Daffodil Book Shop

Daffodil Book Shop

လက်ကျန်လရောင် စာအုပ်လေး မင့် ဆီမှာ လာမှာလို့ရပါတယ်ရှင့်❤️
24/06/2024

လက်ကျန်လရောင် စာအုပ်လေး မင့် ဆီမှာ လာမှာလို့ရပါတယ်ရှင့်❤️

၂၀၁၇ ခုနှစ်က စတင်ထုတ်ဝေခဲ့တဲ့ လက်ကျန်လရောင် ဟာ ၂၀၂၄ ခုနှစ်မှာ ၇နှစ်ပြည့်ပါတယ် ။ဒီဝတ္ထုနဲ့ပတ်သက်ပြီး စာရေးသူကျွန်မမှာအမှတ်တရများစွာရှိခဲ့သလို စာဖတ်သူတွေမှာလည်း အမှတ်တရများစွာရှိမယ် ထင်ပါတယ် ။ လက်ကျန်လရောင်နဲ့အတူ မင်းနန်သူရွာဝန်းကျင်နဲ့ လေးထောင့်ကန်ဝန်းကျင်ကို သွားကြတဲ့ဓာတ်ပံုလေးတွေကိုမြင်တွေ့ရတိုင်း စိတ်ကြည်နူးရပါတယ် ။ ကျွန်မ ပုဂံရောက်တဲ့အခါမှာလည်း တုတ်တုတ် မောင်းသူတွေ ၊ စျေးရောင်းသူတွေ ၊ ဒေသခံဧည့်လမ်းညွှန်လေးတွေက လက်ကျန်လရောင်ရဲ့သတင်းစကားကို ပြောပြကြပါတယ် ။ အဲ့ဒီ့စာအုပ်ကြောင့် မင်းနန်သူကို ပို့ပေးနေရကြောင်း တုတ်တုတ်မောင်းသူတွေရဲ့ပြောစကားကိုလည်း ကြားခဲ့ရပါတယ် ။ မင်းနန်သူမှာ မြကျေးရံုကိုသွားရှာသူတွေ ၊ ဆူးပုပ်ရဲ့ ကျွန်းသီရိရွာကို သွားကြသူတွေ အကြောင်းကိုလည်း ကြားသိရပါတယ် ။စိတ်ကြည်နူးရဆံုးကတော့ ဒီစာအုပ်ဖတ်ပြီး ရှေးဟောင်းအမွေအနှစ်တွေကို တန်ဖိုးထားတတ်လာတယ်ဆိုတဲ့စကားကို ကြားရချိန်ပါပဲ ။

#ပုညခင်
#လက်ကျန်လရောင်

ပန်းတွေက ရိုးသားပါတယ်မေရယ်ပန်းကိုပေးတဲ့ လက်တွေကသာမရိုးသားတာပါအောင်က ရိုးသားခြင်းတွေကိုပဲ လက်ခံခဲ့တာပါ- #ပန်းကြာ၀တ်မှုန် ...
24/06/2024

ပန်းတွေက ရိုးသားပါတယ်မေရယ်
ပန်းကိုပေးတဲ့ လက်တွေကသာမရိုးသားတာပါ
အောင်က ရိုးသားခြင်းတွေကိုပဲ လက်ခံခဲ့တာပါ

- #ပန်းကြာ၀တ်မှုန်
#ခင်ခင်ထူး
တန်ဖိုး ၁၂၀၀၀ကျပ်

ဆရာမခင်ခင်ထူးဆိုတာနဲ့ မအိမ်ကံကိုပဲ အရင်ဆုံးပြေးမြင်မိကြမယ် ထင်ပါတယ်။ဆရာမရဲ့ စာအုပ်အများစုဟာ အညာကြောရိုးနောက်ခံထားပြီး အည...
24/06/2024

ဆရာမခင်ခင်ထူးဆိုတာနဲ့ မအိမ်ကံကိုပဲ အရင်ဆုံးပြေးမြင်မိကြမယ် ထင်ပါတယ်။
ဆရာမရဲ့ စာအုပ်အများစုဟာ အညာကြောရိုးနောက်ခံထားပြီး အညာဓလေ့စရိုက်တွေ ရေးဖွဲ့တာများပါတယ်။
'' ၀တ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်'' စာအုပ်လေးကလည်း ရိုးရာနတ်ပွဲဖြစ်တဲ့ ကိုကြီးကျော်နတ်ပွဲသွားရင်း ဧရာ၀တီ ဆပ်ကမ်းရွာတစ်ရွာဖြစ်သည့် မြေတော်ရွာ၏ အနောက်မြောက်ယွန်းယွန်းမှာရှိတဲ့ ဖြုံဖူးရွာသူ ခင်နှောင်းနဲ့ ကိုကြီးကျော် နတ်နန်းရှိရွာ ထန်းတောကူနီရွာသား ကိုကျီးညိုတို့ရဲ့ ရင်နင့်ဖွယ် ချစ်ခြင်းမေတ္တာအကြောင်းလေး ရေးဖွဲ့ထားတာဖြစ်ပါတယ်။

စတွေ့ကတည်းက ခင်နှောင်းကိုစိတ်၀င်စားပြီး
အမှတ်မထင် မမျှော်လင့်ပဲ ခင်နှောင်းအိမ်မှာကူညီလုပ်ကိုင်ရင်း ခင်နှောင်းမျက်နှာ တစ်ကမ္ဘာအမှတ်နဲ့ သူရင်းငှားဘ၀ရောက်သွားတဲ့ ကိုကျီးညို
အိမ်ကြီးရှင်တွေအပေါ် စေတနာထားလုပ်ကိုင်ပေးရင်း
ဘ၀ပေးအခြေနေအရ ချစ်ရသူ ခင်နှောင်းကို ဖွင့်မပြောရဲပဲ အရိပ်တကြည့်ကြည့်နဲ့ တိတ်တခိုးချစ်နေမိတဲ့ ကိုကျီးညို

သူရင်းငှား၊ သူရင်းတိုင်လို့ သဘောမထားပဲ
အမေတစ်ခု သားတစ်ခုဘ၀နဲ့ အမေအိုကြီးကို ရိုးသားစွာလုပ်ကိုင်ကျွေးမွေးနေတဲ့ ကိုကျီးညိုအပေါ် အနေကြာလာတာနဲ့အမျှ သံယောဇဉ်တွေပိုမိခဲ့တဲ့ ခင်နှောင်း

သူရင်းငှားနဲ့ သူရင်းတိုင်အခြေအနေ
ဂုဏ်ကြီးရှင်နဲ့ အညတရဘ၀တွေဆိုတာ
ရှင်ကွဲမဟုတ်ရင် သေကွဲကွဲရတာများပါတယ်။

