FW Factory Wholesale

FW Factory Wholesale FW Factory Wholesale လက်ကား Page ကြိုဆိုပါတယ်ရှင့်

💁‍♀️𝟭𝟴.𝟲.𝟮𝟬𝟮𝟰 တွင်ကျရောက်သော  ဇွန်လ𝟭𝟴 ရက် (အင်္ဂါနေ့) ဟာ အစ္စလမ်ဘာသာဝင်များ၏ နေ့ထူးနေ့မြတ် 🕌 𝐄𝐢𝐝 နေ့ ဖြစ်ပါတယ်။         ...
17/06/2024

💁‍♀️𝟭𝟴.𝟲.𝟮𝟬𝟮𝟰 တွင်ကျရောက်သော ဇွန်လ𝟭𝟴 ရက် (အင်္ဂါနေ့) ဟာ အစ္စလမ်ဘာသာဝင်များ၏ နေ့ထူးနေ့မြတ် 🕌 𝐄𝐢𝐝 နေ့ ဖြစ်ပါတယ်။

#

ဘယ်လောက်ပဲပင်ပန်းခက်ခဲနေပါစေသားသမီးတွေပြည့်စုံဖို့အတွက် အမြဲကြိုးစားပေးတဲ့ အဖေ💪💖အမေ့ရဲ့မေတ္တာတွေလိုမနွေးထွေးပေးနိုင်ပေမဲ...
15/06/2024

ဘယ်လောက်ပဲပင်ပန်းခက်ခဲနေပါစေ
သားသမီးတွေပြည့်စုံဖို့အတွက်
အမြဲကြိုးစားပေးတဲ့ အဖေ💪
💖အမေ့ရဲ့မေတ္တာတွေလိုမနွေးထွေးပေးနိုင်ပေမဲ့
အဖေ့ရဲ့မေတ္တာတွေက လုံခြုံမှုတွေကိုအမြဲပေးနေခဲ့တယ်✨
❤️‍🔥မကြင်နာပြတတ်ပေမယ့် နာကျင်စရာတွေကိုတော့ တစ်ယောက်ထဲ ခံစားတတ်တဲ့💔 အဖေ့ကို
အဖေများနေ့မှာ "ချစ်တယ်"လို့
ထုတ်ပြောဖို့ ကြိုးစားကြည့်ရအောင် . . . ❤️‍🔥

🌿ကဆုန်လပြည့် ညောင်ရေသွန်းပွဲ💦“တန်ခူး ကဆုန် ဆွေ့ဆွေ့ခုန်” ဆိုတဲ့အတိုင်း အပူပြင်းဆုံးနွေရာသီရဲ့ နောက်ဆုံးလဖြစ်တဲ့ ကဆုန်လ ၂...
21/05/2024

🌿ကဆုန်လပြည့် ညောင်ရေသွန်းပွဲ💦

“တန်ခူး ကဆုန် ဆွေ့ဆွေ့ခုန်” ဆိုတဲ့အတိုင်း အပူပြင်းဆုံးနွေရာသီရဲ့ နောက်ဆုံးလဖြစ်တဲ့
ကဆုန်လ ၂၀၂၄ ခုနှစ်၊ မေလ၊ ၂၂ ရက်နေ့မှာကျရောက်သော ကဆုန်လပြည့် ညောင်ရေသွန်းပွဲတော်မှာ
ကျွန်ုပ်တို့မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံး ရေလိုထာဝရအေးမြကြည်လင်ချမ်းမြေ့ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်🙏

#ကဆုန်လပြည့် #ညောင်ရေသွန်းပွဲ

ကောင်းမွန်စွာ အိပ်စက်နိုင်ရန် နှင့် မနက်ခင်းကောင်းမွန်စွာနိုးထရန် တစ်နေ့တာ 𝐘𝐎𝐆𝐀 ကျင့်စဥ်လေးတွေကို မျှ‌‌‌‌‌‌‌‌ဝေ ပေးလိုက်...
20/05/2024

ကောင်းမွန်စွာ အိပ်စက်နိုင်ရန် နှင့် မနက်ခင်းကောင်းမွန်စွာနိုးထရန် တစ်နေ့တာ 𝐘𝐎𝐆𝐀 ကျင့်စဥ်လေးတွေကို မျှ‌‌‌‌‌‌‌‌ဝေ ပေးလိုက်ပါတယ် ☑☑

