Wisdom Bookshop Shwepyitha

Wisdom Bookshop Shwepyitha ရွှေပြည်သာမြို့နယ်အတွင်း ပို့ဆောင်ခ (၉၀၀) ကျပ်ဖြင့် အမြန်ဆုံး ပို့ဆောင်ပေးသည်

17/08/2025
16/08/2025

Hi everyone! 🌟 You can support me by sending Stars - they help me earn money to keep making content you love.

Whenever you see the Stars icon, you can send me Stars!

ရောင်စုံပန်းများ ဖူးပွင့်ရာ စာဖတ်သူ၏ စိတ်ကမ္ဘာ
14/08/2025

ရောင်စုံပန်းများ ဖူးပွင့်ရာ စာဖတ်သူ၏ စိတ်ကမ္ဘာ

စာအုပ်တစ်အုပ်သည်...သင်၏စိတ်ကို ပို၍???
14/08/2025

စာအုပ်တစ်အုပ်သည်...

သင်၏စိတ်ကို ပို၍
???

ဒီ acc ပိုင်ရှင်လေးအတွက် surprise gift 🎁 လေး ရရှိထားပါတယ်ရှင် 😊acc ပိုင်ရှင်လေးရေ page messenger လေးကို ဆက်သွယ်ပေးပါဦးန...
13/09/2022

ဒီ acc ပိုင်ရှင်လေးအတွက် surprise gift 🎁 လေး ရရှိထားပါတယ်ရှင် 😊

acc ပိုင်ရှင်လေးရေ page messenger လေးကို ဆက်သွယ်ပေးပါဦးနော်

လူထုဒေါ်အမာ ၏ ... သဘောကျသော အမှာစကားမိန်းမဆိုတာထမင်းဟင်း ချက်တတ်ရမယ်။ဒါဟာ အမျိုးသမီးဖြစ်လို့ မဟုတ်ဘူး။ယောင်္ကျားနဲ့ ကလေး...
12/09/2022

လူထုဒေါ်အမာ ၏ ... သဘောကျသော အမှာစကား

မိန်းမဆိုတာ
ထမင်းဟင်း ချက်တတ်ရမယ်။
ဒါဟာ အမျိုးသမီးဖြစ်လို့ မဟုတ်ဘူး။
ယောင်္ကျားနဲ့ ကလေးတွေကို
ချက်ကျွေးဖို့ မဟုတ်ဘူး။
လူတစ်ယောက်အနေနဲ့ လောကမှာ
အသက်ရှင် နေထိုင်ဖို့
တစ်ယောက်တည်း နေလည်း
လုပ်ကို လုပ်တတ်ရမယ့် အရာဖြစ်လို့ပါ...

မိန်းမဆိုတာ ...
ကိုယ့်ကိုယ် ကိုယ် တန်ဖိုးထား တတ်ရမယ်။
လင်ကောင်းသားကောင်းရဖို့ မဟုတ်ဘူး။
ကိုယ့်ဘဝ၊ ကိုယ့် ခံယူချက်နဲ့
ကိုယ့် ယုံကြည်ချက် ရှိရှိ
ဂုဏ်ယူစွာ ရပ်တည်နိုင်ဖို့ပါ...

မိန်းမဆိုတာ ...
အသက်မွေးဝမ်းကြောင်း ပညာ
တစ်ခုခု တတ်ကို တတ်ထားရမယ်
လင်ယောင်္ကျားကို ရှာကျွေးဖို့ မဟုတ်ဘူး။
မည်သူ တစ်ဦးတစ်ယောက်ကို မှ
ဘဝတစ်ခုလုံး ပုံအပ်ပြီး
လောက အလယ်မှာ
အားငယ်စွာ မနေထိုင်ရ ဖို့ပါ...