ကိုကျီးညိုဟာ အညာရဲ့ရိုးရာနတ်ပွဲဖြစ်တဲ့ ကိုကြီးကျော်ပွဲရက်မှာ ချစ်ရသူခင်နှောင်းပြန်အလာစောင့်မျှော်ရင်း၊
ချစ်ရသူ ခင်နှောင်းတစ်ယောက် ပြန်ရောက်မလာတဲ့ခါ
၀မ်းနည်းစိတ်၊ လွမ်းဆွတ်စိတ်တွေနဲ့ နောက်ဆုံးအသက်ပါဆုံးသွားတဲ့အထိ ခင်နှောင်းအပေါ်ကို အချစ်ကြီးချစ်ရင်း သေကွဲကွဲသွားတဲ့ ဇာတ်လမ်းလေးပါပဲ။

အများကြီး​ရေးရင် စာရှည်သွားမှာရော Review မရေးတတ်တဲ့ ကျနော့်အားနည်းချက်ကြောင့် စာအုပ်လေးအပေါ် ခံစားမူရော့သွားမှာစိုးတာကြောင့် ဒီနေရာမှာတင်ပဲ ရပ်လိုက်ပြီဗျာ။

စာအုပ်လေးဟာ ကျေးလက်အညာဓလေ့စရိုက်နဲ့ အညာရိုးရာပွဲတော်တွေအကြောင်းဖော်ကြုးရင်း ဘ၀ပေးအခြေနေမတူလို့ သေကွဲကွဲသွားတဲ့ထိဖြစ်သွားတဲ့ ချစ်သူနှစ်ဉီးရဲ့ ရင်နင့်ဖွယ်ဇာတ်လမ်းလေးမို့ ၀ယ်ဖတ်စေချင်ပါတယ်။

ကျနော်ကတော့ ဒီစာအုပ်ဖတ်ပြီး တစ်နေ့ကျရင် ပခန်းနယ်က ကိုကြီးကျော်နတ်ပွဲကို ရောက်အောင်သွားမယ်လို့ ဆုံးဖြတ်ထားတယ်ဗျာ။ ။

- - - ခက်လူ
လေးစားကျေးဇူးတင်စွာcrdပေးပါတယ်ရှင်🥰

ခင်ဖုန်းသက်ဝေ ဖတ်ဖို့နွေရိုးသားနိုင်သလောက်အမြင့်ဆုံးတောင်ကုန်းမှာကျနော်နေရာယူထားဆဲပါ ခင်ဖုန်းသက်ဝေ။မိုးရိပ်မိုးဦးတွေ ကျူ...
24/06/2024

