The Prince

The Prince Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Prince, Book shop, Yangon.

🛍️ 🛒 Psycho Selling 🛒🛍️စျေးဝယ်ထွက်ခြင်းဆိုတဲ့ စစ်မြေပြင်မှာ ကျွန်တော်တို့ရဲ့ ဦးနှောက်တွေဟာ ဘယ်လိုပုံစံနဲ့ ဓားစာခံဖြစ်နေရ...
16/06/2026

🛍️ 🛒 Psycho Selling 🛒🛍️

စျေးဝယ်ထွက်ခြင်းဆိုတဲ့ စစ်မြေပြင်မှာ ကျွန်တော်တို့ရဲ့ ဦးနှောက်တွေဟာ ဘယ်လိုပုံစံနဲ့ ဓားစာခံဖြစ်နေရသလဲ🤔⁉️

Priceless: The Myth of Fair Value
By William Poundstone

လွန်ခဲ့တဲ့ ရာစုနှစ်တစ်ခုကျော်က ကမ္ဘာကျော်စာရေးဆရာကြီး Oscar Wilde က ခပ်ရွဲ့ရွဲ့လေး ပြောခဲ့ဖူးပါတယ်။

“လူတွေဟာ အရာရာတိုင်းရဲ့ စျေးနှုန်းကိုတော့ သိကြပြီး အဲ့ဒီအရာတွေရဲ့ တကယ့်တန်ဖိုးကိုတော့ မသိကြဘူး” တဲ့။

ဒီစကားဟာ ဒီနေ့ခေတ် စားသုံးသူအခြေပြု လူ့အဖွဲ့အစည်းမှာ ပိုလို့တောင် မှန်နေပါသေးတယ်။ ကျွန်တော်တို့ဟာ ပစ္စည်းတစ်ခုကို ဝယ်တော့မယ်ဆိုရင် ဒါဟာ တကယ့်တန်ဖိုး ဟုတ်မဟုတ်ကို ကိုယ်ပိုင်အသိဉာဏ်နဲ့ လွတ်လွတ်လပ်လပ် ဆုံးဖြတ်နေကြတာ မဟုတ်ပါဘူး။

တကယ်တော့ စျေးနှုန်းဆိုတာ ပကတိတည်ရှိနေတဲ့ အမှန်တရားတစ်ခု မဟုတ်ဘဲ ဝန်းကျင်က ပေးလိုက်တဲ့ နှိုင်းယှဉ်ချက်တွေ၊ သဲလွန်စတွေအပေါ်မှာပဲ အခြေခံပြီး ဦးနှောက်က လိုက်လံဝေခွဲရတဲ့ စိတ်လှည့်စားမှု တစ်ခုပါပဲ။

ဒီစိတ်လှည့်စားမှု ကို စာရေးသူ William Poundstone က သူ့ရဲ့ Priceless ဆိုတဲ့ စာအုပ်ထဲမှာ စိတ်ပညာ သီအိုရီတွေ၊ ကမ္ဘာ့သမိုင်းက ဆန်းပြားတဲ့ ဖြစ်ရပ်တွေနဲ့ အကွက်စေ့စေ့ ဖွင့်ချပြထားပါတယ်။

စီးပွားရေးပညာရှင်ဟောင်းတွေကတော့ လူဆိုတာ စျေးဝယ်တဲ့အခါ အမြတ်နဲ့အရှုံးကို ကျိုးကြောင်းဆီလျော်စွာ သေသေချာချာ တွက်ချက်တတ်တဲ့ Rational Animal တွေပါလို့ ယူဆခဲ့ကြဖူးတယ်။

ဒါပေမဲ့ စာရေးသူ William Poundstone ကတော့ စာအုပ်ထဲက Cult of Rationality ဆိုတဲ့ ကျိုးကြောင်းဆီလျော်မှုဆိုင်ရာ ယုံကြည်မှု အခန်းမှာ ဒါဟာ လုံးဝအမှားကြီးဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ ဦးနှောက်ဟာ ပစ္စည်းတစ်ခုရဲ့ တန်ဖိုးကို ကိုယ်တိုင်မဆုံးဖြတ်နိုင်တဲ့အခါ အနားမှာ ကပ်ထားတဲ့ တခြားပစ္စည်းရဲ့ စျေးနှုန်း ဒါမှမဟုတ် ဆိုင်ရဲ့ အပြင်အဆင်စတဲ့ ဝန်းကျင်အခြေအနေတွေအပေါ် မူတည်ပြီးတော့ပဲ အရောရောအနှောနှော ဆုံးဖြတ်ချပစ်လိုက်ကြတာပါ။

စျေးဝယ်ထွက်ခြင်းဆိုတဲ့ စစ်မြေပြင်မှာ
ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် အမြတ်ဆုံးဖြစ်အောင် ရွေးချယ်နိုင်တယ်လို့ ထင်နေပေမယ့် တကယ်တော့ ရောင်းသူတွေ ခင်းကျင်းထားတဲ့ စိတ်ပညာစစ်တုရင်ခုံပေါ်မှာ အသုံးချခံနေရတဲ့ နယ်ရုပ်လေးတွေသာ ဖြစ်နေတတ်ပါတယ်။

ဒီနေရာမှာ Behavioral Economics က သုံးတဲ့ အားအကောင်းဆုံး လှည့်ကွက်တစ်ခုကတော့ Anchoring and Adjustment ဆိုတဲ့ ကျောက်ဆူးချခြင်း စိတ်ပညာပဲ ဖြစ်ပါတယ်။

လူတွေရဲ့ ဦးနှောက်ဟာ ပထမဆုံး မြင်လိုက်ရတဲ့ စျေးနှုန်း နဲ့ ကိန်းဂဏန်းတစ်ခုကို စိတ်ထဲမှာ ကျောက်ဆူးလို ခိုင်ခိုင်စွဲမှတ်ထားလိုက်ပြီး နောက်လာမယ့် စျေးနှုန်းတွေကို အဲဒီကျောက်ဆူးနဲ့ပဲ နှိုင်းယှဉ်တွက်ချက်တတ်ကြတာပါ။

ဥပမာအားဖြင့် ကမ္ဘာကျော် TV Game Show တစ်ခုမှာ လူတွေဟာ ချက်ချင်းရမယ့် ငွေသားဆုကြေးနဲ့ စွန့်စားရမယ့် အခြေအနေတွေကြား ရောက်တဲ့အခါ ပထမဆုံးကြားလိုက်ရတဲ့ ဂဏန်း ကြောင့် စိတ်လှုပ်ရှားပြီး လုံးဝ ယုတ္တိမရှိတဲ့ ဆုံးဖြတ်ချက်တွေကို ဒလစပ် ချပစ်လိုက်ကြတာမျိုး သမိုင်းတစ်လျှောက် ရှိခဲ့ဖူးပါတယ်။

ကမ္ဘာကျော် McDonald's Coffee Case မှာ ဂျူရီအဖွဲ့ဝင်တွေရဲ့ ဆုံးဖြတ်ချက်ဟာ Anchoring Effect ဆိုတဲ့ ကျောက်ဆူးချခြင်း စိတ်ပညာရဲ့ လွှမ်းမိုးမှုကို ဘယ်လိုအပြည့်အဝ ခံခဲ့ရလဲဆိုတာ တကယ့်ဖြစ်ရပ်မှန် ကိုစာရေးသူက ပြောပြပေးထားပါတယ်။

ဒီအမှုဟာ ၁၉၉၂ ခုနှစ်မှာ အသက် ၇၉ နှစ်အရွယ် အဖွား Stella Liebeck က McDonald ဆိုင်ကနေ ကော်ဖီပူပူတစ်ခွက် ဝယ်ခဲ့ရာကနေ စတာပါ။

အဖွားဟာ ကော်ဖီခွက်ကို ပေါင်ကြားညှပ်ပြီး အဖုံးဖွင့်ဖို့လုပ်ရင်း ကော်ဖီတွေ ပေါင်ပေါ်မှောက်ကျကုန်ပါတယ်။

McDonald ရဲ့ ကော်ဖီဟာ သာမန်ထက်အလွန်ပူလောင်လွန်းတဲ့ ဒီဂရီ ၁၈၀ ကနေ ၁၉၀ ဖာရင်ဟိုက်အထိ ရှိနေတဲ့အတွက် အဖွားဟာ တင်ပါးနဲ့ ပေါင်တစ်ဝိုက်မှာ တတိယအဆင့် အရေပြားလောင်ကျွမ်းမှု ပြင်းထန်စွာ ခံစားခဲ့ရပြီး ဆေးရုံမှာ အရေပြားအစားထိုး ခွဲစိတ်မှုတွေအထိ လုပ်ခဲ့ရပါတယ်။

ဒီနေရာမှာ ကျောက်ဆူးချခြင်းဗျူဟာက ဘယ်လို ဝင်ပါလာလဲဆိုတာ အဆင့်ဆင့် ကြည့်ရအောင်ဗျ။

အဖွား Stella Liebeck ဟာ McDonald ကုမ္ပဏီကို တရားမစွဲခင်မှာ ဆေးကုသစရိတ် ဒေါ်လာ ၂၀,၀၀၀ ဝန်းကျင်ပဲ လျော်ကြေးတောင်းခဲ့ပါတယ်။

ဒါပေမဲ့ McDonald ဘက်က ဒေါ်လာ ၈၀၀ ပဲ ပေးမယ်ဆိုပြီး ငြင်းပယ်ခဲ့လို့ တရားရုံးအထိ ရောက်သွားခဲ့တာပါ။ တရားခွင် ရောက်တဲ့အခါ အဖွားရဲ့ ရှေ့နေက ဂျူရီအဖွဲ့ဝင် တွေကို စိတ်ပညာနည်းအရ ကိန်းဂဏန်းအကြီးကြီးတစ်ခုနဲ့ ကျောက်ဆူးစပြီး ချလိုက်ပါတယ်။

ရှေ့နေက ဘာပြောလဲဆိုတော့ " McDonald ဟာ ကော်ဖီပူလောင်မှုကြောင့် ဝယ်သူတွေ ထိခိုက်ဒဏ်ရာရတဲ့ တိုင်ကြားစာပေါင်း ရာနဲ့ချီ ရဖူးရဲ့သားနဲ့ စျေးကွက်ထဲမှာ အရေးမစိုက်ဘဲ ဆက်ရောင်းနေတာပါ။

ဒါကြောင့် သူတို့ကို မှတ်လောက်သားလောက်ဖြစ်အောင် ရဲ့ McDonald တစ်ရက်တာ ကော်ဖီရောင်းရငွေ နဲ့ ညီမျှတဲ့ ပမာဏကို ဒဏ်ငွေအဖြစ် လျော်ကြေးပေးခိုင်းသင့်ပါတယ်" တဲ့။

အဲဒီခေတ်က မက်ဒေါ်နယ်ရဲ့ တစ်ရက်တာ ကော်ဖီရောင်းရငွေဟာ ဒေါ်လာ ၂.၇ သန်း ရှိပါတယ်။ ဂျူရီအဖွဲ့ဝင်တွေရဲ့ ခေါင်းထဲကို ဒေါ်လာ ၂.၇ သန်းဆိုတဲ့ ဂဏန်းကြီးက ပထမဆုံး ကျောက်ဆူးအဖြစ် စွဲမြဲသွားပါတော့တယ်။

လူ့ဦးနှောက်ဟာ စျေးနှုန်း သို့မဟုတ် ကိန်းဂဏန်းတစ်ခုကို စဉ်းစားရတော့မယ်ဆိုရင် အစောဆုံးကြားထားတဲ့ ကျောက်ဆူးနံပါတ်ကနေပဲ အတိုးအလျှော့ လုပ်တတ်ကြပါတယ်။

ဂျူရီအဖွဲ့ဝင်တွေဟာ အဖွားရဲ့ ဆေးကုသစရိတ်က ဘယ်လောက်လဲဆိုတဲ့ သုည ကနေ စပြီး တွက်ချက်တာ မဟုတ်တော့ဘဲ ရှေ့နေချပေးခဲ့တဲ့ ဒေါ်လာ ၂.၇ သန်း ဆိုတဲ့ ကျောက်ဆူးကြီးပေါ်ကနေပဲ စပြီး အတိုးအလျှော့ တွက်ပါတော့တယ်။

သူတို့က မက်ဒေါ်နယ်ကို ပြစ်ဒဏ်ပေးချင်တဲ့စိတ်ရှိနေပေမယ့် ၂.၇ သန်းလုံး ပေးခိုင်းရင်တော့ နည်းနည်းများမလားလို့ စဉ်းစားပြီး ဒေါ်လာပိုင်းလေးတွေ လျှော့ချလိုက်ပါတယ်။

အဲဒီလို ကျောက်ဆူးပေါ်ကနေ အောက်ကို နည်းနည်းချင်း လျှော့ချရင်းနဲ့ပဲ နောက်ဆုံးမှာ မက်ဒေါ်နယ်ကို ဒဏ်ငွေ လျော်ကြေးအဖြစ် ဒေါ်လာ ၂.၇ သန်း ပေးစေဖို့ ဆုံးဖြတ်ချက် ချပစ်လိုက်ကြတာ ဖြစ်ပါတယ်။

အဖွားဘက်က အမှားလည်း နည်းနည်းပါဝင်လို့ နောက်ပိုင်းမှာ တရားသူကြီးက ဒေါ်လာ ၄ သိန်းခွဲခန့်အထိ လျှော့ချပေးခဲ့ပြီး နှစ်ဦးနှစ်ဖက် တရားရုံးပြင်ပမှာ လျှို့ဝှက်သဘောတူညီချက်နဲ့ ကျေအေးခဲ့ကြပါတယ်။

⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️

နောက်ထပ် စိတ်ဝင်စားစရာကောင်းတာက တော့ Menu စာအုပ် စိတ်ပညာ နဲ့ Decoy Effect ပဲ ဖြစ်ပါတယ်။

