HW Online Shop

HW Online Shop လိုချင်တာအကုန်ရနိုင်သော Online Shop

27/07/2021
07/07/2021
 🍀
07/07/2021

🍀

မြို့နယ်တိုင်းမှာ COVID ဖြစ်တဲ့ လူဦး​ရေက တစ်​နေ့တစ်ခြား ပိုပိုတိုး​နေပါတယ်။ အခု ပျံ့​နေတဲ့ COVID မျိုးစိတ် အသစ် ( SARS ...
02/07/2021

မြို့နယ်တိုင်းမှာ COVID ဖြစ်တဲ့ လူဦး​ရေက တစ်​နေ့တစ်ခြား ပိုပိုတိုး​နေပါတယ်။

အခု ပျံ့​နေတဲ့ COVID မျိုးစိတ် အသစ် ( SARS CoV2 - Delta variant - India mutant) က
🚩ကူးစက်မှုနှုန်း ၅၀-၆၀% ပိုမြန်ပါတယ်။
🚩ကူးစက်ခံရပြီဆိုရင်လဲ ​ပိုပြင်းထန်ပါတယ်။
🚩ကာကွယ်​ဆေးနဲ့ လွှမ်းခြုံနိုင်မှု (herd immunity) မရ​သေးတဲ့ ​ဒေသ​တွေမှာ ပိုပျံ့ပါတယ်။
🚩ကာကွယ်​ဆေးထိုးရင်လဲ အရင်က ဖြစ်တဲ့ COVID Alpha ထက် ​​ဆေးရဲ့ အောင်မြင်မှု ​လျော့ပါတယ်
ဒါ​ကြောင့်လဲ CDC က October 2020 ကတည်းက "Varient of Concern" ပိုပြီးသတိထားရမယ့် မျိုးစိတ်လို့ သတ်မှတ်ထားခဲ့တာပါ

COVID မျိုးစိတ် အသစ်ရဲ့ လက္ခဏာ​တွေဟာ အရင် COVID alpha လိုပဲ
🔸️ဖျားတာ
​🔸️ချောင်းဆိုးတာ
🔸️အနံ့​ပျောက်တာ
🔸️အသက်ရှူကြပ်ပြီး ​မောတာ တူပါတယ်

Delta variant ဖြစ်တဲ့အတွက် တုပ်​ကွေးမိသလို
🔶️ ခေါင်းကိုက်တာ
🔶️ လည်​ချောင်းနာတာ
🔶️ နှာရည်ယိုတာ ပိုခံစားရပါတယ်

ပြီး​တော့
🔶️ ဝမ်းပျက်ဝမ်း​လျှောတာ
🔶️ မျက်စိနီတာ
🔶️ အ​ရေပြားမှာ အနီကွက်ဖြစ်တာ
​🔶️ ခြေ​ချောင်းလက်​ချောင်း အ​ရောင်​ပြောင်းတာတွေလဲ ဖြစ်တတ်ပါတယ်

ဒါ​ကြောင့် ပိုကူးမြန် ပိုပြင်းထန်တဲ့ COVID အသစ်ကို ပိုပြီး တိတိကျကျ ကာကွယ်ဖို့ လိုပါတယ်

ကာကွယ်နည်း​တွေက​တော့ အရင်လိုပါပဲ
➡️ Mask ၂ထပ်တပ်ပါ
( Surgical + အဝတ် mask)
➡️ လက်​​ဆေးပါ
➡️ ၆​ပေအကွာ​နေပါ
➡️ ကိုယ်ခံအား​ကောင်း​အောင်
အာဟာရမျှတစွာ စားသုံးပါ
လုံ​လောက်စွာ အိပ်စက်ပါ
➡️ အိမ်တွင်း ​လေဝင်​လေထွက်​ကောင်း​အောင်
ပြတင်း​ပေါက်များ ဖွင့်ထားပါ
➡️ အိမ်မှာ နာတာရှည် ​ဝေဒနာသည်​တွေရှိရင်
အထူး ဂရုစိုက်ပါ
➡️ အောက်ဆီဂျင်အိုး ငှားလို့ရမယ့်​နေရာ​တွေ
ကြို​စုံစမ်းထားပါ

ကိုးကားချက်
- WHO
- CDC

ပြည်သူများအ​ပေါင်း ကပ်​ဘေးမှ ကင်း​ဝေးနိုင်ကြပါ​စေ
အားလုံးပဲအထူးဂရုစိုက်ကြပါနော် 🙏🏻

Crd

30/06/2021

သတိပြုရန်များ...

