Mia May Rose

Mia May Rose If you want to be happy, and own the best, come visit my page and order your happiness. Religion goods and gold jewelery

19/05/2024

🙏🙏🙏

စိတ်ဓာတ်ကျပြီး အနာဂတ်မရှိတော့သလိုခံစားရရင် "ဗုဒ္ဓနုဿတိ" ဂုဏ်တော်ပွားဂြိုလ်စီးဂြိုလ်နင်းညံ့တဲ့အခါ ကံဇာတာညံ့တဲ့အခါ အဆင်မပြ...
04/05/2024

စိတ်ဓာတ်ကျပြီး အနာဂတ်မရှိတော့သလိုခံစားရရင်
"ဗုဒ္ဓနုဿတိ" ဂုဏ်တော်ပွား

ဂြိုလ်စီးဂြိုလ်နင်းညံ့တဲ့အခါ ကံဇာတာညံ့တဲ့အခါ အဆင်မပြေတဲ့အခါ အတိတ်နမိတ်မကောင်းတဲ့အခါ
"ပုပဏှသုတ်" ကိုရွတ်

ကျန်းမာရေးညံ့ရင်
"ဗောဇ္စျင်သုတ်"နဲ့"ရတနာ့သုတ်"ကိုရွတ်

အချစ်မခံရရင် မျက်နှာအကြည်ဓာတ်ပျက်နေရင် လူမုန်းများနေရင် သောကရောက်နေရင်
"မေတ္တာသုတ်"ကို ၁၁၁ ခေါက် (၁) လအဓိဌာန်ဝင် အချိန်ခွဲပူဇော်လို့ရပါတယ်

ငွေကြေးအကြပ်အတည်းဖြစ်နေရင်
"ဦးခန္တီ ပုတီး " စိတ်

စီးပွားရေး အဆင်မပြေရင်
"ဒိဝါတပတိ" နိုင်သလောက်စိတ်

ဆုတောင်းတွေပြည့်ချင်ရင်
"မဟာသမယသုတ်"ကိုလူခြေတိတ်ချိန် သေချာရွတ် မနက် ၂နာရီ ထရွတ်နိုင်ရင်အကောင်းဆုံး

လူယုတ်မာတွေနဲ့ဝေးချင်ပြီး အောင်မြင်ချင်ရင်
"ပဌာန်း" အကျယ် အဓိဌာန် ၁လဝင်

အန္တရာယ်ကင်းချင်ရင်
"သဗုဒ္ဓေ ဂါတာတော်နဲ့ ပရိတ်ကြီး ၁၁ သုတ်" ကိုရွတ်

စစ်ဖြစ်ပြီး ကြောက်မက်ဖွယ်ရာတွေကြုံတဲ့အခါ
"ဓဇဂ္ဂသုတ်"ကိုသေချာရွတ်

ယုံကြည်စွာနဲ့ အားကိုးရလောက်တဲ့ကုသိုလ်ဖြစ်အောင် မပျက်မကွက်နဲ့ထုံနေအောင်သာပူဇော်ကြည့်
ဘယ်ကနေရောက်လာမှန်းမသိတဲ့အကူညီတွေ ရောက်လာလိမ့်မယ်
နတ်တွေကိုမေတ္တာအပြည့်ထားပြီးအမျှဝေ ကိုယ်စောင့်နတ်ကိုမေတ္တာပို့ နတ်ချစ်ရင် လူချစ်တယ်

ဒီလောက်စိတ်အဆင်မပြေတာ ဘာတွေရွတ်ခိုင်းနေတာလဲထင်ချင်ထင်မယ်
ပါချုပ်ဆရာတော်ကြီးမိန့်သလိုပဲ
"အကုသိုလ်က ကုသိုလ်ထက်အားကြီးနေရင် ကုသိုလ်က အကုသိုလ်ထက်အားပိုကြီးအောင်လုပ်ရမယ် တစ်ခုအဆင်မပြေရင် ဘာသာရေးတစ်ခုပိုလုပ် အများကြီးအဆင်မပြေရင် ဘာသာရေးအများကြီးပိုလုပ်" သိသိသာသာ အဆင်ပြေလာလိမ့်မယ်

အားတဲ့ချိန်တိုင်း အလကားအတင်းတုတ်နေသီချင်းဆိုနေမဲ့အစား ဂုဏ်တော်တစ်ခုကောက်ရွတ်နေလိုက်
တနေ့ကို ၁၅မိနစ်လောက်အချိန်ယူပြီး ဝိပ္ပဿနာ ထိုင်ဖို့ကြိုးစားကြည့်
တရားစခန်းတွေဝင်ဖို့က နောက်ဆံတင်းနေရတော့ ၂၄နာရီ မှာ ၁၅မိနစ်လောက် သံယောဇဥ်ဖြတ်နိုင်ဖို့ကြိုးစား

အူမတောင့်တောင့် မတောင့်တောင့်သီလဆိုတာ ဆောက်တည်ရမဲ့အရာ တနေ့ကို ဒါန သီလ ဘာဝနာ ညီမျှအောင်လုပ်ဖို့လိုတယ်

ကပ်ကဆိုက်နေပြီ ဘုရား တရား သံဃာမှတစ်ပါး အားကိုးရာမရှိဘူး ။

ကပ်ဘေးကလွတ်တဲ့အခါ လမ်းကြုံရင်ကျမကိုကျေးဇူးတင်လာလိမ့်မယ် ။

-nora

မေတ္တသုတ် ကို ပုံမှန်ဆို ပဋ္ဌာန်းမရွတ်ခင် တစ်ခေါက်ပဲ ရွတ်လိုက်တာ...ခု ဒီပုံစံအတိုင်းလေး ရွတ်တာ တစ်လ တိတိပြည့်ပီ....ကိုယ်...
20/04/2024

မေတ္တသုတ် ကို ပုံမှန်ဆို ပဋ္ဌာန်းမရွတ်ခင် တစ်ခေါက်ပဲ ရွတ်လိုက်တာ...
ခု ဒီပုံစံအတိုင်းလေး ရွတ်တာ တစ်လ တိတိပြည့်ပီ....ကိုယ်စိတ်ကို စမ်းသပ်ခံရတဲ့ အနေနဲ့ အိမ်တွင်းရေး မိသားစု ပြသာနာဖြစ် အချိူ့သောအရာ
အတိုက်အခံလေးတွေတော့ဖြစ်တာပေါ့..ပြသာနာတွေဖြစ်တာတောင်..ဒါပေမယ့် စိတ်မာ အေးချမ်းတယ် .
ကိုယ့် မေတ္တာ တွေမှန်လို့လားတော့မသိ...ဒုက္ခ ပေးမယ့်သူ အပူပေးမယ့်သူတွေ ကိုယ့်နားမှာ မနေနိုင် မနေရဲတော့ဘူး...

တစ်ပတ်လောက်ပဲ အရင် လုပ်ကြည့်ပါ..☺
အခု အဓိဋ္ဌာန်တစ်ခုအနေနဲ့ ရွတ်မယ့် မေတ္တသုတ်
ရွတ်ပုံရွတ်နည်းအဆင့်ဆင့်ကို အားလုံးနဲ့အတူ ကုသိုလ်ယူ ပူဇော်လို့ရအောင် တင်ပေးလိုက်တာပါ..

