Japan Lover

Japan Lover Japan Gift Set & EU Royal design Kitchenware

Yangon cash on deli..ပစ္စည်းပို့errorအတွက်တာဝန်ယူပါသည်။ကြီးကြီးသေးသေးပေါ့ပေါ့လေးလေး Deli2000မှ2500ပါ
မင်္ဂလာဒုံ လှိုင်သာယာ ရွေပြည်သာ 3500 ၀န်းကျင်
နယ်များဂိတ်ပို့ခ Free ပါ။ငွေလွဲဝင်ပြီး 3ရက်အတွင်းပို့ပါသည်
ရန်ကုန်တစ်သိန်းဖိုးနှင့်အထက် အိမ်ရောက်ငွေရှင်းDelivery freeပါ
မိတ်ဟောင်းမိတ်သစ်များနွေးထွေးစွာကြိုဆိုလျက်ပါ။ဝယ်ယူသူတိုင်းစိတ်ချမ်းသာစေမှာ Japan Loverပါရှင်။

Merry Christmas to you all 💞🎄🎅
25/12/2023

Merry Christmas to you all 💞🎄🎅

အကျယ် 25" အရှည် 52" ပန်းပုံပန်းချီယင်းလိပ်32000ksဓါတ်ပုံဘောင်နှင့်ပန်းပန်းချီကားလက်ဆောင်ပါပါမည် မန့်မှာကြည့်ပါ
08/11/2023

အကျယ် 25" အရှည် 52"
ပန်းပုံပန်းချီယင်းလိပ်
32000ks
ဓါတ်ပုံဘောင်နှင့်ပန်းပန်းချီကားလက်ဆောင်ပါပါမည် မန့်မှာကြည့်ပါ

ခွက်တစ်ခွက်ကြမ်းပေါ်ကျကွဲသွားတဲ့အခါ သင်တို့ဘာလုပ်လိုက်ပါသလဲ? ပျက်စီးသွားပြီဆိုပြီးအလွယ်တကူကောက်သိမ်းပြီးလွှင့်ပစ်လိုက်ကြတာ...
24/10/2023

ခွက်တစ်ခွက်ကြမ်းပေါ်ကျကွဲသွားတဲ့အခါ
သင်တို့ဘာလုပ်လိုက်ပါသလဲ?
ပျက်စီးသွားပြီဆိုပြီးအလွယ်တကူ
ကောက်သိမ်းပြီးလွှင့်ပစ်လိုက်ကြတာပဲလား????

ဂျပန်မှာ Kintsugi (သို့) Kintsukuroi လို့ခေါ်တဲ့
အနုပညာတစ်ရပ်ရှိတယ်။ အဲတာကတော့
ပျက်စီးသွားတဲ့၊ ကျိုးပဲ့သွားတဲ့ အရာတွေကို
တန်ဖိုးရှိတဲ့ ရွှေ(သို့)ရွှေဖြူတို့နဲ့ပြန်ဆက်လိုက်တဲ့
အနုပညာပါ။ အဲဒီလိုအကျိုးအပဲ့တွေကို
ရွှေနဲ့ပြန်သွန်းလောင်းပြီး အနုပညာတစ်ရပ်
အနေနဲ့ဖန်တီးလိုက်တဲ့အခါ လွှင့်ပစ်လိုက်ရမယ့်
အရာတစ်ခုဟာ ကျိုးပဲ့ပျက်စီးရုပ်ဆိုး
အကျည်းတန်သွားမယ့်အစား ပိုလှပလာပါတယ်။

သူတို့တွေကပျက်စီးကြေကွဲနေတဲ့အရာတိုင်းမှာ
လှပတဲ့သမိုင်းတစ်ခုရှိရမယ်လို့ယုံကြည်ကြတယ်။
အဲတာကြောင့်ပိုပြီးလှပအောင်လို့
ဖန်တီးသင့်တယ်လို့ယူဆကြတယ်။
၁၅ ရာစုလောက်ကစခဲ့တဲ့ ကင်ဆုဂျီအနုပညာဟာ
ဂျပန်လူမျိုးတွေအတွက်တင်မကပါဘူး
လူတိုင်းကိုယ့်ဘဝခရီးကိုလျှောက်လှမ်းတဲ့
အခါမှာပါ နမူနာယူစရာအနုပညာတစ်ခု၊
ပညာတစ်ရပ်ဖြစ်ပါတယ်။

လူတိုင်းလူတိုင်း ဘဝခရီးလျှောက်လှမ်းရတဲ့အခါ
ဒဏ်ရာ၊ ဒဏ်ချက်နဲ့အမာရွတ်တွေ
များလှပါတယ်။ ဘဝမှာလူတိုင်း
အနည်းဆုံးတစ်ကြိမ်တစ်ခါလောက်တော့
ကြေကွဲပျက်စီးဖူးမှာပါပဲ။
အမာရွတ်မရှိတဲ့လက်ဆိုတာ
ဘာမှမကြိုးစားဖူးတဲ့၊ မဖန်တီးဖူးတဲ့လက်ပါ။
အမေ့ဗိုက်က အကြောတွေပြတ်ပြီးရှိနေတဲ့
အမာရွတ်တွေဟာ သူ့ကလေးတွေအတွက်
သူရရှိခဲ့တဲ့ လှပတဲ့ဒဏ်ရာတွေပါ။
တစ်ခါတစ်လေမှာ မလှခြင်းဆိုတာ
လှပခြင်းရဲ့အဆင်တန်ဆာတစ်ခုပါ။

