Myanmar Fertilizers

Myanmar Fertilizers Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Fertilizers, Shopping & retail, Yangon.

24/10/2025

သီးနှံထွက်နှုံန်းတိုးခြင်းက တောင်သူတွေအတွက် မျှော်လင့်ချက်ပဲ မဟုတ်လား ! တောင်သူတွေ ပြုံးပျော်ဖို့ ဆက်သွယ်လာနိုင်ပါပီနော် ❕ #မြေဩဇာ

ခွန်အားဖြည့်တင်း နိုင်တိုဖင်းန်“ NITO FINN “ သဘာဝ အော်ဂဲနစ် မြေဩဇာNito Finn (နိုင်တိုဖင်းန်) တွင် အပင်အားဖြစ်စေသော အမိုင...
02/07/2025

ခွန်အားဖြည့်တင်း နိုင်တိုဖင်းန်
“ NITO FINN “
သဘာဝ အော်ဂဲနစ် မြေဩဇာ

Nito Finn (နိုင်တိုဖင်းန်) တွင် အပင်အားဖြစ်စေသော အမိုင်နို ၈၀ % နှင့် ဇီဝလှုံဆော်ဆေး ၂၀ % အဓိက ပါဝင်သည်။

အဓိက အကျိုးကျေးဇူးများမှာ -

-အပင်များ၏ အမြစ်များကို လှုံ့ဆော်ပေးကာ အာဟာရများ စုပ်ယူနိုင်စွမ်းကို တိုးမြှင့်ပေးပြီး ခွန်အားကို ဖြည့်တင်းပေးသည်။

-ပင်စည်အားကို ကောင်းစေပြီး အသီးခိုင်စေသည်။

-အသီး၊ အပွင့် အားကို တိုးပွါးစေသည်။

-မျိုးစေ့အောင်ခြင်းကိုလည်း လှုံဆော်ပေး၍ အပင်များကို ကြီးထွားစေသည်။

-ပြင်းထန်သော ရာသီဥတုဒဏ်မှ ကြံ့ကြံ့ခံနိုင်ပြီး ရောဂါပိုးမွှားများဝင်ရောက်ခြင်းမှ ကာကွယ်ပေးသည်။

-အပင်များ၏ စွမ်းအားကို တိုးမြှင့်ပေးသည်။

-အပင်၊ အရွက်၊ အပွင့်များ စိုပြေလှပစေခြင်း၊ အသီးများ၏ သွင်ပြင်ကို လှပစေခြင်း တို့အပြင် အသီး၊ အပွင့် အထွက်တိုးစေသည်။

-အပင်များ၏ ကြီးထွားမှု အဆင့်တိုင်းကို စောင့်ရှောက်ပေး၍ အားကောင်းစေသည်။

-အပင် ဆဲလ်များ၏ အစိတ်အပိုင်း တစ်ခုဖြစ်သော cytoplasm (ဆိုင်တို ပလာဇမ်) အတွင်းရေဓာတ်ကို ထိန်းသိမ်းပေးခြင်းကြောင့် လည်ပတ်စီးဆင်းမှု အားကောင်းကာ လျှင်မြန်စွာ ကြီးထွားစေသည်။

-ထို့ကြောင့် အပင်၊ အရွက်၊ အသီး၊ အပွင့်များ၏ တုံပြန်မှုကို လျှင်မြန်စွာ တွေ့ရပြီး ကောင်းမွန်သော ရလဒ်ကို ရစေသည်။

-အပင်များ၏ အသေးငယ်ဆုံး အစိတ်အပိုင်းဖြစ်သော ဆဲလ်များအတွင်းပိုင်းထိ အာဟာရများ ရရှိစေသည်။

-Photosynthesis ဖိုတို ဆင်းသက်စစ် ကို အားပေးပြီး အာဟာရ စုပ်ယူမှုအား ကောင်းစေသည်။

ထူးခြားချက်များ
****************
-စွမ်းအင် ချို့တဲ့နေသော အပင်များ၏ စွမ်းအင် လည်ပတ်မှုကိုသော်မှ ကူညီပေး၍ ခွန်အားကို တိုးမြှင့်ပေးသည်။

-အပင်များ၏ ဟော်မုန်းများကို သမ မျှတစေရုံသာမက အပင်၏ အစိတ်အပိုင်းအမျိုးမျိုးဖြစ်သော အမြစ်၊ ပင်စည်၊ အရွက်၊ အညွန့်၊ အသီး၊ အပွင့် များ တစ်ခုချင်းစီတိုင်းကို ခွန်အားဖြည့်တင်းပေးကာ အထွက်တိုးစေသည်။

-အပင်များ၏ အင်ဇိုင်း ကိုလည််း လှုံ့ဆော်ပေးပြီး ရာသီဥတုဆိုးရွားခြင်း၊ ရိတ်သိမ်းပြီးချိန်တွင် အပင်များ ကြုံလှီခြင်း စသည်တို့ကြောင့် အပင်များ၏ ပရိုတင်း ဓာတ်များ ဆုံးရှုံးခြင်း၊ ကြီးထွားမှု နှေးကွေးခြင်းတို့မှ ကာကွယ်ပေးသည်။

-Nitrophenol (နိုင်ထရိုဖီနောလ်) သည် အပင်များ၏ ကြံ့ခိုင်မှုအတွက် မရှိမဖြစ်လိုအပ်သော lignin လစ်ဂ်နင် ကို ဖြစ်ပေါ်စေပြီး အပင်ဆဲလ်များကို သန်စွမ်းစေကာ မှိုရောဂါ အမျိုးမျိုးတို့၏ ဒဏ်မှ ခံနိုင်ရည် ရှိစေသည်။

-ထို့ပြင် Nitrophenol (နိုင်ထရိုဖီနောလ်) သည် အပင် အစိတ်အပိုင်း အားလုံးအတွက် အာဟာရကို ကူညီထောက်ပံ့ပေးသည်။

အပင်များ ပျော်ရွှင်ပြီး အထွက်တိုးဖို့ ဓာတုကင်းလွတ်
နိုင်တိုဖင်းန် “ Nito Finn “ ရွက်ဖျန်း သဘာဝ မြေဩဇာ ကို သုံးကြစို့ !

