YOON Online Shop

YOON  Online Shop မီးဖိုချောင်သုံး ပစ္စည်းများ
ပန်းကန်၊မြေအိုး နှင့်
ကြွေထည်ပစ္စည်းများ
ဖန်ထည် နှင့် ယွန်းထည်များ

02/06/2026
ဒီလိုလူစားမျိုးထဲ မပါအောင်နေပါ🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺လူတစ်ယောက်ရဲ့ဘဝ အနိမ့် အမြင့်ဟာ" စိတ်ဓာတ်"အပေါ်အများကြီး မူတည်နေပါတယ်။" စိတ်ဓာ...
21/05/2026

ဒီလိုလူစားမျိုးထဲ မပါအောင်နေပါ
🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺
လူတစ်ယောက်ရဲ့
ဘဝ အနိမ့် အမြင့်ဟာ
" စိတ်ဓာတ်"အပေါ်
အများကြီး မူတည်နေပါတယ်။
" စိတ်ဓာတ် " မြင့်မားရင်
" ဘဝ "မြင့်မားမှာဖြစ်ပြီး၊
" စိတ်ဓာတ် " နိမ့်နေရင်
ငွေချမ်းသာလည်း
ဘဝက နိမ့်ကျနေမှာပါ။

" စိတ်ဓာတ် " မြင့်မားတယ်ဆိုတာ
ဘယ်လိုဟာကို ခေါ်သလဲ-?
{ ၁ } ရိုးသားမှု။
{ ၂ } ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်
အပြောတွေအပေါ် တာဝန်ယူမှု။
{ ၃ } အရှိကို အရှိအတိုင်း ရိုးသားစွာ
ဖော်ပြတတ်မှု။
{ ၄ } မကောင်းတာပဲ လုပ်လုပ်
ကောင်းတာပဲ လုပ်လုပ်
စည်းစနစ်ကျမှု။
{ ၅ } ကိုယ်မှားရင် မှားတယ်လို့
ဝန်ခံရဲတဲ့ သတ္တိရှိမှု။
{ ၆ } အခြားသူရဲ့ နှာခေါင်းပေါက်နဲ့
အသက်မရှူတတ်သူ။
{ ၇ } အပြောတစ်မျိုး / အလုပ်တစ်မျိုး
မလုပ်တတ်သူ။
{ ၈ } ကိုယ်မှန်တယ်ထင်ရင်
ရှင်ဘုရင်တောင် ပြန်ပြောရဲသလို
ကိုယ်မှားပြီ ဆိုရင်လည်း
သူတောင်းစားတောင် တောင်းပန်ဖို့
ဝန်မလေးတတ်သူ။
{ ၉ } ကိုယ့်ရဲ့ လုပ်ငန်းရှင်
ဆရာသမားအပေါ် သစ္စာရှိပြီး
ကိုယ့်ရဲ့ လက်အောက်ငယ်သားတွေ
အပေါ်ကိုလည်း
မျှတစွာ ဆက်ဆံတတ်ကာ
အမှန်တရားကို လက်ကိုင်ထားသူ။
စသည်တို့ကို ဆိုလိုပါတယ်။