ခေါင်းအရမ်းထိုးကိုက်တာ၊ အပူငွေ့ငွေ့နဲ့ စ ဖျားတာဆို သတိဝင်လိုက်ပါတော့။ အဲဒါ စ ကူးရင် ပြတတ်တဲ့ လက္ခဏာပါ။ လုံးဝအပြင်မထွက်ပါနဲ့။ အိမ်ထဲကလူတွေနဲ့ ခွဲနေပြီး mask တပ်ပါ။

ဖျားပြီး ၂ ရက်လောက် ကြာတဲ့အခါ ရုတ်တရက် အနံ့ပျောက်သွားတတ်ပါတယ်။ အရမ်းစိတ်လှုပ်ရှားတဲ့ အချိန်ပါ။ သတိဝင်ပါ။ စိတ်ကို တည်ငြိမ်အောင် ထားရမယ်ဆိုတာကို။

အနံ့ပျောက်ပြီး ၃ ရက်ခန့်အကြာမှာ O2 ကျပြီး အသက်ရှုရခက်တတ်ပါတယ်။ ဆေးရုံမသွားနိုင်ခဲ့ရင် covid-19 call centre (2019) ကို ဖုန်းဆက်ပါ။ လိုအပ်တာတွေ လမ်းညွှန်ပေးပါတယ်။ (ညနေ 5 နာရီထိ)

စ ဖြစ်ပြီး ၇ ရက်မြောက်နေ့ကနေ ၁၀ ရက်မြောက်နေ့ထိ ဟာ ပြန်လည်သက်သာလာတတ်တဲ့ recovery ရက်တွေဖြစ်ပါတယ်။ အဲဒီရက်တွေမှာ အားပိုရှိအောင် လုပ်ပါ။

အနံ့ပျောက်ခြင်းဟာ ၁၀ ရက်ထက်လည်း ကျော်သွားတတ်သလို အနည်းငယ်မောတာဟာလည်း ဆက်ရှိနေတတ်ပါတယ်။ အားရှိဖို့ကို ဂရုစိုက်ပါ။

လည်ချောင်းနာတဲ့ လက္ခဏာဟာ လူတိုင်းမှာ မပြပါဘူး။ ချောင်းခြောက် နေ့တိုင်းဆိုးနိုင်ပါတယ်။ ဝမ်းအရည်သွားတတ်ပါသေးတယ်။

ကိုယ့်ကို စိတ်ဓာတ်ခွန်အားပေးနိုင်မယ့် မိတ်ဆွေ ၂ ဦး၊ ၃ ဦး နဲ့ စ ဖြစ်ကတည်းက ဆက်သွယ်ပြီးခွန်အားယူပါ။ လူတွေအများကြီးနဲ့ အဆက်အသွယ်မလုပ်ပါနဲ့။ Depression ရနိုင်ပါတယ်။