Nito Finn ကို အခြား မြေဩဇာများ၊ အပင်အားဖြည့်ဆေးများ၊ ဟော်မုန်းဆေးများနှင့် အတူ ရော၍လည်း သုံးနိုင်သည်။

သုံးစွဲရန်အညွှန်း
**************

တစ်ထုပ်လျှင် ရေ ၂၀၀ လီတာ ဖြင့် ရောစပ် အသုံးပြုနိုင်သည်။

တစ်ထုပ်လျှင် ၂ ဧကခွဲ အထိ ဖျန်းပက်နိုင်ပါသည်။

ဖျော်စပ်နည်း
************

Nito Finn တစ်ထုပ်ကို ရေသန့် တစ်လီတာဘူး ထဲသို့ ဖောက်ထည့်ကာ ရေဖြင့်ရော၍ အမှုန့်များ အရည်တွင် လုံးဝ ပျော်ဝင်သည် အထိ လှုပ်ပါ။

ထို့နောက် ဆေးဖျန်းပုံး များတွင် အချိုးကျ ရောစပ်ကာ အသုံးပြုနိုင်သည်။

ဖျော်စပ်ပြီး Nito Finn ကို ၂ ပတ်အကြာထိ သိမ်းဆည်းထားနိုင်ပါသည်။
Crd #လက်လီလက်ကားမှာယူသုံးစွဲနိုင်ပါပြီရှင့်။

စိုက်ပျိုးပီး တနှစ်ပတ်လုံးဝင်ငွေကောင်းတဲ့ ☘ခွေးတောက်(ဂွေးတောက်)ပင်စိုက်ပျိူးနည်း       🍁  ခွေးတောက်ပင်ဟာ မြန်မာနိုင်ငံအန...
25/06/2025

စိုက်ပျိုးပီး တနှစ်ပတ်လုံးဝင်ငွေကောင်းတဲ့ ☘
ခွေးတောက်(ဂွေးတောက်)ပင်စိုက်ပျိူးနည်း

🍁 ခွေးတောက်ပင်ဟာ မြန်မာနိုင်ငံအနှံအပြားမှာ စိုက်ပျိူးဖြစ်ထွန်းနိုင်ပါတယ် ။ သဲဆန်တဲ့ မြေမှာ ပိုမိုဖြစ်ထွန်းပြီး အပင်စိုက်ပျိူးရာမှာ မျိူးစေ့ကနေ ပျိူးထောင်၍ စိုက်ပျိူးရပါတယ် ။ ပျိူးထောင်ပြီး တစ်လခွဲ အကြာမှာ ရွှေ့ပြောင်းစိုက်ပျိူးရပါတယ်။ ခွေးတောက်ပင် စိုက်ပျိူးရာမှာ စိုက်ပျိူးမည့်ဘောင်ကို (၆) လက်မ အမြင့်ထားပြီး တစ်ဘောင်နဲ့ တစ်ဘောင်ကိုတော့ (၂) ပေခန့် ခွာထားပေးရပါတယ် ။ စိုက်ပျိူးပြီး တစ်လသား အရွယ်မှာ နွားချေး ကြက်ချေး နှင့် မြေသြဇာ ကျွေးပြီး ရေပေးရပါမယ်

🍁 အညွှန့်ခူးခြင်း

ခွေးတောက်ပင်ဟာ (၃) လသား အရွယ်မှာ စတင် အညွှန့်စတင်ခူးနိုင်ပြီး ၃ ရက်ခြား တစ်ကြိမ် ခူးဆွတ်နိုင်ပါတယ်။ စိုက်ခင်းထဲမှာ ပေါင်းမြတ်များကို ရှင်းလင်းအောင် လုပ်ဆောင်ပေးရပါတယ်။အဓိက ကျရောက်နိုင်တဲ့ ပိုးတွေကတော့ ပျပိုး၊ ပိုးတုံးလုံး ၊ ရွက်လိပ်ပိုး တွေဖြစ်ပါတယ် ။ခွေးတောက်ပင်ဟာ ပုံမှန် ဝင်ငွေ ရရှိနိုင်တဲ့ နှစ်ရှည်ပင် အမျိူးအစားဖြစ်ပါတယ် ။ အရင်က ခွေးတောက်ညွှန့်ကို အရိုင်းအပင်တွေကသာ ရရှိနိုင်တာကြောင့် ရှားပါးပြီး စီးပွားဖြစ် မစိုက်ပျိူးနိုင်ကြပါဘူး။ ယခုအခါ ခွေးတောက်ပင်ကို စီးပွားဖြစ် စနစ်တစ်ကျ စိုက်ပျိူးလာကြတာကြောင့် ဟင်းသီးဟင်းရွက်စျေးကွက်မှာ ခွေးတောက်ကိုလဲ မြင်တွေ့လာနေရပါပြီ

