ပုဇွန်ခြောက် နှင့် ငါးခြောက်ရောင်းဝယ်ရေး

  • Home
  • Myanmar
  • Yangon
  • ပုဇွန်ခြောက် နှင့် ငါးခြောက်ရောင်းဝယ်ရေး
Directions

ပုဇွန်ခြောက် နှင့် ငါးခြောက်ရောင်းဝယ်ရေး ပုဇွန်ခြောက်နှင့်ငါးခြော​က်

13/04/2022
ခေါင်းဆောင်ဆိုတာ******************ခေါင်းဆောင်ဆိုတာ နေရာတိုင်းမှာ အကုန်သိ အကုန်တတ်ရမယ်ဆိုတဲ့ အယူအဆဟာ လွှဲမှားနေပါတယ်။တကယ်...
13/04/2022

ခေါင်းဆောင်ဆိုတာ
******************

ခေါင်းဆောင်ဆိုတာ နေရာတိုင်းမှာ
အကုန်သိ အကုန်တတ်ရမယ်ဆိုတဲ့
အယူအဆဟာ လွှဲမှားနေပါတယ်။

တကယ်တော့ ခေါင်းဆောင်ဆိုတာ
နေရာအလိုက် တတ်ကျွမ်းသူတွေကို
စနစ်တကျ ပေါင်းစည်းပြီး သူ့နေရာနဲ့သူ
အသုံးချတတ်ဖို့ပဲ လိုပါတယ်။

တတ်ကျွမ်းသူတွေကို ရှာဖွေရွေးထုတ်နိုင်စွမ်း
ရှိရမှာဖြစ်သလို မတတ်ကျွမ်းသေးသူတွေကို
တတ်ကျွမ်းလာအောင် လေ့ကျင့်ပေးနိုင်စွမ်းရှိဖို့လဲ လိုအပ်ပါတယ်။

သုံးမရတဲ့ငယ်သားဆိုတာ မရှိဘူး
ငယ်သားကို လူမှန်နေရာမှန်
အသုံးမချတတ်တဲ့ ခေါင်းဆောင်ပဲ ရှိပါတယ်။

ခေါင်းဆောင်တစ်ယောက်အတွက်
ရှက်စရာအကောင်းဆုံးစကားက
ကိုယ့်လက်အောက်ကလူတွေ
သုံးလို့မရပါဘူးလို့ ဖွင့်ဟပြောဆိုခြင်းဖြစ်ပါတယ်။

အဲ့ဒီလိုပြောတဲ့သူတွေကို ကျွန်တော်အထင်လုံးဝ
မကြီးပါဘူး။သုံးမရတဲ့သူကို သုံးလို့ရတဲ့အထိ
လေ့ကျင့်ပေးဖို့က ခေါင်းဆောင်ရဲ့တာဝန်ဖြစ်ပါတယ်။

သုံးမရတဲ့သူတွေရှိတာ ခေါင်းဆောင်ညံ့လို့ပါ။
လက်အောက်ကသူတွေဟာ ကိုယ့်လောက်မတတ်ဘူး
ကိုယ့်လိုအမြင်မရှိဘူးလို့လဲ လုံးဝမပြောသင့်ပါဘူး။

လက်အောက်က လူတွေရဲ့အမြင်ဟာ
ကိုယ်နဲ့ ရှုထောင့်မတူတာပဲ ဖြစ်မယ်လို့ ခံယူရပါမယ်။

လက်အောက်ကသူတွေရဲ့ အတွေးအမြင်တွေကို ထုတ်ဖော်ခွင့်ပေးရပါမယ်။

''မင်းက ဘယ်လောက်သိလို့လဲ'' ဆိုတဲ့
စကားကို ပြောတဲ့ ခေါင်းဆောင်ဟာ
မကြာခင် ကျဆုံးတော့မဲ့ခေါင်းဆောင် ဖြစ်ပါတယ်။

'' သဘောကောင်းတယ်လို့ အပြောခံရရင်
အဲ့ဒီသူဟာ ခေါင်းဆောင်ကောင်းမဟုတ်ဘူး '' လို့
ပြောကြတာကိုလည်း ဘယ်လိုစဉ်းစဉ်းစား
လက်မခံနိုင်ပါဘူး။

ဥပမာပေးရရင်
မိသားစုအတွင်းမှာဆို အမိန့်တွေနဲ့
အလုပ်လုပ်နေတာ မဟုတ်ပါဘူး။
တစ်ယောက်နဲ့တစ်ယောက် မေတ္တာတရားတွေနဲ့
နေထိုင်ကြတာ ဖြစ်ပါတယ်။