အရည်အသွေးချင်း
ယှဉ်ပြိုင်တာ မဟုတ်ဘဲ
အမြီးကျန်ရင် အမြီး
ခေါင်းကျန်ရင် ခေါင်းစား ဆိုတဲ့
စိတ်ဓာတ်ရှိနေတဲ့ လူမျိုးစုတွေကတော့
တိုးတက်လာလည်း ခဏပါ။
အခြေမခိုင်ဘဲ ယိုင်လဲနေမှာ
သေချာသလောက် ရှိပါတယ်။
စိတ် သည် ဘဝ
ဘဝ သည် စိတ်ပါ။
စိတ်ဓာတ် မကောင်းမှတော့
မှန်လိုပဲ ဘဝလည်း
ချောလာစရာ အကြောင်း မရှိပါ။
ပေါ့ပေါ့နေ ပေါ့ပေါ့စားပြီး
" ဂွင်"ဆိုတဲ့
တစ်နပ်စား ကြံစည်နေမှတော့
တစ်နပ်စားပြီး
စားစရာ မကျန်တော့ရင် ငတ်ပြီပေါ့။
ပညာတွေ ဘယ်လောက်ပဲ
တော်တော် တတ်တတ်
စိတ်ဓာတ်တွေ မကောင်းရင်တော့
အသုံးမဝင်သလို
အရည်အချင်းတွေ
ဘယ်လောက်ပဲ ရှိရှိပါ
စည်းကမ်း မရှိရင်တော့
ပလိုင်းပေါက်နဲ့ ဖားကောက်နေသလိုပါပဲ။
သူငယ်ချင်း
" ဘဝ " မြင့်မားပြီး
အဆင့်အတန်းမြင့်တဲ့
လူသား တစ်ယောက် ဖြစ်ချင်ရင်တော့
" စိတ် "ကို အရင်ပြင်ကြည့်လိုက်ပါ။

Myday
♡︎✨🌺
♡︎✨🌺
♡︎✨🌺

လက်ခုပ်သံတွေလည်း မရှိ၊အသိအမှတ်ပြုမှုတွေလည်း မပါ၊တိတ်တဆိတ် စွန့်ကြဲပေးကမ်းမှုလေးတစ်ခုသာ။အခြားသူတွေက ပိုပေးနိုင်ပေမဲ့ သတိမ...
05/05/2026

လက်ခုပ်သံတွေလည်း မရှိ၊
အသိအမှတ်ပြုမှုတွေလည်း မပါ၊
တိတ်တဆိတ် စွန့်ကြဲပေးကမ်းမှုလေးတစ်ခုသာ။
အခြားသူတွေက ပိုပေးနိုင်ပေမဲ့ သတိမမူမိကြဘူး၊
သူမက နည်းနည်းလေးပေးတာတောင် အားလုံးက မြင်ခဲ့ကြတယ်။
ဘာလို့လဲဆိုတော့ ကောင်းကင်ဘုံဟာ လူတွေလို မတိုင်းတာလို့ပါပဲ။
ပမာဏကို မဟုတ်ဘဲ နှလုံးသားကိုပဲ တိုင်းတာတာပါ။
တစ်ခါတလေမှာ အသေးငယ်ဆုံးသော ယုံကြည်ခြင်းလုပ်ရပ်ဟာ
ထာဝရကာလအတွက် အကြီးမားဆုံးသော အလေးချိန်ကို ဆောင်ကြဉ်းပေးတတ်ပါတယ်။
သင်ကိုယ်တိုင် အရေးမပါဘူးလို့ ထင်ခဲ့တဲ့အရာဟာ
ကောင်းကင်ဘုံမှာတော့ ဂုဏ်ပြုခြင်းနဲ့ မှတ်တမ်းတင်ခြင်း ခံရပါတယ်။
ဘာလို့လဲဆိုတော့ ဖြူစင်တဲ့နှလုံးသားနဲ့ ပေးကမ်းတဲ့ ဘယ်အရာကိုမဆို
ဘုရားသခင်က ဘယ်တော့မှ လျစ်လျူမရှုလို့ပါပဲ။❤️❤️

😱 မနက်ခင်း နိုးလာတာနဲ့ မျက်လုံးတောင် သေချာမပွင့်ခင် သင်ပြုလုပ်နေကျ အပြုအမူ တချို့ကြောင့် သင့်ရဲ့ "ကျောက်ကပ်" က တိတ်တိတ်လ...
30/04/2026

