Mya Myint Mo Buddha

Mya Myint Mo Buddha 🙏 ဘုရားဒကာတို့ ၊ ✨ကုသိုလ်ယူဖို့၊ မြမြင့်မိုရ်မှာ ရွေးချယ်ပါစို့💯
(1)

အဖော်ကောင်းရှိပါစေ🙏🙏🙏🙏🙏🙏🙏လောက မှာ အဖေါ် ဆိုတာ လိုအပ်တယ်။ပစ္စုပ္ပန်  အဖေါ်ရယ် သံသရာ အဖေါ် ရယ်လို့ (၂)မျိုး ရှိပါတယ်။ပစ္စု...
20/04/2026

အဖော်ကောင်းရှိပါစေ
🙏🙏🙏🙏🙏🙏🙏
လောက မှာ အဖေါ် ဆိုတာ လိုအပ်တယ်။
ပစ္စုပ္ပန် အဖေါ်ရယ် သံသရာ အဖေါ် ရယ်လို့ (၂)
မျိုး ရှိပါတယ်။
ပစ္စုပ္ပန်မှာ အဖေ အမေ အကိုအမ ဇနီးမယား သမီး သားရယ်လို့ မိသားစု အဖေါ်တွေ လိုအပ်ပါတယ်။
အဲ့ဒီ အဖေါ်တွေကတော့ တဘ၀စာ တနပ်စာ အတွက်ရပ်တည်ကြမယ့်သူတွေပါ။
ဒီ အဖေါ်တွေမှာလည်း ကောင်းတဲ့ အဖေါ်ရှိသလို မကောင်းတဲ့ အဖေါ်လည်း ရှိပါတယ်။
ကောင်းကျိုးလိုလားသူဆိုရင်တော့ ကောင်းတာတွေ ဖြစ်မယ်။ သံသရာအတွက်ပါ ကောင်းမယ်။
မကောင်းတဲ့ အဖေါ်ကတော့ ခုလည်း မကောင်းဘူး သံသရာအတွက်လည်း မကောင်းနိုင်ဘူး။
ဒါန ။သီလ ။ သမထ။ ဝိပဿနာ ဆိုတဲ့ လေးမျိုးသော ကုသိုလ် တရားတွေဟာ
သံသရာ အတွက် အဖေါ်ကောင်းတွေ ဖြစ်ပါတယ်။
မိုးကုတ် ဆရာတော်ဘုရားကြီး က ..ဇာတိ တရားလက်ခံထားသူ များဗိုလ်လူတို့
နောက်မူ စင်စစ် သေမင်းလက်သို့ အသက် အပ်နှင်း မယွင်းသေချာ ဖြစ်မြဲသာတည့်။
လို့ ဆိုထားပါတယ်။
အကယ် ၍များ အဖေါ်ကောင်းမရှိခဲ့ရင် ဇာတိ ကို ရထားတဲ့ ခန္ဓာတိုင်းဟာ
အိုမှုသဘော ကို`၎င်း နာမှုသဘောကို၎င်း ခံစားရတဲ့အခါ မှာ မခံစားနိုင်ဖြစ်ကြတယ်။
အဖေါ်ကောင်းရှိထားတဲ့သူတွေ ကတော့ အိုခြင်းသဘော နာခြင်းသဘောကို သိရှိပြီးဖြစ်သလို
အဖေါ် ကောင်းရဲ့ အထောက် အပံံ့ နဲ့ ပြုံးပြုံး ရွင်ရွှင် ရင်ဆိုင်နိုင်ကြပါတယ်။
ဇာတိ ရဲ့နောက်မှာ ဇရာ မရဏ ကပ် ပါလာတာပါ။ခန္ဓာကို ရတဲ့သူတိုင်းဟာ ရုပ်ကိုစွဲလမ်းတတ်တယ်။
ဝေဒနာ ကိုစွဲလမ်း တတ်တယ်။ အဲ့ဒီလိုစွဲလမ်းတော့ အိုမှုသဘော နာမှ ူသဘော ရုပ် ရဲ့ဖေါက်ပြန်မှု
သဘောတွေကို မခံစားနိုင်အောင် ဝေဒနာ ဖြစ်တတ်ကြပါတယ်။
သေမည့် ခန္ဓာ သေခန္ဓာ မှန်စွာဖြစ်ရမည်။
နာမည့် ခန္ဓာ နာခန္ဓာ မှန်စွာ ဖြစ်ရမည်။
အိုမည့်ခန္ဓာ အိုခန္ဓာ မှန်စွာ ဖြစ်ရမည်။
အိုဖို့ ရလာ အိုခန္ဓာ အိုမှာ မကြောက်နဲ့။
နာဖို့ရလာ နာခန္ဓာ နာမှာ မကြောက်နဲ့။
သေဖို့ ရလာ သေခန္ဓာ သေမှာ မကြောက်နဲ့။ လို့ မြတ်စွာ ဘုရားရှင် ကိုယ်တော်မြတ်က
ဆုံးမတော်မူခဲ့ပါတယ်။
ဘုရားရှင် ဘယ်လောက်ပဲဆုံးမထား ဆုံးမထား ဝိပဿနာ အသိလေးနဲ့ လေ့ကျင့်အားထုတ်ထားခြင်း
မရှိရင်တော့ သတိကပ်ပြီး မှတ်နိုင်မှာ မဟုတ်ပါဘူး။အဖေါ် ကောင်းကို ရှာဖွေ ပေါင်းဖေါ်ထားခြင်းမရှိ
တဲ့အတွက် နာရင်နာတယ် လို့ခံစားပြီး ငါနာတယ် ငါကျင်တယ်လို့ ဖြစ်နေကြမှာပါ။
၀ိပဿနာ အသိလေးနဲ့ သတိလေးကပ်ပြီး နာတာကိုမှတ်မယ် နာခြင်းသဘောကို ဖြစ်ပျက်ရှုမယ် ဆိုရင်
အဖေါ်ကောင်း နဲ့ နေသူဖြစ်တဲ့အတွက် နိဗ္ဗာန် ကို အဲ့ဒီ အဖေါ်ကောင်းက ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။
ဒါကြောင့် အဖေါ်ကောင်း နဲ့ပေါင်းတတ် သင်းတတ်မှသာ အဲ့ဒီ အဖေါ်ကောင်းက နိဗ္ဗာန် ပို့မယ်
အပယ် တံခါး ကို ပိတ်ပေးပါလိမ့်မယ်။
အဖေါ်ကောင်းရှိမှာသာ ချမ်းသာ ကို ရပါလိမ့်မယ်။
(မြောက်ဦး ဆရာတော် ၀နဝါသီ အရှင်ဝါယာမိန္ဒ ၏ *အဖေါ်ကောင်းရှိပါစေ* တရားတော်မှ
ကောက်နုတ်ဖေါ်ပြခြင်းဖြစ်ပါသည်)

