Export Outfitters Garden

Export Outfitters Garden Export Clothings

အကောင်းဆုံးကြိုးစားရဦးမယ်
25/01/2022

အကောင်းဆုံးကြိုးစားရဦးမယ်

ကျွန်တော်ကြိုးစားရဦးမယ်

ကိုယ့်အပေါ် ကြင်နာသူတွေကို
ပြန်ဂရုစိုက်တတ်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။

ကိုယ့်အပေါ် ခွင့်လွှတ်သည်းခံပြီး
နားလည်ပေးသူတွေကို
ပြန်ပြီး နားလည်ပေးတတ်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။

စစ်မှန်တဲ့ သူငယ်ချင်းကောင်းတွေ
ရှားပါးလာတဲ့ ခေတ်ကြီးမှာ
အပေါ်ယံမဟုတ်တဲ့ သူငယ်ချင်းအပေါင်းသင်းတွေကို
တန်ဖိုးထားတတ်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။

အချစ်စစ် မဟုတ်တဲ့
အတုအယောင်အချစ်မျိုးတွေနဲ့တွေ့တဲ့အခါ
ဘဝပါယိုင်နဲ့မသွားအောင် တည်ငြိမ်နိုင်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။

ငွေမရှိလို့ အနှိမ်ခံရတဲ့ဘဝကနေ
လွတ်မြောက်ဖို့အတွက် ချွေတာသင့်တာချွေတာဖို့
ကျွန်တော် ကြိုးစားရဦးမယ်။

လူတွေရဲ့ ကဲ့ရဲ့မှုတွေ အပြစ်တင်ဝေဖန်မှုတွေကို
လိုက်ပြီး ဂရုမစိုက်တတ်တဲ့
လူတစ်ယောက်ဖြစ်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။

ဝမ်းနည်းမှုတွေ သိမ်ငယ်မှုတွေနဲ့
နာကျင်စရာတွေကို ရင့်ကျက်စွာဖြတ်ကျော်နိုင်တဲ့
လူတစ်ယောက် ဖြစ်ဖို့အတွက်
ကျွန်တော် ကြိုးစားရဦးမယ်။

လောကဓံရဲ့ရိုက်ခတ်မှုဒဏ်တွေကို
အပြုံးနဲ့ကျော်လွှားနိုင်တဲ့ လူတစ်ယောက်ဖြစ်အောင်
ကျွန်တော် ကြိုးစားရဦးမယ်။

ဘဝကို လွယ်လွယ်နဲ့
အရှုံးပေးသူ တစ်ယောက်မဖြစ်အောင်
ကျွန်တော် ကြိုးစားရဦးမယ်။

ကျွန်တော် ကြိုးစားရဦးမယ်။
ကျွန်တော် ကြိုးစားရမယ်။
ကျွန်တော် ကြိုးစားမှ ဖြစ်မယ်။
ကြိုးစားပါနော် အပျင်းမထူပါနဲ့။

Credit ...ပြန်လည်မျှဝေပါသည်
#စာပေကြိုက်သူများ

04/01/2022

"လည်ချောင်းနာတာ အမြန်သက်သာဖို့ ဒါတွေလုပ်ပါ"

၁။ ခံတွင်းသန့်ရှင်းရေးသေသေချာချာလုပ်ပါ ။
လည်ချောင်းနာပြီဆိုရင် တော်တော်များများကဒီပထမဆုံးအချက်ကို​ ကျော်ပြီး နောက်အချက်ကနေစလုပ်ကြတာပါ ။ ပထမဆုံးအနေနဲ့ သွားသေသေချာချာတိုက်လိုက်ပါ ။ ပါးစပ်ထဲမှာ အစားအကြွင်းအကျန်တွေမရှိပဲ ခံတွင်းက သန့်ရှင်းနေတယ်ဆိုရင် လည်ချောင်းနာတာ အမြန်သက်သာဖို့ အများကြီးအကူအညီဖြစ်ပါလိမ့်မယ် ။

