Online Shop

Online Shop ဘက်စုံသုံးဆပ်ပြာဆီ/ဆပ်ပြာမှုန့် (လက်လီ/လက်ကား)

💦အဝတ်လျှော်မလား ပန်းကန်ဆေးမလား    #ဘက်စုံသုံးဆပ်ပြာဆီ မွှေးမွှေးလေးမှာယူနိုင်ပါသည်ရှင့် ..🏵ဆပ်ပြာအဆီကပျစ်ပျစ်လေးမို့ အဆီ...
15/02/2023

💦အဝတ်လျှော်မလား ပန်းကန်ဆေးမလား #ဘက်စုံသုံးဆပ်ပြာဆီ မွှေးမွှေးလေးမှာယူနိုင်ပါသည်ရှင့် ..

🏵ဆပ်ပြာအဆီကပျစ်ပျစ်လေးမို့ အဆီ1Lt 1ဗူးကို ရေနှစ်ဗူးစာရောစပ်အသုံးပြုလို့ရတဲ့အတွက် စျေးနှုန်းလေးလည်း အသက်သာဆုံး ရောင်းပေးတာမို့အိမ်ရှင်မတွေအဖို့ တွက်ခြေကိုက်ပီးအရမ်းအဆင်ပြေတယ်နော် ..

🧴1လီတာတစ်ဗူး = 600Ks (10ဗူးအနည်းဆုံးယူပေးပါ)

🗯ကိုယ်ပိုင်တံဆိပ်ဖြင့်ပြန်လည်ရောင်းချလိုသူများအတွက်လည်းအဆင်ပြေအောင် ဗူး50/100 ကစလို့အများစျေးလည်းရှိ့သေးတယ်နော်..

🚚ရန်ကုန်မြို့တွင်း ပစည်းရောက်ငွေချေမှာယူနိုင်ပြီး နယ်ဆို ငွေကြိုလွဲရပါမည်ရှင့် ..🚎

Order - Cb (or) 09420094860

💦အဝတ်လျှော်မလား ပန်းကန်ဆေးမလား    #ဘက်စုံသုံးဆပ်ပြာဆီ မွှေးမွှေးလေးမှာယူနိုင်ပါသည်ရှင့် ..🏵ဆပ်ပြာအဆီကပျစ်ပျစ်လေးမို့ အဆီ...
14/02/2023

💦အဝတ်လျှော်မလား ပန်းကန်ဆေးမလား #ဘက်စုံသုံးဆပ်ပြာဆီ မွှေးမွှေးလေးမှာယူနိုင်ပါသည်ရှင့် ..

🏵ဆပ်ပြာအဆီကပျစ်ပျစ်လေးမို့ အဆီ1Lt 1ဗူးကို ရေနှစ်ဗူးစာရောစပ်အသုံးပြုလို့ရတဲ့အတွက် စျေးနှုန်းလေးလည်း အသက်သာဆုံး ရောင်းပေးတာမို့အိမ်ရှင်မတွေအဖို့ တွက်ခြေကိုက်ပီးအရမ်းအဆင်ပြေတယ်နော် ..

🧴1လီတာတစ်ဗူး = 600Ks (10ဗူးအနည်းဆုံးယူပေးပါ)

🗯ကိုယ်ပိုင်တံဆိပ်ဖြင့်ပြန်လည်ရောင်းချလိုသူများအတွက်လည်းအဆင်ပြေအောင် ဗူး50/100 ကစလို့အများစျေးလည်းရှိ့သေးတယ်နော်..

🚚ရန်ကုန်မြို့တွင်း ပစည်းရောက်ငွေချေမှာယူနိုင်ပြီး နယ်ဆို ငွေကြိုလွဲရပါမည်ရှင့် ..🚎

09420094860

ဘာလို့ ပင်ပန်းနေရတာလဲ?Tuesday, August 30, 2016 သင်ဟာ ညဘက်ဆိုရင်လည်း ရုပ်ရှင်လေးကြည့်ရင်း ဂိမ်းလေးဆော့ရင်း သူငယ်ချင်းတွေန...
12/10/2016

ဘာလို့ ပင်ပန်းနေရတာလဲ?

