KHIT KHIT Online Shop

KHIT KHIT Online Shop Shopping Service

12/12/2024

😂😂😂

နောင်တဆိုတာနောက်မှ ရတတ်တာမျိုးပါ။ဘာဘဲဖြစ်ဖြစ် ကိုယ်ချစ်လို့ဘဲ ယူထားယူထား၊မိဘသဘောတူလို့ဘဲ ယူထားယူထား။ဘာအကြောင်းကြောင်းကြေ...
27/11/2024

နောင်တဆိုတာ
နောက်မှ ရတတ်တာမျိုးပါ။

ဘာဘဲဖြစ်ဖြစ်
ကိုယ်ချစ်လို့ဘဲ ယူထားယူထား၊
မိဘသဘောတူလို့ဘဲ ယူထားယူထား။
ဘာအကြောင်းကြောင်းကြောင့်နဲ့ဘဲယူထားကြသည်ဖြစ်စေ၊

ကိုယ်အိမ်ထောင်ဖက်ကိုတန်ဖိုးထားပေးကြပါ။

မနေ့တစ်နေ့ကမှ တွေ့ကြရသည့် လူကိုတောင်
မေတ္တာထားနိုင်သေးရင် တသက်လုံးကိုယ့်အနားမှာ

အဆိုးအကောင်း
အကျိုးအကြောင်း
အမှားအမှန်တွေနဲ့ အေးရင်လည်းအတူတူ
ပူရင်လည်းမျှမျတတ နေပေးခဲ့တဲ့သူကိုကော
မေတ္တာမထားနိုင်ကြဘူးလား။

အရင်က ကြည်နူးခဲ့ကြရသည့် အချိန်လေးတွေကို
ပြန်သတိရပေးကြည့်ပါလား။

ချစ်သူဘဝ လက်မထပ်ခင်ကာလ
လက်ထပ်ပြီးပြီးခြင်း ချစ်စ ခင်စ ကြင်နာစ ကာလ
သားဦးလေးလား သမီးဦးလေးလား မွေးဖွာစဥ်ကာလ
ကိုယ့်သားသမီးတွေ တီတီတာတာပြောတတ်တဲ့
အချိန် မိသားစု ပျော်ရွှင်ခဲ့ရသည့်ကာ အစရှိသည်တို့ကို ပြန်သတိရကြည့်ပါလား။

တကယ်တော့
လူတွေက အဟောင်းနဲ့အသစ်ကြားမှာ ဗျာများနေကြတာမျိုးပါ။

အသစ်ဘယ်လောက်ကောင်းကောင်း အဟောင်းလောက်တော့ ဘယ်သီးခံပေးနိုင်ကြမလဲ။

အသစ်ဆိုတာ လဲမနေသေးရင်တော့ တွဲထူစရာမှ မလိုတာ အလိုလိုက် အကြိုက်ဆောင်ပေးနေကြမှာပါဘဲ။

မင်းလဲကြသွားကြည့်ပါလား။
တွဲထမလား၊ လှဲချမလား
ကိုယ်တိုင်ကြုံတွေ့ခံစားနေကြရတဲ့သူတွေ အများကြီးပါ။

လူတွေပြောပြောနေသလို့ပေါ့ဗျာ
မနက်ဖြန်ဆိုတာကြီးကတော့ နေ့တိုင်းရှိနေဦးမှာပါ

ကျနော်တို့ ခင်ဗျားတို့ကသာ မနက်ဖြန်မှာ ရှိချင်မှရှိနေကြဦးတော့မှာပါ။

ထို့ကြောင့်
ထားမသွားရသေးခင် ကြားစကားတွေကြောင့်
ဘေးမဆွဲကြပါနဲ့တော့။

မိသားစုတိုင်း
မိသားစုတိုင်း
ဖောက်ပြန်ခြင်းဘေးမှ အမြဲထာဝရဝေးကြပါစေ
ကြောင်း ဆုမွန်ကောင်းလေးတောင်းပေးလိုက်ရပါတော့သည်။


