Seed Studio

Seed Studio Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Seed Studio, Garden Center, Yangon.

💐🌿 SINCE 2020 💐🌿 ☑️Certificate of Online Sales Registration - တရားဝင် အွန်လိုင်းစျေးရောင်းချခွင့်ရရှိထားတဲ့ Page ဖြစ်သောကြောင့် ယုံကြည်စိတ်ချစွာဝယ်ယူနိုင်ပါသည်။
🌸🌼(Flower/Vegetable Seeds & Botanical Crafts) 🥬🍅

🌟🌟အသစ်ထပ်ရောက်တာတွေရော …stockကုန်ထားလို့ပြန်ဝင်ထားတဲ့ စားပင်မျိုးစေ့တွေပါ ..🫛🥬🥕🥒🌶️Instock ရှိတဲ့ တခြားစားပင်မျိုးစေ့တွေက...
23/05/2026

🌟🌟အသစ်ထပ်ရောက်တာတွေရော …stockကုန်ထားလို့ပြန်ဝင်ထားတဲ့ စားပင်မျိုးစေ့တွေပါ ..🫛🥬🥕🥒🌶️

Instock ရှိတဲ့ တခြားစားပင်မျိုးစေ့တွေကို link ကနေ ဝင်ကြည့်ပေးနော် 👇🏻👇🏻👇🏻

https://www.facebook.com/share/p/17HwFQ2TpW/?mibextid=wwXIfr

21/05/2026

🍅🥒🥕Local Farm ကထွက်ရှိတဲ့ စားပင်မျိုးစေ့လေးတွေပါ.. 🥬🌶️

Vpnလိုင်းမကောင်းတာကြောင့် ပုံတွေမမြင်ရတာ စာတွေမရောက်တာဖြစ်နေရင် Tiktok  ကနေလဲ လာပြောလို့ရပါတယ်ရှင် 🤗🤗
21/05/2026

Vpnလိုင်းမကောင်းတာကြောင့် ပုံတွေမမြင်ရတာ စာတွေမရောက်တာဖြစ်နေရင် Tiktok ကနေလဲ လာပြောလို့ရပါတယ်ရှင် 🤗🤗

.studio 3984 Followers, 0 Following, 31.6k Likes - Watch awesome short videos created by Seed Studio

  customerညီမလေးရဲ့ review လေးပါရှင်.. ဆိုင်မဖွင့်ထားပေမယ့် online sale service ကတော့ 100% အပြည့်ပေးပါတယ်နော်.. ဝယ်ဖူးတဲ...
20/05/2026

customerညီမလေးရဲ့ review လေးပါရှင်.. ဆိုင်မဖွင့်ထားပေမယ့် online sale service ကတော့ 100% အပြည့်ပေးပါတယ်နော်.. ဝယ်ဖူးတဲ့သူတိုင်းသိပါတယ်ရှင်.. online ရောင်းတာ ၆ နှစ်ရှိပြီိမို့ ယုံကြည်စိတ်ချစွာ အားပေးနိုင်ပါတယ်ရှင်🥰😍

18/05/2026

Beetroot ကို 100% အဟာရ အပြည့်အဝရဖို့ Microgreen အနေနဲ့လဲ စားသုံးနိုင်ပါတယ်… 🪴🌿🔴

🌸🪴ဒီနှစ်ထဲမှာ ကိုယ့်အိမ်လေးရဲ့ ရောင်စုံပန်းခင်းကိုနှစ်ခါ ပြောင်းလဲပစ်ကြမယ်…🌧️ 🌿 ❄️"အခု ဝယ်၊ အခု စိုက်၊ အခု ချက်ချင်း ပွင...
18/05/2026

🌸🪴ဒီနှစ်ထဲမှာ ကိုယ့်အိမ်လေးရဲ့ ရောင်စုံပန်းခင်းကိုနှစ်ခါ ပြောင်းလဲပစ်ကြမယ်…🌧️ 🌿 ❄️"

အခု ဝယ်၊ အခု စိုက်၊ အခု ချက်ချင်း ပွင့်လန်းမယ့် "မိုးကြိုက်ပန်းမျိုးစေ့" တွေအပြင်... ဆောင်းတွင်းကျမှ လိုက်ရှာရင် Stock ပြတ်သွားတတ်တဲ့ ☃️❄️”ဆောင်းကြိုက်ပန်းမျိုးစေ့”လေးတွေလဲ မှာာယူလို့ရနေပါပြီ..

