Steel Structure Book: Aung Hla Min Naing

Steel Structure Book: Aung Hla Min Naing The first steel structure book in Myanmar

07/02/2024

Revit Class 2.0 Batch အသစ် ဖွင့်ပါမည် ...

စရင်းပေးနိုင်ပါပြီ ...

(Batch 3)
သင်တန်းဖွင့်မည့်အချိန် - ၁၅.၂.၂၀၂၄
သင်တန်းကြေး - ၈၀၀၀၀ ကျပ်
သင်တန်းကာလ - ၃ လ

BIM တက်ထားရင် ဘာဖြစ်မလဲ ? ကျတော်က Structure Engineer Design အလုပ်ကို စိတ်ဝင်စားတော့ တနေနေရာရောက်ရင် အပြင်မှာလုပ်ထားတာတွေ...
17/01/2024

BIM တက်ထားရင် ဘာဖြစ်မလဲ ?

ကျတော်က Structure Engineer Design အလုပ်ကို စိတ်ဝင်စားတော့ တနေနေရာရောက်ရင် အပြင်မှာလုပ်ထားတာတွေတွေ့ရင် ကိုယ့်ဟာကိုယ်မှတ်ထားပြီး ပုံပြန်ဆွဲလေ့ရှိတယ်။ ဒီပုံတွေက ကျတော် လွန်ခဲ့ ၄ နှစ်ကျော်လောက်က BIM သုံးပြီး ဆွဲထားတဲ့ ပုံတွေပါ။

BIM is not just 3D ပါ။ ဒါပေမဲ့ BIM သုံးပြီးဆွဲတာက Construction Process တွေကို ပိုပြီးနားလည်စေတယ်။ BIM ဆိုတာ အင်ဂျင်နီယာပညာကို အစားထိုးဖို့မဟုတ်ပါဘူး။ ပိုပြီး အဆင့်မြင့်တင်ဖို့ဖြစ်ပါတယ်။

Revit ကို သေချာရအောင်လုပ်ပြီး စင်ကာပူ၊ ဂျပန် အစရှိတဲ့နိုင်ငံတွေမှာ အလုပ်လုပ်ဖို့ စင်ကာပူ၊ ဂျပန်အစရှိတဲ့နိုင်ငံတွေမှာ အလု...
11/01/2024

Revit ကို သေချာရအောင်လုပ်ပြီး စင်ကာပူ၊ ဂျပန် အစရှိတဲ့နိုင်ငံတွေမှာ အလုပ်လုပ်ဖို့

စင်ကာပူ၊ ဂျပန်အစရှိတဲ့နိုင်ငံတွေမှာ အလုပ်လုပ်ဖို့အတွက်ဆုံးဖြတ်ထားရင် Revit ကိုသေချာရအောင် လုပ်ပြီး BIM Modeler အနေနဲ့ သွားစေချင်ပါတယ်။ ဘာကြောင့်လဲဆိုရင် နိုင်ငံခြားမှာ ဒီအလုပ်က ဘ၀တက်လမ်းများပြီး အလားအလာကောင်းလို့ပါ။ ကိုယ်က ဒါနဲ့အလုပ်ဖို့အတွက်ဆုံးဖြတ်ထားရင် အစ ကတည်းက ဒီလမ်းကိုရွေးချယ်စေချင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဟိုမှာအလုပ်ရရင်ပြီးရောဆိုပြီး ဝင်တိုးမိရင် နောက်ပိုင်းကိုယ်ပြောင်းချင်တဲ့အခါကျရင် ပြောင်းဖို့ခက်တယ်။

အင်ဂျင်နီယာဘွဲ့ရဖို့ ၆ နှစ်အချိန်ပေးခဲ့ရပေမယ့် BIM Modeler ဖြစ်ဖို့အတွက် ၆ နှစ်လေ့လာစရာ မလိုပါဘူး။ ကျွန်တော် Revit ကိုစထိတွေ့တာ ၂၀၁၂ ကဆိုတော့ အခုချိန်ထိဆိုရင် ၁၃ နှစ်ရှိပြီ။ အဲ့တုန်းက စင်ကာပူမှာ အလုပ်လုပ်ပြီး မြန်မာပြည်ခဏပြန်လာတဲ့ မန္တလေးက အမတစ်ယောက်က သင်ပေးတာ။ အဲ့ကတည်းက သူက ကျွန်တော့်ကိုသေချာပြောခဲ့တယ်။ စလုံးမှာ BIM Industry က ကျယ်ပြန့်နေပြီ။ အလားအလာကောင်းလို့ သေချာလုပ်ထားပါမောင်လေးရေဆိုပြီး။ ဆိုတော့ ကျွန်တော်က ဒီနေ့မှာ BIM က ဘာလို့လစာကောင်းတယ်ဆိုတာရယ်၊ သူ့ရဲ့နောက်ကွယ်မှာ ဘယ်လိုအကြောင်းအရင်းတွေရှိနေလဲ ဆိုတာရယ်၊ BIM နဲ့ဘယ်လိုအလုပ်လျှောက်ရမယ်ဆိုတာကို အသေးစိတ် သူ့အပိုင်းနဲ့သူ တင်ပြသွားမှာ ဖြစ်ပါတယ်။ အခုချိန်ထိတော့ ကျွန်တော့်သင်တန်းကနေ နိုင်ငံခြားသွားတဲ့ ကျွန်တော့်တပည့်တွေထဲမှာ BIM နဲ့အလုပ်လုပ်တာ အဆင်မပြေလို့ ၊ လစာမကောင်းလို့၊ လိုင်းပြောင်းချင်တယ်တို့ ဆိုပြီး ပြောလာတဲ့သူ တစ်ယောက်မှမတွေ့သေးဘူး။ ဆိုတော့ စလိုက်ကြရအောင် ...

