Blackhat Gadgetry Shop

Blackhat Gadgetry Shop ပေးရတဲ့စျေးထက်သာပိုကောင်းမွန်သောဝ? Low price, High quality

ဒီညမန်ချက်စတာရဲ့ ကောင်းကင်မှာနီမလား ... ပြာမလား .....?BG မှ၀ယ်ယူအာပေးသောမိတ်ဟောင်းမိတ်သစ်များအားကျေးဇူးတုံ့ပြန်သောအားဖြင...
02/10/2022

ဒီညမန်ချက်စတာရဲ့ ကောင်းကင်မှာ
နီမလား ... ပြာမလား .....?
BG မှ၀ယ်ယူအာပေးသောမိတ်ဟောင်းမိတ်သစ်များအားကျေးဇူးတုံ့ပြန်သောအားဖြင့်ခန့်မှန်းရင်း ဖောင်တိန်လေးတွေယူကြမယ်အစီအစဉ်နဲ့မိတ်ဆက်ပေးလိုက်ပါတယ်။🥰🥰
ဒီနေ့ညဆုံတွေ့မယ့်ပြိုင်ဆိုင်မှုပြင်းထန်တယ့်မန်ချက်စတာဒါဘီရယ့်ပွဲစဉ်ရလဒ်တွေကိုခန့်မှန်းရင်း BG မှ ၁၅၀၀၀တန်ဖောင်တိန်တချောင်းအားလက်ဆောင်ရယူလိုက်ပါ။⚽⚽

ခန့်မှန်းရမည့်ပွဲစဉ်ရလဒ်များကတော့

အနိုင်ရမည့်အသင်း -
ပွဲပြီးရလဒ် -
အဖွင့်ဂိုးရှင် -
တို့ဖြစ်ပါတယ်။

အောက်ပါစည်းကမ်းချက်များနှင့်ကိုက်ညီသောဖြေဆိုသူများအားBG မှအမှတ်တရလက်ဆောင်အဖြစ်၁၅၀၀၀တန်ဖောင်တိန်တချောင်းလက်ဆောင်ပေးသွားပါမည်။
စည်းကမ်းချက်များ
၁။ ခန့်မှန်းရမည့်မေးခွန်းသုံးခုလုံးမှန်ရမည်။
၂။​အဖြေမှန်သူတဉိးထက်ပိုမိုပါက မဲနှိုက်ရွေးချယ်ပြီးအနိုင်ရရှိသူတဉိးအားဆုချီးမြှင့်သွားမည်။
၃။coment တွင်ဖြေဆိုရမည်ဖြစ်ပြီးဆက်သွယ်ရမည့်ဖုန်းနံပါတ်အားတပါတည်းထည့်ပေးရမည်။
၄။ယနေ့ညပွဲစဉ်မစခင်အချိန်ထိခန့်မှန်းမေးခွန်းများကိုသာထည့်သွင်းစဉ်းစားသွားမည်ဖြစ်သည်။
၅။ကွဲလွဲချက်အငြင်းပွားမှုများတစုံတရာဖြစ်လာပါက BG page admin ၏ဆုံးဖြတ်ချက်သာအတည်ဖြစ်သည်။
၆။ယခုpage အား public နှင့် like and shae လုပ်ထားရပါမည်။
ခန့်မှန်းအဖြေပုံစံအား1st comment တွင်ဖော်ပြထားပါသည်။

20/09/2022

Q- 001; ကျောင်းသား၅ယောက်သည်
၁မိုင်ခရီးကို ၉မိနစ်ဖြင့်ပြေးသော်ကျောင်းသား၅၀သည်၅မိုင်ခရီးကိုအချိန်မည်မျှဝန်းကျင်ပြေးမည်နည်း....
Ans.........5မိနစ်

ပျော်ပျော်ပါးပါး ဉာဏ်စမ်းရင်းဖုန်းဘေလ်လေးတွေယူကြမယ်....🥳🥳ယခုပို့စ်လေးကို Like and share လေးလုပ်ရင်းဤအစီအစဉ်တွင်ပါဝင်နိုင...
19/09/2022

