Zagawar Book Store
Zagawar Book Store Online Book Store
27/08/2025
Send a message to learn more
ကျွန်တော့်ရဲ့လမ်းညွှန် ပုဂ္ဂိုလ်ကတော့ ဖေဖေပါ။ အသက် ၈၅ နှစ်ရှိပြီ။ ကျွန်တော် Comcast ဌာနချုပ်မှာ ၀င်ပြီး လုပ်တော့မယ်ဆိုတေ...
20/08/2025
ကျွန်တော့်ရဲ့လမ်းညွှန် ပုဂ္ဂိုလ်ကတော့ ဖေဖေပါ။ အသက် ၈၅ နှစ်ရှိပြီ။
ကျွန်တော် Comcast ဌာနချုပ်မှာ ၀င်ပြီး လုပ်တော့မယ်ဆိုတော့ လုပ်ငန်းတစ်ခုကို ၀င်ရင် ကွင်း (Field) ထဲက စရတယ် လို့ပြောပါတယ်။
သူကတော့ အဲဒီလိုစခဲ့တာမဟုတ်ဘူး။
ကောလိပ် တက် နေတုန်း နွေရာသီ အလုပ်လုပ်တော့ ပထမဆုံး လုပ်ခဲ့ရတဲ့ အလုပ်က လိုင်းကြိုးသွယ်ရတာပါ။
တယ်လီဖုန်း တိုင်တွေပေါ် တက်၊ ကြိုးတွေ ဆွဲပြီးမှ အိမ်တွေထဲ သွယ်ပေးရပါတယ်။
အဲဒီ နယ်ပယ်ကို စ၀င်ရတော့ ကျွမ်းကျင် လုပ်သားတွေရဲ့ အခန်းကဏ္ဍနဲ့ ဖောက်သည် ဆက်ဆံရေး ၀န်ဆောင်မှုအပိုင်း တွေရဲ့ အရေးပါပုံကို မြင်လာပါတယ်။
လုပ်ရတာလည်း သိပ်အန္တရာယ် များပါတယ်။
အောက်‌ခြေအဆင့်ရဲ့ လုပ်ငန်းခွင်အကြောင်း ကို ရုံးချုပ်မှာ ထိုင်နေရင် မသိနိူင်ဘူး ဆိုတာ ဖေဖေက မြင်တယ်။
ဖေဖေက ကောင်းကောင်း နားထောင်တတ်သူ ဖြစ်ပါတယ်။
သူများ ပြောနေတာကို ၀င်ပြီး လမ်းကြောင်းပေးတာမျိုး ဘယ်တော့မှ မလုပ်ပါဘူး။
တစ်ယောက်ယောက်က ရုံးခန်းထဲ ၀င်လာတယ်ဆိုတာ ပြဿနာ ရှိနေလို့၊ တကယ် ဖြေရှင်းဖို့လိုတဲ့ ပြဿနာ ရှိနေလို့ပဲ။
ပြောသမျှကို နားထောင်နေရင်းက လိုတဲ့ နေရာတွေ ၀င်ထောက်ပေးရင်းနဲ့ ပြဿနာရဲ့ အရင်းခံကို ပုံဖော်ယူပါတယ်။
ဒီလို ရှင်းပေးလိုက်နိူင်တယ် လို့ သူတစ်ခါမှ အသားယူတာမျိုး မရှိပါဘူး။
တကယ်တော့ ဖေဖေပေးခဲ့တဲ့ အထဲမှာ အကောင်းဆုံး အကြံက ...
"အသားယူစရာ၊ ဂုဏ်ယူစရာတွေကို သူများ ယူကြပါစေ " တဲ့။
" မင်းက သူတို့ထက်စာရင် ပိုပြီး အနေအထား ကောင်းပါတယ်။
ကံကောင်းပါတယ်။ ဒါကို သဘောပေါက်တယ် မဟုတ်လား။
ဂုဏ် ထပ် တက်နေစရာ ဘာလိုမှာလဲ။
သူတို့ကို အသားယူခွင့် ပေးလိုက်ရင်
ဒီအောင်မြင်မှုမှာ သူတို့ ပါ၀င် ဆောင်ရွက်ထားတာ ရှိနေပါလား လို့ ၀မ်းသာနေကြမှာ " တဲ့။
ဖေဖေပြောတာ တကယ်မှန်ပါတယ်။
ဖေဖေက ကျွန်တော့် ကို ဂုဏ်တင်ပါတယ်။
ကျွန်တော်ကလည်း ဒီလိုပဲ လက်အောက်ငယ်သားတွေ ကို ဂုဏ် တင် ပါတယ်။
စာကြွင်း ။ ။
"လင်းလက်ခဲ့တဲ့ လမ်းပြကြယ်" ကျော်စောမင်း၊ တူဒေးစာအုပ်တိုက် မှ ကောက်နှုတ် ဖော်ပြခြင်း ဖြစ်ပါသည်။
Photo Crd
14/08/2025
11/08/2025
Mohinga
မှတ်စုတို
24/07/2025
မှတ်စုတို
တိတ်ဆိတ်နေခြင်းက စွမ်းအား ဖြစ်လာမယ့် အချိန် (၇) ချိန်၁. ဒေါသထွက်နေတဲ့ အချိန်ခဏလောက် ရပ်ပြီး အသက်ဝအောင် ရှူ ပါ။နောင် မှ ရ...