BIM က ဘာလို့လစာကောင်းတာလဲ …

BIM ကိုနားလည်အောင်အရင်ရှင်းပြပါမယ်။ ဒါမှသာ ဘာကြောင့်လစာကောင်းပြီး ကိုယ့်ဘ၀တက်လမ်း အတွက် အလားအလာရှိတယ်ဆိုတာကိုနားလည်မှာပါ။ ကျွန်တော်တို့က ဟော်တယ်တစ်လုံး ဆောက် တယ်ဆိုပါစို့…သူ့မှာလူတစ်ယောက်ရဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေလိုဘဲ သူ့ဆိုင်ရာဆိုင်ရာ အစိတ်အပိုင်း တွေအများကြီးရှိတယ်။ အဆောက်အဦဆိုတာ ကွန်ကရစ်တွေ၊ သံချောင်းတွေနဲ့တင်ပြီး သွားတာ မဟုတ် ပါဘူး။ မီးလိုင်းရှိတယ်၊ ရေလိုင်းရှိတယ်။ ဒါတွေအပြင် ဆက်သွယ်ရေးလိုင်း၊ အရေးပေါ် မီးသတ်စနစ်၊ လေအေးပေးစနစ်၊ မိလ္လာစနစ် စတာတွေပါရှိပါတယ်။ ဒါက ဟော်တည်မှာ တည်းခိုတဲ့သူအနေနဲ့ မမြင်ရပေမယ့် နောက်ကွယ်မှာ အဆောက်အဦတစ်လုံး Run နေဖို့အတွက် ကွယ်ရာကနေ ထောက်ပံ့ ပေးနေတာ အင်မတန်မှ ရှုပ်ထွေးပါတယ်။ ဒါတွေကို အဆောက်အဦမဆောက်ခင်ကတည်းက သေချာ ပြင်ဆင်ရတာပါ။

ဆိုတော့ ဒီလိုသွေးကြောတွေလို အင်မတန်မှရှုပ်ထွေးတဲ့ မီးလိုင်းတွေ၊ ရေလိုင်းတွေ၊ ဆက်သွယ်ရေး လိုင်းတွေကို ဆောက်ပြီးသွားမှ လုပ်လို့မရပါဘူး။ ဘာကြောင့်လဲဆိုရင် ပိုက်တွေက အဆောက်အဦ ကွန်ကရစ်မလောင်းခင်ကတည်းက တခါထဲ မြှုတ်ထားရတယ်။ ဒါကြောင့် လုပ်ပြီးမှ ပြင်တာထက်၊ မှုလဒီဇိုင်းဆွဲကတည်းက သူ့အတွက်နေရာချန်ပေးခဲ့ရပါတယ်။ ဒီလို ကြိုတင်လုပ်နိုင်ဖို့ဆိုရင် အဆောက်အဦကို အပြင်မှာမဆောက်ခင် ကွန်ပျူတာထဲမှာအရင်ဆောက်ရပါတယ်။ ဒါကို Building Information Modeling ( အတိုကောက် BIM) လို့ခေါ်တာဖြစ်ပါတယ်။ ကိုယ်က ကွန်ပျူတာထဲမှာ ဆွဲထားပြီးရင် ကိုယ်ဆွဲထားတဲ့ပုံအပေါ်မှာ မီးသမားကလည်း သူ့ပညာနဲ့သူ မီးလိုင်းဆွဲ၊ ရေသမားကလည်း ရေလိုင်းဆွဲ၊ အစရှိသဖြင့် သူ့အပိုင်းနဲ့သူ တာဝန်ယူကြတာပေါ့။ အခုတင်ထားတဲ့ ပုံ(၁)က ကျွန်တော့်သင်တန်းမှာ အရင်တုန်းက သင်ပေးခဲ့ဖူးတဲ့ ကျောင်းသားတစ်ယောက်ရဲ့ Naviswork Assignment ပါ။

ဆိုတော့ ပုံကဆွဲပြီးတာနဲ့ ပြီးသွားလားဆိုရင် မပြီးပါဘူး။ ဆောက်နေတဲ့အချိန်မှာလည်း ဘယ်နားလေးမှာ ဘာပြဿနာတွေဖြစ်နေပြီဆိုတာကို သက်ဆိုင်ရာ နယ်ပါယ်အသီးသီးကလူတွေ( မီး၊ရေ၊လေ အင်ဂျင်နီယာ) တွေက ဆောက်နေတုန်းမှာ အချိန်နဲ့တပြေးညီ Coordination လုပ်နေရပါတယ်။ စောင့်ကြည့်နေရတယ်ပေါ့။ ဘာကြောင့်ဆိုရင် ဆိုဒ်အင်ဂျင်နီယာက ဆောက်နေတုန်းမှာ မူလက ပိုက်ကို ဒီကနေသွားမယ်လို့ ပြောထားပေမယ့် လက်တွေ့မှာ ထားဖို့မလွယ်တာတွေရှိမယ်၊ ကွန်ကရစ်ကို ဖောက်ဖို့လိုအပ်တာမျိုးတွေ၊ မီးကြိုးတွေ ဆက်သွယ်ရေးလိုင်းတွေနဲ့ မလွတ်တာရှိမယ်၊ Structure အရ Survey Data တွေ လွဲနေတာရှိမယ်။ ဆိုတော့ တက်လာတဲ့ ပြဿနာတွေအများကြီးရှိလာပါတယ်။ ဒါကို အချိန်နဲ့တပြေးညီ Designer တွေရော၊ Engineer တွေရောက ဖြေရှင်းပေးနေရတယ်။ အခန်းပေါင်း ၅၀၀ လောက်ရှိတဲ့ ဟော်တယ်တစ်လုံးမှာ ဘယ်နားက ဘာဖြစ်နေပါတယ်ဆိုတာကို ပါးစပ်နဲ့သွားပြောလို့ မရဘူး။ ဆိုဒ်အင်ဂျင်နီယာကနေ အချိန်နဲ့တပြေးညီ ဒီနားလေးမှာတော့ ဒီပြဿနာလေးရှိနေပြီဆိုတာကို သူ့ရဲ့ Tablet ထဲက BIM Model လေးကို ထောက်ပြီး Report တင်လိုက်ရင် သက်ဆိုင်တဲ့သူက "ငါ့ကောင်ရေ ... အဲ့ဒါဆိုရင် ဒီလိုလေးတော့ လုပ်လိုက်ပါ" ဆိုပြီး တခါတည်း ဖြေးရှင်းပေးရတယ်။ ဒါကြောင့် BIM Modeling ဆိုတာ ပုံမှန် AutoCAD 2D Drafting ဆိုတာထက် အများကြီးပိုပါတယ်။ အခုတင်ထားတဲ့ပုံမှာ လှေကားက နောက်မှတပ်မှာ။ အုတ်စီတာကို အရင်လုပ်မှာ ။ ဒါပေမဲ့ အုတ်စီစရာမလိုတာကို စီထားတော့ မှားနေတယ် လှေကားတက်မရဘူးဆိုတာကို ဆိုဒ်အင်ဂျင်နီယာက ပြပြီး Report တင်ထားတဲ့ပုံဖြစ်ပါတယ်။ လုပ်ပြီးမှတွေ့လို့ ပြန်ဖျက်ရရင် မလွယ်ဘူးလေ ... သင်တန်းက သင်တဲ့ဟာကို နမူနာပြထားတာပါ ... ။