၈.၄.၂၀၂၆ကျရောက်သော ဒေါ်ကြင်အေး၏ မွေးနေ့အလှူတော် အဖြစ် အလိုတော်ပြည့် ရွှေ ဆင်းတုတော် (၃)ဆူတို့ကို  (၇)ရက်သားသမီးများပူဇော...
20/04/2026

၈.၄.၂၀၂၆ကျရောက်သော ဒေါ်ကြင်အေး
၏ မွေးနေ့အလှူတော် အဖြစ်

အလိုတော်ပြည့် ရွှေ ဆင်းတုတော် (၃)ဆူ
တို့ကို (၇)ရက်သားသမီးများပူဇော်နိုင်ရန်အတွက် သဒ္ဓါတရားထက်သန်စွာဖြင့်လှူဒါန်းထားသောကြောင့်ကံထူးရှင် ၃ဦးကိုကြေငြာပေးလိုက်ပါသည်ရှင့်🙏🙏🙏

ဤကုသိုလ်ကြောင့် မွေးနေ့ရှင် ဒေါ်ကြင်အေး သည်လည်း စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်း နှင့် ပြည့်စုံပါစေရှင့်
ဘေးအန္တရာယ် အစုံကင်းဝေးပါစေ
အခက်အခဲတိုင်းကို အောင်မြင်စွာ ကျော်လွှားနိုင်ပါစေရှင်
စိတ်ချမ်းသာ ၊ကိုယ်ကျန်းမာ ပါစေ
ကျန်းမာပျော်ရွှင်၊ စိတ်အေးချမ်းသာစွာဖြင့် ဘဝတစ်လျှောက် ဖြတ်သန်းနိုင်ပါစေ
လိုအင်ဆန္ဒတိုင်း ပြည့်ဝကြပါစေ
သာသနာတည်တံ့ရေးအတွက် များစွာ ကောင်းမှုကုသိုလ် ဆက်လက်လုပ်နိုင်ပါစေ

အလှူရှင်မိသားစုများ
အသက်ရှည် အဆင်းလှ၊ အနာရောဂါ ၉၆ ပါးကင်းဝေး၍ ကံအညံ့မရှိဘဲ
စီးပွားရေးဥစ္စာများ တိုးတက်ချမ်းသာကြပါစေ။
ရေကဲ့သို့အေးချမ်း၊ ပန်းကဲ့သို့လန်းဆန်းသက်ရှည်ကျန်းမာစွာသာသနာအကျိုး စိတ်ကူးတိုင်း အဆင်ပြေ လက်တွေ့ဖော်စောင်နိုင်ပါစေ
သာဓု သာဓု သာဓု 🙏

ဘုရားများ၊ နိဗ္ဗာန်ကုန်ပစ္စည်းများ လှူဒါန်းလိုပါက
[Mya Myint Mo Buddha page Chat Box] မှ တစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ရှင့်


#နိဗ္ဗာန်ကုန်
#နှစ်ဦးအလှူ
#မွေးနေ့
#ဘုရားအလှူတော်
#ဘုရားမဲ
#ဘုရားမဲအလှူ
#အလှူ
#အလှူတော်

🙏 ဂေါတမမြတ်စွာဘုရားရှင် လက်ထက်တွင်ဘုရား၏ တရားတော်ကို ရှေးဦးစွာ နာကြားရပြီး ဦးစွာ ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူသော ပဉ္စဝဂ...
20/04/2026

