Rainbow E shop

Rainbow E shop က​လေးအသုံးအ​ဆောင်/ ကစားစရာနှင့် အိမ?

ဝမ်းသာစရာ
05/04/2025

ဝမ်းသာစရာ

၅ရက်ကျော်၊ကြာ၊ပိတ်၊မိနေတဲ့ ပြည်သူတစ်ဦးကို ကယ်တင်နိုင်ခဲ့တဲ့ တူရကီကယ်ဆယ်ရေးတပ်ဖွဲ့

#တူရကီကယ်ဆယ်ရေး
#ငလျင်အကူအညီ

https://www.facebook.com/share/p/15dwFNMnuY/?mibextid=wwXIfr
04/04/2025

https://www.facebook.com/share/p/15dwFNMnuY/?mibextid=wwXIfr

မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်း အတွင်းရှိ နိုင်ငံတကာ MEDICAL TEAM များ၏ အခမဲ့ ဆေးခန်းလိပ်စာတွေပါ။

ဆေးခန်းပြသရန်လိုအပ်သူများ သွားရောက် ကုသလို့ ရပါတယ်။

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ - မန္တလေးတိုင်းဒေသကြီး ကော်မတီ

Covid တုန်းကလို PPEဝတ်စုံတွေနဲ့ သယ်ကြရင် ပိုကောင်းမယ်ထင်မိတယ်အနည်းဆုံး surgical လက်အိတ်လေးဖြစ်ဖြစ်ဝတ်ကြပါhttps://www.fac...
31/03/2025

Covid တုန်းကလို PPEဝတ်စုံတွေနဲ့ သယ်ကြရင်
ပိုကောင်းမယ်ထင်မိတယ်
အနည်းဆုံး surgical လက်အိတ်လေးဖြစ်ဖြစ်ဝတ်ကြပါ

https://www.facebook.com/share/p/15yEZZ3PFP/?mibextid=wwXIfr

"Dead Body ထည့်တဲ့အိတ်တွေက ဘာကြောင့် အရေးကြီးတာလဲ"
―――――――

ပြီးခဲ့တဲ့ ၂၈ ရက်နေ့က လှုပ်ခတ်သွားတဲ့ ငလျင်ဒဏ်ကြောင့် လက်ရှိမြန်မာနိုင်ငံရဲ့ သေဆုံးသူဦးရေဟာ အခုဆိုရင် ၂၆၀၀ ထက်ကို ကျော်လွန်သွားပြီး ဒဏ်ရာရရှိသူဟာလဲ ၄၀၀၀ အထက်မှာ ရှိနေပါတယ်။ ကယ်ဆယ်ရေး မလုံလောက်တာ၊ လျှပ်စစ်မီးမရရှိတာနဲ့ လိုအပ်တဲ့ အထောက်အပံ့ပစ္စည်းတွေ မလုံလောက်တာ‌တွေကြောင့် အခြေအနေက ထင်ထားတာထက်ကို အများကြီး ပိုဆိုးနေပါတယ်။ ဒီလိုမျိုး သေဆုံးသူဦးရေ များလာတာနဲ့ အမျှ Deadbody (DB) တွေကို ထိန်းသိမ်းဖို့၊ မိသားစု၀င်တွေဆီကို ပြန်ပေးဖို့၊ သင်္ဂြိုလ်ဖို့အတွက် DB ထည့်တဲ့ အိတ်တွေ လိုအပ်လာပါတယ်။ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေအနေနဲ့ အဓိက သောက်သုံးရေ၊ စားစရာတွေကို အားထားနေကြပေမဲ့ ဒီ DB ထည့်တဲ့ အိတ်တွေကိုတော့ ထင်သလောက် မရရှိကြသေးပါဘူး။ ဒါဟာ တစ်ပူပေါ် နှစ်ပူဆင့်သလို ကျန်းမာရေးဆိုင်ရာ အန္တရာယ်တွေ အများကြီး ရှိလာနိုင်ပါတယ်။

သေဆုံးသွားပြီး ကျန်ခဲ့တဲ့ DB တွေက လူတွေကို ဘာအန္တရယ်ဖြစ်စေနိုင်လဲ . . . ?

လူတွေသေဆုံးသွားတဲ့အခါမှာ အချိန်အားဖြင့် ၁၂ နာရီကနေ ၂၄ နာရီအတွင်း ပုံမှန်ရာသီဥတုမှာ စတင်ပုပ်သိုးပါတယ်။ ရာသီဥတု အအေးဘက်ပါရင်တောင် အပြင် အခန်းအပူချိန်မှာ ၄၈ နာရီထက် ပိုပြီး ထားလို့ မရပါဘူး။ ယခုလက်ရှိ မြန်မာနိုင်ငံရဲ့ ရာသီဥတုအရဆိုရင် ၁၅ နာရီဝန်းကျင်လောက်မှာ ပုပ်သိုးနိုင်ပါတယ်။ ဒီလို ပုပ်သိုးခြင်းကပဲ ဘေးပတ်ဝန်းကျင်ကို အန္တရာယ်ရှိစေနိုင်ပါတယ်။