ခင်ဖုန်းသက်ဝေ ဖတ်ဖို့နွေ
ရိုးသားနိုင်သလောက်
အမြင့်ဆုံးတောင်ကုန်းမှာ
ကျနော်နေရာယူထားဆဲပါ ခင်ဖုန်းသက်ဝေ။
မိုးရိပ်မိုးဦးတွေ ကျူးပြီဆိုရင်
ပန်းနီနီတွေ ပွင့်ပြီဆိုရင်
ခြွင်းချက် မရှိ အယူသည်းနေတတ်တုန်းပါပဲ။
ကျနော်တို့ရဲ့ ပုံတိုပတ်စလေးတွေအကြောင်း
ချဲ့ကားထားတဲ့သီချင်းတွေတော့တခါတလေ ရေးဖြစ် ဆိုဖြစ်ပါတယ်။
ပိုးဖလံလေးတကောင်
သူ့အတောင်ပံတွေကိုချွတ်ချလိုက်သလိုပေါ့။
ဘေးလူတွေအမြင်မှာ ပေါ့ပါးနေပေမယ့်
သူ့လေးလံဖိစီးမှုနဲ့သူပါ ခင်ဖုန်းသက်ဝေ။
ဒီလိုကြောင့်သာ
ကျနော် မီးကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။
ကန်သုံးဆင့်ကို
ရောက်ဖြစ်ခဲ့သေးတယ်
ရေလှိုင်းလာရာအတိုင်း
ရေညှိပင်လေးတွေ ဆက်လက်ရွေ့ရှားနေကြ
ရေလယ်ကျွန်းကငှက်တွေ
အရင်လို တေးသီဖောင်ဖွဲ့နေကြ။
တံတားပျက်ကြီးရဲ့လက်ကျန်တိုင်တွေက
ရေလည်မှာထိုးထိုးထောင်ထာင်နဲ့
လှမ်းပြီးနှုတ်ဆက်တယ်
အင်မတန် အထီးကျန်လှပေမယ့်
ခုထိပြိုလဲခွင့်မရသေးပါဘူးကွာတဲ့။
တချို့လူတွေအတွက်
လမ်းခွဲတယ်ဆိုတာလွယ်လွန်းပါတယ်
ကိုယ့်အအေးဖိုးကိုယ်ရှင်းပြီး ထပြန်ကြရုံပဲ။
ခက်တယ် ခင်ဖုန်းသက်ဝေရယ်။
မအောင်မြင်ခဲ့တဲ့မြောက်အရပ်က ကြယ်တွေ
ဓူဝံကြယ်ကိုစိတ်နာသလို
ဘယ်သူငိုနေတာလည်းကွယ်
ဒီမှာ သိပ်ခက်တယ်။
ကမ်းပြိုနားကသစ်ပင်ကတော့
မရှိရှာတော့ဘူး။
အဲ့ဒီလိုဆိုမှဖြင့် သူ့သစ်မြစ်တွေမှာ
ငြိနေခဲ့ဖူးတဲ့
ကျနော်တို့ရဲ့ စက္ကူလှေလေးလည်း
မရှိတော့ဘူးပေါ့။
နတ်ဝှက်ထားတာလို့ချည်း ကျနော့်စိတ်မှာ
ထင်မိနေသေးတယ်။
အချစ်တဲ့
ခြင်္သေ့အားလုံး သိုးငယ်ဖြစ်သွားတဲ့တောအုပ်
နှုတ်ဆက်ပါတယ်။
ဟယ်လင်ကဲလားပြောတဲ့အတိုင်းဆိုရင်
ခင်ဖုန်းသက်ဝေ မှန်ပါတယ်
ချစ်စရာကောင်းတဲ့ ဘယ်မိန်းမပျိုက
အကြာကြီးစောင့်နေမှာ မို့လို့လဲ။
ရှေ့ကိုသွားနေတဲ့ရထား မှာ
နောက်ပြန်ထိုင်စီးရင်း
ဝေးကွာခြင်းဆိုတာကို ပိုနားလည်လာရတယ်။
မဲဇလီပင်တန်းတွေ တရွေ့ရွေ့ကျန်ခဲ့ပြီ
ဖဲကြိုးရောင်စုံတွေ ကျန်ခဲ့ပြီ
ဖိုးချိုသီချင်းတွေကျန်ခဲ့ပြီ
ပန်းသင်္ချိုင်းက စောင့်နေမယ်ဆိုတာတွေ ကျန်ခဲ့ပြီ
ကျောင်းသားကဒ်ပြပြီး
စက်ဘီးငှားလို့ရတဲ့ ဆိုင်လေးတွေကျန်ခဲ့ပြီ။
ဟိုနားက သီချင်းစသင်တဲ့နေရာ
ဒီနားက အချစ်စသင်တဲ့နေရာ
အားလုံးကျန်ခဲ့ပြီ။
ဘယ်သူ့ခေါ်သံမှ ကြားရလို့တော့မဟုတ်ပါဘူး
ရွာရိုးကိုးပေါက်
ကျနော်လျောက်သွားနေခဲ့တာ
ဆယ်စုနှစ် တခုစာ
တယူဇနာ နှစ်ယူဇနာ
ခြေရာတွေတောင်ပြာလို့
ပင်လယ်ပက်ပင်းနဲ့ ကျွန်းကြိုကျွန်းကြားမှာ
အိပ်တဲ့အခါအိပ်တယ်။
တခါတလေ ကမ်းခြေတွေ..
ကျောက်ညိုနန်းဆောင်မြင့်တွေ
ခရုခွံတွေ ဖွေးဖွေးလှုပ်အောင်ခင်းထားတဲ့
ရိုးမြေကျလမ်းကလေးတွေ။
တခါတခါ ဆန်းပြားလွန်းတဲ့ ခင်တန်းသာယာတွေ
ခင်ဖုန်းသက်ဝေလို
လူစကားပြောတတ်တဲ့ ပန်းပွင့်လေးတွေ။
တခါတလေ
တချို့တောင်ပေါ်ရွာလေးတွေမှာ
တဆောင်း တနွေ
ကျနော်ပျော်သလောက် နေပစ်လိုက်တာပဲ
သူတို့ဘာသာစကားနဲ့
ထိကရုန်းပင်လေးကို"ရှက်တတ်မ"တဲ့။
ဒီလို တိုက်ဆိုင်လာတဲ့ညတွေဆိုလူတခြား အိပ်မက်တခြားပဲ။တခါတခါတော့
ခေါင်းစဉ်ပေါ့ပျက်ပျက်နဲ့ စစ်မက်လမ်းကြားတွေ
အရင်နည်းကိုသုံးပြီး
မုန်းချင်တိုင်းမုန်းနေကြတဲ့ညီအကိုတွေဆေးဆရာနဲ့ လူသတ်သမား
နှစ်ကိုယ်ခွဲထားကြသူတွေ။
တခါတလေ
မုတ်သုံကွယ်ရာ လျှိုတွေ မြောင်တွေ
ကွန်ကရစ်နာကျနေတဲ့ မြို့ပြတွေ။
တခါတခါ
စိတ်လိုက် မာန်ပါ ငိုခွင့်မရှိတဲ့ ထပ်ခိုးလေးတွေ။
ဒီလိုအရစ်ကျစနစ်နဲ့
ကျနော် ကဗျာဆရာဖြစ်လာခဲ့ပုံရပါတယ်။
မြေကမ္ဘာရေ..
ခင်ဖုန်းသက်ဝေရေ..
ဟောဒီလို ရတုဆိုးတွေ လင်္ကာပျက်တွေနဲ့
သေးနုပ်သူရဲ့ ဆက်သမှုမှာ ပျော်နိုင်ကြပါစေ။
ပုံမှန်ပါပဲ ...
ခင်ဖုန်းသက်ဝေ ..
ဗျစ်တောက်ဗျစ်တောက်ပြောဖူးသလို
ဆေးခန်းပြဖြစ်တိုင်း
အချိန်မှန်မှန်စားခိုင်းတာတို့
စီးကရက်တွေ အပူအစပ်တွေ လျော့ခိုင်းတာတို့။
ဘယ်အချိန်ကတည်းက
ဒီလိုစအောင့်တာလဲဆိုတော့
"လျှို့ဝှက်သော နှင်း"ရုပ်ရှင်
ရုံတင်တဲ့နေ့ကပေါ့လို့
ကျနော်ပြန်ဖြေလိုက်တယ်။
သူတို့နားမလည်ကြဘူး ခင်ဖုန်းသက်ဝေ။
ခုနှစ် သက္ကရာဇ်တွေ
ဒါတွေကိုပဲ ထပ်ထပ်မေးနေတယ်။
စုံလုံးကန်းနေသူက ရှုမျှော်ခင်းကို ကြည့်သလို
ကျနော့်ကို သူတို့ကြည့်ကြတယ်။
အားလုံးကို ရွပ်ရွပ်ချွံချွံ
အရှုံးပေးလိုက်ပါတယ်။
မနေ့ကကို ဒီနေ့လို့ စိတ်မှာထင်လာရင်
အားလုံး လွမ်းတတ်သွားကြပါလိမ့်မယ်။
ခွင့်လွတ်နေကျ ကမ်းပါးတွေကို
တိုက်စားဖြိုချခဲ့တဲ့မြစ်
ကျနော်အပြစ်ရှိတာ ကျနော်သိပါတယ်။
ကျနော်မှားခဲ့ပါတယ်
ဒါက
ဧပရယ်ထောင့်က သစ်တပင်ဖြစ်ပါတယ်
တောင်းပန်ပါတယ်။
ဒါက ကျနော်ပွင့်စေချင်တဲ့
စနေရောင် ပန်းတပွင့်ဖြစ်ပါတယ်။
ခင်ဖုန်းသက်ဝေလှောင်ရယ်နေမှာလည်း
ကျနော်သိပါတယ်
ကြည့်နေတဲ့သူတွေ နှ‌မြောသွားတဲ့အထိ
ရယ်တတ် ပြုံးတတ်တာ
ကျနော်သိပါတယ်။
အလွယ်တကူ ထုတ်သုံးမိတိုင်း
အလွမ်းဟာ အန္တရာယ် များလှတယ်။
နွေလေရူးတွေ
ဇဝေဇဝါနဲ့ တိုက်နေကြပြန်ပါပြီ။
အလွန်အကျွံ စွန့်စားရတဲ့အရပ်မှာ
သူလို ငါလို
ကျနော်အရင်လိုပါပဲ ခင်ဖုန်းသက်ဝေ။
ဒီတညလည်း အရင်ညကဆုတောင်းလို
တခါလောက်ပဲ
ထပ်တွေ့ချင်မိပါတယ်။
နှုတ်ဆက်ဖို့ပါ ။ ။
#သန်းတင့်

Crd

ဖာရာရီလမ်းခွဲ📖🌿ဒီစာအုပ်ကိုဖတ်မိလိုက်တာ နောင်တရတယ် သိနေတာကြာပြီ ခုမှဖတ်မိရလေခြင်းဆိုတဲ့ အဖတ်နောက်ကျလေခြင်းဆိုတဲ့ နောင်တမျ...
24/06/2024