Tuesday, August 30, 2016
သင်ဟာ ညဘက်ဆိုရင်လည်း ရုပ်ရှင်လေးကြည့်ရင်း ဂိမ်းလေးဆော့ရင်း သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းရင်းနဲ့ အိပ်ယာဝင်နောက်ကျသွားပါတယ်။ မနက်ကျတော့လည်း သူဋ္ဌေးမဆူခင် အလုပ်ကို ရောက်နေမှ ဖြစ်မယ့်အတွက် အစောကြီး ထရပြန်ပါတယ်။ ပြီးရင်တော့ တစ်နေ့လုံး အလုပ်ထဲမှာ ပင်ပန်းနေပါတယ်။ ဒါဆို ပင်ပန်းရ ခြင်းအကြောင်းအရင်းလေးတွေကို တော့ သိထားဖို့ လိုအပ်ပါလိမ့်မယ်။

၁။ ရေဓါတ်ခမ်းခြောက်နေလို့ပါ
ရာသီဥတု ပူရတဲ့ကြားထဲ အိပ်ရေးကမ၀ဘူးဆိုရင် တော့ သင်ဟာ ကျိန်းသေပေါက်ရေ ဓါတ်ခမ်းခြောက်နေမှာပါ။ အဲဒီအခါမျိုးမှာ အလိုလို ပင်ပန်းနေတတ်ပါတယ်။ ဒါကြောင့် နာရီဝက် ကို ရေတစ်ခွက်လောက်တော့ သောက်ပေးသင့်ပါတယ်။

၂။ စိတ်ဖိစီးမှုတွေများနေလို့ပါ
သင်ဟာ တာဝန်ယူထားတဲ့ အလုပ်တွေမပြီးသေးဘူး။ အချိန်မီ ပြီးစီးနိုင်ဖို့ အားသွန်ခွန်စိုက် အလုပ်တွေလုပ်နေပါတယ်။ အဲဒီအချိန်မှာ သင်ပင်ပန်းမှုကို ခံစားလာရပါတယ်။ သင်ကတော့ အလုပ်တွေလုပ်နေလို့ ပင်ပန်းနေတာလို့ တွေးပါလိမ့်မယ်။ တစ်ကယ်တော့ စိတ်ဖိစီးမှုတွေ များနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စိတ်အေးအေးထား ပြီး အလုပ်လုပ်တာက ပိုသက်သာစေမှာပါ။

၃။ ကဖိန်းဓါတ် များသွားလို့ပါ
သင်ဟာ အလုပ်တွေပြီးအောင်လုပ်မယ်ဆိုတဲ့စိတ် နဲ့ ကော်ဖီတွေ တစ်ခွက်ပြီး တစ်ခွက်သောက်ပြီး အလုပ်ကို ဇောက်ချ လုပ်မယ်ဆိုရင်လည်း ပင်ပန်းမှုကို ခံစားရမှာပါ။ ကော်ဖီမှာပါတဲ့ ကဖိန်းဓါတ်က သင့်ကိုပင်ပန်းစေပါတယ်။ အများကြီးသောက်မိရင် အရမ်းပင်ပန်းနေရပါလိမ့်မယ်။

၎။ လေ့ကျင့်ခန်းတွေများသွားလို့ပါ
အလုပ်ထဲမှာ ထိုင်နေရတာများလို့ ကျန်းမာရေးကောင်းအောင် လေ့ကျင့်ခန်းတော့ ပြန်လုပ်သင့်ပါတယ်။ ကိုယ်ထိုင်ထားတဲ့ အချိန်နဲ့ညီမျှမယ့် လေ့ကျင့်ခန်း မျိုးကိုပဲ လုံလောက်မယ့် အချိန်ပမာဏ မှာ လုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာများသွားရင်လည်းနောက်နေ့တွေထိ ပင်ပန်းနေတတ်ပါတယ်။

Credit : သစ်ထူးလွင်(ကျန်းမာရေး)

ဇီကာဗိုင်းရပ်ဟာ မျက်လုံးထဲမှာလဲ ရှိနေနိုင်တယ်လို့ ရှာဖွေတွေ့ရှိWednesday, September 14, 2016ဇီကာ ကူးစက်ခံထားရတဲ့ ကြွက်တေ...
18/09/2016

ဇီကာဗိုင်းရပ်ဟာ မျက်လုံးထဲမှာလဲ ရှိနေနိုင်တယ်လို့ ရှာဖွေတွေ့ရှိ

Wednesday, September 14, 2016
ဇီကာ ကူးစက်ခံထားရတဲ့ ကြွက်တွေရဲ့ မျက်ရည်ထဲမှာ ဇီကာဗိုင်းရပ်ရဲ့ မျိုးရိုးဗီဇ လက္ခဏာ တွေ့ရှိရပြီး ဗိုင်းရပ်က မျက်လုံးတွေထဲမှာ ရှိနေနိုင်တာကို လေ့လာတွေ့ရှိရပါတယ်။.