DB တွေဟာ ပုပ်သိုးတဲ့ဖြစ်စဉ်ကြောင့် အန္တရာယ်ရှိတဲ့ ဓာတ်ပစ္စည်းတွေနဲ့ အဏုဇီဝပိုးမွှားတွေ ထုတ်လွှတ်ပါတယ်။ ဒါကြောင့်ပဲ

၁။ ကူးစက်ရောဂါတွေ ပျံနှံ့နိုင်ပါတယ် — သေဆုံးသွားတဲ့သူမှာ တီဘီ၊ ဘီပိုး၊ စီပိုးနဲ့ အဆုတ်ရောင်ရောဂါ စသဖြင့် ကူးစက်တတ်တဲ့ ရောဂါတွေ ရှိနေတယ်ဆိုရင် အဲဒီဘက်တီးရီးယားတွေက သေဆုံးချိန်အထိ ဆက်လက်ရှင်သန်ပြီး ကူးစက်တတ်ပါတယ်။ ခန္ဓာကိုယ်ချင်း ထိတွေ့တာမျိုးမှာ ပိုအန္တရာယ်များပြီး အရေပြားမှိုလို့ ခေါ်တဲ့ Fungus တွေကလဲ ထိတွေ့ခြင်းကနေ အရေပြားရောဂါတွေ ပေးနိုင်ပါတယ်။

၂။ အနံ့အသက်ကြောင့် ဖြစ်လာနိုင်တဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ တွေဖြစ်နိုင်ပါတယ် — DB တွေက ပုပ်သိုးဆွေးမြေ့လာတဲ့အခါမှာ ကာဒါဗာရင်း (Cadaverine) နဲ့ ပျူထရီဆင်း (Putrescine) တို့လို ဓာတ်ငွေ့တွေ ထုတ်လွှတ်ပါတယ်။ ဒီဓာတ်ငွေ့တွေဟာ အနံ့ဆိုးရုံသာမက ရှူမိတဲ့လူကိုလဲ အဆိပ်အတောက် ဖြစ်စေနိုင်ပြီး အသက်ရှူလမ်းကြောင်းကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။

၃။ ဓာတ်ငွေ့အန္တရာယ် — DB ကနေ အန္တရာယ်များတဲ့ အခြားဓာတ်ငွေ့တွေဖြစ်တဲ့ မီသိန်း (Methane)၊ အမိုးနီးယား (Ammonia)၊ ဟိုက်ဒရိုဂျင်ဆာလဖိုက် (Hydrogen sulfide)၊ ဆာလဖာဒိုင်အောက်ဆိုဒ် (Sulfur dioxide) နဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ် (Carbon dioxide) ဓာတ်ငွေ့တွေလဲ ထွက်လာတတ်ပါတယ်။ ဒီဓာတ်ငွေ့တွေ မှာ မီသိန်းက မီးလောင်လွယ်စေသလို ရှူမိတဲ့အခါ အသက်ရှုကျပ်တတ်ပါတယ်။ အမိုးနီးယားကတော့ မျက်လုံး၊ နှာခေါင်းနဲ့ လည်ချောင်းတွေကို စပ်ဖျင်းဖျင်းဖြစ်စေပြီး ယားယံစေနိုင်ပါတယ်။ ဟိုက်ဒရိုဂျင်ဆာလဖိုက်၊ ကာဒါဗာရင်း နဲ့ ပျူထရီဆင်း ဓာတ်ငွေ့တွေကတော့ ခေါင်းကိုက်တာ၊ မူးဝေတာ၊ ပျို့အန်တာနဲ့ မျက်လုံးစပ်တာတွေကို ဖြစ်စေမှာပါ။ အဆိုးဆုံးအခြေအနေကတော့ ရှူပါများလာရင် အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်တတ်ပါတယ်။ ဒါတွေကနေ ကာကွယ်နိုင်ဖို့အတွက်ပဲ DB ထည့်တဲ့ အိတ်တွေနဲ့ DB တွေကို အမြန်ဆုံး ထိန်းသိမ်းဖို့ လိုအပ်တာပါ။

DB ထည့်တဲ့ အိတ်တွေ ဘာကြောင့် အရေးကြီးရသလဲဆိုရင် . . .

၁။ DB က ထွက်လာတဲ့ ဘက်တီးရီးယားတွေနဲ့ အခြားရောဂါပိုးတွေကို မပျံ့နှံအောင် ကာကွယ်ပေးနိုင်တယ်။
၂။ DB ဆီက ထွက်လာတဲ့ အရည်တွေနဲ့ အနံ့ဆိုးတွေကို အနေအထားတစ်ခုထိ ထိန်းသိမ်းပေးနိုင်တယ်။
၃။ ကယ်ဆယ်ရေးလုပ်နေတဲ့ သူတွေအနေနဲ့ DB တွေကို သယ်ရပြုရ လွယ်ကူစေတယ်။

