YGN Market

YGN Market Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from YGN Market, Shopping Service, Yangon.

အသုံးနဲ့ အဖြုန်းအသုံးနဲ့ အဖြုန်းကို ခွဲပြပါဆို နည်းနည်းတော့ တိုင်ပတ်ပါတယ်။ ဒါတွေက အသုံးတွေပါ၊ ဒါတွေကတော့ အဖြုန်းတွေပါဆို...
28/07/2022

အသုံးနဲ့ အဖြုန်း

အသုံးနဲ့ အဖြုန်းကို ခွဲပြပါဆို နည်းနည်းတော့ တိုင်ပတ်ပါတယ်။ ဒါတွေက အသုံးတွေပါ၊ ဒါတွေကတော့ အဖြုန်းတွေပါဆိုပြီး အဖြူနဲ့ အမည်း ကန့်သတ် ခွဲခြားလို့မရတာတွေ များပါတယ်။ ပစ္စည်းတစ်ခုတည်းကို ဝယ်သုံးတာချင်းတူပေမဲ့ တစ်ယောက်အတွက်က အသုံးဖြစ်ချင်ဖြစ်ပြီး နောက်တစ်ယောက်အတွက်ကတော့ အဖြုန်းဖြစ်ချင် ဖြစ်နေပါလိမ့်မယ်။

ဥပမာ ပေးရရင် ဈေးကြီးပေးရတဲ့ အကောင်းစား မိတ်ကပ်တွေ ကို အမျိုးသမီးနှစ်ယောက် ဝယ်သုံးပါတယ်။ တစ်ယောက်ကတော့ ရုပ်ရှင်မင်းသမီးပါ။ နောက်တစ်ယောက်ကတော့ ရုပ်ရှင်မင်းသမီးမဟုတ်တဲ့ သာမန် ဝန်ထမ်းပါ။ ရုပ်ရှင်မင်းသမီး ဝယ်သုံးတယ်ဆိုတာက သူ့အတွက် လိုအပ်လို့ပါ။ အလုပ်အတွက် သုံးတဲ့ ငွေပါ။ မင်းသမီးဆိုတော့ သူ့မျက်နှာလေးလှနေဖို့ လိုတယ်မဟုတ်လား။ သူ့ဝင်ငွေ ကောင်းမကောင်းက သူ့သရုပ်ဆောင်ကောင်းတာ၊ ပေါင်းသင်းဆက်ဆံရေး ကောင်းတာအပြင် သူ့မျက်နှာလေးလှနေတာပေါ်လည်း မူတည်နေတာကိုး။ မင်းသမီးကို အားကျပြီး သာမန် ဝန်ထမ်းမလေးက အဲဒီ မိတ်ကပ် ဝယ်လူးနေရင်တော့ (ဝယ်လူးတဲ့ အတွက် လှချင်ရုံကလွဲပြီး မြင်သာတဲ့ အကျိုးအမြတ် ရေရေရာရာ မရှိရင်တော့) ဒါ အဖြုန်းဖြစ်သွားပါပြီ။ ဈေးသင့်ပြီး ​အရည်​အသွေး​​ကောင်းတာမျိုး ရွေးဝယ်သင့်ပါတယ်။ သနပ်ခါး​ရေကျဲလေး လိမ်းထားလည်း ရပါတယ်။

ဒီတော့ အသုံးနဲ့ အဖြုန်းကို ဘယ်လိုခွဲမလဲ။

*********************************
(၁) လိုအပ်တာလား၊ လိုချင်တာလား။
*********************************

ငွေမသုံးခင် မဝယ်ခင်မှာ ကိုယ့်ကိုယ်ကိုယ် ရိုးရိုးသားသား ပြန်မေးရမှာက တကယ် လိုအပ်လို့ သုံးတာလား၊ လိုချင်ရုံ သက်သက် သုံးတာလား ဆိုတာပါပဲ။ လိုချင်ရုံသက်သက် ဆိုရင် ဒါအဖြုန်း ပါပဲ။

အပေါ်က ဥပမာမှာ အကောင်းစား မိတ်ကပ်ကို မင်းသမီးက လိုအပ်ပါတယ်။ ဝန်ထမ်း အမျိုးသမီးအတွက်ကတော့ လိုချင်ရုံ သက်သက်ပါ။

ငွေမသုံးခင် မေးရမှာက ဒါဟာ သေရေးရှင်ရေး အတွက် အရေးကြီးလား၊ ဒါမှ မဟုတ် ဝင်ငွေရပေါက်ရလမ်း အတွက် လိုအပ်လား ဆိုတာပါပဲ။ သေရေးရှင်ရေးမဟုတ်ရင်၊ ကိုယ့် အတွက် အကျိုးအမြတ် အလားအလာ မရှိရင် အဖြုန်းပါ။ ငွေမထုတ်ပါနဲ့။

**********************************
(၂) ဈေးသက်သာလား၊ ဈေးကြီးလား။
**********************************

လိုအပ်တာတော့ ဟုတ်ပါပြီ။ ဒီလောက် ဈေးကြီးပေးစရာ လိုလို့လား။ အခြား ဈေးတော်တဲ့နေရာတွေ ရှိဦးမလား။ အခုဝယ်ဖို့လိုလို့လား။ လျှော့ဈေးချနေတဲ့ အချိန်ကျမှ ဝယ်ရင်ကောင်းမလား။ ဒါမှမဟုတ် ဈေးပိုသက်သာတဲ့ အလားတူ ပစ္စည်းကိုပဲ ဝယ်ရင်ကောင်းမလား။ ဈေးသက်သာပြီး အရည်အသွေးမကောင်းလို့ အဆင်မပြေ ဖြစ်မလား။ စတဲ့ အချက်တွေ စဉ်းစားရပါမယ်။ တွက်ချက်ရပါမယ်။ ကိုယ့်အတွက် လိုအပ်ချက်ကို ပြည့်မီမယ့် ဈေးအသက်သာဆုံး ရွေးချယ်မှုကို လုပ်ရပါမယ်။ အလကားရရင်တော့ အကောင်းဆုံးပေါ့။

ဥပမာ အလုပ်အတွက် အချိန်မရွေး ဆက်သွယ် စကားပြောနိုင်ဖို့ လက်ကိုင်ဖုန်း လိုတာတော့ ဟုတ်ပါပြီ။ ဈေးအကြီးဆုံး ဖုန်းတွေကို ဝယ်ဖို့ လိုအပ်လို့လား။

ဝမ်းရေး အတွက် ထမင်းစားတာတော့ ဟုတ်ပါပြီ။ ဈေးကြီးတဲ့ဆိုင်မှာ စားဖို့ လိုအပ်လို့လား။ ကျန်းမာရေး​နဲ့ ညီညွတ်​တဲ့ ​အစား​အစာ​တွေကို အိမ်မှာ ဈေးသက်သက်သာသာ​နဲ့ ချက်စားလို့ရပါတယ်။

**********************************
(၃) ပြင်သုံးမလား၊ အသစ်ဝယ် မလား။
**********************************

ဈေးသက်သက်သာသာနဲ့ ပြင်သုံးလို့ ရနေရဲ့သားနဲ့ အသစ်လိုချင်လို့ ဝယ်တာဟာလည်း အဖြုန်းပါပဲ။

ဥပမာ လက်ရှိသုံးနေတဲ့ ဖုန်းလေးပျက်သွားရင် ပြင်ကြည့်ပါဦး။ တကယ် လိုအပ်မှ အသစ်ဝယ်ပါ။ အဝတ်အစား၊ ဖိနပ်၊ အသုံးအဆောင် အားလုံး အကျုံးဝင်ပါတယ်။