နောက်တစ်ခုရှိသေးတာက Rebar Cutting ...
အထပ်မြင့်အဆောက်အဦတစ်ခုက သံချောင်းက တန်ပေါင်းရာနဲ့ချီပြီးရှိတယ်။ လုပ်ငန်းခွင်ထဲကိုမပို့ခင်မှာ စက်ရုံမှာ တခါတည်း သံချောင်းတွေကို ဖြတ်ခဲ့ရတယ်။ စက်ရုံရောက်မှ ပြန်တွက်မယ်ဆိုရင် အမှားအယွင်းဖြစ်နိုင်တယ်။ ဒီနောက်ပိုင်းဆိုရင် Revit Structure ကနေထွက်လာတဲ့ Model ကို သံချောင်းအတိုအရှည်ကို ဖြတ်တဲ့စက် software ကို ပို့ပြီး ဖြတ်တယ်။ ဒါတွေက BIM Model တွေရဲ့ အားသာချက်တွေပါ။ တခါတုန်းက Steel Structure စက်ရုံတစ်ခုနဲ့ Owner နဲ့ deal လုပ်တာမှာ ဟိုက Tekla နဲ့ Quotation တွက်တာ လူနဲ့တွက်တာနဲ့ ပမာဏတွေကွာနေလို့ဆိုပြီး အသည်းအသန် BIM သမားကို ရှာလိုက်ရတယ်။ ဘာကြောင့်လဲဆိုရင် လူက မတိကျနိုင်ဘူး။ ဘာလို့လစာကောင်းတာလဲ ဆိုတာကို ဖြေရရင် BIM သမားဆိုတာ အဆောက်အဦမဆောက်ခင်ကတည်းကနေ ဆောက်ပြီးသည်အထိ အရေးပါလို့ပါဘဲ။ သူ့ရဲ့ လုပ်နိုင်စွမ်းက ကုမ္ပဏီမှာ အရမ်းကိုတန်ဖိုးရှိတယ်။ BIM သမားတိုင်းက အင်ဂျင်နီယာဘွဲ့ရတွေလားဆိုရင် No ပါ။ အင်ဂျင်နီယာဖြစ်ရင် ပိုကောင်းလားဆိုတော့ Yes လို့ဖြေရမယ်။ ဘာကြောင့်လဲဆိုရင် ပိုနားလည်တာပေါ့။

BIM ရဲ့ နောက်ကွယ်မှာ ဘယ်လိုအကြောင်းအရာတွေရှိနေမလည်း ?
BIM ဆိုတဲ့ခေါင်းစဉ်အောက်မှာ Role တွေအများကြီးရှိပါတယ်။
BIM Manager: Architect: Structural Engineer: MEP (Mechanical, Electrical, and Plumbing) : General Contractor: Subcontractors: Cost Estimator:
Facility Manager: Owner/Client: GIS Specialist: Legal and Compliance Experts: Sustainability Consultants: ဒီအကြောင်း အသေးစိတ်ကတော့ နောက်မှ အေးဆေးပြောပါမယ်။

ဘယ်ကစရမှန်းမသိရင် BIM Modeler ကနေစပါ ...
ကျွန်တော့်သင်တန်းသားတွေကို အမြဲပြောပါတယ်။ Revit သင်ရတာ မပျင်းပါနဲ့။ ဆွဲမယ်ဆိုရင်တောင် Revit နဲ့ဆွဲပါ။ လွယ်လို့ဆိုပြီး Sketchup နဲ့ဆွဲနေရင် တချိန်ချိန်မှာ ဒုက္ခရောက်လိမ့်မယ်ဆိုပြီး။ ဘာကြောင့်လဲဆိုရင် ကိုယ်က နိုင်ငံခြားထွက်ဖို့အစီစဉ်ရှိတယ်ဆိုရင် Sketchup နဲ့ ပုံ ၁၀၀ လောက်ဆွဲဖူး ပါစေ Revit နဲ့ ပရောဂျက်တစ်ခုလောက်ကို အစဆုံး ဆွဲဖူးတဲ့အတွေ့အကြုံက ပိုပြီးတန်ဖိုးရှိပါတယ်။ ကိုယ်က မြန်မာပြည်မှာဘဲနေမယ်၊ ဒါမှမဟုတ် Interior Design လောက်ပဲ ဆွဲမယ်ဆိုရင်တော့ Sketchup is enough ပါ။ More than enough လို့ပြောလို့ရပါတယ်။ ကိုယ့်နိုင်ငံအနေအထားအရတော့ Revit မလိုပါဘူး။ ဒါပေမဲ့ နိုင်ငံခြားထွက်မယ်ဆိုရင်တော့ အခုကတည်းက သေးသေးလေးဆွဲတာကစ Revit နဲ့ အလေ့အကျင့်ရအောင်ဆွဲစေချင်ပါတယ်။ ဒါမှသာ နိုင်ငံခြားထွက်ဖို့အတွက်ဆိုရင် ထွေထွေထူးထူး ပြင်ဆင်စရာမလိုမှာဖြစ်ပါတယ်။