မိန်းမဆိုတာ ...
အိမ်မှု့ကိစ္စ ကောင်းစွာ
စီစဉ် ကိုင်တွယ် နိုင်ရမယ်။
ယောက္ခမနဲ့ ယောင်္ကျားခိုင်းတာ
လုပ်နိုင်ဖို့ မဟုတ်ဘူး။

ကိုယ်နေထိုင်တဲ့ အိမ်ကိုတောင်
အစီစဉ်တကျ သန့်ရှင်း သပ်ရပ်စွာ
မထားနိုင်ဘဲနဲ့ မိမိ ပတ်ဝန်းကျင်၊
မိမိအလုပ်၊ မိမိ လူမျိုး
တိုးတက် ပြောင်းလဲ ဖို့
ကောင်းစွာ အစီစဉ် တကျ
လုပ်နိုင်စွမ်း ရှိမှာ မဟုတ် လို့ပါ...

မိန်းမဆိုတာ ...
လှပစွာ ပြင်ဆင် ဝတ်စား တတ်ရမယ်။
ကိုယ်ဟာ လှပစွာ တည်ရှိ နေတယ် ဆိုတဲ့ စိတ်ဟာ
ကိုယ့်ကို ယုံကြည်ချက်
အများကြီး ပေးနိုင် လို့ပါ...

မိန်းမဆိုတာ ...
မနက်စောစော ထရမယ်။
ကိုယ့် ရည်မှန်းချက် တွေဆီ
မြန်မြန်ရောက် နိုင်အောင်
အလုပ်တွေ ပိုမို ပြီးမြောက်အောင်
ရထားတဲ့ အချိန်ကလေး ကို
လုံလောက်စွာ အသုံးချ နိုင်ဖို့ပါ...

မိန်းမဆိုတာ ...
အလှူအတန်း ရက်ရောရမယ်။
ယောင်္ကျားလှူ သမျှကို
ပါရမီ လိုက်ဖြည့်နေဖို့ မဟုတ်ဘူး။
ဘာကိုမှ မျှော်လင့်ချက် မရှိဘဲ
လွတ်လပ်စွာ လှူတန်းရခြင်းဟာ
ကြီးမားတဲ့ မွန်မြတ်ခြင်း တစ်ခု
ဖြစ်နေလို့ပါ...

ဒါတွေ အားလုံးကို
ယောင်္ကျား တစ်ယောက်ကလည်း
ကောင်းမွန်စွာ တတ်မြောက်ထားရ ပါမယ်။
ယောင်္ကျားမို့ ၊ မိန်းမမို့ မဟုတ်ဘူး...
လူတစ်ယောက် ဖြစ်နေ လို့ပါ။

နေ့ စဉ် လုပ်နေတဲ့ အရာ တွေက
အကြောင်းအရာခြင်း တူရင်တောင်
ရည်ရွယ်ချက် နဲ့ ခံယူချက် မတူရင်
ဘဝ တန်ဖိုးကလည်း တူမှာ မဟုတ်ဘူး...

တစ်ဖက် စောင်းနင်းတဲ့
အတွေးအခေါ် မျိုးက
လူ့ ပတ်ဝန်းကျင်ကို အကျိုးမပြု စေဘူး။

ကိုယ့်ကို လောင်မြိုက်နေတဲ့ အရာ တစ်ခုကို
သူများလည်း လောင်မြိုက် ပါစေ ဆိုပြီး
ဖြန့်ဝေ နေခြင်းက ကြီးစွာသော
အကုသိုလ် ဖြစ်စေ ပါတယ်...

"လူ"ဆိုတာ ...
တဏှာ တစ်ခု တည်း အတွက်
ရှင်သန် နေတာ မဟုတ်ဘူး...

ကိုယ် ရှင်သန် နေတဲ့ ဘဝရဲ့ တန်ဖိုးနဲ့
ရပ်တည် ချက်တွေကို
ကောင်းကောင်း နားလည် စေချင် မိတယ်...


