Phyo & Win

Phyo & Win what do want to need ? If u wanna need , don't fine anywhere . contact me right now .

26/11/2021

24/19/95/61/41/43 မနက်အတွက် ညနေ ပေါက် ပေး ၃ ကွက် လိုချင် ပါက CB သို့လာပါ 5 ယောက်သာ လက်ခံပါ မည်
မပါ ပါ ညနေ ပြန်ထိုးပါ အကောင်းဆုံး တကွက်ဆို CB လာပါ

key 5/4 လုံးပိုင်လိုချင် CB လာခဲ့ အခြေအနေကြည့်ပြီးမှ လိုချင်ရင် SS ယူသွားအခုလာယူရင် အခုရမယ် နောက်မှယူ နောက်မှရမယ်
26/08/2021

key 5/4 လုံးပိုင်လိုချင် CB လာခဲ့ အခြေအနေကြည့်ပြီးမှ လိုချင်ရင် SS ယူသွား
အခုလာယူရင် အခုရမယ် နောက်မှယူ နောက်မှရမယ်

22/08/2021

အရိုးသားဆုံးပြောရရင် ဂဏန်းလာယူတဲ့သူတွေကို 2ထိပ် 1ပိတ် key နဲ့ အကြိုက်ဆုံး 61/21/31 3 ကွက်ပေးမိတယ် 9 BK မလာလောက်ဘူးထင်ပြီးဂဏန်းချန်ပေးမိတယ် monday ဂဏန်းလုံးဝမချန်ဘူး လိုချင် CB

20/08/2021

ပေါက်ပေး ဂဏန်းအပိုင်တလုံးနဲ့ ပတ် key 2 လုံးရှိတယ် ကတိတည်မယ်ဆို CB လာတောင်းပါ

BREAKING NEWS: (Updated)“လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ လုံခြုံရေးကောင်စီ တောင်းဆိုပြီ”မြန်မာပြည်...
04/02/2021

BREAKING NEWS: (Updated)

“လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ လုံခြုံရေးကောင်စီ တောင်းဆိုပြီ”

မြန်မာပြည်ကို အရေးပေါ်အခြေအနေကြေညာပြီး အာဏာသိမ်းလိုက်တဲ့ မြန်မာစစ်တပ်အနေနဲ့ ဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အခြား ထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တရားဝင်တောင်းဆိုချက် ထုတ်ပြန်လိုက်ပါတယ်။
အဖွဲ့ဝင် ၁၅နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကြာသပတေးနေ့မှာ အဖွဲ့ဝင်နိုင်ငံအားလုံးက မြန်မာပြည်မှာ ဒီမိုကရေစီဖြစ်စဉ်နဲ့ အင်စတီကျူးရှင်းတွေ ဆွဲကိုင်ထားဖို့၊ အကြမ်းဖက်မှုတွေကနေ ရပ်ဆိုင်းဖို့၊ လူ့အခွင့်အရေးနဲ့ အခြေခံကျတဲ့ လွတ်လပ်ခွင့်တွေကို လေးစားဖို့၊ တရားဥပဒေစိုးမိုးဖို့အတွက် သဘောတူလိုက်တာ ဖြစ်ပါတယ်။
“လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေက မြန်မာပြည်မှာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဆက်ရှိနေရေးအတွက် ဆက်လက်ထောက်ခံအားပေးမှု လိုအပ်နေတယ်”လို့ ကြေညာချက်ထဲ ဖော်ပြထားပြီး “မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့အကျိုးစီးပွါးအတွက် ရင်ကြားစေ့ရေးနဲ့ တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ တိုက်တွန်းအားပေးတယ်”လို့ ဆိုထားပါတယ်။
အလှည့်ကျဥက္ကဌ ဗြိတိန်နိုင်ငံက မူလကရေးသားထားတဲ့ ကြေညာချက်မူကြမ်းထက် စကားလုံးက ပိုပြီးပျော့ပြောင်းသယောင်ရှိပေမယ့် စစ်တပ်အာဏာသိမ်းမှုလို့ ဖော်ပြထားခြင်းမရှိတာဟာ တရုတ်နဲ့ရုရှတို့ရဲ့ သဘောတူညီချက်ရဖို့အတွက်လို့ ယူဆလို့ရပါတယ်။
ကြေညာချက်ထဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုလိုက်ပြီး အရပ်ဖက်အဖွဲ့အစည်းတွေ၊ သတင်းမီဒီယာတွေကို ကန့်သတ်မှုတွေလုပ်တဲ့အပေါ် စိုးရိမ်ပူပန်တယ်လို့လည်း ဖော်ပြထားပါတယ်။
လုံခြုံရေးကောင်စီရဲ့ ကြေညာချက်ထဲမှာ ၂၀၁၇ခုနှစ်တုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မွတ်ဆလင်လူနည်းစုတွေအပေါ် အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် အကြီးအကျယ် စိုးရိမ်ပူပန်တယ်လို့လည်း ဖော်ပြထားပြီး နောက်ထပ် စစ်အင်အားအလွန်အကျွံသုံးတာတွေ မလုပ်ဖို့ကိုလည်း ပြောထားပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အစိုးရအဖွဲ့ကလည်း တရားဝင်တည်ဆဲအစိုးရဆီက အာဏာသိမ်းယူလိုက်တဲ့ မြန်မာစစ်တပ်ကို ပိတ်ဆို့အရေးယူဖို့အတွက် သမ္မတအမိန့်ထုတ်ပြန်ရေး တွက်ဆနေတယ်လို့လည်း အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ် ဆူလီဗန်က ဆိုထားပါတယ်။
အမေရိကန်ပြည်ထောင်စုကတော့ မြန်မာပြည်မှာ ဖေဖော်ဝါရီ ၁ရက်နေ့က ဖြစ်ခဲ့တာဟာ “အာဏာသိမ်းမှု”လို့ တရားဝင်သတ်မှတ်လိုက်ပြီး ဥပဒေအရ အာဏာသိမ်းစစ်တပ်ကို ပိတ်ဆို့အရေးယူဖို့အတွက် သုံးသပ်မှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

