Nway Oo Online Shop

Nway Oo Online Shop Premium Design ကလေးဝတ် Local Brand ဆို Crystal Clothing 💟

2024 အစက နေဝိတ်ချနေတာပဲအခုနှစ်ကုန်ခံနီး မင်မင့် အခြေအနေလေးသဲတို့ကော 🤭🤭🤭
08/12/2024

2024 အစက နေဝိတ်ချနေတာပဲ
အခုနှစ်ကုန်ခံနီး မင်မင့် အခြေအနေလေး
သဲတို့ကော 🤭🤭🤭

2024 ဟာကိုယ့်အတွက်တော့သင်ခန်းစာအသစ်တွေပိုရလာခဲ့တယ်အများနဲ့တစ်ယောက်ဆိုတာ ပိုသိလာခဲ့တယ်ပိုပြီးသန်မာလာတယ်ပိုပြီးခွန်အားတွေရ...
27/11/2024

2024 ဟာကိုယ့်အတွက်တော့
သင်ခန်းစာအသစ်တွေပိုရလာခဲ့တယ်
အများနဲ့တစ်ယောက်ဆိုတာ ပိုသိလာခဲ့တယ်
ပိုပြီးသန်မာလာတယ်
ပိုပြီးခွန်အားတွေရခဲ့တယ်
ကျေးဇူးပါ ၂၀၂၄ 🤍

2024 ဆိုတဲ့ နှစ်ကုန်ဖို့လည်း တစ်လပဲကျန်တော့တာဆိုတော့2025 မှာ ကိုယ်ဘယ်လောက်ထိကံဇာတာတွေကောင်းနေမလဲကြည့်လိုက်တော့မင်မင်ကတော...
26/11/2024

2024 ဆိုတဲ့ နှစ်ကုန်ဖို့လည်း တစ်လပဲကျန်တော့တာဆိုတော့
2025 မှာ ကိုယ်ဘယ်လောက်ထိကံဇာတာတွေကောင်းနေမလဲကြည့်လိုက်တော့

မင်မင်ကတော့ Top 10 ထဲဝင်နေတာ
ကိုယ့်ကံဇာတာကကော 2025 ထဲ ဘယ်နံပါတ်ကိုရောက်နေမလဲကြည့်လိုက်ဦးနော်
🤍🤍🤍🤍

Wedding အတွက် အလွယ်ကူဆုံးစီစဉ် နိုင်ဖို့ ….ဦးစားပေး အဓိကအလုပ် 1 year before(1) Dateသတ်မှတ်ပါ(ချစ်သူ၂ဦး ယူမဲ့နှစ် လ ဆုံးဖ...
19/10/2022

Wedding အတွက် အလွယ်ကူဆုံးစီစဉ် နိုင်ဖို့ ….
ဦးစားပေး အဓိကအလုပ် 1 year before

(1) Dateသတ်မှတ်ပါ

(ချစ်သူ၂ဦး ယူမဲ့နှစ် လ ဆုံးဖြတ်ပါ ၊ ဗေဒင် လေးလည်း မေးပါ အုံး ရက် ၄ ၊ ၅ ရက် ရာထားပါ )

(2)Hotel သို့ ဘုန်းကြီးကျောင်း Booking လုပ်ပါ

(နှစ် ၊ လ သတ်မှတ်ပြီးတာနဲ့ အရင်ဆုံး လုပ်ကိုလုပ်သင့်တာပါ ၊ hotel or ဘုန်းကြီးကျောင်းကရတဲ့ရက် နဲ့ ကိုယ်လိုချင်တဲ့ရက် ကိုက်ပြီး တခါတည်း book ထားပါ)
(ပိုက်ဆံ deposit မပေးလည်း ရသေးတယ် ၊ hotel ဆို နောက်လူ မမေးမချင်းစောင့်တယ် ၊ နောက်လူမေးလို့ ကိုယ့်ကို ယူမှာသေချာလားပြန်လာမေးရင်တော့ သေချာယူမယ်ဆို deposit ပါ)