🍁 ခွေးတောက်ပင် ပြုစုနည်း

ခွေးတောက်ပင်ကို အညွှန်များပြီး ဝေနေဖို့အတွက် အညွှန့်ခူးဖြတ်ရာမှာ အရေးကြီးပါတယ် ။ ကျွန်တော်တို့ ဖြတ်လိုက်တဲ့ ကိုင်းတွေဟာ အပေါ်ကို ရောက်နေမယ်ဆိုရင် အညွှန်တွေဟာ သိပ်ပြီး သန်မှာ မဟုတ်သလို အများကြီးလဲ ထွက်လာမှာ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် အညွှန်ဖြတ်တဲ့အခါ အောက်ခြေမှာရှိတဲ့ နှစ်တက် သုံးတက်ကိုသာ ချန်ပြီး ညှပ်ပေးမှသာ အကိုင်းအခက်တွေ များပြီး အညွှန့် များများရမှာ ဖြစ်ပါတယ် ။ ခွေးတောက်ပင်ဟာ အပင်အကြမ်းခံ အမျိူးအစားဖြစ်တာကြောင့် ပြုစုရာမှာ အရမ်းကို ရိုးရှင်းပြီး လွယ်ကူစေပါတယ်

🍁 ခွေးတောက်၏ အကျိူးကျေးဇူးများ

အစာလည်း ဆေး၊ ဆေးလဲ အစာ ဆိုသလိုပါပဲ ခွေးတောက်ရဲ့ ကောင်းကျိူးတွေကတော့ များစွာရှိပါတယ် ။ ခွေးတောက်ဟာ လေထိုးလေအောင့် ရောဂါ ၊ လေဖျက် ရောဂါကို သက်သာပျောက်ကင်းစေနိုင်ပါတယ် ။ ဝမ်းအတွင်း အဆိပ်အတောက်များကို လည်းပြေစေနိုင်ပါတယ် ။ ခွေးတောက်ကို သကြားနဲ့ ရောထောင်းပြီး အဆစ်အမြစ် ကိုက်တဲ့ လွဲတဲ့ နေရာ ၊ ကိုက်တဲ့နေရာတွေမှာ အုံပေးခြင်းဖြင့် အမြန်ဆုံးသက်သာပျောက်ကင်းစေနိုင်ပါတယ် ။ ခွေးတောက်ရွက်မှာ သံဓာတ်နဲ့ အမျှင်ဓာတ်များစွာ ပါဝင်ပါတယ် ။ ခွေးတောက်စြ်ကို ခွေးရူးပြန်ဆေး ၊ အန်ဆေး၊သလိပ်ရွှင်ဆေး စတဲ့ အရာတွေမှာ ထည့်သွင်းအသုံးပြုကြပါတယ်

အရက် သောက်တဲ့သူတွေအတွက် ခွေးတောက်ရွက်ကို ဟင်းချိူချက်သောက်ခြင်းဖြင့် အရက်ဂျိူးများကို ချေဖျက်နိုင်ပါတယ် ။ ခွေးတောက်ကို ဘဲဥဖြင့် ကြော်စားခြင်းဖြင့် ခွန်အားကို တိုးစေပါတယ် ။ ခွေးတောက်ရွကို မီးကင်၍ အုံပေးခြင်းဖြင့် အနာဆွေးများ ၊ ပြည် တည်နာများ ၊ သွေးစုနာ များကို သက်သာပျောက်ကင်းစေနိုင်ပါတယ်

🍁 ခွေးတောက်မျိူးစေ့ ပျိူးထောင်နည်း

ခွေးတောက်မျိူးစေ့ များကို (၄ ) လက်မ ဒုရှိသော သဲဘောင်တစ်ခါပေါ်မှာ ဖြန့်၍ အပေါ်မှ သဲနု ပါးပါး ဖုံးအုပ်ပါ ။ ရေကို အစိုဓာတ်မပြတ်စေရန် လောင်းပေးပါ ။ အပင်လေး များထွက်လာပါက အသင့်ရေနှပ်ထားသော မြေအိတ် ထဲသို့ ပြောင်းရွှေ့ပေးပါ ။ ပြောင်းရွှေ့ပြီး တစ်လ ခွဲသားခန့်မှာ မြေချ စိုက်ပျိူးနိုင်ပါတယ်။

ဒူးရင်းပင်၏ကျနေဘက် အခြမ်း ၄-၅ ပေအကွာတွင် ငှက်ပျောစိုက်ပျိုးပေးပါက ကြားဝင်ငွေရသည့်အပြင် အရိပ်လည်းရမည်ဖြစ်သည်။💹💹💹💹💹💹💹💹💹💹💹💹...
22/06/2025

ဒူးရင်းပင်၏ကျနေဘက် အခြမ်း ၄-၅ ပေအကွာတွင် ငှက်ပျောစိုက်ပျိုးပေးပါက ကြားဝင်ငွေရသည့်အပြင် အရိပ်လည်းရမည်ဖြစ်သည်။
💹💹💹💹💹💹💹💹💹💹💹💹💹💹💹💹

၁။ မူရင်းဒေသ - အရှေ့တောင်အာရှ၊ အီကွေတာမိုးသစ်တော။ အင်္ဂလိပ်အမည် - DURIAN၊ ရုက္ခဗေဒအမည် - Durio Zibethenus၊ မျိုးရင်းအမည် - BOMBACEAE ဖြစ်ပါသည်။