သင့်ဘဝမှာဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့
အဲတာကသင့်ရဲ့ရှေ့ဆက်မယ့်ဘဝကို
အရုပ်ဆိုး၊ အကျည်းမတန်စေပါဘူး။
ကင်ဆုဂျီလိုပဲကိုယ်တို့ရဲ့အကျည်းတန်ခဲ့မှုတွေကို
ရွှေနဲ့ဆက်ပြီးကြိုးစားဖန်တီးဖို့ကိုသာ
ရွေးချယ်နိုင်ဖို့သာလိုပါတယ်။
ကိုယ်ယုံကြည်တာတစ်ခုက ဘဝမှာ
အမှား၊ အမှန်ဆိုတာမရှိပါဘူး။
ကိုယ်ကလက်ခံတာ၊လက်မခံတာပဲရှိပါတယ်။
လူတိုင်းက ကိုယ်ယုံကြည်ရာကိုယ်လျှောက်တဲ့
နေရာမှာဘာတွေပဲကြုံရကြုံရ ကိုယ့်အတွက်က
lesson (သင်ခန်းစာ) ရဖို့ ဒါမှမဟုတ်
blessing (ကောင်းချီး) ရဖို့ပါပဲ။
ကိုယ်ကြုံခဲ့ရသမျှ ဒဏ်ရာ၊ အတွေ့အကြုံ
မှန်သမျှက ဒီကနေ့ မိမိဖြစ်ခြင်းအတွက်
အမှတ်သင်္ကေတတွေပါပဲ။

တကယ်လို့များတန်ခိုးရှင်တစ်ယောက်ယောက်က
မင်းရဲ့ဘဝကိုအစကနေပြန်စခွင့်ပေးမယ်ဆိုရင်
ဘာတွေကိုပြင်ဆင်မလဲလို့မေးခဲ့ရင်တောင်
ကိုယ့်မှာဘဝကိုပြန်စချင်စိတ်မရှိပါ။
ဘာလို့လဲဆိုတော့ လူသားတစ်ယောက်အနေနဲ့
အစကပြန်စလဲ ဒီလိုပဲအမှားတွေရှိဦးမှာပါပဲ!
အမှန်တွေလည်းရှိမှာပဲ။ အဲတာကြောင့်
ကိုယ့်အတွက်ကတော့ဘာပဲကြုံကြုံ
သင်ခန်းစာနဲ့ကောင်းချီးပါပဲ။
The hardest prison to escape is from your mind ပါ။
လွတ်မြောက်ဖို့အခက်ဆုံးအကျဉ်းထောင်ဆိုတာ
သင့်ရဲ့စိတ်ထဲကနေပါ။ လူတစ်ယောက်က
စကားအများဆုံးပြောတာလဲ ကိုယ့်ကိုယ်ကိုပါပဲ!
အဲတာကြောင့်ကိုယ့်ကိုယ်ကိုယ်သာကြင်နာပါ။

ကိုယ့်ရဲ့ inspiration တစ်ဦးဖြစ်တဲ့ Rumi ရဲ့
စကားတစ်ခွန်းရှိပါတယ်။
' The wound is the place where the light enters you.' ဒဏ်ရာဆိုတာ ကိုယ့်ဆီကိုအလင်းရောင်ဝင်ဖို့
နေရာတစ်ခုပါတဲ့။ အလင်းရောင်ဝင်နေတဲ့
ဒဏ်ရာတွေဟာဘယ်လောက်လှပသလဲဆိုတာ
Comment ကပုံလေးမှာတွေ့ရပါလိမ့်မယ်။

ကိုယ်အမြဲပဲလက်ခံထားတဲ့အရာတစ်ခုဟာ
မပြီးပြည့်စုံခြင်းဆိုတာ ပြီးပြည့်စုံမှုပါပဲ။
Imperfection is perfection ပါ။
ကမ္ဘာကြီးကမှတ်မိနေရတဲ့၊
လူတွေကို အမြဲတမ်း Inspiration ဖြစ်စေတဲ့
သူရဲကောင်းမှန်သမျှကိုကြည့်လိုက်ပါ။
ဒဏ်ရာနဲ့ကင်းတဲ့၊ စင်းလုံးချောနေတဲ့သူဆိုတာ
ဘယ်သူမှမရှိပါဘူး။

ဘဝမှာလဲကျရင်ပြန်ထပါ။
ဆယ်ခါလဲကျရင် ဆယ်တစ်ကြိမ်မြောက်ပြန်ထဖို့
ကြိုးစားပါ။ အခါတစ်ရာလဲကျရင်
တစ်ရာ့တစ်ကြိမ်မြောက်ပြန်ထနိုင်အောင်
ကြိုးစားပါ။ ကိုယ့်ဖေဖေအမြဲပြောခဲ့ဖူးတဲ့
စကားတစ်ခွန်းရှိပါတယ်။
' လဲကျတာရှက်စရာမဟုတ်ဘူး။
လဲကျရင်ပြန်ထပါ။ အကြိမ်ကြိမ်လဲကျရင်
အကြိမ်ကြိမ်ပြန်ထပါ။ ပြန်ထတဲ့အခါ
သဲတစ်ဆုပ်တော့ပါ ပါစေ ' တဲ့။