အမေစုအာဏာရပြီးတဲ့နောက်မှာအမေဟာ ဖိနပ်လေးချွတ်ပြီးအိမ်ပေါ်တက်ခဲ့တယ်။စစ်တပ်ပိုင်ဌာနဖြစ်ပြီးပြည်ထဲရေးဝန်ကြီးအောက်မှာရှိတဲ့(သူ...
04/02/2021

အမေစုအာဏာရပြီးတဲ့နောက်မှာ
အမေဟာ ဖိနပ်လေးချွတ်ပြီးအိမ်ပေါ်တက်ခဲ့တယ်။

စစ်တပ်ပိုင်ဌာနဖြစ်ပြီး
ပြည်ထဲရေးဝန်ကြီးအောက်မှာရှိတဲ့
(သူ့လက်အောက်မှာမရှိသော) ရဲတပ်ဖွဲ့ကိုလဲ
အတတ်နိုင်ဆုံးထိစောင့်ရှောက်ပေးခဲ့တယ်

ခနော်နီခနော်နဲ့ရဲတန်းလျားတွေကို
ကိုယ်တိုင်သွားကြည့်ခဲ့ပြီး
ဆင်းရဲနုံခြာလွန်းတဲ့ရဲတပ်ဖွဲ့ဝင်မိသားစုတွေကို
အားပေးနှစ်သိမ့်ရင်း
တချို့မြို့နယ်တွေမှာအဆင့်မြင့်တိုက်ခန်းကြီးတွေ
ဆောက်လုပ်ပေးခဲ့တယ်

(2020-2025မှာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့
ဆောက်လုပ်ပေးမှာပါ)

ခေတ်အဆက်ဆက်က
ပြည်သူတွေရဲ့ယုံကြည်မှု့ကိုမရခဲ့ပဲ
ယူနီဖောင်းကအစ စုတ်ပြတ်သတ်နေတဲ့ရဲတပ်ဖွဲ့ကို
နိုင်ငံတကာကအကူအညီတွေနဲ့
ဂုဏ်သိက္ခာရှိသောရဲတပ်ဖွဲ့ဖြစ်အောင်
ပြုစုစောင့်ရှောက်ပေးခဲ့ပါတယ်