𝐐𝐮𝐚𝐥𝐢𝐭𝐲 ကောင်းကောင်းနဲ့ 𝐖𝐨𝐫𝐤𝐨𝐮𝐭 လုပ်တဲ့အခါမှာယုံကြည်မှုအပြည့်ပေးနိုင်တဲ့ 𝐇𝐢𝐠𝐡 𝐰𝐚𝐢𝐬𝐭 𝐆𝐲𝐦 𝐩𝐚𝐧𝐭 များကိုလဲ၀ယ်ယူရရှိနိုင်ပါပြီ..💁‍♀️

https://www.facebook.com/permalink.php?story_fbid=pfbid0hR7nrPuyRkbKmzGeMwJJPTvXW7SzxivyYH321ZFTawjhBYmfJFqpTYpBYp4J85Bjl&id=100092350445582

#

🌦🌦နွေနှောင်းကာလ စျေးမတက်သေးတဲ့အချိန်မှာကြိုတင်၀ယ်ယူကြရအောင်🌦🌦စက်ဘီး ဆိုင်ကယ်တွေနဲ့ ရုံးသွား ကျောင်းသွား အပြင်တွေသွားတဲ့အ...
14/05/2024

🌦🌦နွေနှောင်းကာလ စျေးမတက်သေးတဲ့အချိန်မှာကြိုတင်၀ယ်ယူကြရအောင်🌦🌦

စက်ဘီး ဆိုင်ကယ်တွေနဲ့ ရုံးသွား ကျောင်းသွား အပြင်တွေသွားတဲ့အခါ💧ရေစိုခံ🔥မိုးလုံ 💯quality ကောင်း 👉Waterproof Raincoat မိုးကာ👈လေးက အခြားမိုးကာသားတွေလို ချုပ်သားမဟုတ်တာကြောင့် ရေစိမ့်ထွက်ခြင်းလုံးဝမရှိဘဲ အခုလိုမိုးတွင်းရောက်ခါနီးမှာ တစ်ထည်လောက်တော့၀ယ်ထားသင့်ပြီနော် ✔

Design လေးကလဲဆန်းပြီး ကလေး၊လူကြီး မိန်းကလေးရောယောင်္ကျားလေးပါဝတ်ဆင်လို့ရပါတယ်ရှင့်💁‍♀️

✨ရောင်ပြန်ပါတဲ့အတွက်ကြောင့် သွားလေရာမှာလုံခြုံဘေးကင်းစေပြီး၊အစွန်းအထင်းတွေကိုလဲ အလွယ်တကူပြန်လျော်လို့ရတဲ့ Waterproof Raincoat မိုးကာလေးတွေကတော့ အခုလိုကာလမှာ အရမ်း​ပါ်​ပြူလာဖြစ်ပြီးရောင်းသွက်နေတဲ့ပစ္စည်းလေးဖြစ်တာကြောင့် မှာယူလိုပါက cb ကိုအမြန်ဆုံးလာ hi လိုက်ပါတော့နော်🔥

Code - A0025
M Size - Length 40 inches၊ Hand Length 24 inches၊ Bust 46 inches
XL Size - Length 45 inches၊ Hand Length 27 inches၊ Bust 48 inches
Price - 18,000 ks KS

အသေးစိတ်သိလိုပါက 📩page messenger မှာမေးမြန်းနိုင်သလို
☎Ph no - 09 941 307 617 သို့လည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။

၀မ်းမှာလွယ်ပြီး မွေးကင်းစအရွယ်မှစ၍ အသက်ကြီးသည်အထိ ပြုစုယုယကျွေးမွေးခဲ့သော ကျေးဇူးရှင် ချစ်မေမေများကို 𝟏𝟐.𝟓.𝟐𝟎𝟐𝟒 တွင်ကျရေ...
11/05/2024