၂။ မြန်မာနိုင်ငံတွင် စိုက်ပျိုးနိုင်သောဒေသများ

မွန်ပြည်နယ်၊ တနသာင်္ရီတိုင်း၊ ကရင်ပြည်နယ် အကောင်းဆုံးဖြစ်ထွန်းသည်။ ရန်ကုန်တိုင်း၊ ပဲခူး အရှေ့ခြမ်း၊ ဧရာဝတီတိုင်းတို့တွင်လည်း စီးပွားဖြစ်စိုက်ပျိုးနိုင်ပါသည်။

၃။ လတ္တီတွဒ်

အီကွေတာမှ တောင်နှင့်မြောက် ၁၅ ဒီဂရီ အတွင်းကောင်းစွာဖြစ်ထွန်းသည်။ ၁၈ ဒီဂရီ အထိလည်း စိုက်ပျိုးနိုင်ပါသည်။

၄။ ရေမျက်နှာပြင်အမြင့်

ပင်လယ်ရေ မျက်နှာပြင်မှ ၂၆၀၀ ပေ အထိ။ အပင်ကြီးထွားရန်နှင့် အသီးထုတ်လုပ်မှုအတွက် ပင်လယ်ရေ မျက်နှာပြင် နိမ့်မှသာ ကောင်းမွန်ပါသည်။ ပေ ၁၀၀၀ အောက်အကောင်းဆုံးဖြစ်ပါသည်။

၅။ ရာသီဥတု

ပူအိုက်စိုစွတ်သောရာသီဥတုကိုကြိုက်နှစ်သက်သည်။ ပျမ်းမျှအပူချိန် (၂၄ ဒီဂရီ ဆဲလ်စီးယပ် - ၃၀ ဒီဂရီ ဆဲလ်စီးယပ်) စိုထိုင်းဆ ၇၅ ရာခိုင်နှုန်း၊ မိုးရေချိန် ၇၅ လက်မ အထက်ရသော ဒေသတွင် ကောင်းစွာဖြစ်ထွန်းသည်။ လစဉ် ပျမ်းမျှ အပူချိန် ၂၂ ဒီဂရီ စင်တီဂရိတ်ထက် နည်းပါက အပင်ကြီးထွားမှု မဖြစ်ပါ။ အပူချိန် ၁၀ ဒီဂရီ စင်တီဂရိတ်ထိ ခံနိုင်သော်လည်း အရွက်ကြွေပါမည်။ တစ်နှစ်ပတ်လုံး မိုးဖြန့်ရွာသော ဒေသများတွင် စီးပွားဖြစ် အသီးထုတ်လုပ်ရေးအတွက် ပိုကောင်းကြောင်းတွေရသည်။

၆။ မြေအမျိုးအစား

မြေဆီကောင်းမွန်ပြီး ရေစီးစိမ့်မှုကောင်းသော နုန်းဆန်သောမြေ၊ မြေသားအနက် အနည်းဆုံး ၄-၅ ပေ ရှိ၍ ရေသွင်းရေထုတ် ကောင်းစွာပြုလုပ်နိုင်သော မြေညီမြေပြန့်ကို ကြိုက်နှစ်သက်သည်။
PH 6.5 ဝန်းကျင်ရှိသော သဲနုန်း (သို့မဟုတ်) နုန်းမြေကိုနှစ်သက်သည်။

၇။ စိုက်ပျိုးချိန်

မိုးဦးကျ ဇွန်လတွင် စိုက်ပျိုးနိုင်သည်။ ရေရရှိပါက တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပါသည်။

*စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိိမ်းရောင်လမ်းဆော့ဝဲမှာမေးပါ*

၈။ ဒူးရင်းမျိုးများ

မျိုးရွေးချယ်ရာတွင် (၁) အသီးထွက်ကောင်းခြင်း၊ (၂) အိမ်မွှာကြီးပြီးအသားထူ၊ အစေ့သေး၊ အရသာကောင်းခြင်း၊ (၃) စောစောပွင့်သီးခြင်းတို့ကို ဦးစားပေးသင့်သည်။
အရည်အသွေးကောင်း မျိုးများဖြစ်သည့် ကန်ကလေး (၁)၊ ကန်ကလေး (၂)၊ ရွှေဒင်္ဂါးမိချောင်းခေါင်းများကို စိုက်ပျိုးနိုင်သည်။

၉။ စိုက်ပျိုးနည်း

ပင်ကြားတန်းကြား တစ်ဧကဝင်ဆန့်ပင်ရေ

🌳၃၀’ x ၃၀’ ၄၈ ပင်

🌳၂၅’ x ၂၅’ ၇၀ ပင်

🌳၂၀’ x ၂၀’ ၁၀၈ ပင်

ဒူးရင်းပင်စိုက်ပျိုးရန်အတွက် ၃’ x ၃’ x ၃’ အရွယ်စိုက်ကျင်းတူးပြီး မြေခံမြေသြဇာအဖြစ်၁၅း၁၅း၁၅ (၃)မျိုးစပ် နို့ဆီဘူး (၁) ဘူး၊ နွားချေးဆွေး (သို့) ကြက်ချေးဆွေး(၂)တင်း၊ မြေအောင်းပိုးသတ်ဆေး (၁)ဇွန်း၊ မဖောက်ထုံး နို့ဆီဘူး (၁)ဘူးတို့အား အပေါ်ယံမြေနှင့် သမအောင်ရော၍ စိုက်ကျင်းတွင်းထည့်ကာ တစ်လခန့် နှပ်ထားသင့်သည်။