#ခင်ဗျားတို့ရဲတပ်ဖွဲ့ဝင်တွေကရော
#သူ့ကိုဘယ်လိုပုံစံနဲ့တုံ့ပြန်ကြမှာလဲ

Credit - ကူးပြီး ပြန်တင်ကြပါ တွန်းအားတခုက အရွေ့တခုပါ

လူနာတွေ အပေါ် အားမနာဘူး လား တဲ့......ဟုတ်ကဲ့...ကျွန်တော်တို့ကဘွဲ့ယူတုန်းက တခါပဲသစ္စာဆို ခဲ့ ဖူးတာပါ...ထမင်းစားတိုင်း သစ္စာဆ...
04/02/2021

လူနာတွေ အပေါ်
အားမနာဘူး လား တဲ့......

ဟုတ်ကဲ့...

ကျွန်တော်တို့က
ဘွဲ့ယူတုန်းက တခါပဲ
သစ္စာဆို ခဲ့ ဖူးတာပါ...

ထမင်းစားတိုင်း
သစ္စာဆိုရတဲ့ သူတွေက
ပို
အားနာဖို့ ကောင်းတာပါ....

အမှန်တရား က
ကြီးစိုးပါစေ....

အဓမ္မ ကို
ဓမ္မက နိုင်ပါစေ....

Credit to Dr.နေအောင်ဇင်

04/02/2021

လောက်ကိုင် မှာ မင်းတို့တွေသေခဲ့ကြတုန်းက
ငါတို့တွေ မင်းတို့နဲ့အတူ ရင်ကွဲဖူးတယ်.....

ပြင်ဦးလွင်မှာ ရှော့တိုက်ဒုန်းတွေဆင်ပီး
X-rayစက် အထိုင်စခန်းကို ဝင်ပစ်လို့
မင်းတို့တွေသေကြတော့လည်း ငါ့တို့ညီကိုတွေ
သေကုန်ပီကွာလို့ ပြည်သူတွေကမင်းတို့အစား
ရင်ထုမနာ အတူငိုကြွေးခဲ့ကြတယ်....

ရခိုင်ကို မင်းတို့ပြောင်းရမယ်ကြားတိုင်း
ဘယ်ပြည်သူကမှ ဝမ်းမသာမိဘူး
အစ်ကိုရယ်ဘေးကင်းပါစေ ညီရေဘေးကင်းပါစေ
ညီကိုတို့အဆင်ပြေပါစေပဲ ဆုတောင်းပေးခဲ့ကြတယ်..

မင်းတို့ပစ်လိုက်မဲ့ပြောင်းက ကျည်ဆန်ဆိုတာ
ညီကိုချင်းပစ်ဖို့အတွက်တော့ မဟုတ်ဘူးလို့
ငါတို့ပြည်သူတွေယုံထားတယ်....

ငါတို့ မင်းတို့ကိုချစ်တယ်
မင်းတို့တွေ ဖက်လေးခင်းပီး စားပြနေတာမြင်ရရင်
ငါတို့ ရင်ထုမနာဖြစ်ခဲ့ကြရတယ်
မင်းတို့ ငှက်ပျောရည်သောက်နေတယ်ကြားရရင်
ငါတို့သောက်နေတဲ့ရေသန့်ကို မျိုမကျခဲ့ဘူးကွာ...

မင်းတို့တွေခုံမှာမထိုင်ရပဲ တိုက်နေသံကြားရင်
ငါတို့တွေ မင်းတို့အတွက် အမြဲစိတ်ပူပေးခဲ့ကြတာကိုမှ
သိကြပါလေစ...

ပြောင်းသေနတ်ဟာ ငါတို့အတွက်မဟုတ်ဘူး
မင်းတို့ကိုမေတ္တာပေးခဲ့ကြတဲ့ ပြည်သူအတွက်မဟုတ်ဘူး
ပြည်သူကိုချစ်တတ်အောင် ကြိုးစားကြပါ ညီနောင်တို့....