တစ်ယောက်မကြိုက်တာကို
တစ်ယောက်ကမလုပ်တာ
တစ်ယောက်ဖြစ်စေချင်တာကို တစ်ယောက်က
လုပ်ပေးတာတွေဟာ ကြောက်လို့မဟုတ်ပါဘူး။
မေတ္တာတရားနဲ့ အလိုက်တသိ လုပ်ပေးကြတာဖြစ်ပါတယ်။

အဖွဲ့အစည်းအတွင်းမှာလည်း
ဒီလို နားလည်မှုတွေ မေတ္တာတရားတွေရှိနေရင်
ခေါင်းဆောင်ဟာ ငယ်သားတွေအပေါ်
သဘောမကောင်းနိုင်စရာ အကြောင်းမရှိပါဘူး။
ငယ်သားတွေရဲ့ ယုံကြည်ကိုးစားမှုကို ရထားရင်
ခေါင်းဆောင်တယောက်ဟာ သဘောကောင်းကောင်းနဲ့
အလုပ်လုပ်လို့ရပါတယ်။

တစ်ခု သတိပြုရမှာကတော့
ယုံကြည်မှုတိုင်းဟာ
အပြန်အလှန်သဘောရှိတယ်ဆိုတာပါပဲ။
ကိုယ်က သူ့ကိုယုံမှ သူကလဲ ကိုယ့်ကို ယုံပါလိမ့်မယ်။

လူတွေအများကြီး စိတ်ချမ်းသာအောင်
လုပ်ပေးနိုင်ရင် လောကနိဗ္ဗာန်ပါပဲ။

ကိုယ့်ကြောင့် လူတွေအများကြီး စိတ်ညစ်ရမယ်ဆိုရင်တော့ ဘုရားတရားတွေ ဘယ်လောက်လုပ်လုပ်
လောကငရဲမှာ သင်ဟာကျနေပါလိမ့်မယ်။

ကမ္ဘာပေါ်မှာ အကြောက်တရားလွှမ်းမိုးနေတဲ့
ဘယ်အဖွဲ့အစည်းမှ အောင်မြင်မှုမရတာကို
သတိပြုရပါမယ်။

ဒါကြောင့် ခေါင်းဆောင်ဆိုတာ
တစ်ခြားအချက်တွေအပြင်
လူစီမံခန့်ခွဲမှုကျွမ်းကျင်ပြီး
သဘောကောင်းဖို့ အရေးကြီးပါတယ်။

"မေမေရယ်..ဒီနေ့တော့ ဝက်သားဝယ်ပါလားဗျာ..""ဟင်..ဘာဖြစ်လို့လဲ သားရယ်..""သားစျေးထဲ သွားရင်ဝက်သားသည် အဒေါ်ကြီးကကန်စွန်းရွက်သည...
21/10/2021

"မေမေရယ်..
ဒီနေ့တော့ ဝက်သားဝယ်ပါလားဗျာ.."

"ဟင်..
ဘာဖြစ်လို့လဲ သားရယ်.."

"သားစျေးထဲ သွားရင်
ဝက်သားသည် အဒေါ်ကြီးက
ကန်စွန်းရွက်သည်ကို ကြည့်ပြီး.."

"ဟဲ့ ကမ..
ဟိုမှာ တွေ့လား.."

"ညည်းဖောက်သည်ကြီး လာနေပြီ
တွေ့လား ဆိုပြီး...
တစ်စျေးလုံး ကြားအောင် အော်ပြောတယ်အမေရာ..
သားရှက်တယ်ဗျ..
တစ်နပ်တစ်လေ ဝက်သားဟင်းလေးဘာလေး
ချက်ပါလား အမေရာ..."

"အော်..
ငါ့သား ဘူးသီး ရယ်..
ဒီလို ကပ်ရောဂါကြီးကဖြစ်နေတဲ့ အချိန်မှာ
အမေတို့တတ်နိုင်သမျှ ချွေတာမှ ရမယ်လေ.."

"အဲတော့..
ဝယ်နေကျ ကန်စွန်းရွက်ပဲဝယ်ခဲ့.."

"ဆုံးဖြတ်ချက် မပြင်တော့ဘူးလား
အမေရာ.."

"ဟင့်အင်း..
အမေ မပြင်တော့ဘူး.."

"တကယ် နည်းနည်းမှ
မပြင်တော့ဘူးလား အမေရာ ပြန်စဥ်းစားပါဦး.."