ပျော်ပျော်ပါးပါး ဉာဏ်စမ်းရင်းဖုန်းဘေလ်လေးတွေယူကြမယ်....🥳🥳
ယခုပို့စ်လေးကို Like and share လေးလုပ်ရင်းဤအစီအစဉ်တွင်ပါဝင်နိုင်ပါသည်။
Q- 001; ကျောင်းသား၅ယောက်သည်၁မိုင်ခရီးကို၉မိနစ်ဖြင့် ပြေးသော်ကျောင်းသား၅၀သည်၅မိုင်ခရီးကိုအချိန်မည်မျှဝန်းကျင်ပြေးမည်နည်း....?

Ans.........

အောက်ပါစည်းကမ်းချက်များအတိုင်းလိုက်နာပြီးပထမဆုံးအဖြေမှန်သူကို BG မှဖုန်းဘေလ်သုံးထောင်ကျပ်လက်ဆောင်အဖြစ်ပေးသွားမှာပါ။
စည်းကမ်းချက်များ
1.ယခုပို့စ်ကို public နဲ့ like and share လေး
လုပ်ပေးပါ။
2.Comment တွင်အဖြေမှန်ပါကဖြည့်ပေးရ
မယ့်ဖုန်းနံပါတ်နှင့်မေးခွန်းရဲ့အဖြေကို မန့် ပေးပါ။
ဉပမာ။ ။ဖုန်း 09765209829
A - 8
အားလုံးပဲဉာဏ်စမ်းရင်ပျော်ရွှင်စရာအချိန်လေးတွေပိုင်ဆိုင်နိုင်ကြပါစေလို့ BG မှဆုတောင်းပေးလိုက်ပါသည်။
အဖြေမှန်ကံထူးသူအားမနက်ဖြန်ညနေတွင် ယခု pageတွင်ကြေညာပေးသွားပါ့မယ်။

ဘာကြောင့် နေ့စဉ်ဒိုင်ယာရီရေးသင့်သလဲ?      တနေ့တာဖြတ်သန်းမှုကိုအကောင်းဆုံးသုံးသပ်နိုင်မယ့်နည်းလမ်းကတော့ နေ့စဉ်ဒိုင်ယာရီရေ...
18/09/2022

ဘာကြောင့် နေ့စဉ်ဒိုင်ယာရီရေးသင့်သလဲ?

တနေ့တာဖြတ်သန်းမှုကိုအကောင်းဆုံးသုံးသပ်နိုင်မယ့်နည်းလမ်းကတော့ နေ့စဉ်ဒိုင်ယာရီရေးခြင်းပင်။ရက်တွေဘယ်လောက်ကြာကြာ ကိုယ့်ရဲ့ပုံရိပ်တွေကို မှန်ထဲမှာမြင်ရသလိုမျိုးမြင်ရစေတာက ဒိုင်ယာရီရေးခြင်းရဲ့အားသာချက်ပါ။တခါတလေမှာကျွန်တော်တို့ရင်ဘတ်ထဲမှာ အပြင်ထုတ်လို့မရတယ့်စကားလုံးတွေနဲ့ မွန်းကျပ်နေတတ်သည်။
ဒီလိုအခြေအနေမျိုးမှာဒိုင်ယာရီရေးခြင်းက သင့်အတွက်စိတ်ထွက်ပေါက်တခုဖြစ်စေမှာဖြစ်သလို အကျိုးလည်းရှိစေမှာပါ။တခါတလေ ကျွန်တော့တို့အတွေးတွေမှာဖျတ်ခနဲပေါ်လာတယ့် အိုင်ဒီယာအလန်းစားတွေ ကျွန်တော်တို့မသိလိုက်ချိန်မှာပဲပျောက်ကွယ်သွားတတ်သည်။
ဒိုင်ယာရီရေးတယ့်လူတွေအတွက်တော့ဒီလိုအခြေအနေမျိုးကိုအလွယ်တကူရှောင်ရှားနိုင်သည်။ဒိုင်ယာရီရေးခြင်းက
သင့်ရဲ့မှတ်ဉာဏ်ကိုပိုမိုးတိုးတက်စေတယ်၊စာအရေးသားတွေတိုးတက်လာစေတယ်၊ဖန်တီးနိုင်စွမ်းတွေမြှင့်တက်လာစေတယ်ဆိုတယ့်လေ့လာတွေ့ရှိချက်တွေလည်းရှိပါသေးတယ်။မည်သို့ပင်ဆိုစေကာမူဒိုင်ယာရီရေးခြင်းကသင့်ဘဝရဲ့ပန်းတိုင်တွေကိုအလွယ်တကူချမှတ်စေနိုင်ပြီးခွဲခြမ်းစိတ်ဖြာသုံးသပ်မှုတွေကိုလည်းလုပ်နိုင်ပါဉီးမယ်။ဒီအချက်တွေကပဲ အောင်မြင်မှုပန်းတိုင်တွေကိုသွားတယ့်ခြေလှမ်းတွေကိုလွယ်ကူစေတာပါ။