😱 မနက်ခင်း နိုးလာတာနဲ့ မျက်လုံးတောင် သေချာမပွင့်ခင် သင်ပြုလုပ်နေကျ အပြုအမူ တချို့ကြောင့် သင့်ရဲ့ "ကျောက်ကပ်" က တိတ်တိတ်လေး ငိုကြွေးနေရပြီဆိုတာ သိပါသလား?
လူအများစုက “ငါ မနက်တိုင်း ဒီလိုပဲ လုပ်နေတာပဲ၊ ဘာမှမဖြစ်ပါဘူး” လို့ ပေါ့ပေါ့ဆဆ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ ကျောက်ကပ်ရောဂါဆိုတာ အစပိုင်းမှာ ဘာလက္ခဏာမှ မပြဘဲ တဖြည်းဖြည်းနဲ့ အသံတိတ် ပျက်စီးသွားတတ်တဲ့ ဘေးအန္တရာယ် အကြီးမားဆုံး ရောဂါတွေထဲက တစ်ခုပါ။
ဒီနေ့တော့ မနက်ခင်းမှာ လူအများ မသိဘဲ လုပ်မိနေတဲ့ ကျောက်ကပ်ကို ဒုက္ခပေးနေတဲ့ အလေ့အကျင့်ဆိုးတွေကို တစ်ချက်ချင်း တင်ပြ ပေးပါမယ်။ 👇
၁။ နိုးနိုးချင်း ရေမသောက်ဘဲ နေခြင်း
ကျွန်တော်တို့ ညအိပ်နေတဲ့ အချိန်အတွင်းမှာ ခန္ဓာကိုယ်ထဲက ရေဓာတ်တွေဟာ အသက်ရှူခြင်းနဲ့ ချွေးထွက်ခြင်းတို့ကနေတစ်ဆင့် ခန်းခြောက် သွားပါတယ်။ မနက်နိုးနိုးချင်း ရေပြန်မဖြည့်ပေးဘူးဆိုရင် သွေးတွေက ပိုပျစ်လာပြီး ကျောက်ကပ်က အညစ်အကြေးတွေကို သန့်စင်ဖို့ အလွန်အမင်း ပင်ပန်းရပါတယ်။ ဒါတင်မကဘဲ ရေဓာတ်နည်းတာက ကျောက်ကပ်ကျောက်တည်ဖို့ အခွင့်အလမ်းကိုလည်း ပိုများစေပါတယ်။ 💧
၂။ ရေမသောက်ဘဲ ကော်ဖီ သို့မဟုတ် လက်ဖက်ရည် အရင်သောက်ခြင်း
"မနက်ခင်း ကော်ဖီတစ်ခွက် မသောက်ရရင် မနေနိုင်ဘူး" ဆိုသူတွေ အထူးဂရုစိုက်ပါ။ ကော်ဖီနဲ့ လက်ဖက်ရည်မှာပါတဲ့ ဓာတ်တွေက ဆီးကို ပိုထွက်စေတဲ့အတွက် ခန္ဓာကိုယ်ထဲက ရေဓာတ်ကို ပိုမိုကုန်ဆုံးစေပါတယ်။ ရေမသောက်ဘဲ ကော်ဖီအရင်သောက်တာဟာ ရေငတ်မွတ်နေတဲ့ ကျောက်ကပ်ကို အလုပ်တွေ နှစ်ဆ ပိုခိုင်းလိုက်သလိုပါပဲ။
၃။ မနက်စာကို အငန်ကဲစွာ စားခြင်း
မနက်ခင်းမှာ အသင့်စား အစားအစာတွေ၊ မုန့်ထုပ်တွေ ဒါမှမဟုတ် ဆားနဲ့ အချိုမှုန့် အလွန်အကျွံ ပါတဲ့ အစားအစာတွေကို စားတဲ့အကျင့်က ကျောက်ကပ်အတွက် အဆိပ်ပါပဲ။ အငန်ဓာတ် (ဆား) များလာရင် သွေးဖိအား တက်လာပြီး ကျောက်ကပ်က သွေးကြောလေးတွေကို ဖိအားပေး ပျက်စီးစေပါတယ်။
၄။ ဆီးကို အကြာကြီး အောင့်ထားခြင်း
မနက်ခင်း အလုပ်သွားဖို့ ပြင်ဆင်ရင်း အလုပ်ရှုပ်လို့ပဲဖြစ်ဖြစ်၊ ကားကြပ်လို့ပဲဖြစ်ဖြစ် ဆီးအောင့်ထားတဲ့ အလေ့အကျင့်က ကျောက်ကပ်ကို တိုက်ရိုက် ထိခိုက်စေပါတယ်။ ဆီးထဲမှာပါတဲ့ အညစ်အကြေးတွေနဲ့ ဘက်တီးရီးယားတွေက ကျောက်ကပ်ဆီ ပြန်ပြီး ဖိအားပေးတဲ့အတွက် ဆီးလမ်းကြောင်း ပိုးဝင်တာကနေတစ်ဆင့် ကျောက်ကပ်ရောင်တာ၊ ကျောက်ကပ် ပျက်စီးတာ တွေအထိ ဖြစ်လာနိုင်ပါတယ်။