🙏🙏🙏"မေတ္တသုတ်ရွတ်ပုံ နည်းစနစ်"🙏🙏🙏
တနင်္ဂနွေဂြိုလ်သက် ၆
တနင်္လာဂြိုလ်သက် ၁၅
အင်္ဂါဂြိုလ်သက် ၈
ဗုဒ္ဓဟူးဂြိုလ်သက် ၁၇
စနေဂြိုလ်သက် ၁၀
ကြာသပတေးဂြိုလ်သက် ၁၉
ရာဟုဂြိုလ်သက် ၁၂
သောကြာဂြိလ်သက် ၂၁
(စုစုပေါင်းဂြိုလ်သက် ၁၀၈)
🙏🙏🙏🙏🙏
၁။ တနင်္ဂနွေနေ့မှာ စရွတ်လျှင် မရွတ်မီ
"တနင်္ဂနွေဂြိုလ်မင်းကြီးနှင့်တကွ
တနင်္ဂနွေသားသမီးများအားလုံး
၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊
အရှေ့မြောက်အရပ်၌ ရှိသော အာကာသစိုး၊ ရက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်းငြိမ်းကြပါစေ၊နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ"......ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တသုတ်ကို ၆ ခေါက် စပြီးရွတ်ပါ၊
ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၂။ တနင်္လာနေ့မှာ စရွတ်လျှင် မရွတ်မီ-
"တနင်္လာဂြိုလ်မင်းကြီးနှင့်တကွ တနင်္လာသားသမီးများအားလုံး ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊
အရှေ့အရပ်၌ရှိသော အာကာသစိုး၊ ရက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တသုတ်ကို ၁၅ ခေါက် စပြီးရွတ်ပါ၊
ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၃။ အင်္ဂါနေ့မှာ စရွတ်လျှင် မရွတ်မီ
"အင်္ဂါဂြိုလ်မင်းကြီးနှင့်တကွ အင်္ဂါသားသမီးများအားလုံး ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊
အရှေ့တောင်အရပ်၌ရှိသော အာကာသစိုး၊ ရုက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တသုတ်ကို ၈ ခေါက် စပြီးရွတ်ပါ၊
ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၄။ ဗုဒ္ဓဟူးနေ့ နံနက်အာရုံတက်မှ နေ့လည် ၁၂ နာရီ မထိုးမီ-
စရွတ်လျှင် မရွတ်မီ
"ဗုဒ္ဓဟူးဂြိုလ်မင်းကြီးနှင့်တကွ ဗုဒ္ဓဟူး သားသမီးများအားလုံး၊ ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊ တောင်အရပ်၌ရှိသော အာကာသစိုး၊ ရုက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တသုတ်ကို ၁၇ ခေါက် စပြီးရွတ်ပါ၊
ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၅။ ရာဟုဂြိုလ်အတွက် ဗုဒ္ဓဟူးနေ့ နေ့လည် ၁၂ နာရီမှ ည ၁၂ နာရီအတွင်း၊ စရွတ်လျှင် မရွတ်မီ
"ရာဟုဂြိုလ်မင်းကြီးနှင့်တကွ ရာဟု သားသမီးများအားလုံး၊ ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊ အနောက်မြောက်အရပ်၌ ရှိသော အာကာသစိုး၊ ရုက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တသုတ်ကို ၁၂ ခေါက် စပြီးရွတ်ပါ၊
ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၆။ ကြာသပတေးနေ့မှာ စရွတ်လျှင် မရွတ်မီ
"ကြာသပတေးဂြိုလ်မင်းကြီးနှင့်တကွ ကြာသပတေး သားသမီးများအားလုံး၊ ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊
အနောက်အရပ်၌ ရှိသော အာကာသစိုး၊ ရက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တသုတ်ကို ၁၉ ခေါက် စပြီးရွတ်ပါ၊
ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၇။ သောကြာနေ့မှာ စရွတ်လျှင် မရွတ်မီ-
"သောကြာဂြိုလ်မင်းကြီးနှင့်တကွ သောကြာ သားသမီးများအားလုံး၊ ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊ မြောက်အရပ်၌ရှိသော အာကာသစိုး၊ ရုက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တသုတ်ကို ၂၁ ခေါက် စပြီးရွတ်ပါ၊
ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

၈။ စနေ့မှာ စရွတ်လျှင် မရွတ်မီ
"စနေဂြိုလ်မင်းကြီးနှင့်တကွ စနေ သားသမီးများအားလုံး၊ ၎င်းတို့၏ ကိုယ်စောင့်နတ်များအားလုံး၊ အနောက်တောင်အရပ်၌ရှိသော အာကာသစိုး၊ ရုက္ခစိုး၊ ဘုမ္မစိုး နတ်များအားလုံး၊ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ.. ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ"....ဟူ၍ စတင် ရွတ်ဆိုပြီးမှ မေတ္တသုတ်ကို ၁၀ ခေါက် စပြီးရွတ်ပါ၊
ပြီးလျှင် သာဓု ၃ ကြိမ်ခေါ်ဆိုပါ။

မှတ်ချက်။ ။
၁။ ကြိုက်ရာနေ့မှာ အထက်ပါအတိုင်း သက်ဆိုင်ရာ နေ့၏ ဂြိုလ်သက်အတိုင်း စတင်ရွတ်ဆိုနိူင်ပါသည်။

၂။ တစ်နေ့ခြင်းလည်း ရွတ်နိုင်ပါသည်။

၃။ တစ်နေ့တည်း ဂြိုလ်သက်စုံအောင် ရွတ်ဆိုနိူင်ပါကလည်း စသည့်နေ့၊ စသည့်ဂြိုလ်မှ ဆုံးအောင်၊ ၁၀၈ ခေါက်ပြည့်အောင် ရွတ်ဆိုနိူင်ပါသည်။

၄။ ဗုဒ္ဓဟူးနေ့မှာတော့ နေ့လည် ၁၂ နာရီ မထိုးမီ ဗုဒ္ဓဟူးနေ့အတွက် အပြီးရွတ်၍၊ နေ့လည် ၁၂ နာရီ နောက်ပိုင်းမှာ ရာဟူဂြိုလ်အတွက် ရွတ်ပေးရပါမည်။

၅။ ရန်ဖြစ်စရာကိစ္စများ၊ စကားအခြေအတင် ပြောရခြင်းများ ပေါ်ပေါက်လာပြီး အစမ်းသပ် ခံရပါလိမ့်မည်၊

၆။ မေတ္တာဖြင့် သည်းခံပြီး ရှောင်ရှားပေးခြင်း၊ ပြန်မပြောခြင်းဖြင့် ရန်ကိုရှောင်ရပါမည်။
၇။ ပြိုင်လာလျှင် အရှုံးပေးခြင်း နည်းကိုသာ ရွေးချယ်ရပါမည်၊

၈။ ဤမေတ္တာကျင့်စဉ်မှာ အစမ်းသပ် ခံရပြီးမှသာလျှင် အဆင့် တက်မည်ဖြစ်၍ သတိထားပြီး ရန်ကိုရှောင်ပေးပါ။