တိုက်တွန်းလိုသည်များ
++++++++++++++++++++++++++++++

- ရေနွေးငွေ့ထဲ ကွမ်းရွက်ထည့်ခြေပြီး ရှူပါ။

- ထမင်းငွေ့ရှူပါ။

- အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။

- Aircon, ပန်ကာ ပိတ်ထားပါ။

- ပြတင်းများ ဖွင့်ထားပါ။

- ကြက်ပေါင်းရည်/ ငှက်သိုက် သောက်ပါ။

- အသီးအနှံစားပါ။

- အစောပိုင်းဖျားတဲ့ 2 ရက်ခန့်မှာ ထမင်း မစားပါနဲ့။
ဓာတ်ဆားရည်သောက်ပါ။

- ရေဓာတ်အတတ်နိုင်ဆုံး ဖြည့်ပါ။
ရေများများသောက်ပါ။ အောက်ဆီဂျင် တက်ပါတယ်။

- Multivitamin ရေဆူဆေးပြားသောက်ပါ။

- အနံ့မရလို့ထမင်းမစားဘဲ မနေပါနဲ့။

- မနက်၊ နေ့၊ ညနေ ဝင်သလောက် စားပေးပါ။

- ကြက်ဥ တစ်နေ့လေးလုံး၊ နွားနို့ ၂ ခွက် သောက်
ပေးပါ။

- အိပ်ရေးဝအောင် အိပ်ပါ။ အိပ်မပျော် ဖြစ်တတ်ပါသည်။

- တရားနားထောင်ပါ။
ဖြစ်နိုင်လျင် တရားထိုင်ပါ။

- စိတ်ကို ငြိမ်အောင်ထားပါ။

- အသား၊ ငါး၊ ဥ၊ အသီးအရွက် ရသလောက် စားပေးပါ။

- အသင့်စားအစားအသောက်တွေ အတတ်နိုင်ဆုံး မစားပါနှင့်။

- အချိုရည်တွေ မသောက်ပါနဲ့။

- ပူပူနွေးနွေးစားပါ။

- အလုပ်တွေ တတ်နိုင်သလောက် မလုပ်ပါနဲ့။

- ဦးနှောက်သုံးစဉ်းစားရမယ့်ကိစ္စတွေလည်း ရှောင်
ပါ။ လုပ်နိုင်တယ်ဆိုပြီးလုပ်ရင် အားကုန်၊ ကိုယ်ခံ
အား ကျပါတယ်။

- အနားယူနေပါ။ စိတ်ရှုပ်မခံပါနဲ့။

- ဟိုတွေး ဒီတွေး တွေးနေတတ်ရင် ဟာသ
ဇာတ်ကားများ ကြည့်နေလိုက်ပါ။

- အရင်းနှီးဆုံး မိတ်ဆွေများနှင့် စကား မကြာခဏ
ပြောပါ။ သူတို့ဆီကလည်း အကြံကောင်းတွေ ရနိုင်ပါတယ်။

- ၇ ရက် ကျော်လာရင် ပြန်ကောင်းတော့မှာလို့ ယုံကြည်လိုက်ပါ။

- ဖျားတာ၊ အနံ့မရတာက တော်တော်များများ ဖြစ်တာဖြစ်ပြီး မောတာ၊ ရင်ဘတ်အောင့်တာ၊ အသက်ရှုခက်တာတွေဟာ သတိထားရမယ့် လက္ခဏာပါ။ အဲဒီအခြေအနေမှာ လိုအပ်ရင် ဆေးရုံသွားဖို့ သတိထားပါ။

မေတ္တာဖြင့်

မေနှင်းဆီ

အားလုံးရောဂါကပ်ဆိုးကြီးမှကင်းဝေးကျပါစေ။

30/06/2021

𝐎𝐢𝐥𝐲 𝐒𝐤𝐢𝐧 တွေ အတွက် Skincare Tips✨📌
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Oily skin ဆိုတာကတော့ မျက်နာပြင်တစ်ခုလုံး အဆီပြန် နေပြန်နေတတ်ပြီး အဆီ ထွက်နေတတ် တဲ့ Skin မျိုးပါ။

🔴စာကတော့ အနည်းငယ် ရှည်ပါမယ်... ဖတ်ဖို့မအားသေးရင် save ထားနော် 🔴

အဆီဖု ဝက်ခြံ ချွေးပေါက်ကျယ် တာ တွေ ဖစ်တတ်တဲ့ Skin Type မျိုးပါ

အဆီပြန်တာကို ပြန်နေတဲ့အတိုင်း ထားရင် ပိုဆိုးသွားမာပါ .. အဆီပြန်တာကိုလျော့အောင် ကိုယ်ရဲ့ Skin လေးကို ဂရုစိုက်ပေးဖို့လိုတယ်နော်....✨

🍂Cleaning
လို့ပြောတာနဲ့ မျက်နာ သစ်တာကို တန်းမမြင်ပါနဲ့
မျက်နာ မသစ်ခင် ကိုယ့်ရဲ့ မျက်နာမှာ မိတ်ကပ်တွေ မနက်ပိုင်းနေ့ခင်း လိမ်းထားတဲ့ skincare တွေ..
ဘာမ့ မလိမ်းရင်တောင် ဖုန်တွေ အညစ်အကြေးတွေ အများကြီး မျက်နာ မှာ ရှိနေတတ်တယ်...

