PPA Online Shop

PPA Online Shop အထည်၊ အိတ်၊ ဖိနပ်၊ အလှကုန်နှင့် kitchen prod

13/03/2021

အာဏာသိမ်းပြီး ၄၁ရက်အကြာ

သေဆုံးသူဦးရေ ၁၀၄ဦး ရှိသွားပါပြီ😢

တော်လှန်ရေးလုပ်တယ်ဆိုတာ စနစ်ကိုဖြိုချတာဖြစ်ပါတယ်။- အနစ်နာခံမှု ပြိုင်နေတာ မဟုတ်။ - ရဲဝံ့မှု ပြိုင်နေတာ မဟုတ်။အာဏာရှင်ကို...
13/03/2021

တော်လှန်ရေးလုပ်တယ်ဆိုတာ စနစ်ကိုဖြိုချတာဖြစ်ပါတယ်။
- အနစ်နာခံမှု ပြိုင်နေတာ မဟုတ်။
- ရဲဝံ့မှု ပြိုင်နေတာ မဟုတ်။
အာဏာရှင်ကို တော်လှန်နေတာ ဖြစ်တယ်။

ကိုယ်နိုင်သလောက် ဝန်ကို ဝင်ထမ်းပါ။
ဘေးလူကို ငါ့လောက်မထမ်းနိုင်လို့ဆိုပြီး အပြစ်မတင်နဲ့။ တစ်ယောက်နဲ့တစ်ယောက် ဘဝအခြေအနေ၊ ခံယူချက်၊ ရဲဝံ့မှု မတူတတ်ဘူး။

အသုံးဝင်ပုံလည်း မတူကြသလို အသုံးဝင်တဲ့နေရာချင်းလဲ မတူကြဘူး။ အပြေးကျွမ်းသူဟာ သူ့လောက်မပြေးနိုင်ရကောင်းလားလို့ ရေကူးကျွမ်းတဲ့ရေကူးသမားကို သွားအပြစ် တင်နေလို့မရဘူး။ ကိုယ့်အတွက် အိမ်ကွင်းဖြစ်နေပေမယ့် သူ့အတွက် အဝေးကွင်းဖြစ်ချင်ဖြစ်နိုင်တယ်။

- ထမင်းဘူးလှူတာလည်း ဆန္ဒပြတာပဲ
- အိမ်ထဲမှာ ဖွက်ပေးတာလည်း ဆန္ဒပြတာပဲ
- ပိုက်ဆံလှူတာလည်း ဆန္ဒပြတာပဲ
- ရှေ့နေလိုက်ပေးတာလည်း ဆန္ဒပြတာပဲ
- Free ride ပေးတာလည်း ဆန္ဒပြတာပဲ

ထင်သာမြင်သာမဟုတ်တိုင်း မရှိဘူးမထင်သင့်ဘူး။ ဒီလူတွေလည်း လမ်းထွက်ဆန္ဒပြနေရင် သူတို့ယူထားတဲ့တာဝန် ဘယ်သူယူပေးနိုင်မှာလဲ။ သူ့နေရာနဲ့သူရှိပါတယ်။

ဒါကြောင့် သွေးမကွဲနဲ့၊ ကြောက်တတ်ရန်ကောလို့ အပြစ်မတင်နဲ့။ ဓမ္မ အဓမ္မ ခွဲသိရင်ကို ချီးကျူးဖို့ ကောင်းနေပြီ။

ဆရာကြီး ဦးဝင်းတင်မှာတာ သတိရပါ။
- စိတ်ဓာတ် မကျိုးပဲ့စေနဲ့
- စုဖွဲ့မှု မကျိုးပဲ့စေနဲ့
- ကျန်းမာရေး မကျိုးပဲ့စေနဲ့






ရင်ကိုလာထိသော အက်ဆေး တပုဒ် ---------------------------------အိမ်က ကလေးတွေကို ကယ်လိုက်တဲ့အိမ်ကမုတ်ဆိတ်တွေ အထူကြီးနဲ့ မူဆလ...
09/03/2021

ရင်ကိုလာထိသော အက်ဆေး တပုဒ်
---------------------------------

အိမ်က ကလေးတွေကို ကယ်လိုက်တဲ့အိမ်ကမုတ်ဆိတ်တွေ အထူကြီးနဲ့ မူဆလင်အိမ်တဲ့ ..