၉။ ရရှိလာမည့် အကျိုးကျေးဇူးမျာမှာ-
(၁) မေတ္တာသုတ် ရွတ်ဆိုမည့် ရှေ့တည့်တည့်တွင် သောက်ရေထား၍ မောသည့်အခါ ထိုရေကိုသောက်ခြင်းဖြင့် မည်သည့်ဘေး ပယောဂရောဂါဆိုးများ မကျရောက်နိူင်တော့ပါ။

(၁) ၄၅ ရက် အတွင်းမှာပင် အလုပ်အကိုင် အခွင့်အလမ်းများ စတင်ပေါ်ပေါက်တတ်ပါသည်။

(၂) ဆက်လက် ကျင့်ကြံနိူင်ပါက ၃ နှစ်အတွင်း ယခုဘဝ တစ်သက်စာအတွက် စားဝတ်နေရေးကိစ္စများအတွက် မပူမပင် မကြောင့်မကြမတောင့်တရဘဲ အားလုံးပြည့်စုံပြီးဖြစ်ပါလိမ့်မည်။

(၃) ရွတ်ဆဲကာလ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ရွတ်ဆို၍ အလွန်ကောင်းမွန်လာပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ချမ်းသာခြင်းများဖြစ်ပေါ်လာ၍ စတုတ္တစျာန်အဆင့်ကိုပင်ရရှိနိုင်ပါသည်။

(၄) ထိုမှတစ်ဆင့် ဝိပဿနာကူး၍အားထုတ်ခဲ့ပါက လွယ်ကူလျင်မြန်စွာတရားထူးတရားမြတ်ကို သေချာပေါက် ရရှိနိူင်ပါသည်။

🙏🙏🙏🙏🙏

Crd

ပန်းစေတီ တည်နည်း 🙏🙏🙏**************************************ရှေးတုန်းက ဆရာ အစဉ်အဆက်သုံးခဲ့ဖူးကြတဲ့ ပန်းစေတီတည်နည်းပန်းစေတီ...
20/04/2024

ပန်းစေတီ တည်နည်း 🙏🙏🙏
**************************************

ရှေးတုန်းက ဆရာ အစဉ်အဆက်သုံးခဲ့ဖူးကြတဲ့ ပန်းစေတီတည်နည်း

ပန်းစေတီ တည်လှူခြင်းအားဖြင့် စီးပွားရေး ကျန်းမာရေး ပညာရေး ရာထူး အလုပ်အကိုင် ပေါင်းသင်းဆက်ဆံရေး နာမည်ဂုဏ်သတင်းကောင်းခြင်း စသောအကျိုးများရရှိစေပါတယ်၊၊

ပန်းစေတီဆို အခုတော်တော်များများမြင်ရတွေ့ရတာက ပန်းတွေကြီးပဲလှူထားတာတွေ့မြင်ရပါတယ်၊၊အမှန်က အဲ့လိုမဟုတ်ပါဘူး ပန်းစေတီကို မုခ်လေးမုခ် (အရှေ့အနောက် တောင်မြောက်ဆိုပြီး)စိတ်ထဲကနေ
မှတ်သားထားပါ အဲ့ဒီမုခ်လေး မုခ်မှာ
ကိုယ့်အတွက် ဇေယျပန်း တစ်ညွန့်ဆီ ထိုးစိုက်ရပါမယ်၊၊
ဇေယျဓါတ်ပန်း
-----------

တနင်္ဂနွေသားသမီးများ --- မေမြို့ပန်း /ပျဉ်းမညွန့်
တနလာင်္သားသမီးများ ---- သီဟိုဠ်ညွန့်
အင်္ဂါသားသမီးများ -----ဒန်း/ထန်းညွန့်
ဗုဒ္ဓဟူး/ရာဟု သားသမီးများ-- အုန်းညွန့်
ကြာသပတေးသားသမီးများ --- ကံကော်/ကြံ
သောကြာသားသမီးများ ---- ဇီး
စနေသားသမီးများ ------ ဝါး /ရွက်လှ

နေ့သားသမီးမိမိတို့ ဇေယျဓါတ်ပန်းကို ထိုးစိုက်ရပါမယ်၊၊

ပြီးရင် မိမိတို့တည်ထားသော ပန်းစေတီ ကို
နမောတဿ ၃ကြိမ် ရွတ်ဆို ပြီး
အောက်ပါဂါထာကို မိမိတို့သက်စေ့ သို့မဟုတ် ၁၀၈ခေါက်ရွတ်ဆိုပူဇော်ရပါမယ်၊၊
ပန်းမညှိုးမချင်းအသစ်မလဲမခြင်း ပန်းစေတီတည်ထားသမျှ ကာလပတ်လုံးရွတ်ဆိုရပါမယ်၊၊

အနန်တ မဟာဓမ်မရာဇာ
ကကုသန် ကောဏဂုံ ကဿပ ဂေါတမ
အစိန္တေယျ အစိန္တေယျ
ဗုဒ္ဓံ ၊ဓမ္မံ ၊ သံဃံ
အဟံ နမာမိ စတေိယံ ဒမေိ။

ဒါဆိုရင် ပန်းစေတီတည်နည်းပြည့်စုံသလောက်ရှိသွားပါပြီ

အကျိုးကျေးဇူးကတော့ လှူကြည့်ပါ သိပါလိမ့်မယ်၊၊

လိုရာဆန္ဒ အဝဝ ပြည့်စုံကြပြီး သာသနာကို ထောက်ပံ့လှူဒါန်းနိုင်ကြပါစေ၊၊ 🙏🙏🙏



#ပန်းစေတီ

ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ သိုက်စေတီတော်  #ဂြိုဟ်တိုင်၇၉ အကြောင်း တစေ့တစောင်း---------------------------------------   ...
26/03/2024

ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ
သိုက်စေတီတော်
#ဂြိုဟ်တိုင်၇၉ အကြောင်း တစေ့တစောင်း
---------------------------------------
နောင်တော်ကြီးစေတီတော်၏
အုတ်လှေကားအရှေ့ဘက်ရှိစေတီငယ်၏ အုတ်ခုံတစ်၀ဂူအတွင်းအနောက်ဘက်သို့ မျက်နှာမူ၍တည်ရှိသည်။
ရွှေတိဂုံစေတီနှင့်နောင်တော်ကြီးစေတီအကြားရှိဓားစက် လှံစက်များကို ထိန်းချုပ်ထားသော ပညာစက်ဆိုင်ရာ #သိုက်စေတီ
ဟုလည်းဆိုသည်။
ရွှေတိဂုံ ခြေရင်း ကန် တော်မင်
(ယခု ကန် တော်မင်္ဂလာ) ပန်းခြံ
တွင်နေခဲ့သော မမင်းစိန်၊ မမင်းသိမ်
တို့မှတည်သွားသည်ဟု ပြောကြသည်။
၄င်း ဘေးရှိ ထန်းပင်ကြီးသုံးပင်ကို
အကြောင်းပြု၍ ထန်းသုံးပင်သိုက်ကုန်းအရှင်ဘုရားဟုလည်း ခေါ်သည်။
အစ်မ တော်မြနန်းနွယ် ကောင်းမှုဟူ
သောစာတန်း ယခင်ရှိခဲ့သည်။
ထိုအချိန်က မြနန်းနွယ်ဘုရားဟုလည်း ခေါ်ခဲ့သည်။ သိုက်ဆက်များဆုတောင်း အဓိဋ္ဌာန်၀င်ရာသိုက်ဘုရားဖြစ်သည်။
အိုးပိုင် အိမ်ပိုင်မရှိသူများ
စီးပွားလာဘ်လာဘအတွက် ပွဲပေးပြီး
ဆုတောင်းကြသည်။
ဘုရားဂုဏ် တော်ကိုးပါး ပွားများ ပုတီးစိပ်၊ မေတ္တာသုတ်ရွတ်ဆို
သိုက်နန်းရှင်တို့ကို လေး လေးနက်နက် မေတ္တာပို့ခြင်းအား အဓိဋ္ဌာန်အနေဖြင့်
ဖြင့် #၂၇ရက် #၃၆ရက်ရေရှည်
ဆောက်ရွက်ပါက တွေ့ နိုင်သည်ဟုဆိုသည်။
(သိုက်နန်းရှင်များသည် အရုဏ်တက်၊
မွန်းတည့် နေ၀င်ရီ တ ရောနဲ့
သန်း ခေါင်ယံ အချိန်များတွင် သွားလာလှုပ်ရှားလေ့ရှိသည်ဟုဆိုသည်။)
သတ္တမ မြောက် ကျော် အောင်စံထား ဆရာ တော်ဘုရားကြီးအား
သိုက်နန်းရှင်တစ်ပါးမှ သိုက်ဘုရား လေးတစ်ဆူလာ ရောက်လှူဒါန်းဖူးသည်။ အမျိုးသမီးတစ် ယောက် ဆရာ
တော်ဘုရားအနီး ခုံ ပေါ်တွင်
ဘုရားတစ်ဆူလာချသွားသည်ကို
က လေးတစ်ဦးသာ တွေ့လိုက်သည်။
ထို ၀ရမုနိဘွဲ့ သိုက်ဘုရား လေးကို
ဆရာ တော်ကြီးနှင့်တပည့်များအတူ
ပူ ဇော်ကြသည်။
ရွှေတိဂုံ စေဟတီတော်တွင်
ညဉ့်နက်ပိုင်း (သို့) အရုဏ်မတက်မီ
အချိန်တို့တွင် ထူးခြား သောပုဂ္ဂိုလ်များတက်ရောက် ဘုရားဖူးကြသည်
ဟုဆိုသည်။
လောကီပညာရှင် ဆရာကြီးတစ်ဦး အဓိဋ္ဌာန်၀င်စဉ် ထူးခြားသော ရသေ့တစ်ပါးနှင့် ကြုံတွေ့ပြီး ဂါထာတစ်ပုဒ်နှုတ်တိုက် သင် ပေးသွားသည်ဟု သိရသည်။
ထို နောက်ပိုင်းထိုဆရာကြီးသည် ရန်ကုန်
တွင်ထင်ရှားကျော်ကြား သော
ဆရာကြီးဖြစ်လာသည်။
(သိုက်ဘုရားများဟုဆိုရာ၌ သိုက်နန်းရှင်များသည် လူသားအသွင်ဖြင့် ပဋ္ဌာန်းဆက်များထံ လာရောက်၍လှူဒါန်း သော ရှေး ဟောင်းရုပ်ပွားတော်များ ပဋ္ဌာန်းဆက်မျာကို နည်းအမျိုးမျိုးဖြင့် အကူအညီ ပေး၍
တည်ထား စေ သော စေတီများ စသည်ဖြင့် အ ကြောင်းအမျိုးမျိုး ရှိနိုင်ပါသည်)
Crd
သတ္တမမြောက်ကျော်အောင်စံထားဆရာတော်ဘုရားကြီးကို သိုက်နန်းရှင်က လာပေးတာမဟုတ်ပါဘူးကွာ .. လာဇာဒေဝီနတ်သမီးကနေ ဓါတ်သား၅ပါးနဲ့သွန်းလုပ်ထားတဲ့ ဝရမုနိရုပ်ပွါးတော်မြတ်ကို ဆရာတော်ကိုပူဇော်ဖို့လာပေးသွားတာပါ .. ၇ ရက်သားသမီး ကပ်ကြီးသုံးပါးမှကျော်လွတ်စေဖို့အတွက်လာပေးတာပါ .. သိုက်နန်းရှင်နဲ့ ဒေဝီဆိုတာက တခြားစီပါ ..
ဝရမုနိရုပ်ရှင်တော်မြတ်ပုံတော်ကို မိမိအိမ်ကိုကြွတုံးက ရိုက်ထားတာပါ ၂၀၀၇ ခုနှစ်လောက်တုံးကပါ ..
Edit Crd
ပထမံဆရာရာဇာ

ကြေးတိုက်ဘရှပ်၇၀၀၀
20/02/2024

ကြေးတိုက်ဘရှပ်
၇၀၀၀

ပန်းစေတီ တည်နည်း 🙏🙏🙏**************************************ရှေးတုန်းက ဆရာ အစဉ်အဆက်သုံးခဲ့ဖူးကြတဲ့ ပန်းစေတီတည်နည်းပန်းစေတီ...
18/02/2024

ပန်းစေတီ တည်နည်း 🙏🙏🙏
**************************************

ရှေးတုန်းက ဆရာ အစဉ်အဆက်သုံးခဲ့ဖူးကြတဲ့ ပန်းစေတီတည်နည်း

ပန်းစေတီ တည်လှူခြင်းအားဖြင့် စီးပွားရေး ကျန်းမာရေး ပညာရေး ရာထူး အလုပ်အကိုင် ပေါင်းသင်းဆက်ဆံရေး နာမည်ဂုဏ်သတင်းကောင်းခြင်း စသောအကျိုးများရရှိစေပါတယ်၊၊

ပန်းစေတီဆို အခုတော်တော်များများမြင်ရတွေ့ရတာက ပန်းတွေကြီးပဲလှူထားတာတွေ့မြင်ရပါတယ်၊၊အမှန်က အဲ့လိုမဟုတ်ပါဘူး ပန်းစေတီကို မုခ်လေးမုခ် (အရှေ့အနောက် တောင်မြောက်ဆိုပြီး)စိတ်ထဲကနေ
မှတ်သားထားပါ အဲ့ဒီမုခ်လေး မုခ်မှာ
ကိုယ့်အတွက် ဇေယျပန်း တစ်ညွန့်ဆီ ထိုးစိုက်ရပါမယ်၊၊
ဇေယျဓါတ်ပန်း
-----------

တနင်္ဂနွေသားသမီးများ --- မေမြို့ပန်း /ပျဉ်းမညွန့်
တနလာင်္သားသမီးများ ---- သီဟိုဠ်ညွန့်
အင်္ဂါသားသမီးများ -----ဒန်း/ထန်းညွန့်
ဗုဒ္ဓဟူး/ရာဟု သားသမီးများ-- အုန်းညွန့်
ကြာသပတေးသားသမီးများ --- ကံကော်/ကြံ
သောကြာသားသမီးများ ---- ဇီး
စနေသားသမီးများ ------ ဝါး /ရွက်လှ