၅။ အကိုက်အခဲပျောက်ဆေးများကို အလွယ်တကူ သောက်ခြင်း
ခေါင်းနည်းနည်းကိုက်တာ၊ ကိုယ်လက်နည်းနည်း နာတာနဲ့ မနက်ခင်းမှာ အကိုက်အခဲပျောက်ဆေး (Painkillers) တွေကို အကျင့်လို သောက်နေရင်တော့ သတိပြုပါ။ ဒီဆေးတွေဟာ ကျောက်ကပ်ဆီ စီးဆင်းတဲ့ သွေးပမာဏကို လျော့နည်းစေပြီး ကျောက်ကပ်ဆဲလ်တွေကို တိုက်ရိုက် ထိခိုက်စေပါတယ်။ အထူးသဖြင့် ရေဝဝမသောက်ဘဲ ဆေးသောက်တာက စိုးရိမ်စရာ ပိုကြီးပါတယ်။ ⚠️
၆။ အိပ်ရေးမဝခြင်းနှင့် မနက်တိုင်း အလောတကြီး ထခြင်း
ညဘက် အိပ်ရေးမဝတာက ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအား ကို ကျဆင်းစေပါတယ်။ မနက်ခင်းအချိန်ဟာ ကျောက်ကပ်အတွက် မိမိကိုယ်ကို ပြန်လည်ပြုပြင်ရတဲ့ "နားချိန်" လို့ ပြောလို့ရပါတယ်။ အနားယူမှု မလုံလောက်ဘဲ အမြဲတမ်း ပင်ပန်းနွမ်းနယ်နေတာဟာ ကျောက်ကပ်ရဲ့ လုပ်ဆောင်ချက်တွေကို တဖြည်းဖြည်း ယိုယွင်း လာစေပါတယ်။
💚 ကျောက်ကပ်ကို ကာကွယ်ဖို့ မနက်ခင်း အလေ့အကျင့်ကောင်းများ
ကျောက်ကပ်ဆိုတာ ပျက်စီးသွားရင် ပြန်ကောင်းဖို့ အင်မတန် ခက်ခဲတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုပါ။ ဒါကြောင့် ဒီနေ့ကစပြီး အောက်ပါအချက်လေးတွေကို ပြင်ဆင် ကြည့်ရအောင် -
မနက်နိုးနိုးချင်း ရေတစ်ခွက် (သို့မဟုတ်) နှစ်ခွက် အရင်သောက်ပါ။
မနက်စာမှာ အငန်နဲ့ အချိုမှုန့် လျှော့ချစားပါ။
ဆီးသွားချင်ရင် မအောင့်ထားပါနဲ့။
ဆရာဝန် ညွှန်ကြားချက်မပါဘဲ ဆေးတွေကို အလွယ်တကူ မသောက်ပါနဲ့။
ညဘက် အိပ်ရေးဝဝ မှိန်စက်အနားယူပါ။
ဒီစာကို ဖတ်ရင်း “ငါလည်း လုပ်နေမိတာပါလား” လို့ တွေးမိရင် အခုကစပြီး ချက်ချင်း ပြောင်းလဲလိုက်ပါ 💪။
မိမိတို့ရဲ့ ကျန်းမာရေးဗဟုသုတတွေ တိုးပွားဖို့နဲ့ နေ့စဉ်လူနေမှုဘဝမှာ သတိပြုနိုင်ဖို့အတွက် ShweKhit Media မှ အမြဲတစေ တင်ဆက်ပေးနေပါတယ်။ အခုပို့စ်လေးက သူငယ်ချင်းတို့အတွက် အကျိုးရှိစေတယ်ဆိုရင် Like & Share လုပ်ပေးဖို့ မမေ့နဲ့ဦးနော်။
အားလုံးပဲ ကျန်းမာရွှင်လန်းတဲ့ နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