ဖာရာရီလမ်းခွဲ📖🌿
ဒီစာအုပ်ကိုဖတ်မိလိုက်တာ နောင်တရတယ်
သိနေတာကြာပြီ ခုမှဖတ်မိရလေခြင်းဆိုတဲ့
အဖတ်နောက်ကျလေခြင်းဆိုတဲ့ နောင်တမျိုးပါပဲ

ဖာရာရီလမ်းခွဲ တဲ့
စာအုပ်နာမည်လေးက ကဗျာဆန်ဆန်လေးပါပဲ
နာကြင်ဖွယ်လမ်းခွဲတစ်ခုခုကို ရည်ရွယ်ပြီး ရေးသားထားတဲ့ ဝတ္ထုလို့ တွေးထင်စရာပေါ့
ကျ​နော်လည်း အရင်က ဒီလိုပဲ ထင်ထားခဲ့တာပါ
ဖတ်ကြည့်လိုက်တော့မှာ ကိုယ်ထင်ထားတာနဲ့ လုံးဝ ကွဲလွဲနေကြောင်းသိလိုက်ရတယ်
အို.. ဖာရာရီလမ်းခွဲဆိုတာ နာကြင်စရာတစ်စုံတစ်ခုနဲ့ လမ်းခွဲခြင်းကိုရေးသားထားတာမှမဟုတ်ပဲ
ပျော်ရွှင်ဖို့ အောင်မြင်ဖို့ အတွက်
အကောင်းဆုံး ဆေးနည်းတစ်ခု ဘဝအဓိပ္ပါယ်အစစ်ကို တွေ့ရစေမယ့်
စိတ်ရဲ့သော့ချက်တစ်ခုကို လမ်းညွှန်ထားတဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်နေပါတယ်

နိုင်ငံကျော် ထိတ်ထိတ်ကြဲရှေ့နေကြီး ဂျူလီယန်မန်တဲလ် ဆိုတဲ့လူတစ်​​ယောက်ဟာ
စည်းစိမ်ဥစ္စာတွေ အောင်မြင်မှုတွေ နဲ့ လူတိုင်းလိုချင်မက်မောစရာတွေကိုပိုင်ဆိုင်ပြီး လိုလေသည်မရှိပြည့်စုံတဲ့ဘဝတစ်ခုကို ရရှိထားခဲ့တယ်
ငွေကြေးဥစ္စာတွေ ရာထူးစည်းစိမ်တွေနဲ့ ပြည့်ပြည့်စုံစုံနေရပေမယ့်လည်း
အသက် ၅၃ နှစ်အရွယ် ဂျူလီယန်ဟာ အသက် ၇၀ အရွယ်အဖိုးအိုတစ်​​ယောက်လို အိုစာနေခဲ့တယ်
သူ့အလုပ်ရဲ့ဖိစီးမှု ကြောင့် စိတ်ပိုင်းဆိုင်ရာရော
ရုပ်ပိုင်းဆိုင်ရာပါ ထိခိုက်ပျက်စီးတာတွေ ရှိလာတာပေါ့
တနေ့ ဂျူလီယန်ဟာ သူ့အလုပ်ဖြစ်တဲ့ တရားရုံးအတွင်းမှာပဲ နှလုံးထဖောက်ပြီး လဲကျသွားခဲ့တယ်
ဒီမတိုင်ခင်ကမှစိတ်ဒဏ်ရာတစ်ခုကိုလည်း သူ ရနေခဲ့တယ်
နောက်ဆုံး သူ့အလုပ်ကိုတောင် စွန့်လွှတ်လိုက်ရတယ်
ဒီလိုနဲ့ ဂျူလီယန်ဟာ သူပိုင်ဆိုင်သမျှတွေကိုရောင်းချပြီး
ရှေးဟောင်း ယဥ်ကျေးမှု ရှေးဟောင်းအလေ့အထတွေပေါတယ် အိန္ဒိယကို ထွက်ခွာခဲ့တယ် ဒီ​နောက်ဟိမဝန္တာတောနက်ထဲမှာရှိတဲ့ သူတော်စင်ကြီးတွေနဲ့ဆုံပြီး ဘဝရဲ့အဓိပ္ပါယ်ကို ရှာတွေ့သွားခဲ့တယ်
တကယ်အောင်မြင်တဲ့ဘဝ တကယ်စစ်မှန်တဲ့ပျော်ရွှင်မှုကို ဘယ်လိုယူရသလဲဆိုတဲ့ အချက်ကို ပိုင်ပိုင်နိူင်နိူင်သိသွားခဲ့တယ်

အရာရာတိုင်းဟာ အကြောင်းမဲ့ဖြစ်ခဲ့ကြတာမဟုတ်ဘူး ။
ဘဝမှာ ဖြစ်ပျက်သမျှအရာတိုင်းမှာ အကြောင်းပြချက်ရှိပြီး ကျရှုံးမှုတိုင်းမှာလည်း သင်ခန်းစာယူစရာတွေ ကိန်းဝပ်နေပါတယ် ။
ဘယ်လိုကျရှုံးမှုပဲဖြစ်ဖြစ် ကျရှုံးမှုတိုင်းဟာ လူတစ်ယောက်တိုးတက်ဖို့ အမြဲအသုံးဝင်ပါတယ်။ ပြီးဆုံးသွားတဲ့ အတိတ်တွေအတွက် ဘယ်တော့မှနောင်တမရပါနဲ့ ။ အဲဒီအစားအတိတ်ဟာ ကိုယ့်ကို ဘဝအကြောင်းသင်ပေးနေတဲ့ ဆရာတစ်ယောက်အဖြစ်သာ စိတ်ထဲသတ်မှတ်ထားပါ ။

ဒါကတော့ ဂျူလီယန်ကို သူတော်စင်တစ်ယောက်
ပြောခဲ့တဲ့စကား ပေါ့

စိတ်ဆိုတာ အကောင်းဆုံးအစေခံပါ ။ ဒါပေမယ့်
အဆိုးရွားဆုံး သခင်လည်းဖြစ်နေတတ်တယ် ။

ဒါက ဂျူလီယန် ပြောခဲ့တဲ့စကား ပါပဲ

ဆရာမိုးရှင်းရဲ့ ဖာရာရီလမ်းခွဲ ဆိုတဲ့ ဒိီစာအုပ်လေးဟာ သေချာတာကတော့ တစ်ခါဖတ်ပြီး မေ့ပစ်ရ
မယ့်စာအုပ်မဟုတ်ပဲ အကြိမ်ကြိမ်ပြန်ဖတ်ပြီး စွဲမြဲနေရမယ့်စာအုပ်ကောင်းလေးတစ်အုပ်ပါပဲ
ဒီစာအုပ်ထဲမှာပါတဲ့ အကြောင်းအရာတွေ အလေ့အကျင့်တွေ နည်းလမ်းတွေဟာ ကျနော်တို့ လျောက်လှမ်းနေတဲ့ ဘဝမှာ စစ်မှန်တဲ့အောင်မြင်မှုတွေ စိတ်ချမ်းသာပျော်ရွှင်မှု တွေကို ရှာတွေ့ဖို့ အကောင်းဆုံးအထောက်အကူဖြစ်စေပါတယ်