ဦးချမ်း

တစ်ခါတုန်းက ခဏခဏ စကားများတတ်ကြတဲ့ လင်မယားနှစ်ယောက် ရှိတယ်။ဒါပေမယ့် စကားများတဲ့ အခေါက်တိုင်း ယောက်ျားဖြစ်သူက အလျှော့ပေးတတ...
27/11/2024

တစ်ခါတုန်းက ခဏခဏ စကားများတတ်ကြတဲ့ လင်မယားနှစ်ယောက် ရှိတယ်။
ဒါပေမယ့် စကားများတဲ့ အခေါက်တိုင်း ယောက်ျားဖြစ်သူက အလျှော့ပေးတတ် တယ်။
တစ်ခါမှာတာ့ အမျိုးသမီးက သူ့ယောက်ျားကို ထူးဆန်းလို့ မေးလာမိတယ်။
"ယောင်္ကျားရေ.. ရန်ဖြစ်တိုင်း ရှင်ဘာလို့ ကျွန်မကို အလျှေ ာ့ပေးတာလဲ။ တစ်ခါတစ်လေကျ ကျွန်မဘက်က မှားတာလည်းရှိတယ်လေ"
သူ့ယောင်္ကျားဒီလို ပြန်ဖြေတယ်။ "မင်းက ကိုယ့်မိန်းမ လေကွာ။
ဘာပဲပြောပြော ရှေးဘဝက ရေစက်ကြုံလို့ ဒီဘ၀မှာ လင်မယားလာဖြစ်ကြတာ။ ကိုယ်ပြောတာ နိုင်သွားတော့ရော ဘာထူးမှာလဲ။
စကားနိုင်ပေမယ့် ချစ်ခြင်းမေတ္တာရှုံးသွားမှာလေ။ ဒီဟာတော့ ကိုယ် အရှုံးမခံနိုင်ဘူး။ တစ်ယောက်ကဆူလိုက် တစ်ယောက်က ရယ်လိုက်။ တစ်ယောက်က စိတ်တိုလိုက် တစ်ယောက်ချော့လိုက်။ တကယ်လို့ လူတစ်ယောက်က အမြဲတမ်း အရှုံးပေးနေရတယ်ဆို သူ စကားပြောမကျွမ်းကျင်လို့မဟုတ်ဘူး။

တဖက်သားကို အနာကျင်ဆုံးဖြစ်စေမဲ့စကားမျိုး ပြောမထွက်ရက်လို့ပေါ့။
တစ်ယောက်ယောက်တော့ အရှုံးပေးမှ နှစ်ယာက်လုံး ပျော်ရွှင်နိုင်မှာလေ။ စကားနိုင်သွားပေမဲ့ ချစ်ခြင်းမေတ္တာကိုတော့ ဆုံးရှုံးသွားရလိမ့်မယ်
ဒီအရာကိုတော့ ငါတို့ အရှုံးမခံနိုင်ပါဘူး" .. တဲ့။

(တစ်ချို့အရာတွေကအနိုင်ရပေမဲ့အရှုံးတွေပါနေတတ်တယ်)

Credit

မတန်လို့•••••••••••    " မတန်လို့ ဒီတိုင်းလွတ်ထားတာကို မသိဘူးလို့တော့မထင်ပါနဲ့"   သူတောင်းစားမ ကိုယ်ဝန်ရတော့ ဘုရင့်ပွဲတေ...
10/09/2024

မတန်လို့
•••••••••••

" မတန်လို့ ဒီတိုင်းလွတ်ထားတာကို မသိဘူးလို့တော့မထင်ပါနဲ့"

သူတောင်းစားမ ကိုယ်ဝန်ရတော့ ဘုရင့်ပွဲတော်အုပ်မှ
စားချင်တယ်လို့ ချဉ်ချင်းတပ်တယ်..
အဲ့တော့ သူ့ယောက်ျား သူတောင်းစားကို ပူစာတယ်။

မောင်တော် ဘုရင့်ပွဲတော်အုပ် စားချင်တယ်လို့
နှမတော်ချဉ်ချင်းတပ်တယ် .. ဘုရင့်ပွဲတော်အုပ်မှ
မစားရရင် နှမတော် သေရပါလိမ့်မယ်မောင်တော်
ရအောင်ယူပေးပါ။ "

ဪနှမတော်ရယ် သူတောင်းစားနဲ့
ဘုရင့်ပွဲတော်အုပ် မတန်မရာ တခြားဟာဆိုတော်သေး..
"ဒို့က သူတောင်းစား "ဘုရင့်ပွဲတော်အုပ် မတန်မရာ
ဘယ်လိုယူလို့ရမလဲ.."