သဲတစ်ဆုပ်ပါအောင်ပြန်ထနိုင်ခဲ့လို့သာ
KFC မှာဝန်ထမ်းအဖြစ် လူအယောက် ၃၀ ရွေးရင်
၂၉ ယောက်ရွေးခံရပြီး အငြင်းပယ်ခံရသူတစ်ဦး
ဖြစ်ဖူးတဲ့ ဂျက်မားဟာ အလီဘာဘာအပါအဝင်
အခြားကမ္ဘာသိလုပ်ငန်းတွေနဲ့ ကမ္ဘာကြီးက
သိခဲ့ရတာပါ။ ရုပ်ဆိုးလွန်းလို့ဆိုပြီး
ရုပ်ရှင်ကုမ္ပဏီပေါင်းထောင်နဲ့ချီ အငြင်းခံခဲ့
ရဖူးတဲ့ ' စတားလုံး ' ဟာ ဒီနေ့အထိ
ကမ္ဘာသိမင်းသားဖြစ်ခဲ့တာပါ။
ရူးသွပ်သွပ်တွေလျှောက်ရေးထားတာဆိုပြီး
စာပေတိုက်ပေါင်းများစွာကမောင်းထုတ်ခံခဲ့ရတဲ့
' ဂျေကေရိုးလင်း ' ဟာဟယ်ရီပေါ်တာဆိုတဲ့
ဇာတ်ကောင်ရဲ့ မှော်အစွမ်းနဲ့ အရောင်းရဆုံး၊
အချမ်းသာဆုံးစာရင်းဝင် ဂုဏ်သိက္ခာရှိသော
စာရေးဆရာဖြစ်ခဲ့တာပါ။

လူတိုင်းမှာ ဒဏ်ရာတွေ၊ အမာရွတ်တွေ
ရှိကြပါတယ်။မြင်ရတဲ့ဒဏ်ရာရယ်၊
မမြင်ရတဲ့ဒဏ်ရာရယ်သာကွာခြားပါတယ်။
ဒဏ်ရာတွေရှိတာကိုမရှက်ပါနဲ့။
သင့်မှာပြန်ပြောပြစရာသူရဲကောင်းပုံပြင်တွေ
အများကြီးရှိတယ်လို့ယုံကြည်ပါ။

အမြဲတမ်းယုံကြည်ထားရမှာတစ်ခုက ....
ရွှေအနားသတ်ထားတဲ့ဒဏ်ရာဆိုတာ
သူရဲကောင်းတွေရဲ့အမှတ်သညာတစ်ခုပါ။
မိမိအဖြစ် ဖြစ်တည်ခြင်းတိုင်းမှာ
ဂုဏ်ယူနိုင်ကြသူများဖြစ်ကြပါစေ။

credit.Emerald_Moon_Y

Over heat မဖြစ်အောင်အပူချိန်လေးတွေ googleကနေရှာကြည့်ထားပါတယ်။ဆီဟာသတ်မှတ်အပူချိန်ထက်ပိုသွားရင် ပြည့်ဝဆီအဖြစ်ပြောင်းသွားပြ...
06/10/2023

Over heat မဖြစ်အောင်အပူချိန်လေးတွေ googleကနေရှာကြည့်ထားပါတယ်။ဆီဟာသတ်မှတ်အပူချိန်ထက်ပိုသွားရင် ပြည့်ဝဆီအဖြစ်ပြောင်းသွားပြီး သွေးထဲမှာမလိုလားအပ်တာတွေရှိလာတယ်လို့သိထားပါတယ်။အောက်ကpostလေးက crd ယူလာပြီးဖတ်သင့်တယ်ထင်လို့မျှဝေပေးတာပါရှင် အဲ့ဒီဆီလဲမရောင်းနိုင်ပါဘူးရှင်။japanစာနားလည်သူကတော့ ဆီဗူးအမည်ကသာဆန်လို့ရေးထားတာပါ အထဲကပါဝင်ပစ္စည်းကတော့ ဟင်းသီးဟင်းရွက်ဆီပါလို့ပြောပါတယ်ရှင်။မူရင်းရေးသားသူရဲ့linkကရှာမတွေ့လို့ crd နဲ့copyယူလာတဲ့postလေးပါ။ Over Heat တွေများပြီး Deep friedတွေအစားများလာကြလို့ ဆီအမျိုးအစားတိုင်းရဲ့ ခံနိုင်တဲ့အပူချိန်အားလေးကိုယ်တိုင်ရှာကြည့်ပေးထားပါတယ်။Digitalသုံးတဲ့မီးဖိုနဲ့ပဲဖြစ်ဖြစ် japanအိုးတွေမှာပါတဲ့ အပူချိန်တိုင်းတဲ့သာမိုမီတာချောင်းလေးရှိလို့ပဲဖြစ်ဖြစ် သာမိုမီတာပါပြီးသား Japanအိုးလေးဝယ်ထားရင်ပဲဖြစ်ဖြစ် ဒီပုံလေးကအသုံးဝင်မယ်လို့မျော်လင့်ရင်း မင်္ဂလာညချမ်းပါရှင်💞💞💞

ဂျပန်မှာ ဆန်ကထုတ်တဲ့ ဆီပါ....တိုးတက်နေတဲ့ ဂျပန်နိုင်ငံမှာ ဆီတခုကို ဘယ်ကထုတ်လို့ရမလဲဆိုတာကို အမြဲစမ်းသပ်နေတာမို့ ပဲပိစပ် ...
05/10/2023

ဂျပန်မှာ ဆန်ကထုတ်တဲ့ ဆီပါ....

