B77 Cotton Comfort

B77 Cotton Comfort ချည်ထည်အမျိုးမျိုးရောင်းဝယ်ရေး

ဒီရက်​တွေက​နေစပြီး 2026 June လကုန်အထိ အိမ်လာဝယ်တာ​လေး မရ​သေးပါဘူးရှင်။ Online အမှာ​တွေ​က​တော့ ရပါတယ်။ ချည်​စောင်​​တွေ ချ...
16/05/2026

ဒီရက်​တွေက​နေစပြီး 2026 June လကုန်အထိ အိမ်လာဝယ်တာ​လေး မရ​သေးပါဘူးရှင်။
Online အမှာ​တွေ​က​တော့ ရပါတယ်။
ချည်​စောင်​​တွေ ချည်ဝမ်းဆက်​​တွေ ဘာ​ပဲလိုလို မှာလို့ရပါတယ်။

ဘယ်ရာသီ​နေ​နေ ​စောင်ခြုံအိပ်မှ အဆင်​ပြေသူ​တွေအတွက် ​နွေရာသီမှာ ချည်​စောင်​လေး​တွေက အသင့်​ေတာ်ဆုံးပါရှင်။ ​ကျော​အေး​​အောင...
06/05/2026

ဘယ်ရာသီ​နေ​နေ ​စောင်ခြုံအိပ်မှ အဆင်​ပြေသူ​တွေအတွက် ​နွေရာသီမှာ ချည်​စောင်​လေး​တွေက အသင့်​ေတာ်ဆုံးပါရှင်။
​ကျော​အေး​​အောင်ပဲ ခင်းအိပ်မလားနေကာ​ဖို့ပဲ လိုက်ကာလုပ်မလား ​​​နေရာစုံအသုံးတည့်​ေသာ​​​လေးပါရှင်။
❤️အကျယ် ၅​ပေ
❤️အရှည် ၆​ပေ၃လက်မ
❤️တစ်ထည် ၂၂၀၀၀ ကျပ်
#ပခုက္ကူဒေသထွက်
#ရန်ကုန်မြို့မှရောင်းတာပါရှင်
#ချည်ထည်

မူလပထမ V shape ချည်ထည် ဝမ်းဆက်​လေး​​တွေရပါမယ်ရှင်။ အိမ်​နေရင်းဖြစ်ဖြစ် ထသွားထလာပဲဖြစ်ဖြစ် အဆင်​ပြေတာ​​လေး​တွေပါရှင်။ ဝမ်...
05/05/2026

မူလပထမ V shape ချည်ထည် ဝမ်းဆက်​လေး​​တွေရပါမယ်ရှင်။
အိမ်​နေရင်းဖြစ်ဖြစ် ထသွားထလာပဲဖြစ်ဖြစ် အဆင်​ပြေတာ​​လေး​တွေပါရှင်။
ဝမ်းဆက်တစ်စူံချင်း​စျေး​လေး​တွေပါ။

M 13000
L. 13500
XL 14000
2xL 15000
3XL 16000

ပြန်​ရောင်းမယ့်သူ​​တွေအတွက် အ​ရောင်မ​ရွေးလက်ကား​စျေး​လေးလည်းရှိပါတယ်။

ဆိုဒ်အလိုက်အ​ရောင်​လေး​တွေ ရှိပါတယ်ရှင်။
Size chart​လေးအတိုင်း ကြည့်ပြီးမှာ​ပေးပါ။
#ရန်ကုန်မြို့မှရောင်းတာပါရှင်
#ချည်ထည်ဝမ်းဆက်
#အိမ်အရောက်ငွေချေ

30/04/2026

ကဆုန်လပြည့် - ဗုဒ္ဓနေ့

ကဆုန်လပြည့်နေ့အကြောင်း
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ

ကဆုန်လပြည့် ရက်မြတ်များ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

(၁) ဗျာဒိတ်ခံယူသည့်နေ့ =
လေး အသင်္ချေကမ္ဘာတစ်သိန်း အစ
ကဆုန်လပြည့်နေ့။

(၂) ဘုရားမွေးသည့်နေ့ =
မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။(ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ =
မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ =
မဟာသက္ကရာဇ် (၁၀၄)ခု၊
ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ =
မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

#ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

၁။ ကဆုန်လပြည့်နေ့သည်
ဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။

#ကဆုန်လပြည့်နေ့၏
ထူးခြားချက်များမှာ !

(ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်,
စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့်
အညီ သုံးလောက ထွဋ်ထား
သဗ္ဗညု မြတ်စွာဘုရားနှင့်စပ်၍....