၂။ ဆားငံရေ သို့မဟုတ် ပလုတ်ကျင်းဆေးရည်ဖြင့် ခဏခဏပလုတ်ကျင်းပါ ။
ဆားငံရည်နွေးဖြင့် ငုံလိုက်ထွေးလိုက် ခဏခဏလုပ်ပေးပါ ။ ဒီလိုလုပ်ပေးခြင်းက လည်ချောင်းလေးကို စိုလာစေပြီး အမြန်ဆုံးကောင်းလာမှာဖြစ်ပါတယ် ။
ဆားငံရည်မကြိုက်သူတွေကတော့ Betadine Mouthwash လို ပလုတ်ကျင်းဆေးရည်ဖြင့် ပလုတ်သေချာကျင်းပေးခြင်းအားဖြင့် လည်ချောင်းနာတာသက်သာစေနိုင်ပါတယ်။

၃။ ငုံဆေးအချို့ငုံပေးပါ ။
လည်ချောင်းလေးတွေ စိုနေဖို့ Lozenges အချို့ ငုံပေးပါ ။ ဥပမာ Mybacin / strepsil
Sugar Free Chewing gum လေးတွေလည်း ဝါးနိုင်ပါတယ် ။

၄။ ရေငွေ့လေးတွေရှူပေးပါ ။
အိမ်မှာ Humidifier လေးတွေရှိရင်ဖွင့်ထားပေးပါ။ ဒါမှမဟုတ် ပန်းကန်လုံးထဲ ရေနွေးပူပူကိုလောင်းထည့်ပြီး ထွက်လာတဲ့ အငွေ့လေးတွေ ရှူရင်လည်းရပါတယ် ။
ရေပူပူနဲ့ ရေချိုးတာကလည်း လည်ချောင်းနာတာ ၊ အသံနာတာကို သက်သာဖို့ နည်းလမ်းကောင်းတခုပါပဲ ။

၅။ ရေများများသောက်ပါ ။
ရေဓာတ်နည်းရင် လည်ချောင်းကခြောက်သွေ့ပြီး အသံပိုဝင်နိုင်သလို နာနိုင်တာမို့ ရေများများသောက်ပေးပါ ။
ရေသောက်တဲ့အခါ ရေနွေးသောက်တာက ပိုထိရောက်တာမို့ ရေနွေးသောက်ပေးပါ ။ Green Tea ရှိရင် Green Tea သောက်ပေးပါ ။ Green Tea မှာ Antioxident ပါတာမို့ လည်ချောင်းနာတာ အသံနာတာကို အမြန်ဆုံးသက်သာစေပါတယ် ။
အိမ်မှာ ပျားရည်ရှိတယ်ဆိုရင် ပျားရည်တစက်ကို ရေနွေးကြမ်းထဲထည့်သောက်တာကလည်း လည်ချောင်းနာတာကို အများကြီးသက်သာစေပါတယ်။
အရည်များများသောက်ပါဆိုပေမယ် ကော်ဖီလို ကဖင်းပါတာကိုတော့ ရှောင်ပေးပါ ။ လည်ချောင်းတွေကို ပိုခြောက်သွေ့စေပြီး ပိုဆိုးလာနိုင်လို့ပါ ။

၆။ အနားယူပါ ။
ဒီနေ့ စကားအကြာကြီး​ပြောတာတွေ မလုပ်ပါနဲ့တော့ ။ အသံကိုလည်း သေသေချာချာ အနားယူပါ။
စောစောအိပ်ပါ ။ နွေးနွေးထွေးထွေးနေပါ ။
ကိုယ်ခံအားကောင်းဖို့ ၊ အားရှိကျန်းမာဖို့လိုတာမို့အနားယူပါနော် ။

၇။ အရမ်းနာနေတာမျိုးရှိရင်တော့ Paracetamol/ Ibuprofen လို အကိုက်အခဲပျောက်ဆေးတမျိုးသောက်ပေးပါ ။
တော်တော်ဆိုးပါက/ ရက်အတော်ကြာ မသက်သာပါက ဆေးခန်းပြရမယ်နော် ။