ဘယ်လိုလူတွေက BIM နဲ့ဆွဲတတ်စရာမလိုဘူးလဲံ..
ကိုယ့်မှာ Structure ဖြစ်ဖြစ် Architecture ဖြစ်ဖြစ် Knowledge လည်းကောင်းကောင်းရှိတယ်၊ sense လည်းကောင်းတယ်၊ လုပ်ထားတဲ့ ပရောဂျက်တွေလည်း ပြစရာရှိတယ်ဆိုရင်တော့ Revit နဲ့ဆွဲတတ်နေဖို့ မလိုပါဘူး။ ဥပမာ ... ကိုယ်က ဒီဇိုင်းကိုစဉ်းစားပြီး ကိုယ့်ရဲ့ ဒီဇိုင်းကို Sketchup သို့မဟုတ် AutoCAD ဒါမှမဟုတ် handsketch တစ်ခုခုပြနိုင်ရင် ဒါကို BIM Model ပြောင်းပေးတဲ့သူတွေရှိပါတယ်။ ဒီအဆင့်ရောက်ရင်တော့ Professional အဆင့်ဖြစ်သွားပြီ။ ဥပမာ PE (Structure) ရပြီးတဲ့သူက သူ့အနေနဲ့ ပုံတွေကို ကိုယ်တိုင်ဆွဲစရာမလိုတော့ဘူး။ သူ့အတွက်က ပုံထုတ်ဖို့ထက် Concept Design Thinking က ပိုအရေးကြီးတယ်။ ဇာတ်ညွှန်းရေးဆရာက ဘယ်လိုသရုပ်ဆောင်ရမလဲဆိုတာ သိစရာမလိုတော့သလိုပေါ့။ သူ့အနေနဲ့ သူလိုချင်တဲ့ ဇာတ်လမ်းကိုသာရအောင်ရေး။ နောက်ကနေ သူ့ဇာတ်လမ်းအတိုင်း သရုပ်ဆောင်ရှာဖို့က ဒါရိုက်တာတွေ၊ မင်းသားမင်းသမီးတွေက အဆင်သင့်ရှိတယ်။ ဒါပေမဲ့ အဲ့အဆင့်ရောက်ဖို့က နှစ်ပေါင်းများစွာကြာတယ်။ ဒါနဲ့ ဒီကနေ စထွက်ဖို့ဆိုတာ မလွယ်ဘူး။

BIM နဲ့ဘယ်လိုအလုပ်လျှောက်ရမလဲ ?
ဟိုက စင်ကာပူကုမ္ပဏီတစ်ခုခုမှာ ကိုယ့်ကို BIM Modeler အနေနဲ့ အင်တာဗျူးခေါ်လာပြီဆိုရင် သေချာပေါက် သူတို့ရှေ့မှာ ဆွဲပြခိုင်းပါတယ်။ ကျွန်တော့်သူငယ်ချင်းအပြောအရဆိုရင် အရမ်းခက်ခက်ခဲခဲ တွေတော့မဟုတ်ပါဘူး။ နာရီဝက်လောက်နဲ့ ပြီးနိုင်တဲ့ family creation လေးတွေ၊ လှေကားလေးတွေ၊ ပြတင်းပေါက်လေးတွေပေါ့။ Video Call ဆိုရင်လည်း screen share ပြီး ကိုယ်က ဘာ method တွေသုံးပြီးဆွဲသွားလည်းဆိုတာ ကြည့်နေပါတယ်။ အရမ်းကြီး Perfect ဖြစ်နေစရာတော့မလိုပါဘူး။ ဘာလို့လဲဆိုရင် အလုပ်ခန့်ပြီးရင်တော့ ကိုယ့်အထက်မှာ တစ်ယောက်ယောက်တော့ရှိနေမှာဘဲ။ ကိုယ်ဆွဲ တာကို ကိုယ့်အထက်မှာနေမယ့်သူ BIM Manager ဖြစ်ဖြစ်၊ Coordinator ဖြစ်ဖြစ် တယောက်ယောက် ကနေကြည့်လေ့ရှိတယ်။ ဒါကြောင့် သေသေချာချာလေး လေ့ကျင့်သွားဖို့လိုပါတယ်။ ပြီးတော့ နောက်တစ်ချက်က Portfolio ကိုသေချာလေးပြင်ပါ။ Portfolio က CV နဲ့တွဲပြီး ကိုယ်ဘယ်လောက် တတ်မတတ်ဆိုတာ ပြတာဖြစ်လို့ First impresion ကောင်းဖို့က အရေးကြီးပါတယ်။ ဒါကြောင့် သင်တန်းတွေထဲမှာ ဆွဲပြီးပြီးသွားတာထက် အဲ့သင်တန်းပြီးတဲ့အခါမှာ Portfolio ပြင်နိုင်ပြီလား၊ သူတို့ရှေ့မှာဆွဲထားတဲ့ Student Project တွေရဲ့ အခြေအနေကဘယ်လိုရှိလဲ၊ စသည်ဖြင့် လေ့လာပြီးမှ တက်စေချင်ပါတယ်။ Self learning ကိုအားပေးပေမယ့် စစချင်းမှာတော့ သင်တန်းတစ်ခုခုကို တက်စေချင်ပါတယ်။ Self Learning ကတော့ Youtube တွေကနေ သေချာပေါက်လေ့လာရမှာပါ။ ဒါပေမဲ့ ဆင်ကန်းတောတိုးမဖြစ်ဖို့က ပိုအရေးကြီးပါတယ်။

နိဂုံးချုပ်ရရင် ...
၁။ BIM က အလားအလာကောင်းတယ်
၂။ ဘ၀ တက်လမ်းရှိတယ်
၃။ လစာကောင်းတယ်
၄။ အထပ်မြင့်ဆောက်နေသ၍ လိုနေတာဖြစ်လို့ မတိမ်ကောသွားနိုင်ဘူး
၅။ Portfolio ပြင်ဆင်တာကိုဦးစားပေးပါ
၆။ သတ်မှတ်ချိန်အတွင်းအမြန်ဆွဲနိုင်အောင်လေ့ကျင့်ပါ။