အပြင်မှာ .... တကြိမ် တခါတောင်မတွေ့ဘူးပေမယ့်စိတ်ထဲမှာ .... ရင်းနှီးနေသူတွေရှိတယ် ...........လူကောင်းလား လူဆိုးလား၁၀၀%မသေခ...
29/04/2026

အပြင်မှာ .... တကြိမ် တခါတောင်
မတွေ့ဘူးပေမယ့်
စိတ်ထဲမှာ .... ရင်းနှီးနေသူတွေရှိတယ် ...........

လူကောင်းလား လူဆိုးလား
၁၀၀%မသေခြာပေမဲ့ ကိုယ့်ရင်ထဲမှာတော့
သူတို့က လူကောင်းပါပဲ ............

ကိုယ့်အကြိုက် သူ့အကြိုက်
တူချင်မှ တူပေမယ့်
တင်တဲ့ post တွေကို အမြဲဖတ်တယ်
အကြိုက်တူရင် လက်မလေးထောင်ခဲ့တယ်
စ ,နောက်သင့်တဲ့ post ဆိုရင်
ဝင်ပြီး စ , နောက်ကြတယ် ................

သူ့အမြင် ကိုယ့်အမြင် တူချင်မှ တူမယ်
( ဒါပေမယ့် ) ..... သူက ကိုယ့်ကိုခင်တယ်
ကိုယ်က သူ့ကိုခင်တယ်
ခင်မင်ခြင်းတွေကတော့ တူပါတယ် .............

ခင်မင်ရင်းနှီးတာခြင်း တူပေမယ့်
ယောင်္ကျား မိန်းမ ကွဲပြားလိမ့်မယ် ...............

ဒါပေမယ့်
သူ့စည်း ကိုယ့်စည်း လူမှု့စည်းကမ်းတွေနဲ့
နေတာချင်းတော့ တူကြတယ် .............

သံသရာကြီးက အကျယ်ကြီး အရှည်ကြီးဆိုတော့

လူတိုင်းဟာ ဘဝတခုမှာ
ဆွေမျိုးတွေ ဖြစ်ခဲ့တယ်ဆိုရင်
သိပ်မဝေး သိပ်မကွာခြားလှတဲ့ ... ဘဝတွေမှာ ............

ဒို့တတွေဟာ
ညီအကို မောင်နှမ
သားအမိ သားအဖတွေ
ဆွေမျိုးတွေ
ဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ် .................

21/04/2026

Best sell items but not for sale 🥰🌹

လမ်းဘေးခွေးလေးတစ်ကောင်ကို ကယ်တင်လိုက်ခြင်းက ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲပစ်နိုင်မှာ မဟုတ်ပေမဲ့... အဲ့ဒီကလေးအတွက်တော့ ...
18/04/2026

လမ်းဘေးခွေးလေးတစ်ကောင်ကို
ကယ်တင်လိုက်ခြင်းက

ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲပစ်နိုင်မှာ
မဟုတ်ပေမဲ့...

အဲ့ဒီကလေးအတွက်တော့
သူ့ရဲ့ ကမ္ဘာတစ်ခုလုံးကို
သင်က ပြောင်းလဲဖန်တီးပေးလိုက်တာပါ။

အမှောင်ထဲက တုန်ရီနေတဲ့
အသက်ရှူသံလေးကို
သင် ကြားယောင်ကြည့်ဖူးပါသလား?