#လူထုဒေါ်အမာ

" ပေးသမျှ လုပ်သမျှ သင့်ဆီ ပြန်ပေးပါလိမ့်မယ်။   သင့်ရဲ့ အတိုင်းအဆပေါ်မူတည်ပြီး သင့်ကို တုံ့ပြန်လာမှာပဲ ဖြစ်ပါတယ်။ "  (ခရစ...
10/09/2022

" ပေးသမျှ လုပ်သမျှ သင့်ဆီ ပြန်ပေးပါလိမ့်မယ်။
သင့်ရဲ့ အတိုင်းအဆပေါ်မူတည်ပြီး သင့်ကို တုံ့ပြန်လာမှာပဲ ဖြစ်ပါတယ်။ "

(ခရစ်တော်)
#ခရစ်ယာန်ဝါဒတည်ထောင်သူ

🙏🙏🙏 "တော်သလင်းလပြည့်"(သို့) "ဂရုဓမ္မအခါတော်နေ့"🙏🙏🙏 “ဂရုဓမ္မ” ဆိုတာကတော့ အလေးထားပြီး လိုက်နာကျင့်သုံးရမယ့် ဓမ္မ (တရား) ပဲ...
08/09/2022

🙏🙏🙏 "တော်သလင်းလပြည့်"(သို့) "ဂရုဓမ္မအခါတော်နေ့"🙏🙏🙏

“ဂရုဓမ္မ” ဆိုတာကတော့ အလေးထားပြီး လိုက်နာကျင့်သုံးရမယ့် ဓမ္မ (တရား) ပဲ ဖြစ်ပါတယ်။

🌟 မြတ်စွာဘုရား သက်ရှိထင်ရှားရှိစဉ်အခါက ကုရုတိုင်းတွင် ဘုရင်နှင့်တကွ တိုင်းသူ ပြည်သား အားလုံးတို့ဟာ ငါးပါးသီလထိန်း သိမ်းစောင့်ရှောက်သည့်အတွက် မိုးလေဝသမှန်ကန်ပြီး တိုင်းပြည် သာယာ ဝပြောခဲ့ပါတယ်။(ကုရုတိုင်းသားတွေစောင့်ထိန်းခဲ့တဲ့သီလဖြစ်လို့ ကုရုဓမ္မလို့လည်းခေါ်ဆိုပါတယ်) ကောလိင်္ဂတိုင်းမှာတော့ တိုင်းပြည်အုပ်ချုပ်သူများ သီလ မစောင့်ထိန်းတဲ့အတွက် ကပ်ကြီး၃ပါး ဆိုက်ကပ်ပြီး လူရောတိရိ စ္ဆာန်ပါ ဒုက္ခရောက် ခဲ့ကြပါတယ်။

🌟 မြတ်စွာဘုရားရဲ့ ဟောကြားမှုကြောင့်.. ကောလိင်္ဂတိုင်းပြည် ဘုရင်နှင့် တိုင်းသူပြည်သားတို့လည်း ကုရုတိုင်းကို အတုယူကာ ငါးပါးသီလ ထိန်းသိမ်းကြသောကြောင့် မိုးလေဝသမှန် ကန်ပြီး သာယာဝပြောလာကြပါတယ်။ ထိုသာယာသော မိုးတွင်းအခါကို အကြောင်းပြုပြီး တော်သလင်းလကို ကုရုဓမ္မအခါ တော်နေ့ (သို့) ဂရုဓမ္မအခါတော်နေ့ ဟုခေါ်ဝေါ်ခြင်းဖြစ်တယ်လို့ စာပေများမှာ မှတ်သားရပါတယ်..။

🌟 ဂရုဓမ္မ အခါတော်နေ့ကို တော်သလင်းလပြည့်နေ့မှာ ကျင်းပရခြင်းမှာဂေါတမ ဘုရားအလောင်း ပါရမီတော်များကို ဖြည့်ကျင့်စဉ် နုစဉ်အခါတုံးကကုရုတိုင်း ဣန္ဒပတ္တမြို့တော် မှာ မင်းကျင့် တရားဆယ်ပါးနှင့်အညီ
မင်းပြုတော်မူတဲ့ ရှင်ဘုရင်အဖြစ် ထီးနန်းစိုးစံချိန်မှာ ကုရုဓမ္မ (ကုရုတိုင်းသားတွေ စောင့်ထိန်းကြ လို့ ကုရု ဓမ္မ ) တရားဆိုတာ ဖြစ်ပေါ်လာရတယ် လို့ ဆိုတယ်၊