24/12/2023

၂၀၂၄ အတွက် ကျတော်လုပ်မည့်အရာများ

ကျတော်က နည်းပညာကိုအင်မတန်မှ ရူးသွပ်တဲ့ လူတစ်ယောက်ဖြစ်တယ်။ အင်ဂျင်နီယာပုံတွေကို လူတွေက ခဲတံနဲ့ဆွဲနေရာကနေ ဆော့ဝဲနဲ့ ဆွဲတဲ့အဆင့်ရောက်လာတဲ့ဟာကို အင်မတန်မှစိတ်ဝင်စားပါတယ်။ ကျောင်းတုန်းက သင်ခဲ့ရတဲ့ Structural Analyis Method တွေက လက်နဲ့ရှင်းဖို့အတွက် မလွယ်ကူနိုင်တာကြောင့် အရင်က တွက်ခဲ့တဲ့ ပုဒ်စာတွေကို ကွန်ပျူတာထဲမှာ ထည့်ပြီး Run ကြည့်ခဲ့ပါတယ်။ ဆိုလိုတာက ကိုယ်သိချင်တဲ့အဖြေတွေကို ကွန်ပျူတာထဲမှာ တွက်ကြည့်တယ်ပေ့ါ။

တခါတလေမှာ လူတွေက မေးကြတယ်။ Chat GPT လို AI တွေက အင်ဂျင်နီယာတွေကို အစားထိုးသွားမလားပေါ့။ လူသားတွေကို အစားထိုးသွားမလားဆိုတဲ့မေးခွန်းက ကျတော့်အတွက်တော့ အဖြေလွယ်လွယ်လေးရှိပါတယ်။ လုံး၀ အစားမထိုးနိုင်ပါဘူး။

AI ဆိုသော်လည်း စက်က စက်ဘဲဖြစ်ပါတယ်။ လူသားတွေအလုပ်လုပ်နိုင်တဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းကိုတော့ မည်မျှပင် ကျော်လွန်မှာမဟုတ်ပါဘူး။ ဒါကိုဥပမာပေးရင် အိမ်ရှင်မနဲ့ အိမ်အကူလိုပါဘဲ။ အိမ်ရှင်မက ဘာချက်မလည်းဆိုတာကို စီမံခန့်ခွဲပြီး အိမ်အကူက ချက်ဖို့ ပြုတ်ဖို့ကို စီမံဆောင်ရွက်ပါတယ်။

ဆိုလိုတာက အရာရာတိုင်းမှာ Thinking က အရေးကြီးဆုံးပါ။ စဉ်းစားတွေးခေါ်နိုင်စွမ်းအပေါ်မှာမူတည်ပြီး ကိုယ်ခိုင်းမယ့်အရာတွေက ပေါ်လာတာဖြစ်ပါတယ်။ ဒါကြောင့် Software ကိုသုံးသည်ဖြစ်စေ မသုံးသည်ဖြစ်စေ လူတွေရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းကသာ အရေးကြီးဆုံးဖြစ်ပါတယ်။

ကျတော်တို့လောကမှာ ခေတ်စားခဲ့တဲ့ အခေါ်ဝေါ်လေးတစ်ခုရှိပါတယ်။ အဲ့ဒါက ဘာလည်းဆိုရင် Rubbish in- Rubbish Out ပါ။ ဘာကိုဆိုလိုသလည်းဆိုရင် ကွန်ပျူတာထဲကို အမှိုက်ထည့်လိုက်ရင် အမှိုက်ထွက်လာမှာပါဘဲ။

ကိုယ်က ဘယ်လောက်ဘဲ Etabs Software ကိုသုံးတတ်သည်ဖြစ်စေ ကိုယ်စဉ်းစားခိုင်းတဲ့ အကြောင်းအရာတစ်ခုက ယုတ်တိမရှိရင် ထွက်လာတဲ့အဖြေကလည်း အမှိုက်သာသာဘဲ ဖြစ်မှာဆိုတာပါ။

စက်ဆိုတဲ့အမျိုးက အမှိုက်လား တန်ဖိုးရှိတဲ့အရာလားဆိုတာ ခွဲခြားမသိပါဘူး။ ကိုယ်ခိုင်းတဲ့အတိုင်းလုပ်မှာဖြစ်ပါတယ်။ ဒါကြောင့် ကျတော်တို့အင်ဂျင်နီယာတွေက နည်းပညာတွေ ဘယ်လောက်ဘဲတိုးတက်နေပါစေ ကိုယ့်ရဲ့ ကိုယ်ပိုင်အတွေးအခေါ်တွေကို ဖန်တီးနိုင်စွမ်းအားရှိဖို့က အင်မတန်အရေးကြီးပါတယ်။

အတွေးအခေါ်ဘယ်လောက်ကောင်းပါစေ လက်တွေ့ပြဖို့ကလည်း လိုအပ်ပါသေးတယ်။ ဒါကြောင့် တွေးခေါ်မှုကို ခေါင်းနဲ့စဉ်းစားပြီး လက်တွေ့ပြသဖို့ကို Software နဲ့ပြရပါမယ်။

ဒါကြောင့် ကျတော်က ဒီလာမယ့်နှစ်မှာ စဉ်းစားတွေးခေါ်နိုင်စွမ်းနဲ့ပေါင်းစပ်ထားတဲ့ Revit(BIM) , Etabs Lesson တွေ အများကြီးကို လုပ်သွားဖို့ရှိပြီး ဒါနဲ့ဆိုင်တဲ့ Course အသစ်တွေကို ဖွင့်သွားမှာဖြစ်ပါတယ်။