အာ့တာ ကြောင့် Makeup Remover/ Micellar water
နဲ့အရင်ဖျက်ပြီးမ့ မျက်နာ သစ်ဆေး နဲ့သစ်ပါ(Double Cleaning ) လုပ်တာလို့ခေါပါတယ်။

Double cleaning က Oily skin ဘဲ လုပ်ရတာမဟုတ်ပါဘူး...All SkinType လုပ်ရပါတယ်🔥

🍂Facial Foam
မျက်နာသစ် ဆေးနဲ့ သစ်ရာတွင်လဲ Oil free / Gel Cleanser/ oil control လို့ရေးထားတာတွေ
TeaTree /Charcoal စတဲ့ ingredient တွေ ပါတာကို ရွေးသုံးသင့်ပါတယ်

🔴Facial foam ကို Moisture ပါတာ သုံးရင်တော့ Toner ကို oil free ပါတာသုံးပေးပါ...
Facial foam ကို oil control ပါတာ သုံးရင် Toner ကို Moisture ပါတာ ပြန်သုံးပေးပါ
oil skin က ရေဓာတ်နဲ့ အဆီဓာတ် မ မျှလို့ဖစ်တာပါ..🔴
Toner ကို Alcohol ပါတာလေးတွေ သုံးပေးပါ

🍂Exfoliation
Oily skin တွေက ၁ ပတ်ကို ၂ ခါ လောက် Exfoliate လုပ်ပေးဖို့လိုပါတယ်။ clay mask sheetmask ကပ်တာ scrub လေးတွေ လုပ်ပေးပါ။

🍂Moisturizer
ကတော့ အဓိက လိမ်းပေးဖို့လိုတယ်နော်...
Oily skin တွေက မျက်နာ မှာ ရေဓာတ် ထက် အဆီ ဓာတ်တွေ က ပိုများပါတယ်... အာ့တာကြောင့်​ရေဓာတ်ဖြည့်ပေးတဲ့ Moisturizer တွေကို အဓိက လိမ်းပေးဖို့လိုပါတယ်။
Gel type/ water type / oil free အစ ရှိသည့် Moisture လေးတွေ ရွေးသုံးပေးပါ။

Oily skin တွေက cream type/ နို့ရည်တို့ကို ရှောင်ပါ

🍂 Serum or Essence treatment တစ်ခုခု သုံးပေးပါ။

🍂Sheet mask
၁ ပတ် ၁ ခါ လောက်ကပ်ပေးပါ
Essence type/ water Type/ Moisture ပေးတဲ့ mask လေးတွေ ကပ်ပေးပါ..

🍂Suncream
Oily skin မို့ suncream မသုံးချင်လို့မရပါဘူး... AllSkinType အကုန် သုံးရပါတယ်။ suncream ကတော့ အဆီပြန် တာသဘာဝ ပါ ✅
တစ်ချို့ အဆီ အနဲအငယ် မပြန်တဲ့ suncream လေးတွေလဲ ရှိပါတယ်...

