NANl Channel

NANl Channel Outfits for Boys

Agent of Shield (Season-1to7) 👇👇📺Paid Group ဖြစ်ပါတယ်။ Member ကြေးသွင်းပြီးမှ ကြည့်လို့ ရမှာမို့ Page Mesaanger မှာ စုံစ...
12/06/2021

Agent of Shield (Season-1to7) 👇👇📺

Paid Group ဖြစ်ပါတယ်။ Member ကြေးသွင်းပြီးမှ ကြည့်လို့ ရမှာမို့ Page Mesaanger မှာ စုံစမ်းနိုင်ပါတယ် ခင်ဗျာ။

Series Link 👇👇
https://www.facebook.com/100176865089957/posts/328155628958745/

Synopsis-AOS Fan တွေအတွက်ကတော့ အထူးတလည်ရှင်းပြစရာမလိုပေမယ့် မရင်းနှီးသေးတဲ့လူတွေအတွက် အကျဉ်းချုပ်လေး ရှင်းပြပေးချင်ပါတယ်။
“Agents of S.H.E.L.D” စီးရီးက MCU နဲ့ချိတ်ဆက်ထားတဲ့ စီးရီးတစ်ခုဖြစ်ပြီး Avenger Assemble (Avenger 1) မှာ သေဆုံးခဲ့တဲ့
S.H.E.L.D agent Phil Coulson ကို အဓိက ဦးတည်ဇာတ်လမ်းတည်ထားပါတယ်။
စီးရီးတစ်လျှောက်လုံးမှာလဲ MUC ကအဖြစ်အပျက်တွေနဲ့အချိတ်အဆက်မိမိရိုက်ကူးထားပြီး MCU Fan တွေအတွက်ကတော့ မကြည့်မဖြစ်စီးရီးတစ်ခုပါပဲ။
ဦးတိုနီတို့ ဘကြီးCaptတို့ ခိုခိုသော်ရ် တို့အပြင်မှာအစွမ်းကုန် ကမ္ဘာကိုကာကွယ်ပေးနေသလို AOSအဖွဲ့ကလဲ နောက်ကွယ်မှာလူမသိသူမသိ လျို့လျို့ဝှက်ဝှက်လေး ကာကွယ်ပေးနေခဲ့တာပါံHydra အကြောင်းကိုလဲဒီစီးရီးထဲမှာ ပြည့်ပြည့်စုံစုံသိနိုင်ပါတယ်။
Nick Fury ရဲ့သေဆုံးမှု(သေချင်ယောင်ဆောင်)က SHIELD အပေါ်ဘယ်လောက်သက်ရောက်မှုရှိခဲ့လဲဆိုတဲ့အကြောင်း၊Avenger: Age of Ultron နောက်ဆုံးခန်းမှာ လာကယ်တဲ့ ဟယ်လီကယ်ရီယာ(helicarrier)ကို S.H.E.L.D မှာတည်ဆောက်ခဲ့တဲ့အကြောင်း၊ အခု Season 5 မှာလဲ Thanos အကြောင်းအရိတ်အမြွတ်ပြောတာတွေ စသည်ဖြင့်ပါဝင်ပါတယ်။
MCU Timeline အတိုင်းသွားနေတဲ့စီးရီးဖြစ်သလို Inhuman အကြောင်းတွေလဲ တော်တော်များများပါဝင်ပါတယ်။ Season 4 မှာဆိုရင် Ghost Rider ( Robbie Reyes) တောင်ပါလာပါသေးတယ်။ အားနည်းချက်တစ်ခုကတော့ MCU နဲ့သွားချိတ်ထားတဲ့အတွက် ဟာကွက်လေးနည်းနည်းတော့ရှိပါတယ်။
ဘာလဲဆိုတော့ စီးရီးဖြစ်တာနဲ့အညီ စီးရီးထဲကလူတွေနဲ့ပဲပွဲကြမ်းလိုက်ရတော့ အဲ့လိုမျိုးကြမ်းပေ့ရမ်းပေ့Villainတွေနဲ့ချနေတာ Avenger တွေဘယ်ရောက်နေလဲဆိုတာတော့ မေးစရာရှိပါတယ်(Nick Furyကြီးတော့ လေး ငါးခန်းလောက်ပါလိုက်ပါတယ်)။ အဲ့အချက်လေးကိုမေ့ပြီးကြည့်ရင်တော့ ကြည့်ကောင်းတဲ့စီးရီးတစ်ခုဖြစ်တယ်ဆိုတာတော့လုံးဝအာမခံပါတယ်။
Phil Coulson ရဲ့ခေါင်းဆောင်ကောင်းပီသမှုတွေ၊ Agent May ရဲ့ Bad ass ဖြစ်မှုတွေ၊ Daisy Johnson(Quake)ရဲ့ Sexy and Dangerous အကွက်တွေ၊ Fiz နဲ့ Simmon တို့ရဲ့ ရိုးရိုးလေးနဲ့ကြည်နူးစရာကောင်းတဲ့ရိုမန်တစ်လေးတွေ နဲ့ဒီစီးရီးကို ပျင်းစရာမကောင်းအောင်ဆွဲခေါ်သွားမှာပါ။
အခုတင်ဆက်ပေးလိုက်တဲ့ Seaon 5 မှာတော့ MCU Timeline အရဆိုရင် Spiderman: Homecoming ပြီးနောက်အချိန်မှာစထားပါတယ်။
Season 4 မှာတုန်းက Framework ထဲ တစ်ဖွဲ့လုံးရောက်သွားရာကနေ လွတ်မြောက်လာပြီးနောက် ဇာတ်လမ်းပြန်ဆက်ထားတာပါ။
Phil Coulson, Agent May, Daisy, Fiz, Simmon, Mack နဲ့ Yo-Yo တို့ အေးအေးဆေးဆေး စားသောက်ဆိုင်မှာအဖမ်းခံဖို့ အစားစားရင်းစောင့်နေရာကနေအမည်မသိအဖွဲ့တစ်ခုကနေ ဖမ်းခေါ်သွားပါတယ်။ ဖမ်းခေါ်သွားတဲ့အထဲမှာ Fiz မပါသွားပါဘူး။ ကျန်တဲ့အဖမ်းခံလိုက်ရတဲ့လူတွေက Monolith (မှော်ကျောက်တုံး)ကနေတဆင့် အနာဂတ် ကိုအပို့ခံလိုက်ရပါတယ်။ Framework ကနေလွတ်လာတာမကြာသေးအနာဂတ်ထပ်ရောက်သွားတယ်ပေါ့ဗျာ။
ဖြစ်ချင်တော့ သူတို့ရောက်သွားတဲ့အနာဂတ်အချိန်မှာ ကမ္ဘာကတစ်စစီဖြစ်နေပြီ။ အသက်ရှင်ကျန်ရစ်တဲ့လူတွေကလဲ အာကာသထဲက
နေရာတစ်ခုရောက်နေတယ်။ သူတို့ရောက်သွားတာလဲအဲ့နေရာပဲ။ စကတည်းကယဉ်သကို ဆိုသလို ကျန်ရစ်တဲ့လူတွေကို အုပ်ချုပ်နေတာ Kreeဂြိုလ်သားတွေ(အသစ်ထွက်လာမယ့် Captain Marvel က Kreeတွေနဲ့ဆက်စပ်မှုရှိပါတယ်) ဖြစ်နေပါတယ်။
Phil Coulson တို့အဖွဲ့ ဘယ်လိုများ သူတို့ရဲ့အချိန်ကာလကိုပြန်ရောက်အောင်လုပ်မလဲ။
လက်ရှိကျန်ရစ်တဲ့လူတွေကိုရော ဂြိုလ်သားတွေလက်ထဲက ဘယ်လိုများကယ်တင်အုန်းမလဲ။
ကမ္ဘာပေါ်မှာ ကျန်ခဲ့တဲ့ Fiz ကရော ဘယ်လိုများကူညီကယ်တင်မလဲဆိုတာတွေကိုတော့စီးရီးမှာဆက်လက်စောင့်ကြည့်လိုက်ကြပါအုန်းခင်ဗျာ။