၀မ်းမှာလွယ်ပြီး မွေးကင်းစအရွယ်မှစ၍ အသက်ကြီးသည်အထိ ပြုစုယုယကျွေးမွေးခဲ့သော ကျေးဇူးရှင် ချစ်မေမေများကို 𝟏𝟐.𝟓.𝟐𝟎𝟐𝟒 တွင်ကျရောက်သော အမေများနေ့တွင် လေးစားဂါ၀ရပြုအပ်ပါသည်။

09/05/2024
👨‍🔧ဒီနေ့ မေလ ၁ ရက်နေ့မှာကျရောက်တဲ့ ၂၀၂၄ ခုနှစ် ၁၃၄ ကြိမ်မြောက် အလုပ်သမားနေ့ ခေါ် မေဒေးနေ့မှာ ​🌏နိုင်ငံတော်အတွက် ကျရာနေရာ...
30/04/2024

👨‍🔧ဒီနေ့ မေလ ၁ ရက်နေ့မှာကျရောက်တဲ့ ၂၀၂၄ ခုနှစ် ၁၃၄ ကြိမ်မြောက် အလုပ်သမားနေ့ ခေါ် မေဒေးနေ့မှာ

🌏နိုင်ငံတော်အတွက် ကျရာနေရာမှနေ၍ တစ်ဖက်တစ်လမ်းမှ ကြိုစားလုပ်ကိုင်နေကြသော ကမ္ဘာပေါ်ရှိအလုပ်သမားများအား လေးစားစွာဂုဏ်ပြုအပ်ပါတယ်ရှင့်✊
#အလုပ်သမားနေ့

🙏တန်ခူးလပြည့်နေ့🌕နှစ်တစ်နှစ်၏ အစ၊ နှစ်ဦးလဖြစ်တဲ့ ကံကော်ပန်းတို့ပွင့်ရာအထိမ်းအမှတ်တန်ခူးလမှာကျရောက်တဲ့ တန်ခူးလပြည့်နေ့ (၂...
22/04/2024

🙏တန်ခူးလပြည့်နေ့🌕

နှစ်တစ်နှစ်၏ အစ၊ နှစ်ဦးလဖြစ်တဲ့ ကံကော်ပန်းတို့ပွင့်ရာအထိမ်းအမှတ်တန်ခူးလမှာကျရောက်တဲ့ တန်ခူးလပြည့်နေ့ (၂၃. ၄.၂၀၂၄) လေးမှာ
မရှိနွမ်းပါးသူများအား အလှူဒါနများပြုလုပ်လှူဒါန်း၍ ကုသိုလ်ဒါနများပွားများလိုက်ကြရအောင်လားနော်🙏
#တန်ခူးလပြည့်နေ့

🙏မြန်မာနှစ်ဆန်းတစ်ရက်နေ့ 🙏✨ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ရဲ့ အထွတ်အမြတ်ထားရာ နေ့တစ်နေ့ဖြစ်တဲ့ မြန်မာသက္ကရာဇ် ၁၃၈၅ မှ ၁၃၈...
16/04/2024

🙏မြန်မာနှစ်ဆန်းတစ်ရက်နေ့ 🙏

✨ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ရဲ့ အထွတ်အမြတ်ထားရာ နေ့တစ်နေ့
ဖြစ်တဲ့ မြန်မာသက္ကရာဇ် ၁၃၈၅ မှ ၁၃၈၆ ခုနှစ် သို့ကူးပြောင်းသွားသော (၁၇.၄.၂၄) နှစ်ဆန်း (၁) ရက်နေ့မှာ မြန်မာပြည်သူပြည်သားအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနှင့် ပျော်ရွှင်စွာဖြတ်သန်းပြီး
မင်္ဂလာအပေါင်းနဲ့ပြည့်စုံမယ့် နှစ်ဆန်း ၁ ရက်နေ့ နှစ်သစ်ကို အတူတူကြိုဆိုလိုက်ပါတယ်ရှင့်✨

✨သင်္ကြန် အကြို၊ အကျ နှစ်ရက်လဲပြီးပြီဆိုတော့ တစ်နေ့ထက်တစ်နေ့ ပိုပိုပူလာတဲ့ ရာသီဉတုအပူချိန်ကြောင့် ခရမ်းလွန်ရောင်ခြည် ခန္...
14/04/2024