🛑 ဒါတွေမလုပ်ပါနဲ့ ။
- အရက် ၊ ဆေးလိပ်ရှောင်ပါ ။ အရက်ဆေးလိပ်သောက်တာက လည်ချောင်းကို ပိုမိုခြောက်သွေ့စေပြီး လည်ချောင်းကိုလည်း ပိုနာစေပါမယ် ။
- လည်ပင်းကပ်နေရင် အဟမ်း အဟမ်း အဟမ်းဆိုပြီး ချောင်းဟန့်တာမျိုး ခဏခဏမလုပ်ပါနဲ့ ။ ဒီလိုလုပ်တာကလည်း လည်ချောင်းကိုပိုနာစေပါမယ် ။
- အအေးမိရင်သောက်တဲ့ဆေးမျိုး၊ နှာရေယို ၊ နှာခေါင်းပိတ်ရင်သောက်တဲ့ဆေးမျိုးတွေဖြစ်တဲ့ Decogestants ဆေးမျိုးတွေကို ရှောင်ထားပါ ။ ဒီဆေးတွေက လည်ချောင်းကိုခြောက်သွေ့စေပြီး လည်ချောင်းပိုနာလာမှာဖြစ်ပါတယ် ။

ဒါဆိုရင် လည်ချောင်းနာနေသူများ အမြန်ဆုံးသက်သာပျောက်ကင်းပါစေခင်ဗျာ ။

ချစ်ခြင်းဖြင့်သာ မျှဝေပါသည် ။

ဒေါက်တာမျိုးမြင့်အောင်


©yourmyoe2022

🥰ချစ်တို့ရေ Forever Legging လေးနဲ့ မိတ်ဆက်ပေး လိုက်ပါတယ်ရှင့် 💖အထည်ရေ အများကြီးမရှိတော့လို့ ၁ ထည်လောက်မြန်မြန်‌ေဆာင်ထားတ...
27/12/2021

🥰ချစ်တို့ရေ Forever Legging လေးနဲ့ မိတ်ဆက်ပေး လိုက်ပါတယ်ရှင့် 💖အထည်ရေ အများကြီးမရှိတော့လို့ ၁ ထည်လောက်မြန်မြန်‌ေဆာင်ထားတော့နော် Made in Myanmar ဖြစ်တဲ့အတွက်ဝတ်လိုက်ရင် ပေါ့ပါး အသားမထူမပါးလေးနဲ့ ခါးသ‌ေရပြားကြီးပြီး ဗိုက်ကို ချပ်ချပ်ရပ်ရပ်လေးဖြစ်စေပါတယ်💖

Price 8,000/-
Size M,L (size2မျိုးပဲရှိတော့တယ်နော်)

💞မဂ်လာပါရှင်သားသားမီးမီးလေးတွေ အတွက် Primark Hoodies , sweatshirt , sweatpants လေးတွေရှိသေးတယ်နော်📣 Size လေးတွေသိပ်မစုံတ...
23/12/2021

💞မဂ်လာပါရှင်
သားသားမီးမီးလေးတွေ အတွက် Primark Hoodies , sweatshirt , sweatpants လေးတွေရှိသေးတယ်နော်📣 Size လေးတွေသိပ်မစုံတော့လို့🥰🤳cbလာရောက်မေးြမန်းနိုင်ပါတယ်ရှင့်

22/12/2021

😱 သားသားမီးမီးတို့နဲ့ တုတ်ကောင် အန္တရာယ်

နေ့လည်နေခင်းလူနာပါးချိန်မို့ရပ်ကွက် ဆရာဝန်လေးမောင်လွင် တစ်ယောက် ထမင်းစားပြီး ခဏနားမယ်ကြံတုန်း....

👩 "ဆရာရေ ".... ဟု ဆိုသော ခေါ်သံကြောင့် ထွက်ကြည့်မိ၏။

ခေါ်သံက ရပ်ကွက်ထဲကမအေး ဆိုသူ အမျိုးသမီးတစ်ယောက်......

🧑‍⚕️ "ကဲ....ဆိုပါအုံး..... ဘာဖြစ်လို့တုန်း?"

