Hsu Yee onlineshop

Hsu Yee onlineshop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hsu Yee onlineshop, Shopping & retail, အရှေ့ဒဂုံ 6ရပ်ကွတ် ကုမုဒ္နြာလမ်း, Yangon.

22/07/2021

အားလုံး အစစအရာရာဂရုစိုက်ကြပါ....

12/03/2021

UN Under Secretary General နှင့်ကုလသမဂ္ဂအမျိုးသမီးများအဖွဲ့၏ အမှူဆောင်ညွှန်ကြားရေးမှူး Phumzile Mlambo-Ngcuka, ၏ မြန်မာနိုင်ငံနှင့်ပတ်သက်၍ ထုတ်ပြန်ချက်

ကုလသမဂ္ဂ အမျိုးသမီးများအဖွဲ့သည် ကုသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဘောထားထုတ်ပြန်ချက် အတိုင်း ရပ်တည်ပြီး လွန်ခဲ့သောလမှစ၍ ဖြစ်ပွားလျက်ရှိသော ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေသူများကို သေစေနိုင်သော အင်အားသုံးခြင်းနှင့် အကြမ်းဖက်ဖြိုခွဲခြင်းများအပေါ် ပြင်းထန်စွာ ရှုံ့ချပြီး၊ ဤအခြေအနေ တွင် အမျိုးသမီးများကိုဦးတည်ပြီး လုပ်ဆောင်နေသော အင်အားမမျှတစွာ အကြမ်းဖက်မှုများအပေါ် များစွာ စိုးရိမ်ပူပန်မှု ဖြစ်ရပါသည်။ ဤကဲ့သို့ ဖိနှိပ်မှုကြောင့် အမျိုးသမီး ခြောက်ဦး အသက်ဆုံးရှုံးခဲ့ရပြီး၊ လူငယ်အမျိုးသမီးများ၊ လိင်တူလိင်ကွဲနှစ်သက်သူ အမျိုးသမီးများ(LGBTIQ+)နှင့် အရပ်ဖက်လူမှုရေး လှုပ်ရှား တက်ကြွသူအမျိုးသမီးများ အပါအဝင် အမျိုးသမီးဦးရေ ၆၀၀ နီးပါး ဖမ်းဆီးခံခဲ့ရသည်။ ထို့အပြင် ဖမ်းဆီးထိန်းသိမ်းခံရသူများတွင်လည်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံခြင်းနှင့် အကြမ်းဖက်ခံရခြင်းများ ရှိနေကြောင်း သတင်းပေးပို့မှုများ ရှိနေပါသည်။

အမျိုးသမီးများသည် မြန်မာနိုင်ငံ၏သမိုင်းတွင် ဂုဏ်ပြုထိုက်ပြီး အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်နေ သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ အမျိုးသမီးများအနေဖြင့် ထိုအနေအထားကို ဆက်လက် လုပ်ဆောင်နေ ကြပြီး ၄င်းတို့၏ သဘောထားဆန္ဒများကို ငြိမ်းချမ်းစွာဖော်ထုတ်သည့်အတွက် အပြစ်ပေးခံရခြင်းနှင့် တိုက်ခိုက်ခံရခြင်းများ မဖြစ်စေရပါ။ မြန်မာနိုင်ငံသည် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် (CEDAW) အား လက်မှတ်ရေးထိုးထားသည့်နိုင်ငံ ဖြစ်ပါသည်။ ထိုသဘောတူ စာချုပ်တွင် “နိုင်ငံတစ်နိုင်ငံ၏ ပြီးပြည့်စုံသော ဖွံ့ဖြိုးတိုးတက်မှု၊ ကမ္ဘာကြီး သာယာဝပြောမှုနှင့် ငြိမ်းချမ်းမှုတို့ရရှိရန်အတွက် ကဏ္ဍပေါင်းစုံတွင် အမျိုးသားများနှင့် တန်းတူညီမျှသော အမျိုးသမီးများ၏ပါဝင်မှုကို အများဆုံးရရှိရန်လိုအပ်သည်” ဟူ၍ဖော်ပြထားပြီး၊ “အမျိုးသမီးများသည် လူ့အခွင့်အရေးနှင့် အခြေခံကျသော လွတ်လပ်မှုတို့ကို အမျိုးသားများနှင့်တန်းတူ ကျင့်သုံးခံစားရန်” အာမခံ ထားသည်။ အမျိုးသမီးများကို အကြမ်းဖက်ခြင်းသည် ထိုသဘောတူစာချုပ်အောက်တွင် ဟန့်တားထားသော ခွဲခြားဆက်ဆံမှု တစ်မျိုး ဖြစ်ကြောင်း စီဒေါကော်မတီမှ ထပ်မံ၍ ရှင်းလင်းစွာ ဖော်ပြထားပါသည်။

အမျိုးသမီးများအပါအဝင် ဆန္ဒဖော်ထုတ်သူများအား ရန်ပြုတုံ့ပြန်ခြင်းမလုပ်ဘဲ၊ ငြိမ်းချမ်းစွာ စုဝေးခွင့်ကို အပြည့်အဝလေးစားပေးရန် မြန်မာ့တပ်မတော်နှင့်ရဲတပ်ဖွဲ့ကို ကျွန်ုပ်တို့က တောင်းဆိုလိုက်ပါသည်။ မြန်မာ့တပ်မတော်နှင့် ရဲတပ်ဖွဲ့သည် အဖမ်းဆီးခံရပြီး လက်တလောတွင်ထိန်းသိမ်းခံထားရသော အမျိုးသမီးများ၏ လူ့အခွင့်အရေးကို လေးစားပေးရန် ကျွန်ုပ်တို့က ထပ်မံတောင်းဆိုလိုက်ပြီး၊ ဖမ်းဆီးထိန်းသိမ်းထားသူများ အားလုံးကို ချက်ချင်းလွှတ်ပေးရန်အတွက် တောင်းဆိုမှုများအပေါ် လိုက်လျောပေးရန်လည်း ထပ်လောင်း ပြောကြားလိုက်ပါသည်။