တိုးတက်နေတဲ့ ဂျပန်နိုင်ငံမှာ
ဆီတခုကို
ဘယ်ကထုတ်လို့ရမလဲဆိုတာကို
အမြဲစမ်းသပ်နေတာမို့

ပဲပိစပ် သံလွင်သီး ပန်းနှမ်း နေကြာ
ပဲ နှမ်း အသီးအနှံ
အသီးအရွက်တွေကနေ
အမျိုးမျိုးထုတ်လာကြလို့

ခုတလော
ထောပါတ်သီး ကနေ
ထုတ်နေတဲ့ဆီတွေအပြင်
ခုပြထားတဲ့ ဆန်ကနေထုတ်တဲ့ဆီတွေပါ
စူပါမှာ တွေ့လာရတာမြင်ရပါတယ်...

ဆီနဲ့ပါတ်သတ်လို့
မကြာခင်ကမှ
အသိအကိုကြီးတယောက်
မြန်မာပြည်မှာ
ဆီ လုပ်ငန်း သွားလုပ်ရင်း
ကြုံတွေ့ခဲ့ရတာလေးရယ်
အမြဲတမ်း
အစားအသောက်နဲ့ပါတ်သတ်ပြီး
ပွစိပွစိလုပ်တက်တဲ့ အိမ်ကလူနဲ့
ပြောဖြစ်ခဲ့တဲ့ ဗဟုသုတလေးတွေ
ကိုယ့်အတွေ့အကြုံလေးတွေကို
မသိသေးတဲ့သူတွေအတွက်
ရည်ရွယ်ရင်း
စာရေးတင်လိုက်ပါတယ်....

အရင်ဆုံးပြောပြချင်တာက
မြန်မာတွေ
စာများများဖတ်စေချင်ပါတယ်...

မြန်မာတွေ စာဖတ်အားနည်းတာမို့
လိမ်လို့ကောင်းတဲ့ခေတ်ကြီးမှာ
ဗဟုသုတမဲ့တဲ့ လုပ်ကြံမှု့တွေကြောင့်
ပညာတက်တွေပါ
စတေးနေရတယ်ဆိုတာကို
ပြောချင်ပါတယ်....

ကျမတို့နိုင်ငံမှာ
သုတေသန တွေ
သိပ် အားနည်းပါတယ်....

ဘယ်လိုပဲအားနည်းပါစေ
ကျမတို့နိုင်ငံမှာ
ပိုက်ဆံရှိသူတွေအများကြီးပါ....

ပညာရှင်တွေခေါ်ပြီး
ပြင်ပသုတေသနကို
ကောင်းကောင်းကြီး
လုပ်ပေးနိုင်ပါတယ်....

အစားအစာနဲ့ပါတ်သတ်တဲ့
ပညာရှင်တွေကို
နိုင်ငံခြားကိုလွှတ်ပြီး
အသုံးချရကောင်းမှန်းမသိတဲ့
နိုင်ငံကြီးလိုဖြစ်နေတာဟာ
တကယ့်ကိုဝမ်းနည်းစရာပါပဲ....

သူဌေးတွေကလဲ
ဘယ်နေရာမှာ ဘယ်လိုကြီးလှူပြလို့
သာဓုအခေါ်ခံရတာထက်
ဘယ်လိုလုပ်ငန်းမျိုးကို ထူထောင်ပြီး
အလုပ်လက်မဲ့တွေကို
အလုပ်ခွင်ဖန်တီးပေးတာမျိုး
ပညာရပ်တွေမျှဝေရင်း
နိုင်ငံဖွင့်ဖြိုးရေးတွေလုပ်ဘို့
မစဉ်းစားတက်ကြပါသလားလို့
တွေးနေမိတယ်...

ကိုယ်တွေချမ်းသာဘို့
ကိုယ်တွေနေရာရဘို့ ကြိုးစားရင်း
ဘဝတွေကို ဖန်တီးလာခဲ့တာ
ခုဆို
အစားအသောက်ပိုင်းဆိုင်ရာ
စိတ်ပိုင်းဆိုင်ရာ တွေပျက်ပြားပြီး
စာနာမှု့ဆင်ခြင်တုန်းတရား နည်းပါးလို့
ရောဂါတွေထူပြောလာကြပါပြီ.....

ခုဆို
တရုတ်ပြည်ဟာ
တော်တော်ကိုတိုးတက်လာပါတယ်.....

ဒါပေမဲ့ သိပ်လည်တဲ့တရုတ်တွေဟာ
ဂျပန်ကိုပို့တဲ ပစ္စည်းနဲ့
မြန်မာကို ပို့တဲ့ပစ္စည်းတောင်
တင်သွင်းတာမတူပါဘူး...

ဂျပန်က
အသိတရုတ်မလေးပြောမှ
သေချာသိခဲ့ရပါတယ်......

မြန်မာတွေက ဂျပန်လိုမှ
ပညာမတက်တာကိုးတဲ့
လိမ်လို့သိပ်ကောင်းပါသတဲ့....

ခုဆိုတရုတ်သဌေးတွေဟာ
ဂျပန်ပြည်ကပစ္စည်းတွေကို
အသဲအသန်ဝယ်သုံးနေကြပြီး
သူတို့ နိုင်ငံကထုတ်တဲ့
ပစ္စည်းတွေတောင်
သာမာန်လူတန်းစားနဲ့
ဆင်းရဲသားလူတန်းစားတွေက လွဲပြီး
အသုံးနည်းသွားကြပါပြီ.....

