Mechiko Beauty collection

Mechiko Beauty collection ဘုရား တရား သံဃာ🙏

17/10/2025

အမျိုးသမီးတွေကိုယ်တိုင်ဂရုစိုက်မှု❤❣

10/06/2023

Serumလိမ်းရင်Mositureမဖြစ်မနေလိမ်းပေးရမယ်နော်ချစ်တို့❤❣

09/06/2023

📌📌မိုးတွင်းရောက်ပြီ🌧🌧

Skincare တွေကိုဘယ်အချိန်မှာလိမ်းရမလဲ🤔
06/06/2023

Skincare တွေကိုဘယ်အချိန်မှာလိမ်းရမလဲ🤔

Skincare ကို ဘယ်အချိန်တွေမှာ လိမ်းရမလဲ❓

ဒီမေးခွန်းက Nyi အပါအဝင် skincare သုံးတဲ့သူတော်တော်များများ ကြုံ‌ရလေ့ရှိတဲ့ အခက်အခဲတခုဖြစ်မယ်ထင်တယ်။ တခါတလေ ကြုံရတယ်လေနော်၊ ကိုယ်က ဘယ်အချိန်မှာတော့ ရေချိုးမယ်၊ ရေချိုးရင်း မျက်နှာတခါတည်းပဲ သစ်လိုက်ရမလား? ဒါမှမဟုတ် ညအိပ်ခါနီးမှ သစ်ရမလား? စသဖြင့်ပေါ့။ အရေးမကြီးဘူးထင်ရပေမဲ့ လူအများစုကြုံနေရတဲ့ practical ဆန်သော မေးခွန်းလေးတခုပါ။ လိုအပ်မယ်ထင်လို့ Nyi ဒီအကြောင်းလေး လက်လှမ်းမှီသလောက် ပြောပြချင်ပါတယ်🤗

ဆိုတော့ Nyi တို့ morning routine ကနေ စပြောရရင်...

မနက်အိပ်ရာနိုးတဲ့အခါ မျက်နှာသစ်ပြီး skincare လိမ်းကြတယ်ပေါ့။ ကိုယ်က မနက်မှာ ရေချိုးတတ်တဲ့သူဆိုရင် ရေချိုးရင်းနဲ့မှ မျက်နှာတခါတည်းသစ်လိုက်လို့ရတယ်။ ပြီးမှ လိမ်းစရာရှိတာ လိမ်းလိုက်လို့ရတယ်ပေါ့နော်။ အကယ်၍ မနက်ခင်းမှာတော့ ရေချိုးလေ့ရှိတယ်၊ ဒါပေမဲ့ 10နာရီလောက်မှဆိုရင်တော့ Nyi တို့ အဲ့အချိန်ကြီးထိ မျက်နှာမသစ်ဘဲနေလို့တော့ အဆင်မပြေဘူးပေါ့နော်။ နောက်ပြီး အရေးကြီးတဲ့ sunscreen လဲ လိမ်းရဦးမှာပေါ့။ အဲ့ဒါဆိုရင် ဘယ်လိုလုပ်လို့ရမလဲဆိုတော့ မနက်အိပ်ရာထမှာ မျက်နှာသစ်လိုက်ပြီးတော့ လိမ်းစရာရှိတာလိမ်းမယ်၊ 10နာရီရေချိုးတဲ့အခါကျတော့ မျက်နှာသစ်ပြန်မသုံးတော့ဘဲ ပြီးတဲ့အခါမှ sunscreen လေးပဲ ပြန်လိမ်းပေးလိုက်မယ်။ အရေးကြီးတာက Nyi တို့ညဘက်မှာ double cleansing လုပ်မှာဖြစ်တဲ့အတွက် morning routine မှာ cleanser ကို 2ကြိမ်မသုံးမိဖို့ပါ။ တကယ်လို့ တနေကုန် sunscreen reapply လုပ်မယ်ဆိုရင်လဲ မျက်နှာကို tissue လေးနဲ့ပဲသုတ်ပြီး လိမ်းပေးသင့်ပါတယ်။ မျက်နှာပြန်သစ်ဖို့ လုံးဝမလိုအပ်ဘူးနော်။

ညဘက် skincare ဖို့အတွက်တော့...