Decoy Effect ဆိုတဲ့ ငါးစာချခြင်း သီအိုရီ ဆိုတာ စားသုံးသူတွေရဲ့ ဆုံးဖြတ်ချက်ကို ကိုယ်ဖြစ်စေချင်တဲ့ဘက် ရောက်လာအောင် ငါးစာ ချလှည့်စားတဲ့ စိတ်ပညာမဟာဗျူဟာ ဖြစ်ပါတယ်။

စီးပွားရေးပညာမှာတော့ ဒါကို Asymmetric Dominance Effect လို့လည်း ခေါ်ကြပါတယ်။
ဒီဗျူဟာရဲ့ သဘောသဘာဝကတော့ ဝယ်သူကို ကုန်ပစ္စည်း နှစ်ခုထဲက စျေးကြီးတာကို ဝယ်ပါလို့ တိုက်ရိုက်ဆွဲဆောင်တာမျိုး မဟုတ်ပါဘူး။

စျေးကြီးတဲ့ပစ္စည်းကို ဝယ်ရတာ အရမ်းတန်သွားပြီလို့ ဝယ်သူ့ဦးနှောက်က အလိုလိုထင်မှတ်သွားအောင် ငါးစာပစ္စည်းတစ်ခုနဲ့ ကပ်ဆွဲလိုက်တဲ့ သဘောဖြစ်ပါတယ်။

လူ့စိတ်ရဲ့ ဒီလိုဆန်းပြားတဲ့ အားနည်းချက်ကို ပိုပြီး ကွက်ကွက်ကွင်းကွင်း မြင်သာသွားအောင် ကမ္ဘာကျော် သမိုင်းဝင် လက်တွေ့စမ်းသပ်ချက် ဖြစ်ရပ်တစ်ခုနဲ့ ရှင်းပြပေးပါမယ်။

စီးပွားရေးပညာရှင် Dan Ariely
ဟာ နာမည်ကြီး The Economist မဂ္ဂဇင်းရဲ့ လပေးစျေးနှုန်းပေးသွင်းမှု ပုံစံကို ကြည့်ပြီး စိတ်ဝင်စားစရာ စမ်းသပ်ချက်တစ်ခု လုပ်ခဲ့ဖူးပါတယ်။

မဂ္ဂဇင်းတိုက်က သူတို့ရဲ့ ဝဘ်ဆိုက်မှာ စျေးနှုန်း Option ၃ မျိုး ပြပြီး ရောင်းချခဲ့ပါတယ်။

Option A (Web Only) အွန်လိုင်းကနေပဲ ဖတ်ရမယ် — **$59**

Option B (Print Only) စာအုပ်ကိုပဲ အိမ်အရောက် ပို့ပေးမယ် — $125

Option C (Web & Print) အွန်လိုင်းကော စာအုပ်ပါ နှစ်မျိုးလုံးရမယ် — $125

Dan Ariely ဟာ ဒီစျေးနှုန်းတွေကို MIT တက္ကသိုလ်က ထက်မြက်တဲ့ ကျောင်းသား ၁၀၀ ကို ပြပြီး ဘယ်တစ်ခုကို ဝယ်မလဲလို့ မေးခဲ့ပါတယ်။ ရလဒ်ကတော့

Option A ~ $59 တန် ကို ဝယ်မယ့်သူ ၁၆ ယောက်ရှိပါတယ်။ Option B ~ $125 တန် စာအုပ်သီးသန့် ကို ဝယ်မယ့်သူလုံးဝမရှိပါ။

Option C ~ $125 တန် နှစ်မျိုးစပ် ကို ဝယ်မယ့်သူ က ၈၄ ယောက်အထိရှိနေတာပါ။

ကျောင်းသားအများစုက စျေးအကြီးဆုံး Option C ကိုပဲ ရွေးခဲ့ကြတာဟာ မဆန်းပါဘူး။ ဘာလို့လဲဆိုတော့ Option B စာအုပ်သီးသန့် က $125 ပေးရချိန်မှာ Option C က $125 ချင်းတူတူ အွန်လိုင်းဖတ်ခွင့်ပါ အလကားရမှာမို့လို့ ဖြစ်ပါတယ်။

အဲဒီနောက်မှာ Dan Ariely က ပါးနပ်တဲ့ စမ်းသပ်မှုတစ်ခု ထပ်လုပ်ပါတယ်။ ဘယ်သူမှ မရွေးခဲ့တဲ့ Option B ~ $125 တန် စာအုပ်သီးသန့် ကိုအရောင်း စာရင်းထဲကနေ တမင်ဖြုတ်ပစ်လိုက်ပြီးကျန်တဲ့ Option နှစ်ခုတည်းနဲ့ နောက်ထပ် ကျောင်းသား ၁၀၀ ကို ထပ်မေးကြည့်ခဲ့ပါတယ်။

Option A Web Only က $59 နဲ့
Option C Web & Print က $125 ပါ။

သင်္ချာနည်းအရ စဉ်းစားရင် ဘယ်သူမှမလိုချင်တဲ့ Option B ကို ဖြုတ်လိုက်တာမို့လို့ ရလဒ်က အတူတူပဲ ထွက်ရမှာပါ။ ဒါပေမဲ့ တကယ့်ရလဒ်ကတော့ လုံးဝပြောင်းပြန် ဖြစ်သွားခဲ့ပါတယ်။

Option A ~ $59 တန် ကို ဝယ်မယ့်သူ ၁၆ ယောက်ကနေ ၆၈ ယောက်အထိတိုးလာပါတယ်။

Option C ~ $125 တန် ကို ဝယ်မယ့်သူက နဂို ၈၄ ယောက်ကနေ ၃၂ ယောက်ထိထိုးကျသွားပါတယ်။

ဒီနေရာမှာ ဘာဖြစ်သွားတာလဲဆိုတော့ အစောပိုင်းက ဘယ်သူမှမရွေးခဲ့တဲ့ Option B ဟာတကယ်တော့ မဂ္ဂဇင်းတိုက်က တမင်ထည့်ထားတဲ့ ငါးစာ ဖြစ်နေလို့ပါ။

အဲဒီငါးစာပစ္စည်း ရှိနေတုန်းက ဝယ်သူတွေရဲ့ ဦးနှောက်က $125 ချင်းတူတူ အွန်လိုင်းပါရမယ့် Option C ကို "ဟာ... အလကားရတာပဲ၊ အရမ်းတန်တယ်" လို့ ထင်ပြီး စျေးကြီးတာကို ဇွတ်ဝယ်ခဲ့ကြတာ ဖြစ်ပါတယ်။

ငါးစာပျောက်သွားတဲ့အခါမှာတော့ နှိုင်းယှဉ်စရာ မရှိတော့တဲ့အတွက် လူတွေဟာ ပိုက်ဆံသက်သာမယ့် $59 တန်ဘက်ကိုပဲ ပြန်ရွေးချယ်သွားကြတာ ဖြစ်ပါတယ်။

ဒီ Decoy Effect ကို ကျွန်တော်တို့ ပတ်ဝန်းကျင်က ရုပ်ရှင်ရုံတွေ၊ ကော်ဖီဆိုင်တွေမှာ နေ့တိုင်း တွေ့မြင်နေရပါတယ်။

ရုပ်ရှင်ရုံသွားလို့ ပြောင်းဖူးပေါက်ပေါက် ဝယ်တဲ့အခါ Option နှစ်ခုပဲ ရှိတယ်ဆိုပါစို့။ Size သေး 3$ နဲ့ Size ကြီး7 $ပါ။

လူအများစုက $3.00 နဲ့ $7.00 ဟာ ကွာခြားချက်ကြီးမားတဲ့အတွက် "ငါ သေးသေးလေးပဲ စားပါမယ်၊ ၇ ဒေါ်လာက များတယ်" ဆိုပြီး Size သေးကိုပဲ ရွေးတတ်ကြပါတယ်။

ဒါကို သိတဲ့ ဆိုင်ရှင်တွေက ကြားထဲမှာ Size အလတ် $6.50 ဆိုပြီး ငါးစာတစ်ခု ညှပ်ထည့်လိုက်ပါတယ်။

Size သေး: $3.00

Size အလတ် (Decoy): $6.50

Size ကြီး: $7.00

ဒီလို ၃ မျိုး ဖြစ်သွားတဲ့အခါ ဝယ်သူဟာ $6.50 တန် အလတ်ကို ကြည့်ပြီး ဟာ... ၅၀ ပြားပဲ ထပ်ပေးရင် Size အကြီးကြီး ရမှာပဲ၊ အကြီးကြီးဝယ်တာ ပိုတန်တယ် ဆိုပြီး $7.00 တန် Size ကြီးကိုပဲ တိုးဝှေ့ဝယ်ယူပါတော့တယ်။

တကယ်တော့ ဆိုင်က Size အလတ်ကို ရောင်းချင်လို့ မဟုတ်ပါဘူး ဝယ်သူတွေကို စျေးအကြီးဆုံး Size ကြီးကို ဝယ်မိသွားအောင် စိတ်ပညာနဲ့ လှည့်စားလိုက်တာ ဖြစ်ပါတယ်။

ကော်ဖီဆိုင်တွေမှာလည်း ဆိုဒ် သေး၊ လတ်၊ ကြီးဆိုပြီး စျေးနှုန်းတွေကို ဒေါ်လာပိုင်းလေးတွေပဲ ကွာအောင် တမင်ကပ်ထားတတ်တာဟာလည်း ဒီ Decoy Effect ကို သုံးပြီး စားသုံးသူတွေ ဆိုင်ထဲကို ဝင်ခါနီးက စိတ်ကူးထားတဲ့ စျေးနှုန်းထက် ပိုကြီးတဲ့ ပမာဏကို မဆင်ခြင်နိုင်ဘဲ ပေးခဲ့မိအောင် ဖန်တီးထားတဲ့ အရောင်းဗျူဟာ မှော်အတတ်တစ်ခုပဲ ဖြစ်ပါတယ်။

စားသောက်ဆိုင်ကြီးတွေဟာ စျေးအလွန်ကြီးတဲ့ ဟင်းပွဲတစ်ခုကို မီနူးရဲ့ အပေါ်ဆုံးမှာ တမင်ပြထားလေ့ရှိပါတယ်။

ရည်ရွယ်ချက်က အဲဒီဟင်းပွဲကို ရောင်းချင်လို့ မဟုတ်ပဲ သူ့အောက်က ဒုတိယစျေးအကြီးဆုံး ဟင်းပွဲတွေကို ကြည့်လိုက်တဲ့အခါ စားသုံးသူမျက်စိထဲမှာ စျေးသက်သာသွားသယောင် ခံစားရစေပြီး အလွယ်တကူ မှာမိသွားအောင် ကပ်ချောက်ဆွဲလိုက်တာပါ။

ဒါတင်မကသေးပါဘူး။ Money Illusion ဆိုတဲ့ ငွေကြေးဆိုင်ရာ ထင်ယောင်ထင်မှားဖြစ်မှုဆိုတာလဲရှိပါသေးတယ်။

⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️

Mysteries of the 99-Cent Store အရ $4.00 နဲ့ $3.99 ဟာ ၁ ပြားပဲ ကွာပေမယ့် ကျွန်တော်တို့ရဲ့ ဦးနှောက်က $3 ဝန်းကျင်ပဲဆိုပြီး ချက်ချင်း စျေးပေါတယ်လို့ မှတ်ယူလိုက်တာမျိုးဟာ ကိန်းဂဏန်းတွေက လူ့စိတ်ကို ကစားသွားတဲ့ နမူနာတွေပဲ ဖြစ်ပါတယ်။

Mysteries of the 99-Cent Store ဗျူဟာကို စီးပွါးရေးစိတ်ပညာမှာ Charm Pricing လို့သတ်မှတ်ကြပါတယ်။

ဒီ Psycho Selling ဗျူဟာ က စျေးကွက်ထဲမှာ အောင်မြင်မှုအရှိဆုံးနဲ့ စားသုံးသူတွေကို အမြဲတမ်းအနိုင်ရနေတဲ့ စိတ်ပညာအတတ်တစ်ခု ဖြစ်ပါတယ်။

ပစ္စည်းတစ်ခုကို $4.00 လို့ ရောင်းမယ့်အစား $3.99 လို့ ရေးပြီး ကပ်ထားလိုက်ရုံနဲ့တင် လူတွေဟာ ဘာဖြစ်လို့ မဆင်ခြင်နိုင်ဘဲ တိုးဝှေ့ဝယ်ယူကြသလဲဆိုတာကို စာရေးဆရာ William Poundstone ရဲ့ Priceless စာအုပ်ထဲမှာ သီအိုရီတွေ၊ လက်တွေ့စမ်းသပ်ချက် ဖြစ်ရပ်တွေနဲ့အတူ အကျယ်တဝံ့ ခွဲခြားရှင်းပြထားပါတယ်။

လူတွေက $3.99 နဲ့ $4.00 ဟာ ၁ ပြား (၁ ဆင့်) ပဲ ကွာတယ်ဆိုတာကို သင်္ချာနည်းအရ သိကြပါတယ်။

ဒါပေမဲ့ ဝယ်မယ်လို့ ဆုံးဖြတ်တဲ့အချိန်မှာတော့ ဦးနှောက်က ကျိုးကြောင်းဆီလျော်စွာ မတွက်ချက်တော့ပါဘူး။

ကျွန်တော်တို့ရဲ့ ဦးနှောက်ဟာ စာဖတ်တဲ့အခါ ဘယ်ဘက်ကနေ ညာဘက်ကို ဖတ်ရတဲ့ အလေ့အထရှိပါတယ်။ စျေးနှုန်းတစ်ခုကို မြင်လိုက်ရတဲ့အခါမှာလည်း ပထမဆုံးမြင်ရတဲ့ ဘယ်ဘက်အစွန်ဆုံးဂဏန်းကိုပဲ အဓိကမှတ်သားပြီး ချက်ချင်း အကဲဖြတ်ပစ်လိုက်တာပါ။

$3.99 လို့ မြင်လိုက်ရင် ဦးနှောက်က ညာဘက်က .၉၉ ကို လျစ်လျူရှုလိုက်ပြီး ဘယ်ဘက်က 3 ဆိုတဲ့ ဂဏန်းကိုပဲ အမိအရ ဖမ်းဆွဲလိုက်ပါတယ်။