Share ခြင်းမပြုလုပ်ကြပါနဲ့
Copy ပဲ ယူလိုကယူပီး ပြန်တင်နိုင်ပါတယ်

04/02/2021

ယနေ့ ၄.၂.၂၀၂၁ ရက်နေ့ နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် ကိုယ်ထူကိုယ်ထ ပြုလုပ်ကြသော လွှတ်တော်အစည်းအဝေးကို မိမိ သဘောတူပါသည်။

လွှတ်တော်သည် နေရာ ဒေသ အဓိက မဟုတ်။ တရားဝင်မှုသာ အဓိက ဖြစ်၏။ ရွှေးကောက်ခံ ကိုယ်စားလှယ်များတွင် လွှတ်တော်ခေါ်ယူခွင့် အပြည့်အဝ ရှိပါကြောင်း . . ။

သဘောတူကြောင်း ကူးယူပိုစ့်တင်ပါ

‼️တရုတ်နဲ့ ရုရှား အား ရှုံချပါသည်‼️ UN တံခါးပိတ် အစည်းအဝေးမှာ UN အနေနဲ့ မတရား စစ်အာဏာသိမ်းယူမှုကို ရှုံ့ချကြောင်း ‌ကြေငြ...
03/02/2021

‼️တရုတ်နဲ့ ရုရှား အား ရှုံချပါသည်‼️

UN တံခါးပိတ် အစည်းအဝေးမှာ UN အနေနဲ့ မတရား စစ်အာဏာသိမ်းယူမှုကို ရှုံ့ချကြောင်း ‌ကြေငြာချက် မထုတ်နိုင်အောင် တရုတ်နဲ့ရုရှားတို့က Vetoသုံးပြီး တားမြစ်ခဲ့ပါတယ်။
တရုတ်နဲ့ရုရှား တို့ဆိုတာ မြန်မာပြည်ကို သူတို့ အကျိုးစီးပွားအတွက်ပဲ စိတ်ဝင်စားလို့ စစ်အာဏာရှင် နဲ့
ဒီလိုမတရား အာဏာသိမ်းမှုကြီးကို အားပေးနေမှာပါ။
မြန်မာနိုင်ငံကို အခြားဘယ်သူမှ ၀င်ရောက်ကူညီမှုတွေ ပေးမှာမဟုတ်ပါဘူး။
အခုလည်း ဘာအကြောင်းပြချက်မှ ခိုင်လုံစွာ မပြနိုင်ပဲ အတင်းကို Veto အာဏာသုံးပီး ငြင်းပယ်နေခြင်းဖြစ်သည်။
တရုတ်နဲ့ရုရှားဟာ သူတို့ အလွယ်တကူ လာဘ်ထိုးပီး စဉ်းစားဉာဏ်အင်မတန်နည်းပြီး တကယ်တည်း၊
တဆွေတမျိုးပဲကောင်းစား လောဘကြီးသူတွေကိုသာ အာဏာရှိမှာကို လိုလားတယ်။
ဒီတော့ တရုတ်နဲ့ရုရှား တို့ကိုပါ ကမ္ဘာသိအောင် ဖိအားပေးဆန့်ကျင်သော campaign များလုပ်ဖို့ စဉ်းစားပြင်ဆင်ကြပါ။



#ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော_အစိုးရသစ်ကို__တကမ္ဘာလုံးက_ထောက်ခံကြောင်း_challenge
ဤစာအား share မလုပ်ပဲ copyယူပြီး မိမိတို့ wall တွင်သာ post ပေးပါ။
I condemn China and Russia‼ ️

China and Russia have vetoed a UN closed-door meeting to condemn the unjust military coup. China and Russia are with the military dictator because they are only interested in Burma for their own benefit. No one else will come to Myanmar. Even now, for no apparent reason, he is using force to deny veto. China and Russia are easily corrupt and very ignorant. I only want to have power over those who are greedy. So be prepared to launch counter-insurgency campaigns against China and Russia as well.