ကြွက်တွေရဲ့ သန္ဓေသားလောင်းတွေ ၊ မွေးကာစတွေ နဲ့ အရွယ်ရောက်ကြွက်တွေကို စမ်းသပ်ခဲ့ရမှ ဇီကာဗိုင်းရပ် ကူးစပ်ခံရတဲ့ တစ်ချို့လူတွေဆီမှာ ဘာကြောင့် မျက်စိဝေသနာတွေခံစားရပြီး အမြင်ပျောက်ဆုံးရတာတွေအတွက် ရှင်းလင်းဖို့ အထောက်အကူ ဖြစ်နိုင်ခဲ့ပါတယ်။

လေ့လာသူပညာရှင်တွေက ဇီကာဗိုင်းရပ် မျက်လုံးထဲ ကူးစက်ခံရမှု ရှိမရှိနဲ့ မျက်လုံးထဲမှာ ဘယ်လောက်ကြာအောင် အသက်ရှင်နေနိုင်သလဲဆိုတာကို လေ့လာခဲ့ကြပါတယ်။.

ဇီကာ ကူးစပ်ခံရတဲ့ ကလေး ၃ ပုံ ၁ ပုံ ဟာ မျက်စိဝေဒနာခံစားရပါတယ်။ ဗိုင်းရပ်ကြောင့် မျက်စိအာရုံကြောတွေကို ထိခိုက်ပျက်စီးတာတွေ ၊ မွေးဖွားပြီးနောက် မျက်စိမမြင်ရတာတွေ ဖြစ်နိုင်ပါတယ်။

အရွယ်ရောက်ပြီးသား လူတွေမှာလည်း ဗိုင်းရပ်ကြောင့် မျက်လုံး ရဲနေတာတွေ ၊ ယားတာတွေ ဖြစ်စေပါတယ်။ ရှားပါးတဲ့ ဖြစ်စဉ်တွေအရဆိုရင် အရွယ်ရောက်ပြီး ဗိုင်းရပ်ကူးစပ်ခံရတဲ့ သူတွေဆီမှာ ဗိုင်းရပ်က ပိုမိုဖွံ့ဖြိုးလာပြီး အမြင်အာရုံဆုံးရှုံးရတာတွေ ရှိပါတယ်။

မျက်လုံးရဲ့ မတော်တစ်စ ထိခိုက်မှုတွေကို ကာကွယ်ဖို့ သိမြင်လွယ်တဲ့ တစ်ရှုးတွေရဲ့ ရောဂါကာကွယ်ရေး စနစ် လုပ်ဆောင်မှု နည်းလာတာကို တွေ့ရပါတယ်။ ဒါက တခါတရံမှာ ဗိုင်းရပ်က ခန္ဓာကိုယ်ထဲမှာ မရှိတော့ပေမယ့် မျက်လုံးထဲမှာ အသက်ရှင်နေထိုင်နေနိုင်တယ်လို့ ဆိုလိုတာပါ။

ဇီကာဗိုင်းရပ်က လူတွေရဲ့ မျက်ရည်ကတဆင့် ကူးစက်တာမျိုး မဖြစ်နိုင်ပါဘူး။ ဒီထက်ပိုပြီး လေ့လာကြမယ်ဆိုရင်တော့ ဇီကာဗိုင်းရပ် ကူးစက်ခံရတာ ဟုတ်မဟုတ် ရောဂါအမျိုးအမည်ခွဲခြားရာမှာ အခုသုံးနေတဲ့ သွေးဖောက်စစ်တာထက် မျက်ရည်ကို စစ်ပြီး နာကျင်မှုသက်သာစေမယ့် နည်လမ်းရှာဖွေနိုင်ဖို့ ပညာရှင်တွေက မျှော်လင့်ထားကြပါတယ်။

( Michelle )

health.thithtoolwin.com
သစ်ထူးလွင်(ကျန်းမာရေး)

ဗိုက်ခေါက်အဆီချနည်းအလွယ်ဆုံး ဗိုက်ခေါက်အဆီချနည်းဖြစ်ပါတယ်။ ဒီနည်းက လေ့ကျင့်ခန်းလုပ်ဖို့ မလိုအပ်ဘဲ အဆီပိုတွေကို ပဉ္စလက်ဆန်...
20/08/2016