တချိန်က
ဂျပန်ဟာ
အမေရိကားထက်
ကားတွေထုတ်တဲ့နေရာမှာ
တော်လာပေမဲ့
ကိုယ့်တိုင်းပြည်ကပစ္စည်းကို
နိုင်ငံခြားတင်သွင်းမှ
အမြတ်ရနိုင်တာမို့လို့
အမေရိကားနဲ့
စာချုပ်ချုပ်ရာမှာ
အလဲအလှယ်အဖြစ်
သူ့နိုင်ငံမှာ ပိုလျှံနေတဲ့
ပဲပိစပ်နဲ့လုပ်တဲ့ဆီကို
ဂျပန်ကို တင်သွင်းကြပါတယ်....

တကယ်တော့ ပဲပိစပ်ဟာ
ဆီထွက်နိုင်တဲ့ စားကုန်မဟုတ်ပါဘူး....

ပဲပိစပ်ကို ဆီထွက်ဘို့
ဆေးဝါးနဲ့ စားသုံးကုန်အဖြစ်
သုံးမရတဲ့ဆီမျိုး
ဥပမာ
တိရိစ္ဆာန်ဆီ
စားအုန်းဆီ လိုမျိုးကို
သုံးပြီးကြိတ်မှသာ ဆီရတာပါ...

ဒီလိုဆီမျိုးနဲ့
အလဲအလှယ်လုပ်နေတဲ့ နိုင်ငံဖြစ်တဲ့
ဂျပန်ဟာ
မလွဲသာလို့လက်ခံလိုက်ရပေမဲ့
သူ့နိုင်ငံအတွက်တော့ သိပ်မသုံးစေပဲ
တခြားကိုပြန်ဖြန့်ချီခဲ့ပါတယ်....

ဒါပေမဲ့
မသိပဲသုံးနေတဲ့ သူတွေတပုံကြီးပါ...

မြန်မာပြန်တော့
ပဲပိစပ်ဆီဟာ
သိပ်ကောင်းတာပဲပြောတော့
ကျမ ဘာပြောရမှန်းမသိတော့ပဲ
စာရေးဘို့ကြိုးစားခဲ့ပါတယ်....

ဒါ့ကြောင့်
ဂျပန်တွေ ဆီသိပ်မစားကြတာပါ....

ဂျပန်တွေ
ဆီကို အားကိုးတာ
စားသောက်ဆိုင်တွေပဲရှိပါတယ်...

ခေတ်တွေပြောင်းလာပြီး
နိုင်ငံတကာ အစားအသောက်တွေ
ထိုးဖောက်လာတော့
ဆီသုံးလာမှု့များပြားလာတဲ့ဂျပန်ဟာ
ခုဆို
လူလတ်တန်းစားတွေပါ
စားသုံးနိုင်တဲ့ဆီတွေကို
သုတေသနပြုပြီး
အမျိုးမျိုးထုတ်လာသလို
ရောဂါတွေဖြစ်လာရင်လည်း
ကျန်းမာရေးအာမခံတွေထားပေးပြီး
သက်သာအောင်
ဖန်တီးပေးထားကြပါတယ်...

ရောဂါတခုဖြစ်လာရင်
သူများနိုင်ငံထက်အလုပ်လုပ်ရတဲ့
သူတို့နိုင်ငံသားတွေ
လုပ်အားကျမှာစိုးတဲ့အတွက်
ကာကွယ်ပေးထားတာပါ....

မြန်မာပြည်မှာ
ကင်ဆာဆိုတဲ့ရောဂါတခုဖြစ်လာရင်
ပိုက်ဆံကိုခင်းပြီး
အသက်ကိုဆန့်ချင်ဆန့်
ဒါမှမဟုတ် အသေခံပေါ့....

လူတယောက်ရဲ့တန်ဘိုးကို
မသိလေရော့သလားရယ်လို့
ထင်မိလိုက်တယ်....

ခုတော့
ကုမ္မဏီဝန်ထမ်းတွေ အတွက်
သက်သာအောင်
ဖန်တီးပေးလာတာတွေ့ရပါတယ်....

စားအုန်းဆီဟာ
စားသုံးရတဲ့ ဆီမဟုတ်ပါဘူး....

မြန်မာနိုင်ငံမှာ
ဆီတွေ ၉၅% နီးပါးဟာ
စားအုန်းဆီ
အနည်းနဲ့အများပါဝင်ကြပါတယ်....

၅% တောင်မှ
ဆီစစ်စစ် စားရတဲ့သူ
မရှိသလောက်ပါပဲ....

ဆီစစ်စစ်ဟာ
တကယ်တော့
အချိန်ကြာစွာထားလို့မရပါဘူး...

များသောအားဖြင့်
ရေနွေးရောပြီးကြိတ်ရတာမို့လို့
တလလောက်သာအထားခံပြီး
ကြာလာရင်
ဆီဂျီးစော်နံလာတက်ပါတယ်တဲ့....

ဆီကို ကြာရှည်စွာအထားခံဘို့
ဆေးတွေထည့်ရပါတယ်....

ဆီထည့်ရတဲ့ ဗူးတွေဟာ
ပလစတစ်ဖြစ်ခဲ့မယ်ဆို
ပူတဲ့အချိန်မှာ ဓါတ်ပြုမှု့တွေကြောင့်
ဆီရဲ့ အရောင် အနံ့ အရသာ
ပြောင်းလဲခြင်းများ
ရှိလာတက်ပါတယ်....