ကျန်းမာသန်စွမ်းသော(၁-၂)နှစ်သား ကိုင်းဆက်ပျိုးပင်များကို မြေနှပ်ထားသောကျင်းတွင် မြေလုံးမပျက် စိုက်ပျိုးရပါမည်။ ရေလုံးဝမဝပ်စေရန် ပင်ခြေပတ်လည်အားဖို့ပေးပြီး ပလက်စတစ်အနက်စဖြင့် အုပ်ပေးခြင်း၊ တိုင်ထောင်၍ ပျိုးပင်အား ကြိုးချည်ထိန်းပေးခြင်းများ ပြုလုပ်ပေးရသည်။

စိုက်ပျိုးပြီး (၂) နှစ်သားထိ ကျနေဒဏ်ခံနိုင်ရန်အတွက် အရိပ်လုပ်ပေးရသည်။ ဒူးရင်းပင်၏ကျနေဘက် အခြမ်း ၄-၅ ပေအကွာတွင် ငှက်ပျောစိုက်ပျိုးပေးပါက ကြားဝင်ငွေရသည့်အပြင် အရိပ်လည်းရမည်ဖြစ်သည်။

၁၀။ ရေပေးသွင်းခြင်း

မိုးကုန်ပါက ရေဝိုင်း၊ ရေဝပ်ကျင်းများပြုလုပ်ပေးရသည်။ အသီးခူးပြီးချိန်တွင် အကိုင်းရှင်းခြင်း၊ ပေါင်းမြက်ရှင်းခြင်း၊ မြေသြဇာကျွေးခြင်း (စက်တင်ဘာ/ အောက်တိုဘာ) တွင် ပြုလုပ်ပြီး မိုးစကုန်သည့်ရက်မှ (၁)လခန့် ရေဖြတ်ပြီးမှ ရေသွင်းရပါမည်။ သို့မှသာ ပွင့်သီးမှုအပိုင်း ကောင်းပါမည်။
နိုဝင်ဘာလမှ မိုးကျသည်အထိ ရေပေးသွင်းရပါမည်။ နေ့စဉ်မသွင်းနိုင်ပါက ၄-၅ ရက်တစ်ကြိမ်လုံလောက်စွာ ပေးရမည်။

၁၁။ အပင်ကြီးပြုစုခြင်း

ပန်းပွင့်စေရန်နှင့် သီးထွက်အားကောင်းစေရန် အကိုင်းဖြစ်ပြုပြင်ခြင်းလည်း လုပ်ရပါမည်။ ရှုပ်ထွေးနေ သောအကိုင်းများ၊ ကိုင်းညှပ်ကိုင်းခြောက်များနှင့် ရေတက်များရှင်းရပါမည်။ ပင်စည်မှ အကိုင်းဖြတ်တိုင်း သတိထားရမည်မှာ ဖြတ်သည့်နေရာအား မာတာရာဇီ မှိုသတ်ဆေးသုတ်လိမ်းပေးရန်ဖြစ်သည်။ ရောဂါဝင်နိုင်၍ ဖြစ်သည်။

အပင်ခြေအား အမြစ်မထိခိုက်စေဘဲ ပေါင်းရှင်းခြင်းဖြင့် ပိုးမွှားနှင့်ရောဂါအန္တာရာယ် ကာကွယ်နိုင်ပါ သည်။ အပင်ခြေအထက် (၃) ပေတွင် မည်သည့်အကိုင်းမှမရှိစေရန် ရှင်းထားရမည်။

၁၂။ မြေသြဇာကျွေးခြင်း

မိုးဦး၊ မိုးနှောင်းကာလနှင့် ပန်းပွင့်ပြီး၍ သီးကင်းဝင်ချိန်တွင် မြေသြဇာကျွေးရမည်။ အသီးသီးပင်ဖြစ်ပါ က ၁၅း၁၅း၁၅ မြေသြဇာကို ၁ ကီလိုမှ ၃ ကီလို (၆၀ ကျပ်သား မှ ၁ ပိဿာခွဲ) အထိ ပင်ရေဝိုင်းအတွင်း အပေါ်ယံဖြူးကျွေးခြင်း (Top dressing) ပြုလုပ်ပြီးအပေါ်မှ ကြက်ချေး ၄-၅ တင်းအုပ်ပေးရသည်။ မြေပေါ်ကျွေးခြင်းမှ အမြစ်မထိခိုက်စေရန် ဖြစ်သည်။

မြေသြဇာကို အကြိမ်ကြိမ်ခွဲကျွေးသင့်သည်။ ရွက်ဖျန်းမြေသြဇာလည်း သုံးနိုင်ပါသည်။ သဘာဝမြေသြဇာကို ကြက်ချေးသုံးနိုင်လျှင် ပို၍ ကောင်းမွန်ပါသည်။ နွားချေးသုံးလျှင် နွားချေးမှာ အဆွေးပါက ရောဂါ အားပေးမှု ဖြစ်စေနိုင်ပါသည်။

၁၃။ ကျရောက်သောပိုးမွှားနှင့် ရောဂါ

(က) ပိုးများ-Stem Borer(ပင်စည်ထိုးပိုး)