ဗိုက်ခေါက်အဆီချနည်း

အလွယ်ဆုံး ဗိုက်ခေါက်အဆီချနည်းဖြစ်ပါတယ်။ ဒီနည်းက လေ့ကျင့်ခန်းလုပ်ဖို့ မလိုအပ်ဘဲ အဆီပိုတွေကို ပဉ္စလက်ဆန်ဆန် ဖယ်ရှားပေးမယ်လို့ ဆိုတယ်။ ဗိုက်အဆီချဖို့ ရေနွေးနဲ့ ရှောက်သီးတလုံးပဲလိုပါတယ်။တကယ်တော့ ဝမ်းတွင်း၊အူထဲမှာ အဆိပ်အတောက်၊အဆီခဲလေးတွေ ပုံမှန်အားဖြင့် ရှိနေတတ်တယ်။ အဲဒါလေးတွေက ဘာမှမဟုတ်ပေမယ့် လူကိုဒုက္ခပေးတတ်တယ်။ အထူးသဖြင့် ရေခဲရေအမြဲသောက်သူတွေမှာ ပိုတွေ့ရတယ်။ အဆီလေးတွေခဲပြီး အူလမ်းကိုပိတ်ရင် အာဟာရ စုပ်ယူမှုကို တားဆီပါသတဲ့။အဲလိုမဖြစ်အောင် အူလမ်းကြောင်းမှာရှိတဲ့ အဆိပ်အတောက်၊အဆီခဲတွေကို ဖယ်ရှားပေးရတယ်။

လေ့လာမှုတွေအရ မနက်အိပ်ရာထမှာ ရိုးရိုးရေနွေး(လက်ဖက်ခြောက်မပါ) သောက်ခြင်းက ကျန်းမာရေးအတွက် အထူးကောင်းမွန်တာ တွေ့ရတယ်။အစာအိမ်ကို စတင်နှိုးဆွပေးပြီး အူလမ်းကြောင်းကို အသက်ဝင်စေတယ်။ တနေ့တာအစာခြေဖို့အတွက် အခြေခံကောင်းတခုဖြစ်တယ်လို့ ယူဆကြတယ်။အူလှုပ်ရှားမှုကို ဖြစ်စေပြီး အစာချေစနစ်ကို အားပေးလို့ ဝမ်းချုပ်ခြင်းကို ကာကွယ်ပြီး ဖြစ်တယ်။ တချို့ကလည်း အာနိသင်ပိုကောင်းအောင် ပိုလီဖီနော(polyphenol)ကြွယ်ဝတဲ့ ရှောက်သီးကို မနက်စောစော အိပ်ရာထမှာ ရေနွေးထဲစိမ်ပြီး သောက်ကြတယ်။ ရှောက်သီးရဲ့ အာနိသင်ကြောင့် အနံ့၊အရသာကောင်းမွန်တဲ့ ရေနွေးကို ဖြစ်ပေါ်စေတယ်။ ပိုကောင်းတာက ရှောက်သီးမှာပါဝင်တဲ့ ပက်တင်(pectin)အမျှင်ဓာတ်က ဝမ်းမှန်စေတယ်။ အူလမ်းကြောင်းမှာရှိတဲ့ အစာဟောင်းတွေကို စွန့်ထုတ်ပေးတယ်။ အဆီပိုတွေကိုလည်း ကျဆင်းစေတယ်။

တချို့ကလည်း ရှောက်သီးနေရာမှာ သံပုရာသီးကို သုံးတယ်။ အလျဉ်းသင့်လို့ ဖော်ပြရရင် သံပုရာသီးနဲ့ ရှောက်သီးမှာ ကွာခြားချက်လေးတွေ ရှိတယ်။ ပုံစံကို ကြည့်ရင် ယေဘုယျခွဲနိုင်တယ်။ သံပုရာက အလုံးသေးပြီး ဝိုင်းတယ်။ အရောင်က အစိမ်းရောင် ရှိတယ်။ ရှောက်သီးကတော့ ဘဲဥပုံဖြစ်ပြီး အဝါရောင် ဖြစ်တယ်။ ဒီထဲမှာ သံပုရာသီးက ပိုချဉ်ပြီး အက်ဆစ်ဓာတ်ကဲတယ်။ ရှောက်သီးကတော့ နည်းနည်းပိုခါးတယ်။ ဒါပေမယ့် ရင့်မှည့်လာရင် ပိုဝါပြီး ချိုလာတယ်။ ရေထဲကို စိမ်ကြည့်ရင် သိပ်သည်းဆပိုများတဲ့ သံပုရာသီးက အောက်ကို နှစ်မြှုပ်သွားမယ်။သိပ်သည်းဆသိပ်မများတဲ့ ရှောက်သီးကတော့ ရေပေါ်မှာ ပေါ်လောပေါ်နေတာ တွေ့ရတယ်။ ဒါက သံပုရာသီးလား၊ရှောက်သီးလား အလွယ်ကူဆုံး ခွဲခြားတဲ့နည်း ဖြစ်ပါတယ်။ ရေနွေးသောက်တဲ့အခါ ရှောက်သီး(သို့)သံပုရာသီး တညလုံးစိမ်ထားပြီးသား ရေနွေးထက် လောလောလတ်လတ်စိမ်ထားတဲ့ ရေနွေးခပ်ပူပူကို ပိုသောက်သင့်တယ်။ သောက်တဲ့အခါ အငွေ့တထောင်းထောင်းထနေတဲ့ ရေနွေးထက် အသင့်အတင့်ပူတဲ့ ရေနွေးမျိုးက ပါးစပ်၊အစာမျိုပြွန်နဲ့ အစာအိမ်လမ်းကြောင်း ထိခိုက်မှုကို ကာကွယ်ရာရောက်တယ်။