12/04/2025
တိတ်ဆိတ်နေခြင်းက စွမ်းအား ဖြစ်လာမယ့် အချိန် (၇) ချိန်
၁. ဒေါသထွက်နေတဲ့ အချိန်
ခဏလောက် ရပ်ပြီး အသက်ဝအောင် ရှူ ပါ။
နောင် မှ ရမဲ့ နောင်တ မျိုးကို ရှောင်ပါ။
ဒေါသကြောင့် မရည်ရွယ်ပဲ လွှတ်ခနဲ
ပြော ထွက် သွားနိုင်ပါတယ်။
၂. ဇာတ်ကြောင်းကုန်စင် မသိသေးချိန်မှာ
အရင်နားထောင်ပါ။ ပြီးမှ ပြောပါ။
အပြည့်အစုံ မသိပဲ ပြောမိရင် တစ်ဖက်လူကို
နားလည်မှု လွဲ သွားစေနိုင်ပါတယ်။
၃. တစ်ယောက်ယောက် စကားပြောနေချိန်
နားထောင်ပေးတဲ့ အလေ့အကျင့်ကို မွေးမြူပါ။
စကားကို ဖြတ် ပြောခြင်း က မလေးစားသလို
ဖြစ်စေပါတယ်။
၄. တိတ်ဆိတ်နေရမယ့် အချိန်
တစ်ခါတစ်လေ တိတ်ဆိတ် နေခြင်း က
စကား ထက် ပိုပြီး ထိရောက် ပါတယ်။
တစ်ဖက် လူကို စာနာမှု နဲ့ လေးစားမှု
ရှိကြောင်း ပြပါတယ်။
၅. ဘာဖြစ်လို့ဖြစ်ချင်မှန်း မသိသေးချိန်
ခဏစဥ်းစားပါ။
ငါစဥ်းစားဖို့ အချိန် လို တယ်လို့ ပြောလို့ ရပါတယ်။
၆. စိတ်ဖိစီးမှုများတဲ့ အခြေနေတွေမှာ
အတွေး တွေကို ခဏ ရပ်ပြီး စဥ်းစားပါ။
တိတ်ဆိတ်နေခြင်းက ဉာဏ်ပညာ ရှိ ခြင်း ပြပါတယ်။
၇. တိတ်ဆိတ်နေခြင်းက အဖြေဖြစ်နေချိန်
တစ်ခါတစ်လေ စကားလုံးနဲ့ ဖြေခြင်းလို့ မ ရတဲ့
အရာတွေ ရှိပါတယ်။
တိတ်ဆိတ်နေခြင်း က အကောင်းဆုံး အဖြေ ဖြစ်ပါတယ်။
-Soulforyou TikTok
01/01/2025
17/12/2024
ဆရာကြီး မင်းသိခင်္ အမှတ်တရ ...
Source from TikTok
ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ ၏ ကိုယ်ကျင့်အဘိဓမ္မာ စာအုပ် မှာယူနိုင်ပါပြီ။စာအုပ် တန်ဖိုး  ၄,၀၀၀/- က...