************************************
(၄) ချွေတာရဲ့လား၊ အသုံးကြမ်းနေလား။
************************************

လိုအပ်လို့ သုံးတာတော့ ဟုတ်ပါပြီ။ ချွေတာသုံးနေလား။ စည်းမရှိ ကမ်းမရှိ သုံးနေလား။

ဥပမာ အခန်းထဲကထွက်ရင် မီတာခ ချွေတာဖို့ လေအေးပေးစက်နဲ့ မီးကို ပိတ်မသွားရင် ဖြုန်းတာပါ။ အိမ်မှာချက်စားတာတွေ ပိုလျှံပြီး အမြဲ သွန်ပစ်နေရရင် ဒါလည်း ဖြုန်းတာပါ။ ဝယ်ထားတာတွေ မသုံးဖြစ် မစားဖြစ်လို့ လွှင့်ပစ် နေရတာလည်း အဖြုန်းပါပဲ။

*******************************************
(၅) ကိုယ်တိုင် လုပ်မလား၊ သူများကို ခိုင်းမလား။
*******************************************

လိုအပ်တာတော့ ဟုတ်ပါပြီ။ သူများကို ပိုက်ဆံပေးခိုင်းမလား။ ကိုယ်တိုင် လုပ်မလား။ ကိုယ်က အခြား ပိုက်ဆံပိုရတဲ့ အလုပ်တွေ လုပ်နေလို့ သူများကို ခိုင်းတယ်ဆိုရင်တော့ အသုံးပါ။ ဒါမှမဟုတ် ပျင်းနေလို့ သူများကို ခိုင်းတာဆိုရင်တော့ အဖြုန်းပေါ့။

ဒါကတော့ ကျွန်တော် ကျင့်သုံးတဲ့ အသုံးနဲ့ အဖြုန်းခွဲနည်းပါ။

ဒါပေမဲ့ ဖြုန်းနိုင်သူတွေ ဖြုန်းလို့ရပါတယ်။ ဖြုန်းနိုင်သူတွေ ဖြုန်းတာကို အပြစ်မပြောလိုပါဘူး။ ဒါပေမဲ့ ဖြုန်းနိုင်တဲ့ အဆင့်ရောက်မှ ဖြုန်းပါ။

************************************
(၆) ဖြုန်းနိုင်တဲ့ အဆင့်ရောက်ရင် ဖြုန်းပါ။
************************************

ဒါဆိုဘယ်သူတွေ ဖြုန်းနိုင်လည်း ကြည့်ရအောင်။

ဝင်ငွေကောင်းတိုင်း ဖြုန်းနိုင်တာ ဖြုန်းသင့်တာ မဟုတ်ဘူးဆိုတာ ကျွန်တော် အကြိမ်ကြိမ် ရေးခဲ့ပြီးပါပြီ။

ချွေးနဲ့ ပညာနဲ့ ရင်းပြီး ရှာထားရတဲ့ ငွေတွေကို မဖြုန်းပါနဲ့။ ကိုယ့်ကိုယ်ကို ခိုင်းပြီး ရလာတဲ့ ငွေကို မဖြုန်းပါနဲ့။ အဲဒီငွေတွေကို စုပြီး ရင်းနှီးမြှုပ်နှံပါ။ ရင်းနှီးမြှုပ်နှံလို့ ရလာတဲ့ငွေ၊ တစ်နည်းအားဖြင့် ငွေကိုခိုင်းထားပြီး ငွေကရှာပေးတဲ့ ငွေကို ဖြုန်းချင်ဖြုန်းပါ။

ဘာမှ လုပ်စရာ မလိုပဲ ရင်းနှီးမြှုပ်နှံမှုတွေကနေရနေတဲ့ငွေ ဥပမာ ဆိုင်ခန်း၊ အိမ်ခန်း ငှားရာက ရတဲ့ငွေ၊ ဘဏ်တိုးရဲ့ တစ်ချို့တစ်ဝက်၊ ကုမ္ပဏီအစုရှယ်ယာကရတဲ့ အမြတ်ငွေ၊ ကိုယ်ဝင်ပါစရာ မလိုပဲ လည်ပတ်နေတဲ့ လုပ်ငန်းက ရတဲ့ အမြတ်ငွေ စတာတွေကနေ မပင်မပန်းရနေတဲ့ ငွေဆိုရင်တော့ ဖြုန်းချင်ဖြုန်းနိုင်ပါတယ်။

တကယ်လို့ ကိုယ့်မှာ အကြွေးမရှိရင်တော့ နည်းနည်းဖြုန်းချင်ဖြုန်းလို့ရပါတယ်။ စုမိတဲ့ ရာခိုင်နှုန်း ၃၀% ချန်ထားပြီးလို့ ပိုရင်တော့ အဖြုန်းကို ဝင်ငွေရဲ့ ၅% ကနေ ၁၀% ကြား လျာထားလို့ရပါတယ်။ စုမိငွေ မကျန်တော့အောင် ဖြုန်းတာမျိုးနဲ့ ချေးပြီး ဖြုန်းတာမျိုးကိုတော့ လုံးဝ (လုံးဝ) မလုပ်သင့်ပါ ခင်ဗျာ။

ဥပမာ ကိုယ့်ရဲ့ဝင်ငွေက တစ်လ ၁၀ သိန်းဖြစ်ပြီး အကြွေးလည်းမရှိဘူး ဆိုရင်တော့ တစ်လ ၅ သောင်းကနေ တစ်သိန်းကြားကို အပျော်သုံးငွေ (အဖြုန်း) အဖြစ် ထားနိုင်ပါတယ်။ ဒါပေမယ့် ၃၀% ဖြစ်တဲ့ ၃ သိန်းကို အရင်စုပြီးမှ ပိုတဲ့ငွေထဲက ဖြုန်းပါ။

ဒီလောက်ဆိုရင် အသုံးနဲ့ အဖြုန်းကို ဘယ်လိုခွဲရမယ်၊ ဖြုန်းချင်ရင်တောင် ဘယ်လိုအချိန် ဘယ်လိုအခြေအနေမှာမှ ဘယ်ကရတဲ့ငွေကို ဖြုန်းလို့ရတယ်ဆိုတာ သိလောက်ပြီထင်ပါတယ်။

အစ အဆုံးဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။ ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။

​လေးစားစွာဖြင့်
ပိုးစုန်းကြူး

သင့်ခေါင်းထဲကထုတ်ပစ်သင့်တဲ့အရာ(၆)ခု ၁။ ဂရုမစိုက်နဲ့ သင့်ကို ဂရုမစိုက်တဲ့သူတွေကို သင် ဂရုစိုက်စရာ မလိုပါဘူး။ တစ်ချို့လူတွ...
23/07/2022