" မောင်တော် နှမတော်ကိုချစ်ရင် ယူပေးရမယ်
မဟုတ်လို့ကတော့ နှမတော်ဒေါသကို သိတယ်နော် "

အဲ့ဒီတော့ သူတောင်းစား စဉ်းစားတယ်
နန်းတော်ထဲဝင်ခိုးလို့ မလွယ်ဘူး မိရင် ငါသေမှာ..
အဲ့ဒီတော့ ရဟန်းအသွင်ဆောင်ပြီး ဆွမ်းခံကြွရင်
အဆင်ပြေမယ်..ခေါင်းတုံး သင်္ကန်းပတ် သပိတ်လွယ်ပြီး
နန်းတော်ရှေ့ကိုကြွ.. သူတောင်းစားဆိုတော့
ဟန်ဆောင်ကောင်းတယ်။

နန်းတော်ရှေ့မှာ ဣနြေ္ဒ အပြည့်နဲ့ ရပ်နေတာ
ဘုရင်ကတွေ့တော့ ပညာရှိဘုရင်ပဲ သိတာပေါ့.

ဘုရင်က"ငါဒီရဟန်းအတုကို မောင်းထုတ်လိုက်ရင်
ဒီဘုရင်ရဟန်းကို မရိုမသေ လုပ်တယ်ဆိုပြီး
အများပြည်သူတွေက ငါ့ကို ကဲ့ရဲ့ရှုတ်ချကြမယ်."

ဒီတော့ ဘုရင်ကအမတ်ကိုပြောတယ်..
`ဒီရဟန်းထူးခြားတယ် ခေါင်းကလဲ ခုမှရိပ်ထားသကဲ့သို့
စိမ်းလို့ ဣနြေ္ဒ အပြည့်နဲ့ ,, ဒါနဲ့ အမတ်တစ်ယောက်ကို
လွှတ်ပြီး ``ဘာအလိုရှိလဲ လျောက်လိုက်စမ်း..
ဆိုပြီးခိုင်းတယ်။

အမတ်က ရဟန်းတုကိုမေးပြီးပြန်လာ
ဘုရင်ကိုပြန်လျောက်တင်တယ်`` ဘုရင့်ပွဲတော်အုပ်
အလှူခံချင်တယ်တဲ့ဘုရားပေါ့ လျောက်တယ်။

ဘုရင်က"ဒါဆို ယူပြီးကပ်လိုက်စမ်း."ပြီးတော့
ဘုရင်က အမတ်ကိုပြောတယ်"ဒီရဟန်းထူးခြား
တယ်၊အနောက်ကနေ မသိမသာ လိုက်ချောင်းစမ်း၊
ဘာလဲသိရအောင်"ပေါ့။

ဒါနဲ့အမတ်က အနောက်ကနေလိုက်
မြို့ပြင်ဇရပ်နားရောက်တော့ သူတောင်းစားက
သင်္ကန်းကိုချွတ်လိုက်တော့
အောက်ကလူဝတ်ကိုလည်းမြင်ကော
" ဒီကောင်သူတောင်းစားပဲ."ဆိုတာ သိလိုက်တယ်။

အမတ်ကလဲ ပညာရှိအမတ်ဆိုတော့
စဉ်းစားတယ်`` ငါ ဘုရင်ကို အမှန်အတိုင်း
ပြန်လျောက်ရင် ဘုရင်က ဒီသူတောင်းစားကို
သတ်လိမ့်မယ်..ဒီသူတောင်းစား အဆင့်လောက်နဲ့
ငါ့ဘုရင် အကုသိုလ် ဖြစ်ရတာ
"မတန်ပါဘူး"လို့ စဉ်းစားပြီ နန်းတော်ကိုပြန်တယ်။