🔻မိတ်ကပ်အပိုင်းဆက်🔻

🍂Foundation
မိတ်ကပ် ကတော့ matt Foundation / oil free / အစရှိသည့် မဆီ ပြန်သူတွေ အတွက်ထုတ်တာတွေ သုံးပါ...BRAND မျိုးစုံ မှာရှိပါတယ်

🍂Primer
သူကလဲ ချန်ထားလို့မရဘူးနော် လိမ်းပေးရတယ်
ရွှေရည် primer အကြောင်းလေးလဲ ရေးပြထားပါတယ် ( မဖတ်ရသေးရင် 👇 )
https://m.facebook.com/story.php?story_fbid=291020082504841&id=105331654407019

🍂powder
Lossepowder လေးတော့ သေချာသုံးပေးရမယ်။ သူက အဆီ တွေကို စုပ်ပေးတယ် ။

🔥သတိပြုရန်
မျက်နာကို လိုတာ ထက်ပိုပြီး ခဏခဏ မသစ်ပါနဲ့
တစ်နေ့ ၂ ကြိမ် သာ သစ်ပါ။

ခဏခဏ မျက်နာကို လက်နဲ့မကိုင်ပါနဲ့ ။

Scrub အသုံးပြုရင် အရမ်း ကြမ်းကြမ်းတမ်းတမ်းပွတ် တိုက်မပစ် ပါနဲ့...

ဆီကြော်တွေ အဆီတွေ ရှောင်ပါ..ဖစ်နိုင်ရင် အဆီ အဆိမ့် လျော့ပါ...✅

မိတ်ကပ် ကို နေ့တိုင်း အထူကြီး မလိမ်းပါနဲ့။🔥

ဟူး...မောသွားပါပြီ😁😁

ရွှေရည် လဲ လေ့လာထားသလောက် Oily skin တွေ အတွက်
Skincare Step တွေ ရှောင်ရန်လေးတွေပါ
သေချာလေး ရေးပြပေးထားပါတယ်....

Oily skin လေးတွေ ဘယ်လို သုံးရမလဲ ဆို သိလောက်ပြီ ထင်ပါတယ် ရှင့်...❤
နောက် skin ပိုင်ရှင် တွေ အတွက်လဲ တင်ပေးပါ အူးမယ်💓

ရွှေရည် post လေးက အကူညီ ဖစ်တယ်ဆိုရင် အခြားသူတွေ ပါ လေ့လာ လို့ရအောင်...share ပြီး ကူညီလိုက်ပါအူးနော်❤❤

LoveYou ♥



#အဆီပြန်ခြင်း


  (or)  🤭😱သူများမိတ်ကပ်လိမ်းတာလေး သဘောကျပြီး သူ့လိုလိမ်းချင်တယ်နင်ဘာမိတ်ကပ်သုံးလဲမေးပြီးတော့ လိုက်မသုံးလေနဲ့🙅🏻တခွန်းပဲမေ...
25/06/2021

(or) 🤭😱

သူများမိတ်ကပ်လိမ်းတာလေး သဘောကျပြီး သူ့လိုလိမ်းချင်တယ်
နင်ဘာမိတ်ကပ်သုံးလဲမေးပြီးတော့ လိုက်မသုံးလေနဲ့🙅🏻

တခွန်းပဲမေးမယ်🧏🏻‍♀️
ယူတို့မှာ သူ့လိုအသားအရည်ရှိရဲ့လား
လူတစ်ယောက်နဲ့တစ်ယောက် အသားအရည်ချင်းမတူညီတာ ကြောင့်
သူလိမ်းရင်လှနေသလို ကိုယ်လဲလှနေပြီမထင်နဲ့🤷🏻

အက်ဒီတော့ base အနေနဲ့ ပင်ကိုယ်အသားအရည်ကောင်းအောင်အရင်လုပ်ရမယ်

ဝက်ခြံလား ၊အမဲစက်လား၊တင်းတိပ်လား ရှိနေပြီဆို
မေမေသနပ်ခါးသာလိမ်း✅
အမေမွေးတုန်းက အသားအရည်လေးလို ချောမွေ့နေမှာ✅