ဒိုင်ယာရီရေးဖို့အကောင်းဆုံးအချိန်.....

အိပ်ယာမ၀င်ခင်တနာရီအလိုမှာ ဒိုင်ယာရီရေးတာအကောင်းဆုံးအချိန်ဟုဆိုကြသည်။တနေ့တာလုံးအဖြစ်အပျက်တွေကိုမှတ်တမ်းတင်နိုင်မှာဖြစ်သလိုနောက်တနေ့အတွက်အစီအစဉ်တွေကိုလည်းအလွယ်တကူချမှတ်ပြီးဖြစ်လို့ဟုထင်သည်။ဒီအချက်တွေကသင်ရဲ့မနက်ဖြန်တွေကိုလည်းပိုမိုလွယ်ကူစေသည်။

ဒိုင်ယာရီရေးဖို့ဘာတွေလိုမလဲ...

စာအုပ်နှင့်ဖောင်တိန်သို့မဟုတ်ဘောပင်သာလိုပါသည်။မိုဘိုင်းဖုန်းတွေကAppတွေနှင့်လည်းရေးလို့ရသေးသည်။ကျွန်တော်ကတော့ဖောင်တိန်လေးတွေနှင့် စာအုပ်ပေါ်မှာရေးရတာကို ပိုသဘောကျမိသည်။ဖောင်တိန်လေးတွေကဘောပင်လိုစာရေးမှာအားသိပ်စိုက်စရာမလို။ပေါ့ပေါ့ပါးပါးရှိသည်။အိပ်ရာမ၀င်ခင်တနာရီလောက်ဖုန်းမသုံးဖြစ်သဖြင့်အလွယ်တကူအိပ်ပျော်စေလို့ကျန်းမာရေးအတွက်လည်းကောင်းသည်။အဓိကအချက်ကတော့စိတ်ကူးထဲကစကားလုံးတွေအသွေးအသားထဲကနေစာမျက်နှာပေါ်ကိုစီးဆင်းသွားသလိုမျိုးခံစားရစေလို့ ဖောင်တိန်လေးတွေနှင့်သာရေးဖြစ်သည်။

မိတ်ဆွေတို့ကောနေ့စဉ်ဒိုင်ယာရီရေးဖြစ်လား?

ဘယ်အချက်တွေကကောနေ့စဉ်ဒိုင်ယာရီရေးဖို့တွန်းအားဖြစ်စေခဲ့လဲ ....
ဘယ်လိုပုံစံမျိုးရေးဖြစ်လဲ.....
ဘဝမှာကောနေ့စဉ်ဒိုင်ယာရီရေးလို့ဘယ်လိုအကျိုးကျေးဇူးတွေခံစားရပြီးပြီလဲ.....

