14/06/2022
* #ရင်ဆိုင်ပါ ထွက်မပြေးပါနဲ့
ကြောက်ရင် ၂ခါရှုံးတယ်
* #ကျော်ဖြတ်ပါ
လှည့်မထွက်ပါနဲ့
သတ္တိမရှိရင် လူညွန့်တုံးတယ်
* #ပြုံးပါ
မာန နဲ့အသက်မရှင်ပါနဲ့
အထီးကျန်ရင် သေလူ လိုဘဲ
* #ချစ်ပါ
သိုဝှက်မခံစားပါနဲ့
မျိုသိပ်လွန်းရင် နောင်တမျက်ရည် နဲ့သံသရာလည်နေမှာဘဲ
* #ယုံကြည်ပါ
သံသယကို ဆုပ်ကိုင်မထားပါနဲ့
စိုးထိတ်လွန်းရင် သင်နေရတဲ့ ကမ္ဘာ
ကျောက်ခေတ်ဖြစ်နေမယ်
* #ငိုပါ
ဝမ်းနည်းမှု့ကိုကြိတ်မှိတ်မျိုမချ ပါနဲ့
ဟန်ဆောင်ရင်းနဲ့
သင် စက်ရုပ်ဖြစ်သွားလိမ့်မယ်
* #တည်ဆောက်ပါ
ဖြစ်သလိုမနေပါနဲ့
နေတတ်သလိုနေရင်းနဲ့
ဘဝ က ဖြစ်ချင်သလိုဖြစ်သွားလိမ့်မယ်
်
* #တန်ဖိုးထားပါ
မေ့ပျောက်မထားပါနဲ့
မရှိလည်းဖြစ်တယ်ဆိုခဲ့ရင်
နောင်တစ်ချိန်မှာသင်ကိုယ်တိုင် အစားထိုးခံသတ္တဝါ ဖြစ်နေလိမ့်မယ်
* #စွန့်ပစ်ပါ
အလေးမခံထားပါနဲ့
ဒါကို ပဲ သင် ဆက်လက် တွယ်ဖက်ထားမယ်ဆိုရင်
သင့်ဘဝ ရေစုန်မျောလိမ့်မယ်
* #ရုန်းထွက်ပါ
အတိတ်ကို ရူးသွပ်မနေပါနဲ့
သိမ်ငယ်စိတ်ဆိုသော ချည်နှောင်တဲ့ ပင့်ကူအိမ်က
သင့်အနာဂတ်ကို ပိတ်ဆို့ထားလိမ့်မယ်။