Vlog by Dee

Vlog by Dee Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Vlog by Dee, u aung Kyaw phyu, Yangon.

ဘတ်သတင်း ကြေညာချက်‼️‼️October 15ရက်နေ့တွင် တရားဝင် လူသစ်ဘတ်ရိုက်ဖို့ စာရင်းတင်ရန်ခွင့်ပြုချက် ကျခဲ့သော်လည်းထိုင်းအလုပ်သမ...
16/10/2025

ဘတ်သတင်း ကြေညာချက်‼️‼️

October 15ရက်နေ့တွင် တရားဝင်
လူသစ်ဘတ်ရိုက်ဖို့ စာရင်းတင်ရန်
ခွင့်ပြုချက် ကျခဲ့သော်လည်း

ထိုင်းအလုပ်သမား၀န်ကြီးဌာန မှ လူသစ်ဘတ်စာရင်းတင်ဖို့အတွက် 15.10.2025 ရက်နေ့ခွင့်ပြုချက်ကို နယ်စပ်မှာ အခြေအနေ မတည်ငြိမ်တာကြောင့် ရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာအပ်ပါသည်။

ဖွင့်မည်နေ့ကို ပြန်လည်အသိပေးပါမည်လို့လည်း
ပြောကြားထားပါသည်။

06/10/2025

Bangkok မြို့ RCA ဧရိယာ၊ ရာမ ၉ လမ်း၊

Bang Kapi ခရိုင်၊ Huai Khwang ခရိုင်တွင်

မီးလောင်မှုဖြစ်ပွါး ။လူတွေတော့

ဘာမှကြီးကြီးမားမား မဖြစ်ကြပါစေနဲ့🙏

ဘယ်ကစလောင်လဲ ဆိုတာတော့

တိတိကျကျမသိရသေးပါ။

05/10/2025

Pizza ကြိုက်တဲ့သူလေးတွေအတွက် ဘန်ကောက် ပတူနမ်ညစျေးပတ်ပြီးတာနဲ့ မဖြစ်မနေ ဝယ်စားခဲ့ပါနော်။ cheese 3မျိုးနဲ့ 9”လက်မကိုမှ ဘတ်160တည်းမို့ တန်းစီပြီး နည်းနည်းတော့စောင့်ရပါတယ်။ အရသာကတော့ ရှယ်မိုက်တာမို့ foreigner တွေကအစ တန်းစီစောင့်ဝယ်ကြတာမို့ ဝင်စားကြည့်နော်။ #ပသိုနမ်

ဘန်ကောက်ကို fufuတော့ရောက်လာပါပြီ❤️Phra Khanong BTS Exit 4ကနေ ဆင်းဆင်းချင်း တွေ့ရတဲ့ second floor မှာပါ။Burmese food hous...
05/10/2025

ဘန်ကောက်ကို fufuတော့ရောက်လာပါပြီ❤️
Phra Khanong BTS Exit 4ကနေ
ဆင်းဆင်းချင်း တွေ့ရတဲ့ second floor မှာပါ။

Burmese food house နဲ့ဆို ဘေးချင်းကပ်လေးပါပဲ
ဖွင့်ထားတာတော့ မကြာသေးပါဘူး။

Service နဲ့ freeပေးတဲ့ လိမ္မော်ဖျော်ရည်ကတော့
လုံးဝမခိုထားပါဘူး။အအေးကိုရန်ကုန်ကထက်
ပိုကြိုက်ပါတယ်။
hot potနဲ့အချဉ်အရသာအနေနဲ့ဆိုရင် ရန်ကုန်ကအရသာပိုကြိုက်ပါတယ်။

လိုအပ်ချက်လေးတွေတော့ ရှိနေသေးပေမယ့်
Fufu လွမ်းနေတဲ့သူတွေရှိရင် သွားစားကြည့်ပါနော်။

Set menuဆို ဘတ်၁၀၀ကျော်လေးပါပဲမို့
တန်ပါတယ်။






05/10/2025

ငါးခြောက်ဖုတ်၊ဆိတ်သားခြောက်မီးကင်တို့ဆို နောင်တမရချင်ရင် ဒီ^မင်းကြီးကြိုက်^ကနေ
မှာစားကြည့်ပါနော်။မကောင်းဘဲလဲ review
မရေးတာမို့ အငန်ကြိုက်တဲ့သူဆို တော်တော်အဆင်ပြေမှာပါရှင့်။

ဆိတ်သားခြောက်ကတော့ ထင်ထားတာထက်ပိုပြီး မွမွလေးနဲ့ ဝါးရတာ လုံးဝမမာပါဘူးရှင်။

ငါးခြောက်ဖုတ်ဆီစိမ်ကလဲ ပဲဆီအနံလေးမွှေးနေရော စောင့်ရကျိုးနပ်ပါတယ်။တစ်ခါလောက်တော့
မဖြစ်မနေစမ်းtryကြည့်နော်🫶

