21/09/2021
ဒီနေ့က... အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့...
🌿 အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့လို့ပြောပေမယ့်
မြန်မာပြည်နဲ့က လားလားမျှမသက်ဆိုင်ဘူးလို့ပဲမြင်တယ်။
တိုက်စရာမရှိ ကိုယ့်လူမျိုးအချင်းချင်းပြန်တိုက်တဲ့ ပြည်တွင်း စစ်က မြန်မာပြည်မှာအခုထိ မငြိမ်းနိုင်သေးဘူး။ တရားသောစစ်တွေ၊ မတရားသောစစ်တွေ ခဏထားဦး... စစ်ဖြစ်လာရင်
ကောင်းကျိုးထက်ဆိုးကျိုးကပိုများပါတယ်။ တိုင်းပြည်ဖွံ့ဖြိုး
ဖို့အသုံးစရိတ်ထက် စစ်အသုံးစရိတ်ကပိုများနေမှတော့
တိုင်းပြည်က နလန်ကိုမထူနိုင်ဘူး။
🌿အခုဆို... ပိုဆိုးတယ်။ မြန်မာ့တပ်မတော်လို့ကြွေးကြော်နေတဲ့ လက်နက်ကိုင်စစ်တပ်ကြီးက ဘာလက်နက်မှမရှိတဲ့
ပြည်သူတွေကို စိန်ခေါ်ပြီးတရားဥပဒေမဲ့ နှိပ်စက်သတ်ဖြတ်
နေမှတော့... ဆွေးနွေးညှိနှိုင်းစရာလဲမရှိတော့ဘူး။ ပြည်သူတွေအနေနဲ့ ရရာလက်နက်ဆွဲကိုင်ပြီး ပြန်တော်လှန်ရုံကလွဲ
လို့ ရွေးချယ်စရာမရှိတဲ့အဆုံး ရင်နာနာနဲ့ရွေးချယ်ခဲ့ကြရပါတယ်။ ဒီတခါတော့... တရားသောစစ်ဖြစ်မယ်လို့ပဲ ယုံကြည်ပါတယ်။ စစ်တပ်ကကိုယ့်ပြည်သူတွေကို ကာကွယ်ရမယ့်အစား... ပြည်သူနဲ့စစ်တပ် ပြန်တိုက်နေရတာလောက် ရှက်စရာကောင်းတာမရှိဘူး။
🌿 အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့က မြန်မာပြည်နဲ့မသက်ဆိုင်ပေမယ့် ဗဟုသုတအနေနဲ့သိထားရအောင် ရှာဖွေမိတာလေး ပြောပြချင်တာပါ။ စာကြည့်တိုက်မှူးလုပ်ခဲ့တာဆိုတော့ အကျင့်ကမပျောက်ချင်သေးဘူး။ ဖတ်မိတဲ့သူအတွက်
အကျိုးတစ်ခုခုတော့ရှိစေချင်တဲ့ မျှော်လင့်ချက်ကလွဲလို့ ဘာမှပိုပြီးမမျှော်လင့်ထားပါဘူး။
🌿 အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ကိုကမ္ဘာ့ငြိမ်းချမ်းရေးနေ့ဟုတရားဝင်လူသိများသည်။ ၎င်းသည်ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ရည်စူး၍ အထူးသဖြင့်လူသားချင်းစာနာမှုအကူအညီအထောက်အပံ့များရရှိရန်တိုက်ခိုက်ရေးဇုန်တစ်ခုတွင်ယာယီအပစ်အခတ်ရပ်စဲရေးကဲ့သို့စစ်ပွဲများနှင့်အကြမ်းဖက်မှုများမရှိခြင်းကိုရည်စူးသည်။ ထိုနေ့ကို ၁၉၈၁ ခုနှစ်တွင်မဟာဂုရုကြီး Sree Narayana Guru ၏ samadi (ကွယ်လွန်ခြင်း) နေ့တွင်ကျင်းပခဲ့ပြီးလူမျိုးများ၊ နိုင်ငံရေးအုပ်စုများ၊ စစ်တပ်များနှင့်လူများကထိန်းသိမ်းထားသည်။
🌿 ကုလသမဂ္ဂ၏အထွေထွေညီလာခံသည်ငြိမ်းချမ်းရေး၏စံနမူနာများကိုအောက်မေ့သတိရခြင်းနှင့်အားဖြည့်ခြင်းအထိမ်းအမှတ်အဖြစ်အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ကိုဗြိတိန်နှင့်ကော်စတာရီကာတို့ကကမကထ ပြု၍ ကြေငြာခဲ့သည်။ ရွေးချယ်သောနေ့သည်စက်တင်ဘာလ၏တတိယအကြိမ်အင်္ဂါနေ့အထွေထွေညီလာခံ၏ပုံမှန်အစည်းအဝေးဖွင့်ပွဲနေ့ဖြစ်သည်။ ၂၀၀၁ ခုနှစ်တွင်အထွေထွေညီလာခံဖွင့်ပွဲနေ့ကိုစက်တင်ဘာ ၁၁ ရက်သို့သတ်မှတ်ခဲ့ပြီးစက်တင်ဘာလ ၂၁ ရက်နေ့တွင်အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ကိုလေးစားသောအားဖြင့်အတွင်းရေးမှူးချုပ်ကိုဖီအာနန် မှအသိအမှတ်ပြုသောသဝဏ်လွှာကိုမူကြမ်းရေးဆွဲခဲ့သည်။ နောက်ပိုင်းတွင်လည်း နှစ်စဉ်နှစ်တိုင်း နိုင်ငံတကာတွင်အပြည်ပြည်ဆိုင်ရာငြိမ်းရေးနေ့ကိုပြုလုပ်ကျင်းပလျှက်ရှိပါသည်။