🌿💐တောင်ပေါ်ဒေသမှာနေတဲ့သူတွေကတော့ မျိုးစေ့တွေကို နွေမိုးဆောင်း တစ်နှစ်ပတ်လုံးစိုက်လို့ရပေမယ့်…

မြေပြန့်ဒေသကသူတွေက ဆောင်းပန်းဆိုရင် ကြိုစုထားမှ.. ဆောင်းတွင်းမှ ဝယ်စိုက်မယ် လို့ တွေးနေရင် သူများတွေလက်ဦးသွားပါလိမ့်မယ်..

ဆောင်းတွင်း Pinterest ထဲကလို ဝေဆာလှပနေတဲ့ ပန်းခင်းလေး ပိုင်ဆိုင်ဖို့ဆိုရင်... မိုးကုန်တာနဲ့ ချက်ချင်း စိုက်နိုင်အောင် အခုကတည်းက မျိုးစေ့တွေ ကြိုတင်စုဆောင်းထားရပါမယ်။
ပဲ။

🛑ကြိုစုထားတဲ့ မျိုးစေ့ထုပ်တွေကိုလဲ အေးမြခြောက်သွေ့တဲ့နေရာမှာ အလွယ်တကူ သိမ်းထားရုံပါပဲ…. ရာသီဥတုက အေးလာပြီး မိုးကုန်ခါနီးမှ သူများတွေ လိုက်ရှာနေချိန်မှာ ကိုယ်က အဆင်သင့် မြေချစိုက်ပျိုးနိုင်ဖို့ အခုကတည်းက ကြိုတင်မှာယူထားလိုက်ပါ..

🛒🛍️ Available on our shop 18.05.2026

✔️ တစ်ထုပ် - 3300 ks

လက်လီ အတွက် 💢5သောင်းဖိုးနှင့်အထက် ဝယ်ယူအားပေးတဲ့ customer များက… အပင်အားဆေး တစ်ထုပ် လက်ဆောင် ထုတ်ယူလို့ရပါတယ်ရှင်💢

🪴🪴 ရာသီအလိုက် ထွက်ရှိတဲ့ မျိုးစေ့များဖြစ်တာကြောင့် Stock ရှိ/မရှိ မေးမြန်းနိုင်ပါတယ်။

🪴🪴အပင်ပေါက်တယ်/မပေါက်ဘူးက စိုက်ပျိုးနည်းမှန်ဖို့ရယ်၊ ရာသီဥတုရယ်၊ အသုံးပြုတဲ့မြေ/ဂရုတစိုက်ပျိုးထောင်နိုင်ဖို့ရယ် စတဲ့အခြေအနေတွေပေါ်လဲမူတည်သေးလို့ စနစ်တကျစိုက်ပျိုးဖို့လိုပါတယ်။

🛍️🛒 လက်လီမှာသူများ - ကြိုက်နှစ်သက်ရာမျိုးစေ့ အနည်းဆုံး (5 ထုပ်) ကစပြီးမှာယူပေးရပါတယ်ရှင်။

🛍️🛒 လက်ကားမှာသူများ - အော်ဒါမှာယူပြီး 3-5 ရက်စောင့်ပေးရပါတယ်။ ငွေလွှဲဝင်မှ ပစ္စည်းဖယ်ထားပေးပါတယ်။

💰 Beexpress ရှိသောနယ်မြို့များ နှင့် ရန်ကုန်မြို့တွင်း ငွေအမောက် 1သိန်းအောက်ဆို အိမ်ရောက်ငွေချေ ရပါတယ်။ 1သိန်းအထက်ဆို ငွေကြိုရှင်းပေးရပါတယ်ရှင်။

🚛 ဂိတ်ချဆိုရင် ဂိိတ်ပို့ခ 3000-3500 + ပစ္စည်းဖိုးကြိုရှင်းပေးရပါတယ်။ တန်ဆာခကို ပစ္စည်းထုတ်မှရှင်းလို့ရပါတယ်။

🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ နေ့တွေမှာdeli အပ်ပေးပါတယ်ရှင်။

ရန်ကုန်မြို့တွင်း 2-4 ရက်အတွင်းရောက်ပါတယ်။

နယ်မြို့များ အနီးအဝေးနှင့် လမ်းကြောင်းအခြေအနေပေါ်မူတည်ပြီး 3-7ရက် ကြာတတ်ပါတယ်ရှင်။

#ပန်းမျိုးစေ့ #အပင်မျိုးစေ့ #စားပင်မျိုးစေ့ #မျိုးစေ့ #အပင် #ပန်းပင် #ယိုးဒယားမျိုးစေ့ #ထိုင်းမျိုးစေ့