-ရိပ်ငြိမ်-
လေးစားစွာ crdပေးပါသည်🙏
----------

စာအုပ်တန်ဖိုး - ၅၀၀၀ကျပ်

စာအုပ်ကိုသဘောကျဖတ်ရှုလို၍မှာယူလိုပါက
Page cbတွင် ဆက်သွယ် မှာယူနိုင်ပါတယ်💙

✍️မင်းသိင်္ခ📒ဧကံသ ဗျာကရဏဗေဒ ဗေဒင် နောက်ဆုံးပေါ်ဗေဒင်ကျမ်းကြီး (တတိယအကြိမ်)တန်ဖိုး-20000ကျပ်စာမျက်နှာ-104ထွက်ပါပြီရှင့်
24/06/2024

✍️မင်းသိင်္ခ
📒ဧကံသ ဗျာကရဏဗေဒ ဗေဒင် နောက်ဆုံးပေါ်ဗေဒင်ကျမ်းကြီး (တတိယအကြိမ်)
တန်ဖိုး-20000ကျပ်
စာမျက်နှာ-104
ထွက်ပါပြီရှင့်

မသိန်းရှင်ဆီပို့ပေးပါ      လူဟာ ဘာကောင်ကြီးဖြစ်နေနေ သူဖြတ်သန်းရတဲ့ခေတ်ရဲ့ ရိုက်ခတ်မှုကို မလွန်ဆန်နိုင်ဘူး။ ဘာကောင်ကြီးမှ...
24/06/2024

မသိန်းရှင်ဆီပို့ပေးပါ

လူဟာ ဘာကောင်ကြီးဖြစ်နေနေ သူဖြတ်သန်းရတဲ့ခေတ်ရဲ့ ရိုက်ခတ်မှုကို မလွန်ဆန်နိုင်ဘူး။ ဘာကောင်ကြီးမှ မဟုတ်တဲ့သူတွေမှာတော့ ပိုတာပေါ့လေ။ ထန်းလျက်ကို မှောင်ခိုပစ္စည်းအဖြစ် ရောင်းဝယ်သယ်ယူရတဲ့ ခေတ်ကာလမှာ ရထားတစ်စင်းပေါ်မယ် ကုန်စိမ်းရောင်းရသူတွေ၊ မှောင်ခို သယ်လာပြီး ရောင်းချရတဲ့သူတွေ၊ မှောင်ခို ပစ္စည်း ထန်းလျက်ကို စစ်ဆေးရမယ့် လက်မှတ်စစ်တွေ၊ ရထားပေါ်ရှိသမျှ (မှောင်ခိုပစ္စည်း သယ်ခွင့်ရဖို့ ပိုက်ဆံပေးရမယ့် သူတွေ)လူတိုင်းနဲ့ ညားနေရတဲ့ ကုန်စိမ်းသည်လေးတွေ အကြောင်းတွေ။

"ပေါ့ပေါ့ပါးပါး စိတ်အေးချမ်းစရာလေးတွေ ဖတ်ချင်ရင် နိုင်ဝင်းဆွေရဲ့ စာတွေမဖတ်နဲ့ "ဆိုတဲ့အတိုင်းပါပဲ။
ဒါက အဲဒီခေတ်ကာလမှာ သေအောင်ကြိုးစားရုန်းကန်လည်း ထမင်းနပ်မမှန်နိုင်သေးတဲ့ မိသားစုထဲက တစ်စုံတစ်ယောက်တွေရဲ့ အကြောင်းကို စုစပ်ရေးထားတာပါ။ ဒီအချိန်မှာဖတ်ရင် ကောင်းကောင်းနားလည်ခံစားရမှာ။

မသိန်းရှင်ဆီပို့ပေးပါဆိုတာက အသားတွေ အပိုင်းပိုင်းပြတ်ပြီး
သေကာနီး ကုန်စိမ်းသည်လေးရဲ့ နောက်ဆုံးစကားပါ။ နောက်ဆုံးအထိ စိတ်မဖြောင့်နိုင်တာက သူ့ထန်းလျက်တောင်းလေး မသိန်းရှင်ဆီ မရောက်နိုင်မှာကိုပါ တဲ့လေ။

တကယ်တမ်း ဖတ်ဖြစ်တော့
စနစ်မကောင်းတဲ့အခါ အကျင့်ပျက်လာကြပြီးရာထူးအဆင့်ဆင့်ကလူတွေရဲ့ အာဏာ ရပိုင်ခွင့်တွေ အလွဲသုံးစား‌မှုတွေဟာ တိုင်းပြည်တစ်ခု(လွန်ပါတယ် တိုင်းပြည်ရဲ့ နင်းပြားတွေ)အတွက် လူ့ငရဲပါပဲ။
"လုပ်စားမိုးခေါင် ခိုးစားတော့ခွေးဟောင်" ဆိုပြီး အထဲက ဇာတ်ကောင်ရဲ့ ဖော်ပြချက်ဟာ တိကျလွန်းနေတယ်။
ညိုညိုဟာ စ လာကတည်းက ချစ်စဖွယ် crybaby လေးတစ်ယောက်အဖြစ်လာခဲ့ရမှာပါ။ ဒါပေမယ့် ကံကြမ္မာရဲ့ တိုက်စားမှုက အရမ်းကြမ်းတမ်းတော့ ကလေးမလေးဒီလိုဖြစ်တာ ပုံမှန်ပဲလိုမြင်လာမိတဲ့အထိပါပဲ။
သူ့ရဲ့ဘဝမှာ ကံအကျိုးပေးနည်းပေမယ့် ငဲ့စရာတွေ အရမ်းများနေခဲ့တယ်။ ငယ်ရွယ်တဲ့ နှလုံးသားလေးက လွတ်လွတ်လပ်လပ် ချစ်ချင်ခဲ့ပေမယ့် သူပိုင်ဆိုင်တာဆိုလို့ တစ်ခုပဲ ရှိတဲ့ တလွဲမဟုတ်တဲ့ ဖြူစင်နဲ့ မာနလေးတစ်ခုနဲ့ပဲ ကိုယ့်ကိုယ်ကိုယ်ထိန်းကျောင်းခဲ့တယ်။ Inferiority Complex ဆိုတဲ့ သိမ်ငယ်စိတ်ရှိပေမယ့်လဲ ဒီမြေပေါ်ရပ်တည်နေနိုင်အောင် ကြိတ်မှိတ်ပြီး အားတင်းခဲ့တယ်။
ငတ်မယ့်ဒုက္ခ လွတ်လို့ စိတ်အေးရမလားမှတ်တယ်။ မင်းဒဏ်ဆိုတာကလဲ သွယ်ဝိုက်တဲ့နည်းနဲ့ ညိုညို့ကို လာခတ်ပါတယ်။