နန်းတော်ပြန်ရောက်တော့ ဘုရင်ကမေးတယ်
ဟိုရဟန်း အခြေနေဘာထူးလဲအမတ်လို့ မေးတော့

အမတ်က`` မှန်လှပါ အရှင်ဘုရားရဲ့ဘုန်းတော်ကြောင့်
မြို့ပြင်ဇရပ်တစ်နေရာမှာ ကြည့်ရင်းကြည့်ရင်းနဲ့
ရဟန်းအသွင်ပျောက်သွားပါတယ်ဘုရား လို့
လျောက်တင်တော့

အရေးတယူ လုပ်ရမည့်ကိစ္စမဟုတ်တော့
ဘုရင်ကလည်း သိလျက်နဲ့ ပြုံးတော်ပဲ မူလိုက်တယ်။

" မတန်လို့ ဒီတိုင်းလွှတ်ထားတာကို မသိဘူးလို့တော့
မထင်ပါနဲ့တဲ့

တစ်ချို့ကိစ္စတွေက ကိုယ်မှန်ပေမယ့် အရေးတယူ
လုပ်ဖို့ မတန်တာတွေ အများကြီးမို့ တုဖက်ပြိုင်ပြီး
ငြင်းမနေကြဘဲ ဥပေက္ခာ ပြုလိုက်ကြပါနော်။

#𝘾𝙧𝙚𝙙𝙞𝙩
#𝑠𝑎𝑖𝑝𝑜𝑛𝑒𝑙𝑜𝑎𝑛𝑤𝑛

☃️တချို့တွေကိုအဖက်မလုပ်ပါနဲ့ ☃️🍁အသက်လေးရလာတော့ ကိုယ့်ကိုမလိုအပ်တဲ့လူတွေတွေ့ရင်ဝမ်းမနည်းမိတော့ဘူး။😊သူတို့လိုအပ်တဲ့ လူတွေ ...
04/09/2024

☃️တချို့တွေကိုအဖက်မလုပ်ပါနဲ့ ☃️

🍁အသက်လေးရလာတော့ ကိုယ့်ကိုမလိုအပ်တဲ့လူတွေတွေ့ရင်ဝမ်းမနည်းမိတော့ဘူး။
😊သူတို့လိုအပ်တဲ့ လူတွေ သူတို့နားမှာ မြဲနေပါစေပဲဆုတောင်းတယ်။

🍁ကိုယ့်ကိုမကြိုက်တဲ့လူတွေ တွေ့ရင်လည်း သူတို့ကျေနပ်အောင် လိုက်မနေပေးတော့ဘူး။
😊သူတို့ကြိုက်တဲ့လူတွေနဲ့ သူတို့ဆက်ခင်နေပါစေလို့သာ ဆုတောင်းတယ်။

🍁ကိုယ့်ကိုမကောင်းပြောတာပြန်ကြားရင် အစကတော့
ဒေါသဖြစ်မိတယ်။
😊ဒါပေမယ့် လူတွေဆိုတာ ဘုရားကိုတောင် သတ်ဖို့
ကြိုးစားခဲ့ကြသေးတာပဲ။ပြောရုံသာ ပြောပြီးကိုယ့်ကို လာမသတ်တာကို ကြံဖန်ကျေးဇူးတင်လိုက်ပါ။

🍁လူတွေအပေါ်သိပ်ဂရုစိုက်လွန်းတာကို လျှော့လိုက်ပါ
နေရတာ ပေါ့ပါးသွားမယ်။
😊သူတို့ကကိုယ့်တစ်ယောက်ထဲကို လိုက်ကြည့်နေတာ မဟုတ်သလို ကိုယ့်ကိုမတွေ့လည်း နောက်လူတွေကိုဆက်ကြည့်နေမှာဖြစ်တယ်။

🍁ကိုယ့်အကြောင်းပြောစရာမတွေ့လည်း နောက်တစ်ယောက်အကြောင်းကို ထပ်ပြောနေမှာဖြစ်တယ်။

🍁သူတို့ လိုအင်တွေပြည့်နေစဉ် သူတို့အကြိုက်လိုက်နေပေးစဉ်သင်ကကောင်းနေမှာဖြစ်ပြီး....