🙏 ဂေါတမမြတ်စွာဘုရားရှင် လက်ထက်တွင်
ဘုရား၏ တရားတော်ကို ရှေးဦးစွာ နာကြားရပြီး ဦးစွာ ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူသော ပဉ္စဝဂ္ဂီ ငါးပါး အား ပူဇော်လိုသောဓမ္မမိတ်ဆွေများအတွက် “Mya Myint Mo Buddha” မှ အဆင်သင့် မှာယူရရှိနိုင်ပါပြီရှင့် 🙏🙏
✨ မိမိနေအိမ်ရှိ ဘုရားကျောင်းဆောင်တွင်
မြတ်စွာဘုရားရှင်၏ တရားတော်ကို
နာကြားနေဟန် ပုံစံဖြင့် ပူဇော်လိုသူများအတွက်
🍀 စျေးနှုန်းသင့်လျော်
🍀 ဆိုဒ် (၅) လက်မ ဝန်းကျင်
ကို စိတ်ချယုံကြည်စွာ မှာယူနိုင်ပါသည်ရှင့် 🙏
🚚 နယ်ဝေး Customer များအတွက်
မြို့ပေါင်း (၁၅၀) ကျော်သို့
အိမ်အရောက် ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးနေပါပြီရှင့်
🏬 Showroom သို့ ကိုယ်တိုင်လာရောက်ဝယ်ယူလိုပါက
အမှတ် (၂၃၅/၁) ၊ မြေညီ
ကျေးတမာလမ်း ၊ (၁၄/၂) ရပ်ကွက်
တောင်ဥက္ကလာပမြို့နယ် ၊ ရန်ကုန်မြို့ သို့
ကြွလှမ်းလာရောက်နိုင်ပါသည်ရှင့် 🏘️
📞 Order မှာယူရန်
09-251165242
09-788466852

#နိဗ္ဗာန်ကုန်
#ရဟန်း၅ပါး
#ပဉ္စဝဂ္ဂီ၅ပါး
#မြေထည်

💦ရေချမ်းကပ်လှူရန်💦ဘုန်းတော်အနန္တ ကံတော်အနန္တ ဉာဏ်တော်အနန္တ၊ စကြဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော်အနန္တတို့န...
20/04/2026

💦ရေချမ်းကပ်လှူရန်💦
ဘုန်းတော်အနန္တ ကံတော်အနန္တ ဉာဏ်တော်အနန္တ၊ စကြဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်ခိုးတော်အနန္တတို့နှင့်၊ ပြည့်စုံတော်မူသော မြတ်စွာဘုရား၊ရှင်တော်မြတ်ဘုရားအား စမ်းသီတဂူ ရေဖြူဖြူကို၊ ဖြူစင်သဒ္ဓါ စေတနာဖြင့်၊ ရွှင်ကာစိတ်လန်း လှူဒါန်းပါ၏။
🙏ဆုတောင်းပုံ🙏
ကြည်လင်အေးမြ ရေလှူရ၍၊ ဘဝတိုင်းဝယ် ပညာကြွယ်လျှက်၊ ကိုယ်ဝယ်တွင်းပြင် ညစ်ကြေးစင်၊ ကြည်လင်အေးမြလို။
🙏ဓမ္မမိတ်ဆွေများအားလုံး ကပ်ကြီးသုံးပါးမှ ကျော်လွှားနိုင်ပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပါစေလို့ ဆုတောင်းလိုက်ပါတယ်ရှင့်🙏

လူတာ၀န်ကျေအောင်လုပ်ပါရုပ်လှအောင် မွမ်းမံပြုပြင်သလို စိတ်လှအောင်လည်းပြုပြင်ကြရတယ်။ ရုပ်ခန္ဓာကြီးကို နေ့စဉ်အစာကျွေးနေရသလို...
19/04/2026

လူတာ၀န်ကျေအောင်လုပ်ပါ
ရုပ်လှအောင် မွမ်းမံပြုပြင်သလို စိတ်လှအောင်လည်းပြုပြင်ကြရတယ်။ ရုပ်ခန္ဓာကြီးကို နေ့စဉ်အစာကျွေးနေရသလို ဒါန၊ သီလ၊ သမာဓိ၊ ဝိပဿနာ ကောင်းမှုများလုပ်ပြီး စိတ်အစာပါကျွေးနေရမယ်။ ရုပ်ခန္ဓာကြီးကို အ၀တ်၀တ်ပေးရင် သီလ၊ သမာဓိ၊ ပညာ စိတ်အ၀တ်လည်း ၀တ်ပေးရမယ်။ ရုပ်ခန္ဓာကြီး ကျန်းမာဖို့အတွက် ဆေးဝါးများနဲ့ ပြုပြင်ပေးရသလို စိတ်ကျန်းမာဖို့အတွက် တရားဆေး မှီဝဲပြုပြင်ပေးရမယ်။ ဒါမှ လူ့တာ၀န်ကျေမယ်။ ရုပ်နေရာရှိနေပေမယ့် စိတ်နေရာမရှိရင် လူ့ဘ၀ဟာ မလုံခြုံဘူး။ အမြဲပူလောင်နေရမှာပဲ။
တိပိဋကယောဆရာတော်ကြီး၏ ဩဝါဒ

အလှူရှင် ဒေါ်ဖူးပွင့်အောင် ၏မွေးနေ့အလှူတော်အဖြစ်  (၇)ရက်သားသမီးများပူဇော်နိုင်ရန်အတွက် သဒ္ဓါတရားထက်သန်စွာဖြင့်လှူဒါန်းထာ...
19/04/2026