သူ့အမေ ပန်းနာရောဂါအတွက်ဆေးကလေးရလာရင်
သူ့မောင်ကလေးအတွက် စာအုပ်ဖိုးပေးနိုင်ရင် သူ့အတွက် အပျော်ဆုံးဆိုတာ ဖြစ်နေမှာပဲ
အထူးသဖြင့် မှောင်ခိုထန်းလျက်တွေ သွင်းတဲ့ မသိန်းရှင်ဆီက ငွေအသပြာလေး ရလာမှ စိတ်တုံးတုံးချနိုင်မယ့်သူပါလေ။
ညိုညိုရယ် ညီမဆန္ဒကလေးဟာ စစ်ဆေးရေးတွေကိုကျော်ပြီး ‌ထန်းလျက်ကလေး သွင်းဖို့တဲ့ပဲလား။
ကလေးဆယ်ယောက်ယူမယ်ဆိုပြီးပေးခဲ့တဲ့ကတိတွေ။
ဘဝဆက်တိုင်းတူတူ နေရအောင် ဆုတောင်းနော်ဆိုတဲ့စကားလေးတွေဟာ ကျီစယ်ရုံပဲလား။ အဲ့လိုဟာတွေကိုကျ သတိမရတော့ဘဲ
မှောင်ခိုကူးတာကို အရေးမကြီးသလို ပျော်လို့လုပ်တယ်ထင်နေတာလား လို့ပြောခဲ့ပေမယ့်။
နောက်ဆုံး သတိရတဲ့အရာက
ညီမရဲ့ ဦးနှောက်လေးထဲမှာ
မသိန်းရှင်ပဲ ရှိခဲ့တာလား ညိုညိုရယ်

Review crd 🫶

တန်ဖိုး-၈၀၀၀ကျပ်

"နင် အဆင်ပြေပါစေ"**********************"လောကမှာ ဒီလိုလူနှစ်ယောက်ရှိတယ်။ အချင်းချင်း ချစ်ကြိုက်ကြတယ်၊ အချင်းချင်းတမ်းတကြတ...
24/06/2024

"နင် အဆင်ပြေပါစေ"
**********************

"လောကမှာ ဒီလိုလူနှစ်ယောက်ရှိတယ်။ အချင်းချင်း ချစ်ကြိုက်ကြတယ်၊ အချင်းချင်းတမ်းတကြတယ်.... ဒါပေမဲ့ နောက်ဆုံးမှာ အတူမနေကြဘူး" တဲ့

ဒီစကားကို စစချင်းမှာ ကိုယ်နားမလည်ခဲ့ဘူး။ အချင်းချင်း ချစ်ကြိုက်ကြသူနှစ်ယောက်ဟာ ဘာကိုမှ မငဲ့ညှာဘဲ တစ်ယောက်ရင်ခွင်ထဲ တစ်ယောက်ပြေးဝင်သင့်တာပေါ့လို့ ထင်ခဲ့တယ်။ နောက်ပိုင်း ကိုယ်နှစ်သက်တဲ့လူနဲ့ ဆုံပြီး ကိုယ်နှစ်သက်တဲ့လူကို ဆုံးရူံးရတော့မှ အဲဒီ စကားကို ကိုယ်သဘောပေါက် နားလည်ခဲ့ရတယ်။ အချစ်နဲ့ ထာဝရကြားမှာ လက်တွေ့ဆန်ခြင်းက ခြားထားသေးတာပဲလေ။

သံယောဇဉ် တစ်ခုမှာ တချို့တွေ လမ်းခွဲကြတာဟာ မချစ်ကြတော့လို့၊ တချို့တွေ လမ်းခွဲရတာဟာ တစ်ဇွတ်ထိုးလုပ်မိလို့၊ တချို့ တချို့ လမ်းခွဲကြတာကတော့ မချစ်တော့လို့လည်း မဟုတ်သလို တစ်ဇွတ်ထိုးကြောင့်လည်း မဟုတ်ဘူး။ ဘာခွန်အား၊ ဘာမှ မတတ်နိုင်တော့တဲ့ အရွယ်ကျမှ ကိုယ်နှစ်သက်တဲ့လူနဲ့ လာဆုံလို့ဖြစ်တယ်။

ကိုယ်နဲ့ဘဝကို သူပင်ပင်ပန်းပန်း ဖြတ်ကျော်နိုင်ပါတယ်။ ရိုးရှင်းသာမန်တဲ့ဘဝမှာနေရလည်း သူမမူပါဘူးဆိုပေမယ့် ဒါကိုတော့ ကိုယ်အလေးထားတယ်။ ချစ်ရတဲ့သူအတွက်ဆိုရင် ကိုယ်တို့မှာ ရည်မှန်းချက်အနည်းအများတော့ ရှိကြတယ်။ အကောင်းဆုံးတွေ ဈေးအကြီးဆုံးတွေ သူ့ကို ကိုယ်တို့ပေးချင်ကြတယ်။ ချစ်ရသူရဲ့ရှေ့မှာ ကိုယ်တို့ဟာ အနည်းအများတော့ သိမ်ငယ်တတ်တယ်။ ကိုယ့်အခုလက်ရှိဘဝကို အားမလိုအားမရ ဖြစ်တတ်တယ်။ ချစ်သူနဲ့ကိုယ် မတန်ဘူးလို့ ထင်တတ်တယ်။

ဒီလိုအမေးလေးတစ်ခု ဖတ်ခဲ့ဖူးတယ်....။
"အရင်တုန်းက သင် သိပ်ချစ်ခဲ့တဲ့လူတွေ နောက်တော့ ဘာဖြစ်သွားလဲ" တဲ့....

အဖြေတစ်ခုက ကိုယ့်ရင်ကိုစူးစေခဲ့တယ်။
"ကျွန်တော်တို့ လမ်းခွဲပြီးနောက် ကျွန်တော့် Fri list ထဲမှာ သူရှိနေသေးတယ်။ သူ့ကို ကျွန်တော် အခုတ်တရ သွားကြည့်နေသေးတယ်။ ကျွန်တော့် အတွေးထဲမှာ၊ ကျွန်တော့် အိပ်မက်ထဲမှာ သူ ရှိနေခဲ့သေးတယ်။ ဒါပေမဲ့ ကျွန်တော့် နေ့စဉ်ဘဝမှာတော့ သူမရှိတော့ပါဘူး။ သူငယ်ချင်းတွေဆီကနေ တစ်ခါတလေ သူ့အကြောင်း ဟိုတစ်စ ဒီတစ်စ ကြားမိတတ်သေးတယ်။ သူအဆင်ပြေနေတယ်ဆိုတာ သိရတော့ ကျေနပ်သွားပါတယ်"

တချို့နဲ့ ထပ်မဆုံဖြစ်တော့ဘူး ဆိုပေမယ့် မေ့လည်း မေ့မသွားပါဘူး။ သင်လည်းပဲ ဘဝမှာ အဆင်ပြေပြေ ဖြတ်သန်းနိုင်ပါစေနော်။ ဒါမှ တစ်ချိန်က တင်္ဒဂတွေ့ဆုံမှုကို သင် စိတ်ပျက်လက်ပျက် မဖြစ်မိမှာပါ.....။