16/05/2026

🌸ပင့်ကူနီ မျိုးစေ့~ အိမ်ခြံဝင်းလေးထဲမှာ ပန်းပွင့်လေးတွေမြိုင်မြိုင်ဆိုင်ဆိုင်လေး စိုက်ချင်ရင် ပင့်ကူနီမျိုးစေ့ရှိပါတယ် ✨

🌸 ရာသီမရွေးစိုက်လို့ရတဲ့အပြင် အကြမ်းခံတဲ့ ပန်းပင်အမျိုးအစားမို့ စိုက်ပျိုးသူတို့ရွေးချယ်လို့အကောင်းဆုံးပါပဲ..

🪴🌱 ပန်းမျိုးစေ့တစ်ထုပ် -3300 ks ပါ။
🪴🌱 ကြိုက်နှစ်သက်ရာမျိုးစေ့ အနည်းဆုံး (5 ထုပ်) ကစပြီးမှာယူပေးရပါတယ်ရှင်။ စားပင်မျိုးစေ့၊ ပန်းမျိုးစေ့ ရောယူလိူ့လဲရပါတယ်။

#ပင့်ကူနီ

🌸 Snapdragon ကို ပန်းအလှစည်းမလား .. ဘုရားပန်းထိုး မလား ! Snapdragon ပန်းကိုရော မြန်မာလို ကျားပါးစပ်ပန်းလို့ .. ဘာလို့ခေါ...
15/05/2026

🌸 Snapdragon ကို ပန်းအလှစည်းမလား .. ဘုရားပန်းထိုး မလား ! Snapdragon ပန်းကိုရော မြန်မာလို ကျားပါးစပ်ပန်းလို့ .. ဘာလို့ခေါ်တာကြလဲ ? 🌸

ပန်းပွင့်ဖတ်လေးကို ညှစ်လိုက်ရင် ပါးစပ်ဟလာတတ်တဲ့ပုံစံလေးဖြစ်နေလို့ ကျားပါးစပ်ပန်းလို့ခေါ်ကြတယ်လို့ထင်ပါတယ်… ချစ်စရာ Snapdragon ပန်းလေးတွေကို ကိုယ့်အိမ်၊ခြံ မှာ အလွယ်တကူ စိုက်ပျိုးကြည့်ရအောင်🥰

🌱🌱 ပျိုးထောင်ခြင်း: မျိုးစေ့တွေကအရမ်းသေးလွန်းတာကြောင့်..မြေပွပွပေါ်တွင် မျိုးစေ့ကို ညီညာစွာ ဖြန့်ကြဲပါ။ (မျိုးစေ့ပေါ် မြေပြန်အုပ်ရန်မလိုပါ) အပင်ပေါက်ရန် အလင်းရောင်လိုသောကြောင့် ဖြစ်သည်။ ရေဖျန်းဘူးဖြင့် အသာအယာ ရေဖျန်းပေးပါ။

🪴 ရွှေ့ပြောင်းစိုက်ခြင်း: အရွက် ၄-၆ ရွက် (အမြင့် ၂ လက်မခွဲ) ရှိလာလျှင် အိုးကြီးထဲ ရွှေ့စိုက်ပါ။

☀️ ပြုစုနည်း: နေရောင်ခြည် အပြည့်အဝရသောနေရာတွင် ထားပါ။ အပေါ်ယံမြေခြောက်မှ ရေလောင်းပေးပါ…

🌿အပင်အမြင့် ၄ လက်မတွင် ထိပ်ဖျားကို ခေါင်နှိမ် (Pinching) ပေးပါက ဘေးကိုင်းများပြားပြီး ပန်းခိုင် ပိုဝေဆာစေပါသည်။

🌱🌿ခေါင်နှိမ်တယ်ဆိုတာ အပင်ထိပ်ဖျားကို ဖြတ်
ထုတ်တာကိုပြောတာပါနော်🤗 ( စိုက်ပျိုးရေးလောကမှာ အသုံးပြုနေကြစကားလေးမို့.. မသိသေးတဲ့သူတွေအတွက်ပြောပြပေးတာပါ)

⏳ ကြီးထွား/ပန်းပွင့်ချိန်: မျိုးစေ့စိုက်ပြီး ၂ လခွဲမှ ၃ လ (ရက်ပေါင်း ၇၅-၉၀) အတွင်း စတင်ပန်းပွင့်ပါသည်။