မီးတွေလဲမှောင်နေပြီ
သူတို့လဲခြေကုန်လက်ပမ်းကျလို့
ပိတ်မိပြီး မြေညီထပ်တွေနဲ့ အောက်ပိုင်းကအခန်းတွေက တံခါးတွေအားလုံးပိတ်ထားကြပြီ သူတို့သူငယ်ချင်းတွေက ဖမ်းမိလဲအတူတူဆိုပြီး တိုက်အပေါ်ဆုံးထိတက်ပြီး လှေကားလေးမှာထိုင်နေတုံး မုတ်ဆိတ်နဲ့လူကြီးက ရောက်လာတယ်
ကလေးတွေကိုလာခေါ်တာ

ကလေးတွေကလဲအားနာလို့ ဦးလေးတို့အဖမ်းခံရလိမ့်မယ် လာဖမ်းရင် ကျနော်တို့ အေးဆေးဘဲ လိုက်သွားလိုက်မယ်ပြောတော့ အဲ့လူကြီးက အခန်းထဲပြန်ဝင်သွားတယ်
ခနလောက်နေတော့ သူတို့လိုဘဲ ပိတ်မိနေတဲ့ ကလေးတယောက်နဲ့ အဲ့မုတ်ဆိတ်ကြီးနဲ့ အန်တီတယောက်ကပါလာခေါ်တယ်။
အဲ့ဒါနဲ့သူတို့လဲ အထဲလိုက်ဝင်သွားတော့ သူတို့လိုဘဲ အဲ့မှာပိတ်မိနေတဲ့ ကလေးဆယ်ယောက်ကျော်ရှိနေနှင့်တယ်

သူတို့ရောက်တာနဲ့ မုတ်ဆိတ်နဲ့သူ့သားလေးက အဝတ်စားတွေထုတ်လာပေးတယ် တီရှပ်နဲ့ဘောင်းဘီတိုလေးတွေ အားလုံးကအသစ်ချည်းဘဲ သူတို့က အမျိုးသားဝတ် အဝတ်စားတွေ လက္ကားဒိုင်တဲ့ တခြားလူတွေလဲ လဲထားတော့ သူတို့လဲ အားနာနာနဲ့လဲလိုက်ကြတယ်။

ပြီးတော့ သူတို့အိမ်သားစားဘို့ကြော်ထားတဲ့ကြက်သားကြော်နဲ့ ထမင်းပူပူဆီဆမ်းဆားနယ်ပြီး ကလေးအယောက်စေ့ကို လိုက်ကျွေးတယ် ငရုပ်သီးစိမ်းနဲ့ဆားပန်းကန်ကပါသေးတယ် သူတို့လဲအရမ်းဆာနေတော့ ဟန်မဆောင်နိုင်တော့ဘူးကြိတ်ကြတာတဲ့.
"အိမ်ပြန်ရောက်တော့ ကလေးက အဲ့ထမင်း စားကောင်းလိုက်ထာ မေမေရယ်တဲ့"

ထမင်းကျွေးရင်း မာမူကြီးက သူ့ရင်ဘတ်ကိုပုတ်ပြပြီး လာခေါ်ရင် ငါနဲ့ငါ့သားနှစ်ယောက်လိုက်သွားမယ် ကလေးတို့ကိုတော့မထည့်ဘူးတဲ့ ပြီးတော့ ရီစရာတွေလဲပြောပြတယ်တဲ့
အိပ်ခါနီး အန်တီကြီးက ဘီစကစ်လေးနှစ်ထုတ်စီလာဝေတယ် တကယ်လို့ဖမ်းခံရရင် သူတို့ဘာမှမကျွေးရင် လောလောဆယ်သားတို့စားဘို့တဲ့
သူတို့လဲ စားသောက်ပြီးတော့ မောမောနဲ့အိပ်ပျော်သွားကြတယ် ကံကောင်းချင်တော့ သူတို့ပုန်းနေတဲ့အခန်းကို ခွေးတွေတက်မလာဘူး