🍁သူတို့ စိတ်ထဲမတွေ့တော့ရင်သူတို့ စိတ်ကြိုက်နေမပေးရင်သင်ဟာသူတို့ရန်သူဖြစ်သွားမှာပါ။

🍁သူတို့ပါးစပ်ထဲမှာ သင်က ကောင်းလိုက် မကောင်းလိုက်သူတို့အမြင်မှာသင်က ခင်ဖို့ကောင်းလိုက် မုန်းဖို့ကောင်းလိုက်သူတို့အတွေးမှာသင်က လိုသုံးကြီးဖြစ်လိုက် လူပိုကြီးဖြစ်လိုက်အနိမ့်အမြင့် မျိုးစုံနဲ့ သူတို့ စိတ်ထဲမှာ တနေ့တမျိုးမရိုးရအောင် သင်က ကပြနေရတာပါ။

🍁တကယ်တော့လူတွေကိုသိပ်ဖက်တွယ်လွန်းရင် သိပ်အာရုံထဲထည့်ထားရင် အာရုံနောက်ရမှာက သင်ပဲဖြစ်တယ်။

🍁သူတို့ကတော့ သူတို့အလုပ်ဖြစ်တဲ့ ပြောမယ် ဆိုမယ်
ဝေဖန်မယ် ကဲ့ရဲ့မယ် ချီးမွမ်းမယ်ဆိုတာတွေကိုဆက်လက်လုပ်နေမှာဖြစ်တယ်။

🍁ဒါ့ကြောင့်လူတချို့သင့်ကိုမလိုဘူးဆိုရင် မနှစ်သက်ဘူးဆိုရင်မကောင်းပြောနေတယ်ဆိုရင် ဘာမှ ခံစားမနေဘဲ ကိုယ်လုပ်စရာရှိတာ ဆက်သာလုပ်ပါ။ နေတတ်သလိုဆက်သာနေပါ။

🍁သင့်တစ်နေ့တာအတွက် စိတ်ကြည်နေဖို့အမှိုက်လိုလူတွေရဲ့ ပုပ်နေတဲ့စကားတွေ လောက်တက်နေတဲ့အပြုအမူတွေကို ဘာလို့ ဆက်ပြီးခံစားနေမှာလဲ။

🔶သူ့လမ်း ကိုယ့်လမ်း
🔶သူ့ဘဝ ကိုယ့်ဘဝ
🔶သူ့ထမင်း ကိုယ့်ထမင်း တူတာမှမဟုတ်တာ။

🍁ဒါကြောင့်သင့်မှာ အခုလို လူတွေရှိရင်အဖက်လုပ်မနေပါနဲ့။ အဖက်မလုပ်ခြင်းဟာအပြင်းထန်ဆုံးတုန့်ပြန်ခြင်းသာ ဖြစ်ပါတယ်။

05/07/2024

စိတ်ကောက်တတ်တဲ့ကောင်မလေးတွေအတွက် တစ်ကွက်😂😂

အားသွင်းပန်ကာလေးတွေ Khit Khit Online Shop မှာ အား‌ပေးနိူင်ပါပြီရှင့်
21/06/2024

အားသွင်းပန်ကာလေးတွေ Khit Khit Online Shop မှာ အား‌ပေးနိူင်ပါပြီရှင့်

20/06/2024

စေတနာတွေကို နားမလည်ဘူး 😂😂

Address

No. 84, Anawmar (2) Street, (13) Ward, Southokkala
Yangon

Telephone

+959757450412

Website

Alerts

Be the first to know and let us send you an email when KHIT KHIT Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KHIT KHIT Online Shop:

Share