အပေါ်မှာပြောခဲ့သလို ကိုယ်က ညနေ 5,6နာရီလောက်ဆို ရေချိုးလေ့ရှိတယ်၊ အဲ့တော့ ရေချိုးရင်းပဲ တခါတည်းမျက်နှာသစ်လိုက်ပြီး ပြီးတဲ့အခါမှ night time skincare routine စလိုက်ရတော့မလားဆိုရင် it depends on you လို့ Nyi ကတော့ ဖြေချင်တယ်။ ဘာလို့လဲဆိုရင် night routine မှာ sunscreen မပါဘူးမလား? ညနေ 5,6နာရီလောက်ဆို ခုလိုအချိန်မျိုးမှာ နေကထွက်ကောင်းတုံးလေ၊ ကိုယ်က ရေချိုးပြီး အပြင်လျှောက်ပတ်အုံးမှာဆို sunscreen လိမ်းပေးဖို့ Nyi ကတော့ မှာချင်တယ်။ အဲ့တော့ ဘယ်လိုတွေလိမ်းရမှာလဲလို့ မေးလာခဲ့ရင် ထုံးစံအတိုင်း ရေချိုးတဲ့အခါ မျက်နှာသစ်မသုံးဘဲ ပြီးသွားတဲ့အခါကျမှ sunscreen လိမ်းပေးလိုက်ရုံပဲပေါ့နော်။ ညအိပ်ရာဝင်ခါနီးကျမှ double cleansing လုပ်ပြီး night time skincare routine ကို အကျအနလုပ်ပေးပေါ့။ Nyi အနေနဲ့ကတော့ အပြင်လျှောက်သွားလာ မျက်နှာပေါ်ဖုန်တင်ပြီး ဒီအတိုင်းဝင်အိပ်တာထက်စာရင် အိပ်ခါနီးမှ မျက်နှာသစ်တာမျိုး ပိုသဘောကျပါတယ်။ မအိပ်ခင် 1နာရီလောက်တော့ ကြိုလိမ်းပေးသင့်တယ်နော်။

အရေးကြီးဆုံးပြောချင်တာကတော့ နေ့ခင်းဘက်မှာ sunscreen ကို skip မလုပ်ဖို့နဲ့ မျက်နှာသစ်နဲ့ တရက်ကို 2ကြိမ်ထက်ပိုပြီး မသစ်ဖို့ပါပဲ။ ကျန်တာက ကိုယ့်ရဲ့ daily routine ပေါ်လိုက်ပြီး အလိုက်သင့် flow လေးအတိုင်း လုပ်သွားပေးရုံပဲနော်။ Skincare နဲ့ပတ်သက်ပြီး ဘယ်အချိန်မှာတော့ ဘာလိမ်းကိုလိမ်းရမယ်, ဘယ်အချိန်မှာ လိမ်းပေးရင်တော့ အထိရောက်ဆုံးဆိုတာတွေ မရှိပါဘူး။ ဖတ်ရတာ အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။ နောက်ရက်မှ review blog လေးတပုဒ်နဲ့ ပြန်တွေ့ပါမယ်ခင်ဗျာ💗


ဝက်ခြံတွက်ဆိုမပျောက်မှာမပူရဖူးနော်❣❤✌
04/06/2023

ဝက်ခြံတွက်ဆိုမပျောက်မှာမပူရဖူးနော်❣❤✌



Address

Yangon

Telephone

+959428120963

Website

Alerts

Be the first to know and let us send you an email when Mechiko Beauty collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mechiko Beauty collection:

Share

Category