18/12/2023

Revit Regular Class Batch 1 ကနေ Batch 16 အထိ လူတိုင်းအတွက်အဆင်ပြေအောင် ဈေးသက်သက်သာသာနဲ့ ဖွင့်ပေးခဲ့ပါတယ်။ တချို့ Batch တွေဆိုရင် Facebook အတွက် ကြေညာခအသုံးစရိတ်နဲ့တင် ဒေါ်လာဈေးတက်လာတာနဲ့အတူ အိတ်စိုက်ရပါတယ်။ စီးပွားရေးအရတွက်မယ်ဆိုရင် ရှုံးပါတယ်။

မည်သို့ပင်ဖြစ်စေကာမှု ၃ သောင်းဆိုတဲ့ ပမာဏနဲ့ Revit လို Software မျိုး သင်ယူနိုင်တာဟာ တကယ့်ကို ကောင်းမွန်တဲ့ အခွင့်ရေးတစ်ခုပါ။ ဒါကို တချို့တွေက စာတစ်ရက်မှလိုက် မလုပ်တဲ့အပြင် အားရင်ကြည့်ဖို့ဆိုပြီး ရှိသမျှ Lesson File တွေအားလုံးကို Drive နဲ့ လာတောင်းပါတယ်။

ကျတော့်ရည်ရွယ်ချက်က Video File တွေ Stick နဲ့ရောင်းဖို့မဟုတ်ပါဘူး။ အဲ့လိုလုပ်တာက တန်ဖိုးမဲ့သလို ခံစားရလို့ပါ။ ဒါကလည်း ကိုယ့်ခံယူချက်နဲ့ကိုယ်ပါ။ ကျတော့်ရဲ့ အဓိက ရည်ရွယ်ချက်က Revit သင်တန်းဖွင့်ဖို့ပါ။ Class တိုင်းမှာ Messenger Group တွေ ဖွဲ့ထားပေးပြီး မေးလိုရာ မေးလို့ရအောင် ပြုလုပ်ပေးထားပါတယ်။ Zoom Class ကတော့ Software Learning မှာ Effective မဖြစ်ဘူးလို့ထင်လို့ သိပ်မလုပ်ဖြစ်ဘူး။

တချို့ Batch တွေဆိုရင် ဂရုမစိုက်မိလိုက်တာတွေရှိပါတယ်။ ဒါကလည်း ကျတော်တို့ဖက်က လိုအပ်ချက်ကြောင့်ဖြစ်ရတာပါ။ ဒါပေမဲ့ video file တွေ သင်ခန်းစာအလိုက် ပုံမှန်တင်ပေးပါတယ်။ လူအများစုနဲ့ ဆက်ဆံရတဲ့အခက်ခဲက သင်တန်းကြေးနည်းတယ်ဆိုပြီး စာလိုက်မလုပ်ကြတာပါ။ လူကလည်းများတော့ ယောက်တိုင်းစီ ဂရုမစိုက်ပေးနိုင်တဲ့ အခက်ခဲလေးရှိပါတယ်။ ဒါကြောင့် နောက်ပိုင်းကျရင် Management ကိုပြင်ပါမယ်။

Revit ကို ကျတော့်လောက် သင်ခန်းစာများများသင်တဲ့သူမရှိပါဘူး။ Course အပြတ်ဆိုရင် Video ပေါင်း ၁၀၀ နီးပါးရှိပါတယ်။ ဒီနောက်ပိုင်းတော့ တချို့ဟာတွေ လိုတိုးပိုလျော့လုပ်ထားပေးတယ်။

နောက် Batch တွေကနေစပြီး ဆရာနဲ့ ကျောင်းသား ပိုပြီး Contact ဖြစ်ပြီး သင်မယ့်ပုံစံကို ပြောင်းပါတော့မယ်။ လူနည်းအောင် သင်တန်းကြေးကိုလည်း ၇ သောင်းလောက်ကနေ စယူပါတော့မယ်။ သေချာတာတစ်ခုကတော့ ကျတော့်ဆီတက်ရင် Revit ကော Structure ကော ရမယ်ဆိုတာပါ။

"မြန်မာပြည်၏ပထမဆုံးသော မြန်မာဘာသာဖြင့်ရေးထားသည့် 📗Steel Structure📗 စာအုပ်"🛎️စာအုပ်စရောင်းထဲက မပေးဖူးတဲ့ Promotion ကို ဒီ...
10/12/2022

"မြန်မာပြည်၏ပထမဆုံးသော မြန်မာဘာသာဖြင့်ရေးထားသည့် 📗Steel Structure📗 စာအုပ်"

🛎️စာအုပ်စရောင်းထဲက မပေးဖူးတဲ့ Promotion ကို ဒီလကုန်အထိ ပေးထားပါတယ်
မူရင်းဈေး 40000 ကို 37000 နဲ့ ရောင်းပေးမှာပါ🛎️

ကျွန်တော်စာအုပ်မှာ အခန်းပေါင်း 🏷️၁၈ ခန်းရှိပြီး စာမျက်နာပေါင်း ၅၀၀ နီးပါးရှိပါတယ်။ Steel Structure ပိုင်းကိုစိတ်ဝင်စားသူတွေ၊ အခုမှစလေ့လာမယ့်သူတွေ၊ Steel Detailing ပိုင်းနဲ့ ဂျပန်၊ စင်ကာပူ စတဲ့နိုင်ငံတွေမှာအလုပ်သွားလုပ်လိုသူတွေ၊ Steel Structure ကို Structure နဲ့ Applied နှစ်ခုပေါင်းပြီးလေ့လာလိုသူတွေ၊ Steel Structure မှာ မသိမဖြစ်သိရမယ့် Tower Crane အကြောင်းလေ့လာလိုသူတွေ၊ ပုံဘယ်လိုဆွဲရမလဲမသိသူတွေ၊ Drawings တွေမဖတ်တတ်သူတွေ စသည်ဖြင့် Absolute Beginner တွေအတွက် အဓိကထားပြီး ရေးထားတာပါ။ စက်ရုံကနေ ဆိုဒ်ထဲရောက်တဲ့အထိ Drawings တွေ Detail တွေကို ဘယ်လိုစနစ်ကျအောင်လုပ်မလည်းဆိုတာတွေအပြင် Moment Connection နဲ့ Shear Connection တွေကိုပါ စုံစုံလင်လင်နဲ့ ဖော်ပြထားတဲ့အပြင် ရှင်းပြထားပါတယ်။

