူရဲ့ email ကနေ Share Cert (အစုရှယ်ယာ မော်ကွန်းမှတ်တမ်းလွှာ) ကို ချက်ချင်း လက်ခံရရှိမှာ ဖြစ်ပါတယ်။

☑️ EOD Agent စာရင်းကို ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

https://www.facebook.com/101477375892630/posts/108333075207060/?d=n

08/08/2022
03/08/2022

"စ"မှတ် ​ဇာတ်လမ်းတို premium ticket sale ကို
Treza's macrama Family cb မှ​ရောင်းချလျက်ရှိရာ ဝယ်သူများ ပိုမိုအဆင်​ပြေ​စေရန် အလိုအ​လျောက်​ဖြေကြားခြင်းစနစ်တခု အစပြုထားပါ၍ ယ​နေ့ မနက် 10:30မြန်မာချိန် မတိုင်မှီ ဝယ်ယူထားသူများအ​နေဖြင့် အဆင်မ​ပြေမှူရှိခဲ့လျှင် auto system မှ ​ဖြေကြားမှူအဆင့်အတိုင်းပြန်လည်​ဖြေကြားပါဝင်​ပေးပါရန် အနူးညွတ်​မေတ္တာရပ်ခံအပ်ပါသည်ရှင့်
#စမှတ် ဇာတ်လမ်းတို team

03/08/2022

“စာရင်းကပြောပြတဲ့ ၁၄ အင်းလျား”

၁၄ အင်းလျားရဲ့ အရောင်းစာရင်းပါ။ ရှယ်ယာအရေအတွက် ဘယ်လောက်ကို ဘယ်နှစ်ယောက်က ဝယ်ယူ ခဲ့ကြသလဲဆိုတာကို ကြည့်နိုင်ပါတယ်။

ရှယ်ယာ ၁၀၀၀ နဲ့ အထက် ဝယ်ယူသူ ၂ ဦး ရှိပါတယ်။ ရှယ်ယာ ၃၀၀ နဲ့ အထက် (တနည်းအားဖြင့်ဒေါ်လာ ၃ သောင်းနဲ့ အထက်) အနေနဲ့ဆိုရင် ၂၆ ယောက် ရှိပါတယ်။ နွေဦးတော်လှန်ရေး အပေါ် ဘယ်လောက် ယုံကြည်မှု ရှိကြလဲ အားသွန်ခွန်စိုက် ထောက်ပို့နေကြလဲ ဆိုတာ မြင်သာလှပါတယ်။

ရှယ်ယာအများကြီး ဝယ်ယူသူတွေရဲ့ အားချည်းပဲတော့ မဟုတ်ပါဘူး။ ၁၀ ရှယ်ယာအောက် ဝယ်ယူသူ ၁ သောင်းကျော်နဲ့ ၁၀ ကနေ ၄၉ ရှယ်ယာ ဝယ်ယူသူ ၂၀၀၀ ကျော်ကို တွက်ကြည့်ပါ။ စုစုပေါင်း ရှယ်ရာ ၁၀ သန်းဖိုးရဲ့ တစ်ဝက်ကျော်ဟာ သူတို့ဆီက လာတာပါ။

“၁၄ အင်းလျား” ရဲ့ အရောင်းစာရင်းဟာ ပြည်သူရဲ့ ထောက်ပို့မှုကို ထင်ဟပ်ပြလိုက်တာပါပဲ။ နည်းနည်း များများပါဝင် နိုင်သူ အမျိုးမျိုး ရှိမယ်။ အားလုံးပေါင်းလိုက်တဲ့ အခါမှာတော့ လိုချင်တဲ့ ပန်းတိုင်ကို အတူ ရောက်ကြမှာပါ။

နွေဦးတော်လှန်ရေးကို အရှုံးမပေးတမ်း ဆက်လျှောက်ကြဖို့၊ “အာဏာရှင်စနစ် ငါတို့ခေတ်မှာ အမြစ်ပြတ်ရမယ်” ဆိုတဲ့ အလံကို ကိုင်စွဲထားကြဖို့ပါပဲ။


#အရေးတော်ပုံအောင်ရမည်

02/08/2022

အကြမ်းဖက်စစ်ကောင်စီကို ဒဏ်ခတ် အရေးယူမှုများ ဆက်လုပ်မည်ဟု အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးပြောဆို

ရန်ကုန်၊ ဩဂုတ် ၂

အကြမ်းဖက်စစ်ကောင်စီကို ဒဏ်ခတ်အရေးယူမှုများ ဆက်လုပ်မည်ဖြစ်ကြောင်း အမေရိကန် လက်ထောက်နိုင်ငံ ခြားရေးဝန်ကြီး ဒန်နီရယ် ဂျေ ခရစ်တင်ဘရင့်ခ်က အမျိုးသားညီညွတ်ရေးအစိုးရNUG မှ ဒုတိယနိုင်ငံခြားရေး ဦးမိုးဇော်ဦးနှင့်တွေ့ဆုံစဉ် ပြောဆိုကြောင်း ရန်ကုန်အမေရိကန်သံရုံးက သတင်းထုတ်ပြန်သည်။

"အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှ မိုးဇော်ဦးနဲ့ တွေ့ခဲ့ရပြီး မြန်မာစစ်တပ်ရဲ့ ဆိုးရွားတဲ့ကွပ်မျက်မှုတွေနဲ့ပတ်သက်ပြီး ကိုယ်တိုင်ကိုယ်ကျ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်းပြောဆိုခွင့်ရခဲ့ပါတယ်။ ပြီးတော့ မြန်မာပြည်သူတွေကို အားပေးထောက်ခံရာမှာ ဘယ်လို တိုးမြှင့်ဆောင်ရွက်နိုင်မလဲ ဆိုတာကိုလည်း ဆွေးနွေးခဲ့ရပါတယ်။ အများတကာမေးငေါ့အပြစ်တင်ကြတဲ့ အကြမ်းဖက်မှုတွေနဲ့ နှိပ်ကွပ်မှုတွေအတွက် အာဏာရှင်အဖွဲ့အစည်းကို ဒဏ်ခတ်အရေးယူမှုတွေ မိမိတို့ဆက်လက်ပြုလုပ်သွားပါမယ်။"ဟု အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ် ဂျေ ခရစ်တင်ဘရင့်ခ်က ပြောဆိုသည်။

ရန်ကုန်အမေရိကန်သံရုံးက NUG မှ ဒုဝန်ကြီး ဦးမိုးဇော်ဦးနှင့် အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံမှုသတင်းကို သတင်းထုတ်ပြန်ထားပြီး NUG ကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရဟု သုံးစွဲထားကြောင်း သိရှိရသည်။

28/07/2022

၂၀၂၂ ဇူလိုင်လ ၂၈ ရက်နေ့ မနက်ခင်းနောက်ဆုံး ရပြည်တွင်းသတင်းများ သတင်းခေါင်းစဉ်များ - 📌 ၁။ မင်းအောင်လှိုင်ဟာ ဘ.....

04/11/2021
27/08/2021

#မိသားစုစကားဝိုင်း


၂၈ ရက် ဩဂုတ်လ ၂၀၂၁ ည ၈ နာရီ

26/08/2021

တော်လှန်ရေးအတွက် ခြေတလှမ်း

“ယုံကြည်ရာခြေတလှမ်း တော်လှန်ရေးအတွက် ငါးသန်း”ဆိုတဲ့ အစီအစဥ်စတင်ပြီး နှစ်ပတ်တိတိပြည့်မြောက်တဲ့ ယနေ့မှာပဲ အများ မျှော်လင့်နေခဲ့တဲ့ ဒေါ်လာငါးသန်းကို ပြည့်မှီကျော်လွန်အောင် အလှူခံရရှိခဲ့ပြီဆိုတဲ့အကြောင်း သတင်းကောင်းပါးပါရစေ။ ခြေတလှမ်းစတင်ခဲ့နိုင်ပြီမို့ ရည်ရွယ်ထားတဲ့အတိုင်း ဤ ရန်ပုံငွေရှာဖွေပွဲကို သြဂုတ်လ ၂၈ ရက်နေ့ ည ၁၂နာရီတိတိမှာ ပိတ်သိမ်းမှာဖြစ်ပါတယ်။

မိမိတို့ ချွေးနဲစာတွေကို လှိုက်လှိုက်လှဲလှဲ ယုံယုံကြည်ကြည်လှူဒါန်းကြတဲ့ ကမ္ဘာတဝှမ်းမှ အလှူရှင်တွေရဲ့ ကျေးဇူးကြောင့် ဒီလိုအချိန်တိုတိုနဲ့ တော်လှန်ရေးအတွက် ငါးသန်း ပြည့်မှီခဲ့တာ အသေအချာပါပဲ။ ဒါ့အပြင် Ministry of Defence - National Unity Government of Myanmar အတွက် ဒီရန်ပုံငွေရှာဖွေပွဲကို စီစဥ်မယ်လို့အကြောင်းကြားလိုက်တာနဲ့ အန္တရာယ်များကြားမှ မိမိတို့ရောက်ရှိရာနိုင်ငံအသီးသီးကနေ ​နေ့မနား ညမနား အင်တိုက်အားတိုက် ရန်ပုံငွေရှာပေးကြတဲ့ ကမ္ဘာတဝှမ်းမှာရှိတဲ့ OFP Official Fundraiser များနဲ့ Individual Fundraiser များရဲ့ အင်အားစိုက်ထုတ်မှုကလဲ ဤ campaign ဖြစ်မြောက်မှုမှာ အလွန်အရေးပါလှပါတယ်။