အဲဒီအခါမှာ စိတ်ထဲမှာ $4 နီးပါးလို့ မတွေးတော့ဘဲ $3 ဝန်းကျင်ပဲရှိတာ၊ စျေးပေါတယ် လို့ ထင်ယောင်ထင်မှား ဖြစ်သွားတတ်ပါတယ်။ ဒါကိုပဲ စာအုပ်ထဲမှာ Selling the Money Illusion ~ ငွေကြေးဆိုင်ရာ ထင်ယောင်ထင်မှားဖြစ်မှုကို ရောင်းချခြင်း)
လို့ ခေါ်တာဖြစ်ပါတယ်။

ဒီ .၉၉ လှည့်ကွက်က တကယ်ပဲ အလုပ်ဖြစ်ရဲ့လားဆိုတာကို သက်သေပြဖို့အတွက် MIT တက္ကသိုလ်နဲ့ ချီကာဂိုတက္ကသိုလ်က သုတေသီတွေ ပူးပေါင်းပြီး ကမ္ဘာကျော် လက်တွေ့စမ်းသပ်ချက်တစ်ခု လုပ်ခဲ့ဖူးပါတယ်။

သူတို့ဟာ အမျိုးသမီးအင်္ကျီ ရောင်းတဲ့ နာမည်ကြီး အဝတ်အထည် ကုမ္ပဏီတစ်ခုနဲ့ ချိတ်ဆက်ပြီး Catalog စာအုပ်တွေထဲမှာ အင်္ကျီတစ်ထည်တည်းကိုပဲ စျေးနှုန်း ၃ မျိုး ခွဲပြီး တမင်ရိုက်နှိပ်ကာ ဝယ်သူတွေဆီ ပို့ခဲ့ပါတယ်။

အုပ်စု A ကို ပို့တဲ့စာအုပ်မှာ စျေးနှုန်းကို $34လို့ ပြထားတယ်။ အုပ်စု B ကို ပို့တဲ့စာအုပ်မှာ စျေးနှုန်းကို $39 လို့ ပြထားပါတယ်။

အုပ်စု C ကို ပို့တဲ့စာအုပ်မှာ စျေးနှုန်းကို $44 လို့ ပြထားပါတယ်။

ယုတ္တိဗေဒအရ စဉ်းစားရင် စျေးအသက်သာဆုံးဖြစ်တဲ့ $34 အင်္ကျီ ကအများဆုံး ရောင်းရရမှာ ဖြစ်ပါတယ်။**

ဒါပေမဲ့ အံ့သြစရာကောင်းတဲ့ ရလဒ်ထွက်လာတာကတော့ $39 နဲ့ ပြပြီး ရောင်းတဲ့အုပ်စုမှာ အင်္ကျီ တွေ အုန်းအုန်းကျွက်ကျွက်နဲ့ အရောင်းရဆုံး ဖြစ်သွားခဲ့တာပါပဲ။

စျေးပိုပေါတဲ့ $34 ထက် $39 က လူတွေကို ပိုပြီး ဝယ်ချင်စိတ် ဖြစ်ပေါ်စေခဲ့ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ လူ့ဦးနှောက်က 9 နဲ့ ဆုံးတဲ့ စျေးနှုန်းတွေကို မြင်ရင် ဒါဟာ ကုမ္ပဏီက အထူးစျေးလျှော့ပေးထားတဲ့ စျေးနှုန်း Discount Price ပဲလို့ အလိုလို ကောက်ချက်ချလိုက်ပြီး "ငါ အခုမဝယ်ရင် ရှုံးတော့မယ်" ဆိုတဲ့ စိတ်ကူးနဲ့ ဇွတ်ဝယ်မိသွားကြလို့ ဖြစ်ပါတယ်။

ဒီနေ့ခေတ်မှာလည်း 99-Cent Stores တွေတင်မကဘဲ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီကြီးတွေပါမကျန် ဒီဗျူဟာကို သုံးနေကြတုန်းပါပဲ။

Apple ဟာ သီချင်းတစ်ပုဒ်ကို ဝယ်ယူခွင့်ပေးတဲ့အခါဖြစ်ဖြစ်၊ Application တွေကို ရောင်းတဲ့အခါဖြစ်ဖြစ် $1.00 လို့ လုံးဝမသတ်မှတ်ဘဲ $0.99 လို့ သတ်မှတ်ခဲ့ပါတယ်။

လူတွေက ဒေါ်လာတစ်ရာ၊ ဒေါ်လာတစ်ထောင်ဖိုး ဝယ်ရင်သာ နှမြောကြပေမယ့် $0.99 ဆိုရင်တော့ တစ်ဒေါ်လာတောင် မပြည့်ပါဘူး ဆိုတဲ့ စိတ်နဲ့ ကလစ်တစ်ချက်နှိပ်ပြီး စက္ကန့်ပိုင်းအတွင်း လွယ်လွယ်ကူကူ ပိုက်ဆံဖြတ်ပြီး ဝယ်ယူပစ်လိုက်ကြပါတယ်။

ကုန်စုံဆိုင်ကြီးတွေမှာ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်တွေကို ၁ ကီလိုကို $10 လို့ မပြဘဲ $9.99 လို့ ပြထားတတ်ကြပါတယ်။

အလားတူ အမေရိကန်က ဓာတ်ဆီဆိုင်တွေမှာဆိုရင် ဆီတစ်ဂါလံကို $3.99 လို့ ပြထားရုံတင်မကဘဲ ညာဘက်အစွန်ဆုံးမှာ သာမန်မျက်စိနဲ့ သိပ်မမြင်ရတဲ့ 9 ပြား ဆိုတဲ့ ဂဏန်းလေးကိုပါ ထပ်ကပ်ပြီး ဝယ်သူတွေ ၃ ဒေါ်လာကျော်ပဲ ရှိသေးတယ် လို့ ထင်အောင် အဆုံးစွန်အထိ လှည့်စားလေ့ ရှိကြပါတယ်။

ပြောရရင်Mysteries of the 99-Cent Store ဆိုတာ ကျွန်တော်တို့ရဲ့ ဦးနှောက်ဟာ စျေးနှုန်းဂဏန်းတွေကို အစအဆုံး အာရုံမစိုက်နိုင်ဘဲ ပထမဆုံး မြင်လိုက်ရတဲ့ ဘယ်ဘက်ဂဏန်းတစ်ခုတည်းအပေါ်မှာပဲ အလျင်စလို ကျောက်ဆူးချပြီး ဆုံးဖြတ်တတ်တဲ့အတွက် ရောင်းသူတွေဘက်က အမြဲတမ်း အသုံးချလို့ရနေတဲ့ စိတ်ပညာ အားနည်းချက်တစ်ခုပဲ ဖြစ်ပါတယ်။

⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️

Luxury Brand တွေမှာလည်း Psycho Selling လှည့်ကွက်တွေရှိပါတယ်။ ကမ္ဘာ့အဆင့်မြင့် Brand တွေဖြစ်တဲ့ Prada တို့ Vuitton တို့ရဲ့ ဆိုင်တွေမှာလည်း Shilling for Prada ဗျူဟာအဖြစ် အကျယ်တဝံ့ သုံးစွဲကြပါတယ်။

သူတို့ဆိုင်တွေထဲ ဝင်လိုက်တာနဲ့ သိန်းရာချီတန်တဲ့ အလွန်စျေးကြီးတဲ့ လက်ကိုင်အိတ်ကြီးကို အမြင်သာဆုံးနေရာမှာ တမင်ပြထားတတ်ပါတယ်။

အဲဒီအိတ်ကြီးကို မြင်ပြီး စိတ်ထဲမှာ ကျောက်ဆူးစွဲသွားတဲ့ ဝယ်သူဟာ ဘေးက သောင်းဂဏန်းတန်တဲ့ ပိုက်ဆံအိတ်လေးတွေကို ကြည့်တဲ့အခါ အော်... စျေးသိပ်မကြီးပါလား ဆိုပြီး သာသာယာယာပဲ ပိုက်ဆံထုတ်ပေးခဲ့မိတော့တာပါ။

⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️

ဒါ့အပြင် စားသောက်ဆိုင်တွေမှာ လည်း The Free 72-Ounce Steak Case လိုမျိုး ဒီအသားတုံးကြီးကို ကုန်အောင်စားနိုင်ရင် အလကား Free ကျွေးမယ်ဆိုတဲ့ ကမ္ဘာကျော် အရောင်းမြှင့်တင်ရေး သမိုင်းကြောင်းတွေမှာလည်း လူတွေဟာ အလကားဆိုတဲ့ စကားလုံးနောက်ကို ဘယ်လိုရူးရူးမူးမူး လိုက်တတ်လဲဆိုတာသိနိုင်ပါတယ်။

ဒီဖြစ်ရပ်က အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ် မှာရှိတဲ့ The Big Texan Steak Ranch ဆိုတဲ့ စားသောက်ဆိုင်ကြီးကနေ စတင်ခဲ့တာပါ။

၁၉၆၀ ပြည့်လွန်နှစ်တွေမှာ ဆိုင်ရှင်ဖြစ်သူ RJ Lee ဟာ သူ့ဆိုင်ကို လာစားကြတဲ့ Cowboys ဘယ်လောက်အထိ အသားစားနိုင်လဲဆိုတာကို စမ်းသပ်ချင်ခဲ့ပါတယ်။

တစ်နေ့မှာ သူက Cowboys တွေကို ပြိုင်ပွဲတစ်ခု လုပ်ပေးခဲ့ပါတယ်။ စားပွဲပေါ်မှာ ၁ အောင်စစီရှိတဲ့ Steak အသားတုံးတွေကို တန်းစီချပေးပြီး ဗိုက်ပြည့်တဲ့အထိ စားခိုင်းတာပေါ့။

အဲဒီအထဲက Cowboys တစ်ယောက်ဟာ စုစုပေါင်း အသားတုံး ၇၂ အောင်စ အထိ ကုန်အောင် စားပြသွားခဲ့ပါတယ်။ ဒါဟာ သာမန်လူတစ်ယောက်ရဲ့ အစာအိမ်ဆံ့တာထက် ၄ ဆမက ပိုများတဲ့ ပမာဏကြီးပါ။

ဒီအခြေအနေကို မြင်လိုက်ရတဲ့ ဆိုင်ရှင် Lee ဟာ ပါးနပ်တဲ့ စျေးကွက်ဗျူဟာတစ်ခုကို ချက်ချင်း ထွင်လိုက်ပါတယ်။

အဲဒါကတော့ ဆိုင်ရဲ့ အမြဲတမ်း စိန်ခေါ်မှုအဖြစ် The 72-Oz Steak Challengeကို ကြေညာလိုက်တာပါပဲ။ စည်းကမ်းချက်ကတော့ အလွန်ရိုးရှင်းပါတယ်။

"ဘယ်သူမဆို ဒီ ၇၂ အောင်စ $ 72 တန် ရှိတဲ့ steak အသားတုံးကြီး ကို အချိန်အကန့်သတ်အတွင်း ကုန်အောင် စားနိုင်ရင် လုံးဝ အလကား free အဝကြိတ်ရမယ်။ ဒါပေမဲ့ မကုန်ရင်တော့ ပုံမှန်စျေးနှုန်း ကို အပြည့်အဝ ပေးဆောင်ရပါမယ်" တဲ့။

ဒီစိန်ခေါ်မှုဟာ ကြားလိုက်ရုံနဲ့တင် ဆိုင်အတွက် အရှုံးပေါ်မယ့်အလုပ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာတော့ ဆိုင်ကို သန်းကြွယ်သူဌေးဖြစ်စေခဲ့တဲ့ ဗျူဟာ ဖြစ်သွားပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ လူ့စိတ်ရဲ့ စိတ်ပညာအားနည်းချက်တွေကို အသုံးချသွားနိုင်လို့ ဖြစ်ပါတယ်။

The Power of "FREE" ဆိုတဲ့ အလကားရခြင်းရဲ့ဆွဲဆောင်မှုကြောင့် လူ့ဦးနှောက်ဟာ "အလကား" ဆိုတဲ့ စကားလုံးကို ကြားလိုက်ရရင် ယုတ္တိဗေဒတွေ အားလုံး ခေတ္တရပ်ဆိုင်းသွားတတ်ပါတယ်။

ကမ္ဘာကျော် အပြုအမူဆိုင်ရာ စီးပွားရေးပညာရှင် Dan Ariely ရဲ့ စမ်းသပ်ချက်တွေအရ လူတွေဟာ စျေးအလွန်ပေါတာ ကို ဝယ်ရတာထက် လုံးဝအလကားရတာ ကို တွေ့ရင် ပိုပြီး ဆင်ခြင်တုံတရား ကင်းမဲ့သွားတတ်ကြပါတယ်။

စားသုံးသူတွေဟာ မကုန်ရင် ပိုက်ဆံအများကြီး ပေးရမယ်ဆိုတဲ့ အရှုံးဘက်ကို မတွေးတော့ဘဲ "ငါ ကုန်အောင်စားနိုင်ရင် $72 တန်ကြီးကို အလကားရမှာပဲ" ဆိုတဲ့ အမြတ်ဘက်ကိုပဲ အာရုံရောက်သွားကြပါတယ်။

လူအများစုဟာ ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို တကယ်ရှိတာထက် ပိုတွက်တတ်ကြပါတယ်။ "ငါက အသားကြိုက်တာပဲ၊ 72 အောင်စလောက်ကတော့ အေးဆေးပါ" လို့ ထင်ပြီး ပြိုင်ပွဲဝင်ကြပါတယ်။

တကယ်တမ်း လက်တွေ့မှာတော့ ဝင်ပြိုင်တဲ့သူ ၈၅% ကျော်ဟာ မစားနိုင်ဘဲ ရှုံးနိမ့်ပြီး ဆိုင်ကို ပိုက်ဆံအပြည့် ပေးခဲ့ရပါတယ်။ ဆိုင်ဘက်က ဘယ်တော့မှ မရှုံးပါဘူး။