၃ လအလို
----------
(1) Pre Wedding လေးရိုက်ထားပါ ဒါမှအေးဆေးပြီး ပျော်စရာလည်းကောင်းမယ် ၊ နီးမှဆို stress များပြီး ပျော်စရာမကောင်းပါဘူး ၊ ၃လထက်ပိုစောလည်း ပိုကောင်းပါတယ်
၁လခွဲလောက်အကြာမှAlbum ၊ Photo Fram ၊ photo softcopy ရတောင် wedding နဲ့ ၁လခွဲလောက်ကွာသေးတာမို့ အေးဆေး facebook တင် ၊ ပုံကြီးမကြိုက်ရင်ပြင်ထုတ်နိုင်သေးတယ်

(2) Wedding Dress ပြင်ပါ
သတို့သမီး သတို့သား အပြင် အရံ မိဘ ဖို့ပါဆို ၃လလောက်စောတာ မပိုပါ ဘူး ၊
ချုပ်ပေးမယ်ဆို အရံတွေရွေးပါအုံး ၊ လူသေချာရမှ ချုပ်ပါ

(3) Make up ဆရာ ရွေးပါ ၊ booking လုပ်ပါ date place time၊

(4)ဓါတ်ပုံဆရာ(Photographer)ပါ ရွေးပါ ၊Booking လုပ်ပါ Date place time

(5) အခမ်းအနားမှူး bookingလုပ်ပါ
မရတက်လို့ ကြို booking စေ ချင်ပါတယ်

၂လ အလို
---------
(1) ဖိတ်စာအတွက်လူချရေးပါ
(Hotel အတွက်လူတွက်လိုလျှင် ၁အိမ် လူ ၂ယောက်နှုန်းမဟုတ်ပါတဲ့ ဖိတ်စာ၁စောင် 1.5 နဲ့မြှောက်ကြည့်ပါတဲ့ )

(2) ဖိတ်စာရိုက်ပါ ၊

1 လ အလိုမှလုပ်လည်းရပေမဲ့ ရိုက်ရမဲ့ရက် နဲ့ စိတ်အေးရအောင်ပါ

၁ လ အလို
----------

(1) ပန်း အလှပြင်ဖို့ ပြောပါ
(2) လက်ဆောင်ကမ်းဖို့ ပစ္စည်းမှာပါ

၂ပတ် အလို
-----------

(1) ဖိတ်စာဝေပါ

(2) Dress ယူထားပါ

(3) အရံဖို့ ဖိနပ် ဝယ်ပါ ၊
ဝတ်စုံက ငှားမှာဆို ၂ ပတ်အလိုလောက် အားလုံးခေါ်သွားရွေး ဘိုကင်လုပ်ထား ရပါတယ်

(4) ကားစီစဉ်ပါ

၂ ရက် အလို
------------

(1) လက်ဝတ်လက်စား ငှားပါ

(2) စိတ်မချရင် အားလုံးကို ph ဆက်ပြီး confirm လုပ်ပါ(hotel ၊ Make up ၊ အခမ်းအနားမှူး ၊ ဂီတ ၊ ပန်း )

(3) လက်သည်း ခြေသည်း ခေါင်းလျှော် စသည် လုပ်ပါ

၁ရက် အလို
-----------

(1) ယူသွားမည့် ပစ္စည်းထည့်ပါ
Dress ထည့်ထားပါ ၊လက်ဝတ်ရတနာ ..ဖိနပ်
Photo Album ၊ Fram ၊ Slide show CD
ပိုက်ဆံ ရှင်းမည့်သူ ၁ယောက်ကိုင်ပါ