ဒါကြောင့်မို့ ဖြစ်နိုင်ရင် စားစရာနဲ့ ရေ လှူဒါန်းတာအပြင် DB သယ်တဲ့ အိတ်တွေကိုလဲ ရရင်ရသလောက် ထည့်သွင်းလှူဒါန်းပေးဖို့ မေတ္တာဖြင့် အကြံပေးချင်ပါတယ်။ ကယ်ဆယ်ရေးလုပ်နေတဲ့ သူတွေအတွက်သာမက ပတ်ဝန်းကျင်အတွက်ပါ လိုအပ်တာမို့လို့ ဒီစာလေးက အသုံးဝင်လိမ့်မယ်လို့လဲ မျှော်လင့်ပါတယ်။ ။

Written by Myo Myat Maung
Released from Fact Hub Go: Content Writer Desk, Earthquake Response
©️ 𝟮𝟬𝟮𝟰-𝟮𝟬𝟮𝟱 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

မှာလို့ရသေးတယ်နော်
18/01/2025

မှာလို့ရသေးတယ်နော်

Sunsilk ထဲကမှ တကယ်ကောင်းတဲ့ series လေး ၂ခုBuy 1 Get 1 မို့ 325 ml ၂ဘူးကို ၂၈၀၀၀ နဲ့ရပါမယ်💚 အစိမ်းလေးက ဆံပင်ရှည်သူတွေအတွက...
18/01/2025

Sunsilk ထဲကမှ တကယ်ကောင်းတဲ့ series လေး ၂ခု
Buy 1 Get 1 မို့ 325 ml ၂ဘူးကို ၂၈၀၀၀ နဲ့ရပါမယ်
💚 အစိမ်းလေးက ဆံပင်ရှည်သူတွေအတွက် ဆံသားကို ကျန်းမာစေတာ
💜 ခရမ်းရောင်က ဆံပင်ကို ချောမွတ်ဖြောင့်ဆင်းစေတာပါ
Thai ပြည်တွင်းသုံးစစ်စစ်မို့ quality က ကောင်းပြီးသားနော်
YGN ကို ၂၃-၁-၂၀၂၅ ရောက်ပါမယ်။
ဘတ်စျေးအတက်အကျကြောင့် စရံတဝက်ယူပါမယ်
Wave/ Aya mobile banking/ Kpay နဲ့ ကြိုလွှဲလို့ရပါတယ်

နာမည်ကြီး Uša တံဆိပ်အဝတ်လျှော်ဆပ်ပြာရည်လေးတွေပါ1300ml ပါတဲ့ တစ်ထုပ်ကို ၂၉၀၀၀ ပါ။ တခါလျှော်ရင် ၂စက် ၃စက်သုံးရုံနဲ့ မွှေးပ...
18/01/2025

နာမည်ကြီး Uša တံဆိပ်အဝတ်လျှော်ဆပ်ပြာရည်လေးတွေပါ
1300ml ပါတဲ့ တစ်ထုပ်ကို ၂၉၀၀၀ ပါ။ တခါလျှော်ရင် ၂စက် ၃စက်သုံးရုံနဲ့ မွှေးပျံ့သန့်ရှင်းသွားစေတာမို့ ၁ထုပ်ဆို အကြာကြီးသုံးရပါတယ်
YGN ကို ၂၃-၁-၂၀၂၅ ရောက်ပါမယ်
ဘတ်စျေးအတက်အကျကြောင့် စရံတဝက်ယူပါမယ်
Wave/ Aya mobile banking/ Kpay တို့ကနေ စရံလွှဲနိုင်ပါတယ်

ဒါလေးက ထိုင်းပြည်တွင်းထုတ်ကုန် Herbal shampoo လေး ၂မျိုးအောင်မဲညိုနဲ့ရယ် တောရှောက်ခါးရယ် အာနိသင် ၂ခုရှိပါတယ်ကြိုက်တာယူ 2...
16/01/2025

ဒါလေးက ထိုင်းပြည်တွင်းထုတ်ကုန် Herbal shampoo လေး ၂မျိုး
အောင်မဲညိုနဲ့ရယ် တောရှောက်ခါးရယ် အာနိသင် ၂ခုရှိပါတယ်
ကြိုက်တာယူ 240ml ပါတဲ့ဘူးကို ၁၅၀၀၀ ပါ

ဘတ်စျေးအတက်အကျနဲ့မို့ စရံတဝက်ယူပါမယ်

မေမေတို့ လက်စွဲ shampoo လေးတွေသုံးဖူးသူတိုင်းကြိုက်ကြတာလေး500ml ဘူးကြီးကို ၂၅၀၀၀ဘတ်စျေးအတက်အကျနဲ့မို့ စရံတဝက်ယူပ်မည်၂၃-၁...
16/01/2025

မေမေတို့ လက်စွဲ shampoo လေးတွေ
သုံးဖူးသူတိုင်းကြိုက်ကြတာလေး
500ml ဘူးကြီးကို ၂၅၀၀၀
ဘတ်စျေးအတက်အကျနဲ့မို့ စရံတဝက်ယူပ်မည်
၂၃-၁-၂၀၂၅ ဆို YGN ရောက်မှာပါ

Address

Yangon
11181

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Rainbow E shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share