👩 " ဒီလို ဆရာရေ.... ကျွန်မသားလေးပေါ့...ညညဆို ... ကန်တော့ နော်ဆရာ... စအို၀ကယားပြီး ကုတ်နေရတာနဲ့ အိပ်မရပါဘူး ဆရာရေ.... အိပ်လို့မရတော့ ကလေးက ငို၊ စိတ်ကမကြည်နဲ့ ...မနက်ဆိုလည်း ကျောင်းသွားဖို့ မထနိုင်နဲ့ အင်မတန် ဒုက္ခရောက်တယ် ဆရာရေ...."

ကြားလိုက်ကတည်းကတုတ် ကောင်ထိုးနေပြီလို့ မောင်လွင်တစ်ယောက် မှန်းဆမိချေ၏။

🧑‍⚕️ "ကဲ.... မအေးရေ.... ဘာမှမပူနဲ့။ Albendazole လို့ခေါ်တဲ့သောက်ဆေး တစ်ခါစာပေးလိုက်မယ်။ ဒီနေ့ အိမ်ပြန်ရောက်ရင် တိုက်လိုက်.... နောက်၂ပတ်နေရင်တစ်ခါ ထပ်တိုက် ...ကောင်းသွားလိမ့်မယ်။ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းလို့တုတ်ထိုးတာပါ"
👩 "ကျေးဇူးပါဆရာရေ "

ဟုလှည့်ပြန်မည် အလုပ် ..

🧑‍⚕️ "နေဦးကလေး အမေရေ.... အရေးကြီးတာမှာရဦးမယ်။ ဒီတုတ်ကောင်က ပြန့်လွယ်တယ်။ ကလေးမှာပျောက်သွားပေမယ့်လည်း အတူနေတဲ့မိသားစုမှာ ပြန်ဖြစ်တတ်ပြီးဂျာအေးသူ့အမေ ရိုက်နေလိမ့်မယ်" ဆိုတော့ လက်ကို သေချာဆေး၊သန့်ရှင်းရေးသေချာလုပ်၊ ပြီးတော့ အရေးကြီးတာက အသားတွေ ချက် ရင်သေချာကျက်အောင် ချက်......ဘာလို့လဲဆို တော့ ဒီတုတ်ကောင်က အဲဒီလို အသားတွေထဲမှာလည်း ပါတတ်တယ်။ ဟုတ်ပြီနော်..."
👩 "ဟုတ်ကဲ့ ဆရာ"

🧑‍⚕️ " ဪ...မေ့လို့.... ဒီဆေးကို ခင်ဗျားတို့ တစ်အိမ်သားလုံး လည်း တစ်ခါတည်း သောက်ထား။ အဲဒါမှပြန်မဖြစ်မှာ ...."
👩 " ကျေးဇူးပါဆရာရေ........

⭐️ သားသားမီးမီးလေးတွေအတွက် အရိုးတွေကြံခိုင်သန်မာစေဖို့ အရိုးအတွင်း calcium စုပ်ယူမှုအားကောင်းစေတဲ့ Magnesium နဲ့ Zinc ဓာတ်တို့အပြင် Calcium နဲ့ Vitamin D တို့လို အရိုးတွေ သန်မာအားကောင်းစေတဲ့ အာဟာရတွေပါဝင်တဲ့ Osteocare အရိုးအားဆေးလေးကို စမ်းသုံးကြည့်ဖို့ အကြံကောင်းလေးပေးလိုက်ပါတယ် ။
😍 အရိုးတွေကို ကျန်းမာကြံ့ခိုင်စေတဲ့ Osteocare ကို Tablets နဲ့ Liquid တို့အပြင် ဝါးစားနိုင်တဲ့ Chewable ပုံစံနဲ့လည်းထုတ်လုပ်ထားလို့ လူကြီး၊ လူငယ်မရွေး လွယ်ကူစွာ သောက်သုံးနိုင်ပါတယ်ရှင့်။

https://www.facebook.com/Vitabiotics.myanmar/

👗ချစ်တို့ရေ အရမ်း မိမိုက် နေတဲ့ Brand ဂါဝန်လေး in-stock ရှိပါတယ်နော် 👗Brand ဆိုတဲ့အတိုင်းပဲ အသားကောင်း ဝတ်လိုက်ရင် ပေါ့ပ...
21/12/2021