တခြားလူတွေအတွက်လည်းအကျိုးရှိအောင်အောက်မှာဝေမျှပေးသွားပါဉိးနော်။

``အချစ်ဉိးကိုမြေးဉီးရတယ့်အထိမမေ့ဘူး´´ကျွန်တော်တို့ပတ်၀န်းကျင်တွင်ကြားဖူးနေကြစကားဖြစ်သည်။မြေးဉိးကိုလက်ဆောင်အဖြစ်ပြန်ပေးလိ...
18/09/2022

``အချစ်ဉိးကိုမြေးဉီးရတယ့်အထိမမေ့ဘူး´´

ကျွန်တော်တို့ပတ်၀န်းကျင်တွင်ကြားဖူးနေကြစကားဖြစ်သည်။မြေးဉိးကိုလက်ဆောင်အဖြစ်ပြန်ပေးလို့ရတယ့်အထိအချစ်ဉိးစီကရတယ့်နေ့စဉ်အသုံး၀င်သေးတယ့်လက်ဆောင်မျိုးကတော့ဖောင်တိန်အပြင် များများစားစားရှိမယ်မထင်။ကိုယ်နဲ့တသက်ပတ်လုံး လောကဓံရဲ့အကောင်းအဆိုးအတူတူ ဖြတ်သန်းခဲ့တယ့် ဒီဖောင်တိန်လေးတွေကို သံယောဇဉ်ပင်တွယ်ငြိမိနိုင်သည်သည်။အချိန်တွေကြာလာတာနဲ့အမျှအမှတ်တရလေးတွေကိုဖောင်တိန်လေးကိုကြည့်ရင်းလွမ်းဆွတ်နိုင်သေးသည်။စာရေးရတာသက်တောင့်သက်တာရှိတယ်။လူအများရဲ့အာရုံစိုက်မှုကိုအလွယ်တကူရနိုင်တယ်။ကိုယ်ရဲ့အဆင့်အတန်းကို ထင်းခနဲလင်းခနဲဖော်ပြနိုင်တယ်။ဒါကြောင့် ဖောင်တိန်လေးတွေကိုယနေ့အချိန်ထိ လူကြိုက်များနေဆဲဖြစ်မည်ထင်သည်။
သင်ကောဖောင်တိန်လေးတွေ သုံးဖူးပါသလား...
ဘယ်အရွယ်လောက်က စသုံးဖူးပါသလဲ?
လက်ဆောင်ကော ရဖူးလား?
သင့်မှာကော အချစ်ဉိးစီကလက်ဆောင်ရှိပါသေးသလား?
ဖောင်တိန်နှင့်ပတ်သက်တယ့်အမှတ်တရလေးတွေကိုအောက်က Comment တွင်လည်းဝေမျှပေးသွားနိုင်ပါတယ်နော်။

ဖောင်တိန်လေးတွေကချစ်ခြင်းမေတ္တာကို ပိုပြီးလေးနက်စေမယ့်လက်ဆောင်ဖြစ်နေရတယ့်အကြောင်းအရင်း၅ချက်၁။တသက်လုံးကိုယ်နှင့်မကွာအသုံး...
17/09/2022

ဖောင်တိန်လေးတွေကချစ်ခြင်းမေတ္တာကို ပိုပြီးလေးနက်စေမယ့်လက်ဆောင်ဖြစ်နေရတယ့်အကြောင်းအရင်း၅ချက်

၁။တသက်လုံးကိုယ်နှင့်မကွာအသုံးပြုနိုင်ခြင်း
(ကိုယ်ပေးတယ့်လက်ဆောင်ချစ်တယ့်သူအနားမှာကိုယ်ရဲ့ကိုယ်ပွားလေးလိုတသက်လုံးရှိနေမယ့် လက်ဆောင်မျိုး)
၂။နေ့စဉ်ဘ၀မှာအသုံး၀င်ခြင်း
၃။စာရေးရတာမှာသက်တောင့်သက်သာဖြစ်ခြင်း
၄။ကိုယ်ချစ်တယ့်လူကို လက်ဆင့်ကမ်းနိုင်ခြင်း
(ဒါလေးကမင်းတို့ဘွားဘွားဘိုးဘိုးကို လက်ဆောင်ပေးခဲ့တာပေါ့...)
၅။အခမ်းအနားတွေမှာ ပွဲတက်ဖက်ရှင်တခုအနေနဲ့ အသုံးပြု၍ရခြင်း။

