Kyaw Myo

Kyaw Myo Lottery

29/07/2023

မိမိတို့၏ KBZPay အကောင့်လုံခြုံရေးအတွက် ကာကွယ်ရန် နည်းလမ်းကောင်းများ
- မသမာသူများသည် Social Media Channel များမှတဆင့် KBZPay ဝန်ထမ်းယောင်ဆောင်ကာ "Level Upgrade ပြုလုပ်ပေးမည်" (သို့မဟုတ်) "လူကြီးမင်းတို့၏အကောင့်အား မကြာမီပိတ်သိမ်းတော့မည်" စသည့်အကြောင်းအမျိုးမျိုးဖြင့် လိမ်လည်ပြောဆိုကာ Customer များ၏ OTP နှင့်လျှို့ဝှက်နံပါတ်များကို တောင်းယူ၍ ငွေများကို လိမ်လည်ထုတ်ယူတတ်သောကြောင့် Customer များအနေဖြင့် လုံးဝမပေးမိစေရန် အထူးသတိပြုရပါ။
- KBZPay သည် "အပြာရောင်အမှန်ခြစ်" ပါသော KBZPay Official Channel များနှင့် KBZPay App ရှိ Official Account မှလွဲ၍ အခြား channel များ အသုံးပြုနေခြင်းမရှိပါ။
- KBZPay ဝန်ထမ်းများသည် ဘယ်သောအခါမှ Social Media Channel များမှတဆင့် ဝန်ဆောင်မှုပေးနေခြင်း (လုံးဝ)မရှိပါ။
- အကယ်၍ တစ်စုံတစ်ယောက်က သင့်ထံမှ အသေးစိတ်အချက်အလက်များကို ဆက်သွယ်တောင်းခံလာပါက နီးစပ်ရာ KBZPay စင်တာ သို့မဟုတ် ပိတ်ရက်မရှိ ခေါ်ဆိုနိုင်သည့် KBZPay Call Center ဖုန်းနံပါတ် 3211 သို့ ချက်ချင်းဆက်သွယ်ပါ။
နောက်ဆုံးဗားရှင်းသို့မြှင့်တင်ရန်
iOS: https://apple.co/31igRU9
Android: https://bit.ly/3rTwa2J

17/07/2023

KBZPay ကို အသုံးပြုနေတဲ့ Customer များအနေဖြင့် မိမိတို့အသုံးပြုလျက်ရှိသော KBZPay အကောင့် ကို ယခင်က အပ်ငွေစာရင်းဟောင်းများ(Ordinary Accounts)ဖြင့်သာ ချိတ်ဆက်အသုံးပြုနိုင်ခဲ့သော်လည်း ဇူလိုင်လ (၁၃ ) ရက် ၂၀၂၃ ခုနှစ်မှစတင်ကာ ကမ္ဘောဇဘဏ်၏ ငွေစာရင်းအကောင့်(Cash Account) များဖြစ်သော
- ခေါ်ယူအပ်ငွေစာရင်း (Cash Account_Call)
- စာရင်းရှင်အပ်ငွေစာရင်း (Cash Account_Current)
၂ မျိုးလုံး ဖြင့်ချိတ်ဆက်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
Cash Account များအား ယခင် ဘဏ်အကောင့်နှင့်ချိတ်ဆက်ခြင်း နည်းလမ်းအတိုင်းချိတ်ဆက်နိုင်မှာဖြစ်ပြီး သတ်မှတ်ချက် နှင့် ဝန်ဆောင်ခများမှာ ယခင် အတိုင်းဖြစ်ပါတယ်။
ကမ္ဘောဇဘဏ်၏ ငွေစာရင်းအကောင့်(Cash Account) များအကြောင်း အသေးစိတ် သိရှိလိုပါက ယခုလင့်ခ့် မှ တစ်ဆင့် သိရှိနိုင်ပါသည်။
အသေးစိတ်သိရှိနိုင်ရန်>>https://kbzpay.co/3CLNdKm
KBZPay ရဲ့စိတ်ဝင်စားဖွယ်အစီအစဉ်တိုင်းမှာပါဝင်နိုင်ဖို့နဲ့ ပိုမိုကောင်းမွန်တဲ့ သုံးစွဲမှုအတွေ့အကြုံအတွက် KBZPay Level 2 သို့ အဆင့်မြှင့်ပြီး သင့် KBZPay အက်ပလီကေးရှင်းကိုလည်း နောက်ဆုံးဗားရှင်းသို့မြှင့်တင်လိုက်ပါ။
iOS: https://apple.co/31igRU9
Android : https://bit.ly/3rTwa2J

09/11/2022

မျှတွေးပါ ....