(2) ကူမဲ့သူတွေဖုန်းဆက် ချိန်းပါ
ရှေ့ထွက် အရံတွေ မိတ်ကပ်ပြင်ရန် ဘယ် အချိန်အရောက် မိဘတွေ ဘယ်အချိန် ရောက်
လက်ဖွဲ့သိမ်း ၊ ဧည့်ခံ နေရာချ ဘယ်အချိန်
လက်ဖွဲ့ ပစ္စည်းသိမ်း သယ် …ဘယ်သူ ဘယ်ကား

ပျော်ရွှင်ပါစေရှင်

အသားအရေ လှဖို့ ရေနွေးကြမ်း သောက်ကြစို့အသားအရေ ကျန်းမာ ကောင်းမွန်မှုက အလှတိုးစေတဲ့ အချက်တစ်ခုပါ။ အသားအရေ လှပမှုက အများကြာ...
21/01/2022

အသားအရေ လှဖို့ ရေနွေးကြမ်း သောက်ကြစို့

အသားအရေ ကျန်းမာ ကောင်းမွန်မှုက အလှတိုးစေတဲ့ အချက်တစ်ခုပါ။ အသားအရေ လှပမှုက အများကြားမှား ထင်းခနဲ လှပနေစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
အသားအရေ လှပဖို့က မိန်းကလေးတွေမှာပဲ လိုအပ်တာ မဟုတ်ပါဘူး။ အမျိုးသားတွေမှာလည်း အသားအရေ လှပကျန်းမာဖို့ လိုပါတယ်။ အသားအရေ လှပဖို့အတွက် အသားအရေ ထိန်းသိမ်းတဲ့ ပစ္စည်းတွေကို သုံးရမယ် မဟုတ်လား။ ယောကျ်ားလေးတွေအတွက်ကျ တစ်မျိုးကြီးလို့ ထင်နေစရာ ရှိပါတယ်။ တကယ်ကတော့ အသားအရေထိန်းသိမ်းဖို့က လူတိုင်း ကျား၊ မ မရွေး လုပ်ရမယ့် အရာတစ်ခုပါ။
အသားအရေ လှပဖို့ အသားအရေ ထိန်းသိမ်းတဲ့ ပစ္စည်းတွေကပဲ လုပ်ဆောင် ပေးနိုင်တာလား …….
အသားအရေ လှပဖို့ အသားအရေ ထိန်းသိမ်းတဲ့ ပစ္စည်းတွေကပဲ လုပ်ဆောင် ပေးနိုင်တာလား ……. ဆိုတော့ မဟုတ်ပါဘူး။ အသားအရေ လှပဖို့ အစားအသောက်တွေကလည်း လုပ်ဆောင်ပေးနိုင်ပါတယ်။
ဒီတစ်ခေါက်တော့ အသားအရေ လှပဖို့ အမျိုးသမီးတွေရော အမျိုးသားတွေပါ လက်လှမ်းမီသလို နေ့စဉ် စားသုံးမိနေတဲ့ အရာလေးက ဘယ်လိုများ ထောက်ပံ့ပေးနေလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဒါလေးကတော့ အမျိုးသမီးတွေ လက်ဖက်စားရင်း သောက်မိတတ်သလို အမျိုးသားတွေလည်း လက်ဖက်ရည်ဆိုင် ထိုင်ရင်း သောက်မိတတ်ကြတဲ့ ရေနွေးကြမ်းလေးပါ။
ဒီတော့ ရေနွေးကြမ်းလေးက အသားအရေ လှပဖို့အတွက် ဘယ်လိုများ ထောက်ပံ့ပေးနိုင်လဲဆိုတာကို ပြောပြပေးသွားပါမယ်။
အသားအရေလှဖို့ ရေနွေးကြမ်း သောက်ကြစို့
ရေနွေးကြမ်းကတော့ နေ့စဉ် သောက်သုံးမိနေတဲ့ အရာမို့လို့ အားလုံးအတွက် အပန်းမကြီးလောက်ဘူး ထင်ပါတယ်။ အသားအရေ လှဖို့ ရေနွေးကြမ်း သောက်ကြစို့ ဆိုတော့ ဘာတွေများ ကောင်းလို့လဲဆိုပြီး သိချင်နေပြီဟုတ် ….. အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။
ရေနွေးကြမ်းလေးက အသားအရေကို အခုလိုလေးတွေ လှပစေတာပါ။
ဝက်ခြံ သက်သာစေတယ်