ဒီလိုဒီလိုအချက်လေးတွေကြောင့်ဖောင်တိန်လေးတွေက ယနေ့ချိန်ထိလူကြိုက်များနေဆဲဖြစ်ပြီးကမ္ဘာကျော်ကုမဏ္ဍီတွေကလည်းဒီဇိုင်းအသစ်တွေထုတ်လုပ်နေဆဲဖြစ်ပါသည်။

Creator များအတွက်ဖတ်စာ.......💡Project တခုကို ဖန်တီးရတယ့် creator များအတွက်တော့ များပြားလှတယ့်အချက်အလက်တွေကို စီစစ်ပိုင်း...
11/09/2022

Creator များအတွက်ဖတ်စာ.......💡

Project တခုကို ဖန်တီးရတယ့် creator များအတွက်တော့ များပြားလှတယ့်အချက်အလက်တွေကို စီစစ်ပိုင်းခြားရတာ အရေးပါတယ့်အလုပ်တခုပါ။ခွဲထုတ်လိုက်တယ့်အချက်အလက်တွေ ကွဲကွဲပြားပြား ကွက်ကွက်ကွင်းကွင်းမြင်ဖို့ဆို🔎 BG မှ M&G Marker Pen Tool Box🎨 လေးတွေက သင့်အတွက်အသုံးဝင်တယ့် Tool Box လေးတွေဆို မမှားပါဘူး။Marker pen တွေရဲ့ထိပ်ဖျားမှာ Color No.🔣 လေးတွေဖော်ပြထားလို့ အသုံးပြုရတာပိုပြီးလွယ်ကူစေပါတယ်။မတူကွဲပြားတယ့်အရောင် ၄၈ 🔸🔹ရောင်ထိရရှိနိုင်ပြီး သေသပ်လှပတယ့် ချစ်ရာလက်ဆွဲသေတ္တာလေးတွေနဲ့ထုတ်ပိုးထားပါတယ်📦။ကိုယ်တိုင်သုံးပါက အသုံးဝင်တယ့် ပစ္စည်းလေးဖြစ်သလို လက်ဆောင်ပေးရင် မျက်နှာပန်းလှစေတယ့်ပစ္စည်းတခုဆိုလည်းမမှားပါဘူး။

Doodle Art ၀ါသနာပါတယ့် Creator ကိုကိုမမများအတွက်တော့ အထူးညွှန်းနေစရာမလို့ တယ့် Marker Pen tools box လေးတွေပါ။

Marker Pen အရေအတွက် 12,24,36,48 အရောင်ဆိုပြီး Tool Box အမျိုးအစား 4 မျိုးထိရရှိနိုင်ပါတယ်။သင်ကလွတ်လပ်စွာဖန်တီးနိုင်မှုကိုမြတ်နိုးသူဆိုရင် M&G Marker pen လေးတွေက သင့်ရဲ့ ဖန်တီးနိုင်စွမ်းဘောင်ကို ချဲ့ပေးနိုင်တယ့် Marker Pen လေးတွေလို့ညွှန်းပါရစေ။အောက်တွင် M&G Marker Tools Box တခုချင်းစီရဲ့စျေးနှုန်းကိုဖော်ပြထားပါသည်။

ငွေစျေးကလည်းမင်မင်ကောင်မလေးလိုပဲအပြောင်းအလဲမြန်တာမို့ စျေးနှုန်းအပြောင်းအလဲလေးလည်းရှိနိုင်ပါသည်။ထိုကြောင့် cb တွင်အားမနာတမ်းမေးနိုင်ပါသည်။