စာအုပ်ဝယ်လိုပါက
☎️( 09 254110126) ကိုဖုန်းဆက်ပြီးတော့ဖြစ်စေ
📩Viber , Messenger ကနေ စာပို့ထားပြီးတော့ဖြစ်စေ မှာယူနိုင်ပါတယ်။ မြန်မာတနိုင်ငံလုံးကို ပို့ပေးပါတယ်။

စျေးနုန်း - 37000 ကျပ်
ဖုန်း - 09 254110126

"မြန်မာပြည်၏ပထမဆုံးသော မြန်မာဘာသာဖြင့်ရေးထားသည့် 📗Steel Structure📗 စာအုပ်"ကျွန်တော်စာအုပ်မှာ အခန်းပေါင်း 🏷️၁၈ ခန်းရှိပြီ...
09/10/2022

"မြန်မာပြည်၏ပထမဆုံးသော မြန်မာဘာသာဖြင့်ရေးထားသည့် 📗Steel Structure📗 စာအုပ်"

ကျွန်တော်စာအုပ်မှာ အခန်းပေါင်း 🏷️၁၈ ခန်းရှိပြီး စာမျက်နာပေါင်း ၅၀၀ နီးပါးရှိပါတယ်။ Steel Structure ပိုင်းကိုစိတ်ဝင်စားသူတွေ၊ အခုမှစလေ့လာမယ့်သူတွေ၊ Steel Detailing ပိုင်းနဲ့ ဂျပန်၊ စင်ကာပူ စတဲ့နိုင်ငံတွေမှာအလုပ်သွားလုပ်လိုသူတွေ၊ Steel Structure ကို Structure နဲ့ Applied နှစ်ခုပေါင်းပြီးလေ့လာလိုသူတွေ၊ Steel Structure မှာ မသိမဖြစ်သိရမယ့် Tower Crane အကြောင်းလေ့လာလိုသူတွေ၊ ပုံဘယ်လိုဆွဲရမလဲမသိသူတွေ၊ Drawings တွေမဖတ်တတ်သူတွေ စသည်ဖြင့် Absolute Beginner တွေအတွက် အဓိကထားပြီး ရေးထားတာပါ။ စက်ရုံကနေ ဆိုဒ်ထဲရောက်တဲ့အထိ Drawings တွေ Detail တွေကို ဘယ်လိုစနစ်ကျအောင်လုပ်မလည်းဆိုတာတွေအပြင် Moment Connection နဲ့ Shear Connection တွေကိုပါ စုံစုံလင်လင်နဲ့ ဖော်ပြထားတဲ့အပြင် ရှင်းပြထားပါတယ်။

စာအုပ်ဝယ်လိုပါက
☎️( 09 254110126) ကိုဖုန်းဆက်ပြီးတော့ဖြစ်စေ
📩Viber , Messenger ကနေ စာပို့ထားပြီးတော့ဖြစ်စေ မှာယူနိုင်ပါတယ်။ မြန်မာတနိုင်ငံလုံးကို ပို့ပေးပါတယ်။

စျေးနုန်း - 40000 ကျပ်
ဖုန်း - ၀၉ ၂၅၄၁၁၀၁၂၆

"မြန်မာပြည်၏ပထမဆုံးသော မြန်မာဘာသာဖြင့်ရေးထားသည့် 📗Steel Structure📗 စာအုပ်"ကျွန်တော်စာအုပ်မှာ အခန်းပေါင်း 🏷️၁၈ ခန်းရှိပြီ...
06/06/2022

"မြန်မာပြည်၏ပထမဆုံးသော မြန်မာဘာသာဖြင့်ရေးထားသည့် 📗Steel Structure📗 စာအုပ်"

ကျွန်တော်စာအုပ်မှာ အခန်းပေါင်း 🏷️၁၈ ခန်းရှိပြီး စာမျက်နာပေါင်း ၅၀၀ နီးပါးရှိပါတယ်။ Steel Structure ပိုင်းကိုစိတ်ဝင်စားသူတွေ၊ အခုမှစလေ့လာမယ့်သူတွေ၊ Steel Detailing ပိုင်းနဲ့ ဂျပန်၊ စင်ကာပူ စတဲ့နိုင်ငံတွေမှာအလုပ်သွားလုပ်လိုသူတွေ၊ Steel Structure ကို Structure နဲ့ Applied နှစ်ခုပေါင်းပြီးလေ့လာလိုသူတွေ၊ Steel Structure မှာ မသိမဖြစ်သိရမယ့် Tower Crane အကြောင်းလေ့လာလိုသူတွေ၊ ပုံဘယ်လိုဆွဲရမလဲမသိသူတွေ၊ Drawings တွေမဖတ်တတ်သူတွေ စသည်ဖြင့် Absolute Beginner တွေအတွက် အဓိကထားပြီး ရေးထားတာပါ။ စက်ရုံကနေ ဆိုဒ်ထဲရောက်တဲ့အထိ Drawings တွေ Detail တွေကို ဘယ်လိုစနစ်ကျအောင်လုပ်မလည်းဆိုတာတွေအပြင် Moment Connection နဲ့ Shear Connection တွေကိုပါ စုံစုံလင်လင်နဲ့ ဖော်ပြထားတဲ့အပြင် ရှင်းပြထားပါတယ်။

စာအုပ်ဝယ်လိုပါက
☎️( 09 254110126) ကိုဖုန်းဆက်ပြီးတော့ဖြစ်စေ
📩Viber , Messenger ကနေ စာပို့ထားပြီးတော့ဖြစ်စေ မှာယူနိုင်ပါတယ်။ မြန်မာတနိုင်ငံလုံးကို ပို့ပေးပါတယ်။

စျေးနုန်း - ၃၇၀၀၀ ကျပ်
ဖုန်း - ၀၉ ၂၅၄၁၁၀၁၂၆

💫Steel Structure သင်တန်းဖွင့်ပါပြီ💫🔔Steel Structure Online Class 🔔 (Design + Stad Pro + Robot Structure Analysis + Hand ...
29/05/2022