သင့်ခေါင်းထဲကထုတ်ပစ်သင့်တဲ့အရာ(၆)ခု
၁။ ဂရုမစိုက်နဲ့
သင့်ကို ဂရုမစိုက်တဲ့သူတွေကို သင် ဂရုစိုက်စရာ မလိုပါဘူး။ တစ်ချို့လူတွေက သူတို့ကို ဂရုစိုက်လေလေ၊ သင့်ကို တန်ဖိုးမထားလေလေပါပဲ။ ဒီတော့ သူတို့ကို လိုက်ဂရုစိုက်နေမှာထက် ကိုယ့်ကိုယ်ကို ပိုဂရုစိုက်လိုက်ပါ။
၂။ လူ့ခွစာတွေကို ဝေးဝေးက ရှောင်ပါ
တစ်ချို့လူတွေကအခြားသူ ဘာလုပ်လုပ် အမြဲအပြစ်ပြောတတ်ကြတယ်။ ဘုကလန့် တိုက်တတ်တယ်။ ဂျစ်ကန်ကန်နဲ့ စိတ်ထဲရှိရင် ရှိသလို မဆင်မခြင်စကားတွေ ပြောတတ်ကြတယ်။ ဒီလို အဆိုးမြင်ဝါဒီရှိသူတွေကို ရှောင်ရှားပါ။ အဆိုးမြင်စိတ်ဓာတ်က သင့်ကိုပါ ကူးစက်လာစေနိုင်လို့ပါ။
၃။ တစ်ခုခုကို အမြဲသင်ယူလေ့လာနေပါ
“ပညာလို အိုသည်မရှိ” ဆိုသလိုပဲ ဘယ်အတတ်ပညာမဆို သင်ယူဖို့ ဝန်မလေးပါနဲ့။ ငါ့ အသက်အရွယ်ကြီးနဲ့ မသင့်တော်ပါဘူးလေ၊ ငါငယ်သေးလို့ မလိုသေးပါဘူး ဆိုပြီး မတွေးပါနဲ့။
၄။ အရမ်းမတွေးပါနဲ့
အတိတ်က အဖြစ်အပျက်တွေ အတိတ်က အကြောင်းအရာတွေကို အရမ်းမတွေးပါနဲ့။
အတိတ်မှာ အမှတ်ရစရာ အများကြီး ရှိကောင်းရှိခဲ့မှာပါ။ ဒါပေမဲ့ အတိတ်ဆိုတာ အချိန်တစ်ခုမှာ ပြီးသွားခဲ့ပြီးသား အဖြစ်အပျက်တွေပါ။ နောက်ထပ်ဖြစ်လာမယ့် အနာဂါတ်တွေကို လှပနေစေဖို့သာ ကြိုးစားပါ။
၅။ ကိုယ့်ကိုယ်ကို တန်ဖိုးထားပါ
ကိုယ်ကျင့်တရားကောင်းတဲ့သူက လောကမှာ တန်ဖိုးအရှိဆုံးပါ။ ကိုယ့်ကိုယ်ကို အမြဲတမ်းတိုးတက်အောင် ကြိုးစားပါ။ ကိုယ်စိတ်နှလုံး ဖြူစင်လာအောင် အမြဲကြိုးစားပါ။ စိတ်ကောင်းကောင်းထားပါ။
၆။ ထင်ချင်သလို ထင်ကြပါစေ
လူအမျိုးမျိုး၊ စိတ်အထွေထွေရှိတယ်ဆိုသလိုပဲ လူတစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားတာတွေ၊ ခံယူချက်တွေနဲ့ အမြင်တွေ မတူညီကြပါဘူး။ ကိုယ့်အကြောင်းနဲ့ကိုယ် ရှိကြတာမို့ ကိုယ်မှန်တယ်လို့ ယုံကြည်တဲ့အရာကို ရဲရဲသာလုပ်ပါ။ အခြားလူတွေ ဘယ်လိုထင်သလဲဆိုတာ အရေးစိုက်မနေပါနဲ့။

စိတ်ဓါတ်ကျခဲ့ရင် ၃စင်တီမီတာကိုသတိရပါ...ဝါးပင်တစ်ပင်က ၃ စင်တီမီတာ ကြီးဖို့ ၄ နှစ်အချိန်ပေးရပါတယ်။ အဲ့ဒီ ၄ နှစ် နောက်ပိုင်...
19/07/2022

စိတ်ဓါတ်ကျခဲ့ရင်
၃စင်တီမီတာကိုသတိရပါ...
ဝါးပင်တစ်ပင်က ၃ စင်တီမီတာ ကြီးဖို့
၄ နှစ်အချိန်ပေးရပါတယ်။
အဲ့ဒီ ၄ နှစ် နောက်ပိုင်းမှာတော့
ဝါးပင်တစ်ပင်ဟာ
၁ ရက် ကို ၃၀ စင်တီမီတာ အထိ
ကြီးထွားနိုင်ပါတယ်။
၆ ပတ်အတွင်း ၁၅ မီတာ
လောက်အမြင့်ကိုရောက်နိုင်တယ်။
ဒါဟာ ဘာလို့လဲဆိုတော့
ပထမဆုံး ၄ နှစ် မှာ အဲ့ဒီဝါးပင်က အမြစ်မှာ
အခြေခိုင်အောင်အားစိုက်နေလို့ပဲဖြစ်ပါတယ်။
ဒါကြောင့် ဒီနေ့ကိုယ်လုပ်သမျှ အကျိုးရလာဒ်
မမြင်ရတဲ့ချိန်မှာကိုယ်ကြိုးစားသလောက်
အရာမထင်ဘူးလို့ထင်တဲ့ချိန်မှာ
ဝါးပင်လေးကို သတိရစေချင်ပါတယ်။
ကိုယ်က ၁၀ မီတာ မြင့်ချင်ရင် ၁၀ မီတာ အတွက် အခြေခိုင်အောင်လုပ်ရမယ်။
အဲဒီတော့ အချိန်က ၁ နှစ် ကြာချင်ကြာမယ်။
ကိုယ်က၁၀၀ မီတာ မြင့်ချင်ရင်
၁၀၀ မီတာ အမြင့်ကိုခံနိုင်တဲ့အခြေခံရှိရမယ်လေ။
အဲဒီတော့ ၁၀ နှစ် အချိန်ပေးရင် ပေးရမယ်။
ဒါကြောင့် ကိုယ်ကြိုးစားသလောက် ချက်ချင်းအကျိုးမမြင်ရရင်လဲစိတ်ဓာတ်ကျပြီးတော့
နောက်မဆုတ်ပါနဲ့လို့ပြောချင်ပါတယ်။
ကိုယ်သာအခြေခိုင်အောင် အမြစ်ပွား၊
ကြိုးစားနေသ၍တစ်ရက်ကျရင် အမြင့်ကို
ရောက်နိုင်ပါလိမ့်မယ်။
ဘာဖြစ်လို့လဲဆိုတော့ လူအများစုက
အဲ့ဒီ ၃ စင်တီမီတာ ကနေ မကျော်နိုင်ကြပါဘူး။
အဲ့ဒါကြောင့် ကျရှုံးသူက အောင်မြင်သူထက်
များနေတာပေါ့ ။
ကိုယ့်ရဲ့ ၃ စင်တီမီတာ ကို ကျော်ဖြတ်နိုင်ရင်တော့
သင်က အမြင့်ကိုမကြာခင်ရောက်မယ့်သူတွေပါပဲ ။
စိတ်ဓာတ်ကျရင် ၃ စင်တီမီတာ ကိုသတိရပါ ။
ငါ့ရဲ့ ၃ စင်တီမီတာ ပဲလို့ ပြောပြီး အားအင်ပြန်ပြည့်နိုင်ပါစေ။......

လေးစားစွာဖြင့်ပြန်လည်မျှဝေပါသည်။

" သင် မဆုံးရှုံးသေးပါဘူး "💪💪💪💪💪💪💪🔳 ဆန္ဒနဲ့ဘဝတစ်ထပ်တည်းမကျဘူးဆိုတာ သိလိုက်ရချိန်🔳 အရာရာဟာနောက်ကျနေပြီလို့ခံစားရင်ခံစားရလိ...
17/07/2022

" သင် မဆုံးရှုံးသေးပါဘူး "
💪💪💪💪💪💪💪

🔳 ဆန္ဒနဲ့ဘဝတစ်ထပ်တည်းမကျဘူးဆိုတာ သိလိုက်ရချိန်
🔳 အရာရာဟာနောက်ကျနေပြီလို့ခံစားရင်ခံစားရလိမ့်မယ် ။

🔳 တချို့မှားပါတယ် (သို့) မှန်တယ် ဆိုတဲ့ အဖြေကို
🔳 ကိုယ့်စိတ်ခံစားချက်အတိုင်း ပြောကြပါလိမ့်မယ် ။

🔳 ဒါပေမဲ့ သင်နောက်ကျရင် နောက်ကျသွားတာမှန်ပေမဲ့
🔳 သင်မရှုံးဘူးဆိုတာ မြဲမြဲမှတ်ယူထားလိုက်ပါ ။

🔳 အဲ့ဒီလို အသိတရားဝင်လာတဲ့ အချိန်ဟာ
🔳 သင့်အတွက်မလိုအပ်တဲ့ အိမ်မက်က
🔳 လန့်နိုးလာပြီမို့မရှုံးသေးပါဘူး ။