အလွန်ဆိုးရွားပါသည်။ ဘဝစက်ဝန်း (၂)နှစ်ခန့်ရှိပြီး ဖျက်ဆီးကာလ ၇-၈ လခန့်ရှိသည်။ အသီးသီးအရွယ်ရောက်ပင်မှ ကျသည်။ အစာရေကြောစည်း အခေါက်ကို ကြောင်အိမ်လှေကားကဲ့သို့ စားသွားသဖြင့် မနှိမ်နင်းနိုင်ပါက အပင်သေပါသည်။

- ပိုးကျစ်စာတွေ့ပါက သံချွန်ဖြင့်အခေါက်ခွာ၍ ပိုးကောင်ရေ ဖယ်ရှားခြင်း။

- ပိုးရှိသော အပေါက်ထဲသို့ ပိုးသတ်ဆေးတစ်မျိုးမျိုး ၅ စီစီထည့်ပြီး ရွှံ့ဖြင့်ပိတ်ခြင်း။

- ဆိုင်ကလုန်း (ပိုလိုကလိုဒီဖော့+ဆိုက်ဖာ) ပိုးသတ်ဆေးကို ၁ လ တစ်ကြိမ်ဖျန်းခြင်းတို့ လုပ်ပေးရမည်။

အခြားပိုးများဖြစ်သော Local fruit borer (သီးလုံးဖောက်ပိုး), Beetles (ကျိုင်းကောင်းများ), Leaf cutter အနည်းအကျဉ်း ကျနိုင်သော်လည်း လွယ်ကူစွာ နှိမ်နင်းနိုင်ပါသည်။

(ခ) ရောဂါ - Phytophthera palmivora (ပင်စည်ပုပ် အမြစ်ပုပ်ရောဂါ)

ဒူးရင်းသီးနှံအတွက် ကပ်ဆိုးရောဂါဖြစ်သည်။ ပိုးလောက်ကောင် larva သည် ရုပ်ဖုံးမဖြစ်မီ ခုနှစ်လခန့် ဖျက်ဆီးသဖြင့် အလွန် အန္တရာယ်များသည်။ Metalaxy မှိုဆေးကို (၃) ပတ်တစ်ကြိမ် တစ်ပင်လုံးဖျန်းခြင်း၊ Redomil ကို ဒူးရင်းပင်ခြေဖြူး၍ ကျွေးခြင်းလုပ်နိုင်ပါသည်။

ပိုးနှင့် ရောဂါကို နေ့စဉ်ဂရုစိုက်နိုင်မှသာ ဒူးရင်းကိုစိုက်ပျိုးသင့်ပါသည်။

ကြိုတင်ကာကွယ်ခြင်း

မိုးရာသီ ပင်ခြေ ရေလုံးဝမဝင်စေရန် ဆောင်ရွက်ခြင်း၊ ရေစိုနာအကွက်တွေ့ပါက ခြစ်ထုတ်ပြီး Metalaxy သုတ်လိမ်းခြင်း၊ အပင်ကိုယ်ခံစွမ်းအားကောင်းရန် 10% Phosphorus acid ကို ပင်စည်ထဲသို့ ထိုးသွင်းခြင်းကို ဆောင်ရွက်သင့်သည်။ ပိုးနှင့် ရောဂါကို နေ့စဉ်ဂရုစိုက်နိုင်မှသာ ဒူးရင်းကိုစိုက်ပျိုးသင့်ပါသည်။

၁၄။ အသီးဆွတ်ခူးခြင်း

ဒူးရင်းသည် Year Round တစ်နှစ်ပတ်လုံးသီးသော သီးပင်ဖြစ်သည်။ စပွင့်သည်မှ မှည့်သည်အထိ ၅ လခွဲမှ ၆ လ (မျိုးအလိုက်) ထိ ကြာသည်။ ပန်းပွင့်သည် တစ်လခွဲခန့်ကြပြီး သီးကင်းမှသည် မှည့်သည်အထိ လေးလခွဲခန့်ကြာပါသည်။ နိုဝင်ဘာ ပန်းစပွင့်သောအပင်မှ ဧပြီလတွင် အသီးဆွတ်ခူးနိုင်သည်။

အရောင်ပြောင်း၊ ဆူးကြဲလာလျှင်ကောင်းစွာရင့်ပါသည်။ လက်မနှင့်ဆူးကိုးခေါက်ကြည့်ပြီး ဂလိုင်သံ ထွက်လာလျှင် အညှာအရစ်အထက်ဖြတ်ပြီး ခူး၍ ရပြီဖြစ်သည်။ အသီးများ ကောင်းစွာရင့်မှည့်မှသာ ဆွတ်ခူးရမည်။ အပင်မှည့်ကြွေသီးက အရသာပိုကောင်းပါသည်။

ဆွတ်ခူးပြီးအသီးများကို သာမာန်အခန်းအပူချိန်တွင် (၁၀)ရက်ခန့်ထားနိုင်ပါသည်။ ကြွေသီးမှာမူ ၂-၃ ရက်သာ ခံပါသည်။

၁၅။ အထွက်နှုန်း

၇-၁၀ နှစ်သား တစ်ပင်ချင်း ပျမ်းမျှအသီးထွက် ၂၀-၂၅ လုံးသာ ထားသင့်သည်။ စိုက်ပျိုးပြီး ၇နှစ်အတွင်း အရင်းကျေ၍ အမြတ်ရနိုင်ပါသည်။ မြန်မာနိုင်ငံတွင် ပုံမှန်(အောက်ပိုင်း) သီးနှံ ထွက်ကာလမှာ မေ၊ ဇွန်၊ ဇူလိုင် ဖြစ်သည်။