ဒါ့ကြောင့် အဲ့လိုမဖြစ်ရအောင်
ဆေးတွေသုံးကြရပါတယ်....

ကျမတို့ပါတ်ဝန်းကျင်မှာ
ဆေးတွေနဲ့မကင်းတဲ့ ပစ္စည်းတွေကြား
လူလာဖြစ်ရတဲ့ဘဝတွေပါ...

ပိုက်ဆံရှိတဲ့သူတွေဟာ
နိုင်ငံခြားကဆီတွေကို
အားကိုးစားလာတဲ့အထဲမှာ
ဂျပန်ဆီလဲ အပါအဝင်ပေါ့.....

ဒါကို ကျမအသိ အကိုကြီးက
မြန်မာကလူတွေ
ဆီစစ်စစ် ကောင်းကောင်း
ထုတ်ပေးချင်တဲ့ရည်ရွယ်ချက်နဲ့
အသေအချာလေ့လာပြီး
တကယ့်ဆီ စစ်စစ်
သွားထုတ်လာခဲ့လို့ အောင်မြင်ကာနီးမှာ
မြန်မာ့ရေမြေက
အစားအသောက်တွေကြောင့်
ရောဂါ ရလာပြီး
ဒီမှာဆေးလာကုနေရပါတယ်...

ခုဆို ကမ္ဘာမှာ ကင်ဆာရောဂါဟာ
နိုင်ငံတိုင်းမှာလိုလိုပါပဲ....

တလောက တီဗွီမှာ
ဆေးပညာရပ်တခု
ကြည့်လိုက်ရပါတယ်..

ခုခေတ် ဝမ်းတွင်းအကြိတ်တွေကို
လူတော်တော်များများမှာ
တွေ့ရှိကြပါတယ်တဲ့....

ကင်ဆာကြိတ်မဟုတ်ဘူးဆိုပြီး
မခွဲပဲထားခဲ့ရင်
တဖြေးဖြေး
ကင်ဆာကြိတ်ကို
ပြောင်းလာနိုင်ပါသတဲ့....

ဘာလို့လဲဆိုတော့
စားလိုက်တဲ့အစားအစာထဲမှာ
ပါဝင်လာတဲ့
ဓါတုဆေးဝါးတွေကြောင့်ပါတဲ့...

ဂျပန်မှာ ကင်ဆာဖြစ်နှုံးတက်လာလို့
စီစစ်လိုက်တော့
ပြင်ပအစားအစာတွေ အစားများသူ
ကိုယ်လက်လှုပ်ရှားမှု့နည်းသူ
တာရှည်ခံပစ္စည်းတွေ အစားများသူနဲ့
အသီးအနှံ အစားနည်းသူတွေကို
ပိုတွေ့ရပါတယ်တဲ့....

ပြင်ပအစားအစာ အများစုမှာ
ဆီနဲ့အချိုမှုန့်ကို
အလေးထားအသုံးပြုကြပါတယ်...

စားသောက်ဆိုင်နဲ့
ကွန်ဗီနီစတိုးတွေမှာ
အသားကြော်တွေအတွက်
သုံးတဲ့ဆီဟာလည်း
နေ့စဉ်
အိမ်ရှင်မတွေသုံးတဲ့ဆီမဟုတ်ပါဘူး....

အလုပ်များလွန်းတဲ့ ဂျပန်လူမျိုးတွေဟာ
လွယ်ရာ ကွန်ဗီနီစတိုးကနေ
ထမင်းဗူး အသားကြော်တွေနဲ့
နေ့စဉ်
ဖြေရှင်းနေကြရတာများပါတယ်....

ကွန်ဗီနီကထမင်းဗူးဟာ
စက်ရုံကလာတဲ့ အချိန်ကနေ
၂၄ နာရီကျော် အတွင်း
ရောင်းနိုင်ရန်
ဆေးတွေ အသုံးပြုရပါတယ်....

အသားကိုကြော်တဲ့ဆီဟာ
အနည်းဆုံး
၃ ရက်လောက်အသုံးပြုပါတယ်....
အဲ့ဆီထဲမှာ
၃ ရက်လောက်
မနားမနေကြော်တဲ့
အသားတွေထဲကဆီတွေ
တာရှည်ခံဆေးတွေ
အချိုမှုန့်တွေ ပါဝင်ပါတယ်....

မြန်မာမှာတော့
အကြော်ကြော်ပြီးတဲ့ဆီကို
ဆေးတမျိုးထည့်ပြီး
ဆီသစ်နဲ့ရောသုံးတယ်လို့
သူငယ်ချင်းတယောက်ဆီက
သိခဲ့ရပါတယ်...

ပလပ်စတစ်ထည့်တဲ့သူက
ရှိသေးတယ်....

ဂျပန်မှာ
နာရီကျော်သွားလို့
စွန့်ပြစ်တဲ့ ထမင်းဗူးကို စားမိတဲ့
ကျမလုပ်ခဲ့တဲ့ဆိုင်က
ဂျပန်လေးဟာ
ဝမ်းတောင်လျှောပါတယ်....

စားသောက်ဆိုင်မှာ
ပန်းကန်ဆေးရတဲ့ အသိဆို
ဝင်စမှာ အသားတွေကွာကျ
ပေါက်ပြဲလောက်အောင် ဖြစ်ပါတယ်....

