Cele News Yangon,MM

Cele News Yangon,MM ကျောက်စိမ်းရောင်းဝယ်ရေးလုပ်ငန်း

ဆရာကြီးတစ်ဦး ပြောဖူးတာ...🤔မြန်မာတွေဟာ ... တစ်ခုခု ထူးထူးဆန်းဆန်း ဆိုရင်..... ဒါမှမဟုတ် ဘာကြီးမှန်း မသိကြရင် -ဓါတ် ဆိုတဲ့...
13/08/2021

ဆရာကြီးတစ်ဦး ပြောဖူးတာ...🤔

မြန်မာတွေဟာ ...
တစ်ခုခု ထူးထူးဆန်းဆန်း ဆိုရင်....
. ဒါမှမဟုတ် ဘာကြီးမှန်း မသိကြရင် -
ဓါတ် ဆိုတဲ့ စကားလုံးကို သုံးပစ်ကြတယ်တဲ့ ၊🤔

ဟိုး..အရင်တုန်းက ဝမ်းသွားတာကို
ဘာကြောင့်မှန်း မသိကြတော့..
ဓါတ်သွား တယ် လို့ ဆိုကြတယ်...,😟

ဝမ်းသိပ်မသွားတော့
ဓာတ်ချုပ်တာ တဲ့.. 😟

ပြားပြား အဝိုင်းလေးကနေ အသံတွေထွက်တော့
ဓါတ်ပြား တဲ့ ...😟

ဓာတ်ပြားကို လည်စေတဲ့အရာကျ
ဓာတ်စက်... 🥺

ရေနွေးတွေ အကြာကြီး ပူနေစေတော့
ဓာတ်ဗူး... 😟

နေမကောင်းတဲ့သူတွက် အဟာရ က -
ဓါတ်စာ ...😟

အပင်တွေကို သန်စေတော့
ဓာတ်မြေသြဇာ... 😟

ဘာဖြစ်မယ် မသိတော့
ဓာတ်မတည့်...

ဘာဖြစ်မှန်း အသိလွယ်ရင်
ဓာတ်ပေါက်တယ်...😟

သောက်တလွဲတွေ ဖြစ်ရင်
ဓာတ်ပျက်ပြီ... 😟

ထူးထူးဆန်းဆန်း လုံးလုံးလေးကို
ဓါတ်လုံး …😟

မီးလာတဲ့ တိုင်ကြီးကြတော့ #ဓါတ်တိုင် …🥺. အဲ သွားကိုင်လို့ တုန်ကျင်သွားရင်တော့
ဓါတ်လိုက် တာ ပါ တဲ့ ၊ 😟

