28/03/2025
တထောင့်တနေရာမှာ အကူအညီလေးဖြစ်ပါစေ
ငလျင်လှုပ်ပြီးတဲ့နောက်မှာ ဂရုစိုက်ဖို့လိုတဲ့အချက်အလက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်
1. စစ်ဆေးရန်
• ကိုယ့်ကိုယ်ကို စစ်ပါ။ ထိခိုက်ဒဏ်ရာရှိသလား စစ်ကြည့်ပါ။
• မိသားစုဝင်တွေနဲ့အတူ လူအများစုအတွက် အန္တရာယ်ကင်းတဲ့နေရာကို ပြေးထွက်ပါ။
2. အိမ်အတွင်းကို စစ်ဆေးရန်
• မီးဖို၊ မီးအိမ်၊ ဓာတ်ငွေ့ပိုက်များကိုပိတ်ပြီး ယိုစိမ့်မှုရှိ/မရှိ စစ်ပါ။
• မီးလောင်မှု ဖြစ်နိုင်မှုရှိလျှင် ချက်ချင်း မီးသတ်ဌာနကို ဆက်သွယ်ပါ။
3. အဆောက်အအုံအခြေအနေ စစ်ဆေးရန်
• နံရံတွေနဲ့ အိမ်ဖွဲ့စည်းပုံတွေအား အက်စီးမှု၊ ကျိုးပဲ့မှုရှိ/မရှိ ကြည့်ပါ။
• အိမ်သို့ ပြန်မဝင်ခင် အန္တရာယ်ကင်းမှသာ ဝင်ပါ။
4. Aftershock (နောက်ထပ်ငလျင်) ပြန်လှုပ်နိုင်ခြေရှိမှုကို သတိထားရန်
နောက်ထပ်ငလျင်လှုပ်နိုင်တာကြောင့် အရေးပေါ်ထွက်ပြေးရန်အတွက် အမြဲအသင့်ဖြစ်အောင်ထားပါ။
• မျက်နှာဖုံး၊ ရေသန့်၊ ဖုန်းအားသွင်းထားသည့် Power Bank စတာတွေအမြဲအိပ်ယာဘေးမှာထားပါ။
5. သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးကိုထိန်းသိမ်းရန်
• သတင်းတွေကို မှန်ကန်တဲ့ရင်းမြစ်တွေကနေသာ ခံယူပါ။
• မိသားစုနဲ့ ဆက်သွယ်ရေးမပြတ်အောင် ထိန်းထားပါ။
6. အကူအညီလိုအပ်သူများကို ကူညီရန်
• ထိခိုက်ဒဏ်ရာရသူများကို အရေးပေါ်ပထမအကူအညီ ပေးနိုင်ရင် ပေးပါ။
• သတင်းပေးဖို့လိုတဲ့အခါမှာ အရေးပေါ်နံပါတ်တွေသိထားပါ (ဥပမာ – 199, 191 စသဖြင့်)။
လိုအပ်ရင် ငလျင်အတွက်အရေးပေါ်အိတ် (emergency go bag) အသင့်ပြင်ထားဖို့
အကြံပေးချင်ပါတယ်
အားလုံးပဲ လုံခြုံကြပါစေ
Credit