အိပ်ယာနိုးတော့ အနားနီးတဲ့ကလေးတွေက ပြန်ကုန်ကြပြီ သူတို့ကဝေးတော့ အိမ်ရှင်ဦးလေးမုတ်ဆိတ်ကိုယ်တိုင် အိမ်ရှေ့ထိလာပို့ပေးသွားတယ် မနေ့ကတော်လှန်ရေးမှာ ဝတ်ခဲ့တဲ့အဝတ်စားတွေကို အိတ်နဲ့သေချာထည့်ထားတဲ့ အထုတ်လေးတွေကိုယ်စီနဲ့
ကားပေါ်ကဆင်းတော့ မာမူကြီးက နောက်နေ့တွေမလာတော့ဘူးလားတဲ့ ကလေးက ဟင့်အင်းဒီနေ့ဘဲလာမှာတဲ့
လွတ်လပ်ရေးရပြီးမှ ပျော်ပျော်နေမယ် အလုပ်ကောင်းကောင်းလုပ်မယ် ဂိမ်းပြန်ကစားမယ်တဲ့ ကလေးကပြန်ပြောတော့ အဲ့ဒါဆိုရင်လဲ အရေးကြောင်းဆိုရင် ဦးလေးတို့အိမ်ကိုဘဲ အချိန်မရွေးလာခဲ့ပါတဲ့
ကျေးဇူးတင် ချစ်ဘို့ကောင်းလိုက်ထာ
ဦးမုတ်ဆိတ်ရယ်
ဘာလူမျိုး ဘယ်ဘာသာမဆို လူစိတ်ရှိသူတွေက ရှိတာပါဘဲနော်.

အိမ်ထိပြန်ပါလာတဲ့ ဘီစကစ်လေးနှစ်ထုတ်

Credit Khin Khin Cho Chaw
#နီစေရဲစေတောက်ပစေ
❤️💪❤️

04/03/2021

♥♥♥ ကိုယ့်ဘက်ကအနာဂတ်ရှိတဲ့လူငယ်တွေနဲ့သူတို့ဘက်ကအနာဂတ်မရှိတဲ့အသေခံတွေနဲ့လဲရတာမတန်ပါဘူးကွာ ♥♥♥

❗လူမှုကွန်ယက်ထဲမှာ မနက်ကဖတ်မိလိုက်တယ်❗🧣ဘီလုံးတော်လှန်ရေး (Skylark Revolution) တဲ့🧣🔺Gen Z တွေကတော့ နောက်တစ်ကွက်ပြလိုက်ပြန...
04/03/2021

❗လူမှုကွန်ယက်ထဲမှာ မနက်ကဖတ်မိလိုက်တယ်❗

🧣ဘီလုံးတော်လှန်ရေး (Skylark Revolution) တဲ့🧣

🔺Gen Z တွေကတော့ နောက်တစ်ကွက်ပြလိုက်ပြန်ပါပြီ။ ဒီစာသားလေးကို မြင်တော့ ကျွန်တော်တို့ ငယ်ငယ်က ကြားဖူးတဲ့ “ဘီလုံးငှက်နှင့်စွန်ရဲ” ပုံပြင်လေးကို သတိရမိတယ်။

🔺ဘီလုံးငှက်ကို စွန်ရဲက အင်အားသုံး အနိုင်ကျင့်တော့ ဘီလုံးငှက်က ငါ့အရပ်ဒေသမဟုတ်လို့သာ မင်းငါ့ကို နိုင်တာပါကွာလို့ ပြောတယ်၊ စွန်ရဲကလည်း မခံချင်ပဲ မင်းအရပ်မှာဆိုရင်ရော မင်းငါ့ကို နိုင်မှာမို့လား မင်းအရပ်မှာပဲ မင်းကို ငါအနိုင်ယူပြမယ်ဆိုပြီး ပြန်လွှတ်လိုက်တယ်။