************

Statement on Myanmar by Phumzile Mlambo-Ngcuka, UN Under-Secretary-General and Executive Director of UN Women

UN Women aligns with the statements made by the UN Secretary-General in strongly condemning the violent crackdown and the use of lethal force against peaceful protestors over the past month in Myanmar and expresses its deep concern over the targeted and disproportionate violence against women being recorded in this situation. This repressive response has already taken the lives of six women and resulted in the arrest of close to 600 women, including young women, LGBTIQ+ and civil society activists. In addition, those in detention are also reportedly experiencing sexual harassment and violence.

Women have long played a celebrated and vital role in the history of Myanmar. They continue to do so and must not be attacked and punished for the peaceful expression of their views. Myanmar is a signatory to the Convention on the Elimination of All Forms of Discrimination Against Women, which states, inter alia, that “the full and complete development of a country, the welfare of the world and the cause of peace require the maximum participation of women on equal terms with men in all fields” and guarantees “the exercise and enjoyment of human rights and fundamental freedoms on a basis of equality with men”. The CEDAW committee has further clearly established that violence against women is a form of discrimination prohibited under the Convention.

We call upon Myanmar’s military and police to ensure that the right to peaceful assembly is fully respected and that demonstrators, including women, are not subjected to reprisals. We further call on the military and police to respect the human rights of women who have been arrested and are currently being detained and reiterate the calls for the immediate release of all detainees.

https://myanmar.un.org/en/115970-statement-myanmar-phumzile-mlambo-ngcuka-un-under-secretary-general-and-executive-director

Kn95လေပေါက်ပါ ၁ခု//၁၀၀၀ကျပ် ​နည်းဆုံး ၅/၁၀ခုယူပေးပါKn95 လေပေါက်မပါ၁ဗူး ၁၅၀၀ကျပ်တဗူးမှာ ၁၀ခုပါမဒဂုံ/ရှေ့ဒဂုံပို့ခ ၁၀၀၀/၁၅...
11/10/2020

Kn95လေပေါက်ပါ ၁ခု//၁၀၀၀ကျပ်
​နည်းဆုံး ၅/၁၀ခုယူပေးပါ
Kn95 လေပေါက်မပါ၁ဗူး ၁၅၀၀ကျပ်
တဗူးမှာ ၁၀ခုပါ
မဒဂုံ/ရှေ့ဒဂုံပို့ခ ၁၀၀၀/၁၅၀၀

share ခွင့်ပြုပါရန်။ရန်ကုန်တိုင်းဒေသကြီးအတွင်း ခွင့်ပြုလုပ်ငန်းများအတွက်သွားလာခွင့်အား Online မှ မှတ်ပုံတင်ခြင်းပြုလုပ်န...
29/09/2020

share ခွင့်ပြုပါရန်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ခွင့်ပြုလုပ်ငန်းများအတွက်သွားလာခွင့်အား Online မှ မှတ်ပုံတင်ခြင်းပြုလုပ်နိုင်ပြီဖြစ်ကြောင်း အသိပေးအကြောင်းကြားခြင်း

၂၀၂၀ခုနှစ် ၊ စက်တင်ဘာလ (၂၈) ရက်

၁။ ရန်ကုန်တိုင်းဒေသကြီးတွင် Stay at Home ကာလ ရက်သတ္တပတ်နှစ်ပတ်အတွင်း ဖွင့်လှစ်ရန် ခွင့်ပြုထားသည့် စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီ၊ လုပ်ငန်း၊ အဖွဲ့အစည်းများသည် လုပ်ငန်းလည်ပတ်ရန် အတွက် Online မှတဆင့် မှတ်ပုံတင်၍ QR Pass ထုတ်ထားရန် လိုအပ်မည်ဖြစ်ကြောင်းကို ၂၄.၉.၂၀၂၀ ရက်နေ့တွင် အသိပေးကြေညာခဲ့ပါသည်။

၂။ အဆိုပါ ခွင့်ပြုထားသောလုပ်ငန်းများ QR Pass ရယူနိုင်ရန်အတွက် https://QRpass.SawSawShar.gov.mm သို့ ဝင်ရောက်၍ မှတ်ပုံတင်ခြင်းကို ယနေ့နံနက် ၅ နာရီခန့်မှ စ၍ ပြန်လည်ပြုလုပ်နိုင်ပြီဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

၃။ ရန်ကုန်တိုင်းဒေသကြီးအတွင်းနေထိုင်သော ပြည်သူများအနေဖြင့် မဖြစ်မနေဈေးဝယ်ယူခြင်း၊ ဆေးရုံဆေးခန်းများသို့ သွားရောက်ခြင်းတို့ အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များအတိုင်း လိုက်နာရမည်ဖြစ်ပြီး ယခု QR Pass အစီအစဉ်တွင် အကျုံးမဝင်ကြောင်းကိုလည်းအသိပေးအပ်ပါသည်။

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)

21/09/2020
17/09/2020

Cha Tanyong ကို မြောက်ဒဂုံ မှာ သောက်လို့ရပါပြီလို့

Address

အရှေ့ဒဂုံ 6ရပ်ကွတ် ကုမုဒ္နြာလမ်း
Yangon
91363469

Telephone

+959778838322

Website

Alerts

Be the first to know and let us send you an email when Hsu Yee onlineshop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share