Peaky Blinders (Season-1to5)👇👇Paid Group ဖြစ်ပါတယ်။ Member ကြေးသွင်းပြီးမှ ကြည့်လို့ ရမှာမို့ Page Mesaanger မှာ စုံစမ်း...
12/06/2021

Peaky Blinders (Season-1to5)👇👇

Paid Group ဖြစ်ပါတယ်။ Member ကြေးသွင်းပြီးမှ ကြည့်လို့ ရမှာမို့ Page Mesaanger မှာ စုံစမ်းနိုင်ပါတယ် ခင်ဗျာ။

Series Link👇
https://m.facebook.com/story.php?story_fbid=327928182314823&id=100176865089957

Synopsis-အကောင်းဆုံး ရုပ်သံဇာတ်လမ်းတွဲတွေကို ပြောကြမယ်ဆိုရင်Peaky Blinders စီးရီးကိုလည်း ထည့်ပြောရမှာပါပဲ။ဒီဇာတ်လမ်းကတော့ ဂန်းစတားဇာတ်လမ်းတွဲပါ။
Peaky Blinders ဆိုတဲ့ လူဆိုးအဖွဲ့က အင်္ဂလန်မှာ တကယ်ရှိခဲ့ဖူးပါတယ်။ခေတ်ကတော့ ပထမကမ္ဘာစစ်အပြီး ကာလပါပဲ။
ဒါပေမယ့် ဒီဇာတ်လမ်းကတော့စိတ်ကူးယဉ်ဇာတ်လမ်းပါ။
အရင်ဆုံးက Peaky Blinders ဆိုတဲ့ နာမည်အဓိပ္ပါယ်ကနေ စမိတ်ဆက်ရမယ်ထင်ပါတယ်။
Peaky ဆိုတာကတော့ ဒီဇာတ်လမ်းတွဲထဲက ရှဲလ်ဘီ မိသားစုတွေဆောင်းကြတဲ့ နံပြားဦးထုပ်၊ လျှာထိုးဦးထုပ်အပျော့လေးတွေကို ခေါ်တာပါ။
Blinders ဆိုတာကတော့ အဲဒီခေတ်အသုံးအနှုန်းမှာတစ်နေရာရာမှာ တော်တဲ့တတ်တဲ့၊ စမတ်ကျကျ၊ကြည့်ကောင်းကောင်းသူတွေကို ခေါ်တာမျိုးပါ။ဒီတော့ နံပြားဦးထုပ်နဲ့ ဆရာကြီးတွေ လို့ ပြောရမှာပေါ့လေ။Blinders ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်သွားတဲ့ထူးခြားချက်ကလည်း ရှိပါတယ်သေးတယ်။
သူတို့ရဲ့ ဦးထုပ်တွေထဲမှာ ဓားသွားတွေ ထည့်ထားပြီး ရန်ဖြစ်တာနဲ့မျက်နှာကို ခုတ်ချလိုက်တာမျိုးက ပိကီဘလိုင်ဒါတွေရဲ့ မူပိုင်ကွက်ပါပဲ။
ဒီဇာတ်လမ်းတွဲကို ကြည့်ရင် သူတို့တွေရဲ့ ငွေကြေးအမျိုးအစားနဲ့တန်ဖိုးလေးတွေကို သိထားရင် ပိုအဆင်ပြေပါတယ်။
အဲဒီခေတ်ကတော့ ဂီနီ၊ ပေါင်၊ သျှီလင်တွေကို သုံးကြပါတယ်။
ဂီနီကတော့ အခုခေတ်မှာ မသုံးတော့တဲ့ ဒင်္ဂါးတွေပါ။တစ်ဂီနီ = ၂၁ သျှီလင် = ၁ပေါင်+၁သျှီလင်ရှိပါတယ်။တစ်ပေါင်မှာတော့ ၂၀ သျှီလင် ရှိပါတယ်။
ပြီးတော့ အဲဒီခေတ်က ၁ ပေါင်ဟာ ယနေ့ခေတ် ပေါင် ၄၀ ခန့် နဲ့ ညီမျှတာကိုလည်းသတိပြုသင့်ပါတယ်။ဒါမှပဲ တစ်လကို ၅ ပေါင်လောက်ရတဲ့အလုပ်ဆိုရင်ကိုသူတို့ မက်မက်မောမော ရှိတာကို မအံ့သြမှာပါ။နောက်တစ်ခုက ဒီစီးရီးမှာ ဝင်စတန် ချာချီလည်း အရေးပါတဲ့နေရာက ပါဝင်ထားပါတယ်။