နေ့သားသမီးမိမိတို့ ဇေယျဓါတ်ပန်းကို ထိုးစိုက်ရပါမယ်၊၊

ပြီးရင် မိမိတို့တည်ထားသော ပန်းစေတီ ကို
နမောတဿ ၃ကြိမ် ရွတ်ဆို ပြီး
အောက်ပါဂါထာကို မိမိတို့သက်စေ့ သို့မဟုတ် ၁၀၈ခေါက်ရွတ်ဆိုပူဇော်ရပါမယ်၊၊
ပန်းမညှိုးမချင်းအသစ်မလဲမခြင်း ပန်းစေတီတည်ထားသမျှ ကာလပတ်လုံးရွတ်ဆိုရပါမယ်၊၊

အနန်တ မဟာဓမ်မရာဇာ
ကကုသန် ကောဏဂုံ ကဿပ ဂေါတမ
အစိန္တေယျ အစိန္တေယျ
ဗုဒ္ဓံ ၊ဓမ္မံ ၊ သံဃံ
အဟံ နမာမိ စတေိယံ ဒမေိ။

ဒါဆိုရင် ပန်းစေတီတည်နည်းပြည့်စုံသလောက်ရှိသွားပါပြီ

အကျိုးကျေးဇူးကတော့ လှူကြည့်ပါ သိပါလိမ့်မယ်၊၊

လိုရာဆန္ဒ အဝဝ ပြည့်စုံကြပြီး သာသနာကို ထောက်ပံ့လှူဒါန်းနိုင်ကြပါစေ၊၊ 🙏🙏🙏



#ပန်းစေတီ

ရွှေရောင် ပန်းစေတီ
၂၄၀၀၀
၂၇၀၀၀
၃၆၀၀၀

ငွေရောင် ပန်းစေတီ
၂၈၀၀၀
၃၁၀၀၀
၄၀၀၀၀

 #ကြေးတိုက်ဆီ ကြေးဘုရားဆင်းတုတော်တွေ  ကြေးအိုး ကြေးခွက်တွေမှာ ကပ်နေတဲ့ ဂျီးတွေကို ပြောင်စင်အောင်တိုက်ချွတ်ပေးတဲ့ အဆီဘူးလ...
17/02/2024

#ကြေးတိုက်ဆီ
ကြေးဘုရားဆင်းတုတော်တွေ ကြေးအိုး ကြေးခွက်တွေမှာ ကပ်နေတဲ့ ဂျီးတွေကို ပြောင်စင်အောင်တိုက်ချွတ်ပေးတဲ့ အဆီဘူးလေးပါရှင့်
တစ်ဘူးလောက်ဝယ်ထားရင်ဘဲ လအကြာကြီး အကြိုက်သုံးလို့ရပါတယ်နော်
ကြေးပစ္စည်းသုံးတဲ့ အိမ်တိုင်းတစ်ဗူးလောက်တော့ဆောင်ထားသင့်ပါတယ်ရှင့်

#အခုမှာအခုရ
၅၀၀၀

မဟာဗောဓိ ညောင် ဆယ်ပင် ကုသိုလ် 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏သစ်တံခါးဆရာတော်ဘုရားကြီး၏မေတ္တာ ဓာတ်ကို ခံယူ၍🌳မဟာဗောဓိ ညောင်ပင် (၁၀) ပင်🌳နေ့ချင...
08/02/2024

မဟာဗောဓိ ညောင် ဆယ်ပင် ကုသိုလ်
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

သစ်တံခါးဆရာတော်ဘုရားကြီး၏
မေတ္တာ ဓာတ်ကို ခံယူ၍
🌳မဟာဗောဓိ ညောင်ပင် (၁၀) ပင်🌳
နေ့ချင်းပြီး (ပဉ္စမ အကြိမ်) အဓိဌာန်ကို
အလုပ်တွေ များ ခရီးတွေ သွားနေ
တာ ကြောင့် တစ်လခွဲ ကြာရပ်ဆိုင်း ထားရာမှ
ယနေ့ မနက် ၅ နာရီ မှ
စတင် ပြီး စွယ်တော်မြတ်စေတီ
ဘုရား ဝင်းအတွင်း ရှိ ညောင်ပင်ကြီး
{၁၀} ပင် မှာပင် တစ်ထိုင်တည်း ယနေ့
အောင်မြင် စွာ ထပ်မံ ပူဇော်နိုင်ခဲ့ ပါတယ်ရှင် 🌳

စွယ်တော်မြတ်စေတီ ဘုရားဝန်းထဲမှာတင်
ညောင်ပင် {၁၇ } ပင်ကျော် လောက်
ရှိတာမို့ နောက်ဘုရား တစ်ဆူဆီ
ကူးစရာမလိုဘဲ တစ်နေရာတည်း မှာပင် အဓိဌာန် အောင်မြင်စွာ ပြုလုပ်နိုင်ကြ
ပါတယ်ရှင် 🧘‍♀

🌳ပူဇော်ရမည့် အစီအစဉ်များ မှာ🌳

🌲မဟာ ဗောဓိညောင်ပင် တစ်ပင်စီတိုင်းတွင်🌲

1.ဆီမီး{ ၁၀ }တိုင်
2.သောက်တော် ရေ {၁၀ }ခွက်
3.အမွှေးတိုင် {၁၀ }တိုင်၊
4.ကွမ်း {၁၀ }ယာ ပူဇော်ပါရန်🙏

🌳ပထမ ဦးဆုံး အပင်မှာ မြတ်စွာဘုရားရှင်ကို ရှိခိုးဦးချပြီး
ငါးပါးသီလ ခံယူပါ 🙏🙏🙏

🧘‍♀ဂုဏ်တော် ၉ ပါး ပူဇော်ပါ🙏

🧘‍♀ပဌာန်းအကျယ် သို့မဟုတ်
အကျဉ်း ၁၀ ခေါက် ပူဇော်ပါ 🙏

🧘‍♀မေတ္တာသုတ် တစ်ခေါက် ပူဇော်ပါ 🙏

🧘‍♀"အရဟံ သိဒ္ဓိ ဘဂဝါ အောင်" ကို
၁၀၈ လုံး ပုတီးဖြင့် ၁၀ ပတ် စိပ်၍ပူဇော်ပါ 🙏

🧘‍♀"ဥုံ ယက္ခ ရုက္ခစိုး နတ်ရုက္ခစိုး မနိုးစိမ့်စိမ့် မအိပ်စက်စက် အကျွန်ုအား အသက်ဥစ္စာ ပညာ ပေးပါလော့" ရုက္ခစိုး ဂါထာအား
( ၃၇) ခေါက် ပူဇော်ပါ 🙏

🧘‍♀ဤသို့ပြုရ မြတ်ပုည ဖြင့် အမျှဝေ ပါရန် 🙏

🧘‍♀😇ညောင် ၁၀ ပင်အဓိဌာန် အပြီးသတ်
နောက်ဆုံး အပင်မှာ မေတ္တာပို့ အမျှဝေ ပါရန် 😇🧘‍♀
------------------
🙏၁။ဧတံ ပုညဘာဂံ ဤကဲ့သို့
ကျင့်ကြံပွားများအားထုတ်
လှူဒါန်းပူဇော်ကန်တော့ရသော
ကုသိုလ်ကောင်းမူကံ
ေစတနာ အဖို့ဘာဂတို့အား 🌸
အနန္တစကြဝဠာ အတွင်း၌
မှီတင်းဖြစ်ပေါ်နေထိုင်ကြကုန်သော
အနန္တ နတ် လူ ဗြဟ္မာ အနန္တသတ္တဝါအားလုံး ၊🌸
အရပ်လေးမျက်နာ ၊အရပ်ရှစ်မျက်နာ၊
အရပ်ဆယ်မျက်နာ၌ ရှိကြကုန်သော
အနန္တ နတ် လူ ဗြဟ္မာ အနန္တသတ္တဝါ အားလုံး
မည်သို့သော ပုဂ္ဂိုလ် သတ္တဝါမျှမကျန်။🌸