ဘူးတဘူးတွင်ပါ၀င်သော marker pen အရေအတွက်အလိုက်စျေးနှုန်းများအောက်တွင်ဖော်ပြထားပါသည်။
၁၂ရောင် ၁၅၀၀၀
၂၄ ရောင် ၃၅၀၀၀
၃၆ရောင် ၆၅၀၀၀
၄၈ရောင် ၇၀၀၀၀
ဆက်သွယ်ရန် ။ ။ 09765209829

🎷🎷မဲမဲသဲသဲကြီးမို့🎼 ချစ်မယ်🥁🎸You တို့သဲသဲမဲမဲချစ်သွားစေမယ့် Jinhao ဖောင်တိန်လေးနဲ့မိတ်ဆက်ပါရစေ....All black သတ္တုကိုယ်ထည...
10/09/2022

🎷🎷မဲမဲသဲသဲကြီးမို့🎼 ချစ်မယ်🥁🎸

You တို့သဲသဲမဲမဲချစ်သွားစေမယ့် Jinhao ဖောင်တိန်လေးနဲ့မိတ်ဆက်ပါရစေ....
All black သတ္တုကိုယ်ထည်ကိုမှ ကျစ်လစ်သေးသွယ်တယ့် ဒီဇိုင်းအသွင်အပြင်မျိုး ဖန်တီးထားလို့လူငယ်တွေပိုကြိုက်တယ်။🥰🥰သတ္တုကိုယ်ထည်ကြောင့် သေးသွယ်ပေမယ့်လည်းစီးစီးပိုင်ပိုင်ရှိတယ်။လက်မှတ်ထိုးစာရေးရမှာNib အနုတ်အသိမ်းလုပ်တိုင်းငွေရောင်Nib ပေါ်ကကနုတ်လေးတွေက ကြွရွနေသလိုခံစားရစေတယ်။🥳အကျီချိတ်ဒီဇိုင်းကလည်းဆန်းလို့ပွဲတတ်ပဲ၀တ်၀တ် လုပ်ငန်းခွင်မှာပဲသုံသုံး လူအများကြားမှာသင့်ကိုမျက်နှာပွင့်စေမယ့် Accessory လေးတခုအဖြစ်ညွှန်းပါရစေ။

လက်ဆောင်ပဲပေးပေး🎁ကိုယ်တိုင်ပဲသုံးသုံး
တခါ၀ယ်🛍️ပြီးတသက်လုံးအသုံးပြုလို့ရတယ့်ဖောင်တိန်လေးတွေကို BGမှ အိမ်အရောက်ငွေချေစနစ်ဖြင့်ပို့ဆောင်ပေးနေပါတယ်။🚚
ဖောင်တိန်တချောင်း၀ယ်လျှင်မှင်တအိုးလက်ဆောင်ပေးသွားမှာဖြစ်လို့ခုပဲမြန်မြန်၀ယ်ထားလိုက်နော်။


📞 09765209829

ရိုးရှင်းတယ် ဒါပေမယ့်ငြို့အားပြင်းတယ်🔥🔥ဖောင်တိန်တွေထဲမှာလူကြိုက်အများဆုံး အရောင်တွေဖြစ်တယ့်အမဲနဲ့ငွေရောင်ရယ့် လိုက်ဖက်ညီ...
10/09/2022

ရိုးရှင်းတယ် ဒါပေမယ့်ငြို့အားပြင်းတယ်🔥🔥

ဖောင်တိန်တွေထဲမှာလူကြိုက်အများဆုံး အရောင်တွေဖြစ်တယ့်အမဲနဲ့ငွေရောင်ရယ့် လိုက်ဖက်ညီတယ့်ပေါင်းစပ်မှု။