ဝက်ခြံ၊တင်းတိပ်၊အမဲစက်ကတော့ မေမေသာရှိရင်အိုခေပီ😘😘

ဒါမှ မိတ်ကပ်ကောင်းကောင်းလေးလိမ်းပြီး သူများတွေလဲ Glowနိုင်ပြီ🤗🤗❣

မေမေအသားချောအသားလှသနပ်ခါး တစ်ဘူး5000ကျပ်
ဆင်တူယိုးမှားအထူးသတိပြုပါ



#မေမေအလှကုန်

  (or)  🤭😱 #ပြည်တွင်းဖြစ်ကိုအားပေးပါ၀က်ခြံ 😱 အမဲစက်👧: ဟယ်စိတ်ညစ်လိုက်တာ မျက်နှာကလဲ မဲပြီး အသားရေတွေ မညီတော့ဘူး👩: ဒါတွေကြ...
18/06/2021

(or) 🤭😱
#ပြည်တွင်းဖြစ်ကိုအားပေးပါ

၀က်ခြံ 😱 အမဲစက်

👧: ဟယ်စိတ်ညစ်လိုက်တာ မျက်နှာကလဲ မဲပြီး အသားရေတွေ မညီတော့ဘူး

👩: ဒါတွေကြောင့် စိတ်ညစ်မနေပါနဲ့
၀က်ခြံ တင်းတိပ် , အဆီဖု , အမဲစက် နဲ့ မျက်နှာမဲတာတွေအပြင်🤗
အသားပတ် ၊ နေလောင် ၊ ချွေးပေါက်ကျယ်ခြင်း နဲ့ အမာရွတ် ဖြစ်တာတွေ

မျက်နှာအသားရေကြမ်းတမ်းတာတွေအားလုံး💁 သဘာ၀သနပ်ခါးစစ်စစ်နဲ့ ပြုလုပ်ထားတဲ့ မေမေ သနပ်ခါးလေးကို

တစ်နေ့တစ်ကြိမ် လိမ်းလိုက်တာနဲ့ ဗူးသေးသေးလေးတစ်ဗူးမကုန်ခင်ကို

သိသိသာသာ👌 ဖြူ၀င်းတောက်ပလာစေရမယ်

ရော့ တစ်ဗူးမှ (5,000)ကျပ်ထဲနဲ့ စိတ်ညစ်တာတွေအားလုံး😎 ‌ဝေး‌ဝေးပြေးသွားစေရမယ်

အလှပတွေအားလုံးတွက် "မေမေ" ရှိတယ်





#မေမေအလှကုန်


ခု Hot နေတဲ့ 3CE ကနောက်ဆုံးထွက်ထားတဲ့ Blur Water tint လေး မေးကြလို့ ရောက်မယ်Instagramတွေ  youtube နဲ့ Tiktok တွေ တအားကို...
17/06/2021

ခု Hot နေတဲ့ 3CE ကနောက်ဆုံးထွက်ထားတဲ့ Blur Water tint လေး မေးကြလို့ ရောက်မယ်

Instagramတွေ youtube နဲ့ Tiktok တွေ တအားကို trend ဖြစ်တာပါ
🍒water tintဆိုပေမယ့် စိုရွဲနေတာမျိုးမဟုတ်ပဲ ထည်ထည်အိအိလေးနဲ့ လှနေမှာမျိုးလေး 🍒
Googleမှာတောင် search popular ဖြစ်နေတဲ့ color အပြင်
အရောင်တိုင်းလှတာမို့ ကိုယ်နဲ့ လိုက်မှာကိုရွေးနော 😘😘😘
🚢 ...Direct from Korea

Vaselineရဲ့ hot listထဲက Gluta lotionလေး၂မျိုးလည်းရပါပြီ200ml - 8300ks330ml - 10000ksငွေဈေးကြောင့် ၅၀၀/၁​၀၀၀လောက် ဈေးအပြေ...
17/06/2021

Vaselineရဲ့ hot listထဲက
Gluta lotionလေး၂မျိုးလည်းရပါပြီ

200ml - 8300ks
330ml - 10000ks

ငွေဈေးကြောင့် ၅၀၀/၁​၀၀၀လောက် ဈေးအပြောင်းအလဲရှိတက်ပါတယ်

Address

No. 197, Nwetharki Street, , Mingalardon Township
Yangon
11111

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959977674239

Website

Alerts

Be the first to know and let us send you an email when HW Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to HW Online Shop:

Share