12/12/2024
ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ ၏ ကိုယ်ကျင့်အဘိဓမ္မာ စာအုပ် မှာယူနိုင်ပါပြီ။
စာအုပ် တန်ဖိုး ၄,၀၀၀/- ကျပ်ပါ ရှင့်။
မြို့နယ် အလိုက် Delivery ဖြင့်
ရန်ကုန်မြို့တွင်း အိမ်အရောက် ‌‌ပို့‌ေပးပါတယ် ရှင့်။
နယ္ၿမိဳ႕ႀကီးမ်ားမှ မှာယူချင်သူများအတွက်
ကျသင့်ငွေ ကြိုရှင်းဖြင့် ကားဂိတ် တင်ပို့‌ပေးပါတယ်။
ကျသင့်မယ့် တန်ဆာခ ကို မှာယူသူဘက်က ပေးဆောင်ရပါမယ် ရှင့်။
တို့ဖြင့် ကြိုတင်‌ငွေ ပေးချေပါက ထပ်ဆောင်း (%) မပေးဆောင်ရပါ။
အားပေးကြတဲ့ မိတ်ဟောင်း မိတ်သစ်များ အားလုံး ကို ကျေးဇူး တုံ့ပြန်သော အားဖြင့် ...
December လ (အထူး) Promotion
*** ❄️⭐🎄🎁🎁🎁🔔 ***
ကိုယ်ကျင့်အဘိဓမ္မာ စာအုပ် ကို 5 အုပ် ၀ယ်ယူပါက ရန်ကုန်မြို့တွင်း - အိမ်အရောက် အခမဲ့ နယ်မြို့ကနေ မှာယူသူများ အတွက် 10% သက်သာမယ့် အစီအစဉ် ရှိပါတယ် ရှင့်။
အားပေးကြတဲ့ မိတ်ဆွေ များ အားလုံး ကို
Zagawar Book Store ကနေ (အထူး) ကျေးဇူးတင်ရှိပါတယ် ရှင့်။
27/07/2024
စာအုပ် တန်ဖိုး ၄,၀၀၀/- ကပျြပါ ရှင့်။
မြို့နယ် အလိုက် Delivery ဖြင့်
ရန်ကုန်မြို့တွင်း အိမ်အရောက် ‌‌ပို့ပါတယ်။
နယ္ၿမိဳ႕ႀကီးမ်ားမှ မှာယူချင်သူများအတွက်
ငွေကြိုရှင်းဖြင့် ကားဂိတ္ တင်/ပို႔ပါတယ္။
ကျသင့်မယ့် တန်ဆာခ ကို မှာယူသူဘက်က ပေးဆောင်ရပါမယ် ရှင့်။
အားပေးကြတဲ့ မိတ်ဟောင်း မိတ်သစ်များ အားလုံး ကို Zagawar Book Store မိသားစု ကနေ (အထူး) ကျေးဇူးတင်ရှိပါတယ် ရှင့်။
🍀မေတ္တာရှိအောင်နေပါ..။🍀လူတိုင်းက ကိုယ့်ကိုမေတ္တာရှိစေချင်တယ်..ဂရုတစိုက် အလေးအနက် တန်ဖိုးထားစေချင်ကြပါတယ်..။ ကိုယ်လိုချင်...
03/07/2024
🍀မေတ္တာရှိအောင်နေပါ..။🍀
လူတိုင်းက ကိုယ့်ကိုမေတ္တာရှိစေချင်တယ်..ဂရုတစိုက် အလေးအနက် တန်ဖိုးထားစေချင်ကြပါတယ်..။ ကိုယ်လိုချင်တဲ့ မေတ္တာရဖို့အတွက် ကိုယ်ကလည်း မေတ္တာရှိအောင် နေတတ်ဖို့လိုပါတယ်..။ မေတ္တာရဲ့သဘောက သိမ်မွေ့နက်ရှိုင်းပါတယ်..။ မေတ္တာရဲ့ဓါတ်သဘာဝက အကြည်ဓါတ် အအေးဓါတ်ကလေး လွှမ်းခြုံနေတာဖြစ်ပါတယ်..။
လူတစ်ယောက် မှာ မေတ္တာဓါတ်ကလေးကိန်းဝပ်နေတယ်ဆိုရင် သိပ်ကိုသိသာလွန်းပါတယ်..။ သူ့အနား ရောက်သွားရင်ကို အကြည်ဓါတ် အအေးလှိုင်းကလေးတွေ စိမ့်ဖြာနေပြီး မျက်နှာကလေးကလည်း ကြည်လင် ပြောတဲ့စကားလေးတွေကလည်း ချိုသာနူးညံ့ပြီး ကောင်းကျိုးဖြစ်စေမယ့် အကြောင်းလေးတွေပဲ ပြောတတ်ပါတယ်..။ သူနဲ့စကားပြောရရင် ကိုယ့်ဆီမှာပါ အကြည်ဓါတ်ကလေး ကူးစက်ပြီး မျက်နှာကလေးပါ လိုက်ပြီးပြုံးချိုကြည်လင်လာစေတာပါပဲ..။