ဆိုဗီယက်ရုရှားမှာအာဏာသိမ်းတော့တင့်ကားတွေရှေ့ရပ်ခဲ့ကြတဲ့ပြည်သူတွေ၊သေနတ်ပြောင်းမှာ ပန်းပွင့်လေးတွေတပ်ပေးတဲ့ပြည်သူတွေကြောင့...
03/02/2021

ဆိုဗီယက်ရုရှားမှာအာဏာသိမ်းတော့
တင့်ကားတွေရှေ့ရပ်ခဲ့ကြတဲ့ပြည်သူတွေ၊
သေနတ်ပြောင်းမှာ ပန်းပွင့်လေးတွေတပ်ပေးတဲ့
ပြည်သူတွေကြောင့် ဆိုဗီယက်ရုရှားတပ်မတော်
သားတွေဟာ ပြည်သူကိုမပစ်၊အမိန့်မနာခံ၊အာဏာ
သိမ်းသူတို့ဘက် မပါပဲ ပြည်သူနဲ့ထပ်တူရှိခဲ့လို့
ယနေ့ ရုရှားဟာ ထိပ်တန်းမှာရှိနေဆဲပါ။

တူရကီအာဏာသိမ်းချိန်လည်း တူရကီတပ်မတော်
သားတွေပြည်သူနဲ့ထပ်တူညီခဲ့တယ်။

ကျွန်တော်တို့ရဲ့တပ်မတော်ကြီးကို အာဏာရှင်လူ
တစ်စုရဲ့လက်ကိုင်ဒုတ်၊အသုံးချခံအဖြစ် ဘယ်အချိန်ထိဆက်မြင်နေရအုံးမှာလည်း?
လောက်ကိုင်မှာ ခင်ဗျားတို့အတိုက်ခံရတော့ ကျုပ်
တို့သွေးတွေဆူပြီး ပရိုဖိုင်ပြောင်း ရပ်တည်ပေး
တယ်၊ခင်ဗျားတို့အပေါ်အပြစ်တင်တာတွေကိုတုံ့
ပြန်ကာကွယ်ပေးတယ်၊ ရဲတွေ ရခိုင်မှာတိုက်ခိုက်
ခံရတုန်းကလည်း ကျုပ်တို့ပြည်သူတွေ ခင်ဗျားတို့
ဘက်ကရပ်တည်ပေးခဲ့တယ်။

ကျုပ်တို့ပြည်သူတွေအတွက်တော့ ခင်ဗျားတို့မှာ
လက်နက်တွေအသင့်ရှိလျက်နဲ့တောင် မပါလာရဲကြဘူး၊လူချမ်းသာအာဏာရှင်အတွက်ဆင်းရဲတဲ့
ပြည်သူကို ပြန်ချိန်နေတာတွေ ရပ်ဖို့အသိလေးဝင်ပေးကြပါလေ။
Crd # #များများcopyလုပ်ပီးတင်ပေးကြပါ