ရေနွေးကြမ်း သောက်တဲ့အခါ ထည့်သောက်တဲ့ လက်ဖက်ခြောက်မှာ polyphenolic compound EGCG (epigallocatechin-3-gallate) ပါဝင်နေပါတယ်။ ဒီ ပစ္စည်းလေးက ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝသလို သဘာဝအတိုင်း အရောင်ကျစေနိုင်ပါတယ်။
ဝက်ခြံတွေ မဖြစ်အောင် ကာကွယ်ပေးသလို အခြား အရေပြား ပိုးဝင်တာတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။ ဝက်ခြံကြောင့် ရောင်ရမ်းတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။
အရေပြား ကင်ဆာ ကာကွယ်ပေးတယ်
၂၀၀၃ ခုနှစ်က လုပ်ဆောင်ခဲ့တဲ့ သုတေသန ရလဒ်တွေအရ ရေနွေးကြမ်း သောက်ပေးတာက အရေပြားကို ခရမ်းလွန်ရောင်ခြည် အလွန်အကျွံ ထိတွေ့မှုကြောင့် ထိခိုက်တာကနေ ကာကွယ်ပေးပါတယ်။
နေရောင်ထဲမှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေ ထိခိုက်ပျက်စီးတာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
အဆီပြန်တာကို သက်သာစေနိုင်တယ်
ရေနွေးကြမ်း သောက်တဲ့အခါ ထည့်သောက်တဲ့ လက်ဖက်ခြောက်မှာ EGCG ပါဝင်တာကြောင့် အဆီပြန်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ် အဆီဂလင်းတွေက အဆီပိုတွေ မထုတ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။
ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ချွေးပေါက်တွေကို ပွင့်စေနိုင်ပါတယ်။ အဆီပြန်တဲ့ အသားအရေ မဖြစ်စေဖို့ သောက်ပေးလို့ ရပါတယ်။
အရွယ်တင်စေနိုင်တယ်
လေ့လာမှုတွေအရ လက်ဖက်ခြောက်မှာပါတဲ့ အဆီအနှစ်က အသားအရေကို တင်းရင်းစေပြီး အရေပြားကို အရွယ်တင်စေနိုင်ပါတယ်။ အစိုဓာတ် ထိန်းပေးပြီး အသားအရေကို နေရောင်ကြောင့် အစက်အပြောက်တွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။
ရေနွေးကြမ်းကို သောက်သုံးပေးလို့ ရသလို အရေပြားပေါ်ကို တိုက်ရိုက် လိမ်းပေးလို့လည်း ရပါတယ်။ အရေပြားပေါ် တိုက်ရိုက် လိမ်းပေးတာက အရေပြားပေါ်မှာ ရှိတဲ့ ဆဲလ်သေတွေ၊ ဘက်တီးရီးယားတွေ၊ မှိုပိုးတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်မှာ ဖြစ်သလို ချွေးပေါက်တွေကိုလည်း ပွင့်စေမှာပါ။
အသားအရေကို ကြည်ကြည်လင်လင်လေး လှပချင်တယ်ဆိုရင်တော့ ရေနွေးကြမ်းထဲကို သံပုရာရည် နည်းနည်းလောက် ညှစ်ပြီး သောက်ပေးလို့ရသလို လိမ်းပေးလို့လည်း ရပါတယ်။

Hello Sayaron မှ တစ်ဆင့် ကူးယူဖော်ပြပါသည်။

Address

Yangon

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00

Telephone

+959778825372

Website

Alerts

Be the first to know and let us send you an email when Nway Oo Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share