🙏၂။သာသနာတော်အား စောင့်ရှောက်လျက်ရှိသော
ဘိုးတော်သကြားမင်းနှင့်တကွ
သာသနာစောင့်နတ်မင်းကြီး ၄ ပါး၊
ရွှေတိဂုံဘိုးဘိုးကြီး၊ဆူးလေဘိုးဘိုးကြီး၊
ဗိုလ်တစ်ထောင်ဘိုးဘိုးကြီး၊
မှော်ဘီဘိုးဘိုးကြီးနှင့်တကွ
သာသနာစောင့်ဘိုးဘိုးကြီးများ၊
နဂါးမယ်တော်ကြီး၊ မယ်တော်ကြီး စောမွန်လှ၊
ဒေါ်ကြီးမြနန်းနွယ်၊ဒေါ်ကြီးမြစိမ်း၊ဒေါ်ကြီးမြနန်းဒေဝီ၊
ဒေါ်ကြီးမဖြူနှင့်တကွ
သူရဿတီမယ်တော်ကြီး၊စန္ဒီမယ်တော်ကြီး၊ကာလီမာန်မယ်တော်ကြီး အစရှိသော
မယ်တော်ကြီးများအားလည်းကောင်း။🌳

🙏၃။တောစောင့်နတ်၊ တောင်စောင့်နတ်၊
မြို့စောင့်နတ်၊ ရွာစောင့်နတ်၊အာကာသစိုး၊
ရုက်ခစိုး၊ဘုမ်မာစိုး၊
သမုဒ္ဒရာစောင့်နတ်၊မီးစောင့်နတ်၊
ရေစောင့်နတ်၊လေစောင့်နတ်၊နေစောင့်နတ်၊
လစောင့်နတ်၊နတ်မင်းအပေါင်းနှင့်
ကျွန်ုပ်၏ကိုယ်စောင့်နတ်တို့အားလည်းကောင်း၊
ကိုးမြို့ရှင်၊ မြင်းဖြူရှင်၊ ဦးရှင်ကြီး၊ မနှဲလေး
အတွင်း (၃၇) မင်း၊ အပြင် (၃၇) မင်း၊
မယ်ဝဏ္ဏနှင့် ရွှေဖျင်းကြီး၊ရွှေဖျင်းလေးအပါအဝင်
သာသနာတော်အား
စောင့်ရှောက်လျက်ရှိကြကုန်သော
နတ်မင်းအပေါင်းတို့အားလည်းကောင်း။ 🌳

🙏၄။ဝိရူပက္ခမြွေနတ်နဂါးမင်း၊
ဆဗျာပုတ္တမြွေနတ်နဂါးမင်းနှင့်တကွ
နတ်နဂါးမင်းအပေါင်းတို့အားလည်းကောင်း။🌳

🙏၅။ဘုရားသိုက်၊နဂါးသိုက်၊ကုလားသိုက်၊
ရှမ်းသိုက်၊ဘီလူးသိုက် အစရှိသဖြင့် သိုက်နန်းရှင်၊
သိုက်ချုပ်၊ သိုက်ဝင်အပေါင်းတို့နှင့်တကွ
နဂါး၊ဂဠုန်၊ဂုမ္ဘာန်၊ယက္ခ၊ဂန္ဓဗ္ဗ
နတ်အပေါင်းတို့အားလည်းကောင်း။🌳

🙏၆။ဘုရားတပည့်တော်ဘဝအဆက်ဆက်
သံသရာ၌ တော်စပ်ခဲ့သော မိခင်၊ဖခင်၊ဆရာသခင်၊
ကျေးဇူးရှင်များနှင့်
ဆွေတော်အပေါင်း
မျိုးတော်ရှစ်သောင်းတို့အားလည်းကောင်း၊
ယခုဘဝတော်စပ်ကြကုန်သော
မိခင်၊ဖခင်၊ဆရာသခင်၊ကျေးဇူးရှင်များနှင့်
ဆွေတော်အပေါင်း
မျိုးတော်ရှစ်သောင်းတို့အား လည်းကောင်း၊၊🌳

🙏၇။ပထဝီ၊တေဇော၊အာဘော၊ဝါယော
ဓာတ်အကြီးလေးပါးကို မှီ၍ ဖြစ်ပေါ်ကြကုန်သော
အနန္တ နတ် လူ ဗြဟ္မာ
အနန္တသတ္တဝါအားလုံးတို့အား လည်းကောင်း ၊
သြကာသလောက၊သင်္ခါရလောက၊သတ္တလောက
လောကသုံးပါး ကိုမှီ၍ ဖြစ်ပေါ်ကြကုန်သော
အနန္တ နတ် လူ ဗြဟ္မာ အနန္တသတ္တဝါအားလုံးတို့အား
လည်းကောင်း ၊ ယမမင်းနှင့်တကွ
ငရဲသူ ငရဲသားတို့အားလည်းကောင်း။🌳

🧘‍♀ဘေးရန် ခပ်သိမ်း ကင်းငြိမ်း ချမ်းသာ ဖြစ်ကြပါစေ၊
🧘‍♀ဒေါသ ခပ်သိမ်း ကင်းငြိမ်း ချမ်းသာ ဖြစ်ကြပါစေ၊
🧘‍♀ဆင်းရဲ ခပ်သိမ်း ကင်းငြိမ်း ချမ်းသာ ဖြစ်ကြပါစေ၊
🧘‍♀နှလုံးစိတ်ဝမ်းငြိမ်းချမ်းသာယာဖြစ်ကြပါစေ
ကုန်သတည်း။🙏🙏🙏

🌸တပည့်တော်မ အင်္ဂါ သမီး မဆုကဗျာ နှင့် တနင်္လာ သမီး မချောရတနာတို့
ပြုခဲ့သော ကုသိုလ် ကောင်းမူကံ
စေတနာ ဒါနကုသိုလ်၊ သီလ ကုသိုလ်၊
ဘာဝနာကုသိုလ်၊ သစ္စာကုသိုလ်၊
မေတ္တာကုသိုလ် အစုစုတို့အား
ဝသုန္ဓရေ မြေနတ်သားအား
သက်သေအရာထား၍ လည်းကောင်း
အမျှအတန်းပေးဝေပါသည်။ 🙏

🦁တပည့်တော် မ နှင့် ထပ်တူထပ်မျှရ၍
သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ကြပါစေ။
ကျွတ်နိုင် လွတ်နိုင် နိဗ္ဗာန်သို့
မျက်မှောက်ပြုနိုင်ကြပါစေ။🙏