တန်ဖိုး - 4000 ကျပ်

#ပျော်ရွှင်ဖို့ဒီလောက်မခက်ခဲပါစေနဲ့
#နိုင်းနိုင်းစနေ

လောကမှာ ကူညီပေးနေတဲ့ လူတိုင်းဟာ ပြည့်စုံလို့ ကူညီတဲ့သူရှိသလို မပြည့်စုံပေမဲ့ ကိုယ်ချင်းစာတတ်တဲ့ စိတ်ထားကြောင့် စေတနာ၊ မေ...
24/06/2024

လောကမှာ ကူညီပေးနေတဲ့ လူတိုင်းဟာ ပြည့်စုံလို့
ကူညီတဲ့သူရှိသလို မပြည့်စုံပေမဲ့ ကိုယ်ချင်းစာတတ်တဲ့ စိတ်ထားကြောင့် စေတနာ၊ မေတ္တာတွေနဲ့ ဒုက္ခရောက်သူတွေကို ကူညီပေးတဲ့သူတွေ အများကြီးပါ ပါတယ်။
လူတချို့က လွယ်လွယ်ရတယ်ဆိုရင် တန်ဖိုးမထားချင်ကြ၊ တန်ဖိုးထားရကောင်းမှန်း မသိကြပါဘူး။ ကိုယ်ကတော့ လွယ်လွယ်လေး ရပေမဲ့ အဆင်မပြေတဲ့ကြားက ကူညီပေးတဲ့သူတွေကို မသိတတ်ချင်နေပါ။ ကျေးဇူးကန်းတဲ့ စကားတွေ မပြောမိအောင် ဆင်ခြင်ပါ။
ကိုယ်ချင်းစာတရားမရှိရင် ဘယ်လောက်ပဲ ချမ်းသာနေပါစေ၊ သူတစ်ပါးရဲ့ ဒုက္ခကို မသိကျိုးကျွန်ပြုပြီး မမြင်ချင်ယောင်ဆောင်နေကြလိမ့်။ ဘယ်လိုပဲ ဆင်းရဲနေပါစေ။ ကိုယ်ချင်းစာတရားရှိတဲ့သူတွေက သူတစ်ပါးရဲ့ ဒုက္ခတွေကို မသိကျိုးကျွန်မပြုဘဲ တတ်နိုင်သလောက် ကူညီကြတယ်။
ရေနစ်နေတဲ့အချိန်မှာ နွယ်မြက်သစ်ပင်လေးဟာ အားကိုးရာ ဖြစ်သလို ဒုက္ခရောက်ချိန်မှာ အားပေးနှစ်သိမ့်တဲ့ စကားလေးတစ်ခွန်း၊ တတ်နိုင်တာလေး ကူညီပေးတာ နွေးထွေးမှုတွေကလည်း တန်ဖိုးရှိပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့ ဒုက္ခတွေ အဆင်မပြေမှုတွေကို ကူညီပေးတဲ့သူတွေကို ကိုယ်က မပြည့်စုံလို့ ပြန်ပြီး ကျေးဇူးမဆပ်နိုင်ရင် နေပါ။
ကိုယ့်ကို စေတနာ မေတ္တာနဲ့ ကူညီပေးတဲ့သူတွေကိုတော့
မစော်ကားမိပါစေနဲ့လို့ ပြောပါရစေ။


#အရှင်ဇဝန (ရွှေကုန်းမြေ)
#ချစ်ခြင်းမေတ္တာဆိုတာလူသားတိုင်းနဲ့ထိုက်တန်ပါတယ်

ပထမဆုံးပြောချင်တာက ဒီစာအုပ်လေးက မိန်းခလေးတိုင်းဖတ်သင့်တဲ့စာအုပ်လေးပေါ့......အထူးသဖြင့် ဆယ်ကျော်သက်အရွယ်ကစလို့ ဖတ်ကြည့်စေ...
24/06/2024

ပထမဆုံးပြောချင်တာက ဒီစာအုပ်လေးက မိန်းခလေးတိုင်းဖတ်သင့်တဲ့စာအုပ်လေးပေါ့......အထူးသဖြင့် ဆယ်ကျော်သက်အရွယ်ကစလို့ ဖတ်ကြည့်စေချင်တယ်......18 + တချို့ပါပေမယ့် Se-x education အတွက်အထောက်အကူဖြစ်စေတာတွေမို့ ဆယ်ကျော်သက်တွေကို ဖတ်ဖို့ တိုက်တွန်းရခြင်းပါ........ဒါဆို ဆယ်ကျော်သက်တွေပဲဖတ်ရမှာလား..........No ပါ ဆယ်ကျော်သက်ပဲဖတ်သင့်တာမဟုတ်ဘူး အရွယ်မရွေး အမျိုးသား အမျိုးသမီးတိုင်း ဖတ်သင့်တဲ့စာအုပ်လေးပါ......စာအုပ် Title လေးဖတ်ပြီး ကျွန်မလည်းစိတ်ဝင်စားတာနဲ့ ဖတ်ရင်းဖတ်ရင်း အရမ်းသဘောကျမိတဲ့စာအုပ်လေးပါ......

စာအုပ်ပါ ဇာတ်လမ်းတွေကို မိဘရှုထောင့်ကလည်းဖတ်နိုင်သလို ရင်ခုန်စိတ်လှုပ်ရှားလွယ်တဲ့ ဆယ်ကျော်သက် သားသမီးအရွယ်ရှုထောင့်ကနေလည်း ဖတ်နိုင်ပါတယ်......

ဆယ်ကျော်သက်တို့သဘာဝ သစ်ရွက်လှုပ်တာမြင်လည်း ရင်ခုန်တယ်ဆိုသလိုပေါ့.......အချစ်ကိုစမ်းသပ်ကြည့်ချင်တာလည်းသဘာဝပါပဲ......ဒါပေမယ့် အဲ့သဘာဝကို ကိုယ့်ဘဝ နစ်မွန်၊းရလောက်တဲ့ထိ ပေးဆပ်လိုက်ကြဖို့တော့လည်း မတန်ပြန်
ဘူး.....ဇာတ်လမ်းထဲက နေခြည်နဲ့ ပွင့်ဦးဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေးနှစ်ယောက်ရဲ့ ဇာတ်လမ်းကိုဖတ်ပြီး စဥ်းစားချင့်ချိန်တွေးတော စရာတွေအများကြီးရမှာပါ..... အချစ်ဇာတ်လမ်းတွေချည်းပဲ အသားပေးရေးထားတာမဟုတ်ဘဲ ပညာပေးတာလေးတွေလည်းပါတာမို့လို့ စာဖတ်သူတွေအတွက် ရသလည်းခံစားရင်း ဗဟုသုတတွေလည်း ရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်......