ကိုးကား-စိုက်ပျိုးရေးဦးစီးဌာန

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

#ဒူးရင်း
#ဒူးရင်းမျိုး
#ကန်ကလေး_၁
#ကန်ကလေး_၂
#ရွှေဒင်္ဂါးမိချောင်းခေါင်း
#ရေစိုနာအကွက်

#အပင်ကိုယ်ခံစွမ်းအား
#ပင်စည်ထိုးပိုး
#သီးလုံးဖောက်ပိုး
#ပင်စည်ပုပ်
#အမြစ်ပုပ်
#ပိုးကျစ်စာ

#အစိမ်းရောင်လမ်း

Nito Finn & Nito Max စိုက်ခင်းများ သီးနှံ အထွက်တိုးချင် ဝင်ငွေ တိုးချင် တဲ့ တောင်သူ ဦးကြီး တီတီ ကိုကို မမ များ အထွက်တိုး...
22/06/2025

Nito Finn & Nito Max စိုက်ခင်းများ

သီးနှံ အထွက်တိုးချင် ဝင်ငွေ တိုးချင် တဲ့

တောင်သူ ဦးကြီး တီတီ ကိုကို မမ များ အထွက်တိုးပီး ပြုံးပျော်ဖို့ ဆက်သွယ်ပါရှင်
လက်လီလက်ကား ဝယ်ယူအားပေးနိုင်ပါတယ် ရှင်
#ခွန်အားဖြည့်တင်း_နိုင်တိုဖင်းန်
#တောင်သူဦးကြီး
#စိုက်ပျိုးရေး
#တောင်သူ
#အော်ဂန်းနစ်
#မြေဩဇာ

ရာသီတိုင်းမှာ ပြုံးပျော်စေမယ်
17/06/2025

ရာသီတိုင်းမှာ ပြုံးပျော်စေမယ်

 #ခွန်အားဖြည့်တင်း_နိုင်တိုဖင်းန် NITO FINN  သဘာဝ အော်ဂဲနစ် မြေဩဇာNito Finn (နိုင်တိုဖင်းန်) တွင် အပင်အားဖြစ်စေသော အမိုင...
15/06/2025

#ခွန်အားဖြည့်တင်း_နိုင်တိုဖင်းန်
NITO FINN
သဘာဝ အော်ဂဲနစ် မြေဩဇာ

Nito Finn (နိုင်တိုဖင်းန်) တွင် အပင်အားဖြစ်စေသော အမိုင်နို ၈၀ % နှင့် ဇီဝလှုံဆော်ဆေး ၂၀ % အဓိက ပါဝင်သည်။

အဓိက အကျိုးကျေးဇူးများမှာ -

-အပင်များ၏ အမြစ်များကို လှုံ့ဆော်ပေးကာ အာဟာရများ စုပ်ယူနိုင်စွမ်းကို တိုးမြှင့်ပေးပြီး ခွန်အားကို ဖြည့်တင်းပေးသည်။

-ပင်စည်အားကို ကောင်းစေပြီး အသီးခိုင်စေသည်။

-အသီး၊ အပွင့် အားကို တိုးပွါးစေသည်။

-မျိုးစေ့အောင်ခြင်းကိုလည်း လှုံဆော်ပေး၍ အပင်များကို ကြီးထွားစေသည်။

-ပြင်းထန်သော ရာသီဥတုဒဏ်မှ ကြံ့ကြံ့ခံနိုင်ပြီး ရောဂါပိုးမွှားများဝင်ရောက်ခြင်းမှ ကာကွယ်ပေးသည်။

-အပင်များ၏ စွမ်းအားကို တိုးမြှင့်ပေးသည်။

-အပင်၊ အရွက်၊ အပွင့်များ စိုပြေလှပစေခြင်း၊ အသီးများ၏ သွင်ပြင်ကို လှပစေခြင်း တို့အပြင် အသီး၊ အပွင့် အထွက်တိုးစေသည်။

-အပင်များ၏ ကြီးထွားမှု အဆင့်တိုင်းကို စောင့်ရှောက်ပေး၍ အားကောင်းစေသည်။

-အပင် ဆဲလ်များ၏ အစိတ်အပိုင်း တစ်ခုဖြစ်သော cytoplasm (ဆိုင်တို ပလာဇမ်) အတွင်းရေဓာတ်ကို ထိန်းသိမ်းပေးခြင်းကြောင့် လည်ပတ်စီးဆင်းမှု အားကောင်းကာ လျှင်မြန်စွာ ကြီးထွားစေသည်။

-ထို့ကြောင့် အပင်၊ အရွက်၊ အသီး၊ အပွင့်များ၏ တုံပြန်မှုကို လျှင်မြန်စွာ တွေ့ရပြီး ကောင်းမွန်သော ရလဒ်ကို ရစေသည်။

-အပင်များ၏ အသေးငယ်ဆုံး အစိတ်အပိုင်းဖြစ်သော ဆဲလ်များအတွင်းပိုင်းထိ အာဟာရများ ရရှိစေသည်။

-Photosynthesis ဖိုတို ဆင်းသက်စစ် ကို အားပေးပြီး အာဟာရ စုပ်ယူမှုအား ကောင်းစေသည်။

ထူးခြားချက်များ
****************
-စွမ်းအင် ချို့တဲ့နေသော အပင်များ၏ စွမ်းအင် လည်ပတ်မှုကိုသော်မှ ကူညီပေး၍ ခွန်အားကို တိုးမြှင့်ပေးသည်။

