Nuts & Grumps Used Bookstore

Nuts & Grumps Used Bookstore Selling Pre-Owned English books

Good morning par. “စာအုပ်စာပေလူ့မိတ်ဆွေ ” ဆိုတဲ့ စကားပုံလေးဟာ လူ့အသိုင်းဝိုင်းထဲက ဖယ်ထုတ်မရတဲ့ အဖိုးတန် စကားပုံလေး တစ်ခု...
12/01/2023

Good morning par.
“စာအုပ်စာပေလူ့မိတ်ဆွေ ” ဆိုတဲ့ စကားပုံလေးဟာ လူ့အသိုင်းဝိုင်းထဲက ဖယ်ထုတ်မရတဲ့ အဖိုးတန် စကားပုံလေး တစ်ခုပါ။ စာပေဖတ်ရှုခြင်းက ရတဲ့ ဗဟုသုတတွေ က အရမ်းအဖိုးတန်လှပါတယ်။
ရာစုတွေ ပြောင်းလဲလာတာနဲ့ အမျှ လေ့လာသင်ယူမှုပုံစံလေးတွေလည်း ပြောင်းလဲလာပါတယ်။computer တွေ phone တွေ electronics devices တွေ ကလည်း များစွာ အထောက်ကူပြုတဲ့ အခန်းကနေပါဝင်လာပါတယ်။ကျောင်းတွေ ရုံးတွေမှာ မရှိမဖြစ်နေရာယူလာပါတယ်။နေ့စဉ်ဘဝထဲမှာ ရာခိုင်နှုန်း တော်တော် နေရာယူလာကြပါတယ်။ စာအုပ်စင် ဆိုတာ အိမ်တွေ တော်တော်များများ မှာ နေရာပျောက်လာပီး တခြား အရာတွေ အစားထိုးနေရာ ယူလာပါတယ်။
စာဖတ်ခြင်းက များစွာ အကျိုးရှိတယ် ဆိုတာ
ကိုယ်တွေ့မလို့ စာအုပ်ဖတ်ရတာကို ကျတော် အတော်လေးနှစ်သက်ပါတယ်။အေးချမ်းတဲ့ ပတ်ဝန်းကျင် အပြင်ဆင်လေးနဲ့ ကော်ဖီလေး တခွက် သောက်ပီး စာဖတ်ရတဲ့ အချိန်လေးဟာ တန်ဖိုး ဖြတ်မရတဲ့ အချိန်လေး တခုပါပဲ။သားသမီးတွေကိုလဲ အဲ့ လ်ို အလေ့ထလေးနဲ့ လေ့လာဆည်းဖူးစေချင်တယ်။ ကိုသိတဲ့ အရာနဲ့ သားသမီးတွေ သိတဲ့ အရာတွေကို ဖလှယ် ကြမယ်။ချစ်ခြင်းမေတ္တာ နဲ့ နွေးထွေးတဲ့ နေရာလေးတခု ဖန်တီးမယ်။
မိသားစုတစ်စုမှာ ချစ်ခြင်းမေတ္တာ ရှိဖို့ က အဓိကကြသလိုပဲ အိမ်တလုံး ထဲမှာ စာဖတ်ခန်းလေးဟာလဲ အရေးပါတဲ့ အခန်းလေးတစ်ခုလို့မြင်မိပါတယ်။ ချစ်တို့ရဲ့ အိမ်ထဲမှာလည်း စာဖတ် ခန်းလေး တခု ထားဖို့ အကြံပေးချင်ပါတယ်။
အကုန်ကျများတဲ့ အရာတွေနဲ့ အလှဆင်ဖို့ မလိုပါဘူး။အရင်ကဆို နိုင်ငံခြား စာအုပ်တွေ စျေးကြီးပေးဝယ် ခဲ့ရပါတယ်။ ဒါကြောင့် အဲ့လို ခံစားချက်မျိုး ခံစားဖူးလို့ မိဘချင်း ကိုယ် ချင်းစာစိတ်နဲ့ စာအုပ်လေးတွေရောင်းဖို့ စိတ်ကူးပေါ်လာတယ်။
အသစ်နီးပါးကောင်း မွန်တဲ့ စာအုပ်လေးတွေကို စျေးသက်သက်သာသာလေးတွေနဲ့ ရောင်းပေး ချင်တယ်။ရန်ကုန်ကို စာအုပ်တွေ ထပ်ပို့ထားပါတယ်။ မကြာခင် ရောင်းပေးပါမယ်။ကို့စိတ်ကူးထဲက စာဖတ် ခန်း လေး အတူ ဖန်တီးကြရအောင်နော်။
ကောင်းသောနေ့လေးပါ။

27/05/2022
27/05/2022

Address

524 Lower Kyimyindaing Road
Yangon
11101

Telephone

+959799976676

Website

Alerts

Be the first to know and let us send you an email when Nuts & Grumps Used Bookstore posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category