ဒီ ၇၂ အောင်စ Challenge ကို ဝင်ပြိုင်တဲ့သူတွေကို ဆိုင်အလယ်က စင်မြင့်ထက်မှာ တင်ပြီး နာရီအကြီးကြီးနဲ့ Countdown ပြပြီး ကျွေးတာပါ။

ဒါဟာ ဆိုင်အတွက် အလွန်ကောင်းတဲ့ Free Marketing ဖြစ်သွားပြီး ဆိုင်ထဲက တခြားပုံမှန်လာစားတဲ့ စားသုံးသူတွေကိုလည်း ဖျော်ဖြေရေးတစ်ခုလို ဆွဲဆောင်မှု ပေးနိုင်ခဲ့ပါတယ်။

ဒီ Case Study ကို အခြေခံပြီး ယနေ့ခေတ် စီးပွားရေးလုပ်ငန်းတွေမှာလည်း free ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ကျွန်တော်တို့ဆီက ပိုက်ဆံတွေကို နည်းမျိုးစုံနဲ့ နှိုက်ယူနေကြဆဲ ဖြစ်ပါတယ်။

Buffet ဆိုင်တွေက တစ်ခါပဲ ပေး၊ ကြိုက်သလောက် အဝစား ဆိုတဲ့ ပုံစံနဲ့ ဆွဲဆောင်တာ ဖြစ်ပါတယ်။ စားသုံးသူက "ငါ အများကြီး စားနိုင်ရင် ဆိုင်က ရှုံးပြီး ငါ မြတ်မှာပဲ" လို့ တွေးပြီး ဝင်စားကြပေမယ့် တကယ်တမ်း လူ့အစာအိမ်ရဲ့ သဘာဝအရ ဆိုင်သတ်မှတ်ထားတဲ့ ပမာဏထက် ကျော်လွန်အောင် မစားနိုင်ကြပါဘူး။

ဆိုင်တွေကတော့ စားသုံးသူတွေရဲ့ "အဝစားရမယ်" ဆိုတဲ့ စိတ်ကူးယဉ်မှုကို ရောင်းစားပြီး အမြတ်ကြီးကြီး ရနေတာ ဖြစ်ပါတယ်။

Buy 1 Get 1 Free ဗျူဟာကလဲအတော်ထိရောက်သတဲ့ဗျာ။

ပစ္စည်းတစ်ခုကို ၅၀% လျှော့စျေး နဲ့ ရောင်းရင် လူတွေက သိပ်မဝယ်ကြပါဘူး။ ဒါပေမဲ့ ၁ ခုဝယ်ရင် ၁ ခု အလကားပေးမယ် လို့ ပြောင်းပြောလိုက်တဲ့အခါ လူတွေဟာ မလိုအပ်ဘဲနဲ့ကို တိုးဝှေ့ဝယ်ယူကြပါတယ်။

တကယ်တော့ ပစ္စည်းနှစ်ခုစလုံးရဲ့ တန်ဖိုးကို ပထမတစ်ခုရဲ့ စျေးနှုန်းထဲမှာ တမင်မြှင့်ပြီး ပေါင်းထည့်ထားတာမျိုး ဖြစ်တတ်ပေမယ့် ဦးနှောက်က "အလကား" ဆိုတဲ့ စကားလုံးနောက်ကိုပဲ ကောက်ကောက်ပါအောင် လိုက်သွားမိတတ်ပါတယ်။

ပြောရရင် The Free 72-Ounce Steak Case ဟာ လူတွေဟာ စျေးနှုန်းတွေကို ကျိုးကြောင်းဆီလျော်စွာ တွက်ချက်ပြီး ဝယ်ယူတာ မဟုတ်ဘဲ "ငါတော့ အလကားရတော့မယ်၊ ငါတော့ မြတ်တော့မယ်" ဆိုတဲ့ စိတ်လှုပ်ရှားမှု လှည့်ကွက်တွေအပေါ်မှာပဲ အခြေခံပြီး ဆုံးဖြတ်ချက် ချတတ်ကြကြောင်း ပြသခဲ့တဲ့ အကောင်းဆုံး သာဓကတစ်ခုပဲ ဖြစ်ပါတယ်။

⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️

စိတ်ပညာရှင် Daniel Kahneman တို့ ဖော်ထုတ်ခဲ့တဲ့ Prospect Theory အရ လူတွေဟာ $10 မြတ်မယ့် အခွင့်အရေးထက် $10 ဆုံးရှုံးရမယ့် အခြေအနေ ကို နှစ်ဆမက ပိုကြောက်တတ်ကြပါတယ်။

ဒါကို အရိုးရှင်းဆုံး ပြောရရင် လူတွေရဲ့ ဦးနှောက်ဟာ တစ်ခုခုကို ရရှိလာတဲ့အခါ ခံစားရတဲ့ ပျော်ရွှင်မှုထက်၊ တန်ဖိုးတူညီတဲ့အရာတစ်ခုကို ဆုံးရှုံးလိုက်ရတဲ့အခါ ခံစားရတဲ့ နာကျင်မှုက နှစ်ဆမက ပိုပြင်းထန်တယ်ဆိုတဲ့ သဘောပါ။

ကိုယ့်ဆီမှာ ဒေါ်လာ ၁၀ တိုးလာလို့ ဝမ်းသာရတဲ့ စိတ်အရှိန်ထက် ရှိပြီးသား ဒေါ်လာ ၁၀ အိတ်ကပ်ထဲက ထွက်သွားလို့ စိတ်ညစ်ရတဲ့ ခံစားချက်က နှလုံးသားထဲမှာ နှစ်ဆမက ပိုပြီး အနာတရဖြစ်စေပါတယ်။

လူ့စိတ်ရဲ့ ဒီလို ယုတ္တိမရှိတဲ့ ပုံစံခွက်ကြီးကို ပိုပြီး ထင်သာမြင်သာရှိအောင် လက်တွေ့စမ်းသပ်ချက် ဖြစ်ရပ်တစ်ခုနဲ့ စာရေးသူကရှင်းပြထားပါတယ်။

စိတ်ပညာရှင် Daniel Kahneman တို့အဖွဲ့ဟာ လူတွေကို ဖိတ်ခေါ်ပြီး ရိုးရှင်းတဲ့ လောင်းကစားပွဲတစ်ခု ကစားမလားလို့ မေးခဲ့ပါတယ်။

စည်းကမ်းက အကြွေစေ့တစ်စေ့ကို ခေါင်း/ပန်း လှန်မယ်။ ပန်းကျရင်ကစားသူက ဒေါ်လာ ၁၀ ပေးရမယ်။ ခေါင်းကျရင်တော့ ကစားသူ က ဒေါ်လာ ၁၀ မြတ်မယ်။

ဒီပွဲမှာ နိုင်ခြေ ရှုံးခြေဟာ 50/50 တိတိဖြစ်သလို နိုင်ရင်ရမယ့်ပမာဏနဲ့ ရှုံးရင်ပေးရမယ့်ပမာဏကလည်း ဒေါ်လာ ၁၀ ချင်း အတူတူပါပဲ။

ဒါပေမဲ့ လူအများစုက ဒီပွဲကို မကစားဘူးလို့ ငြင်းပယ်ခဲ့ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခေါင်းကျလို့ ဒေါ်လာ ၁၀ နိုင်မယ့် ပျော်ရွှင်မှု မျှော်လင့်ချက်ထက်၊ ပန်းကျလို့ ဒေါ်လာ ၁၀ ဆုံးရှုံးသွားမယ့် နာကျင်မှု ကြောက်ရွံ့စိတ်က စိတ်ထဲမှာ ပိုကြီးစိုးနေလို့ပါ။

အဲဒီနောက်မှာ စမ်းသပ်သူတွေက မေးခွန်းကို နည်းနည်းပြင်လိုက်ပါတယ်။

"ကဲ... ဆုံးရှုံးရင်တော့ ဒေါ်လာ ၁၀ ပဲ၊ ဒါပေမဲ့ နိုင်ရင်တော့ ကစားသူကို ဒေါ်လာ ၂၀*ပေးမယ်။ ကစားမလားပေါ့။"

ဒီလိုမျိုး နိုင်ရင်ရမယ့် ဆုကြေးပမာဏကို နှစ်ဆ လောက်မြှင့်ပေးလိုက်တဲ့ အခါကျမှသာ လူတွေဟာ ဆုံးရှုံးရမယ့် ကြောက်စိတ်ကို ကျော်လွန်ပြီး ကစားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့ကြပါတယ်။

ဒါဟာ လူတွေရဲ့ စိတ်ထဲမှာ ဆုံးရှုံးမှုရဲ့ နာကျင်မှုကို တန်ပြန်ဖို့အတွက် အမြတ်က အနည်းဆုံး နှစ်ဆလောက် ပိုများနေရမယ်ဆိုတာကို သက်သေပြလိုက်တဲ့ သမိုင်းဝင်ဖြစ်ရပ်တစ်ခု ဖြစ်သွားပါတယ်။

စီးပွားရေးစျေးကွက်ထဲမှာ မားကတ်တင်းသမားတွေက ဒီ Loss Aversion လှည့်ကွက်ကို သုံးပြီး ကျွန်တော်တို့ဆီက ပိုက်ဆံကို နေ့တိုင်း ညှစ်ထုတ်နေကြပါတယ်။

Netflix, Spotify ပထမ ၁ လ အခမဲ့ စမ်းသုံးပါ" လို့ ဘာလို့ ပေးတာလဲဆိုရင် လူတွေက အလကားရလို့ သုံးရင်းနဲ့ အဲဒီပစ္စည်းကို ကိုယ့်အပိုင် လို့ စိတ်ထဲ သတ်မှတ်မိသွားပါတယ်။

၁ လ ပြည့်လို့ ပိုက်ဆံမပေးရင် ဖြတ်တော့မယ်ဆိုတဲ့အခါ ဦးနှောက်က "ငါ့ပစ္စည်းလေး ဆုံးရှုံးရတော့မယ်" ဆိုတဲ့ နာကျင်မှုကို မခံစားချင်တာကြောင့် မလိုအပ်ဘဲ လစဉ်ကြေး ဆက်ပေးပြီး ဝယ်ယူမိသွားတတ်ပါတယ်။

နောက်တခုကတော့ FOMO ဗျူဟာပါ။ စျေးဝယ်ဝဘ်ဆိုက်တွေမှာ "ဒီပစ္စည်းက စတော့ခ်မှာ ၃ ခုပဲ ကျန်ပါတော့တယ်….အထူးလျှော့စျေး မိနစ် ၃၀ သာ လိုပါတော့တယ်" ဆိုပြီး Countdown နာရီလေးတွေ ပြထားတတ်ပါတယ်။

ဒါဟာ ဝယ်သူကို အမြတ်ရမယ် လို့ ဆွဲဆောင်တာထက် မင်း အခုချက်ချင်းမဝယ်ရင် ဒီအခွင့်အရေးကြီး ဆုံးရှုံးသွားတော့မယ်ဆိုတဲ့ ကြောက်စိတ် ကို လှုံ့ဆော်ပြီး ပိုက်ဆံနှိုက်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။

Prospect Theory အရ လူဟာ အမြတ်ရဖို့ထက် ရှိပြီးသားအရာကို မဆုံးရှုံးရဖို့ကို ပိုပြီး အာရုံစိုက်တတ်တဲ့ သဘာဝရှိပါတယ်။

ဒါကြောင့် ကိုယ်တိုင် စျေးဝယ်တဲ့အခါဖြစ်ဖြစ် ဆုံးဖြတ်ချက်တစ်ခုခု ချရတော့မယ့်အခါဖြစ်ဖြစ် "ငါ တကယ်ပဲ လိုချင်လို့လား" ဒါမှမဟုတ် "ဆုံးရှုံးရမှာကို စိုးရိမ်စိတ်လွန်ကဲပြီး ဇွတ်လုပ်မိနေတာလား" ဆိုတာကို အမြဲ သတိချပ်သင့်ပါတယ်။

အဲဒီကြောက်စိတ်ကို အရောင်းဗျူဟာတွေက ဘယ်လိုမြှောက်ပင့် အသုံးချသွားလဲဆိုတာတွေကိုပါ ဒီစာအုပ်ထဲမှာ အကွက်စေ့စေ့ မြင်တွေ့နိုင်ပါတယ်။

ပြောရရင်တော့ စာရေးသူ William Poundstone Priceless စာအုပ်က ပုံမှန်စီးပွားရေးစာပေတွေလို ဖတ်ရတာ ပျင်းစရာမကောင်းဘဲ လက်တွေ့ကျတဲ့ ဇာတ်ကြောင်းတွေနဲ့ အလွန်အသက်ဝင်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။

ဒီစာအုပ်ကို ဖတ်ပြီးသွားရင် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ Marketing တွေအတွက် Customer တွေ ဝယ်ချင်စိတ်ရှိလာအောင် စျေးနှုန်းကို မဟာဗျူဟာမြောက် ဘယ်လိုသတ်မှတ်ရမလဲဆိုတဲ့ အိုင်ဒီယာတွေ ရရှိစေမှာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ကျွန်တော်တို့လို စားသုံးသူတွေအနေနဲ့ ကိုယ်တိုင်စျေးဝယ်တဲ့အခါ စီးပွားရေးသမားတွေရဲ့ စျေးနှုန်းလှည့်ကွက်တွေနောက်ကို မသိမသာ ပါမသွားအောင်၊ ပိုက်ဆံကို အသိဉာဏ်ရှိရှိနဲ့ ချင့်ချိန်သုံးစွဲတတ်အောင် သတိပေးခေါင်းလောင်းတီးပေးမယ့် အဖိုးတန်လက်စွဲစာအုပ်ကောင်းတစ်အုပ်အဖြစ် ညွှန်းဆိုပေးလိုက်ချင်ပါတယ်။

‼️Now Our Price ~ 33000 ks
🚫 Normal Price ~ 72000 ks

Pages ~ 336
Publisher ~ Hill and Wang Press

✨Instock Only Book ✨

The Prince Bookshop
Telegram Channel :

https://t.me/theprincebookshop

📜 Idiom စကားလုံးတွေ ဖြစ်ပေါ်လာပုံရဲ့မူရင်းသမိုင်းအကြောင်းအရင်းမြစ်တွေကို စုစည်းပေးထားတဲ့ ဝေါဟာရ သမိုင်း..Edit SoldOut As...
16/06/2026

📜 Idiom စကားလုံးတွေ ဖြစ်ပေါ်လာပုံရဲ့မူရင်းသမိုင်းအကြောင်းအရင်းမြစ်တွေကို စုစည်းပေးထားတဲ့ ဝေါဟာရ သမိုင်း..