ပိကီဘလိုင်ဒါတွေရဲ့ ကာလဟာ ဝင်စတန် ချာချီတစ်ယောက်နန်းရင်းဝင်၊ ဝန်ကြီးချုပ်မဖြစ်ခင် တစ်ဆင့်ချင်းတက်လှမ်းနေတဲ့ ကာလဖြစ်တာကိုလည်းသတိပြုပေးပါ။
မိတ်ဆက်လို့ ပြီးပြီဆိုရင်တော့ ဇာတ်လမ်းအကျဉ်းကို ပြောပြပါမယ်။
ဘာမင်ဟမ်၊ အင်္ဂလန်မှာ ပိကီဘလိုင်ဒါတွေလို့ ခေါ်တဲ့ရှဲလ်ဘီမျိုးရိုး ဂန်းစတားမိသားစုလေး ရှိပါတယ်။
နယ်မြေကျဉ်းလေးထဲမှာ အလုပ်ခပ်သေးသေးလေးတွေလုပ်နေတဲ့ ဂိုဏ်းအသေးစားလေးပါပဲ။
၁၉၁၈ နိုဝင်ဘာလမှာ ပထမကမ္ဘာစစ်ပြီးဆုံးခဲ့ပြီးလအတော်ကြာ ၁၉၁၉ ခုနှစ်မှာ ရှဲလ်ဘီမိသားစုရဲ့သားလတ် သောမတ်စ်ရှဲလ်ဘီ (သို့) တွမ်မီ ရှဲလ်ဘီဟာမိသားစု ဆီကို ပြန်ရောက်လာခဲ့ပြီး ဂန်းစတားအလုပ်တွေကို ဦးဆောင်ပါတော့တယ်။
အဲဒီအချိန်မှာ အိုင်ယာလန်တော်လှန်ရေးတွေ၊
ကွန်မြူနစ်တွေ နဲ့ ပိကီတွေထက် အများကြီး ကြီးမားတဲ့ ဂိုဏ်းတွေမင်းမူနေကြချိန်ဖြစ်ပြီး အဲဒီ အင်အားစုကြီးတွေထဲမှာရုန်းကန်တိုက်ခိုက်ရင်း ပိကီဘလိုင်ဒါတွေဟာထိပ်ဆုံးနေရာကို ရောက်ဖို့ နည်းမျိုးစုံ ကြိုးစားကြတဲ့အခါ……ဒီရုပ်ရှင်ရဲ့ ကာရိုက်တာတိုင်းဟာ တစ်မျိုးစီ ကြိုက်နှစ်သက်စရာ ကောင်းပေမယ့်တွမ်မီ ရှဲလ်ဘီ ကတော့ အထူးခြားဆုံး အပြောင်မြောက်ဆုံး ဇတ်ကောင်ပါပဲ။
နဖူးကို သေနတ်နဲ့တေ့ထားချိန်မှာဆေးလိပ်လေးခဲနေတဲ့ စတိုင်နဲ့ပဲ အားလုံးကိုကြွေကျသွားအောင်လုပ်သွားပါလိမ့်မယ်။
တွမ်မီရှဲလ်ဘီဟာ အလွန်ရဲရင့်ပါတယ်။
အလွန်လည်းသူရဲဘောကြောင်တတ်သူ ဖြစ်ပါတယ်။သူဟာ သစ္စာရှိသူဖြစ်သလို နောက်ကျောကနေလည်း ဓားနဲ့ကောင်းကောင်းထိုးတတ်ပါတယ်။တွမ်မီဟာ အေးစက်မာကြောသူဖြစ်သလို အလွန်လည်းအချစ်ကြီးပြန်ပါတယ်။
တွမ်ဟာ သိပ်ကိုပါးနပ်သလို အင်မတန်လည်း တုံးအတတ်ပါတယ်။တွမ်မီရှဲလ်ဘီ၊ ရှဲလ်ဘီမိသားစု ပိကီဘလိုင်ဒါတွေကိုကြည့်စေချင်တဲ့ စေတနာနဲ့အကောင်းဆုံးတင်ဆက်ပေးသွားပါမှာမို့ အားပေးကြပါဦး။


DC Legend of Tomorrow (MMSub)👇👇Paid Group ဖြစ်ပါတယ်။ Member ကြေးသွင်းပြီးမှ ကြည့်လို့ ရမှာမို့ Page Messanger မှာ စုံစမ်...
05/06/2021

DC Legend of Tomorrow (MMSub)👇👇

Paid Group ဖြစ်ပါတယ်။ Member ကြေးသွင်းပြီးမှ ကြည့်လို့ ရမှာမို့ Page Messanger မှာ စုံစမ်းနိုင်ပါတယ် ခင်ဗျာ။