ဘယ်လောက်ပဲ စိတ်ရှည်သူ ဖြစ်ပါစေ
သူ့မှာလည်း နားလည်ပေးရတာ များလာတော့
စိတ်ကုန်သွားတဲ့နေ့ဆိုတာ ရှိလာမှာပဲလေ။

ဘယ်လောက်ပဲ ချစ်တဲ့သူဖြစ်ပါစေ
သူ့မှာလည်း ပေးဆပ်နေရတာ များလာပြီး
ချစ်ရတာနဲ့ ပေးဆပ်ရတာ မတန်တော့
စိတ်ပျက်လာမှာပဲလေ။

ဘယ်လောက်ပဲ သည်းခံတတ်သူ ဖြစ်ပါစေ
သူမှန်လည်း သည်းခံ ၊ သူမှားလည်း
သည်းခံရတာများလာတော့
တစ်ခါတလေ တုန့်ပြန်ချင်တဲ့နေ့ဆိုတာ
ရှိနေမှာပဲလေ။

ဘယ်လောက်ပဲ တော်နေတဲ့သူ ဖြစ်ပါစေ
လောကဓံဖိအား ပြင်းထန်လွန်းလာရင် သူ့မှာလည်း
အားငယ်တဲ့နေ့ဆိုတာ ရှိလာနိုင်တာပဲလေ။

ဘယ်လောက်ပဲ အသည်းမာတဲ့လူ ဖြစ်ပါစေ
တကယ်ချစ်ပြီး တကယ်ခံစားလာရင်တော့
မျက်ရည်ကျတဲ့နေ့ဆိုတာ
သူ့ဘဝမှာ တစ်ကြိမ်တစ်ခါတော့
ရှိနေတတ်တာပဲလေ။

ဘယ်လောက်ပဲ သဘောကောင်းပြီး
အားနာသူဖြစ်ပါစေ
ကိုယ္ကပဲ အလိုက္တသိ လျော့ပေးနေရပြီး
မနိုင်ဝန်ထမ်းတာ များလာတော့
အားနာတတ္တာကို "နောင်တ" ရတဲ့နေ့ဆိုတာ
ရှိလာနိုင်တာပဲလေ။

ဘယ်လောက်ပဲ ရိုးသားသူဖြစ်ပါစေ
ဖြူ စင်မှုကို အသုံးခ်ခံရတာ များလာတော့
ပေါက်ကွဲတဲ့နေ့ဆိုတာ ရှိလာနိုင်တာပဲလေ။

ဘယ်လောက်ပဲ ယုံကြည်တတ်သူ ဖြစ်ပါစေ
အလိမ္ခံရတာ များလာတော့ သံသယဝင်ပြီး
မယုံကြည်တဲ့နေ့ဆိုတာ ရှိနေနိုင်တာပဲလေ။

ဒါ့ကြောင့် ကိုယ့်ဘေးက တန်ဖိုးထားရတဲ့သူတွေ
ကိုယ့်နားက မစွန့်ခွာစေချင်ရင်
သူ့ဘက် ကိုယ့်ဘက် မျှတွေးပါ၊
ကိုယ့်ကြောင့် သူတို့ရဲ့နှလုံးသားကို
အနာ မဖြစ်စေနဲ့နော်။
လူဆိုတာ ခံနိူင်ရည်ထက် ကျော်လွန်သွားရင်
အပြီးတိုင်စိတ်ပျက်ပြီး ဥပေက္ခာပြု သွားတတ်တယ်။

သူ့ဘက် ကိုယ့်ဘက် မျှတွေးတတ်တဲ့
"ကိုယ်ချင်းစာတရား "ကို
မွေးမြူ ထားမွ ကိုယ် တန်ဖိုးထားရသူတွေ
ကိုယ့်နားမှာ အမြဲရှိနေမှာ ဖြစ်ပါတယ်။

Credit.... #လူငယ်များအတွက်

02/10/2022

Address

Aungmingalar Street
Yangon
YANGOON

Website

Alerts

Be the first to know and let us send you an email when Kyaw Myo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share