ဆေးတွေ
ဘယ်လောက်
အသုံးပြုထားမှန်းမသိတဲ့ အတွက်
လုပ်ကာစဆို
လူတိုင်း နီးပါးဖြစ်တက်ကြပါတယ်....

လက်သုတ်ပုဝါတွေကို
ဖြူဖွေးနေရအောင်
အမြဲ ကလိုရင်းစိမ်ရပါတယ်...

ဆိုင်တွေဟာ
သူတို့ ကာစတန်မာတွေကို
ရောဂါပိုး မဝင်ရလေအောင်
ဓါတုဗေဒဆေးတွေအသုံးပြုပြီး
သန့်ရှင်းရေးတွေလုပ်ကြပေမဲ့
သုံးလိုက်တဲ့ ဓါတုဗေဒ ဆေးတွေကြောင့်
ချက်ခြင်းမဟုတ်ပေမဲ့
တဖြည်းဖြည်း
အသုံးပြုသူတွေအတွက်
ဒါဏ်ရာရရှိစေတာ
ဘယ်သူမှမသိကြပါဘူး....

အသားကြော်ကို ကြော်တဲ့ဆီ
အသားကြော်ထဲပါဝင်တဲ့ အချိုမှုန့်
တာရှည်ခံဆေး
ထမင်းဗူးထဲမှာပါတဲ့ တာရှည်ခံဆေးနဲ့
ကော်ဗူးအတိုင်း နွှေးစားနေတဲ့
မိုက်ကရိုဝေဖ် ဒါဏ်တွေ
ခေါက်ဆွဲခြောက်ဗူးတွေဟာ
ရောဂါဖြစ်စေတဲ့
အကြောင်းရင်းတွေပါပဲတဲ့....

မြန်မာမှာ
တာရှည်ခံဆေးတွေသုံးကြတော့
မထိတ်သာမလန့်သာပေါ့...

တကယ်တော့
တာရှည်ခံဆေးဆိုတာ
နိုင်ငံခြားမှာသုံးနေတာကြာပါပြီ....

သတ်မှတ်ထားတဲ့
အချိန်တွင်းအသုံးပြုရမဲ့
ပမာဏဆိုတဲ့
တိကျတဲ့
စံချိန်စံညွှန်းတွေ နဲ့ သုံးတာရယ်
ဗရမ်းဗတာ သုံးနေတဲ့
ကျမတို့မြန်မာတွေပဲ ကွာပါတယ်...

အချိုမှုန့်ဟာလဲပဲ
လျှာအရသာဖျားကနေ
အရသာခံ
နာဗ်ကြောတွေကတဆင့်
ဦးနှောက်ကိုပေးပို့ တာမို့
အချိုမှုန့်ဟာ
ဘိန်းတမျိုးလိုပဲစွဲစေပါတယ်...

အာရုံကြောကို ထုံထိုင်းစေတာမို့လို့
အချိုမှုန့်စားတဲ့သူတွေဟာ
သဘာဝအရသာကို
စားလို့မရနိုင်ခဲ့တာလက်တွေ့ပါ....

အချိုမှုန့်ကို မကောင်းပါဘူးလို့
ပညာပေးနေတာတောင်မှ
ရအောင်စားပြနေတဲ့ သူတွေရှိနေတော့

မြန်မာတွေဟာ
အသိပေးလို့
အသိဝင်နိုင်တဲ့သူတွေမဟုတ်မှန်း
ရောဂါကို
လက်ဆင့်ကမ်းနေတဲ့သူတွေ အဖြစ်
မြင်တွေ့နေရပါတယ်...

ဆီးချိုရောဂါဆိုတာ
ကာဗိုလ်ဟိုက်ဒြိတ်လို့ခေါ်တဲ့
ကဆီဓါတ် ထမင်းကြောင့်
အဖြစ်များတာကို
အချိုစားလို့ဖြစ်ရတယ်ဆိုတဲ့
အတွေးတွေကြောင့်
မြန်မာမှာ
ဆီးချိုရောဂါရှင်တွေ ဒုနဲ့ဒေးပါ....

တိုးတက်လာတာနဲ့အမျှ
ဇိမ်ခံပစ္စည်းတွေပေါများလာတော့
ကိုယ်လက်လှုပ်ရှားမှု့
နည်းပါးလာတဲ့
မြို့ပေါ်လူတန်းစားတွေဟာ
ရောဂါပိုမိုထူပြောလာကြပါတယ်...

ဒါ့အပြင်
အစားအသောက်တွေ
ထပ်ပေါင်းမိတော့ ပိုဆိုးစေတာပေါ့...

ဒါ့ကြောင့် ကိုယ့်မျက်စိရှေ့မှာပဲ
ပညာတက် ဆရာဝန်တွေတောင်မှ
ရောဂါဖြစ်ပြီး သေတဲ့သူသေ
ဆေးကုတဲ့သူကု
ဘယ်လောက်
ကျန်းမာရေးလိုက်စားနေတဲ့သူဖြစ်ပါစေ
ရောဂါတွေဖြစ်နေတာဟာ
ကံလို့ပဲ လွှဲချတော့မှာလား....