🔳 ကိုယ်ဘာဖြစ်ခြင်ခဲ့သလည်း
🔳 ကိုယ့်ရည်ရွယ်ချက်က ဘာလည်း
🔳 ဒါတွေကို စိတ်နောက်လိုက်ရင်း
🔳 မအောင်မြင်ခဲ့တာမို့နောင်တဆိုတာ
🔳 ရစရာလည်း မလိုပါဘူး ။

🔳 ကိုယ့် စိတ်ကူးတွေဖြစ်မလာခဲ့လို့လည်း
🔳 စိတ်ဓါတ်ကျ မသွားပါနဲ့။

🔳 ဒီနေ့ဟာ မနက်ဖြန်မဖြစ်နိုင်သလို
🔳 ကံကြမ္မာကို ကိုယ်သာဖန်တီးယူရမှာပါပဲ ။

🔳 လူတွေနဲ့ဆက်ဆံတယ် အများစုက
🔳 ကိုယ်ပေးမှ ပြန်တုန့်ပြန်တာတွေ
🔳 ကိုယ့်စေတနာကို ဥပက္ခာပြုတာတွေ
🔳 ကိုယ့်မေတ္တာကို မထီမဲ့ မြင်ပြုတာတွေ များစွာကြုံလာလည်း
🔳 ကိုယ့်ဘဝအတွက် အရေးမပါတဲ့ အရာတွေဖြစ်နေရင်
🔳 စိတ်နဲ့လိုက်ခံစားမနေပါနဲ့။

🔳 ဒီကိစ္စ အသေးမွှားတွေထက်
🔳 ပိုအရေးကြီးတာတွေကိုသာ ဆက်လုပ်ပါ ။

🔳 ကိုယ်နဲ့အရင်းနှီးဆုံးလို့ခံယူထားတဲ့သူငယ်ချင်းတွေ
🔳 စွန့်ခွာသွားခဲ့တယ်ဆိုရင်တောင် ဝမ်းနည်းမနေပါနဲ့။
🔳 သူတို့ထက်သာတဲ့ မိတ်ဆွေသူငယ်ချင်းအသစ်တွေရှာပြီး
🔳 အစားထိုးလိုက်ပါ ။

🔳 သူဟာ ကိုယ်မဟုတ်တဲ့ လောကနိယာမကြီးထဲမှာ
🔳 အရာရာတိုင်း လိုက်ခံစားနေရင်း အချိန်တွေ
🔳 အဆုံးရှုံးခံရတာလောက် နှမျှော စရာကောင်းတာ မရှိပါဘူး ။

🔳 ပြီးသွားတဲ့ အတိတ်ကို သင်ခန်းစာယူပါ ။
🔳 အနာဂါတ်ကိုပုံဖော်ပါ ။
🔳 လက်ရှိဘဝကို ကျေနပ်အောင်နေထိုင်ပါ ။

🔳 ဖြစ်ခြင်တိုင်း မဖြစ်နိုင်တဲ့ဘဝရယ်
🔳 မဖြစ်နိုင်ရလေခြင်းဆိုတဲ့ ဒွိဟကြားမှာ
🔳 အဖြေရှာ နေမယ်ဆို အနာဂါတ်ဟာ
🔳 ပိုပြီး ခက်ခဲသွားစေပါလိမ့်မယ် ။

🔳 ကိုယ့်အမှားလို့ သိလိုက်ရတဲ့ အချိန်တိုင်းဟာ
🔳 နောက်မကျသေးဘူးဆိုတာ လူတိုင်းသိထားရပါမယ် ။

🔳 အမှားအတွက်
🔳 ပြင်ဆင်ချိန်ရောက်ပြီလို့ခံယူနိုင်ရပါမယ် ။

🔳 မှားသွားခဲ့ပြီ နောက်ကျသွားပြီဆိုတဲ့
🔳 နောင်တဟာ စိတ်ကို နှစ်ခါသေစေပါတယ် ။

🔳 အပေါင်းသင်းမိတ်ဆွေ ဆိုတာလည်း
🔳 ပေါင်းသင်းချိန် ကိုယ့်ကိုလိုအပ်တယ်လို့
🔳 သူတို့လက်ခံနိုင်တဲ့ အချိန်တိုင်းတာအထိ
🔳 ဖြူစင်တဲ့ခင်မင်မှုနဲ့ ပေါင်းသင်းဆက်ဆံပေးလိုက်ရင်
🔳 လုံလောက်ပါပြီ ။

🔳 မလိုအပ်တော့ဘူးလို့
🔳 စွန့်ခွာသွားရင်လည်း အပြုံးမပျက်ရင်ဆိုင်လိုက်ပါ ။

လောကကြီးမှာ ကိုယ်လိုခြင်တဲ့အရာ
ကိုယ်ဖြစ်ခြင်တဲ့ ဆန္ဒအားလုံးဟာ တကယ်တော့
ဇကာထဲမှာ ဆန်ကောင်းကိုသန့်ယူသလို
ကောင်းတာတွေပဲ ကျန်နေရစ်တာပါ
ဆိုတဲ့အတွေးနဲ့သာ ကျော်ဖြတ်နိုင်ကြပါစေ
______________________________

"ခွန်အားဖြစ်အောင် နေပေးပါ"~~~~~~~~~~~~~~~~သင့်ကို အားပေးနေသူမို့ သူသန်မာတယ်မထင်ပါနဲ့သူ့မှာလည်း သင်မသိနိုင်သော ပြိုလဲမှုမ...
16/07/2022