Season-1to5 Link👇👇
https://www.facebook.com/100176865089957/posts/323486636092311/

Synopsis- IMDb ကတော့ အပိုင်း ၁ ထွက်အပြီးမှာပဲ 8.1 ရထားပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ အဲရိုး နဲ့ ဖလက်ရှ် စီးရီး Cross Cover ထဲက မသေမျိုး ရန်သူကြီး ဗန်ဒယ် ဆဗေ့ဂျ် ဟာ ၂၁၆၆ မှာ ကမ္ဘာတစ်ခုလုံးကို သိမ်းပိုက်နိုင်ပါတော့တယ်။ အဲဒါကို တားဆီးချင်တဲ့ Time Master ကပ္ပတိန် ရစ်ပ် ဟန်တာ ဟာ အချိန်စက်ဝန်းကို စောင့်ထိန်းရမယ့် ဥပဒေကို ချိုးဖောက်ပြီးတော့ ၂၀၁၆ ခုနှစ်ကို ပြန်သွားပြီး လူ ၈ ယောက်ကို စုဆောင်းပြီး ဗန်ဒယ် ဆဗေ့ဂျ် အင်အားမကြီးခင် ကာလတစ်ခုကို ရှာပြီး ကြိုတင်နှိမ်နင်းဖို့ ကြံစဉ်ပါတော့တယ်။

လူ ၈ ယောက်ကတော့ အဲရိုးစီးရီးမှ ဆာရာလန့်စ်( Canary)၊ ဖလက်ရှ်စီးရီးမှ Hawk မောင်နှံနှစ်ဖော်၊ မီးမုန်တိုင်း ၂ ယောက်၊ ကပ္ပတိန် Cold နဲ့ Heatwave လူမိုက်ကြီး ၂ ယောက် နဲ့ ရေးပါမာ(Atom) ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ သဘောကျမိတဲ့ အချက်ကတော့ သူစုဆောင်းတဲ့ လူတွေဟာ သူရဲကောင်းဖြစ်ချင်စိတ် ထက်သန်နေတဲ့သူတွေ ပင်ကိုယ် သူရဲကောင်းကြီးတွေ မဟုတ်ကြပါဘူး။ လမ်းပျောက်နေတဲ့သူတွေ လူဆိုး သူခိုးတွေပါ။

ဒီဇာတ်ကားရဲ့ ပေးချင်တဲ့ မက်ဆေ့ကတော့ ဘယ်လိုလူမျိုးတွေမှာ မဆို ဖုန်းကွယ်နေတဲ့ သူရဲကောင်းစိတ်လေးတွေရှိပြီ အခွင့်အရေးရခဲ့ရင် ကြုံကြိုက်လာခဲ့ရင် မလွှဲမရှောင်သာတော့ရင် စွမ်းအားတွေ စိတ်ဓာတ်တွေ ပေါ်ထွက်လာနိုင်ပုံကို ပြချင်တယ်လို့ပဲ မြင်မိပါတယ်။ အပိုင်း ၁ ကို ကြည့်ရှုပြီး သူတို့ရဲ့ ခံစားချက်တွေ ဆုံးဖြတ်ချက် ချသွားပုံတွေ မှာ တွေးစရာတွေ အများကြီး ရလာမှာပါ။ နောက်ထပ်အပိုုင်းတွေ ဆက်အားပေးဦးမယ်ဆိုရင်တော့ ဘာသာပြန်သူ နဲ့ အက်မင် ကို ၀ိုင်းပြီး ဖိအားများများပေးကြပါလို့ ပြောလိုက်ပါတယ်ဗျာ။အညွန်းရေးသူကတော့ Little Neoပဲ ဖြစ်ပါတယ်။


_of_Tomorrow

Sweet Tooth (2021) MMSub 📺👇👇Synopsis-IMDb 8.4/ 10Netflix ကတော့ ထုံးစံအတိုင်း စိတ်၀င်စားစရာ series တစ်ခု မိတ်ဆက်လိုက်ပြန်...
05/06/2021

Sweet Tooth (2021) MMSub 📺👇👇

Synopsis-IMDb 8.4/ 10
Netflix ကတော့ ထုံးစံအတိုင်း စိတ်၀င်စားစရာ series တစ်ခု မိတ်ဆက်လိုက်ပြန်ပါပြီ
Jeff Lemire ရဲ့ Sweet Tooth ဆိုတဲ့ DC Comic Book ကို ပြန်လည် ဆန်းသစ်ထားတဲ့ Action-adventure, fantasy drama လေးမို့ DC fan တွေ အကြိုက်တွေ့မယ်လို့ ထင်ပါတယ်
Sweet Tooth ဆိုတာကတော့ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင် ကောင်လေးလေးရဲ့ နာမည်ပါ ဒီကောင်လေးဟာ hybrid လို့ခေါ်တဲ့ လူတစ်ပိုင်း သမင်တစ်ပိုင်းလေးပါ
ကမ္ဘာကြီး ပျက်သုဉ်းသွားပြီးနောက် သူဟာ တခြားသော hybrids တွေနဲ့ရောပြီး အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်
အရွယ်ကလည်းငယ် အတွေ့အကြုံမရှိသေးတဲ့ hybrid လေးတစ်ကောင် ဒီလောကကြီးမှာ အသက်ဆက်နိုင်ဖို့ရာ တစ်ဦးတည်း ရင်ဆိုင်ရပုံတွေကို စိတ်၀င်စားဖွယ်တင်ဆက်ထားပုံတွေကို
အပိုင်း ၈ ပိုင်းနဲ့ တစ်၀ကြီး ကြည့်ရှူရမှာဖြစ်ပါတယ်