👗ချစ်တို့ရေ အရမ်း မိမိုက် နေတဲ့ Brand ဂါဝန်လေး in-stock ရှိပါတယ်နော်
👗Brand ဆိုတဲ့အတိုင်းပဲ အသားကောင်း ဝတ်လိုက်ရင် ပေါ့ပါးပြီး body shape လေးကိုပါ ပိုပီးလှသွားစေမယ်🥰💖

Edit. 🌈ကာလာ size မစုံတော့ဘူးနော် ချစ်တို့ရေ (အဝါ/နက်ပြာ/ခဲဖြူ)လေးဘဲ ရတော့မယ်နော်🥰ချစ်တို့ရေ ရိုးရိုးရှင်းရှင်း Primark S...
20/12/2021

Edit. 🌈ကာလာ size မစုံတော့ဘူးနော် ချစ်တို့ရေ (အဝါ/နက်ပြာ/ခဲဖြူ)လေးဘဲ ရတော့မယ်နော်

🥰ချစ်တို့ရေ ရိုးရိုးရှင်းရှင်း Primark Sweatshirt လေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်ရှင့် 🌈Colour စုံတုန်းလေးမြန်မြန်ဝယ်ထားလိုက်နော်
🤳cbမှာမေးြမန်းနိုင်ပါတယ်ရှင့်

Price. 9,000/-
Size. S,M,L

❄️ချစ်တို့ရေ အခုလို ကာလမှာ အရမ်းကိုအရောင်းသွက် အသားအရမ်းကောင်းသော Primark Hoodies (Made in Myanmar) နဲ့ မိတ်ဆက်ပေးပါ့မယ်...
18/12/2021

❄️ချစ်တို့ရေ အခုလို ကာလမှာ အရမ်းကိုအရောင်းသွက် အသားအရမ်းကောင်းသော Primark Hoodies (Made in Myanmar) နဲ့ မိတ်ဆက်ပေးပါ့မယ်ရှင့်
❄️ရာသီဥတုလေးက နည်းနည်းလေး အေးလာပြီဆိုတော့ Hoodies 1ထည်လောက်တော့ရှိထားသင့်ပီနော် 🎁 လက်ဆောင်‌ပေးမလား 👭👬ဆင်တူ‌ေလးဝတ်မလား🤳cbမှာမေးြမန်းနိုင်ပါတယ်ရှင့်

Price. 10,000/-
Size. S,M,L,XL,XXL

Primark sweat pants လေးတွေရောက်ပြီနော်လက်လီလက်ကားမှာလို့ရပါပြီအခုချိန်မှာ 1ထည်လောက်တော့ ရှိသင့်တယ်နော်Price  10,000လက်ကာ...
17/12/2021

Primark sweat pants လေးတွေရောက်ပြီနော်
လက်လီလက်ကားမှာလို့ရပါပြီ
အခုချိန်မှာ 1ထည်လောက်တော့ ရှိသင့်တယ်နော်
Price 10,000
လက်ကားဈေး CB လာပေးပါနော်

Edit : Sold Out🥰ချစ်တို့ရေ  Black Squad brand လေးနဲ့ မိတ်ဆက်ပေးမယ်နော်Website ဈေးက 80,000 ကျော်လောက်ရှိတာကိုအခုရှယ်ဈေး 1...
15/12/2021

Edit : Sold Out

🥰ချစ်တို့ရေ Black Squad brand လေးနဲ့ မိတ်ဆက်ပေးမယ်နော်
Website ဈေးက 80,000 ကျော်လောက်ရှိတာကိုအခုရှယ်ဈေး 10,000နဲ့ ရမယ်နော်
Colour as a photo ပါ
Made in Myanmar ပါ လက်လီလက်ကားရမယ်နော်👉

Address

Building 3, Anawyahtar Housing, Botahtaung Pagoda Road
Yangon
11171

Telephone

+959795614147

Website

Alerts

Be the first to know and let us send you an email when Export Outfitters Garden posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Export Outfitters Garden:

Share