🌟 ကုရုဓမ္မ ဆိုတာ တခြားမဟုတ်ပါ၊ ယနေ့လူတိုင်းစောင့်ထိန်းနေကြတဲ့ငါးပါးသီလကိုပဲ ကုရုဓမ္မ ( တနည်းအားဖြင့် အချိန် ကာလတွေ ကြာလာသည်နှင့်အမျှ ) ဂရုဓမ္မ ( ဂရု - လူတိုင်း တလေးတစား စောင့်ထိန်းသင့်သော၊ ဓမ္မ -ငါးပါးသီလ တရားများ ) လို့ အဓိပ္ပါယ် ခေါ်ဆိုရပါမယ်။

🌟 အတိတ်တချိန်က ဘုရားလောင်း မင်းပြုနေချိန် မင်းကျင့်တရား ဆယ်ပါးနဲ့ အညီအုပ်ချုပ်လေ တော့ တိုင်းပြည် မှာ စည်ပင် ဝပြောပြီးအေးအေးချမ်းချမ်း
ရှိနေခဲ့တယ်၊ အဲဒါတင်မကပဲ ဘုရားအလောင်း ရှင်ဘုရင်ကြီး တစ်တိုင်းပြည်လုံးလဲ ငါးပါးသီလကို စောင့်ထိန်း ကြတယ်၊တတိုင်းပြည်လုံးထဲမှာမှအောက်ပါ ( ၁၁ ) ယောက်ကတော့ သီလကို အသက်နှင့်လဲပြီးကို ထိန်း သိမ်းကြပါသတဲ့။ အဲဒီပုဂ္ဂိုလ်တွေကတော့ …

၁။ ဘုရားလောင်း ဘုရင်၊

၂။ အိမ်ရှေ့မင်းသား၊

၃။မယ်တော်ကြီး၊

၄။မိဖုရားခေါင်၊

၅။ မင်းအတိုင်ပင်ခံ ပုရောဟိတ် ပုဏ္ဏားကြီး

၆။ မြေတိုင်းအမတ်ကြီး၊

၇။ ရှင်ဘုရင်၏ ရထားထိန်းတော်၊

၈။ တိုင်းပြည်၏ အကြီးဆုံး ကုန်သည်ကြီး၊

၉။ နန်းတော် တံခါးမှုး

၁၀။တိုင်းပြည် ကျက်သရေဆောင် သူဋ္ဌေးကြီး

၁၁။ ပြည့်တန်ဆာမ

အထက်ပါလူတွေကတော့ သီလ၀န္တတွေလို့ ဆိုရမှာပါ၊

🌟 တိုက်တိုက်ဆိုင်ဆိုင် ကုရုတိုင်းနဲ့ မနီးမဝေး က ကာလိင်္ဂတိုင်း ဒန္တပုရမြို့မှာလည်းပဲ ကာလိင်္ဂရှင်ဘုရင်ကြီး အုပ်ချုပ်နေတဲ့ အချိန်၊ သူတို့တိုင်းပြည်မှာတော့ မိုးခေါင်တဲ့ ဘေး ဆိုးကြီး ကျနေတာ နှစ်ပေါင်းများစွာကြာနေပြီ၊ မိုးခေါင်လေတော့ သီးနှံ တွေလဲ မဖြစ်ထွန်းပဲတိုင်းသူပြည်သားတွေစားရမဲ့ သောက်ရမဲ့ အငတ်ဘေး ဆိုက်လာပြန်တယ်၊ အငတ်ဘေး ဆိုက်ရုံ မကပဲ လူတွေမသန့်မရှင်းဖြစ်ပြီး အနာရောဂါတွေ ထူပြောလာပြီး ကူးစက်တတ်တဲ့ရောဂါကပ်ဆိုးကြီး ရောက်လာပြန်ရော ..