လုပ်ငန်းခွင်မှာသင့်ကိုပိုပြီး တည်ကြည်လေးနက်မှုအသွင်ကိုဆောင်ပေးမယ့် ဖောင်တိန်လေးလို့လည်းဆိုနိုင်ပါတယ်။
လက်မှတ်ပဲထိုးထိုး စာပဲရေးရေးအသုံးပြုရတာစီးစီးပိုင်ပိုင်ရှိပြီး စာရေးရာမှာလည်းသက်တောင့်သက်သာရှိတယ်။🖊️

လက်ဆောင်ပဲပေးပေး🎁ကိုယ်တိုင်ပဲသုံးသုံး
တခါ၀ယ်🛍️ပြီးတသက်လုံးအသုံးပြုလို့ရတယ့်ဖောင်တိန်လေးတွေကို BGမှ အိမ်အရောက်ငွေချေစနစ်ဖြင့်ပို့ဆောင်ပေးနေပါတယ်။🚚
ဖောင်တိန်တချောင်း၀ယ်လျှင်မှင်တအိုးလက်ဆောင်ပေးသွားမှာဖြစ်လို့ခုပဲမြန်မြန်၀ယ်ထားလိုက်နော်။
price 30 000 Ks

📞 09765209829

အမျိုးတို့ရေ ရှားရှားပါးပါး မော်ဒန်အရောင်စိုစိုနဲ့ဖောင်တိန်လေးတွေ BGမှာအသစ်ထပ်ရောက်တယ်နော်...🛎️🛎️ကာလာဘယ်လောက်စိုလဲဆိုတာပ...
10/09/2022

အမျိုးတို့ရေ ရှားရှားပါးပါး မော်ဒန်အရောင်စိုစိုနဲ့ဖောင်တိန်လေးတွေ BGမှာအသစ်ထပ်ရောက်တယ်နော်...🛎️🛎️

ကာလာဘယ်လောက်စိုလဲဆိုတာပုံထဲမှသာကြည့်တော့။အပြင်မှာဒီထက်ကိုပိုပြီးစိုသေးတာ။သတ္တုကိုယ်ထည်ဖြစ်လို့အကြမ်းခံတယ်။🔨 🔨 စီးစီးပိုင်ပိုင်ရှိလို့စာရေးလို့ကောင်းတယ်⚖️။ကလောင်သွား(Nib)ကအဆွဲအငင်အထိအတွေ့ကောင်းလို့အင်္ဂလိပ်စာလုံးလက်ရေးလှသာမက စိတ်ပါရင်ပါသလိုဂျပန်တရုတ်လက်ရေးလှများပါရေးလို့ရပါသေးတယ်🤩💡။ထူးခြားချက်က မိန်းကလေးတွေအသဲစွဲ ကာလာတွေဖြစ်နေတာ။မိန်းကလေးအကြိုက်အရောင်ရှာနေတယ့်လေဒီတွေအတွက်တော့အံကိုက်ပဲ။အရေအတွက်အနည်းငယ်သာရှိလို့ မြန်မြန်၀ယ်ထားမှစိတ်ချရမယ်နော်(ကုန်သွားရင်စိတ်မဆိုးကြေး😊)

လက်ဆောင်ပဲပေးပေး🎁ကိုယ်တိုင်ပဲသုံးသုံး
တခါ၀ယ်🛍️ပြီးတသက်လုံးအသုံးပြုလို့ရတယ့်ဖောင်တိန်လေးတွေကို BGမှ အိမ်အရောက်ငွေချေစနစ်ဖြင့်ပို့ဆောင်ပေးနေပါတယ်။🚚
ဖောင်တိန်တချောင်း၀ယ်လျှင်မှင်တအိုးလက်ဆောင်ပေးသွားမှာဖြစ်လို့ခုပဲမြန်မြန်၀ယ်ထားလိုက်နော်။
price 35000Ks

ရရှိနိုင်သောအရောင်များ💈💈
အ၀ါ၊အပြာ၊ကာကီ၊အဖြူ၊နို့စိမ်း

📞 09765209829

Address

Yangon
11221

Alerts

Be the first to know and let us send you an email when Blackhat Gadgetry Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Blackhat Gadgetry Shop:

Share