#မင်းကြီးကြိုက်
#ဆိတ်သားခြောက်ဖုတ်
#ငါးခြောက်ဖုတ်
#သဲနုမင်းကြီးကြိုက်

19/09/2025

Budget ခြွေတာချင်တဲ့သူလေးတွေ၊ရုံးဆင်း
ရုံးတက်ချိန် ကားလမ်းအရမ်းပိတ်လို့ စိတ်ညစ်တဲ့
သူလေးတွေအတွက် ဒီးရဲ့ ဘန်ကောက်မှာ
လှေစီးသွားတဲ့ အတွေ့အကြုံလေးပါရှင့်။




#လှေစီး

14/09/2025

ဘန်ကောက်မှာနေပြီး ဒီးတို့လို အိမ်ခဏခဏပြောင်းရတဲ့သူတွေအတွက်အရမ်းအဆင်ပြေတဲ့ ဘီရိုလေးမို့ Vd တင်ပေးတာပါနော်❤️ ဘီရိုက မကြီးမသေး ပုံမှန် sizeလေးပါ။60cmမို့ တစ်ယောက်တည်းသမားတွေအတွက် အနေတော်လေးပါပဲ။သူက အဆင့် 3ဆင့်၊4ဆင့်၊5ဆင့်ဆိုပြီး ရွေးပြီးဝယ်လို့ရပါတယ်။ ဒီးကတော့ 5ဆင့်မကြိုက်လို့ 4ဆင့်ပဲ ရွေးဝယ်ခဲ့တာပါ။ သူကတဆင့်ချင်း အရှင်မို့ ဖြုတ်ရတပ်ရလွယ်ကူပါတယ်ရှင့်။ဘီးလေးလဲပါတာမို့ လိုသလိုရွေ့လို့ရတာလေးလဲကြိုက်ပါတယ်လို့🫣စျေးကလဲဘတ်500ကျော်လေးမို့ လက်လာတို့တာပါ။ ဒီးဝယ်ခဲ့တာက TT shop ကပါ။ comment မှာ link လေးချပေးထားပါမယ်နော်😙🫶

TikTok shop- https://vt.tiktok.com/ZSHnUfRLs212r-oP0GD/

Lazada - https://s.lazada.co.th/s.ASFn5

ဒီဆိုင်လေးကတော့ Phra Khanong Btsမှတ်တိုင်နားက ^The Burma Food House^ ဆိုတဲ့ မြန်မာဆိုင်လေးပဲဖြစ်ပါတယ်❤️ အရသာတော်တော်လေး ...
31/07/2025

ဒီဆိုင်လေးကတော့ Phra Khanong Btsမှတ်တိုင်
နားက ^The Burma Food House^ ဆိုတဲ့
မြန်မာဆိုင်လေးပဲဖြစ်ပါတယ်❤️

အရသာတော်တော်လေး စားကောင်းတယ်လို့
review အရမ်းများနေလို့ သွားစားကြည့်ဖို့
လုပ်နေရင်း မနေ့ကမှသွားစားဖြစ်ခဲ့တာပါရှင့်။
Honest review လေးလဲပေးချင်လို့
တင်လိုက်တာပါရှင့်။🫶

ပထမဆုံး ဆိုင်အပြင်အဆင်လေးက မိုက်ပါတယ်။ Service အပိုင်းနဲ့ အရသာပိုင်းက တစ်ကယ်ပြောစရာမလိုအောင် တော်တော်လေးအဆင်ပြေခဲ့ပါတယ်။✅

ဒီးတို့တစ်ကယ်သွားစားကြတာက မာလာရှမ်းကော
ဆိုပေမယ့် ကုန်သွားတော့ မထူးပါဘူးဆိုပြီး
ကြေးအိုးဆီချက်ပဲ မှာစားဖြစ်ခဲ့ပါတယ်။🤭

‼️အမှန်ထပ်ပြောရရင် ဒီးက ကြေးအိုးဆီချက်ကို ကြိုက်တဲ့ထဲမပါပါဘူး။သူငယ်ချင်းတွေကအစ
သိပါတယ်။အရင်ကတည်းကလဲ တစ်ပွဲ
ကုန်အောင်ထိ မစားနိုင်ပါဘူး။မာလာရှမ်းကော
မရတော့ ဆိုင်မှာက ကြေးအိုးဆီချက်က
နမည်ကြီးနေလို့သာ မှာစားလိုက်တာပါ။

ကြေးအိုးဆီချက် ချပေးတဲ့အချိန်မှာတော့
ပွဲpotion ကတော်တော်လေး များပါတယ်။
အသားတွေဆိုလဲ အများကြီးပါတယ်
ပြီးရင် အရသာကတော့ နမည်ကြီးနေတဲ့
အတိုင်းလဲ ကြေးအိုးက စားလို့အရမ်း
ကောင်းပါတယ်။