DC entertainment နဲ့ WB တို့ပေါင်းပြီး produce လုပ်ထားပြီး narrator (နောက်ခံစကားပြောသူ) ပါတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်လို့ အတော်သဘောကျမိပါတယ် rating ကလည်း အထင်ကြီးလောက်စရာမို့ လက်မလွှတ်တမ်း ကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ

Paid Group ဖြစ်ပါတယ်။ Member ကြေးသွင်းပြီးမှ ကြည့်လို့ ရမှာမို့ Page Messanger မှာ စုံစမ်းနိုင်ပါတယ် ခင်ဗျာ။

Series Link 👇👇📺📺
https://m.facebook.com/story.php?story_fbid=322916852815956&id=100176865089957


Siren (Season-1to3) MMSub 📺👇Paid Group ဖြစ်ပါတယ်။ Member ကြေးသွင်းပြီးမှ ကြည့်လို့ ရမှာမို့ Page Mesaanger မှာ စုံစမ်းနိ...
02/06/2021

Siren (Season-1to3) MMSub 📺👇

Paid Group ဖြစ်ပါတယ်။ Member ကြေးသွင်းပြီးမှ ကြည့်လို့ ရမှာမို့ Page Mesaanger မှာ စုံစမ်းနိုင်ပါတယ် ခင်ဗျာ။

Series Link👇👇
https://m.facebook.com/story.php?story_fbid=321413796299595&id=100176865089957

Synopsis-CM ပရိတ်သတ်တွေထဲမှာရေသတ္တဝါတွေကို စိတ်ဝင်စားတဲ့သူရှိလား..
ရေသတ္တဝါထဲမှာမှ ထူးထူးခြားခြားရေသူမကို စိတ်ဝင်စားတဲ့သူရှိလား…
ရေသူမတွေကကော အပြင်မှာတကယ်ရှိတာလား…မြန်မာနိုင်ငံမှာဆိုရင် ငပလီကမ်းခြေမှာ ရေသူမရုပ်ကို ရောက်ဖူးသူတိုင်းမြင်ဖူးကြမှာပါ..
ရေသူမအကြောင်း ရိုက်ထားတဲ့ Disney က The Little Mermaid ကာတွန်းကားကိုလဲ ရုပ်ရှင်ချစ်သူတိုင်းကြည့်ဖူးကြမှာပါ..
ရေသူမက ဒဏ္ဍာရီလာ သတ္တဝါတစ်မျိုးဖြစ်ပါတယ်…
ဒီအချိန်ထိ ရေသူမ ရှိလားမရှိလား ကို အတိအကျမသိသေးပါဘူး…
ယနေ့ထက်တိုင် ရှာဖွေနေဆဲဖြစ်ပါတယ်…
တချို့တွေက ရေသူမဆိုတာအရမ်းလှတယ်တဲ့…တချို့တွေက ရေသူမဆိုတာ အစွယ်တွေနဲ့ လူတွေကို ဒုက္ခပေးတယ်…တံငါသည်နဲ့ ရေသူမပုံပြင်ဆိုပြီး အမျိုးမျိုးပြောကြပါတယ်…
ဘယ်လိုပဲဖြစ်ဖြစ် ရေသူမ ဆိုတာနဲ့ လူတိုင်းလိုလို စိတ်ဝင်စားကြပါတယ်…
ဒီတခေါက် တင်ဆက်ပေးမယ့် “Siren”ဆိုတဲ့ ဇာတ်လမ်းကလဲ ကြည့်ရှုသူရင်ကို သိမ်းပိုက်မယ့် ဇာတ်လမ်းတစ်ခုဖြစ်ဦးမှာပါ…
ဒီကားက မတ်လ ၂၉ရက်နေ့ကမှ ထွက်ရှိထားတာပါ…
အညွှန်း- ရေသူမရှိတယ်ဆိုပြီး အစွဲအလမ်းကြီးတဲ့မြို့တစ်မြို့…ရေသူမသူငယ်ချင်းနှစ်ယောက် ရေကူးနေတုန်း သူငယ်ချင်းဖြစ်သူပိုက်ကွန်ထဲပါသွားလို့ ကုန်းပေါ်အထိ တက်ရှာတဲ့ ရင် ဆိုတဲ့ ရေသူမလေး…
ရေသတ္တဝါတွေကို စိတ်ဝင်စားပြီး စောင့်ရှောက်ပေးနေတဲ့ ဘန်…
ရင် ဟာ နေ့ဘက်ဆိုလူဖြစ်ပြီး ညဘက်ဆို ရေသူမ ပြန်ပြောင်းပါတယ်…
ဒါပေမဲ့ ရင်ဟာ ဇာတ်လမ်းတွေမှာမြင်နေကျလို ချောမောလှပတဲ့ ရေသူမတစ်ကောင်မဟုတ်ခဲ့ပါဘူး…လူတွေကို ကူညီပေးတဲ့ ရေသူမမျိုးလဲမဟုတ်ခဲ့ပါဘူး


Marvel's Jessica Jones (2015) MMSubTrailer Link👇https://www.facebook.com/watch/?v=2031382873775875Series Link👇👇https://w...
31/05/2021

Marvel's Jessica Jones (2015) MMSub

Trailer Link👇
https://www.facebook.com/watch/?v=2031382873775875

Series Link👇👇
https://www.facebook.com/100176865089957/posts/319956229778685/

Paid Group ဖြစ်ပါတယ်။ Member ကြေးသွင်းပြီးမှ ကြည့်လို့ ရမှာမို့ Page Mesaanger မှာ စုံစမ်းနိုင်ပါတယ် ခင်ဗျာ။


How to Sell Drugs Online Fast (2019-2020) MMSubPaid Group ဖြစ်ပါတယ်။ Member ကြေးသွင်းပြီးမှ ကြည့်လို့ ရမှာမို့ Page Mesa...
31/05/2021

