30/03/2026
#ဒီရက်ပိုင်း ဆိုင်ပိတ်ထားရတဲ့ အဓိကအကြောင်းက
#ဘီးတွေက အရင်စျေးအတိုင်းဝယ်ယူလို့မရနိုင်တာ
ကြောင့်ပါ..
ဝယ်လိုအားတွေ တက်လေလေ
ကုန်သည်တွေ စျေးတက်လေလေ ဖြစ်နေတဲ့အချိန်..
ကျနော်တို့ဆိုင်သမားတွေ
အနေနဲ့ စျေးကြီးနဲ့ဝယ်ယူပြီး ...
ကိုယ့်ဖောက်သည်တွေကို အရင်ပေါက်စျေးထက်
အဆမတန်တက်လာတဲ့ စျေးတွေနဲ့
ပြန်မရောင်းချင်တာကြောင့်ပါ...
ကျနော့်တို့ဆိုင်အနေနဲ့တော့ အရင်စျေးနဲ့လည်း သိပ်မကွာ လက်ရှိတက်စျေးထက်လည်းသက်သာနေမဲ့
စက်ဘီးမျိုးတွေ ရရင်ရသလို ရန်ကုန်နဲ့နယ်ကို
ဆိုင်ပိတ်ထားပေမဲ့လည်း.
ယခုလို ပုံပါအတိုင်း နည်းနည်းစီးခွဲပို့ပေးနေပါတယ်..
ဆိုင်ပိတ်ထားပေမဲ့လည်း ကျနော်တို့ဆီက
ဘီးလေးတွေကိုပဲ စောင့်ဝယ်မယ်ဆိုတဲ့ Customer
တွေကြောင့် တက်နိုင်သလောက်
ထိုက်သင့်တဲ့စျေးတွေနဲ့ ကျနော့်အလှည့်ကျတော့
ပို့ပေးနေပါတယ်..မရသေးတဲ့ customer တွေ
မရလိုက်တဲ့ Customer ကိုလည်း အားနာပါတယ်ဗျာ..
အရင်လို orderတွေ ပြန်လက်ခံလို့ရတဲ့အချိန်ကျရင်
ဆိုင်ပြန်ဖွင့်ချိန်ကျရင်လည်း
Page မှာတင်ပေးသွားပါ့မယ်ခင်ဗျာ..
အားလုံးကိုကျေးဇူးတင်ပါတယ်..🙏🙏🙏