ဆရာမ မြူပါးရ်ပြောသလိုပဲ ဒီစာအုပ်ဟာ ဘဝထဲကအချစ်အကြောင်းနဲ့ အချစ်ထဲကဘဝအကြောင်းပါပဲ.....အရွယ်ရောက်ပြီးသူတစ်ယောက်အတွက်တော့ အချစ်နဲ့ ပတ်သက်ပြီး အတွေ့အကြုံတွေ ပညာတွေရကောင်းရနေလောက်ပါပြီ..... အချစ်က ပူလောင်ရလား အေးချမ်းရလားဆိုတာ ကိုယ့်အပေါ်လည်းအများကြီးမူတည်ပါသေးတယ်.....

နောက်ဆုံးပြောချင်တာကတော့ဇာတ်လမ်းထဲက နေခြည်အကြောင်းပါ.....သူမချစ်မိတဲ့ ယောကျာ်းတွေက ဘယ်လိုယောကျာ်တွေဖြစ်မလဲ....အမှာ၊းအမှန်ဆုံးဖြတ်ဖို့ ခက်ခဲတဲ့ ဆယ်ကျော်သက်အရွယ်မို့ သူမဆုံးဖြတ်ချက်တွေ မှန်ကန်ပါ့မလား......သူမဘဝထဲက အချစ်အကြောင်းတွေကရော ဘာတွေဖြစ်မလဲ.....သူမ အချစ်ရေးမှာ တစ်ကယ်ပဲ ကံကောင်းမှာလား.....

'လက်မထပ်ခင် အပျို ရည်ပျ္က်တယ်ဆိုတာ ရေလယ်မှာ လှေဝမ်းပေါက်သလိုပဲ.....ထပ်ထပ်ဝင်လာတဲ့ ရေတွေကို နိုင်အောင်ခပ်မထုတ်နိုင်ရင် နစ်မြှုပ်သွားတတ်တယ် ' တဲ့

ဒီစာအုပ်လေးဖတ်ပြီးသွားရင်တော့ ကျွန်မတို့အမျိုးသမီးတွေ မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ် ဝေဖန်ခွဲခြားနိုင်မယ်လို့ မျှော်လင့်ပါတယ်.....အချစ်မှာ နစ်မွန်းပြီးလော၊င်နေတဲ့သူတွေလည်း ဖတ်ကြည့်စေချင်ပါတယ်....ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ
ချနိုင်ကြပါစေလို့ မျှော်လင့်ရင်း.......

#ချစ်သောချစ်မိသောချစ်ခဲ့ဖူးသောချစ်လှစွာသောယေကျာ်များ
#မြူပါးရ်



Original review ရေးသားသူ/Photo
(လေးစားစွာcrdပေးပါသည်)❤🙏

-------------------------------------------

စာအုပ်ကိုသဘောကျ ဖတ်ရှုလို၍ မှာယူလိုပါက
Page cbတွင် ဆက်သွယ် မှာယူနိုင်ပါတယ်📖

ကိုယ့်အတွက်က ကိုယ် *********************ဘယ်သူချစ်ချစ် မချစ်ချစ် ကိုယ့်ကိုယ်ကိုယ် ချစ်နေဖို့ပါပဲ ဘယ်သူမုန်း၊မု၊န်း မမု၊န်...
24/06/2024

ကိုယ့်အတွက်က ကိုယ်
*********************

ဘယ်သူချစ်ချစ် မချစ်ချစ်
ကိုယ့်ကိုယ်ကိုယ် ချစ်နေဖို့ပါပဲ

ဘယ်သူမုန်း၊မု၊န်း မမု၊န်းမုန်၊း
ကိုယ့်ကိုယ်ကိုယ် မမု၊န်းဖို့ပါပဲ

ဘယ်သူရှိရှိ မရှိရှိ
ကိုယ့်အနားမှာ ကိုယ်ရှိနေဖို့ပါပဲ

ဘယ်သူမှားမှား မမှားမှား
ကိုယ့်ကိုယ်ကိုယ် မမှားအောင်နေဖို့ပါပဲ

ဘယ်သူသိသိ မသိသိ
ကိုယ့်အကြောင်းကိုယ် သိနေဖို့ပါပဲ

ဘယ်သူအားပေးပေး မပေးပေး
ကိုယ့်ကိုယ်ကိုယ် အားပေးနေဖို့ပါပဲ

ဘယ်သူလုပ်လုပ် မလုပ်လုပ်
ကိုယ့်အတွက် ကုသိုလ်တွေ လုပ်နေဖို့ပါပဲ

ဘယ်သူစိတ်ကောင်းထားထား မထားထား
ကိုယ်အားလုံးအပေါ် စိတ်ကောင်းထားနေဖို့ပါပဲ

ဘယ်သူရပ်တည်ပေးပေး မပေးပေး
ကိုယ် အမှန်တရားဘက်က ရပ်တည်နေဖို့ပါပဲ

စိတ်ညစ်မနေနဲ့
စကားလုံးတိုင်းကို လိုက်ပြီး ခံစားမနေပါနဲ့ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ဘဝနဲ့ကိုယ်ပဲ
ရှင်သန်ရပ်တည်ကြမယ်

ကိုယ်ဖြစ်ကိုယ်ခံ ကိုယ်ကောင်းကိုယ်စံ
ကိုယ်မှားကိုယ်ပြင် ကိုယ်လဲကိုယ်ထ၊
အားလုံးဟာ ကိုယ်သာပဓာနပါပဲ
အားငယ်စိတ်တွေ မွေးမနေပါနဲ့
ကိုယ့်အတွက်က ကိုယ်ရှိပြီးသားပဲလေ ။

#ဘုန်းခေ
#စိတ်ခွန်အားနဲ့ရှေ့ဆက်မယ်

(မူရင်းလေးစားစွာcrdပေးပါသည်)📖🙏

စာအုပ်-3000ကျပ်

စာအုပ်ကို သဘောကျဖတ်ရှုလို၍ မှာယူလိုပါက
Page cbတွင် ဆက်သွယ် မှာယူနိုင်ပါတယ်🌿

ဆရာ တက္ကသိုလ် ဘုန်းနိုင်ရဲ့ စာအုပ်များ ဖြစ်ပါတယ်ရှင့်ကြိုက်နှစ်သက်တဲ့စာအုပ်တွေ့ရင် page cb မှ ဆက်သွယ်ပြီး မှာယူနိုင်ပါတယ...
26/05/2024

ဆရာ တက္ကသိုလ် ဘုန်းနိုင်ရဲ့ စာအုပ်များ ဖြစ်ပါတယ်ရှင့်
ကြိုက်နှစ်သက်တဲ့စာအုပ်တွေ့ရင် page cb မှ ဆက်သွယ်ပြီး မှာယူနိုင်ပါတယ်ရှင့်❤️

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Daffodil Book Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category