အမျှ အမျှ အမျှ ၊🙏
အမျှ အမျှ အမျှ ၊🙏
အမျှ အမျှ အမျှ ၊
ယူတော်မူကြပါကုန်လော့ 🙏🙏🙏

သူတော်ကောင်း သူတော်မြတ် အပေါင်းတို့၏ ပြု ပြုသမျှ ကောင်းမူကုသိုလ် အစုစုတို့အားလည်း ကျွန်ုပ်မှ ဝမ်းမြောက်ဝမ်းသာ သာဓု အနုမောဒနာ ခေါ်ဆိုပါ၏။ ထပ်တူ ထပ်မျှ ရ ရပါလို၏။

သာဓု သာဓု သာဓု🙏 ၊
သာဓု သာဓု သာဓု🙏 ၊
သာဓု သာဓု သာဓု 🙏။

ဟုဆိုပြီး ခေါင်းလောင်းတီး ပြီး ကုသိုလ်မျှဝေ ရပါတယ်နော် 🧘‍♀🙏🧘‍♀

🙏😇နောက်ဆုံးအဆင့်
သောက်တော်ရေ ကို ညောင်ပင်မှာ ပြန်စွန့်နေရင်း မေတ္တာပို့ရန်😇🙏

🙏သတ္တဝါမှန်သမျှ အနန္တတွေ
အထူးကျန်းမာစေ၊၊🌳
🌸ချမ်းသာပါစေ။🙏
🌸အဆင်ပြေပါစေ၊၊
🌸အေးချမ်းကြပါစေ။
🌸အောင်မြင်ကြပါစေ။
အပူကင်းပျောက် အအေးရောက်ပါစေ။
🙏🙏🙏🙏🙏

❣️ဓမ္မသူငယ်ချင်းများ အားလုံး လည်း
ပို့သမေတ္တာတွေ ရရှိကြပါစေ ရှင် 😊

🧚‍♀မေတ္တာဖြင့် 🧚‍♀
🌺အလင်းစေတမာန် ဆု 🌺

🌲16.11.2019 🌲

💥စာရေးသူ နာမည် လေး
Credit ပေးပြီး
ကုသိုလ်မျှဝေ ကြပါရှင်
🙏🙏🙏အသေးစိတ် ကိုယ်တိုင်ကျင့်ကြံ ပြီးမှ အချိန်ပေး၊ ရေးထားရတာမို့ပါ ရှင် 😊
Crd ချစ်မမဆု

ပဋ္ဌာန်း ဒေသနာကို မှန်မှန် ရွတ်ခြင်း၏ အကျိုးများ🌺🌺🌺ပဋ္ဌာန်း မှန်မှန် ၊ နှစ်ရှည် ရွတ်ခြင်း ၏ အကျိုးများကို ယုတ္တိ သဘောဖြင...
07/02/2024

ပဋ္ဌာန်း ဒေသနာကို မှန်မှန် ရွတ်ခြင်း၏ အကျိုးများ🌺🌺🌺
ပဋ္ဌာန်း မှန်မှန် ၊ နှစ်ရှည် ရွတ်ခြင်း ၏ အကျိုးများကို ယုတ္တိ သဘောဖြင့် ဆင်ခြင်ကြည့်ခြင်း …
ပဋ္ဌာန်းရွတ်တယ် ဆိုတာ ပဋ္ဌာန်း ပစ္စယ ဥဒေသ နဲ့ ပစ္စယ နိဒေသ တို့ ကို ရွတ် ဆိုတာ ကိုဆိုလိုပါတယ်။ မြတ်စွာဘုရား ဟော ကြား ခဲ့တဲ့ ပဋ္ဌာန်းဒေသနာကို အရှင်သာရိပုတ္တရာ က မကျဉ်းမကျယ် ပြန် ဟော ထားတဲ့ ပဋ္ဌာန်း ၅ ကျမ်းကိုတော့ မြည်သံမစဲ ပဋ္ဌာန်းပွဲ ဆိုပြီး ရွတ် ဆိုကြတာလည်းရှိပါတယ်။ ကိုယ့် တစ်နိုင်တစ်ပိုင် ကတော့ ပဋ္ဌာန်း ပစ္စယ ဥဒေသ နဲ့ ပစ္စယ နိဒေသ ကို ပဲ ရွတ်ကြပါတယ်။ အသံမှန် နဲ့ ရွတ်ရင် နာရီ ဝက်လောက် အလုပ်လုပ်ရပါတယ်။ အသံထွက်ပြီး ရွတ်ရပါတယ်။ အဓိပ္ပါယ် နားမလည်ခင်ပဋ္ဌာန်းရွတ် တဲ့အခါ …. စိတ်ထဲ မှာ ရှိနေသင့်တာက … အော် …….. မြတ်စွာဘုရား ဟောခဲ့ တဲ့ တရားကို ငါလိုက်ဆိုနေတာပါလား။ တရားဓမ္မကို ရွတ်ဖတ်ခြင်း ဖြင့် ဘုရား ကို ဓမ္မဖြင့် ငါ ပူဇော် နေတာပါလား ဆိုတဲ့ အသိ တရား (သတိတရား) နဲ့ ရွတ်ကြပါတယ်။

ရွတ်ဆိုနေရာမှာ လည်း အသံထွက် မမှားရအောင် ၊ တရားအစီအစဉ် မလွဲရအောင် ၊ တလေးတစား နဲ့ ရွတ်ရပါတယ်။ နေ့စဉ်မှန်မှန်ရွတ်တော့ ဘာအကျိုးရှိသလဲ ဆိုတာ ယုတ္တိ သဘောနဲ့ ဆင်ခြင် ကြည့်တော့ …

(၁) နေ့စဉ် ကောင်းမှု ကုသိုလ် တစ်ခု ကို အာစိန္နကံ အားထုတ် ရာရောက်ပါတယ်။ နေ့စဉ် တစ်လ နှစ်လ လောက်ရွတ် ယုံနဲ့ မထူးခြားပေမယ့် .. နေ့စဉ် မှန်မှန် ၁၀ နှစ် အနှစ် ၂၀ ရွတ် လာတဲ့ လူအတွက် ကျတော့ …. ကုသိုလ်တွေစုမိသလို ဖြစ်လာပါတယ်။

(၂) နေ့စဉ် မှန်မှန် နှစ်ချီ ရွတ်လာတော့ အလေ့အကျင့် ဖြစ်လာပါတယ်။ ကျင့်သားရနေတော့ အရေးအကြောင်းဆို ပါးစပ်က ပဋ္ဌာန်းဒေသနာ ကို အလိုလို ရွတ် မိလျှက်သား ဖြစ်နေတတ်ပါတယ်။ လောကဒဏ် နဲ့ မမျှော်လင့်ပဲရင်ဆိုင်ရတဲ့ အခါမှာ … ကြောက်ရွံ့ခြင်း၊ ဒေါသ ဖြစ်ခြင်း စတာတွေ ထက် …. ပဋ္ဌာန်းတရား ပေါ် အာရုံရောက်သွားပြီး၊ အကုသိုလ် ဖြစ်ရမယ့်နေရာမှာတောင် ကုသိုလ် ဖြစ်ဖြစ် နေတတ်ပါတယ်။