🔺ဘီလုံးငှက်က နွားခြေရာနက်နက်နဲ့ မြေမာမာရှိတဲ့ သူ့အရပ်ကို ပြန်အရောက်မှာ စွန်ရဲကို ပြန်ပြီး စိန်ခေါ်တယ်။ စွန်ရဲက ဒေါသထွက်ပြီး ကောင်းကင်အမြင့်ကိုတက် အရှိန်နဲ့ ထိုးသုတ်တဲ့အချိန်မှာ ဘီလုံးငှက်က နွားခြေရာနက်နက်ထဲ ဝင်ပြေးတော့ စွန်ရဲလဲ ခရောင်းမြေမာနဲ့ပဲ ဆောင့်ဆောင့်မိပြီး သုံးကြိမ်မြောက်မှာတော့ ရင်ကွဲသေရောတဲ့။

🔺ဘီလုံးငှက်လို ကိုယ့်အရပ်ကိုယ့်ဒေသမှာ စိန်ခေါ်ပြီး စွန်ရဲကို ရင်ကွဲသေအောင်လုပ်တဲ့ပုံစံမျိုးနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ကြမယ်ဆိုတဲ့ စိတ်ကူး …။

🔺ကိုမင်းကိုနိုင်ကလဲ ဒီသဘော မျိုးပဲ ကိုယ့်ရပ်ကွက်ရှေ့ကိုယ်ထွက်ပြီး ဆန္ဒပြဆိုတာမျိုး ပြောသွားတယ်။ အခုလဲ ညဘက် ညဘက် သံပုံးတီးရုံမက ညသပိတ် ဆိုပြီး ရပ်ကွက်ထဲမှာ ကြွေးကျော်သံတွေ အော်ကြတယ် ... ဒါလဲ ဘီလုံးငှက်တော်လှန်ရေးမှာ ပူးပေါင်းခြင်းပဲ။

🔺လေးစားပါတယ် Gen Z.
အရေးတော်ပုံ အောင်ရမည်💪💪💪

#စစ်အာဏာရှင်စနစ်မုချကျရှုံးရမည်




03/03/2021

လူစုဖြိုခွဲခြင်းမဟုတ်ပါ။

လူသတ်ခြင်းဖြစ်ပါသည်။
ပြင်းထန်စွာရှုံ့ချပါသည်။

28/02/2021
ညီစေနော်ဘာသာပေါင်းစုံစိတ်ဝမ်းမကွဲကြေးCrd.
19/02/2021

ညီစေနော်
ဘာသာပေါင်းစုံ
စိတ်ဝမ်းမကွဲကြေး

Crd.

17/02/2021

Feb 1 ရက်နေ့ကတည်းက
ဘယ်သူမှတိုက်တွန်းစရာမလိုပဲ
ကိုယ့်အသိစိတ်နဲ့ကိုယ် CDM လုပ်ခဲ့တာ
ကျွန်မတို့ Online Business သမားတွေပါ

ဘာလို့လဲ???

ပြည်သူတွေ စိုးရိမ်ပူပန်နေတဲ့ အချိန်မှာ
ကျွန်မတို့ရဲ့ ဈေးရောင်းပိုစ့်တွေက
အနှောက်အယှက်ဖြစ်စေနိုင်တယ်ဆိုတဲ့ အသိစိတ်လေးရှိလို့ပါ

အခုဆို Online Business သမားတွေ
ဝင်ငွေ မရှိပဲ နေနေရတာ ၁၇ ရက်ပြည့်ခဲ့ပါပြီ

ဒါပေမယ့် ကျွန်မတို့ စိတ်ဓာတ်မကျပါဘူး

ဘာလို့လဲ???
ဒီအရေးတော်ပုံ အောင်ရင်
စီးပွားရေး တွေ အသစ်တစ်ဖန် ပြန်ကောင်းလာမယ်ဆိုတာ
ကျွန်မတို့ယုံကြည်ထားလို့ပဲဖြစ်ပါတယ်