🪴🌟Seed Studio Tips🪴🌟
Snapdragonသည်် အေးမြသောရာသီကို ကြိုက်သဖြင့် မြေပြန့်ဒေသများတွင် မိုးနှောင်း/ဆောင်းဦး (အောက်တိုဘာ၊ နိုဝင်ဘာ) တွင် စိုက်ပျိုးရန် အကောင်းဆုံးဖြစ်ပြီး၊ ကုန်းမြင့်ဒေသများတွင် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပါတယ်…

💐✨ ကိုယ်တိုင်စိုက်တဲ့ Snapdragon ပန်းခိုင်လှလှလေးတွေ ခူးဆွတ်နိုင်ဖို့…အခုပဲ စိုက်ပျိုးကြည့်လိုက်
ရအောင်နော်… 😍

#ပန်းစိုက်ပျိုးနည်း

15/05/2026

🌼 Calendula မျိုးစေ့ ပြန်ရောက်ပါပြီ 🌼

အိမ်ခြံဝင်းလေးကို အရောင်လှလှ ပန်းတွေဖြင့် အလှဆင်ချင်သူများအတွက် 💛 Calendula ပန်းဟာ စိုက်ရလွယ်ပြီး ပန်းပွင့်ရင်လဲကြာတဲ့အပြင် အလှဆင်ဖို့လည်း အရမ်းလှပါတယ် ✨

🪴Beginner တွေအတွက်တောင် စိုက်ရလွယ်တဲ့အမျိုးအစားပါ…အဝါ/လိမ္မော်ရောင် ပန်းပွင့်လှလှတွေကို Balcony, Garden တို့မှာ စိုက်ချင်တယ်ဆိုရင် နှစ်ခါမစဉ်းစားပဲ လာမှာလိုက်တော့နော် 🤗🤗

🪴🌱 ပန်းမျိုးစေ့တစ်ထုပ် -3300 ks ပါ။
🪴🌱 ကြိုက်နှစ်သက်ရာမျိုးစေ့ အနည်းဆုံး (5 ထုပ်) ကစပြီးမှာယူပေးရပါတယ်ရှင်။ စားပင်မျိုးစေ့၊ ပန်းမျိုးစေ့ ရောယူလိူ့လဲရပါတယ်။

#ရွှေတဆုပ်

🟡🍅 ချယ်ရီ ခရမ်းချဉ်သီး (Cherry Tomato) ကို အိမ်မှာပဲ အလွယ်တကူ စိုက်ပျိုးကြမယ်🪴🍅🟡ချယ်ရီခရမ်းချဉ်ကို အလှစိုက်မလား၊ စားဖို့...
14/05/2026

🟡🍅 ချယ်ရီ ခရမ်းချဉ်သီး (Cherry Tomato) ကို အိမ်မှာပဲ အလွယ်တကူ စိုက်ပျိုးကြမယ်🪴🍅🟡

ချယ်ရီခရမ်းချဉ်ကို အလှစိုက်မလား၊ စားဖို့စိုက်မလား... တစ်ပင်လုံး နီနီရဲရဲ-ဝါဝါဝင်းဝင်းရှိတဲ့ ချယ်ရီခရမ်းချဉ်သီးလေးတွေကို အိမ်မှာတင်အောင်မြင်အောင် စိုက်ပျိုးနိုင်ဖို့ ဒီ Tips လေးတွေကို ဖတ်ကြည့်ပေးနော်…✨

🌱 မျိုးစေ့ပျိုးနည်း (Sowing)
• ပျိုးထောင်ခြင်း: မျိုးစေ့ကို ပျိုးဗန်း သို့မဟုတ် ခွက်ငယ်လေးများတွင် ပျိုးမြေ/အုန်းဆံမှုန့်တို့ဖြင့် အရင်ပျိုးပါ။

💧 အစိုဓာတ်ထိန်းခြင်း: ရေကို ဖျန်းရုံသာ ပေးပြီး အစိုဓာတ်ရှိအောင် ထားပါ။ (၃-၇) ရက်အတွင်း အပင်ပေါက်လာပါလိမ့်မယ်။

🪴 ရွှေ့ပြောင်းစိုက်ခြင်း
အပင်ပေါက်လေးတွေမှာ အရွက်စစ် (၄) ရွက်ခန့် ထွက်လာပြီဆိုရင်တော့ (ပျိုးသက် ၂၀-၂၅ ရက်) စိုက်မည့် အိုး သို့မဟုတ် မြေကျင်းထဲသို့ ရွှေ့ပြောင်းစိုက်နိုင်ပါပြီ။