အလှူရှင် ဒေါ်ဖူးပွင့်အောင် ၏မွေးနေ့အလှူတော်အဖြစ် (၇)ရက်သားသမီးများပူဇော်နိုင်ရန်အတွက် သဒ္ဓါတရားထက်သန်စွာဖြင့်လှူဒါန်းထားသောကြောင့်ကံထူးရှင်၅ဦးကိုကြေငြာလိုက်ပါသည်ရှင့်🙏🙏🙏

ဤကုသိုလ်ကြောင့် အလှူရှင်ဒေါ်ဖူးပွင့်အောင်
တို့သည်လည်း စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်း နှင့် ပြည့်စုံပါစေရှင့်
ကျန်းမာရေးအထူးကောင်းမွန်ပါစေရှင့်
ဘေးအန္တရာယ် အစုံကင်းဝေးပါစေ
အခက်အခဲတိုင်းကို အောင်မြင်စွာ ကျော်လွှားနိုင်ပါစေရှင်
စိတ်ချမ်းသာ ၊ကိုယ်ကျန်းမာ ပါစေ
ကျန်းမာပျော်ရွှင်၊ စိတ်အေးချမ်းသာစွာဖြင့် ဘဝတစ်လျှောက် ဖြတ်သန်းနိုင်ပါစေ
လိုအင်ဆန္ဒတိုင်း ပြည့်ဝကြပါစေ
သာသနာတည်တံ့ရေးအတွက် များစွာ ကောင်းမှုကုသိုလ် ဆက်လက်လုပ်နိုင်ပါစေ

အလှူရှင်မိသားစုများ
အသက်ရှည် အဆင်းလှ၊ အနာရောဂါ ၉၆ ပါးကင်းဝေး၍ ကံအညံ့မရှိဘဲ
စီးပွားရေးဥစ္စာများ တိုးတက်ချမ်းသာကြပါစေ။
ရေကဲ့သို့အေးချမ်း၊ ပန်းကဲ့သို့လန်းဆန်း၍
စိတ်ကူးစိတ်မူတိုင်း အဆင်ပြေလက်တွေ့ ဖော်ဆောင်နိုင်ပါစေ
သာဓု သာဓု သာဓု 🙏

ဘုရားများ၊ နိဗ္ဗာန်ကုန်ပစ္စည်းများ လှူဒါန်းလိုပါက
[Mya Myint Mo Buddha page Chat Box] မှ တစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ရှင့်


#နိဗ္ဗာန်ကုန်
#ဘုရားအလှူတော်
#ဘုရားမဲ
#ဘုရားမဲအလှူ
#အလှူ
#အလှူတော်

🙏 ပဉ္စဝဂီ၏ အဓိပ္ပာယ် 🙏“ပဉ္စဝဂီ” ဟူသည်မှာ ငါးယောက်အစု ဟု အဓိပ္ပာယ်ရပါသည်။ဘုရားလောင်း သိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူစဉ်ကပင...
19/04/2026

🙏 ပဉ္စဝဂီ၏ အဓိပ္ပာယ် 🙏
“ပဉ္စဝဂီ” ဟူသည်မှာ ငါးယောက်အစု ဟု အဓိပ္ပာယ်ရပါသည်။
ဘုရားလောင်း သိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူစဉ်ကပင်
ဧကန်စင်စစ် ဘုရားဖြစ်မည်ဟု နိမိတ်ဖတ်ကြားခဲ့သော
ပုဏ္ဏားနှင့် အပေါင်းအပါးလေးဦးတို့သည်
ဘုရားလောင်း တောထွက်သောအခါ
တူညီစွာ တောထွက်ရဟန်းပြုခဲ့ကြပါသည်။
ထို့နောက် ဘုရားရှင်ဖြစ်တော်မူပြီးနောက်
ပထမဆုံးဟောကြားတော်မူသော ဓမ္မစက်ြာတရားကို
ဦးစွာ နာကြားခွင့်ရရှိခဲ့ကြပြီး
ဧဟိဘိက္ခု ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ကြသော
ထိုငါးယောက်တစ်စုကို ပဉ္စဝဂီ ဟု ခေါ်ပါသည် 🙏
✨ ထိုသို့ ကြည်ညိုဖွယ်ကောင်းသော
ပဉ္စဝဂီ (၅) ပါးကို
💎 အရည်အသွေးမြင့် ကြေးသားစစ်စစ်ဖြင့် ထုဆစ်ထားပြီး
✨ လက်ရာသေသပ်၊ အချိုးကျလှပသော
✨ ကြည်ညိုမှုကို ပိုမိုဖြစ်ပေါ်စေသော
📏 ဆိုဒ် ▪ (၄) လက်မ နှင့်▪ (၄) လက်မခွဲ တို့ဖြင့် “မြမြင့်မိုရ်ဗုဒ္ဓ” မှအဆင်သင့် မှာယူရရှိနိုင်ပါပြီရှင့် 🙏