ခု မြန်မာမှာ
အသီးအနှံတွေစိုက်ကြတယ်...
ဓါတ်မြေသြဇာ
ပိုးသတ်ဆေးပမာဏကို
ဘယ်လောက်သုံးရမလဲမသိသူနဲ့
သိပြန်တော့လဲ
ကိုယ့်ထွက်ကုန်
ကြီးမားလှပ ဈေးကောင်းရဘို့
လိုတာထက် ပိုဖြန်းတာတို့
အသုံးပြုတဲ့သူတွေ အကာအကွယ်မဲ့လို့
ရောဂါဖြစ် သေဆုံးနေကြရတာ
မကြာခဏတွေ့ရမှာပါ...

မိမိလယ်ယာမြေမှာ
ပိုးသတ်ဆေး မျှတစွာသုံးပေမဲ့
ဘေးနားက လယ်မြေမှ
အသုံးပြုလွန်းတဲ့အတွက်ကြောင့်
ကိုယ့်မြေမှာပါ
စိမ့်ဝင်နိုင်တဲ့
ပြဿနာတွေကလဲရှိနေပါသေးတယ်...

ဒါကိုကြည့်ခြင်းအားဖြင့်
ပညာပေးမှု့တွေ
ထိရောက်မှု့နည်းပါးတာ
သေချာ စစ်ဆေးစုံစမ်းမှု့တွေ
မရှိတာဟာ
ရောဂါတွေရဲ့ အကြောင်းရင်းတွေပါပဲ...

တနေ့တနေ့ များပြားလာတဲ့
ရောဂါရှင်တွေကို တွေ့မိရာက

မြန်မာနိုင်ငံမှာ
ဆီစားသုံးမှု့လျှော့ချစေချင်သလို
ဆီစစ်ဆီကောင်းများ
ပေါ်ထွက်စေချင်တဲ့စိတ်နဲ့
ဒီစာကိုရေးလိုက်ရပါတယ်....

Crd

Post 3ပါ✴️✴️✴️Post 1&2နဲ့တခါတည်းတွဲယူနိုင်ပါတယ်ရှင်ကြိုက်နှစ်သက်သူလက်ဆောင်ယူပါပစ္စည်းလာယူရပါမယ်ရှင် မပို့ပေးလို့ပါ ရန်ကုန...
29/09/2023

Post 3ပါ✴️✴️✴️
Post 1&2နဲ့တခါတည်းတွဲယူနိုင်ပါတယ်ရှင်
ကြိုက်နှစ်သက်သူလက်ဆောင်ယူပါ
ပစ္စည်းလာယူရပါမယ်ရှင် မပို့ပေးလို့ပါ ရန်ကုန်ကပါ

https://www.facebook.com/100064156327160/posts/695626529252552/

လက်ကိုင်ပါ ကြွေဇွန်းပါ အောက်ခံcherry woodပြားပါ
ကြွေရေနွေးအုပ် တစ်အုပ်ချင်းယူတစ်စုံ 5000
All U 5စုံပါ 20000 ( တစ်အုပ်ကမသိမသာစင်တာလေးရှိလို့
လက်ဆောင်ထည့်ပေးပါမယ်ရှင်) Gift set အသစ်ပါရှင်

Psot 2ပါ 💢💢💢ကြိုက်နှစ်သက်သူလက်ဆောင်ယူပါရှင်post 3ပါတခါတည်းတွဲယူရပါမယ်ကိုယ်တိုင်မယူနိုင်လို့Deliလွှတ်ယူလဲရပါတယ်မှာပြီးCanc...
29/09/2023

Psot 2ပါ 💢💢💢
ကြိုက်နှစ်သက်သူလက်ဆောင်ယူပါရှင်
post 3ပါတခါတည်းတွဲယူရပါမယ်
ကိုယ်တိုင်မယူနိုင်လို့Deliလွှတ်ယူလဲရပါတယ်
မှာပြီးCancelဖြစ်ထားတာလေးမို့ပါကင်ထုပ်အတိုင်းယူရုံပါ
https://www.facebook.com/100064156327160/posts/690626883085850/

ရောင်းလို့မကုန်တာတွေ အကုန်နီးပါး နေရာတွေခွဲပြီးလှူလိုက်ပါပြီ Page လေးပိတ်သိမ်းလိုက်ပါပြီရှင့်ကာကာအားလုံးကိုကျေးဇူးအထူးတင...
29/09/2023

ရောင်းလို့မကုန်တာတွေ အကုန်နီးပါး နေရာတွေခွဲပြီး
လှူလိုက်ပါပြီ Page လေးပိတ်သိမ်းလိုက်ပါပြီရှင့်
ကာကာအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင်
မှတ်ပုံလဲမတင်တော့ဘူးမို့လို့ ဆက်လဲမရောင်းတော့လို့ပါရှင်

 လက်ဖက်အုပ် လာပြီဗျို့ 💥11" ယွန်းပန်းအကြွဆုံလည်ဆိုက်ကြီးရှားရှားအသစ်အသန့် 24300 တန်တန် နဲ့ယူပါ💢ပေါင်းခြင်း9 ဒီနေ့တစ်ရက်သ...
09/09/2023


လက်ဖက်အုပ် လာပြီဗျို့ 💥
11" ယွန်းပန်းအကြွဆုံလည်ဆိုက်ကြီးရှားရှား
အသစ်အသန့် 24300 တန်တန် နဲ့ယူပါ
💢ပေါင်းခြင်း9 ဒီနေ့တစ်ရက်သာ💢
made in japan တံဆိပ်ပါ

Address

Yangon

Telephone

+959889977395

Website

Alerts

Be the first to know and let us send you an email when Japan Lover posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share