Edit SoldOut

As Right as Rain
By Caroline Taggart

‼️Now Our Price ~ 42000 ks
🚫 Normal Price ~ 87000 ks

Pages ~ 224
Publisher ~ Michael O'Mara Books Press

✨Hardcover With Jacket Instock Only 1 Book✨

ကျွန်တော်တို့ နေ့စဉ် ပြောဆိုဆက်သွယ်နေတဲ့ ဘာသာစကားဆိုတာ တကယ်တော့ အသက်ရှိနေတဲ့ သတ္တဝါတစ်ကောင်လိုပါပဲ။

အချိန်နဲ့အမျှ ရှင်သန်ပြောင်းလဲနေပြီး လူသားတွေရဲ့ ဖြတ်သန်းမှုသမိုင်းကြောင်းတွေ၊ ဓလေ့ထုံးစံတွေကို သွေးသားထဲအထိ စုပ်ယူသိမ်းဆည်းထားတတ်ကြတာပါ။

ခက်တာက ကျွန်တော်တို့ဟာ နေ့စဉ်သုံး အင်္ဂလိပ်စကားတွေ၊ အသုံးအနှုန်းတွေကို နှုတ်ကျိုးနေလို့သာ သဘာဝအတိုင်း သုံးနေကြတာပါ။

အဲဒီစကားလုံးတွေ ဘယ်ကနေ ဘယ်လို စတင်ဆင်းသက်လာသလဲဆိုတဲ့ နောက်ခံသမိုင်းကြောင်းကိုကျ သတိမထားမိကြပါဘူး။

စကားလုံးတွေရဲ့ နောက်ကွယ်က သမိုင်းကြောင်းဟာ ဒီအတိုင်း ကောင်းကင်က ကျလာတာမဟုတ်ဘဲ လူသားတွေရဲ့ ရုန်းကန်လှုပ်ရှားမှုတွေ ရောပြွမ်းနေတာကို စာရေးဆရာမ Caroline Taggart က သူမရဲ့ As Right as Rain ဆိုတဲ့ စာအုပ်ထဲမှာ တူးဆွတင်ပြပေးထားပါတယ်။

ဒီစာအုပ်က ရိုးရိုးအဓိပ္ပာယ်ဖွင့်စာအုပ်မျိုးမဟုတ်ဘဲ ဘာသာဗေဒနဲ့ ဝေါဟာရသမိုင်းစာအုပ်ကောင်းတစ်အုပ်ပါ။

ဒီစာအုပ်ရဲ့ အဓိကထူးခြားချက်က စာရေးဆရာမရဲ့ ရေးဟန်ပါပဲ။ သမိုင်းကြောင်းတွေ၊ ဘာသာစကား ဆင်းသက်ပုံတွေကို ကျောင်းသုံးစာအုပ်တွေလို ခြောက်ကပ်ကပ်ကြီး မဟုတ်ဘဲ အချက်အလက်လည်းစုံနေရေးဖွဲ့ထားတာမို့ စာဖတ်သူကို ဆွဲဆောင်ထားနိုင်ပါတယ်။

စာအုပ်ရဲ့ ဖွဲ့စည်းပုံကို ကြည့်မယ်ဆိုရင်လည်း အက္ခရာစဉ်အလိုက် စနစ်တကျ စီစဉ်ပေးထားပါတယ်။

စိတ်ပျက်တာကို ဘာလို့ Cheesed off လို့ ပြောတာလဲ …ဟန်ဆောင်ငိုတာကို ဘာလို့ Crocodile tears မိကျောင်းမျက်ရည် လို့ သုံးတာလဲ စတဲ့ နေ့စဉ်သုံး Idioms ၊ Metaphors တင်စားချက်များရဲ့ ဇာစ်မြစ်ကို ရှာဖွေရလွယ်ကူအောင် ကိုးကားရလွယ်ကူတဲ့ ပုံစံမျိုးနဲ့ ပြင်ဆင်ပေးထားတာ တွေ့ရမှာပါ။

ဒီစာအုပ်ကို ဘာသာစကားသမိုင်း ရှုထောင့်ကနေ အပိုင်းလိုက် ခွဲခြားကြည့်မယ်ဆိုရင် ပထမဆုံး စိတ်ဝင်စားဖို့ကောင်းတာက ဗြိတိသျှတို့ရဲ့ ရေကြောင်းနဲ့ စစ်မက်သမိုင်းနောက်ခံကနေ ဆင်းသက်လာတဲ့ စကားလုံးတွေပါပဲ။

အင်္ဂလန်ဟာ တစ်ချိန်က ကမ္ဘာ့ပင်လယ်ပြင်ကို စိုးမိုးခဲ့တဲ့ ရေကြောင်းအင်အားကြီးနိုင်ငံ ဖြစ်ခဲ့တာမို့ သူတို့ရဲ့ သင်္ဘောသားတွေ သုံးနှုန်းခဲ့တဲ့ စကားတွေဟာ ဒီနေ့ခေတ်အထိ ကျန်ရစ်ခဲ့တာ မဆန်းပါဘူး။

To learn the ropes ဆိုတဲ့ စကားစုဟာ ရွက်လှေခေတ်က သင်္ဘောသားအသစ်လေးတွေ သင်္ဘောပေါ်ရောက်စမှာ ရွက်ဖျင်တဲ ကြိုးတွေကို ဘယ်လိုကိုင်တွယ် ထိန်းကျောင်းရမလဲဆိုတာကို အပင်ပန်းခံ စတင်သင်ယူရခြင်းကနေ ဆင်းသက်လာတာပါ။

ယနေ့ခေတ် လုပ်ငန်းခွင်မှာ အလုပ်တစ်ခုရဲ့ အခြေခံတွေကို လေ့လာရတဲ့ "အလုပ်သင်စနစ်" သဘောမျိုး ဖြစ်လာခဲ့ပါတယ်။

ဆက်လက်ပြီး With flying colours နဲ့ Show one's true colours ဆိုတဲ့ စကားစုတွေကလည်း တိုက်ပွဲဝင် သင်္ဘောတွေဟာ မိမိတို့နိုင်ငံရဲ့ အလံ ကို ရဲရဲဝံ့ဝံ့ လွှင့်ထူပြီး တိုက်ပွဲဝင်ရာကနေ၊ အောင်ပွဲခံပြီး အလံတလူလူနဲ့ ဆိပ်ကမ်းပြန်ဝင်လာတာကို အခြေခံကာ အောင်မြင်မှုကို တင်စားတဲ့စကား ဖြစ်လာခဲ့တာပါ။

အလားတူပဲ Three sheets to the wind
ဆိုရင်လည်း သင်္ဘောရွက်ကြိုးတွေ ပြေလျော့ပြီး လေထဲမှာ ဖရိုဖရဲ ယိမ်းထိုးနေတာကို အစွဲပြုပြီးဒီနေ့ခေတ်မှာ လမ်းမလျှောက်နိုင်အောင် မူးယစ်ရီဝေနေသူ ကို တင်စားပြောဆိုရာမှာ သုံးနှုန်းလာကြတာ ဖြစ်ပါတယ်။

ဒုတိယတစ်ချက်အနေနဲ့ လူမှုဘဝ၊ ရိုးရာဓလေ့နဲ့ စိုက်ပျိုးရေးသမိုင်း ဘက်ကို လှည့်ကြည့်ရင်လည်း ဘာသာစကားသမိုင်းဆင်းသက်လာပုံတွေကို ဒီစာအုပ်ထဲမှာလေ့လာနိုင်ပါတယ်။

To bury the hatchet ဆိုတဲ့ အသုံးအနှုန်းဟာ အမေရိကန် တိုင်းရင်းသား Red Indians မျိုးနွယ်စုတွေ စစ်ပွဲတွေ ပြီးဆုံးလို့ စစ်ပြေငြိမ်းတဲ့အခါ သူတို့ရဲ့ အဓိကလက်နက်ဖြစ်တဲ့ ပုဆိန် ကို မြေမြှုပ်ဖျောက်ဖျက်ပစ်လေ့ရှိတဲ့ ရိုးရာဓလေ့ကနေ ဆင်းသက်လာတာပါ။

အခုအခါမှာတော့ ရန်ငြိုးဖွဲ့မှုတွေကို အဆုံးသတ်လိုက်ပြီဆိုတဲ့ အဓိပ္ပာယ် ဖြစ်သွားခဲ့ပါတယ်။

နောက်ပြီး To bring home the bacon ဆိုတဲ့ စကားစုဟာလည်း ၁၁ ရာစု အင်္ဂလန်နိုင်ငံရဲ့ ကျေးလက်ဓလေ့တစ်ခုကနေ လာတာပါ။

အဲဒီခေတ်က တစ်နှစ်ပတ်လုံး ရန်တစ်ခါမျှမဖြစ်ဘဲ သင့်မြတ်အောင် နေထိုင်နိုင်တဲ့ လင်မယားကို ဝက်သားပြား ဆုပေးတဲ့ ရိုးရာပွဲတော်တွေကနေတစ်ဆင့် ခေတ်သစ်မှာတော့ "မိသားစုအတွက် ဝင်ငွေ၊ စားဝတ်နေရေး ရှာဖွေပေးနိုင်သူ" ဆိုတဲ့ အဓိပ္ပာယ်အဖြစ် ပြောင်းလဲအသုံးပြုလာကြပါတယ်။

အမေရိကန် တောလိုက်မုဆိုးတွေရဲ့ ဘဝကနေ ဆင်းသက်လာတဲ့ To bark up the wrong tree ဆိုတာကလည်း တောလိုက်ခွေးတွေက သားကောင်မရှိတော့တဲ့ သစ်ပင်အောက်မှာ အတင်းအော်ဟောင်နေတာကို မြင်ရာကနေ၊ အခုခေတ်မှာ လမ်းကြောင်းမှား၊ အတွေးမှားအတိုင်း လိုက်နေမိခြင်း ဆိုတဲ့ သမိုင်းဝင် တင်စားချက် ဖြစ်လာခဲ့တာပါ။

ဒါတင်မကသေးပါဘူး။ ပြဇာတ်နဲ့ စာပေသမိုင်း ထဲကနေ ရှေးရိုးစွဲကျန်ရစ်ခဲ့တဲ့ အသုံးအနှုန်းတွေကိုလည်း စာရေးသူက သေသေချာချာ ထောက်ပြထားပါသေးတယ်။

ပြဇာတ်လောကမှာ မင်းသား၊ မင်းသမီးတွေ စင်ပေါ်မတက်ခင် ကံကောင်းပါစေလို့ တိုက်ရိုက်ပြောရင် အယူအဆအရ ကံဆိုးတတ်တယ်လို့ ယုံကြည်ကြလို့ Break a leg ~ ခြေထောက်ပဲ ကျိုးပါစေ လို့ ဆုတောင်းပေးခဲ့ကြတဲ့ သမိုင်းကြောင်းရှိပါတယ်။

သမိုင်းအလွဲလေးတွေကို ပြင်ဆင်ပေးတဲ့ နေရာမှာလည်း What the dickens? ဆိုတဲ့ စကားစုကို လူအများက စာရေးဆရာကြီး Charles Dickens ကနေ လာတယ်လို့ ထင်မှတ်နေကြပေမယ့်…

တကယ်တော့ Shakespeare ခေတ်ကတည်းက မိစ္ဆာ/မာရ်နတ် ဆိုတဲ့ စကားလုံးနေရာမှာ လူယဉ်ကျေးလို လွှဲဖယ်သုံးနှုန်းခဲ့တဲ့ ရှေးဟောင်းသမိုင်းကြောင်း ရှိခဲ့တယ်ဆိုတာကို ရှင်းပြပေးထားပါတယ်။

To bite the bullet ဆိုတဲ့ Idiom ဖြစ်ပေါ်လာပုံကလဲအတော်အကြောင်းအရာသမိုင်းကြောင်းခိုင်မာပါတယ်။

ယနေ့ခေတ်မှာတော့ ဒီစကားစုကို မလွှဲမရှောင်သာဘဲ ခက်ခဲတဲ့အခြေအနေတစ်ခုကို ရင်ဆိုင်ကျော်ဖြတ်ရတော့မယ်ဆိုတဲ့နေရာမှာ သုံးကြပါတယ်။

ဒီအသုံးအနှုန်းရဲ့ မူလဇာစ်မြစ်ကတော့ ၁၉ ရာစု စစ်မြေပြင်က ဆေးကုသမှုသမိုင်းကနေ ဆင်းသက်လာတာပါ။

အဲဒီခေတ်တုန်းက အမေရိကန်ပြည်တွင်းစစ် လိုမျိုး စစ်ပွဲကြီးတွေမှာ သေနတ်ဒဏ်ရာရတဲ့ စစ်သားတွေကို အရေးပေါ် ခွဲစိတ်ကုသရတဲ့အခါ ယနေ့ခေတ်လို မေ့ဆေး သို့မဟုတ် အကိုက်အခဲပျောက်ဆေး ကောင်းကောင်းမွန်မွန် မထွန်းကားသေးပါဘူး။

အထူးသဖြင့် စစ်မြေပြင် ယာယီဆေးကုသဆောင်တွေမှာ ဆေးဝါးပြတ်လပ်တဲ့အခါ လက်မရွံ့စစ်သားတွေရဲ့ လက်မောင်း သို့မဟုတ် ခြေထောက်ကို အရှင်လတ်လတ် ဖြတ်တောက်ခွဲစိတ်ရတာမျိုးတွေ ရှိခဲ့ပါတယ်။

လူတစ်ယောက်ဟာ အလွန်အမင်း နာကျင်ရတဲ့အခါ အော်ဟစ်မိတာ၊ သတိလစ်မတတ် အံကြိတ်မိတာ သဘာဝပဲဖြစ်ပါတယ်။