တချို့က မေတ္တာတော့ လိုချင်ပေမယ့် မေတ္တာရှိအောင် မနေတတ်ပါဘူး..။ မျက်နှာထားက အလိုမကျရင် စူပုတ်ကောက်ချိတ်ပြီး ပြောသမျှစကားကလည်း အပျက်သဘော အဆိုးမြင်အကန်ဘုကလန့်တွေချည်းသာ ပြောတတ်ပါတယ်..။ သူနဲ့ မျက်နှာချင်းဆိုင်လိုက်တာနဲ့ ကိုယ့်ရင်ထဲမှာ မီးလာဟပ်သလို အပူလှိုင်းတွေ ချက်ချင်းကူးစက်လာပြီး အလိုလို စိတ်အကြည်ဓါတ်တွေပျောက်ဆုံးကုန်တာပါပဲ..။ အဲ့ဒိလိုလူမျိုးကိုတော့ ဝေးဝေးရှောင်ပါတယ်..။ ကိုယ့်ရဲ့စွမ်းအင်တွေ စုပ်အယူမခံစေချင်လို့ဖြစ်ပါတယ်..။
ကိုယ်က မေတ္တာလိုချင်တယ်ဆိုရင် ကိုယ့်ဆီမှာ မေတ္တာအရင်ဖြည့်ထားဖို့ လိုပါတယ်..။ ကိုယ့်မှာရှိနေမှ သူများကို ဖြန့်ဝေနိုင်မှာမဟုတ်လား..။ နေ့စဉ် ဘုရားခန်းထဲမှာ တရားထိုင် တရားမှတ်နေမှ တရားကျင့်နေတယ်လို့ မဆိုလိုပါဘူး..။ နေ့စဉ် မေတ္တာစိတ်ကလေး အကောင်းမြင်စိတ်ကလေးထားပြီး ဘာတွေးတွေး ဘာပြောပြောဘာလုပ်လုပ် သတိကလေးကပ်ပြီး ကောင်းမွန်ချိုသာတဲ့ မေတ္တာစိတ်ကလေးထားပြီး တွေးမယ် ပြောမယ် လုပ်မယ်ဆိုရင် ကိုယ့်ရဲ့ မေတ္တာလှိုင်းတွေဟာ သူများဆီလည်း ကူးစက်ပြီး ကိုယ်နဲ့ လှိုင်းချင်းတူညီမျှတဲ့ မေတ္တာရှိသူတွေဆီက မေတ္တာဓါတ်တွေ ကူးလူးယှက်သွယ်လာစေတာပါပဲ..။
ကိုယ်က မေတ္တာလိုချင်ရင် ကိုယ်က အရင် မေတ္တာပေးရပါတယ်..။ ကိုယ်က အချိုလိုချင်ရင် ကိုယ်က အချိုဓါတ်ကလေးနဲ့ စတင်ရပါတယ်..။ ကိုယ်က အလင်းဓါတ်လိုချင်ရင် ကိုယ့်ရဲ့စိတ်နှလုံးကို အမှောင်ချထားလို့ မရပါဘူး..။ မေတ္တာစိတ် အကောင်းမြင်စိတ်ကလေးနဲ့ လင်းချင်းစေရပါမယ်..။ ကိုယ့်ကို မေတ္တာရှိစေချင်ရင် မေတ္တာရှိအောင် နေဖို့လိုပါတယ်..။
#လွန်းထားထား
#မေတ္တာရှိအောင်နေပါ။
ဆရာမ လွန်းထားထား page မူရင်း မှ ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်။
Photo credit., Pixabay
Ko Myint Mya Maung id=61555959410611 ရှင့်။ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ ၏ ကိုယ်ကျင့်အဘိဓမ္မာ စာအုပ...
12/03/2024
Ko Myint Mya Maung id=61555959410611 ရှင့်။
ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ ၏
ကိုယ်ကျင့်အဘိဓမ္မာ စာအုပ် ကို
ယုံယုံ ကြည်ကြည် မှာယူ အားပေး ခဲ့တဲ့အတွက်
ကျွန်မ တို့ Zagawar Book Store မိသားစု ကနေ
ကျေးဇူ (အထူး) တင်ရှိပါတယ် ရှင့်။
Address
Thura Street , Pokkan, Insein Tsp.
Yangon
11011
Telephone
+955079635
Website
Alerts
Be the first to know and let us send you an email when Zagawar Book Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Share