"ခွန်အားဖြစ်အောင် နေပေးပါ"
~~~~~~~~~~~~~~~~

သင့်ကို အားပေးနေသူမို့
သူသန်မာတယ်မထင်ပါနဲ့
သူ့မှာလည်း သင်မသိနိုင်သော ပြိုလဲမှုများစွာနဲ့ ...

သင့်ကို ဖေးကူနေလို့
သူပြည့်စုံနေတယ် မထင်ပါနဲ့
သူ့မှာလည်း သင်မသိနိုင်သော ကွက်လပ်များစွာနဲ့ ...

သင့်ရှေ့ရပ်တည်နေလို့
သူ မကြောက်တတ်ဘူး မထင်ပါနဲ့
သူ့မှာလည်း သင့်လို အသက်တစ်ချောင်းတည်းနဲ့ ...

သင်ငိုကြွေးနေချိန် သူမျက်ရည်မကျလို့
ပျော်နေလိမ့်မယ် မထင်ပါနဲ့
သူ့မှာလည်း သင်မမြင်နိုင်တဲ့ မျက်ရည်များစွာနဲ့ ...

တစ်ခါ တစ်ခါ
သင်ပြိုလဲမှာစိုးလို့ ထောက်ကန်ပေးနေတာ
သင့်ကွက်လပ်တွေ မကြည့်ရက်လို့ ဖြည့်ဆည်းပေးတာ
သင့်နဲ့အတူ ဆိုတဲ့ စိတ်နဲ့ ရပ်တည်ပေးတာ
သင့်မျက်ရည်သုတ်‌ပေးနိုင်ဖို့ အားတင်းပြုံးထားပေးရတာ
အဲ့လိုလူတွေ ဒဏ်ရာက
ပိုပြီးနက်သလို
ခန့်မှန်းရလည်း ခက်တယ်ဆိုတာ မင်းတို့ နားလည်ပါစေကွာ

ငါ့ လက်ဖဝါး နှစ်ဖက်လုံးမှာ ဒဏ်ရာဗလပွနဲ့ပါ …
မင်းပြိုလဲမှာ စိုးလို့သာ
အားပေးသံ မစဲစေဖို့
ဒဏ်ရာတွေကို လျစ်လျူရှူပြီး
ငါ့ လက်ခုပ်သံနဲ့ မင်းပြိုင်ပွဲကို မြိုင်စေခဲ့တာပါ …

ကိုယ့်ကိုယ်ကိုယ် မပြိုလဲဖို့
ကျားကန်နေရတဲ့ သူတွေကြား
မင်းကြားနေရတဲ့ ငါ့လက်ခုပ်သံတိုင်းဟာ
နာနာကျင်ကျင် လက်ဖဝါးတွေနဲ့
မင်းတို့ မပြိုလဲအောင် တီးပေးနေရတာမို့
အားပေးမှုတိုင်းအတွက်
ခွန်အားဖြစ်အောင် နေပေးပါ...။

Crd
ဆြာချစ်

"စာဖတ်သူနှင့် စာမဖတ်သူ"🍀 စာပေဗဟုသုတ ရှိသူသည်စာပေဗဟုသုတ မရှိသူထက်ခေါင်းတစ်လုံးမြင့်နေတယ်။🍀အနောက်တိုင်းသားများကအရှေ့တိုင်း...
16/07/2022

"စာဖတ်သူနှင့် စာမဖတ်သူ"

🍀 စာပေဗဟုသုတ ရှိသူသည်
စာပေဗဟုသုတ မရှိသူထက်
ခေါင်းတစ်လုံးမြင့်နေတယ်။

🍀အနောက်တိုင်းသားများက
အရှေ့တိုင်းသားများထက်
နေရာတိုင်းတွင် သာနေခြင်းမှာ
စာဖတ်ခြင်းကြောင့် ပင်ဖြစ်သည်...။

🍀 အင်္ဂလန်၌ ရပ်ကွက်တစ်ခုဖော်တိုင်း
မဖြစ်မနေ ပါရသောအရာမှာ
"စာကြည့်တိုက်"ပင်ဖြစ်သည်...။

🍀ရပ်ကွက်စာကြည့်တိုက်ပင် ဖြစ်သော်လည်း
ထိုစာကြည့်တိုက်တွင် ကမ္ဘာ့ဂန္တဝင်စာအုပ်
အားလုံးရှိရသည်...။

🍀 ထိုစာပေဗဟုသုတ အားကြောင့်လည်း
ကျွန်းနိုင်ငံလေး တစ်ခုသာဖြစ်သော
အင်္ဂလန်သည် တစ်ကမ္ဘာလုံးနီးပါးကို
အုပ်ချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

🍀 စာဖတ်ခြင်းက သင့်ကို
ဘယ်လိုထူးခြားတဲ့ စွမ်းအင်တွေ
ပေးနိုင်တယ်လို့ ထင်ပါသလဲ...?

🍀 စာဖတ်ခြင်းက ဗဟုသုတ
တိုးပွားဖို့အတွက်ပဲလို့ ထင်နေကြပါတယ်။
တကယ်တော့ စာဖတ်ခြင်းကနေ
ဗဟုသုတ တိုးပွားရုံသာမက
သင်မသိသေးတဲ့ အခြားကောင်းမွန်းတဲ့
ရလာဒ်တွေ အများကြီးရှိပါသေးတယ်။

ဒါကြောင့် အားလပ်ချိန်တွေမှာ
စာအုပ်လေးတွေ ဖတ်ပေးပါ။

၁။ ဦးနှောက်ကို ပိုမိုလှုံ့ဆော်ပေးနိုင်တယ်...

စာဖတ်ခြင်းဟာ သင့်ရဲ့ဦးနှောက်ကို
အလုပ်လုပ်စေပါတယ်။
ဦးနှောက်ဟာ ခန္ဓာကိုယ်ရဲ့
တခြားကြွက်သားတွေလိုပဲ
သင်လေ့ကျင့်ခန်းလုပ်လေ
သင့်ရဲ့ကြွက်သားတွေ
ကြီးထွားလာလေ ဖြစ်ပါတယ်။

၂။ စာဖတ်ခြင်းက အာရုံစူးစိုက်မှု အားကောင်းစေပါတယ်...

ဘဝမှာ တစ်ခုခုကို
အောင်မြင်ချင်တယ်ဆိုရင်
အာရုံစူးစိုက်မှု ရှိနေဖို့က
အရမ်းအရေး ကြီးပါတယ်။
သင်ဟာ စာအုပ်တစ်အုပ်ကို
ဖတ်နေတဲ့ အခါမှာ
စာရွက်ပေါ်က
စာလုံးတွေတိုင်း အပေါ်ကို
အာရုံစူးစိုက်ထားပြီး
ဇာတ်လမ်းထဲမှာ မျောပါနေပါတယ်။
စာဖတ်ခြင်းဟာ သင့်ရဲ့
အာရုံစူးစိုက်မှုအကျင့်ကို အလွယ်တကူ
ပြုစုပျိုးထောင်ပေးနိုင်ပါတယ်။

၃။ ဗဟုသုတများစွာကြွယ်ဝစေတယ်...

📚စာအုပ်ဖတ်ခြင်းဟာ
ဗဟုသုတကြွယ်ဝစေပြီး အတွေးအခေါ်
မြင့်တက်လာစေနိုင်ပါတယ်။
စာအုပ်လေး ဘယ်လောက်ပါးပါစေ
သင်တစ်ချိန်ချိန်မှာ
ပြန်လည်အသုံးပြုရမယ်
အသိပညာတွေပါဝင်ပြီး သင်စာများများ ဖတ်နိုင်လေ
သင့်အတွက်..
ပိုအကျိုးများလေ ဖြစ်ပါတယ်။

၄။ စိတ်ဖိစီးမှု လျော့ကျစေတယ်...

စာအုပ်ကောင်းကောင်း ၊
ဝတ္ထုကောင်းကောင်း တစ်အုပ်ဟာ
သင့်ကို တခြားကမ္ဘာတစ်ခုဆီ
ဆွဲခေါ်သွားနိုင်ပြီး သင့်လက်ရှိဘဝရဲ့
စိတ်ဖိစီးမှုတွေကို ကုသဖို့အတွက်
အကောင်းဆုံး နည်းလမ်း
တစ်ခုဖြစ်ပါတယ်။

၅။ စာဖတ်ခြင်းက နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်စေနိုင်ပါတယ်။

စာအုပ်တစ်အုပ် ကိုင်လိုက်တာနဲ့
အိပ်ပျော်သွားတဲ့ သူတွေ
များစွာ ရှိတတ်ပါတယ်။