🏬 Showroom သို့ ကိုယ်တိုင်လာရောက်ဝယ်ယူလိုပါက
အမှတ် (၂၅၃/၁) ၊ မြေညီ
ကျေးတမာလမ်း ၊ (၁၄/၂) ရပ်ကွက်
တောင်ဥက္ကလာပမြို့နယ် သို့ ကြွလှမ်းလာနိုင်ပါသည်ရှင့် ☘️
☎ Order မှာယူရန်
09-251165242
09-32259206
09-788466852

#နိဗ္ဗာန်ကုန်
#ပဉ္စဝဂီ
#ပဉ္စဝဂီငါးပါး

 #သီလတရား    🙏🙏🙏🙏🙏သီလရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်နဲ့ သီလမရှိတဲ့ပုဂ္ဂိုလ်တစ်ယောက် ဘယ်လိုကွာခြားလဲဆိုရင်လူတစ်ယောက်ဟာ သီလမရှိတေ...
19/04/2026

#သီလတရား
🙏🙏🙏🙏🙏
သီလရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်နဲ့ သီလမရှိတဲ့
ပုဂ္ဂိုလ်တစ်ယောက် ဘယ်လိုကွာခြားလဲဆိုရင်
လူတစ်ယောက်ဟာ သီလမရှိတော့ဘူးဆို
ဘယ်အခါ စဉ်းစားဆင်ခြင်သုံးသပ်လိုက်တိုင်း၊ စိတ်မချမ်းသာမှုတွေနဲ့ ကြုံတယ်၊
သီလရှိတဲ့ ပုဂ္ဂိုလ်ကတော့ အပြစ်ကင်းနေသည့်
အတွက်ကြောင့် ဘယ်ဘက်က လှည့်စဉ်းစား
စဉ်းစား စိတ်ထဲမှာ ကြည်နူး၀မ်းသာမှု ဖြစ်တယ်။
သီလမရှိဘူး ဆိုလို့ရှိရင် ကုသိုလ်မှန်သမျှဟာ
ပြိုကျပျက်စီးသွားမယ်၊ ဒါကြောင့်မို့ သီလဟာ
ကုသိုလ်တရားတွေရဲ့ အဓိကတည်ရှိနေမှု
အတွက် အထောက်အကူ ဖြစ်တယ်။
ဒါကြောင့်မို့ သီလရှိတဲ့ ပုဂ္ဂိုလ်ရဲ့အသက်ရှည်မှုဟာ
အင်မတန် တန်ဖိုးရှိတယ်၊
အသက်ရှည်လေ ပိုကောင်းလေပဲ။
ကိုယ်ကျင့်သီလ ပျက်ပြားနေတဲ့ ပုဂ္ဂိုလ်ဟာ
အသက်ရှည်လေ ဒုက္ခတွေများလေလေ၊
အသက်ရှည်လေလေ အပြစ်တွေများလေလေ၊
စိတ်ဆင်းရဲမှုတွေ များလာလေလေ၊
ဒုက္ခသုက္ခတွေနဲ့ ကြုံတွေ့မှု
ဖြစ်လာလေလေ ဖြစ်တယ်။
ဒါကြောင့်မို့ လူတိုင်းဟာ အသက်ရှည်ဖို့
ကောင်းသလားလို့ဆို ကိုယ်ကျင့်သီလရှိတဲ့
ပုဂ္ဂိုလ်မှ အသက်ရှည်လေ ပိုကောင်းလေ၊
ကိုယ်ကျင့်သီလ မရှိဘဲနဲ့ အသက်ရှည်မယ်ဆိုရင်
အပြစ်တွေ ပိုလေးလာတယ်။
ဒါကြောင့်မို့ အသက်ရှည်လေ ပိုကောင်းလေ
ဖြစ်ဖို့အတွက် ကိုယ့်ကိုယ်ကို ဘာလုပ်ရမလဲဆိုရင်
ကိုယ်ကျင့်သီလရှိအောင် လုပ်ရမယ်၊
အနည်းဆုံး ငါးပါးသီလလုံရမယ်၊ ကိုယ့်ကိုယ်ကို
နေ့စဉ်နဲ့အမျှ ငါးပါးသီလခံယူ ဆောက်တည်ပြီးတဲ့
နောက် ပြန်လည် ဆန်းစစ်ကြည့်သင့်တယ်။
နေ့တိုင်း နေ့တိုင်း လူတွေ အရောင်းအ၀ယ်
လုပ်ပြီးတဲ့အခါ စျေးတွက်တွက်ကြတယ်လေ၊
ဒီနေ့ ဘယ်လောက်ရောင်းရတယ်၊