🌟 ဒီတော့ တိုင်းသူပြည်သားတွေက ကာလိင်္ဂဘုရင်ကြီးဆီ အကျိုးအကြောင်းပြောပြပြီး ..

🌟 ဒီလို တတိုင်းပြည်လုံး ကပ်ဆိုက်နေချိန်မှာ အရှင်မင်းကြီး ဒါန သီလတွေများများပြုပြီး (၇) ရက်တိတိ ဥပုသ်စောင့်ပါက မိုးရွာပါလိမ့်မယ် လို့လျောက်ကြတယ်၊

🌟 အဲဒီလို စောင့်သော်လည်း မိုးမရွာလေတော့ နောက်တဖန် ကုရုတိုင်းမှာ အဉ္ဇန၀ဏ္ဏမင်္ဂလာဆင်တော်ကြီး ရှိတယ်၊ သူတို့ ဆီကို ဆင်တော်အလှူခံပြီး သယ်လာခဲ့ရင်
မိုးရွာနိုင်ပါတယ် လို့ ဆိုပြန်တယ်၊ဒီလို လုပ်ပေမယ့် အဆင်မပြေပြန်ဘူး၊

🌟 ဇာတ်တော်ကို အကျဉ်းချုံးရလျင် နောက်ဆုံးမှာ ကုရုတိုင်းသားတွေစောင့်ထိန်းကြတဲ့ ငါးပါးသီလကို ရွှေပေလွှာမှာ ကူးယူ စေကာ ကာလိင်္ဂတိုင်းသူပြည်သားတွေ အားလုံး စောင့်ထိန်းကြမှ မိုးလေ၀သတွေ မှန်လာပြီး
တတိုင်းပြည်လုံးသာယာဝပြောစည်ပင် လာခဲ့ တယ်၊ တတိုင်းပြည်လုံးအသက်ချမ်းသာရာ ရခဲ့ကြတယ် လို့ ဆိုပါတယ်။
(မူရင်းစာရေးသူ၏ post ကိုတည်းဖြတ်ကူးယူကုသိုလ်ပြုပါသည်)

☝☝☝ ကုရုတိုင်းသည် ယနေ့ခေတ် ဗုဒ္ဓဂယာခရီးစဉ်တွင် သွားရောက်လည်ပတ်သော #နယူးဒေလီမြို့ ဝန်းကျင်ပင်ဖြစ်သည်ဟု ဆိုကြပါသည်။

🙏🙏🙏 ယနေ့ #တော်သလင်းလပြည့် #ဂရုဓမ္မအခါတော်နေ့ တွင် သီလတရားများ လုံခြုံအောင် စောင့်ထိန်းရင်း ကုသိုလ်တရားများတိုးပွါးနိုင်ကြပါစေရန် "wisdom bookshop shwepyitha " မှ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်ရှင် ။🙏🙏🙏


#မူရင်းရေးသားသူအားလေးစားစွာဖြင့်creditပေးပါသည်။

ငါအမြဲတမ်း  ပျော်ရွှင်မှုကို ခံစားရတယ်...ဘာကြောင့်လဲ သိလား❓အကြောင်းကတော့...ငါ ဘယ်သူ့ဆီကဘာကိုမှ မမျှော်လင့်လို့ပါပဲ၊မျှော...
07/09/2022

ငါအမြဲတမ်း ပျော်ရွှင်မှုကို ခံစားရတယ်...
ဘာကြောင့်လဲ သိလား❓
အကြောင်းကတော့...
ငါ ဘယ်သူ့ဆီက
ဘာကိုမှ မမျှော်လင့်လို့ပါပဲ၊

မျှော်လင့်ခြင်းတွေက အမြဲတမ်း နာကျင်စေတယ်လေ။

Address

Yangon

Telephone

+959975302977

Website

Alerts

Be the first to know and let us send you an email when Wisdom Bookshop Shwepyitha posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category