အဲဒီလို အံကို ပြင်းပြင်းထန်ထန် ကြိတ်တဲ့အခါ မိမိရဲ့ လျှာကို ကိုက်မိပြီး ပြတ်သွားတာမျိုး မဖြစ်စေဖို့နဲ့ နာကျင်မှုကို တစ်နေရာမှာ အားစိုက်ပြီး အောင့်ခံနိုင်စေဖို့ ဆရာဝန်တွေက စစ်သားရဲ့ ပါးစပ်ထဲကို ခဲကျည်ဆန် တစ်ခု ကိုက်ခိုင်းထားလေ့ ရှိပါတယ်။

ခဲဟာ အနည်းငယ် ပျော့ပျောင်းတဲ့ သတ္တုဖြစ်လို့ သွားကျိုးမသွားစေဘဲ အားရပါးရ အံကြိတ်ခံနိုင်လို့ပါ။

စစ်သားတစ်ယောက်ဟာ ဒဏ်ရာကို အရှင်လတ်လတ် ခွဲစိတ်တာခံယူဖို့ ပါးစပ်ထဲ ကျည်ဆန်ကို ကိုက်လိုက်ပြီဆိုကတည်းက "အလွန်အမင်း နာကျင်ရမယ့်အရာကို သူ အံကြိတ်ခံဖို့ ဆုံးဖြတ်လိုက်ပြီ" ဆိုတဲ့ သဘောပါပဲ။

ဒါကို အစွဲပြုပြီး နောက်ပိုင်းမှာတော့ ဆေးပညာတင်မကဘဲ နေ့စဉ်ဘဝမှာပါ မနှစ်မြို့စရာကောင်းတဲ့၊ ခက်ခဲလွန်းတဲ့ ကိစ္စတစ်ခုကို သတ္တိရှိရှိ၊ အောင့်အီးသည်းခံပြီး ဇွဲနဲ့ ရင်ဆိုင်ကျော်ဖြတ်ခြင်းဆိုတဲ့ အဓိပ္ပာယ်အဖြစ် သုံးနှုန်းလာကြတာ ဖြစ်ပါတယ်။

Cold turkey ဆိုတဲ့ Idiom ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကလဲစိတ်ဝင်စားဖို့ကောင်းပါတယ်။

ဒီအသုံးအနှုန်းကိုတော့ အထူးသဖြင့် ဆေးလိပ်၊ အရက် နဲ့ မူးယစ်ဆေးဝါးစွဲနေသူတွေက တဖြည်းဖြည်း လျှော့ဖြတ်တာမျိုးမဟုတ်ဘဲ ဒီနေ့ကစပြီး လုံးဝ (လုံးဝ) အပြတ်ဖြတ်လိုက်ပြီ"ဆိုတဲ့ နေရာမှာ သုံးတာ ဖြစ်ပါတယ်။

စွဲလမ်းစေတဲ့အရာတစ်ခုခုကို ခန္ဓာကိုယ်က ချက်ချင်းမရတော့တဲ့အခါ Withdrawal Symptoms လို့ခေါ်တဲ့ ဆေးပြတ်တဲ့ ဒဏ်ကို ခံစားရပါတယ်။ အဲဒီလို ခံစားရတဲ့အခါ လူဟာ သွေးလှည့်ပတ်မှုတွေ ကမောက်ကမဖြစ်ပြီး အလွန်အမင်း ချမ်းတုန်လာတတ်ပါတယ်။

ဆေးပြတ်လို့ တစ်ကိုယ်လုံး ချမ်းတုန်ပြီး အသားတွေ တဆတ်ဆတ်တုန်လာတဲ့အခါ အရေပြားပေါ်က မွေးညင်းပေါက်တွေ ထောင်ထလာပြီး ဖုဖုထုထုနဲ့ ကြက်သီးထသလိုဖြစ်လာတတ်ပါတယ်။

အဲဒီ ပုံစံဟာ ရေခဲသေတ္တာထဲကနေ ထုတ်ထားတဲ့ချက်ပြုတ်ခြင်းမရှိသေးဘဲ အမွေးနုတ်ထားတဲ့ အေးစက်စက် ကြက်ဆင်ကောင် ရဲ့ အရေပြားနဲ့ တစ်ပုံစံတည်း တူနေလို့ နှိုင်းယှဉ်ခဲ့ကြတာပါ။

အခြားတစ်ဖက်မှာလည်း အမေရိကန် ယဉ်ကျေးမှုအရ အစားအသောက် ချက်ပြုတ်တဲ့အခါ အချိန်အများကြီးပေးပြီး ဟင်းအနှစ်တွေနဲ့ ချက်မနေဘဲ
ရေခဲသေတ္တာထဲက ကြက်ဆင်သားအေးကို ဒီအတိုင်း လှီးစားလိုက်တာဟာ အလွယ်ကူဆုံးနဲ့ အမြန်ဆုံး ဖြတ်လမ်းနည်းဖြစ်ပါတယ်။

ဒါကြောင့်တစ်ခုခုကို အချိန်ဆွဲမနေဘဲ ချက်ချင်းဗုန်းခနဲ ဖြတ်တောက်လိုက်ခြင်းကို Cold Turkeyလို့ တင်စားခေါ်ဝေါ်ရာကနေ ခေတ်သစ်လူမှုဘဝမှာ အသုံးများတဲ့ စကားစုတစ်ခု ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ပြောရရင်တော့ Caroline Taggart ရဲ့ As Right as Rain ဆိုတဲ့ စာအုပ်ဟာ စာလုံးအလှတွေနဲ့ အဓိပ္ပာယ်တွေကိုပဲ သာမန်ကာလျှံကာ ဖွင့်ပြထားတဲ့ စာအုပ်မျိုး မဟုတ်ပါဘူး။

အင်္ဂလိပ်စာလုံးတွေရဲ့ နောက်ကွယ်က လူသားတို့ရဲ့ ယဉ်ကျေးမှု၊ အတွေးအခေါ်နဲ့ သမိုင်းကြောင်းတွေ စုစည်းနေတဲ့ အချိန်ခရီးသွား ဘာသာစကားပြတိုက်ကြီးတစ်ခုလိုပါပဲ။

ဒါကြောင့် ဘာသာစကားရဲ့ အရင်းအမြစ်နဲ့ သမိုင်းကြောင်းတွေကို စိတ်ဝင်စားတဲ့ စာဖတ်သူတွေအနေနဲ့ မိမိတို့ရဲ့ စာအုပ်စင်ပေါ်မှာ မရှိမဖြစ် ဆောင်ထားသင့်တဲ့ သမိုင်းဝင် စာအုပ်ကောင်းတစ်အုပ်အဖြစ် ညွှန်းဆိုလိုက်ချင်ပါတယ်ဗျ။

The Prince Bookshop
Telegram Channel :

https://t.me/theprincebookshop

🔥88နှစ်သက်တမ်းရှိ စာအုပ်တအုပ်ပါ🔥⛓️💀 အာဏာရှင်များရဲ့စေတနာအရောင်ပြ ငရဲခန်းများကိုယ်ပိုင် အသိဉာဏ်ရှိတဲ့ လူသားတွေအဖြစ်ကနေ အစ...
15/06/2026

🔥88နှစ်သက်တမ်းရှိ စာအုပ်တအုပ်ပါ🔥

⛓️💀 အာဏာရှင်များရဲ့စေတနာအရောင်ပြ ငရဲခန်းများ

ကိုယ်ပိုင် အသိဉာဏ်ရှိတဲ့ လူသားတွေအဖြစ်ကနေ အစိုးရရဲ့ နိုင်ငံရေးစက်ရုံကြီးထဲမှာ အစားထိုးခံ ဝက်အူရစ်လေးတွေအဖြစ် တဖြည်းဖြည်း ချုန်းချုန်းကျ ပျက်သုဉ်းသွားခဲ့ရင်…..

Edit SoldOut

The Good Society
By Walter Lippmann

‼️Now Our Price ~ 59000 ks
🚫 Normal Price ~ 170000 ks

Pages ~ 402
Publisher ~ George Allen & Unwin Ltd Press

📜Publication Date ~ AD 1938

🔥88နှစ်သက်တမ်းရှိစာအုပ်တအုပ်ပါ🔥

✨မူရင်းဒဿနကျမ်းဖြစ်ပြီးတွေ့ရခဲတဲ့စာအုပ်ပါ။

လွန်ခဲ့တဲ့ ၁၉၃၇ ခုနှစ် ကမ္ဘာကြီးကို ဟစ်တလာနဲ့ စတာလင်တို့ရဲ့ အာဏာရှင်စနစ် မှောင်မိုက်မှုတွေ ဝါးမြိုနေချိန်မှာ နိုင်ငံရေးဒဿနပညာရှင် Walter Lippmann ဟာ ဒီကျမ်းကြီးကိုပြုစုခဲ့ပါတယ်။

ဒီစာအုပ်က သာမန် နိုင်ငံရေးဒဿနစာအုပ် မဟုတ်ဘူးဗျ။

ပြည်သူကောင်းစားဖို့ ငါတို့လုပ်ပေးမယ် ဆိုတဲ့ နိုင်ငံရေးသမားတွေရဲ့ စေတနာ အရောင်ပြထားတဲ့ ကတိကဝတ်တွေနောက်ကွယ်ကအမှောင်ခြမ်းဒဿနတွေပါ။

ပြည်သူ​တွေကို စက်ရုပ်တွေလို ချုပ်ကိုင်မယ့် မြေအောက်အမှောင်တိုက်ကြီး ရှိနေကြောင်း ဖွင့်ချထားတဲ့ နိုင်ငံရေးအမှောင် ဒဿနကျမ်းကြီးတစ်စောင်လို့ Political Philosophy လောကမှာထင်ရှားတဲ့စာအုပ်ပါ။

ဒီစာအုပ်ထဲက ဖော်ပြထားတဲ့ပထမဆုံး နိုင်ငံရေးအမှောင်ခြမ်းကတော့ သိုးရေခြုံထားတဲ့ စက်ယန္တရားတွေအကြောင်းပါ။

⚠️The Gods of the Machine

လူတွေက နည်းပညာတွေ တိုးတက်လာပြီးစက်မှုတော်လှန်ရေးကြီး ဖြစ်လာရင် လူသားတွေ ပိုမိုလွတ်လပ်ပြီး ချမ်းသာလာလိမ့်မယ်လို့ ထင်ခဲ့ကြတာပေါ့။

ဒါပေမဲ့ နိုင်ငံရေးဒဿနပညာရှင် Lippmann က ဒါကို စက်ယန္တရားတို့ရဲ့နတ်ဘုရားများလို့ ကင်ပွန်းတပ်ပြီး ဖွင့်ချခဲ့ပါတယ်။

နည်းပညာတိုးတက်မှုကို အကြောင်းပြပြီး အစိုးရတွေဟာ လူတွေရဲ့ လုပ်အားနဲ့ ဘဝကို စနစ်တကျ ပြန်လည်ချုပ်ကိုင်ဖို့ ကြိုးစားလာကြတာပါ။

သူက ဒါကို ရှေးခေတ်က သက်ဦးဆံပိုင်ဘုရင်စနစ်ဟောင်း တွေ လူတွေကို အုပ်ချုပ်ပုံမျိုးနဲ့ အတူတူပဲလို့ ဆိုပါတယ်။

နည်းပညာတွေ တိုးတက်လာတာက လူသားတွေကို ကယ်တင်ဖို့ မဟုတ်ဘဲ၊ အစိုးရက ကျွန်တော်တို့ကို ပိုပြီး စေ့စေ့စပ်စပ်နဲ့ သွေးအေးအေးလေး အမိန့်ပေး ချုပ်ကိုင်နိုင်ဖို့အတွက်ပဲ ဖြစ်နေခဲ့ရင်...

အဲဒီနည်းပညာတွေရဲ့အောက်မှာ ကျွန်တော်တို့အားလုံးဟာ ကိုယ်ပိုင်အသိဉာဏ်မဲ့ပြီး သူတို့ ကြိုးဆွဲရာကမယ့် စက်ရုပ်တွေအဖြစ် ပြောင်းလဲပစ်ခြင်း ခံရတော့မှာဖြစ်လို့ တကယ့်ကို ကြောက်ဖို့ကောင်းလှပါတယ်ဗျာ။

ယနေ့ခေတ် ဥပမာနဲ့ ကွက်ကွက်ကွင်းကွင်း မြင်အောင်ကြည့်ရအောင်ဗျ။ ကျွန်တော်တို့ ခေတ်သစ်လူ့အဖွဲ့အစည်းမှာ ဖုန်းတွေ၊ အင်တာနက်တွေ၊ AI တွေ ပေါ်လာတော့ ပိုလွတ်လပ်သွားပြီလို့ ထင်ရတာပေါ့။

ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ အစိုးရတွေနဲ့ နည်းပညာကုမ္ပဏီကြီးတွေဟာ အဲဒီစက်ယန္တရားတွေကို သုံးပြီး ကျွန်တော်တို့ ဘာကြိုက်လဲ၊ ဘာတွေးလဲ၊ ဘယ်သွားလဲဆိုတာကို ၂၄ နာရီပတ်လုံး သွေးအေးအေးနဲ့ စောင့်ကြည့်ထောက်လှမ်းနေကြတာပါ။

ဒါဟာ ရှေးခေတ်က ဘုရင်တွေ ဓားမိုးပြီး အုပ်ချုပ်တာထက် ပိုပြီးပါးနပ်ပြီး ပိုရက်စက်တဲ့ စက်မှုအမှောင်ခေတ် ရောက်သွားတာပါပဲ။

⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️

⚠️ Planning versus Democracy

ဒုတိယအချက်ကတော့ အကြောက်စရာအကောင်းဆုံးအပိုင်းဖြစ်တဲ့ စေတနာအရောင်ပြထားသော အကျဉ်းထောင်ပါ။

စာအုပ်ထဲမှာ Lippmann က A planned economy supposes a benevolent despotism လို့ အတိအလင်း ရေးထားပါတယ်။