#ဗျာဒိတ်ခံယူသောနေ့

#ဖွားမြင်တော်မူသောနေ့

#ဘုရားဖြစ်တော်မူသောနေ့

#ပရိနိဗ္ဗာန်စံတော်မူသောနေ့

ဤထူးခြားချက်လေးမျိုးတို့နှင့်
တိုက်ဆိုက်နေပါသည်။
ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့်
ပြည့်စုံသောကြောင့်၊

#ဤကဆုန်လပြည့်နေ့ ကို -

` #ကဆုန်လပြည့်ဗုဒ္ဓနေ့ ! ဟု
အမွှန်းတင် ခေါ်ဆိုကြပါသည်။

၂။ ဤကဆုန်လပြည့်နေ့ တွင်
မာရ်နတ်ရန်ကို အောင်မြင်တော်
မူသောကြောင့် ဤနေ့ ဤရက်ကို
`ကဆုန်လပြည့် မာရ်အောင်နေ့
အဖြစ် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်
အစဉ်တွင် စွဲမြဲ၍နေကြပါသည်။

၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍
ဖွားမြင်တော်မူခြင်း၊
ပရိနိဗ္ဗာန်စံတော်မူခြင်းများကို
အကြောင်းပြု၍
ကဆုန်လပြည့်နေ့ကို
`ဝိဆခ်ဒေးဟု ခေါ်ဆိုကြပါသည်။
ဝိသာခါဒေးဟု ဆိုလိုပါသည်။

၄။ ဗုဒ္ဓဘာသာဝင်တို့သည်
ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို
အာရုံပြု၍ ကဆုန်လပြည့်နေ့၌
ပရိဘောဂ စေတီ ထိုက်သော
ဗောဓိပင်ကို ရေသွန်းလောင်း
လေ့ ရှိကြပါသည်။

၅။ ဗောဓိပင်သည်
သဗ္ဗုညုတဉာဏ်တော်ကိုရ၍
ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊
ဖွားဖက်တော် ၇ ပါးတွင်
စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့်
ထူးခြားသော သစ်ပင်တစ်မျိုး
ဖြစ်ပါသည်။
ဤကဲ့သို့ မြတ်စွာဘုရားနှင့်
တိုက်ရိုက်ဆက်စပ်၍
ဗောဓိပင်၌ ရေသွန်းလောင်းခြင်း
အစဉ်လာကို ခေတ်အဆက်ဆက်
ပြုလုပ်လာခဲ့ကြပါသည်။

၆။ မြန်မာ့ရိုးရာ ၁၂ လ ရာသီ
ပွဲတော်များအနက်၊
ကဆုန်လ ၌ ညောင်ရေသွန်းပွဲ
တော်ကို ရိုးရာပွဲတော်အဖြစ်
အစဉ်အလာ သတ်မှတ်ခဲ့ကြ
ပါသည်။

၇။ အသနဗောဓိယမထေရ်၏
အလောင်းသည် တိ ဿဘုရားရှင်
၏ ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရ
သော ကုသိုလ်ကြောင့် နတ်ပြည်၌
ဖြစ်ရခြင်း၊ စကြာမင်းဖြစ်ရခြင်း၊
အပါယ်ဘေးမှလွတ်ကင်းရခြင်း
အကျိုးများကို ခံစားရကြောင်း
(ထေရာပဒါန်) ကျမ်းဂန်၌
ဟောကြားထားပါသည်။

၈။ ဂန္ဓောဒကတိ ဿမထေရ်၏
အလောင်းသည် ပဒုမုတ္တရဘုရား
ရှင်၏ ဗောဓိပင်ကို နံ့သာရေဖြင့်
သွန်းလောင်းသောကုသိုလ်ကြောင့်
နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါ
မရှိခြင်း၊ သောကကင်းဝေးခြင်း
စသောအကျိုးများကို ခံစားရ
ပါသည်။

၉။ အထက်ပါအကြောင်းအရာများ
ကို နှလုံးသွင်း၍ ဗုဒ္ဓဘာသာဝင်
သူတော်စင်များအနေဖြင့် နှစ်စဉ်
နှစ်စဉ် ကဆုန်လပြည့်နေ့ ရောက်
တိုင်း ဗုဒ္ဓရုပ်ပွား ဥဒ္ဒိ ဿစေတီ
တော်များကို အနေကဇာတင်
ဗုဒ္ဓအဘိသေက မင်္ဂလာသဘင်
ဆင်ယင်ကျင်းပ၍ ကုသိုလ်အထူး
ကို ဆည်းပူးလေ့ ရှိကြပါသည်။

ကျောင်းကန်ဘုရားသို့သွား၍
ဒါန သီလ ဘာဝနာအမှုများကို
ပြုလုပ်၍
ကဆုန်လပြည့် ဗုဒ္ဓနေ့ကို
အမှတ်တရ ဆင်နွှဲကြပါသည်။
======================================
#မာဂဓီ (သာစည်)၏
[အခါတော်နေ့များ စာအုပ်မှ]
တစ်ဆင့်ပြန်လည်ကူးယူဖော်ပြ
ပါသည်။
Crd 🙏🙏🙏🙏🙏