-အပင်များ၏ ဟော်မုန်းများကို သမ မျှတစေရုံသာမက အပင်၏ အစိတ်အပိုင်းအမျိုးမျိုးဖြစ်သော အမြစ်၊ ပင်စည်၊ အရွက်၊ အညွန့်၊ အသီး၊ အပွင့် များ တစ်ခုချင်းစီတိုင်းကို ခွန်အားဖြည့်တင်းပေးကာ အထွက်တိုးစေသည်။

-အပင်များ၏ အင်ဇိုင်း ကိုလည််း လှုံ့ဆော်ပေးပြီး ရာသီဥတုဆိုးရွားခြင်း၊ ရိတ်သိမ်းပြီးချိန်တွင် အပင်များ ကြုံလှီခြင်း စသည်တို့ကြောင့် အပင်များ၏ ပရိုတင်း ဓာတ်များ ဆုံးရှုံးခြင်း၊ ကြီးထွားမှု နှေးကွေးခြင်းတို့မှ ကာကွယ်ပေးသည်။

-Nitrophenol (နိုင်ထရိုဖီနောလ်) သည် အပင်များ၏ ကြံ့ခိုင်မှုအတွက် မရှိမဖြစ်လိုအပ်သော lignin လစ်ဂ်နင် ကို ဖြစ်ပေါ်စေပြီး အပင်ဆဲလ်များကို သန်စွမ်းစေကာ မှိုရောဂါ အမျိုးမျိုးတို့၏ ဒဏ်မှ ခံနိုင်ရည် ရှိစေသည်။

-ထို့ပြင် Nitrophenol (နိုင်ထရိုဖီနောလ်) သည် အပင် အစိတ်အပိုင်း အားလုံးအတွက် အာဟာရကို ကူညီထောက်ပံ့ပေးသည်။

အပင်များ ပျော်ရွှင်ပြီး အထွက်တိုးဖို့ ဓာတုကင်းလွတ်
နိုင်တိုဖင်းန် Nito Finn ရွက်ဖျန်း သဘာဝ မြေဩဇာ ကို သုံးကြစို့ !

Nito Finn ကို အခြား မြေဩဇာများ၊ အပင်အားဖြည့်ဆေးများ၊ ဟော်မုန်းဆေးများနှင့် အတူ ရော၍လည်း သုံးနိုင်သည်။

သုံးစွဲရန်အညွှန်း
**************

တစ်ထုပ်လျှင် ရေ ၂၀၀ လီတာ ဖြင့် ရောစပ် အသုံးပြုနိုင်သည်။

တစ်ထုပ်လျှင် ၂ ဧကခွဲ အထိ ဖျန်းပက်နိုင်ပါသည်။

ဖျော်စပ်နည်း
************

Nito Finn တစ်ထုပ်ကို ရေသန့် တစ်လီတာဘူး ထဲသို့ ဖောက်ထည့်ကာ ရေဖြင့်ရော၍ အမှုန့်များ အရည်တွင် လုံးဝ ပျော်ဝင်သည် အထိ လှုပ်ပါ။

ထို့နောက် ဆေးဖျန်းပုံး များတွင် အချိုးကျ ရောစပ်ကာ အသုံးပြုနိုင်သည်။

ဖျော်စပ်ပြီး Nito Finn ကို ၂ ပတ်အကြာထိ သိမ်းဆည်းထားနိုင်ပါသည်။

Nito Finn & Nito Max စိုက်ခင်းများ သီးနှံ အထွက်တိုးချင် ဝင်ငွေ တိုးချင် တဲ့ တောင်သူ ဦးကြီး တီတီ ကိုကို မမ များ အထွက်တိုး...
11/06/2025

Nito Finn & Nito Max စိုက်ခင်းများ

သီးနှံ အထွက်တိုးချင် ဝင်ငွေ တိုးချင် တဲ့

တောင်သူ ဦးကြီး တီတီ ကိုကို မမ များ အထွက်တိုးပီး ပြုံးပျော်ဖို့ ဆက်သွယ်ပါရှင်

ဦးကြီးများ စိုက်သမျှ အပင် သီးနှံ ထွက်နှုန်းတို့ဖို့အပင်တွေရဲ့ မိခင်ဖြစ်တဲ့ မြေကိုအရင် ပြုပြင်ပါ။ထို့နောက် မိခင်ဖြစ်တဲ့ မ...
09/06/2025

ဦးကြီးများ စိုက်သမျှ အပင် သီးနှံ ထွက်နှုန်းတို့ဖို့
အပင်တွေရဲ့ မိခင်ဖြစ်တဲ့ မြေကိုအရင် ပြုပြင်ပါ။

ထို့နောက် မိခင်ဖြစ်တဲ့ မြေရဲ့ ကျန်းမှုနဲ့ အဟာရပေးစွမ်းနိုင်မှု
ရာခိုင်နှုန်းကို တိုင်းတာ စစ်စေးကြည့်ပါ။
(မြေ PH တိုင်ပေးပါ)

ဦးကြီးများထွက်နှုန်းတိုးဖို့ မြေအရင်ပြင်ကြပါစို့
06/06/2025

ဦးကြီးများထွက်နှုန်းတိုးဖို့ မြေအရင်ပြင်ကြပါစို့

Address

Yangon
11181

Telephone

+959941924969

Website

Alerts

Be the first to know and let us send you an email when Myanmar Fertilizers posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Fertilizers:

Share