(၃) တစ်နေ့ တစ်ခါ ရွတ် ဆိုနေကျကို … တစ်နေ့ရွတ်ဆိုပြီးသွားတိုင်း ….. အော်… ဒီနေ့တော့ ငါ ပြုနေကျ ကုသိုလ် ကောင်းမှု တစ်ခု … တစ်နေ့စာ အောင်မြင် ပြီးမြောက်ခဲ့ပြန်ပြီ ဆိုတဲ့ … ကျေနပ်တဲ့စိတ် ၊ ဝမ်းမြောက် တဲ့ စိတ်ဟာလည်း … ကျန်တစ်နေ့တာ လုံးကို စိတ်ထဲ လမ်းဆမ်းစေဖို့ အထောက်အကူ ပြုနိုင်ပါတယ်။

(၄) တစ်နေ့ နာရီဝက်လောက် မပျက်တမ်း နှစ်ရှည် ရွတ်လာ တာ…. ကြာတော့လည်း ….. ရေစက်ကလေးတွေ စုလာတော့ .. ရေအိုးပြည့်သလိုပါပဲ ။ ကိုယ့် သဏ္ဍန်မှာ ဓမ္မနဲ့ ပူဇော် ရတဲ့ ကုသိုလ်တွေ ပြည့်နေတော့ …. ဘဝ အဆက်ဆကိက ပြုခဲ့တဲ့ အကုသိုလ်တွေ၊ ယခုအခါ အမှတ်တမဲ့ ပြုလိုက်မိတဲ့ အကုသိုလ်တွေ ဟာ အကျိုးပေးခွင့်အလားအလာ နည်းပါးလာပြီး။ ဘဝ အဆက်ဆက်က ပြုခဲ့တဲ့ ကုသိုလ်တွေ။ ယခု ပြုလိုက်တဲ့ တခြားကုသိုလ်တွေ ဟာ တော့ အကျိုးပေးဖို့ အခွင့်သာ လာပါလိမ့်မယ်။

(၅) သေခါ နီးပြီဆိုပါစို့ ၊ မိသားစု ထဲက တစ်ယောက်ယောက်လောက်က ပဋ္ဌာန်း ရွတ်သံကလေး ပေးလိုက်တယ် ဆိုပါစို့ ။ ကိုယ်ကနှစ်ရှည် အလေ့အကျင့်ကောင်းကောင်း ရှိထားတယ် ဆိုရင် စုတိစိတ်ဖြစ်ခါနီး ကလေး မှာ ၊စိတ်က ပဋ္ဌာန်းဒေသနာကို စွဲ ပြီး သေရတော့ … အပါယ် ကျဖို့ မဖြစ်နိုင်။ သုဂတိ ဘဝ ကိုရဖို့ က သေခြာသွားပြန်ရော။

(၆) ဒီဘဝ ပဋ္ဌာန်း နှစ်ရှည် မှန်မှန် ရွတ် ထားတဲ့ ပါရမီ ကောင်း က ရှိနေတော့ ၊နောက်ဘဝ ကျပြန်တော့ ဥာဏ်ကောင်းတဲ့ သူ ဖြစ်ပါတယ်။ ဆက်ပြီး ရွတ်ရင်း ဆင်ခြင် သုံးသတ်ပြီး အကျွတ်တရားတောင်ရနိုင်ပါတယ်။

#ပဌာန်း
#ပဌာန်းအိုး
#နိဗ္ဗာန်ကုန်
#အောင်အိုး
#ကြေးထည်

4-2-2023*နေ့မြတ်စွာဘုရားရှင်အား၁/ဖရောင်းတိုင် ၅ တိုင်၂/ ငွေ ၅၀၀၀ကျပ်တန်   သိုမဟုတ်  ၅၀၀ကျပ် ကိုလှူဒါန်းပါ၃/အနန္တ ကျေးဇူး...
04/02/2024

4-2-2023*နေ့

မြတ်စွာဘုရားရှင်အား

၁/ဖရောင်းတိုင် ၅ တိုင်

၂/ ငွေ ၅၀၀၀ကျပ်တန်

သိုမဟုတ်
၅၀၀ကျပ်

ကိုလှူဒါန်းပါ

၃/အနန္တ ကျေးဇူးရှင်များကိုရည်စူးပီးလှူဒါန်းပါ

ကံပွင့် /လာဘ်ပွင့်

ရွင်လန်းချမ်းမြေ့ကြပါစေရှင်

၇ ရက်သားသမီးများအားလုံးနှင့်
လုံးစုံများစွာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ
ကျန်းမာပါစေ
ချမ်းသာပါစေ
ဘေးအန္တရာယ်များကင်းပီး
လိုအင်ဆန်ဒများအားလုံးပြည့်စုံကြပါစေရှင်၊🙏🙏🙏၊

#ဗေဒင်အချုပ်မဟာဘုတ်နိဒါန်း
#ဆရာကြီးဦကြာမြင့်သမီး
#ဆရာမဒေါ်စုစုခိုင်
🙏🙏🙏

မဟာဂန္ဓာရုံဆရာတော်ကြီး ရေးသားတော်မူသော ဆွမ်း၊ရေချမ်း၊ပန်း၊ဆီမီး ကပ်လှူရာတွင်ရွတ်ဆိုရမည့် စာသားနှင့် ဆုတောင်းများ ဖြစ်ပါသ...
03/02/2024

မဟာဂန္ဓာရုံဆရာတော်ကြီး ရေးသားတော်မူသော ဆွမ်း၊ရေချမ်း၊ပန်း၊ဆီမီး ကပ်လှူရာတွင်ရွတ်ဆိုရမည့် စာသားနှင့် ဆုတောင်းများ ဖြစ်ပါသည်။ ဆွမ်း၊ရေချမ်း၊ပန်း၊ဆီမီးများ ကပ်လှူပူဇော်၍ မိမိလိုရာဆုများကို တောင်းဆိုနိုင်ပါသည်။

"ဆွမ်းတော်ကပ်ရာတွင် ရွတ်ဆိုရန်"

ဘုန်းတော်အနန္တ ကံတော်အနန္တ ဉာဏ်တော်အနန္တ၊စကြဝဠာ ကမ္ဘာမြေမိုး ဖြန်းဖြန်းကျိုးမျှ တန်းခိုးတော်အနန္တတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား ရှင်တော်မြတ်ဘုရားအား ခဲဘွယ်ချိုချဥ် ဆွမ်းဘောဇဥ်ကို ဖြူစင်သဒ္ဒါ စေတနာဖြင့် ရွှင်ကာစိတ်လန်း လှူတန်းပါ၏

ဆုတောင်း

ရသာမွှေးကြူ ဆွမ်းဖွေးဖြူကို ပေးလှူပါရ ဤပုညကြောင့် ဘဝတိုင်းဝယ် ပညာကြွယ်လျှက် မြနှယ်ရွှေနှင့် အနေတင့် အဆင့်ဆင့်မြင့်ရလို။
မေတ္တာဖြင့် မင်မင်စည်စည်
#ကြေးပစ္စည်း
#နိဗ္ဗာန်ကုန်
#ဆွမ်း

Address

Mingaladon
Yangon

Telephone

+959970566577

Website

Alerts

Be the first to know and let us send you an email when Mia May Rose posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mia May Rose:

Share