✨သင်္ကြန် အကြို၊ အကျ နှစ်ရက်လဲပြီးပြီဆိုတော့ တစ်နေ့ထက်တစ်နေ့ ပိုပိုပူလာတဲ့ ရာသီဉတုအပူချိန်ကြောင့် ခရမ်းလွန်ရောင်ခြည် ခန္ဓာကိုယ်သို့တိုက်ရိုက်မကျရောက်နိုင်အောင် ကာကွယ်ပေးနိုင်မယ့် အချက်အလက်လေးတွေကို မင်မင်က ယူတို့ကျန်းမာရေးအတွက် မျှဝေပေးလိုက်ပါတယ်ရှင်💁‍♀️

​⬜အရိပ်ရတဲ့ နေရာမှာနေပါ - အထူးသဖြင့် မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်းအချိန်များဟာ ခရမ်းလွန်ရောင်ခြည် အကျရောက်နိုင်ဆုံးနဲ့ အပူချိန်အမြင့်ဆုံးဖြစ်တတ်တာကြောင့် ဒီအချိန်လေးတွေမှာ အပြင်ရောက်နေခဲ့ရင် အရိပ်ရတဲ့အပင်၊ ထီး သို့မဟုတ် အရိပ်ရမယ့် တစ်နေရာရာမှာ ခိုလှုံပါ။

​⬜ပေါ့ပါးတဲ့အဝတ်အစားဝတ်ဆင်ပါ - အပြင်သွားပါက သင့်အသားအရေကို နေရောင်တိုက်ရိုက်ကျရောက်မှုမှ ကာကွယ်ပေးနိုင်တဲ့ shirt အင်္ကျီ၊ ဘောင်းဘီရှည်၊ ဉီးထုပ်၊ UV ပါတဲ့နေကာမျက်မှန်နဲ့ အရောင်ဖျော့တဲ့အဝတ်အစားလေးတွေ ရွေးချယ်ဝတ်ဆင်ပါ။

​⬜ရေများများသောက်ပါ - အထူးသဖြင့် သင့်ခန္ဓာကိုယ် ရေဓာတ်ပြည့်ဝနေစေဖို့ အရေးကြီးတာကြောင့် အပြင်သွားတဲ့အချိန်တိုင်း ရေများများသောက်ပါ။

⬜Suncream အသုံးပြုပါ - SPF 30 သို့မဟုတ် 30 အထက်ရှိတဲ့ နေလောင်ဒဏ်ကာကွယ်တဲ့ Suncream ကို ရေကူးပြီးတဲ့အချိန် ဒါမှမဟုတ် ချွေးထွက်နေတဲ့အချိန် 2 နာရီခြားတစ်ခါလောက်လိမ်းပေးပါ။

⬜အိမ်ထဲတွင် အနားယူပါ - အပြင်ထွက်ပြီးပါက သင့်အသားရေကို နေရောင်ခြည်တိုက်ရိုက်ထိတွေ့မှုမှ အနားပေးတဲ့အနေနဲ့ အိမ်ထဲတွင် ပြန်လည်အနားယူပါ။

☝ဒီအချက်အလက်လေးတွေအတိုင်း လုပ်ဆောင်ခြင်းဖြင့် နေရောင်ခြည်နဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားပျက်စီးမှုနှင့် ကျန်းမာရေးပြဿနာအန္တရာယ်ကို လျော့နည်းစေပြီး အိမ်ပြင်တွင်ကောင်းမွန်စွာ ပျော်ရွှင်နိုင်မှာပါ။ အသားအရေကို နေရောင်ခြည်တိုက်ရိုက်ကျရောက်မှုမှကာကွယ်ပေးခြင်းဖြင့် ကျန်းမာသောအရေပြားကိုရရှိပိုင်ဆိုင်နိုင်ပြီး ရေရှည်တွင် အရေပြားကင်ဆာမဖြစ်အောင်လဲ ကာကွယ်ပေးနိုင်ပါတယ်။

Address

No(98)A , XLS , Nawaday Shop House , Chin Su Street , Hlaing Thar Yar Township Yangon
Yangon
11181

Alerts

Be the first to know and let us send you an email when FW Factory Wholesale posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to FW Factory Wholesale:

Share