30/04/2026
`` ကဆုန်လပြည့် ဗုဒ္ဓနေ့.
`` ဆု . ဖြား . ပွင့် .စံ ဤလေးတန်
မှတ်ရန် ကဆုန်လပြည့်နေ့
ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာတို့ရဲ့
နေ့ထူးနေ့မြတ်ကြီးတစ်နေ့ ဖြစ်ပါတယ် ။
ဘာကြောင့်လဲဆိုတော့
(၁) " ဆု "
------
ဘုရားအလောင်းတော် သုမေဓာရသေ့ဟာ
ဒီဘဒ္ဒကမ်ဘာမှ လေးဆူမြှောက် ဂေါတမဘုရား စစ်စစ်
ဖြစ်လိမ့်မယ်လို့ ဒီပင်္ကရာမြတ်စြာဘုရားထံ
ဘုရားဆုပန်ပြီး ဗျာဒိတ်ခံယူတဲ့နေ့ဟာ
ကဆုန်လပြည့်နေ့ ဖြစ်ပါတယ် ။
(၂) " ဖြား "
------
ဂေါတမဘုရား အလောင်းတော် သိဒ္ဓတၳမင်းသားလေး
မွေးဖွားလာခဲ့တဲ့နေ့ဟာလည်း မဟာသက္ကရာဇ်( ၆၈)ခု
ကဆုန်လပြည့်နေ့ ဖြစ်ပါတယ်။
(၃) " ပွင့် "
-------
ဂေါတမဘုရားအလောင်း ဗောဓိပင်အောက်မွာ ဘုရား
ဖြစ်တဲ့နေ့လည်း မဟာသက္ကရာဇ် (၁၀၃) ခု ၊
ကဆုန်လပြည့်နေ့ပဲ ဖြစ်ပါတယ် ။
(၄) " စံ "
------
ဂေါတမဘုရား ပရိနိဗ္ဗာန်စံတဲ့နေ့လည်း
မဟာသက္ကရာဇ် (၁၄၈)ခု ၊ကဆုန်လပြည့်နေ့သာ
ဖြစ်ပါတယ် ။
ဒါကြောင့် နေ့ထူးနေ့မြတ်ဖြစ်သော
ကဆုန်လပြည့်နေ့မွာ ဗုဒ္ဓဘာသာဝင်များအနေဖြင့်
ဒါန ၊ သီလ ၊ ဘာဝနာ ကုသိုလ်တရားများကို
ပွါးများလာအောင် အားထုတ်နိုင်ကြပါစေ။