#ဓမ္မအလင်း #ကဆုန်လပြည့်နေ့

မဂ်လာရှိ​သော ကဆုန်လပြည့်​နေ့ ဖြစ်ပါ​​စေရှင်
30/04/2026

မဂ်လာရှိ​သော ကဆုန်လပြည့်​နေ့ ဖြစ်ပါ​​စေရှင်

ချည်​စောင်​လေး​တွေဆိုတာ​လေ ​နွေရာသီ​ရောက်ရင် ​ရေစွတ် ခြောက်​အောင်ညှစ်ပြီး ပြတင်း​ပေါက်မှာထားရင် ​လေတိုက်တိုင်း​အေး​နေတာပ...
29/04/2026

ချည်​စောင်​လေး​တွေဆိုတာ​လေ ​နွေရာသီ​ရောက်ရင် ​ရေစွတ် ခြောက်​အောင်ညှစ်ပြီး ပြတင်း​ပေါက်မှာထားရင် ​လေတိုက်တိုင်း​အေး​နေတာပါတဲ့​နော်။
​​ကျော​အေး​အောင်လဲ ခင်းအိပ်လို့ရ​သေးတာ။
ခြုံလို့​ကောင်း ခင်းလို့​ကောင်း ခရီးသွားလည်းယူသွားလို့​ကောင်းတဲ့ ပုံမှန်အနံ ဆိုဒ် ချည်​စောင်​လေး​တွေ ​ရောင်းပါမယ်ရှင်။
❤️အကျယ် ၄​ပေ
❤️အရှည် ၆​ပေ
❤️တစ်ထည် ၁၅၀၀၀
#ပခုက္ကူဒေသထွက်
#ချည်​​စောင်အမျိုးမျိုး
#ရန်ကုန်မြို့မှရောင်းတာပါရှင်

နွေအပူနဲ့အတူ ချည်ထည်​လေး​တွေ ​ရောင်းပါမယ်ရှင်။ အမျိုးသားဝတ်ဦးစား​ပေးထုတ်ထား​ပေမယ့် အမျိုးသမီးများလည်းဝတ်လို့ရပါတယ်။ ဘော...
29/04/2026

နွေအပူနဲ့အတူ ချည်ထည်​လေး​တွေ ​ရောင်းပါမယ်ရှင်။
အမျိုးသားဝတ်ဦးစား​ပေးထုတ်ထား​ပေမယ့် အမျိုးသမီးများလည်းဝတ်လို့ရပါတယ်။
ဘောင်းဘီအတိုအရှည်နဲ့ပဲ ဝတ်မလား လုံချည်နဲ့ပဲ ဝတ်မလား အဆင်ပြေသောပဲနော်။

M size မှ 3XL ထိ ရှိတာကြောင့် ပိန်ပိန်ဝဝအဆင်ပြေပါတယ်

ချုပ်ရိုးချုပ်သားကောင်းပြီး အရည်အသွေးကောင်းတဲ့ ချည်ထည်လေးတွေကိုစျေးနှုန်းသင့်တင့်စွာနဲ့ဝတ်ကြပါမယ်ရှင်။

တစ်ထည်ချင်း စျေးလေးနဲ့ ခန့်မှန်းပေါင်ချိန်လေးတွေပါ
M 8500 ပေါင်ချိန် ( ၉၀_၁၂၀)
L. 9000 ပေါင်ချိန် ( ၁၂၀_၁၄၀)
XL 9500 ပေါင်ချိန် ( ၁၄၀_ ၁၆၀)
2Xl 10000 ပေါင်ချိန် ( ၁၆၀-၁၈၀)
3XL 11000 ပေါင်ချိန်( ၁၈၀- ၂၀၀)

#ပုံမှာပြထားတာအရောင်အကုန်မဟုတ်ပါဘူးနော် လိုချင်တဲ့ ဆိုဒ်လေးပြောပြီး ရွေးလို့ရပါတယ်။

#အရောင်မရွေးလက်ကားစျေး လေးရှိပါတယ်ရှင်။
#ရန်ကုန်မြို့မှရောင်းတာပါရှင်
#အိမ်အရောက်ငွေချေ
#ချည်ထည်

Best Seller ချည်ထည်ဘီရှည်ရှယ်​တွေ ဆိုဒ်စုံပြန်ရပါပြီ။ ဒီတစ်ခါ အ​သေးဆုံးနဲ့ အကြီးဆုံး​လေး အထည်​ရေနည်းနည်းစီပြန်ပါလာပါပြီ။...
28/04/2026