ခလုတ်နှိပ်ရင် အပေါ်တက် အောက်ဆင်း တော့
ဓာတ်လှေခါး😟

လေးထောင့်ပစ္စည်းလေးကနေ ရိုက်ပြီးထွက်လာ လို့
ဓါတ္ပုံ … ၊😟

ဓာတ်ပုံတွေ ရိုက်တဲ့သူကို
ဓာတ်ဖမ်းတာ... 😟

အရုပ်တွေနဲ့ လှုပ်ရှားပြီး ပိတ်ကားပေါ်မြင်ရတော့
ဓါတ်ရှင်” …😟

အာ့ထဲ သရုပ်ဆောင်တဲ့သူတွေကြတော့
ဓါတ်ရှင်မင်းသား/မင်းသမီး …😟

ဘာမှန်းမသိတဲ့ လူကြီးကိုကျတော့
ဓာတ်ဘဲကြီး... 😟

ဘာမှန်းမသိ အားတွေထွက်နေတဲ့ အခဲလေးကို
ဓာတ်ခဲ... 😟

အာ့လေး ထိုးထည့်လို့လင်းတော့..
ဓာတ်မီး... 😟

ဟော မော်တော်ကားတွေ ထည့်မောင်းတဲ့ ဆီကို
ဓါတ်ဆီ”…၊😟

နောက် ဓါတ်ရထား ခေါ်သေးတာ…😟

အောက်က ထွက်လာတဲ့ အငွေ့တွေကိုကျ
ဓါတ်ငွေ့. ..😟

ဆေးရုံတွေမှာ ဖလင်ထဲက ပုံပေါ်ရင်
ဓါတ်မှန်" …. 😟

ဘာမှန်းမသိတာတွေ အလုပ်ရှုပ်တဲ့နေရာကျ
ဓါတ်ခွဲခန်း ...😟

အရာအားလုံးမှာ မပါမပြီးတာက
ဓာတ်ကြီးလေးပါး...😟

အွန်း...
ဒီတိုင်းသာဆို ကမ္ဘာ့ သတင်းစုံ တွေ့နေရတဲ့
ဖေ့စဖုတ်ကြီးကိုတောင် -
ဓာတ်စဖုတ်ကြီး လို့ ပြောင်းလိုက်ရင်တော့ဖြင့် ~😎😎
ပုံ ဓာတ်သွားခြင်
အရေးတော်ပုံအောင်ရမည်

စစ်ကောင်စီကို အဓိကအကြံပေးသူကို သိရပြီ....💥💥💥💥💥💥💥💥💥💥💥💥"အရေးကြီးတယ်ထင်လို့ ၁.မိနစ်လောက်ပဲ အားလုံးအချိန်ပေးပြီး လေးလေးနက်နက...
12/08/2021

စစ်ကောင်စီကို အဓိကအကြံပေးသူကို သိရပြီ....
💥💥💥💥💥💥💥💥💥💥💥💥

"အရေးကြီးတယ်ထင်လို့ ၁.မိနစ်လောက်ပဲ အားလုံးအချိန်ပေးပြီး လေးလေးနက်နက် ဖတ်စေချင်ပါတယ်ဗျာ"..

👇👇👇👇👇

ဦးကိုကိုလှိုင်ဟာ အင်မတန်ပါးနပ်တယ်.. နိုင်ငံရေးကို ထုံးလိုချေ၊ ရေလိုနှောက်ထားတာ.. ယုတ်မာ ကောက်ကျစ်တဲ့နေရာမှာ ခင်ညွန့် နဲ့ နင်လား ငါလားပါပဲ..

ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသား စဖြစ်ခါစက MRTV-4 မှာ အပတ်စဉ်လာတဲ့ ဆရာမျိုးမြတ်သူနဲ့ ဦးကိုကိုလှိုင်တို့ရဲ့ Political Talk Show တွေကို အမြဲစောင့်ကြည့်ခဲ့ရတယ်..

အဲဒီတုန်းက Internet လည်းမသုံးတတ် ၊ မကျယ်ပြန့်သေးသလို ဒီလို Talk တွေကလည်း မြင်ရခဲလို့ နိုင်ငံတကာအရေးအတွက် လူကြီး၊လူငယ်အများစုက ကြည့်ခဲ့ကြမှာပါ..

ဒါပေမယ့် သူ့ရဲ့စာအုပ်တွေကို ဖတ်ဖူးလာချိန်မှာတော့ သူ့အပေါ် ရှိခဲ့ဖူးတဲ့ respect တချို့ ပျောက်သွားခဲ့တာကြောင့် မကြိုက်တဲ့ စာရေးဆရာအနေနဲ့ ဒီတိုင်းပဲ Neglect လုပ်ခဲ့တယ်..
အခုတော့ သူ့ရဲ့ Capacity ကို အာဏာရှင်အတွက် အသုံးပြုလာပါပြီ..