How to Sell Drugs Online Fast (2019-2020) MMSub

Paid Group ဖြစ်ပါတယ်။ Member ကြေးသွင်းပြီးမှ ကြည့်လို့ ရမှာမို့ Page Mesaanger မှာ စုံစမ်းနိုင်ပါတယ် ခင်ဗျာ။

Season-1️⃣ & 2️⃣📺👇👇
https://m.facebook.com/story.php?story_fbid=319748296466145&id=100176865089957

Synopsis-ဒီ TV Series က Netflix ကထုတ်တဲ့ ဂျာမန်စီးရီးတစ်ခုပါ။ Netflix က ခုနောက်ပိုင်း အားလုံးသတိထားမိလောက်အောင်ကို သူတို့ ရိုက်တဲ့စီးရီးတွေက
ကြည့်ရ အတော်လန်းနေတာကို သိကြမှာပါ…
Moritz Zimmerman ဆိုတာ အသက် ၁၇ နှစ်သာရှိသေးတဲ့ အထက်တန်းကျောင်းသား ပြီးတော့ nerd တစ်ယောက်။ Nerd ဆိုတာ ကိုယ်စိတ်ဝင်စားတဲ့အရာတွေကိုသာ ဖိလုပ်နေပြီး
လူတွေနဲ့ရောရောထွေးထွေးမနေတတ်တဲ့သူတွေ။ ကြာတော့လူမှုရေးဘက်မှာလစ်ဟင်းလာပြီး စည်းအပြင်ကလူတစ်ယောက်လိုဖြစ်လာတယ်။ ကျောင်းတွေမှာလည်း အနိုင်ကျင့်ခံ

အနှိမ်ခံလူတန်းစား။ ဒါပေမယ့် သူတို့တွေဟာ တစ်ခုခုကို ထွန်းပေါက်အောင်လုပ်ပြီဟေ့ ဆိုရင်လည်း လိုက်လို့မမှီအောင် ထက်မြက်လွန်း
ကြတယ်။ ဒီထဲက အထိကဇာတ်လိုက်က အဲဒီလိုကောင်… Tech Nerd တစ်ယောက်။ သူ့သူငယ်ချင်း
Lenny ကလည်း သူ့လို Tech Nerd ပဲ ဒါပေမယ့် မသန်စွမ်း။ အဲဒီအပိုင်းမှာ သူ့ထက်တော့ ပိုပြီး ကျွမ်းကျင်တယ်လို့ပြောလို့ရတယ်။ သူတို့နှစ်ယောက်ပေါင်းပြီး စွန့်ဦးတီထွင်လုပ်ငန်းလုပ်မယ်ဆိုပြီး MyTems
ဆိုတဲ့ Website လုပ်ကြတယ်။ အဲဒီ Website က ဂိမ်းသမားတွေအတွက် In-game item တွေအလွယ်အတူ ရောင်းလို့ဝယ်လို့ရအောင် လုပ်ပေးထားတဲ့ Website၊ ခက်တာက သူတို့မှာ
ဘက်ဂျက်မရှိဘူး။ ဘဏ်မှာ သူတို့ Website အကြောင်းပြောပြီး ချေးငွေတောင်းတော့လည်း အငြင်းခံရတယ်။ ဒါနဲ့ပဲ Website ဘာမှမပါတဲ့ ဗလာအဆင့်ကြီးနဲ့ရပ်နေတာပေါ့။
ဒီနောက်မှာတော့ သူတို့ဟာ Online ပေါ်တက်ပြီး မူးယစ်ဆေးဝါးတွေ ဘယ်လိုရောင်းချတယ်…ရဲတွေရန်က ဘယ်လိုရှောင်တိမ်းတယ်..အခြား မူးယစ်ဂိုဏ်းတွေရန်ကနေ
သတိမထားမိအောင် ဘယ်လိုနေကြတယ်…..
ဒီစီးရီးက မီနီစီးရီးလေး အပိုင်းကလည်း ၆ ပိုင်းပဲရှိတယ်။ တစ်ပိုင်းကို နာရီဝက်ဝန်းကျန်လောက်ပဲ။ အပေါ်ကပြောတဲ့ဇာတ်လမ်းအကျဉ်းကလည်း တကယ်အကျဉ်းပဲ။
နောက်မှဆက်ဖြစ်တာတွေ အများကြီးသေးတယ်။ ဇာတ်လမ်းကကြည့်ရင်းကြည့်ရင်း အပြီးထိထိုင်ကြည့်မိသွားလောက်တဲ့အထိဆွဲဆောင်မှုအားကောင်းတယ်….
ရိုက်ထားတာတွေကလည်း တကယ့်ကို မြူးမြူးကြွကြွနဲ့…ခံစားကြည့်လိုက်ပါဦးဗျို့….ကြည့်ရကျိုးနပ်စေတဲ့စီးရီးတစ်ခုလို့ပြောချင်တယ်…
ဇာတ်ကားနာမည်နဲ့တင် လုံလောက်နေပါပြီ….

ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Myo Thant Kyaw ပဲဖြစ်ပါတယ်…


Ragnarok(2020)(Season-1+2) MMSubPaid Group ဖြစ်ပါတယ်။ Member ကြေးသွင်းပြီးမှ ကြည့်လို့ ရမှာမို့ Page Mesaanger မှာ စုံစမ...
30/05/2021

Ragnarok(2020)(Season-1+2) MMSub

Paid Group ဖြစ်ပါတယ်။ Member ကြေးသွင်းပြီးမှ ကြည့်လို့ ရမှာမို့ Page Mesaanger မှာ စုံစမ်းနိုင်ပါတယ် ခင်ဗျာ။

Season-1️⃣📺👇
https://m.facebook.com/story.php?story_fbid=203595364748106&id=100176865089957

Season-2️⃣ 📺📺👇
https://www.facebook.com/100176865089957/posts/319321613175480/

Synopsis-Ragnarok ဆိုတဲ့ စကားလုံးကတော့ စိမ်းမယ်လို့တော့မထင်ပါဘူး။ Ragnarok ဆိုကထဲက နတ်ဘုရားတွေရဲ့ တိုက်ပွဲကို မြင်ရမှာသေချာပါတယ်။ ဒီဇာတ်ကားရဲ့အဓိက နတ်ဘုရားကတော့ Thor ပါဘဲ။

Netflix ကနေရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ ဘာသာစကားကတော့ အင်္ဂလိပ်စကားပြောမဟုတ်ပေမဲ့ ကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်ကားပါဘဲ။ Ragnarok ကို ဆီဒင်ဒဏ္ဏာရီတွေအရတော့ ကမ္ဘာပျက်ကိန်းဖြစ်ပြီးတော့ နတ်ဘုရားတွေနဲ့ ဘီလူးတွေရဲ့ နောက်ဆုံးတိုက်ပွဲကို ဆိုလိုတာဖြစ်ပါတယ်။ ဒီတော့ ဒီဇာတ်ကားမှာ နတ်ဘုရားတွေနဲ့ ဘီလူးတွေရဲ့တိုက်ခိုက်မှုကိုမြင်တွေ့ရမှာပါ။

ဇာတ်လမ်းအစကထဲက မြုပ်ကွက်လေးတွေနဲ့ စတင်လာတာဖြစ်လို့ ဇာတ်ကြောင်းကိုတော့ အများကြီးရေးမပြတော့ပါဘူး။


Panic (2021)MMSubPaid Group ဖြစ်ပါတယ်။ Member ကြေးသွင်းပြီးမှ ကြည့်လို့ ရမှာမို့ Page Mesaanger မှာ စုံစမ်းနိုင်ပါတယ် ခင...
30/05/2021

Panic (2021)MMSub

Paid Group ဖြစ်ပါတယ်။ Member ကြေးသွင်းပြီးမှ ကြည့်လို့ ရမှာမို့ Page Mesaanger မှာ စုံစမ်းနိုင်ပါတယ် ခင်ဗျာ။

Series Link👇👇
https://m.facebook.com/story.php?story_fbid=319184773189164&id=100176865089957

Synopsis-ဒီ Series လေးကတော့ တက္ကဆက်က မြို့ငယ်လေးတစ်ခုမှာ အခြေတည်ထားပါတယ်။ အဲ့ဒီမြို့ငယ်လေးက ကျောင်းတစ်ခုမှာ ကျောင်းသား၊ ကျောင်းသူတွေက တခြားကျောင်းတွေနဲ့ နည်းတူ ဘွဲ့ယူရပါတယ်။ ဒီမြို့ငယ်လေးမှာ မတူတာကတော့ နွေရာသီကိုဖြတ်သန်းမယ့်ပုံပါ။ မြို့ငယ်ဖြစ်တဲ့အတွက်ကြောင့် အခွင့်အရေးကရှားပါးတယ်။ အလုပ်အကိုင်ကလည်း နည်းပါးတယ်။ ကျောင်းပြီးရင် အလုပ်စရာအလုပ်ဆိုလို့ မသေအောင်ထမင်းစားလို့ရနိုင်မယ့် အခြေအနေပဲရှိတယ်။ အဲ့လိုဆိုတော့ ကျောင်းသားတွေက ကောလိပ်တက်ဖို့ကြိုးစားကြရပါတယ်။ တစ်ချို့ကျတော့လည်း အရင်းအနှီးစုပြီးတခြားမြို့မှာ အရဲစွန့်အလုပ်သွားလုပ်ကြတာပေါ့။

ဟယ်သာကတော့ ကျောင်းဆက်တက်မယ့် မိန်းကလေးတစ်ယောက်ပါ။ စာရင်းကိုင်သင်တန်းတက်ပြီးတော့ သင့်တော်တဲ့အလုပ်တစ်ခုမှာဝင်လုပ်ပြီး စီးပွားရှာမယ်ဆိုပါတော့။ သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ဘစ်ရှော့ပ်နဲ့ နာတာလီကတော့ တစ်ယောက်ကကောလိပ်တက်မယ်။ နောက်တစ်ယောက်က ပြိုင်ပွဲဝင်ပြီး မင်းသမီးလုပ်မှာပါ။ မင်းသမီးလုပ်ဖို့အတွက် ဒီမြို့ငယ်လေးမှာ အခွင့်အရေးမရှိပေမယ့် ဟောလိဝုဒ်ကိုသွားရင်တော့ဖြစ်နိုင်ပါတယ်။ အဲ့ဒီအတွက် အဲ့ဒီအိပ်မက်ကိုဖော်ဆောင်ပေးမှာကတော့ တုန်လှုပ်ခြင်းဆိုတဲ့ ကစားပွဲပဲဖြစ်ပါတယ်။

ဘွဲ့ရကျောင်းသားအများစုက တုန်လှုပ်ခြင်းဆိုတဲ့ပြိုင်ပွဲကို ဝင်ပြီးတော့ အမှတ်အများဆုံးရအောင်လုပ်ရမှာပါ။ ပြိုင်ပွဲကလည်း တစ်နွေလုံးပါပဲ။ အခန့်မသင့်ရင် အသက်အန္တရာယ်ကိုပါ ထိနိုင်ပါသေးတယ်။ ရှေ့နှစ်က ပြိုင်ပွဲဝင်တွေမှာလည်း ဆုံးပါးသွားတဲ့သူတွေရှိပါတယ်။ ဒါပေမယ့်လည်း ရမယ့်ငွေက ဒေါ်လာသောင်းနဲ့ချီတယ်ဆိုတော့ ကျောင်းသားအရွယ်လေးတွေအတွက် မက်ချင်လည်း မက်လောက်စရာပါပဲ။ ဟယ်သာတို့ သူငယ်ချင်းတွေ ဒီပြိုင်ပွဲကနေ ဆုကြေးငွေရနိုင်ပါ့မလားဆိုတာကတော့….