03/02/2021

သို့
ပြည်သူ့စစ်သားများခင်ဗျာ
ကျွန်တော်တို့တွေ
ခင်ဗျား တို့ ငှက်ပျောအူ စားပြီးစစ်တိုက်ရတဲ့
ပုံတွေ မြင်တိုင်း
သနားခဲ့ကြတယ်
ခြေပြတ် လက်ပြတ် တွေနဲ့
စာအုပ် ရောင်းတာမြင်တိုင်း
ပန်းရောင်းရတာ မြင်တိုင်း
အားပေးခဲ့ကြတယ်
ကိုယ်ချင်းစာပေးခဲ့ကြတယ်
ဒါပေမဲ့
အခုလို လက်နက်ဆိုလို့ အပ်တိုတစ်ချောင်းတောင်မှ
မရှိတဲ့ ပြည်သူ ဘက်ကို
ခင်ဗျားတို့ရဲ့ သေနတ်ပြောင်းတွေ လှည့်နေတာကို
တော့ ဘယ်လိုမှ နားလည် လက်ခံ ပေးလို့ မရပါဘူးခင်ဗျာ
``မတတ်သာလို့ပါ´´
``အထက် အမိန့် အရမို့ပါ´´ လို့လည်း
ဆင်ခြေ မပေးကြပါနဲ့
ခင်ဗျား တို့က ဓား တွေ မဟုတ်ဘူး
ခင်ဗျား တို့က သေနတ်တွေ မဟုတ်ဘူး
ခင်ဗျား တို့က လူတွေပါ
သေနတ်တွေ ဓားတွေ က အသိဉာဏ် မပါလို့
ကိုင်တဲ့ သူရဲ့ စိတ်တိုင်းကျ ဖြစ်ပေမဲ့
ခင်ဗျားတို့က အသိဉာဏ်ရှိတဲ့
လူတွေပါ
အဲ့ဒါကြောင့်မို့
ပြည်သူဘက်ကိုကို လှည့်ထားတဲ့
သေနတ်ပြောင်းတွေကို
အာဏာရှင်တွေဘက် ပြန်လှည့်ပေးပါခင်ဗျာ
ပြည်သူတွေမှာ လက်နက်ဆိုလို့
အပ်တိုတစ်ချောင်းတောင် မရှိပါဘူး
ခင်ဗျားတို့သာ
ခင်ဗျားတို့ရဲ သေနတ်ပြောင်းတွေကို
အာဏာရှင်တွေ ဘက် ပြန်လှည့်ပေးရင်
ကျွန်တော်တို့ ပြည်သူတွေက
ခင်ဗျားတို့ကို တွေ့တိုင်း
လက်အုပ်ချီပြီး နှုတ်ဆက်ပါ့မယ်ခင်ဗျာ
ခင်ဗျား တို့ရဲ့
သားသမီး တွေနဲ့
ကျွန်တော်တို့ရဲ့ သားသမီးတွေ
ကျောင်းအတူတက်ရတဲ့ အခါကြရင်လည်း
``ငါ့ အဖေက စစ်သားလေ´´ လို့
ဆိုတာနဲ့ ကျွန်တော်တို့ သားသမီးတွေက
``မင်းအဖေ က တကယ့်သူရဲကောင်း´´ ပဲ
ဆိုပြီး ပြောဆိုဆက်ဆံ အလေးထားတတ်အောင်
သင်ပေးပါ့မယ်ခင်ဗျာ
အပြန်အလှန် အနေနဲ့
ခင်ဗျားတို့က ခင်ဗျားတို့ရဲ့သေနတ်ပြောင်းတွေကို
ပြည်သူဘက်ကို လှည့်မယ်
ပြည်သူ ကို ပစ်မယ် ဆိုရင် တော့
ခင်ဗျားတို့က စစ်ခွေး တွေပါပဲ
ကျွန်တော်တို့ ပြည်သူတွေ အကုန်လုံးက
ခင်ဗျားတို့ကို
ရွံစရာ လိုပဲ ဆက်ဆံမှာပါ
ခင်ဗျားတို့ အမေ အဖေ တွေက
ငါ့သားက စစ်သား လို့
ပြောရမှာရှက်နေအောင်ကို ဆက်ဆံမှာပါ
ခင်ဗျားတို့ရဲ့ မိန်းမ တွေ
ခင်ဗျား တို့ရဲ့ သားသမီးတွေ က
ခင်ဗျားတို့ရဲ့ အလုပ်အကိုင်ကို
ဖွင့်ပြောရမှာ ရှက်နေအောင်လို့ ဆက်ဆံ
မှာပါ
ခင်ဗျားတို့ရဲ့ သားသမီးတွေနဲ့
ကျွန်တော်တို့ရဲ့ သားသမီးတွေ
အတူတကွ ကျောင်းတက်ရတဲ့ အခါ
ခင်ဗျားတို့ သားသမီးတွေက
`` ငါ့ အဖေက စစ်သားကွ ´´ဆိုတာနဲ့
``ဟာ လူယုတ်မာကြီး သားသမီးပဲ ´´
ဆိုပြီး အဖက်မလုပ်အောင်
ရွံစရာ လို့ ဆက်ဆံအောင် သင်ပေးမှာပါခင်ဗျာ
ကျွန်တော်တို့ ပြည်သူအားလုံးက
ခင်ဗျားတို့ကို တွေ့တိုင်း လက်အုပ်လေးချီ ပြီးတော့ပဲ
နှုတ်ဆက်ချင်ပါတယ် ခင်ဗျာ
အဲ့လို ဖြစ်မယ် လို့ ပဲ မျှော်လင့်ထားပါတယ် ခင်ဗျ
ပုံ
လက်နက်ဆိုလို့ အပ်တိုတစ်ချောင်းတောင်
မရှိတဲ့ ပြည်သူ

Address

Yangon

Telephone

+959678165677

Website

Alerts

Be the first to know and let us send you an email when Phyo & Win posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Phyo & Win:

Share