ဒီနည်းက ပုံမှန်အားဖြင့် လူတိုင်းနဲ့ သင့်တော်ပါတယ်။ အမေးများတဲ့မေးခွန်းတခုရှိတယ်။ သံပုရာသီးက အစာအိမ်သမားနဲ့ သင့်တော်ပါ့မလားတဲ့။ ပုံမှန်အားဖြင့် သင့်တော်တယ်လို့ ဖြေပါရစေ။ ဘာ့ကြောင့်လဲဆိုတော့ ရှောက်သီးသဘောက အက်ဆစ်ဓာတ်ကဲပေမယ့် ခန္ဓာကိုယ်ထဲရောက်သွားရင် အယ်လ်ကာလီပြောင်းသွားလို့ ဖြစ်ပါတယ်။ ဒါပေမယ့် အစာအိမ်နာဖြစ်နေစဉ်၊ ဗိုက်နာနေစဉ် လုံးဝမသောက်သင့်ပါ။ ပိုဆိုးလာနိုင်တယ်။ တချို့ အူပါးမှာ စိုးရိမ်သူတွေလည်း ရှိတယ်။ အဲလောက်ကြီး မဆိုးရိမ်ပါနဲ့။ ဘာ့ကြောင့်လဲဆိုတော့ နှစ်ချီဆွဲသောက်ဖို့ မလိုအပ်လို့ပါ။ နှစ်ပတ်ခန့် သောက်သုံးတာနဲ့ အသားရေကြည်လင်လာပြီး တလခန့်အကြာမှာ အဆီပိုတွေ ကင်းစင်လာလိမ့်မယ်။

ပြုလုပ်နည်း
အရင်ဆုံးရှောက်သီးတလုံးကိုယူပြီး ခလယ်က ထက်ခြမ်းခြမ်းပါ။ တချို့က ပါးပါးလေးလှီးတယ်။ ပြီးရင် ရေနွေးပွက်ပွက်ဆူထဲထည့်ပြီး မိနစ်(၂၀ ) ခန့် နှပ်ထားပါ။ပြီးရင် ကြက်သွန်ဖြူ(၃)စိတ်ကို အစိမ်းလိုက် ဝါးစားပါ။ စောစောက နှပ်ထားတဲ့ ရှောက်သီးခြမ်းရေနွေးဆက်သောက်ပါ။ ရှောက်သီးနေရာမှာ သံပုရာသီးသုံးနိုင်တယ်။ မနက်စောစောအိပ်ရာထ ဘာဆိုဘာမှမစားခငိသောက်ရမှာ ဖြစ်ပါတယ်။

နောက်တနည်းက သံပုရာတခြမ်း၊ သခွားသီးစိတ်(၅)စိတ်၊ ဂျင်းတက်သေးတခု၊ ပူစီနံ နဲနဲကို ရေနွေးပွက်ပွက်ဆူ(300ml)ထဲ ရောသမပြီး နှပ်ထားပါ၊ မိနစ်(၂၀)နေရင် စတင်သောက်သုံးပါ။ တလအတွင်း ဗိုက်ခေါက် အဆီပိုတွေ ပဉ္စလက်ဆန်ဆန် ဖယ်ရှားနိုင်မယ်လို့ ဆိုပါတယ်။

ဒေါက်တာ အေးမင်းထူး
၁၈.၈.၁၆

Address

Yangon

Telephone

+959420094860

Website

Alerts

Be the first to know and let us send you an email when Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Online Shop:

Share