ဆိုလိုတာက "မင်းတို့ကို ကောင်းစားစေချင်လို့ စီမံကိန်းတွေ ချပေးတာပါ" ဆိုတဲ့ စီးပွားရေးစီမံကိန်းတွေရဲ့ ကွယ်ရာမှာ စေတနာအရောင်ပြ အာဏာရှင်စနစ် ပုန်းကွယ်နေတာပါ။

တိုင်းပြည်ကောင်းဖို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ လူတွေရဲ့ ရွေးချယ်ပိုင်ခွင့်ကို အရှင်လတ်လတ် သတ်ပစ်လိုက်တာ ဖြစ်ပါတယ်။

အာဏာရှင်တွေဟာ သွေးစွန်းနေတဲ့ ဓားကို ကိုင်ပြီး လာတာမဟုတ်ဘူးဗျ။ သူတို့ဟာ 'မင်းတို့ စားဝတ်နေရေး ပြည့်စုံစေရမယ်' ဆိုတဲ့ စေတနာအယောင်ဆောင် ကတိကဝတ်တွေနဲ့ လှည့်စားပြီးမှ လူသားတွေကို သံခြေကျင်း ခတ်တတ်ကြတာပါ။

စဉ်းစားကြည့်ပါဦး။ စီးပွားရေးစီမံကိန်းတွေ ချမှတ်ပြီး နိုင်ငံတော်က အရာရာကို ထိန်းချုပ်လိုက်တဲ့အခါ မင်း ဘာအလုပ်လုပ်ရမယ်၊ ဘာဝယ်ရမယ်၊ ဘယ်လောက်ပဲ သုံးရမယ်ဆိုတာကို အစိုးရကပဲ အာဏာနဲ့ သတ်မှတ်ပေးပါတော့တယ်။

လူတွေကတော့ ဝမ်းဝရင်ပြီးရောဆိုပြီး သူတို့ရဲ့ အခြေခံလွတ်လပ်ခွင့်တွေကို အာဏာရှင်လက်ထဲ သွေးအေးအေးနဲ့ ထိုးအပ်လိုက်ကြတာပေါ့။

နောက်ဆုံးကျတော့မှ အဲဒီ စေတနာရွှေရည်စိမ်ထားတဲ့ စီမံကိန်းကြီးတွေက ကိုယ့်ကို လှောင်ပိတ်ထားတဲ့ မမြင်ရတဲ့ အကျဉ်းထောင်တံခါးတွေ ဖြစ်လာတာကို သိလိုက်ရတဲ့အချိန်မှာ အားလုံးနောက်ကျသွားခဲ့ပါပြီ။

⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️

⚠️The Wars of a Collectivist World

တတိယအချက်ကတော့ စုပေါင်းဝါဒရဲ့သွေးစွန်းနိဂုံးအကြောင်းပါ။

ဒီအပိုင်းမှာ စစ်ပွဲတွေအကြွင်းမဲ့ ပြန်လည်ရှင်သန်လာခြင်းအကြောင်းတွေကိုဆွေးနွေးထားပါတယ်။

လူတစ်ဦးချင်းစီရဲ့ အခွင့်အရေးကို ဖျောက်ပစ်ပြီး အများစုအတွက်၊ လူမျိုးစုအတွက်၊ နိုင်ငံတော်အတွက်ဆိုတဲ့ စုပေါင်းဝါဒ တွေ အထွတ်အထိပ် ရောက်လာတဲ့အခါ... နောက်ဆုံးမှာ ကမ္ဘာပျက်မယ့် စစ်ပွဲကြီးတွေဆီကိုပဲ ဦးတည်သွားတာကို ထောက်ပြထားတာပါ။

တစ်ဦးချင်းစီရဲ့ လွတ်လပ်ခွင့်ကို မြေမြှုပ်ပစ်ပြီး အများကောင်းစားရေး ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို ထူထောင်လိုက်တဲ့နေ့ဟာ... ကမ္ဘာကြီးကို သွေးလွှမ်းစေမယ့် ကမ္ဘာစစ်ကြီးတွေဆီကို ဦးတည်သွားစေတဲ့ နေ့ပဲ ဖြစ်တယ်ဆိုတာ သမိုင်းက သက်သေပြပြီးသားပါ။

ဥပမာအနေနဲ့ နာဇီဂျာမနီကိုပဲ ကြည့်ကြည့်၊ ဆိုဗီယက်စတာလင်ခေတ်ကိုပဲ ကြည့်ကြည့်ဗျာ။

"ငါတို့ အာရီယန်လူမျိုးစုကြီး ကြီးပွားဖို့" ဒါမှမဟုတ် "အလုပ်သမားလူတန်းစား ကမ္ဘာကြီးကို စိုးမိုးဖို့" ဆိုတဲ့ စုပေါင်းအော်ဟစ်သံတွေအောက်မှာ လူတစ်ဦးချင်းစီရဲ့ အသက်တွေ၊ ခံစားချက်တွေဟာ ဖုန်မှုန့်လို တန်ဖိုးမရှိ ဖြစ်သွားခဲ့ရပါတယ်။

အဲဒီဝါဒတွေရဲ့ နိဂုံးဟာ ဂျူးမျိုးတုံးသတ်ဖြတ်ပွဲတွေနဲ့ Gulag အကျဉ်းစခန်းတွေထဲက သွေးချောင်းစီးတဲ့ အလောင်းပုံကြီးတွေပဲ ဖြစ်ခဲ့ရပါတယ်ဗျာ။

⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️

⚠️The Degradation of Man

နောက်ဆုံး စတုတ္ထအချက်ကတော့ လူသားမျိုးနွယ်တဖြည်းဖြည်း ယုတ်လျော့ ပျက်သုဉ်းခြင်းအကြောင်းပါ။

ဒဿနဆရာကြီး Lippmann က ၁၉ ရာစုကတည်းက ပေါ်ပေါက်လာတဲ့ နိုင်ငံရေးဝါဒတွေကြောင့် လူသားတွေရဲ့ တန်ဖိုးဟာ ဘယ်လိုမျိုး အောက်ခြေအထိ ယုတ်လျော့ပျက်စီးသွားခဲ့ရလဲဆိုတာကို နာနာကျင်ကျင် ရေးပြထားပါတယ်။

လူဟာ ကိုယ်ပိုင်အသိဉာဏ်နဲ့ လွတ်လပ်တဲ့ သက်ရှိတစ်ယောက် မဟုတ်တော့ဘဲ နိုင်ငံတော် စက်ယန္တရားကြီး လည်ပတ်ဖို့အတွက် သုံးတဲ့ မရှိမဖြစ်တဲ့ ဝက်အူရစ်လေးတစ်လုံးဘဝကို ရောက်သွားရပုံ ဖြစ်ပါတယ်။

ဒီစာအုပ်ရဲ့ နိဂုံးကတော့ ကျောချမ်းစရာ ကောင်းလှပါတယ်။ ကျွန်တော်တို့ဟာ ကိုယ်ပိုင် အသိဉာဏ်ရှိတဲ့ လူသားတွေအဖြစ်ကနေ အစိုးရရဲ့ နိုင်ငံရေးစက်ရုံကြီးထဲမှာ အစားထိုးခံ ဝက်အူရစ်လေးတွေအဖြစ် တဖြည်းဖြည်း ချုန်းချုန်းကျ ပျက်သုဉ်းသွားခဲ့ရပုံကို သရုပ်ဖော်ထားတာပါ။

တကယ်လည်း ခေတ်သစ်နိုင်ငံတွေမှာ လူတစ်ယောက်ချင်းစီရဲ့ ဘဝဟာ နိုင်ငံတော်အတွက် ကုန်ထုတ်လုပ်မှု ကိန်းဂဏန်းတွေ၊ စစ်တိုက်ဖို့ စစ်သားဦးရေ စာရင်းတွေထက် မပိုတော့ပါဘူး။

လူတစ်ယောက် သေသွားရင် နောက်ဝက်အူရစ်တစ်လုံးနဲ့ အစားထိုးလိုက်ရုံပါပဲ။ အဲဒီလိုနဲ့ လူသားတွေရဲ့ မြင့်မြတ်တဲ့ ဝိညာဉ်နဲ့ လွတ်လပ်မှုတွေဟာ စနစ်ဆိုးကြီးရဲ့အောက်မှာ အစိမ်းလိုက် အဝါးခံလိုက်ရပြီး တဖြည်းဖြည်းနဲ့ ပျက်သုဉ်းသွားရတာ ဖြစ်ပါတယ်ဗျာ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒဿနဆရာကြီး Walter Lippmann က ၂၀ ရာစု ကမ္ဘာ့နိုင်ငံရေးလောကအပေါ် ဩဇာအရှိဆုံးနိုင်ငံရေးဒဿနပညာရှင်တင်မကဘဲ ပြိုင်ဘက်ကင်း သတင်းစာဆရာကြီး တစ်ဦးလည်း ဖြစ်ပါတယ်။

သူ့ရဲ့ အတွေးအခေါ်တွေက ဒီနေ့ခေတ်အထိ ကမ္ဘာ့နိုင်ငံရေး လမ်းကြောင်းတွေ၊ မီဒီယာနဲ့ လူထုဆက်ဆံရေး ဗျူဟာတွေမှာ သက်ရောက်မှု ရှိနေဆဲပါ။

Lippmann ကို ၁၈၈၉ ခုနှစ်မှာ နယူးယောက်မြို့က ဂျူးမိသားစုတစ်ခုကနေ မွေးဖွားခဲ့ပြီး ဟားဗတ်တက္ကသိုလ် မှာ ဒဿနပညာနဲ့ သမိုင်းဘာသာရပ်တွေကို လေ့လာခဲ့ပါတယ်။

သူဟာ ငယ်စဉ်ကတည်းက ဉာဏ်ကြီးရှင်တစ်ဦးဖြစ်ပြီး အမေရိကန်သမ္မတ Woodrow Wilson ရဲ့ စစ်ပြီးခေတ် ကမ္ဘာ့ငြိမ်းချမ်းရေး (၁၄) ချက်မူဝါဒကို ရေးဆွဲရာမှာတောင် နောက်ကွယ်ကနေ ပါဝင်ကူညီခဲ့ဖူးသူ ဖြစ်ပါတယ်။

သူ့ဘဝသက်တမ်းတစ်လျှောက်မှာ စာအုပ်ပေါင်းများစွာ ရေးသားခဲ့ပြီး Pulitzer ဆု ၂ ကြိမ်တိုင်တိုင် ရရှိခဲ့ပါတယ်။

🔴ခေတ်သစ်နိုင်ငံရေးမှာ ကျွန်တော်တို့ အမြဲသုံးနေတဲ့ Cold War ~ စစ်အေးတိုက်ပွဲ ဆိုတဲ့ စကားလုံးနဲ့ Stereotype ~?ပုံသေကားချပ် အတွေးအခေါ် ဆိုတဲ့ ဝေါဟာရတွေကို ကမ္ဘာသိအောင် ပထမဆုံး စတင်မိတ်ဆက်ပြီး သုံးစွဲခဲ့သူလည်း ဖြစ်ပါတယ်။

သူ့ရဲ့ ကမ္ဘာကျော် Good Society စာအုပ်ကြီးက အာဏာရှင်တွေရဲ့ စေတနာ အရောင်ပြ အယူအဆကြီးကို ခပ်နာနာလေး မေးခွန်းထုတ်ခဲ့ပါတယ်။

သာမန်ပြည်သူတွေဟာ ရှုပ်ထွေးပွေလီတဲ့ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး ဖြစ်ရပ်မှန်တွေကို အရှိကိုအရှိအတိုင်း မမြင်နိုင်ကြဘူးလို့ သူက ဆိုပါတယ်။

လူတွေဟာ မီဒီယာတွေ၊ အစိုးရတွေ ပုံဖော်ပေးလိုက်တဲ့ ခေါင်းထဲက စိတ်ကူးယဉ်ကမ္ဘာကိုပဲ အစစ်အမှန်လို့ ထင်ပြီး ဆုံးဖြတ်ချက် ချနေကြတာပါ။

ဒါကြောင့် ဒီမိုကရေစီမှာလည်း လူထုရဲ့ ထောက်ခံမှုဆိုတာ တကယ်တော့ အာဏာရှိသူတွေက မီဒီယာတွေကတစ်ဆင့် စနစ်တကျ ပုံသွင်းယူထားတဲ့ Manufactured Consent သဘောတူညီချက် မျှသာ ဖြစ်တယ်လို့ ဖွင့်ချခဲ့ပါတယ်။

လူထုဟာ မီဒီယာတွေရဲ့ လှည့်စားမှုကို ခံရလွယ်ကာတယ်။

ဒါကြောင့် Lippmann က တိုင်းပြည်ရဲ့ အရေးကြီးတဲ့ မူဝါဒတွေကို သာမန်လူထုရဲ့ စိတ်ခံစားချက်အတိုင်း မဆုံးဖြတ်ဘဲ၊ ဘက်မလိုက်တဲ့ အထူးပြုပညာရှင်အဖွဲ့အစည်းများ ကသာ အချက်အလက်အမှန်တွေကို ဆန်းစစ်ပြီး အစိုးရကို လမ်းညွှန်ပေးသင့်တယ်လို့ အကြံပြုခဲ့ပါတယ်။

ဖက်ဆစ်ဝါဒ၊ နာဇီဝါဒနဲ့ ကွန်မြူနစ်ဝါဒတွေ အားကောင်းနေတဲ့ အမှောင်ခေတ်ကြီးထဲမှာ သူဟာ The Good Society စာအုပ်ကို ရေးပြီး လူတစ်ဦးချင်းစီရဲ့ လွတ်လပ်ခွင့် နဲ့ ဥပဒေစိုးမိုးမှု ကို ပြန်လည် အသက်သွင်းခဲ့ပါတယ်။

နိုင်ငံတော်က အရာရာကို စီမံကိန်းချပြီး ထိန်းချုပ်တဲ့ စုပေါင်းဝါဒ တွေဟာ နောက်ဆုံးမှာ လူသားတွေကို စက်ရုပ်လို ချုပ်ကိုင်မယ့် အာဏာရှင်စနစ်ဆီပဲ ဦးတည်သွားလိမ့်မယ်လို့ သွေးအေးအေးနဲ့ သတိပေးခဲ့တာ ဖြစ်ပါတယ်။