ဇစ်မြစ်ပြန်ကောက်ရရင် ဦးကိုကိုလှိုင်က DSA ဆင်း ပထမအဆင့် ၊ ထိပ်တန်း သုတေသနပညာရှင် ၊ ဦးသိန်းစိန်အစိုးရရဲ့ သမ္မတအကြံပေးလုပ်ခဲ့သူ ၊ ဒီဘက်ရာစု မြန်မာ Military Researcher ထဲ ချန်ထားမရတဲ့ ဝါရင့်ပညာရှင် ၊ နိုင်ငံတကာရေးရာနဲ့ ကမ္ဘာ့အရေး သမိုင်းတွေကို Professional ကျကျ အောက်သက်ကြေထားခဲ့သူပါ..

စစ်အုပ်စုထဲမှာ Popular သိပ်မဖြစ်လှပေမယ့် ၁၉၉၁.ခုနှစ်တည်းက စစ်ဘက်ရဲ့လူအဖြစ်လုပ်ကိုင်ခဲ့တယ်.. ကျွန်တော်တို့ရဲ့ ဂျပန်ရောက်မြန်မာ Environmental Activist Gp က Info & Scientific Data Activist သူငယ်ချင်းတွေ စုံစမ်းထားမိသလောက် လက်ရှိအာဏာရှင်အုပ်စုကို အဓိကအကြံပေးနေသူ ငါးဦးထဲ ဦးကိုကိုလှိုင်က အဓိကလူဖြစ်နေတယ်..

😩ဆန္ဒပြသူ ဖြိုခွင်းမှုပုံစံ၊ မြို့အလိုက် ကိုင်တွယ်မှုပုံစံ၊ အာဏာသိမ်းအုပ်စုကို Legitimacy ဖြစ်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းထဲ image တည်ဆောက်မှု၊ ဝဏ္ဏမောင်လွင်နဲ့ ပူးပေါင်းပြီး နိုင်ငံခြားရေးရာကိစ္စတွေ ကိုင်တွယ်နေမှု၊ ICC - ICJ မှာ စစ်အုပ်စုရဲ့ လုပ်ရပ်တွေကို ရှောင်လွှဲထုချေဖို့ သက်သေတွေ ရှာပေးနေမှု၊ UN ကို အာကာသိမ်းအုပ်စုက တင်ပြခဲ့တဲ့ ဦးမြင့်သူရဲ့ စာတမ်းကို စီစဉ်ပေးခဲ့မှု၊ အာဏာသိမ်းအုပ်စုဘက်က လိုအပ်တဲ့ Supplement တွေကို အကြံပေးနေမှု၊ တရုတ်နဲ့ အာဏာသိမ်း စစ်အုပ်စုကြား ပတ်သက်မှုတွေကို အကြံပေးမှု၊ အခုရက်ထဲတက်လာတဲ့ အစ္စရေးထောက်လှမ်းရေးကို လော်ဘီလုပ်ဖို့ ငှားရမ်းမှုမှာ ဝဏ္ဏမောင်လွင်နဲ့အတူ ပါဝင်ဆောင်ရွက်ခဲ့မှု...
(Confirm မဖြစ်သေးပေမယ့် ဒီလိုငှားရမ်းနေမှုတွေ ထပ်ရှိသေးတယ်လို့လည်း သိရတယ်)

အာဏာသိမ်းအုပ်စုရဲ့ Terrorist လုပ်ရပ်တွေကို နိုင်ငံတကာမှာ ဖုံးဖိဖြေရှင်းဖို့ အစီစဉ်တကျ စီစဉ်ပေးနေမှု ၊CDM Power ကို ဖြေရှင်းဖို့ အကြံပေးနေမှု၊ စီမံကိန်း ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီး ဦးဝင်းရှိန်နဲ့ ပူးပေါင်းပြီး ပြည်ပ Investment ကိစ္စတွေကို အကြံပေးနေမှုနဲ့ အာဏာသိမ်းအုပ်စုရဲ့ နိုင်ငံတကာရေးရာ ကိစ္စတွေအတွက် အဓိကအကြံပေးနေသူ ဖြစ်နေတယ်..