"ဒီမယ် ငါ့သား..
ကန်စွန်းရွက်ကို အထင်မသေးနဲ့..
မြန်မာနိုင်ငံရဲ့ ထိပ်တန်းစားသောက်ဆိုင်
ကြီးတွေမှာလဲ တကယ့်ရောင်းအား
အကောင်းဆုံး ဟင်းပွဲက...

"ကန်စွန်းရွက်ပလိန်းပါပဲ ငါ့သားရ.."

"ဗျာ.."😂😂😂

အ မ လေး အမေပြောတာနဲ့
မာန်တောင်တက်ချင်သွားတာ အဟီး
ကန်စွန်းရွက် သွားဝယ်လိုက်ဦးမယ်..!!

အန့်အောလို့မဆုံးဘူးးး
#ဘူးသီးးး

Linn Tun Zaw

အကောင့်လာ၍ ဟာသများ ဖတ်နိူင်ပါသည် 😁

တစ်သောင်း ဆယ်ခါဖြုန်းရင် တစ်သိန်းပါတစ်သိန်း ဆယ်ခါဆို ၁၀သိန်းပါ...ကျွန်တော်တို့ အများကြီးဖြုန်းခဲ့ပြီးပါပြီမလိုတာတွေဝယ်ခဲ...
10/12/2020

တစ်သောင်း ဆယ်ခါဖြုန်းရင် တစ်သိန်းပါ
တစ်သိန်း ဆယ်ခါဆို ၁၀သိန်းပါ...
ကျွန်တော်တို့ အများကြီးဖြုန်းခဲ့ပြီးပါပြီ

မလိုတာတွေဝယ်ခဲ့ဖူးတယ်
မတန်တာတွေ စားခဲ့ဖူးတယ်
မတန်တာတွေ ဝယ်ဝတ်ခဲ့ဖူးတယ်

မရှိရင်လည်း ချေးငှားပြီးပျော်ခဲ့ဖူးတယ်
သဒ်ဓါမပါဘဲ ကြွားဝါပြီးလှူခဲ့ကြဖူးတယ်
အားနာပြီး ကုန်ခဲ့ကြဖူးတယ်

အချိန်တန်တော့
ကျွန်တော်တို့ဆီမှာ ဘာမှအဖတ်တင်မကျန်ခဲ့ဘူး

အသုံးနိုင်ဆုံးဆုလည်းမရခဲ့ဘူး
အစားနိုင်ဆုံး ဆုလည်းမရခဲ့ပါဘူး
အဝတ်နိုင်ဆုံးဆိုပြီးလည်း
ကမ္ဘာမကျော် နိုင်ငံမကျော်ခဲ့ပါဘူး...

သူ့နေရာနဲ့သူ
သုံးသင့်တဲ့နေရာသုံး
မဖြုန်းသင့်တဲ့နေရာ မဖြုန်းဘဲ
စနစ်တကျစုဆောင်းသွားတဲ့သူတွေ
အလုပ်လုပ်သွားတဲ့သူတွေကသာ
သူဌေးဖြစ်ပြီး နာမည်ကျော်သွားတာပါ....

ကျွန်တော်တို့ဖြုန်းခဲ့တဲ့အတွက်
ဘာရလိုက်သလဲ ?

ဒါ့ကြောင့်
ကျွန်တော်တို့
သိပ်နောက်မကျခင်
ငွေစစုကြရအောင်လား....

ဘယ်လောက်ပဲဖြစ်ဖြစ်
စစုကြည့်ပါ...

ကဲ....
မိတ်ဆွေ
သင် ဖြုန်းမယ်ပြင်ထားတဲ့
ငွေစက္ကူတွေကို
အိတ်ထဲပြန်ထည့်ထားလိုက်ပါလား ......

ပြန်လည်မျှဝေပေးသည်။
အကျိုးရှိရင် Share ဗျာ

Credit
ရာဟုလာ နှလုံးသား

အလုပ်လုပ်နေသမျှ အမှားတွေ့နေမှာပဲ အဲဒီတော့ အမှားကို မကြောက်ကြပါနဲ့
27/09/2020

အလုပ်လုပ်နေသမျှ အမှားတွေ့နေမှာပဲ အဲဒီတော့ အမှားကို မကြောက်ကြပါနဲ့

Address

Moe Kaung Street
Yangon
11801

Website

Alerts

Be the first to know and let us send you an email when ပုဇွန်ခြောက် နှင့် ငါးခြောက်ရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share