အဲ့ပွဲကြီးတစ်ပွဲလုံးစားရင်းစားရင်း ကုန်သွားတာပါ။
သံပုရာရည်လေးနဲ့ မှာလိုက်တော့
အအီပြေသွားပြီး Chef ကိုနေအောင် စားရတာအဆင်ပြေလား လာမေးချိန်မှာ ပန်းကန်ထဲ
ဘာမှမရှိတော့ပါဘူး😂😂

စျေးအနေနဲ့ပြောရရင် potion များပြီး
အရသာကောင်းရင် ပေးရတဲ့စျေးနဲ့
ပေးပျော်ပါတယ်ရှင့်။🫶

တစ်ရက်တော့ မာလာရှမ်းကောလေးလဲ
ထပ်လာစားချင်ပါသေးတယ်လို့။🩷

The Burma Food House မှာ မစားဖူးသေးတဲ့ ဘန်ကောက်ရောက်ရွှေမြန်မာတွေလဲ
သွားစားကြည့်ပါဦးနော်။တခြား menuတွေလဲ
အများကြီး ရှိပါသေးတယ်ရှင့်။
Phra Khanong BTSရဲ့ ဘေးနားမှာတင်
ဆိုင်ကြီးဖွင့်ထားမှာမို့ သွားရလာရလဲ
လွယ်ကူပါတယ်🥰

ဆိုင်ရဲ့အားနည်းချက်လေးကတစ်ခုပဲရှိပါတယ်ရှင့်
မှာပြီး စောင့်ရတာနည်းနည်းကြာတာလေးတစ်ခုပါ။

#စားမယ်





23/07/2025

mint review
Hello ဒီးရဲ့ pageလေး active မဖြစ်တာကြာပြီ
ဆိုတော့ facebook,TikTok တခွင် အပေါ်ဆွဲ
အောက်ဆွဲ ဒီမုန့်ပဲတက်နေပြီး bloggerတွေကြားမှာပါ စားကောင်းလို့ နံမည်ကြီးနေတဲ့ CoCo mint လေးရဲ့ review လေးပြန်တင်ပေးလိုက်ပါတယ်ရှင့်။❤️
မြန်မာနိုင်ငံမှာလဲ instockတွေရောက်လို့
စားဖူးတဲ့သူတွေလဲ စားဖူးလောက်ပြီပေါ့နော်…..ဟီး coco mint မှာဆို အရသာ 15မျိုးလောက်ထိရပါတယ် အဲ့ထဲကမှ Milo အရသာလေးစမ်းစားကြည့်တာ အရမ်းကြီးအချိုမကဲဘဲ စားလို့တစ်ကယ်ကောင်းပါတယ်။Milo,Kit kat,Ovaltine,Matcha,Oreo
ဒီ5မျိုးကတော့ အရောင်းရဆုံး အရသာလေးတွေမို့ snackလေးတွေကြိုက်တဲ့သူဆို
တစ်ဘူးလောက်တော့ tryကြည့်ပါလို့
ဒီးကအကြံပေးချင်ပါတယ်ရှင့်❤️
ဒီvlogလေးမှာ ပေါ့ပေါ့ပါးပါးရိုက်လိုက်တာမို့ လိုအပ်ချက်များစွာရှိနေသေးပါတယ်ရှင့်။
ချစ်တဲ့မျက်လုံးလေးနဲ့ပဲကြည့်ပေးပါနော်🤗
#စားမယ်

25/06/2025

ပေါင်မုန့်လေးက မီးကင်ပြီးမှ sandwich လုပ်စားရင်ပိုကောင်းပါတယ်ရှင့်🙏ဒီးလုပ်ပြတာမှာ လိုအပ်ချက်တွေရှိနေပေမယ့် လွယ်ကူရိုးရှင်း မြန်ဆန်တဲ့Tuna sandwich လေးမို့ အိမ်မှာလုပ်စားကြည့်ကြပါဦးနော်🫶ဆိုင်အရသာလေးအတိုင်း အနီးစပ်ဆုံးရပါတယ်ရှင့်။တူနာဘူးလေးဖွင့်ပြီးရင် ရေနဲ့ဆီကိုလုံးဝမကျန်အောင်ထိစစ်ထုတ်လိုက်ပါနော်။ပြီးမှ ဆားနည်းနည်း၊ငရုပ်ကောင်းမှုန့်နည်းနည်း၊Mayonnaise လေးနဲ့ ရောပြီးtunaကို နယ်ပေးပါရှင်။

#အိမ်ချက်
#စားမယ်
lover

Address

U Aung Kyaw Phyu
Yangon

Telephone

+959403564158

Website

Alerts

Be the first to know and let us send you an email when Vlog by Dee posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Vlog by Dee:

Share