အရင်းဘယ်လောက် အမြတ်က
ဘယ်လောက်ဆိုတာကို တွက်ကြတယ်။
နေ့စဉ် နေ့စဉ် နံနက်ခင်းအိပ်ရာထလို့
ဘုရားရှေ့မှာ ငါးပါးသီလခံ၊ ခံပြီးတော့
ညအိပ်ရာ၀င်တဲ့အခါကျတော့ ပြန်စစ်၊
ပါဏာတိပါတာ ဝရေမဏိ သိက်ခာပဒံ သမာဒိယာမိ
ငါတည်ဆောက်မယ်၊ မိမိစိတ်လိုက်မာန်ပါ
သေစေလိုတဲ့စိတ်နဲ့ မည်သည့် သတ္တဝါများ
ငါသတ်မိလဲ၊ ပါဏာတိပါတ သိက္ခာပုဒ်
ငါလုံရဲ့လား၊ လုံတယ်ဆိုရင် စိတ်ထဲမှာ
ကြည်နူး၀မ်းသာတယ်။
အဒိန္နာဒါနာရော လုံရဲ့လားလို့ ဆိုရင်
အဒိန္နာဒါန လုံရင် စိတ်ထဲမှာ ကြည်နူးစရာ၊
ကာမေ သု မိစ္ဆာစာရ လုံရဲ့လား၊
ကိုယ့်ကိုယ်ကို ကိုယ်စစ်ဆေးတယ်၊
မုသာဝါဒ လုံရဲ့လား ။
သုရာမေရာယရော ကင်းရဲ့လား ။
ဆိုတာတွေကို စစ်ဆေးကြည့်လိုက်တဲ့အခါ
ငါ့မှာ ပါဏာတိပါတာ ကျူးးလွန်တာလည်း
မရှိဘူး၊ အဒိန်နာဒါနယ၊ ကာမသေုမိစ်ဆာစာရ၊
မုသာဝါဒ၊ သူရာမေရယ ကျူးးလွန်တာလည်း
ငါ့မှာမရှိဘူး၊ ငါရဲ့ဘ၀ဟာ တန်ဖိုးရှိလိုက်တာ၊
ရဟန္တာပုဂ္ဂိုလ်ဆိုတာ ဒီလိုတန်ဖိုးရှိတဲ့ပုဂ္ဂိုလ်ကို
ခေါ်တာ၊ ငါဟာ ဒီနေ့ ရဟန္တာတွေကျင့်တဲ့
အကျင့်မျိုး၊ သောတာပန်တွေကျင့်တဲ့ အကျင့်မျိုး၊
ငါကျင့်လို့ ရသွားပြီလို့ စိတ်ထဲမှာ
ကြည်နူး၀မ်းသာဖြစ်ရတယ်၊
ဒါ မြတ်စွာဘုရားပေးတဲ့ နည်းစနစ်ပါပဲ။
ကိုယ့်ကိုယ်ကို ကြည်နူးလာတယ်၊
စိတ်ထဲကနေ ဆင်ခြင်သုံးသပ်ပြီး
ကြည်နူး၀မ်းသာတယ်၊
သီလဆောက်တည်ပြီးတော့ အမှတ်တမဲ့
မနေရဘူး၊ ပြန်လည်ဆင်ခြင် သုံးသပ်ခြင်းအားဖြင့်
ကိုယ့်မှာ ကြည်နူး၀မ်းသာမှုတွေက
ကုသိုလ်တရားတွေ တိုးတယ်။
ဒါကြောင့်မို့ သီလဆောက်တည်ထားပြီးတော့
ထိုသီလနဲ့ ပတ်သက်တဲ့ ဆင်ခြင်သုံးသပ်မှုတွေ
လုပ်ရတယ်၊ လုပ်တဲ့အခါမှာ အဖြေထွက်လာတယ်၊
အကယ်၍ ငါ သီလတွေ ပျက်တယ်ဆိုရင်
မပျက်အောင် ဂရုစိုက်၊
နောက်တစ်ခါ မဖြစ်အောင် ကြိုးစား။
ကျေနပ်စရာ ကောင်းအောင် သီလပြည့်စုံတယ်
ဆိုရင်လည်းပဲ ၀မ်းသာပီတိ ကြည်နူးတဲ့စိတ်နဲ့
ကုသိုလ်တရားတွေကို တိုးတက်လာတယ်၊
ဒါကြောင့်မို့လို့ မြတ်စွာဘုရားက ဟောတာ
သီလမရှိတဲ့ ပုဂ္ဂိုလ် အသက်တစ်ရာ နေရပေမဲ့
တန်ဖိုးမရှိဘူးတဲ့၊ သီလရှိတဲ့ပုဂ္ဂိုလ်က
တစ်ရက်လောက် နေရရင်ကိုပဲ တန်ဖိုးရှိတယ်။
#ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏🙏🙏🙏🙏🙏🙏
ကောင်းကျိူးလိုရာပြည့်ကြပါစေ