မိုးသည်းထန်တဲ့ညတစ်ညမှာ
အအေးဒဏ်ကို အံတုရင်း လမ်းဘေးက

ကားစုတ်ကြီးအောက်မှာ ကွေးကွေးလေး
အိပ်နေရတဲ့ ကောင်လေးတစ်ကောင်...။

သူ့ရဲ့ တစ်ကိုယ်လုံးဟာ စိုစွတ်ညစ်ပတ်နေပြီး၊
ဗိုက်ဆာလွန်းလို့ အားအင်ကုန်ခမ်းနေတဲ့

သူ့ရဲ့ နှလုံးခုန်သံက တုန်ရီလာပြီး
တဖြည်းဖြည်း နှေးကွေးလာနေပါတယ်။

သူ့ရဲ့ မသိစိတ်ထဲမှာ "ဒီညဟာ ငါ့အတွက်
နောက်ဆုံးည ဖြစ်မလား?" ဆိုတဲ့
အကြောက်တရားတွေနဲ့ ပြည့်နှက်နေချိန်...

အဲ့ဒီအချိန်မှာ သင့်ရဲ့ လက်တစ်စုံက

သူ့ဆီ ရောက်သွားခဲ့ရင်...
သူ့ကို ပွေ့ဖက်ဖြစ်ခဲ့ရင်

သင့်ရဲ့ နွေးထွေးတဲ့ အထိအတွေ့ က
သူ့ရဲ့ ကြောက်လန့်နေတဲ့ စိတ်ကို
ဘယ်လိုမျိုး လုံခြုံမှုပေးသွားမလဲဆိုတာ

မြင်ယောင်ကြည့်ကြည့်ပါ။

အရင်က လူဆိုရင် ခဲနဲ့ပေါက်ခံရမှာ
ကြောက်လို့ ရှောင်ပြေးခဲ့တဲ့ ကလေးဟာ၊

သင့်ရင်ခွင်ထဲမှာ ပထမဆုံးအကြိမ်
မျက်လုံးလေးမှိတ်ပြီး
စိတ်အေးလက်အေး အိပ်ပျော်သွားတဲ့အခါ...

သူ့ရဲ့ ကမ္ဘာငယ်လေးထဲမှာ သင်ဟာ တစ်ခုတည်းသော ခင်တွယ်ရာ၊
အလင်းရောင်တစ်ခု ဖြစ်သွားတာပါ။

ရက်အနည်းငယ်ကြာလာတဲ့အခါ
သင့်ကို တွေ့တိုင်း သူထွက်မပြေးတော့ဘဲ

အားငယ်နေတဲ့ မျက်လုံးလေးတွေနေရာမှာ
တောက်ပတဲ့ ယုံကြည်မှုတွေ
အစားထိုးလာတာကို သင် မြင်ရပါလိမ့်မယ်။

သင့်ခြေသံကြားတာနဲ့ အမြီးတနံ့နံ့နဲ့
ဆီးကြိုမယ့် သူ့ရဲ့ သစ္စာတရားဟာ
ဘယ်အရာနဲ့မှ လုပ်ယူလို့မရတဲ့ အရာတစ်ခုပါ

ကယ်တင်ခြင်းဆိုတာ တာ၀န်ယူဖို့
တကယ်ခက်ခဲပေမယ့် တကယ်လည်း ကြီးကျယ်ခမ်းနားတဲ့ မွန်မြတ်မှုတစ်ခုပါ 🤍



18/04/2026

🥰🥰🥰🥰

Address

Nguwar Street , Alone Town Ship
Yangon

Opening Hours

Monday 10:00 - 22:00
Tuesday 10:00 - 22:00
Wednesday 10:00 - 22:00
Thursday 10:00 - 22:00
Friday 10:00 - 22:00
Saturday 10:00 - 22:00

Telephone

+959760492288

Alerts

Be the first to know and let us send you an email when YOON Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share