💫Steel Structure သင်တန်းဖွင့်ပါပြီ💫

🔔Steel Structure Online Class 🔔
(Design + Stad Pro + Robot Structure Analysis + Hand Calculation)

Structure Engineer ဖြစ်လိုသူများ၊ စင်ကာပူ ကို Steel Structure Design Engineer အဖြစ် အလုပ်လုပ်လိုသူများအတွက်
Stadium Design, Bridge Design, Warehouse Design, Factory Design လုပ်နိုင်တဲ့အထိ Structure Class 2022 (Steel Structure Eurocode 3: EN 1993) နဲ့ သင်တန်းကို ဖွင့်ပေးပါမယ်။ ကျွန်တော့်ရဲ့ ပထမဆုံး Steel Structure သီးသန့် သင်တန်းဖြစ်ပါတယ်။

ကျွန်တော်က Steel Structure စာအုပ်ကိုရေးခဲ့တဲ့သူဆိုတော့ Steel နဲ့ပတ်သက်ပြီး ကျွန်တော့်မှာ ပြောပြစရာ စကားတွေအများကြီးရှိပါတယ်။

ဒီမှာ ဘာတွေသင်ရမလဲ ဆိုရင် စင်ကာပူမှာ အသုံးများတဲ့ Eurocode ကိုအခြေခံပြီး Steel Structure Design တွက်နည်းတွေကို ပြောပြသွားမှာဖြစ်ပါတယ်။ ယူရိုကုတ်က မြန်မာပြည်မှာ လူသိနည်းသလို၊ သင်ပေးတာလည်း ရှားပါတယ်။

တွက်တာအပြင် Detailing နဲ့ပတ်သက်တာတွေကိုလည်း ပြောပြသွားပါမယ်။ အပြင်မှာရှိတဲ့ ပရောဂျက်နှစ်ခုကို အစကနေအဆုံး Structure Run ပြီး ပုံထုတ်တဲ့အထိ ပြောပြမှာဖြစ်ပါတယ်။ တံတား၊ စက်ရုံတစ်လုံးနဲ့ အိမ်တစ်လုံးပါ။

အနှစ်ချုပ်ရရင် Structure စာတွေ့၊ လက်တွေ့၊ ပုံဆွဲတာ စသည့် အကုန်လုံးစုံအောင် သင်ပေးသွားပါမယ်။ ကျွန်တော်က သင်ရိုးညွှန်းတမ်းတစ်ခုကိုဆွဲရင် သူများသင်တာ လိုက်သင်တာ မဟုတ်ဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြည့်စုံအောင်လုပ်တယ်ဆိုတာ ကျွန်တော့်ဆီမှာ သင်ဖူးသူတိုင်းသိပါတယ်။ သင်တန်း စနေပါပြီ စိတ်၀င်စားလို့ တက်ချင်တယ်ဆိုရင် တက်လို့ရပါတယ်။

ကြာချိန်။ ။ ၃ လ
သင်တန်းကြေး။ ။ လူဟောင်း ( ၃၃,၀၀၀ ကျပ်)၊ လူသစ် (၄၀,၀၀၀ ကျပ်)

Register Ph. 09 254110126 (Thet Hnin Zin)
Viber or Page Messenger

Available Now ( in stock )Steel Structure အဆောက်အဦးကိုတည်ဆောက်နေတဲ့သူတွေ၊ Tower Crane အကြောင်းသိလိုသူတွေ၊ Bridge Structu...
18/01/2022

Available Now ( in stock )

Steel Structure အဆောက်အဦးကိုတည်ဆောက်နေတဲ့သူတွေ၊ Tower Crane အကြောင်းသိလိုသူတွေ၊ Bridge Structure အကြောင်း လေ့လာချင်တဲ့သူတွေ၊ Thesis အတွက်လိုအပ်လို့ဖြစ်စေ၊ Steel Drafting အပိုင်းကိုလေ့လာချင်လို့ဖြစ်စေ ယခုဖော်ပြပါနေရာများတွင်ဖြစ်စေ ဖုန်း ၀၉-၂၅၄၁၁၀၁၂၆ ကိုဆက်သွယ်မေးမြန်းပြီးဖြစ်စေ ဝယ်ယူလို့ရပါတယ်။ ရုံးချိန်မဟုတ်ပါက viber ကနေလည်း message ပို့ထားလို့ရပါတယ်။

37000 kyats + (Delivery fees if available)

ဒီစာအုပ်မှာ အခန်းပေါင်း ၁၈ ခန်းရှိပြီး စာမျက်နာပေါင်း ၅၀၀ နီးပါးရှိပါတယ်။ Steel Structure ပိုင်းကိုစိတ်ဝင်စားသူတွေ၊ အခုမ...
06/11/2021

ဒီစာအုပ်မှာ အခန်းပေါင်း ၁၈ ခန်းရှိပြီး စာမျက်နာပေါင်း ၅၀၀ နီးပါးရှိပါတယ်။ Steel Structure ပိုင်းကိုစိတ်ဝင်စားသူတွေ၊ အခုမှစလေ့လာမယ့်သူတွေအတွက်လဲ စုံစုံလင်လင်နဲ့ ရှင်းပြထားပါတယ်။

စာအုပ်ဝယ်လိုပါက
09 254110126 ကိုဖုန်းဆက်ပြီးတော့ဖြစ်စေ
Viber, Messenger ကနေ စာပို့ထားပြီးတော့ဖြစ်စေ မှာယူနိုင်ပါတယ်။ မြန်မာတနိုင်ငံလုံးကို ပို့ပေးပါတယ်။

စျေးနှုန်း - ၃၇၀၀၀ ကျပ်

Address

Yangon

Telephone

+959254110126

Website

Alerts

Be the first to know and let us send you an email when Steel Structure Book: Aung Hla Min Naing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Steel Structure Book: Aung Hla Min Naing:

Share

Category