ဆိုတော့ကာ Walter Lippmann ဟာ သာမန် စာအုပ်ကြီးသမား ဒဿနဆရာ မဟုတ်ပါဘူး။

သူက လက်တွေ့နိုင်ငံရေးရဲ့ အတွင်းရေးတွေကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရတဲ့ သတင်းစာဆရာတစ်ဦးပါ။

ဒါကြောင့်သူ့ရဲ့ ဒဿနတွေဟာ လက်တွေ့ကျကျ နဲ့ လူ့သဘာဝရဲ့ ရက်စက်တဲ့အမှောင်ခြမ်းကို ကွက်ကွင်းအောင် မြင်နိုင်စွမ်းရှိတဲ့ ဒဿနများဖြစ်နေတာပဲ ဖြစ်ပါတယ်ဗျာ။

⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️

ဒဿနဆရာကြီး Walter Lippmann ရဲ့ The Good Society စာအုပ် ထွက်လာတဲ့အခါ ကမ္ဘာ့နိုင်ငံရေးနဲ့ စီးပွါးရေးပညာရှင်တွေကြားထဲမှာအတော် အုတ်အော်သောင်းနင်းဖြစ်သွားခဲ့ဖူးပါတယ်။

ဒီစာအုပ်ဟာ သာမန်စာအုပ်တစ်အုပ်လို ဖတ်ပြီး မေ့ပျောက်သွားတာမျိုး မဟုတ်ဘဲ ကမ္ဘာ့သမိုင်းကို ပြောင်းလဲပစ်မယ့် ဝါဒအသစ်တစ်ခုကို မွေးဖွားပေးလိုက်တဲ့အထိ ဂယိုက်ထသွားခဲ့တာပါ။

Lippmann ဟာ ငယ်စဉ်က ဆိုရှယ်လစ်အတွေးအခေါ်ရှိသူ ခေတ်သစ် အမေရိကန် လစ်ဘရယ်ဝါဒီတစ်ဦး ဖြစ်ခဲ့ဖူးပါတယ်။

ဒါပေမဲ့ ဒီစာအုပ်ထဲမှာ သူက ဆိုရှယ်လစ်စနစ်၊ ကွန်မြူနစ်စနစ်နဲ့ အစိုးရက အရာရာကို ကြိုးကိုင်တဲ့ စီးပွားရေးစီမံကိန်း တွေဟာ နောက်ဆုံးမှာ အာဏာရှင်စနစ်ဆီပဲ သွားလိမ့်မယ်လို့ ဒုန်းတိတိကြီး ဝေဖန်လိုက်ပါတယ်။

ဒီအခါမှာ သူ့ရဲ့ မိတ်ဆွေဟောင်း ဆိုရှယ်လစ်ဝါဒီတွေ၊ Franklin D. Roosevelt သမ္မတရဲ့ New Deal မူဝါဒကို ထောက်ခံသူတွေက ဒေါသတကြီး တုံ့ပြန်ခဲ့ကြပါတယ်။

သူတို့က Lippmann ကို အများကောင်းစားရေးကို ကျောခိုင်းပြီး အရင်းရှင်စနစ်ဟောင်း ဘက်ကို ကူးပြောင်းသွားတဲ့ သစ္စာဖောက်ကြီး ဆိုပြီး သတင်းစာတွေ၊ စာစောင်တွေမှာ ဝိုင်းဝန်း တိုက်ခိုက်ခဲ့ကြလို့ စာပေလောကမှာ အကြီးအကျယ် အခြေအတင် ဖြစ်ခဲ့ရပါတယ်။

The Good Society စာအုပ်ရဲ့ ရိုက်ခတ်မှုဟာ အမေရိကန်တင်မကဘဲ ဥရောပအထိ ကူးစက်သွားပါတယ်။

စာအုပ်ထွက်ပြီး နောက်တစ်နှစ် ၁၉၃၈ ခုနှစ်၊ ဩဂုတ်လ မှာ ပြင်သစ်ဒဿနပညာရှင် Louis Rougier က ကမ္ဘာ့ထိပ်သီး ပညာရှင်တွေကို ပဲရစ်မြို့မှာ ဖိတ်ခေါ်ပြီး စာအုပ်ကို အခြေခံတဲ့ Colloque Walter Lippmann ညီလာခံ ကြီးကို သီးသန့် ကျင်းပပေးခဲ့ရပါတယ်။

အဲဒီညီလာခံကို Friedrich Hayek, Ludwig von Mises, Raymond Aron စတဲ့ ကမ္ဘာကျော် ဘောဂဗေဒပညာရှင်နဲ့ တွေးခေါ်ရှင်ပေါင်း ၂၆ ဦး တက်ရောက်ခဲ့ကြပါတယ်။

စာအုပ်ပါ အယူအဆတွေအပေါ် မူတည်ပြီး "အစိုးရကလည်း အကုန်လုံး ဝင်မရှုပ်ရ၊ လုံးဝလွှတ်ထားတဲ့ အရင်းရှင်စနစ်ဟောင်းလည်း မဟုတ်တဲ့ လမ်းစဉ်သစ်တစ်ခု" ကို သူတို့ အပြင်းအထန် ဆွေးနွေးခဲ့ကြပါတယ်။

ဒီစာအုပ်ကြောင့် ဖြစ်လာတဲ့ အုတ်အော်သောင်းနင်း ဆွေးနွေးပွဲကြီးကနေ ကမ္ဘာ့သမိုင်းကို ဒီနေ့ခေတ်အထိ လွှမ်းမိုးနေတဲ့ နီယိုလစ်ဘရယ်ဝါဒ / လစ်ဘရယ်ဝါဒသစ် ဆိုတဲ့ ဝေါဟာရကို ဂျာမန်ပညာရှင် Alexander Rüstow က စတင် အကြံပြု မွေးဖွားပေးခဲ့ပါတယ်။

ဒါတင်မကဘဲ အဲဒီညီလာခံရဲ့ ဂယက် ဟာ ဒုတိယကမ္ဘာစစ်အပြီးမှာ ကမ္ဘာ့စီးပွားရေးမူဝါဒတွေကို ချုပ်ကိုင်ခဲ့တဲ့ မဟာဗျူဟာမြောက် Mont Pelerin Societyအဖွဲ့ကြီး ပေါ်ပေါက်လာဖို့အတွက်ပါ အဓိက အုတ်မြစ် ဖြစ်သွားခဲ့ပါတယ်။

ပြောရရင် The Good Society စာအုပ် ထွက်လာချိန်မှာ လက်ဝဲဝါဒီတွေက ဆဲဆိုပြစ်တင်ခဲ့ကြသလို လက်ယာလွတ်လပ်ခွင့်သမားတွေကတော့ Burke, Adam Smith နဲ့ John Stuart Mill တို့ရဲ့ စာအုပ်တွေနဲ့အပြိုင် သမိုင်းဝင်စာအုပ်ကြီး ဆိုပြီး အမွှမ်းတင် ကြိုဆိုခဲ့ကြပါတယ်။

ဒီလို လားရာဆန့်ကျင်ဘက် အမြင်တွေကြားထဲမှာ စာအုပ်ဟာ ကမ္ဘာ့စီးပွားရေးစနစ်သစ် Neoliberalism ကို မွေးဖွားပေးခဲ့တဲ့အထိ အုတ်အော်သောင်းနင်း လှုပ်ခတ်သွားခဲ့တာ ဖြစ်ပါတယ်ဗျာ။

⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️

The Good Society စာအုပ်ဟာ ခေတ်ပြိုင်နိုင်ငံရေး စာအုပ်တွေကြားထဲမှာ ဆန်းသစ်ပြီး ထူးခြားတဲ့ ဝိသေသတွေ အများကြီး ရှိနေပါသေးတယ်။

Lippmann ဟာ သာမန် ပညာရှင်တွေလို သီအိုရီသက်သက်ကိုပဲ မီးမောင်းထိုးပြခဲ့တာ မဟုတ်ပါဘူး။

ဒီစာအုပ်ရဲ့ အထူးခြားဆုံးအချက်က ဘယ်ဘက်က တော်လှန်ရေးသမားကိုမှ မျက်နှာသာမပေးတာပါပဲ။

Lippmann ဟာ လက်ဝဲခြမ်း က ကွန်မြူနစ်ဝါဒ၊ ဆိုရှယ်လစ်ဝါဒ တွေကို အာဏာရှင်စနစ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သလိုပဲ...

တစ်ဖက်မှာလည်း ဟစ်တလာရဲ့ နာဇီဝါဒ၊ မူဆိုလီနီရဲ့ ဖက်ဆစ်ဝါဒ စတဲ့ လက်ယာစွန်းခြမ်း တွေကိုလည်း စုပေါင်းဝါဒ Collectivism ဆိုတဲ့ ခေါင်းစဉ်တစ်ခုတည်းအောက် သွတ်သွင်းပြီး တစ်ပြိုင်တည်း မီးရှို့ပြခဲ့တာပါ။

ဝါဒနှစ်ခုစလုံးဟာ လူတစ်ဦးချင်းစီရဲ့ လွတ်လပ်ခွင့်ကို သတ်ဖြတ်တဲ့နေရာမှာ အတူတူပဲလို့ ဆိုခဲ့ပါတယ်။

ဒီစာအုပ်ဟာ စီးပွားရေးနဲ့ နိုင်ငံရေးဒဿနတင်မကဘဲ ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒအပေါ်မှာပါ အကြီးအကျယ် သက်ရောက်မှု ရှိခဲ့ပါတယ်။

စစ်ပြီးခေတ်မှာ ကမ္ဘာကြီးကို ကွန်မြူနစ်အန္တရာယ်ကနေ ဘယ်လိုကာကွယ်မလဲ ဆိုတဲ့ မဟာဗျူဟာတွေ ချမှတ်တဲ့အခါ၊ အမေရိကန် သံတမန်တွေနဲ့ ပညာရှင်တွေဟာ Lippmann ရဲ့ ဒီစာအုပ်ပါ အယူအဆတွေကို အဓိက ကိုးကားပြီး အမှောင်ဝါဒတွေကို တိုက်ဖျက်ဖို့ လမ်းစဉ်တွေကို ဆွဲသားခဲ့ကြတာ ဖြစ်ပါတယ်။

Lippmann က စာအုပ်ရဲ့ နောက်ဆုံးပိုင်းတွေမှာ The Higher Law အကြောင်းကို ထည့်သွင်းဆွေးနွေးထားပါတယ်။

အစိုးရတစ်ရပ်ဟာ လူထုဆန္ဒနဲ့ တက်လာတာပဲဖြစ်ဖြစ်၊ အာဏာသိမ်းတက်လာတာပဲဖြစ်ဖြစ်... လူသားတွေရဲ့ မွေးရာပါ အခြေခံအခွင့်အရေးတွေကို ချိုးဖောက်ခွင့်မရှိ့ပါဘူး။

အစိုးရရဲ့ အထက်မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပိုမိုမြင့်မားတဲ့ ဥပဒေသတွေ ရှိရမယ်လို့ ဆိုပါတယ်။

ဒါဟာ ခေတ်သစ် လူ့အခွင့်အရေးကြေညာစာတမ်းတွေအတွက် အရေးကြီးတဲ့ အတွေးအခေါ်အုတ်မြစ် ဖြစ်လာခဲ့ပါတယ်။

ရှေးခေတ် လစ်ဘရယ်ဝါဒီတွေက "အစိုးရက ဘာမှဝင်မလုပ်ဘဲ လွှတ်ထားပေးတာဟာ လွတ်လပ်ခွင့်လို့ ယူဆခဲ့ကြပါတယ်။

ဒါပေမဲ့ Lippmann က ဒီစာအုပ်မှာ ထူးခြားတဲ့ အမြင်သစ်ကို တင်ပြခဲ့ပါတယ်။ သူက "အစိုးရက လုံးဝလွှတ်ထားရင် အင်အားကြီးတဲ့ အရင်းရှင်တွေက အင်အားနည်းတဲ့ အလုပ်သမားတွေကို ဖိနှိပ်လိမ့်မယ်….

ဒါကြောင့် စစ်မှန်တဲ့ လွတ်လပ်ခွင့်ရဖို့ဆိုရင် အစိုးရဟာ ဒိုင်လူကြီးတစ်ယောက်လို ဥပဒေစိုးမိုးမှုကို တရားမျှတအောင် ထိန်းကျောင်းပေးရမယ်" လို့ ဆိုခဲ့ပါတယ်။

ဒီ The Good Society စာအုပ်ရဲ့ အဖွင့်စာမျက်နှာ မှာ ကမ္ဘာကျော် စာဆိုကြီး John Milton ရဲ့ ကဗျာတစ်ပုဒ်ကို ကောက်နုတ်ကိုးကားထားတာ တွေ့ရပါလိမ့်မယ်။

အဲဒီကဗျာက "လူတွေဟာ ပင်ပန်းဆင်းရဲခံပြီး ရုန်းကန်ရမယ့် လွတ်လပ်မှု ထက်... ချောင်ချောင်ချိချိနဲ့ နေရမယ့် ကျွန်ပြုခံရခြင်း ကို ပိုပြီး မြတ်နိုးတတ်ကြတယ်"ဆိုတဲ့ အချက်ပါ။

ဒါဟာ Lippmann တစ်ယောက် ဒီစာအုပ်ကြီးတစ်အုပ်လုံးမှာ လူသားတွေကို ဘယ်လောက်အထိ သတိပေးချင်နေလဲဆိုတဲ့ ပြင်းပြတဲ့ စေတနာနဲ့ အမှောင်ဒဿနရဲ့ အနှစ်သာရကို စာအုပ်မစခင်ကတည်းက သရုပ်ဖော်ထားတာ ဖြစ်ပါတယ်ဗျာ။

The Prince Bookshop
Telegram Channel :

https://t.me/theprincebookshop

Address

Yangon

Telephone

+46771753291

Website

Alerts

Be the first to know and let us send you an email when The Prince posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category