နှစ်ဖက်သောမိဘများအားအမှူးထားပြီး ဦးမင်းထက်သိန်း + ဒေါ်မြတ်မြတ်အောင် သား ‌ မောင်‌ကောင်းခန့်မင်း မိသားစုတို့မှ ဦးမင်းထက်သိ...
19/04/2026

နှစ်ဖက်သောမိဘများအားအမှူးထားပြီး ဦးမင်းထက်သိန်း + ဒေါ်မြတ်မြတ်အောင် သား ‌ မောင်‌ကောင်းခန့်မင်း မိသားစုတို့မှ ဦးမင်းထက်သိန်း၏မွေးနေ့အလှူတော် အဖြစ်

🪷အလိုတော်ပြည့် ရွှေ (၉)လက်မ (၁)ဆူ
🪷ရန်ကာပုလ္လင်ပါ (၈လက်မခွဲ) (၁)ဆူ
🪷ဆယ်တော်မူ (၉)လက်မ (၁)ဆူ

တို့ကို (၇)ရက်သားသမီးများပူဇော်နိုင်ရန်အတွက် သဒ္ဒါတရားထက်သန်စွာဖြင့်လှူဒါန်းပေးထားပါသည်ရှင့်🙏

‎ဤကုသိုလ်ကြောင့်‌ မွေးနေ့ရှင် ဦးမင်းထက်သိန်း
သည်လည်း စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်း နှင့် ပြည့်စုံပါစေရှင့်
‎• ဘေးအန္တရာယ် အစုံကင်းဝေးပါစေ
• အခက်အခဲတိုင်းကို အောင်မြင်စွာ ကျော်လွှားနိုင်ပါစေရှင်
• စိတ်ချမ်းသာ ၊ကိုယ်ကျန်းမာ ပါစေ
‎• ကျန်းမာပျော်ရွှင်၊ စိတ်အေးချမ်းသာစွာဖြင့် ဘဝတစ်လျှောက် ဖြတ်သန်းနိုင်ပါစေ
‎• လိုအင်ဆန္ဒတိုင်း ပြည့်ဝကြပါစေ
‎• သာသနာတည်တံ့ရေးအတွက် များစွာ ကောင်းမှုကုသိုလ် ဆက်လက်လုပ်နိုင်ပါစေ✨
‎
‎🪷 အလှူရှင်မိသားစုများ
‎အသက်ရှည် အဆင်းလှ၊ အနာရောဂါ ၉၆ ပါးကင်းဝေး၍ ကံအညံ့မရှိဘဲ
‎စီးပွားရေးဥစ္စာများ တိုးတက်ချမ်းသာကြပါစေ။
‎ရေကဲ့သို့အေးချမ်း၊ ပန်းကဲ့သို့လန်းဆန်း၍
‎စိတ်ကူးစိတ်မူတိုင်း အဆင်ပြေလက်တွေ့ ဖော်ဆောင်နိုင်ပါစေ 🌸
‎📿 သာဓု သာဓု သာဓု 🙏

‎✨ ကံထူးချင်သူများComment တွင်မည်သူမဆိုဝင်ရောက်၍ ဆုတောင်းစကားများမန့်ခဲ့နိုင်ပါတယ်ရှင် 💬
‎

‎✨ ဘုရားများ၊ နိဗ္ဗာန်ကုန်ပစ္စည်းများ လှူဒါန်းလိုပါက 👉
‎📩 [Mya Myint Mo Buddha page Chat Box] မှ တစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ရှင့် 💝
‎
‎
#နိဗ္ဗာန်ကုန်
#နှစ်ဦးအလှူ
#မွေးနေ့
‎ #ဘုရားအလှူတော်
‎ #ဘုရားမဲ
‎ #ဘုရားမဲအလှူ
‎ #အလှူ

“ပြုံးပါ”ပြုံးခြင်းသည် အိမ်တွင်း၌ချမ်းသာသုခကိုပေး၏။ပြုံးခြင်းသည် အလုပ်ခွင်၌မျက်နှာပွင့်လန်း၏။ပြုံးခြင်းသည် ၀မ်းနည်းသူကို...
18/04/2026

“ပြုံးပါ”
ပြုံးခြင်းသည် အိမ်တွင်း၌
ချမ်းသာသုခကိုပေး၏။
ပြုံးခြင်းသည် အလုပ်ခွင်၌
မျက်နှာပွင့်လန်း၏။
ပြုံးခြင်းသည် ၀မ်းနည်းသူကို
၀မ်းသားစေ၏။
ပြုံးခြင်းသည် စိတ်အားငယ်သူကို
စိတ်အားတက်ကြွစေ၏။
စိတ်ကောင်း စေတနာဖြင့် ပြုံးပါ။

၈.၄.၂၀၂၆တွင်ကျရောက်သောမသော်တာလင်းအေး၏အသက်-၂၁နှစ်ပြည့်မွေးနေ့အလှူတော် အဖြစ်မြဘုရား နွေ ၇လက်မ တစ်ဆူတို့ကို (၇)ရက်သားသမီးမျ...
18/04/2026

၈.၄.၂၀၂၆တွင်ကျရောက်သောမသော်တာလင်းအေး၏
အသက်-၂၁နှစ်ပြည့်မွေးနေ့အလှူတော် အဖြစ်
မြဘုရား နွေ ၇လက်မ တစ်ဆူ

တို့ကို (၇)ရက်သားသမီးများပူဇော်နိုင်ရန်အတွက် သဒ္ဓါတရားထက်သန်စွာဖြင့်လှူဒါန်းထားသောကြောင့်ကံထူးရှင်၁ဦးကိုကြေငြာပေးလိုက်ပါသည်ရှင့်🙏🙏🙏

ဤကုသိုလ်ကြောင့် မွေးနေ့ရှင် မသော်တာလင်းအေးသည်လည်း စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်း နှင့် ပြည့်စုံပါစေရှင့်
ဘေးအန္တရာယ် အစုံကင်းဝေးပါစေ
အခက်အခဲတိုင်းကို အောင်မြင်စွာ ကျော်လွှားနိုင်ပါစေရှင်
စိတ်ချမ်းသာ ၊ကိုယ်ကျန်းမာ ပါစေ
ကျန်းမာပျော်ရွှင်၊ စိတ်အေးချမ်းသာစွာဖြင့် ဘဝတစ်လျှောက် ဖြတ်သန်းနိုင်ပါစေ
လိုအင်ဆန္ဒတိုင်း ပြည့်ဝကြပါစေ
သာသနာတည်တံ့ရေးအတွက် များစွာ ကောင်းမှုကုသိုလ် ဆက်လက်လုပ်နိုင်ပါစေ