စာဖတ်တဲ့ အလေ့အကျင့်မရှိသေး
ကြလို့ ဖြစ်ပါတယ်။
ဒါပေမယ့် သင်ဟာ အိပ်ယာမဝင်ခင်
စာအုပ်ကို နည်းနည်းပဲဖြစ်ဖြစ်
ဖတ်တတ်တဲ့ အကျင့်ရှိမယ်ဆိုရင်
သင့်အိပ်စက်ချိန်မှာ ပိုပြီး
နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်နိုင်မှာ ဖြစ်ပါတယ်။

၆။ လူတွေကို ပိုပြီး နားလည်ပေးနိုင်လာမယ်...

တခြားလူတွေရဲ့ အတွေ့အကြုံတွေ
အခက်အခဲတွေကို ဖတ်ရှု့ခြင်းဟာ
ဘဝမှာ တခြားလူတွေရဲ့
အခက်အခဲတွေကို
ပိုမိုသိလာပြီး လူတွေကို
ပိုမိုနားလည်တတ်လာပါတယ်။
လူတစ်ယောက်ကို
အပေါ်ယံကြည့်ပြီး ဝေဖန်ဖို့
လွယ်ပါတယ်။
သို့ပေမယ့် သင်ဟာ..
စာအုပ်တွေထဲကနေ
လူအများရဲ့ အတွေ့အကြုံမျိုးစုံကို
ဖတ်ထားမယ်ဆိုရင် လူအမျိုးမျိုးကို
ပိုပြီး နားလည်ပေးတတ်နိုင်လာပါ
တယ်...။

မည်သည့် ကျောင်းဆရာကမှ
တပည့်များအား တစ်သက်လုံး
သုံးမကုန်နိုင်လောက်သော
ပညာသုတကို ပေးလိုက်နိုင်သည် မဟုတ်။
ကျောင်းသား၏ နှလုံးသားကို
ပညာမွတ်သိပ့်လာအောင် လုပ်နိုင်သူပင်လျှင်
အတော်ဆုံး ဆရာဖြစ်သည်ဟု
"ဆာရစ်ချယ်လစ်ဗင်းစတုန်း"
ဆိုသော
ပုဂ္ဂိုလ်ကြီးက ပညာရေးသြဝါဒ
စကား
ဆိုခဲ့ဖူးပါသည်။

📚📚📚 ထိုနောက်တစ်ဖန်
လူငယ်တို့၏ ဘဝကို ပညာနှင့်
ကိုယ်ကျင့်တရား ကောင်းမွန်စေရန်
စိတ်အားထက်သန်လေ့ရှိသော
ဆရာကြီးဦးအောင်သင်း၏
အမှာစကားက..
"ဘယ်သူတွေ ဘာပြောနေနေ
မင်းကိုမင်းချစ်ရင် ပညာသင်ပါ။
စာဖတ်ပါ မိဘကိုချစ်ရင် ပညာသင်ပါ။
စာဖတ်ပါ တိုင်းပြည်နဲ့လူမျိုးကိုချစ်ရင်
ပညာသင်ပါ ၊ စာဖတ်ပါ" ။

"ပညာဆိုတာဘာလဲ
မေးရင် မသိဘူး။
မမေးရင်သိတယ်။
ပညာသင်တယ်ဆိုတာ အတွေ့အကြုံကို
လက်ဆင့်ကမ်းခြင်းဖြစ်ပါတယ်..."

ဘာကြောင့် စာဖတ်သင့်တာလဲ..?

စာအုပ်ဆိုတာ ဝင်ခွင့်ဖြေစရာမလိုတဲ့
တက္ကသိုလ်(သို့မဟုတ်)
ကျောင်းတော်ကြီး ဖြစ်နေလို့ပါဘဲ..
ဒါပေမယ့် ကျောင်းဆရာမရှိဘူး...
ဝင်ကြေးမပေးရဘူး...။

📚📚📚 ထို့နောက်တစ်ဖန်
လူမျိုးတစ်မျိုး၏ အခြေအနေ
အဆင့်အတန်း
အနိမ့်အမြင့်ကို သိလိုပါလျှင်
ထိုလူမျိုးတို့ လေ့လာလိုက်စားသော
စာပေ ၊ အနုပညာ ၊ ဂီတတို့ကို
ကြည့်မှ သိနိုင်မည်ဟု
မြဝတီမင်းကြီး ဦးစက
မှတ်တမ်းပြုခဲ့တာကို
ကြည့်မည်ဆိုလျှင်လည်း
စာအုပ် စာပေသည်ပင်လျှင်
လူ့တန်ဖိုး လူ့အဆင့်အတန်းကို
ဖော်ပြနေပေသည်။

📚📚📚 တကယ်တော့
စာဖတ်ခြင်းသည်
သစ်ပင်စိုက်ပျိုးခြင်းနှင့် တူ၏
တဖြည်းဖြည်းချင်း လူသားဘဝကို
ကောင်းကျိုးပေးသော သဘောရှိ၏
အချိန်ကြာလေ အကျိုးရှိလေဖြစ်၏

📚📚📚 စာအုပ်စာပေ
လူ့မိတ်ဆွေ ၊ အလိမ္မာ စာမှာရှိ ၊
စာပေစကား နေ့တိုင်းကြားက
ထူးခြားလိမ္မာရှိသည်သာ။
စတဲ့ ဆောင်ပုဒ်များသည်
စာအုပ်စာပေကို
ဖတ်စေချင် မြတ်နိုးစေချင်သော
စာရေးဆရားကြီး ပညာရှိကြီးတို့၏
စေတနာ အမှာစကားများပင်
ဖြစ်တော့သည်။

📚📚📚 စာဘာကြောင့်
သင်ရတာလဲ...?
တကယ်တော့ စာသင်တာ
စိတ်တတ်ဖို့ပါ
စာသာတတ်ပြီး စာမဖတ်ရင်
စိတ်မတတ်တော့ပါ..
စိတ်မတတ်ရင် ပညာတတ်
လူပေါကြီးတွေ ဖြစ်သွားတတ်ပါတယ်။

📚📚📚 မရှိတာလည်း
ရှိအောင်လုပ်ရင်
ရှိနိုင်ပါတယ်
မသိတာလည်း သိအောင်လုပ်ရင်
သိနိုင်ပါတယ်
မလုပ်တာကတော့
ဘာမှ မဖြစ်နိုင်တော့တာမို့
အခက်အခဲဆုံးလို့ ပြောပါတယ်။
ဒီလိုဆိုရင် စာဖတ်ပြီး
သိသွားနိုင်ပါတယ်။
အသိနဲ့ အလုပ်လုပ်မည်ဆိုပါက
သေချာပေါက် ရှိလာမှာပါ။
ဘဝမှာ ကိုယ်ဘာသိချင်သလဲ..
စာဖတ်ပါ။
ဘဝမှာ ကိုယ်ဘာရှိချင်သလဲ..
စာဖတ်ပါ။
ဘဝမှာ ကိုယ်ဘာလုပ်ချင်သလဲ..
စာဖတ်ပါ။

စာဖတ်ခြင်းဟာ သင့်ကို ဗဟုသုတနဲ့ ပြည့်ဝတဲ့
သူတစ်ယောက်ဖြစ်စေတယ်။
ဉာဏ်ကောင်းသူတစ်ယောက်ပေါ့..
သင်ဉာဏ်ကောင်းချင်ရင် စာများများဖတ်ပါ။

စာရေးခြင်းဟာ သင့်ကို တိကျသေချာတဲ့
သူတစ်ယောက် ဖြစ်စေပါတယ်...။
နုတ်တစ်ရာ စာတစ်လုံးဆိုတဲ့
စကားပုံကို သင်ကြားဖူးမှာပါ။

တွေးတော ကြံဆခြင်း ကတော့
သင့်ကို ပြီးပြည့်စုံတဲ့ သူတစ်ယောက် ဖြစ်စေပါတယ်...။
လိုလျှင် ကြံဆ နည်းလမ်းရဆိုသလိုပေါ့...။

တွေးတတ်ဖို့ဆိုတာလည်း သင်စာများများဖတ်မှ
တွေးတတ်မယ်ဆိုတာ သင်ငြင်းချင်သေးလား...?

နာက်ဆုံးပြောချင်တာကတော့
မိမိကိုယ်ကိုယ် ချစ်ရင် ကောင်းကောင်း စာဖတ်ပါ။
သင့်..ကိုယ်သင် မချစ်ရင်တော့ စာမဖတ်ဘဲ နေချင်သလိုသာ
နေလိုက်တော့.....။

စာမဖတ်ခြင်းက သင့်ဘဝကို နိမ့်ကျစေမှာဖြစ်ပြီး
စာဖတ်ခြင်းကတော့ သင့်ဘဝကို တောက်ပစေမှာ
ဖြစ်ပါတယ်.....။ ။