Best Seller ချည်ထည်ဘီရှည်ရှယ်​တွေ ဆိုဒ်စုံပြန်ရပါပြီ။
ဒီတစ်ခါ အ​သေးဆုံးနဲ့ အကြီးဆုံး​လေး အထည်​ရေနည်းနည်းစီပြန်ပါလာပါပြီ။
​နွေ​နေပူမှာ ​ပေါ့​ပေါ့ပါးပါး​လေးဝတ်ချင်​ပေမယ့် အတိုမဝတ်ရဲတဲ့သူ​တွေအတွက် အသင့်​​တော်ဆုံး​လေးပါ။
ညအိပ်ဝတ် ဟိုနားဒီနားသွားရင်ဝတ် အမျိုးသား/အမျိုးသမီး၂မျိုးလုံးဝတ် ​နေရာစုံအသုံးတည့်​ေသာ​လေး။
ဆိုဒ်အလိုက် အ​ရောင်​လေး​တွေရှိပါတယ်။ လိုချင်တဲ့ ဆိုဒ်​လေး​ပြောပြီးမှာ​ပေးပါရှင်။
တစ်ထည်ချင်း​စျေးနှုန်း​လေး​တွေ
Small. 8000
Medium 8500
Large. 9000
XL. 9500
2XL. 10000
3XL. 11000
4XL. 12000
အများယူမယ့်သူ​တွေအတွက် အ​ရောင်မ​ရွေးလက်ကား​စျေး​လေးရှိပါတယ်။
#ချည်
#ရန်ကုန်မြို့မှရောင်းတာပါရှင်

အလှုပွဲ​တွေမှာ  #သိမ်ဆင်းလှုဖို့ ဆိုပြီး အထည်​ရေအများကြီး မှာကြတဲ့ ချည်ထည်လက်သုတ်ပုဝါ​လေး​တွေပါရှင်။ ဆီစုပ် ​ရေစုပ်တဲ့ ခ...
28/04/2026

အလှုပွဲ​တွေမှာ #သိမ်ဆင်းလှုဖို့ ဆိုပြီး အထည်​ရေအများကြီး မှာကြတဲ့ ချည်ထည်လက်သုတ်ပုဝါ​လေး​တွေပါရှင်။
ဆီစုပ် ​ရေစုပ်တဲ့ ချည်ကြမ်းသား​တွေဖြစ်တာ​ကြောင့် အိမ်ရှင်မတို့အကြိုက်ဖြစ်​စေမှာပါ။
ပြန်​ရောင်းဖို့ လှုဖို့ အထည်​ရေ ရာချီ မှာမယ်ဆိုရင် ​စျေးတစ်မျိုးစီစဥ်​ပေးပါတယ်။
#ပခုက္ကူဒေသထွက်
#ချည်

#ရန်ကုန်မြို့မှရောင်းတာပါရှင်

April လကုန်ရင် ​စျေးတက်မယ့်ထဲမှာ Delivery ခ​တွေလည်းပါပါတယ်ရှင်။ ရန်ကုန်မြို့တွင်း 4000/4500 ဖြစ်သွားပြီး နယ်မြို့​တွေ 60...
25/04/2026

April လကုန်ရင် ​စျေးတက်မယ့်ထဲမှာ Delivery ခ​တွေလည်းပါပါတယ်ရှင်။
ရန်ကုန်မြို့တွင်း 4000/4500 ဖြစ်သွားပြီး နယ်မြို့​တွေ 6000 ပါ ။
လမကုန်ခင် ဝယ်စရာရှိတာဝယ်ထားကြပါအုန်း🥰

 ုန်အထိဒီ​စျေးပါ​ရှေ့လဆို​စျေးတက်ပါမယ်။​လူကြီးသူမ​တွေ ကြိုက်ကြတဲ့ မူလလက်​ဟောင်းဝါဒ​​​စောင်ကြီး​တွေပါရှင်။ အသားထူထူဝိတ်​လ...
23/04/2026

ုန်အထိဒီ​စျေးပါ
​ရှေ့လဆို​စျေးတက်ပါမယ်။
​လူကြီးသူမ​တွေ ကြိုက်ကြတဲ့ မူလလက်​ဟောင်းဝါဒ​​​စောင်ကြီး​တွေပါရှင်။ အသားထူထူဝိတ်​လေးတာကိုလိုချင်တာဆိုရင် ဝါဒကို​ရွေးရပါမယ်။
လက်​ဆောင်​ပေးဖို့ ဂါရဝပြုဖို့ဆို အသင့်​တော်ဆုံး အမျိုးအစား​လေးပါ။
❤️အကျယ် ၅​ပေ
❤️အရှည် ၇​ပေ
❤️တစ်ထည် ၄၀၀၀၀ ကျပ်

Address

Wah OO (5th)st, Phaw Kan, Insein
Yangon

Website

Alerts

Be the first to know and let us send you an email when B77 Cotton Comfort posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share