အလှူရှင်မိသားစုများ
အသက်ရှည် အဆင်းလှ၊ အနာရောဂါ ၉၆ ပါးကင်းဝေး၍ ကံအညံ့မရှိဘဲ
စီးပွားရေးဥစ္စာများ တိုးတက်ချမ်းသာကြပါစေ။
ရေကဲ့သို့အေးချမ်း၊ ပန်းကဲ့သို့လန်းဆန်း၍
စိတ်ကူးစိတ်မူတိုင်း အဆင်ပြေလက်တွေ့ ဖော်ဆောင်နိုင်ပါစေ
သာဓု သာဓု သာဓု 🙏
ဘုရား
ဘုရားများ၊ နိဗ္ဗာန်ကုန်ပစ္စည်းများ လှူဒါန်းလိုပါက
[Mya Myint Mo Buddha page Chat Box] မှ တစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ရှင့်

#နိဗ္ဗာန်ကုန်
#မွေးနေ့
#ဘုရားအလှူတော်
#ဘုရားမဲ
#ဘုရားမဲအလှူ
#နှစ်ဉီးအလှူ
#အလှူ

(ဦးစိုးမိုး)အားရည်စူး၍ နှစ်ဖက်သော မိဘ များကို အမှူးထားကာ ဦးထက်ပိုင်ဦး -ဒေါ်ဆွေဇင်မော် နှစ်ဦးအလှူတော်အဖြစ်🪷ဆုတောင်းပြည...
18/04/2026

(ဦးစိုးမိုး)အားရည်စူး၍ နှစ်ဖက်သော မိဘ များကို အမှူးထားကာ ဦးထက်ပိုင်ဦး -ဒေါ်ဆွေဇင်မော်
နှစ်ဦးအလှူတော်အဖြစ်

🪷ဆုတောင်းပြည့်ရွှေ (၁၀)လက်မခွဲ(၁)ဆူ

🪷အလိုတော်ပြည့်အဖြူ (၉)လက်မ(၁)ဆူ

တို့ကို (၇)ရက်သားသမီးများပူဇော်နိုင်ရန်အတွက် သဒ္ဒါတရားထက်သန်စွာဖြင့်လှူဒါန်းပေးထားပါသည်ရှင့်🙏

‎ဤကုသိုလ်ကြောင့်‌ အလှူရှင် ဦးထက်ပိုင်ဦး -ဒေါ်ဆွေဇင်မော် တို့သည်လည်း စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်း နှင့် ပြည့်စုံပါစေရှင့်
‎• ဘေးအန္တရာယ် အစုံကင်းဝေးပါစေ
• အခက်အခဲတိုင်းကို အောင်မြင်စွာ ကျော်လွှားနိုင်ပါစေရှင်
• စိတ်ချမ်းသာ ၊ကိုယ်ကျန်းမာ ပါစေ
‎• ကျန်းမာပျော်ရွှင်၊ စိတ်အေးချမ်းသာစွာဖြင့် ဘဝတစ်လျှောက် ဖြတ်သန်းနိုင်ပါစေ
‎• လိုအင်ဆန္ဒတိုင်း ပြည့်ဝကြပါစေ
‎• သာသနာတည်တံ့ရေးအတွက် များစွာ ကောင်းမှုကုသိုလ် ဆက်လက်လုပ်နိုင်ပါစေ✨
‎
‎🪷 အလှူရှင်မိသားစုများ
‎အသက်ရှည် အဆင်းလှ၊ အနာရောဂါ ၉၆ ပါးကင်းဝေး၍ ကံအညံ့မရှိဘဲ
‎စီးပွားရေးဥစ္စာများ တိုးတက်ချမ်းသာကြပါစေ။
‎ရေကဲ့သို့အေးချမ်း၊ ပန်းကဲ့သို့လန်းဆန်း၍
‎စိတ်ကူးစိတ်မူတိုင်း အဆင်ပြေလက်တွေ့ ဖော်ဆောင်နိုင်ပါစေ 🌸
‎📿 သာဓု သာဓု သာဓု 🙏

‎✨ ကံထူးချင်သူများComment တွင်မည်သူမဆိုဝင်ရောက်၍ ဆုတောင်းစကားများမန့်ခဲ့နိုင်ပါတယ်ရှင် 💬
‎

‎✨ ဘုရားများ၊ နိဗ္ဗာန်ကုန်ပစ္စည်းများ လှူဒါန်းလိုပါက 👉
‎📩 [Mya Myint Mo Buddha page Chat Box] မှ တစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ရှင့် 💝
‎
‎
#နိဗ္ဗာန်ကုန်
#နှစ်ဦးအလှူ
#ရည်းစူးအလှူ
‎ #ဘုရားအလှူတော်
‎ #ဘုရားမဲ
‎ #ဘုရားမဲအလှူ
‎ #အလှူ

Address

Kyae Tamar Street, South Okkalapa Township
Yangon
11091

Telephone

+959251165242

Website

Alerts

Be the first to know and let us send you an email when Mya Myint Mo Buddha posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mya Myint Mo Buddha:

Share