☀️ ပြုစုစောင့်ရှောက်နည်း
• နေရောင်ခြည်: ခရမ်းချဉ်ပင်ဟာ နေရောင်ခြည်ကို အလွန်နှစ်သက်ပါတယ်။ တစ်နေ့ကို အနည်းဆုံး နေရောင် (၆-၈) နာရီ ရရှိဖို့ လိုအပ်ပါတယ်။

💧 ရေလောင်းခြင်း
ခြေရင်းမြေကြီး ခြောက်သွေ့နေမှ ရေလောင်းပါ။ အရွက်တွေပေါ် ရေမကျအောင် သတိထားပြီး လောင်းပေးခြင်းက မှိုရောဂါကို ကာကွယ်ပေးပါတယ်။

🪧 တိုင်ထောင်ပေးခြင်း
ချယ်ရီခရမ်းချဉ်ပင်တွေဟာ အသီးသီးတဲ့အခါ အကိုင်းတွေ လေးလာတတ်လို့ ဝါးလုံး သို့မဟုတ် ပိုက်ကွန်လေးများဖြင့် တိုင်ထောင်ပေးပါ။

💊မြေသြဇာ
အပင်စိုက်ပြီး ၂ ပတ်တစ်ကြိမ် သဘာဝမြေသြဇာ သို့မဟုတ် ပိုတက်စီယမ်ပါဝင်မှုများတဲ့ မြေသြဇာကို ကျွေးပေးရင် အသီးပိုထွက်ပါတယ်။

🧺 ရိတ်သိမ်းချိန်
• အချိန်ကာလ: စိုက်ပျိုးပြီး ရက်ပေါင်း 70 ခန့်မှာစတင်ခူးဆွတ်နိုင်ပါပြီ။

• အကြံပြုချက်: အသီးကို ခူးတဲ့အခါ လက်နဲ့ မဆွဲဘဲ ကတ်ကြေးလေးနဲ့ ညှပ်ပေးရင် အပင်ကို မထိခိုက်စေပါဘူး

🌟💥 Extra Tip🌟💥
ချယ်ရီခရမ်းချဉ်ဟာ အိုးလေးတွေနဲ့ စိုက်ရင်လည်း အလှဆင်ပြီးသားဖြစ်သလို ဟင်းချက်တာပဲဖြစ်ဖြစ်၊ Salad လုပ်စားတာပဲဖြစ်ဖြစ် အရမ်းအဆင်ပြေပါတယ်။

မိုးရာသီမှာ အဖြစ်များဆုံးက "မှိုရောဂါ" ပါ။ အပင်ခြေက အရွက်တွေ မြေကြီးနဲ့ ထိမနေအောင် အောက်ခြေအရွက်တွေကို ဖယ်ရှားပေးပါ။ ဒါမှ လေဝင်လေထွက်ကောင်းပြီး မှိုတက်တာကို လျှော့ချနိုင်မှာပါ။

🟡🍅 Seed Studio မှာ မျိုးစေ့တစ်ထုပ်ကို 4400 ks ဖြင့်မှာယူနိုင်ပါတယ်။

ဒီ Post လေးက စိုက်ပျိုးရေး ဝါသနာပါသူတွေအတွက် အကျိုးရှိမယ်ဆိုရင် Like & Share လုပ်ဖို့ မမေ့နဲ့ဦးနော်။ 🌿🍅

#စိုက်ပျိုးရေး #ချယ်ရီခရမ်းချဉ်

💐🪴☘️ ပန်းမျိုးစေ့ လက်ကား အမှာလေး 🪴 ယုံကြည်စွာ ငွေကြိုလွှဲပြီး ရက်စောင့်မှာယူပေးတဲ့ customer ကိုလဲ ကျေးဇူးတင်ပါတယ်ရှင်။💢လ...
14/05/2026

💐🪴☘️ ပန်းမျိုးစေ့ လက်ကား အမှာလေး 🪴 ယုံကြည်စွာ ငွေကြိုလွှဲပြီး ရက်စောင့်မှာယူပေးတဲ့ customer ကိုလဲ ကျေးဇူးတင်ပါတယ်ရှင်။

💢လက်ကား အမှာများအတွက် instockမထားပါ။ငွေကြိုလွှဲ order confirmedမှ မှာယူတဲ့Order အရေအတွက်ဖြင့် Farm/ပျိုးခြံမှ ထုတ်ယူရသောကြောင့် order မှာပြီး 3-5 ရက်စောင့်ပေးရပါတယ်💢

Address

Yangon

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00

Website

Alerts

Be the first to know and let us send you an email when Seed Studio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Seed Studio:

Share

Category