နောက်ပြီး ကျွန်တော်တို့ အဓိကမေ့နေတဲ့ အန္တရာယ်ရှိသူကလည်း ဦးကိုကိုလှိုင်ဖြစ်နေတယ်.. ဦးကိုကိုလှိုင်က NLD အစိုးရလက်ထက် NLD အမတ်ထဲတောင် မရှိခဲ့တဲ့ ထိပ်တန်းပညာရှင်ဖြစ်ခဲ့သလို သူ့ရဲ့အတွေ့အကြုံကလည်း နိုင်ငံရေးပါး အရမ်းဝထားသူလို့ ပြောလို့ရတယ်..

ဒါပေမယ့် အခုထက်ထိ ဝဏ္ဏမောင်လွင်၊ ဇော်မဲလုံးနဲ့ ချစ်နိုင်တို့လို လူတွေကိုပဲ အာဏာသိမ်းအုပ်စုက Public မှာ Attention ယူခိုင်းထားပြီး ဦးကိုကိုလှိုင်ကိုတော့ လုံးဝမထင်ပေါ်ခိုင်းထားဘူး..

ဒီလိုလူကို မေ့နေတာ ပြည်သူအဖို့ အန္တရာယ်အရမ်းကြီးပြီး သူ့ရဲ့လုပ်ကွက်ကိုလည်း ပိုသွားစေပါတယ်.. သူ့အကြောင်းနဲ့ သူယူထားတဲ့ Position ကို ပြည်သူက မေ့လျော့နေသ၍ သူ့ရဲ့အရည်အချင်းကို မေ့နေသ၍ ခံရမှာတွေကများတယ်..

ဒါကြောင့် အာဏာသိမ်းအုပ်စုရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးနေရာကို ယူထားတဲ့ ဦးကိုကိုလှိုင်နဲ့ မိသားစုကို လာမယ့်ရက်တွေမှာ..
Social Punishment လုပ် ကျယ်လောင်မှပဲ သူတို့ရဲ့လုပ်ရပ်တွေကို ပြည်သူသိကြောင်း ပြသနိုင်မှာပါ။



ကျေးဇူးပြု၍ Sharing မလုပ်ပါနဲ့.. Copyလုပ်ပြီး ပြန်တင်ပေးစေချင်ပါတယ်...

ဘယ်သူ့ကိုရွေးမလဲ
10/08/2021

ဘယ်သူ့ကိုရွေးမလဲ

ဖြေကျိ
09/08/2021

ဖြေကျိ

ဆရာကြိးတွေအဖြေမှန်မစပါအုန်း
09/08/2021

ဆရာကြိးတွေအဖြေမှန်မစပါအုန်း

ဘယ်သူဖြေနိင်လဲ
09/08/2021

ဘယ်သူဖြေနိင်လဲ

ကလေးရဲ့ အမေအရင်းက ဘယ်သူဖြစ်မလဲ
08/08/2021

ကလေးရဲ့ အမေအရင်းက ဘယ်သူဖြစ်မလဲ

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှု အခြေအနေ(၄-၈-၂၀၂၁) ရက်နေ့၊ ညနေ (၆:၀၀)နာရီ   (၂-၈-၂၀၂၁)ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃-၈-၂၀...
04/08/2021

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှု အခြေအနေ
(၄-၈-၂၀၂၁) ရက်နေ့၊ ညနေ (၆:၀၀)နာရီ

(၂-၈-၂၀၂၁)ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃-၈-၂၀၂၁)ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း တွေ့ရှိရသော COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (၄,၇၁၃) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှု အခြေ အနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

တွဲမစားသင့်သောအစာများ
04/08/2021

တွဲမစားသင့်သောအစာများ

16/06/2021

အသေကိုက်ပစ်ရမာ
ဒေါင်းစား ဖွတ်😂😂

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Cele News Yangon,MM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share