The Originals (203-2018)📺📺🤵🤵❗❗Link မပျက်ပါ။ Group ဖြစ်ပါတယ်။ Member ကြေးသွင်းပြီးမှ ကြည့်လို့ ရမှာမို့ Page Mesaanger မှ...
26/05/2021

The Originals (203-2018)📺📺🤵🤵

❗❗Link မပျက်ပါ။ Group ဖြစ်ပါတယ်။ Member ကြေးသွင်းပြီးမှ ကြည့်လို့ ရမှာမို့ Page Mesaanger မှာ စုံစမ်းနိုင်ပါတယ် ခင်ဗျာ။ ❗❗

Series Link 👇👇
https://www.facebook.com/100176865089957/posts/316645620109746/

Synopsis-The Originals ကတော့ Teen Wolf နဲ့ The Vampire Diaries လို Series မျိုးကိုကြိုက်နှစ်သက် အားပေးသူတွေအတွက် ပိုပြီး ကြည့်လို့ကောင်းစေမယ့် TV Series မျိုးဖြစ်ပါတယ်အစဉ်အလာ ကြီးမားလှတဲ့ နှစ်ပေါင်း ထောင်နဲ့ချီပြီး အသက်ရှည်နေတဲ့ သွေးစုတ်ဖုတ်ကောင် တွေနဲ့လူတပိုင်း မြေခွေးတပိုင်း ဖြစ်နေတဲ့ သမန်းဝံပုလွေ နဲ့ စစ်ခင်းကြမယ့် စစ်ပွဲ ကို စိတ်ဝင်တစားနဲ့ ကြည့်ရှုရမှာပါ


MMSub ရှားပါး Series လေးနှစ်ခု တင်ပေးထားပါတယ်။ Series နှစ်ခုလုံး က လုံးဝ အလွင့်တွေ ကြီးပါပဲ။Series Link are Below the po...
22/05/2021

MMSub ရှားပါး Series လေးနှစ်ခု တင်ပေးထားပါတယ်။ Series နှစ်ခုလုံး က လုံးဝ အလွင့်တွေ ကြီးပါပဲ။Series Link are Below the poster👇👇

Paid Group ဖြစ်ပါတယ်။ Member ကြေးသွင်းပြီးမှ ကြည့်လို့ ရမှာမို့ Page Mesaanger မှာ စုံစမ်းနိုင်ပါတယ် ခင်ဗျာ။

Breaking Bad Season(1to5) CompletedPaid Group ဖြစ်ပါတယ်။ Member ကြေးသွင်းပြီးမှ ကြည့်လို့ ရမှာမို့ Page Mesaanger မှာ စု...
18/05/2021

Breaking Bad Season(1to5) Completed

Paid Group ဖြစ်ပါတယ်။ Member ကြေးသွင်းပြီးမှ ကြည့်လို့ ရမှာမို့ Page Mesaanger မှာ စုံစမ်းနိုင်ပါတယ် ခင်ဗျာ။

Series Link 👇👇
https://www.facebook.com/100176865089957/posts/310912540683054/

Synopsis-အထက်တန်းကျောင်းကဓာတုဗေဒ ဆရာတစ်ယောက် ရှိပါတယ်။
သူဟာ ရိုးသားတဲ့ ကျောင်းဆရာတစ်ယောက်ပါ။
သူ့မှာ ခွဲစိတ်ကုသလို့မရတဲ့ အဆုတ်ကင်ဆာရောဂါ ရှိနေမှန်းကို သိရှိခဲ့ရပါတယ်သူ့မိသားစုရဲ့ရှေ့ရေးအတွက်ဘယ်လိုစီမံရမယ် ဆိုတာကနေစပြီး ဒီဇာတ်လမ်း စပါတယ်။ဓာတုဗေဒကျွမ်းကျင်တဲ့ ဆရာတစ်ယောက်အနေနဲ့Methamphetamine ဘယ်လိုထုတ်ရမယ်ဆိုတာကို သိပါတယ်။ဈေးကွက်ကို ရှာဖို့တော့ ဈေးကွက်ကျွမ်းကျင်တစ်ယောက် လိုအပ်ပါတယ်။နှစ်ယောက်တွေ့ဆုံမိတဲ့အခါမှာတော့ နှစ်ယောက်ပေါင်း လောင်းကျော် ဖြစ်ကြပါတော့တယ်။ပညာတတ်တစ်ယောက် ဆိုးတဲ့မိုက်တဲ့အချိန်ကျရင်သူမတူအောင် မိုက်ပါတော့တယ်။
ကမ်းကုန်အောင် မိုက်ပါတော့တယ်။
နာမည်ကြီးပြီးသားဇာတ်လမ်းဆိုတော့
ဒီလောက်ပဲ ညွှန်းပါတော့မယ်။
နာမည်ကြီး Game of Thrones (GOT) ကို
ကျော်ပြီး ကြည့်ရှုနှုန်းမြင့်မားခဲ့တဲ့ ဇာတ်လမ်းတွဲဆိုတော့အရမ်းညွန်းစရာ လိုမယ် မထင်ပါဘူး။
IMDb Rating ကတော့ 9.5/10 ပါ
Rotten Tomatoes အနေနဲ့ကတော့ 98% ဆိုတော့မသေခင် ကြည့်သင့်တဲ့ဇာတ်လမ်းတွဲတွေထဲမှာ တစ်တွဲပေါ့ဗျ


Address

Yangon

Telephone

+959454177256

Website

Alerts

Be the first to know and let us send you an email when NANl Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to NANl Channel:

Share