အခုဆိုရင် အရေးတော်ပုံ အောင်ဖို့
အင်တိုက်အားတိုက် ပါဝင်နေကြတဲ့ထဲမှာ
Online Business သမားအများစုပါဝင်နေတာတွေ့ရပါတယ်

ဈေးရောင်းပိုစ့် မတင်ရရင် လိုက်ဖ်မလွင့်ရရင် မနေနိုင်တဲ့
Online Business သမားတွေ
အခုဆိုရင် ၁၇ ရက်တိတိ ဝင်ငွေ မရှိပဲ
အရေးတော်ပုံ အောင်ဖို့ ကိုယ်တတ်နိုင်တဲ့ဘက်က
ကြိုးစားပါဝင်နေကြတဲ့ သူတွေတိုင်းကို
တကယ်လေးစား ဂုဏ်ယူပါတယ်

အရေးတော်ပုံ အောင်ကို အောင်ရမယ်

တကယ်လည်း အောင်တော့မယ်လို့ စိတ်ထဲအပြည့်အဝ ယုံကြည်နေတယ်

၁၇ ရက်တိတိ ဖိုက်ခဲ့ပြီးပြီပဲ
အောင်တဲ့ထိ ဆက်ဖိုက်ကြမယ်

ဝင်ငွေအကန့်သတ်မရှိဈေးရောင်းနိုင်မယ့်ရက်တွေကို
မျှော်မှန်းရင်း ..... Fighting 💪💪 Online Business သမားများ

#မရှယ်ပါနဲ့
#ကူးတင်ပါ


17/02/2021

အမှန်ပါဘဲနော် february 1ရက်နေ့ကတည်းကစ
ငါတို့ Online Shop သမားသည် CDM များ ဖြစ်ကြသည်😍😍
ရင်ဘက်ချင်းတူရင် ကော်ပီယူပါ
Crd

💐 ကို့ခ်ျ Tote ခန့်ခန့်ထည်ထည် အလုံးဆိုက်ကြီး 💐ဒါလေးက လူကြီးကြိုက် ကတော်ကြိုက်ပုံလေး 🥰ကန်တော့ဖို့ လက်ဆောင်ပေးဖို့ဆို အဆင်...
29/01/2021

💐 ကို့ခ်ျ Tote ခန့်ခန့်ထည်ထည် အလုံးဆိုက်ကြီး 💐
ဒါလေးက လူကြီးကြိုက် ကတော်ကြိုက်ပုံလေး 🥰
ကန်တော့ဖို့ လက်ဆောင်ပေးဖို့ဆို အဆင်ပြေတယ်🎁🎁

📐Size~~28cm
💸Price~~28500 ks

💯Quality~~Leather ကောင်း Full Logo with Dustbag & Logo keychainTag🔖🛍

📸အပြင်ပုံများသာ ရိုက်ရောင်းတာမို့ Quality ကတော့ As photo နော်💯💯

✨✨ ကိတ်စပိတ် bling bling ✨✨ဂျစ်သားမို့အကြမ်းလည်းခံတယ် bling bling လေးတွေလည်းပါတော့ မိုက်ချက် 🥰📐 Size~~22cm💸 Price~~22000...
29/01/2021

✨✨ ကိတ်စပိတ် bling bling ✨✨
ဂျစ်သားမို့အကြမ်းလည်းခံတယ် bling bling လေးတွေလည်းပါတော့ မိုက်ချက် 🥰

📐 Size~~22cm
💸 Price~~22000 ks

💯 Quality~~Quality A Leather with Full Logo & logo dustbag🛍အတွင်းသားပိတ်ကအစ Logo ပါတယ်နော်😍

📸အပြင်ပုံများသာ ရိုက်ရောင်းတာမို့ Quality ကတော့ As photo နော်💯💯

Address

8
Yangon
11062

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Website

Alerts

Be the first to know and let us send you an email when PPA Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share