အားလုံးကိုလေးစားစွာဖြင့်..ဗဟုသုတစာပေများဖတ်ရှုလိုပါကအကောင့်ကိုFollowလုပ်ထားနိုင်သည်

Credit.. ✍
ပြန်လည်ဝေမျှခြင်း 👩‍💻
#အဆွေတော်

အားနာတယ်အဖေ 💕😓credit
15/07/2022

အားနာတယ်အဖေ 💕😓
credit

12/07/2022

ငွေရှာနည်း ၁၀၀

အင်တာနက်သမိုင်းကြောင်း၁၉၅၅- ခုနှစ်လောက်မှာ အင်အားကြီးနိုင်ငံများဖြစ်ကြတဲ့အမေရိကန်နှင့် ဆိုဗီယက်ယူနီယမ် စတဲ့နိုင်ငံတွေဟာ ...
12/07/2022

အင်တာနက်သမိုင်းကြောင်း
၁၉၅၅- ခုနှစ်လောက်မှာ အင်အားကြီးနိုင်ငံများဖြစ်ကြတဲ့အမေရိကန်နှင့် ဆိုဗီယက်ယူနီယမ် စတဲ့နိုင်ငံတွေဟာ အာကာသကိုစိုးမိုးရန်အတွက်အထူးကြိုးစားလာခဲ့ကြပါတယ်။၁၉၅၇- ခုနှစ်အရောက်မှာတော့ ဆိုဗီယက်က ကမ္ဘာဂြိုလ်ပတ်လမ်းမှာ "စပွန်နစ်" ဆိုတဲ့ ဂြိုလ်တုကိုအောင်မြင်စွာလွှတ်တင်နိုင်ခဲ့ပါတယ်။

အဲဒီနောက်အဖြစ်အပျက်တွေကို စိုးရိမ်မှုနှင့် အမေရိကန်ကလည်း (AdvancedResearch Projects Agency)အဖွဲ့ကိုဖွဲ့စည်းပြီးနည်းပညာသစ်များရှာဖွေရေး၊အာကာသဖွံ့ဖြိုးတိုးတက်ရေး၊ဆက်သွယ်ရေးနှင့်စစ်ရေးအစီအမံများကို ကြိုးစားအကောင်ထည်ဖော်ရေးစတဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်ခဲ့ပါတယ်။

အဲဒီအချိန်တုန်းကတစ်ဦးချင်းအသုံးပြုနိုုင်တဲ့ “ကွန်ပျူတာ”ဆိုတာတော့အနာဂတ်မှာ ဖြစ်လာနိုင်မယ်လို့ထင်ရတဲ့ အိမ်မက်မျှသာရှိပါသေးတယ်။ကွန်ပျူတာချိတ်ဆက်မှု နည်းပညာရပ် များကို အမျိုးမျိုးလေ့လာစမ်းသပ်ရင်း ၁၉၆၉-ခုနှစ်မှာတော့တက္ကသိုလ်ကြီးလေးခုမှကွန်ပျူတာစက်လေးလုံးကို ချိတ်ဆက်ခြင်းဖြင့် ARPANet အကောင်အထည်ဖော်ဆောင် ရွက်နိုင်ခဲ့ပါတယ်။

ကွန်ပျူတာတာတွေသိပ္ပံပညာရှင် Ray Tomlin son ကအီလတ်ထရွန်းနစ်မေလ်စနစ်ကို ချိတ်ဆက်ပြသခဲ့ပါတယ်။ သူဟာ e-mail အသုံးပြုတဲ့အခါမှာတော့ E-mailသင်္ကေတလေးကို @(at)လို့ သတ်မှတ်ခဲ့ပါတယ်။ ပထမဆုံးသတ်မှတ်ချက်အနေနဲ့ အခန်းတစ်ခုတည်းမှာချိတ်ဆက်ထားခြင်း LAN (Local Area Network)ဖြင့်စတင်ခဲ့ပြီးတစ်ခန်းနှင့်တစ်ခန်း၊တစ်မြို့နှင့်တစ်မြို့၊တစ်နိုင်ငံနှင့်တစ်နိုင်ငံစတဲ့ ချိတ်ဆက်မှုတွေကို စမ်းသပ်အောင်မြင်ခဲ့ကြပါတယ်။

Localအဆင့်မှGlobalအဆင့်ထိအောင်(International Network) ချိတ်ဆက်ရင်း အင်တာနက်ဟာကျယ်ပြန့်လာခဲ့ကြပါတယ်။ ပထမဆုံးစီးပွားရေး လုပ်ငန်းရှင်
များချိတ်ဆက် အသုံးပြုမှုနယ်ပယ်ဖြစ်တဲ့ (.com)ဆိုတဲ့နယ်ပယ်(domain)ကိုစတင်ပြီး မှတ်ပုံတင်ပြီးခဲ့ပါတယ်။ ၁၉၈၁-ခုနှစ်မှာတော့ IBMကုမ္မဏီက ပထမဆုံးသော
လူတစ်ဦးချင်းသုံးကွန်ပျူတာကို ထုတ်လုပ်ခဲ့ပါတယ်။ ၁၉၈၆-ခုနှစ်မှာ တပ်ဆက်ချိတ်ဆပ်သူ ၅,၀၀၀ ၁၉၈၇-ခုနှစ်မှာချတ်ဆက်သူ ၁၀,၀၀၀ ရှိလာခဲ့ပါတယ်။၁၉၈၉ခုနှစ်မှာတော့အင်တာနက်ချိတ်ဆက်သူ တစ်သိန်းဖြစ်လာခဲ့ပါတယ်။ အင်တာနက်ပေါ်မှာမိမိလုပ်ငန်နှင့်ပတ်သက်မှု(website)တွေကိုသွားရောက်ယူဆောင်ပေးတဲ့ (Browser)တွေပေါ်ပေါက်လာပါတယ်။

ပထမဆုံးBrowers ကတော့ Netscape ဖြစ်ပြီး ၄င်းကို Jim Clarkနှင့် Marc Adreesen တို့ကပြုလုပ်ခဲ့ပါတယ်။ websiteတွေ မရေမတွက်နိုင်အောင်များပြားလာတဲ့ အတွက်လည်း Search Engine တွေထပ်ပြီးပေါ်ပေါက်လာကြပါတယ်။ “yahoo” Search Engine စတင်းဖို့ဒ်တက္ကသိုလ်ကျောင်းသား David Filo နှင့် JerryYanတို့ကတီထွင်ခဲ့ပါတယ်။

၁၉၉၁-ခုနှစ်မှာတော့စာသားတစ်နေရာကို နှိပ်လိုက်တာနဲ့ နောက်ထပ်စာကိုပြောင်းလဲဖော်ပြပေးတဲ Gopherp စနစ်ပေါ် ပေါက်လာပါတယ်။၁၉၉၆ ခုနှစ်မှာတော့၄၅သန်းမျှသော ကမ္ဘာသူကမ္ဘာသားတွေဟာ အင်တာနက်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပါပြီးအင်တာနက်ချိတ်အသုံးပြုသူများလာတဲ့အ လျောက်Google, Msn, Altavists စတဲ့ Search Engine တွေလည်းပေါ်ပေါက်လာပါတယ်။၂၀၀၀-ခုနှစ်နောက်ပိုင်းမှာတော့ အင်တာနက်ကို တစ်ကမ္ဘာလုံး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာခဲ့ပါတယ်။မိမိသိလိုတဲ့အကြောင်းအရာ ဘာကိုမဆိုကွန်ပျူတာရှေ့မှာတင်တစ်ထိုင်တည်းသိရှိနိုင်ပါပြီး။ ကမ္ဘာကြီးရဲ့ ဘယ်နေရာရောက်နေနေ ဘယ်သူတွေနဲ့ ဘယ်လောက်ပဲဝေးနေဝေးနေအခု အင်တာနက်သုံးသူများအတွက်ဆက်သွယ်မှုကနီးနီးလေးပါပဲ။ ကမ္ဘာကြီးဟာဘယ်အခြေအနေရောက်နေတယ်ဆိုတာ အင်တာနက်အသုံးပြုသူတွေကတော့သိနေကြပါတယ်။

အင်တာနက်နှင့်လုပ်ငန်းခွင်
===============
