23/02/2026
Air Pollution
လေထုညစ်ညမ်းမှုနဲ့ ကြုံရချိန်မှာ
🛡️ Wear Masks: Use high-quality masks (KN95, FFP2, or N95) when outdoors to protect against fine particles (PM2.5).
🛡️ အပြင်သွားတဲ့အခါ Mask တပ်ပါ
(လေထုမသန့်ရှင်းမှုကို ကာကွယ်မှုပိုကောင်းသော KN95, FFP2 နှင့် N95 တို့ကို အသုံးပြုပါ)
🛡️Stay Indoors: Keep doors and windows closed to prevent polluted air from entering, especially during peak morning pollution hours.
🛡️တံခါးပိတ်ပြီး တတ်နိုင်သမျှ အိမ်ထဲမှာပဲ နေပါ ( အထူးသဖြင့် လေထုညစ်ညမ်းမှုအမြင့်ဆုံးမနက်ပိုင်းအချိန်မှာ တံခါးပိတ်နေဖို့အကြုံပြုထားပေမယ့် အပူချိန်နှင့်အခြေအနေကိုကြည့်ပြီး ဆုံးဖြတ်ပါ)
🛡️Purify Indoor Air: Use air purifiers with HEPA filters and set air conditioners to recirculate mode
🛡️လေသန့်စင်စက်ကို အသုံးပြုပါ
🛡️Reduce Physical Exertion: Avoid exercising or doing heavy work outside.
🛡️ အပြင်ထွက်ပြီး လေ့ကျင့်ခန်းလုပ်ခြင်းနှင့် ပြင်းထန်တဲ့ကိုယ်လက်လှုပ်ရှားမှုများ မလုပ်ပါနှင့်
🛡️Minimize Indoor Pollution: Avoid burning incense, candles, or smoking inside
🛡️ အိမ်တွင်းလေထုညစ်ညမ်းမှု မဖြစ်အောင် အမွှေးတိုင်၊ ဖယောင်းတိုင် ထွန်းညှိခြင်း၊ ဆေးလိပ်သောက်ခြင်း မလုပ်ပါနှင့်
Health Precautions:
🛡️Vulnerable Groups: Children, the elderly, pregnant women, and those with heart/lung conditions should stay inside, as they face higher risks.
🛡️ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များ၊ နှလုံးနှင့် အဆုတ်ရောဂါသည်များမှာ
အန္တရာယ်ဖြစ်နိုင်ခြေ ပိုမိုမြင့်မားသောကြောင့် အတတ်နိုင်ဆုံး အိမ်ထဲမှာပဲနေပါ
🛡️Symptoms: Watch for runny noses, coughing, or breathing difficulties.
🛡️နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူရခက်ခဲခြင်းတို့ကို သတိထားစောင့်ကြည့်ပြီး
ရောဂါပြင်းထန်ရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ပြသပါ
🛡️Boost Immunity: Eat a balanced diet, including fresh fruits and vegetables.
🛡️ကိုယ်ခံအားကောင်းမွန်အောင်နေထိုင်ပါ၊ သန့်ရှင်းလတ်ဆတ်သော သစ်သီးဝလံနှင့် အသီးအရွက်များအပါအဝင် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို မျှတအောင် စားသောက်ပါ၊
အိပ်ရေးဝဝ အိပ်ပါ
Long-Term/Community Actions:
❌Avoid Burning Waste: Do not burn leaves, garbage, or plastic.
❌ သစ်ရွက်ခြောက်များ၊ အမှိုက်များနှင့် ပလတ်စတစ်များကို မီးမရှို့ပါနှင့်
(တိုင်တန်းခံရပါက ထောင်ဒဏ်အထိ ကျခံရနိုင်သည်ကို သတိပြုပါ)
Use Public Transport: Reduce reliance on private vehicles to minimize emissions.
မော်တော်ယာဉ်အသုံးပြုမှုကို လျော့ချပါ၊( ကိုယ်ပိုင်ကား၊ အငှားကားများအစား အများပြည်သူသုံးယာဉ်များကိုသာ အသုံးပြုပါ)
Source Google
ကောလာဟလများကို မယုံကြဘဲ တရားဝင် သတင်းဌာနများမှ ထုတ်ပြန်ချက်များကိုသာ စောင့်ကြည့်အတည်ပြုကြပါခင်ဗျာ