ဒီရန်ပုံငွေပွဲစတင်ပြီဆိုကတည်းက ဆိုရှယ်မီဒီယာများမှာ လူထုစိတ်ဝင်စားမှုရရှိအောင် လှုံ့ဆော်ပေးသော ပြည်တွင်းပြည်ပမှ နိုင်ငံ့ခေါင်းဆောင်များ၊ ပြည်သူချစ်တဲ့ အနုပညာရှင်များ၊ သတင်းမီဒီယာများ၊ Social Influencer များနဲ့အတူ ပြည်သူမှ ပြည်သူသို့ အချင်းချင်း သတင်းပေးတိုက်တွန်းနှိုးဆော်မှုများကလဲ ဒီရန်ပုံငွေပွဲကို မြန်ဆန်ပြီးမြောက်အောင် တွန်းတင်ပေးခဲ့ကြတာဖြစ်ပါတယ်။

ဒီ့အပြင် လှူဒါန်းသူများကို တုံ့ပြန်​တဲ့အနေနဲ့ မေတ္တာလက်​ဆောင်​ပေးဖို့ စိတ်အားထက်သန်စွာ လုပ်အားစိုက်ထုတ် ပန်းချီရေးဆွဲ​ပေးကြတဲ့ ဆရာကြီးဦးဝင်းဖေ၊ ကို Min Ko Naing၊ ကို Kyar Pauk တို့နဲ့အတူ အခြား ဝါရင့် အနုပညာရှင်များ၊ ကံစမ်းမဲတွင်ထည့်ဖောက်ပေးရန် အဖိုးတန်လက်ဝတ်ရတနာများနဲ့ အမှတ်တရလက်ဆောင်ပစ္စည်းများစွာတို့ကို ထည့်သွင်းလှူဒါန်းလာသော အလှူရှင်များနဲ့ ရန်ပုံငွေပွဲဖြစ်မြောက်ရေးအတွက် ဘက်ပေါင်းစုံကနေ မနားမနေ ကူညီခဲ့ကြတဲ့ video editor များ၊ graphic designer များ၊ project manager များ၊ OFP နှင့် We Pledge CDM ဝိုင်းတော်သားများအားလုံးနှင့်တကွ အခြားစီစဥ်သူ တစ်ဦးတစ်ယောက်တိုင်းရဲ့ ကြိုးစားအားထုတ်မှု အဝဝကိုလဲ အသိအမှတ်ပြုကျေးဇူးတင်ကြောင်းပြောပါရစေ။

Ministry of Defence - National Unity Government of Myanmar အတွက် ဒီရန်ပုံငွေရှာဖွေပွဲကို သြဂုတ်လ ၂၈ ရက်​နေ့မှာ ရပ်ဆိုင်းမှာဖြစ်ပြီး မေတ္တာလက်​ဆောင်များအား ကံစမ်းမဲ​ဖောက်ကာ ​ပေးအပ်မယ့်အစီအစဥ်ကိုတော့ လက်မှတ်စာရင်းများ အပြီးသတ်ချိန် စက်တင်ဘာလ ပထမအပတ်မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ကံစမ်းမဲလက်မှတ်များ ဖွင့်လှစ်ကြေညာမည့်အစီအစဥ်ကို OFP ၏ page မှာ မကြာခင်ကြေညာပေးမှာ ဖြစ်လို့ အလှူရှင်များအနေနဲ့ မိမိတို့ရဲ့ လက်မှတ်များကို သိမ်းဆည်းရင်း ရင်ခုန်စွာ ​စောင့်စားနိုင်ပါ​ကြောင်း အသိ​ပေးလိုက်ပါရ​စေ။

အချုပ်ဆိုရရင် ဤ ရန်ပုံငွေပွဲဟာ စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးအတွက် အရေးပါတဲ့ ခြေတလှမ်း၊ အထူးသဖြင့် ပြည်သူတရပ်လုံးရဲ့ ယုံကြည်မှုအားကို အစွမ်းကုန်ထုတ်ပြနိုင်ခဲ့တဲ့ ခြေတလှမ်းဖြစ်ကြောင်း သက်သေပြသနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီ ခြေလှမ်းမှ စတင်လို့ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်နဲ့ ဘဝတွေကို စတေးပေးနေကြတဲ့ တော်လှန်ရေးသူရဲကောင်းတို့ရဲ့ ယုံကြည်ရာခြေလှမ်းများနဲ့အတူ အောင်ပွဲရသည်အထိ ပြည်သူတရပ်လုံး တတ်အားသရွေ့ ဆက်လက်ပါဝင် လျှောက်လှမ်းကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။


အရေးတော်ပုံ အောင်ကိုအောင်ရမည်။





Address

Yangon

Website

Alerts

Be the first to know and let us send you an email when Her Choice Online Shopping posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share