အင်တာနက်သည် အလုပ်ခွင်နှင့် နေရာဒေသတို့အပေါ်တွင် များစွာပြောင်းလဲအဆင်ပြေစေပါသည်။
အထူးသဖြင့် ကွန်ယက်ချိတ်ဆက်မှု ပိုမြန်ဆန်လာပြီး ဝက်ဘ်ဆိုက်အသုံးချခြင်း (Web Application) များပိုမိုပျံ့နှံ.လာသောအချိန််ဖြစ်သည်။ ယခုအလွန်ပင် အောင်မြင်ကျော်ကြားသော Facebook လူမှုကွန်ယက်သည်ပင် အင်တာနက်ပေါ်မှ Private Website (ပုဂ္ဂလိက ဝက်ဆိုက်လ်) တစ်ခုပင် ဖြစ်ကြောင်း အင်တာနက် အကြောင်းကိုဗဟုသုတရဖွယ် ရေးသား ဝေမျှပေးလိုက်ပါတယ်​။

T-shirt တွေရဲ့သမိုင်းကြောင်း🐽 ၁၉၀၄ ခုနှစ်မှာ ပထမဆုံးတီရှပ်ကို Cooper Underwear company ကစပြီးမိတ်ဆက်လိုက်ပါတယ်။ အဲ့တုန်း...
12/07/2022

T-shirt တွေရဲ့သမိုင်းကြောင်း
🐽 ၁၉၀၄ ခုနှစ်မှာ ပထမဆုံးတီရှပ်ကို Cooper Underwear company ကစပြီးမိတ်ဆက်လိုက်ပါတယ်။ အဲ့တုန်းကတော့ တီရှပ်ဆိုပြီးမဟုတ်ပဲ long underwear အနေနဲ့ စမိတ်ဆက်လိုက်တာပါ။ စစချင်းကတော့ တီရှပ်လိုပုံစံကိုမှ ရှည်ရှည်ကြီးဖြစ်နေပြီး နောက်မှ အခုဝတ်တဲ့တီရှပ်လိုဖြစ်လာတာပါ။ အဲ့တုန်းက သူတို့ရဲ့ slogan က မိန်းမမရှိတဲ့သူတွေကို အဓိကထားရည်ရွယ်ပုံရတယ် (ခုခေတ်ဆို အက်ဖ်အေပေါ့ 😂) "No safety pins - no buttons - no needle- no thread" ဆိုပြီး😂
🐽တီရှပ်၊ တီရှပ်ဆိုပြီး ဖြစ်မလာခင်တုန်းကထိ underwear ဆိုပြီးပဲတလျှောက်လုံးခေါ်ခဲ့ကြတာရယ်။ 1920 ကျော်လောက်မှ အဲ့ခေတ်ကနာမယ်ကြီးမင်းသားတွေဖြစ်တဲ့ James Dean တို့ Marlon Brando တို့ John Wayne တို့က ဒီ underwear ဆိုတာကြီးကို စတိုင်ကျကျဝတ်ပြလို့လားမှမသိတာ...အဲ့ခေတ်ကျမှ တီရှပ်ခမျာ underwear အဆင့်က တက်ရရှာတယ် 😆
(တချိန်လုံးအောက်မှာကြီးပဲ မနေရတော့ပဲ အပေါ်လေးဘာလေးတက်လို့ရလာတာပေါ့ 😂)
🐽 တကယ်တော့ ဒီလိုတအားမထင်ရှားခင်၊ မင်းသားတွေ popularized မလုပ်ခင်ကတည်းကတော့ တီရှပ်ဆိုတာကို ၁၉၀၅ ခုလောက်တည်းက US Navy's uniform အနေနဲ့တော့ သုံးကြတာပါပဲ​😁
🐽 တီရှပ်တွေပေါ်ခါစတုန်းကတော့ အမျိုးသားတွေအတွက်ပဲ ရည်ရွယ်ခဲ့ကြပါတယ်။ အဲ့တာကြောင့်မလို့လည်း ဆယ်စုနှစ်များစွာထိ တီရှပ်ဆိုတာနဲ့ အမျိုးသားဝတ်ဆိုပြီးတွဲမြင်ခဲ့ကြတာနေမယ် 😁 ခုတော့ ပေါ့ပါးပြီး ဝတ်ရတာ လူသက်သာ၊ငွေသက်သာတဲ့အပြင် စတိုင်လေးလည်းကျဆိုတော့ အမျိုးသားရော၊ အမျိုးသမီးပါ ဝတ်ကြပြီ 🥳
🚩နောက်တခုက အင်တာနေရှင်နယ် တီရှပ်ဒေးဆိုပြီးလည်း ရှိသေးတယ်၊ သူက June21st မှာ ပါတဲ့ (နောက်နှစ်ကျရင်တော့ ကိုယ်တို့ တူတူဆင်နွှဲကြမယ် 🤩)
🪢 ဘာလို့ တီရှပ်၊ တီရှပ် ဆိုပြီး ခေါ်ကြတာလည်းဆိုတော့ သူက T-Shape လေးဖြစ်နေလို့ပါတဲ့ 😁
ကိုယ်ဖတ်မိသလောက် တီရှပ်အကြောင်းလေးကို အကြမ်းဖျင်းလေး လာပြောပြပေးတာပါရှင့်... 😙

: UOMO RICCO

🦯 မြေတွက်နည်းမြေဧကဖွဲ့တွက်နည်း🦯 သစ်တွက်နည်း🦯 သစ်ခွဲသားများကို ကုဗပေနှင့်တန်ဖွဲ.ခြင်း🦯 ရေ၀င်ဆန့်တွက်နည်း🦯 ဘိလပ်မြေတွက်နည်...
12/07/2022

🦯 မြေတွက်နည်းမြေဧကဖွဲ့တွက်နည်း
🦯 သစ်တွက်နည်း
🦯 သစ်ခွဲသားများကို ကုဗပေနှင့်တန်ဖွဲ.ခြင်း
🦯 ရေ၀င်ဆန့်တွက်နည်း
🦯 ဘိလပ်မြေတွက်နည်း လေးတွေမျှဝေပေးလိုက်ပါတယ်ရှင်...။

ကိုယ်ပိုင်အခန်းရှိတဲ့ သူငယ်ချင်းတွေကို ဘယ်လောက်ကံကောင်းတယ်ဆိုတဲ့အကြောင်း အမြဲပြောပြဖြစ်တယ် ။ အခန်းက ကျဉ်းကျဉ်းကျယ်ကျယ် က...
12/07/2022

ကိုယ်ပိုင်အခန်းရှိတဲ့ သူငယ်ချင်းတွေကို ဘယ်လောက်ကံကောင်းတယ်ဆိုတဲ့အကြောင်း အမြဲပြောပြဖြစ်တယ် ။ အခန်းက ကျဉ်းကျဉ်းကျယ်ကျယ် ကိုယ်ပိုင်အခန်းလေးရှိတယ်ဆိုရင် personal space အပြည့်အဝရတာပါပဲ။ ဘယ်သူနဲ့မှစကားမပြောချင်တဲ့အခါ အခန်းတံခါးပိတ်ထားလိုက်ရုံပဲ။ဒါမှမဟုတ် တစ်ခုခုကိုတွေးချင်တာပဲဖြစ်ဖြစ် အပြည့်အဝအနားယူချင်တာပဲဖြစ်ဖြစ် ကိုယ့်အခန်းလေးက ကိုယ့်အတွက် heaven ပဲပေါ့။ မောင်နှမတွေနဲ့ အခန်းshareသုံးရလို့ ကိုယ်ပိုင်အခန်းမရခဲ့တဲ့သူတွေစိတ်ထဲမှာ ကိုယ့်သားသမီးအလှည့်တော့ ကိုယ်ပိုင်အခန်းလှလှလေးလုပ်ပေးမယ်ဆိုတဲ့စိတ် အပြည့်အဝရှိကြမှာပါ။ ကိုယ်ပိုင်အခန်းရှိတယ်ဆိုတာ လူငယ်ဘဝအပြည့်အဝရတာပဲမဟုတ်လား💕

Address

Yangon
11051

Alerts

Be the first to know and let us send you an email when YGN Market posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share