The 100 - The Taya Collection

The 100 - The Taya Collection The Taya (100)

The Taya (100) is founded by three Burmese women who share similar aspiration to enha

ကျွန်မတို့ရဲ့ခရီး၁၀၀ (တရာ) ရဲ့ နာမည်ကတော့ မြန်မာအမျိုးသမီးတိုင်း တန်ဖိုးထား၀တ်ဆင်ရတဲ့ လွန်းတရာအချိတ်ရဲ့နာမည်ကိုအခြေပြုပြ...
28/11/2022

ကျွန်မတို့ရဲ့ခရီး

၁၀၀ (တရာ) ရဲ့ နာမည်ကတော့ မြန်မာအမျိုးသမီးတိုင်း တန်ဖိုးထား၀တ်ဆင်ရတဲ့ လွန်းတရာအချိတ်ရဲ့နာမည်ကိုအခြေပြုပြီးယူထားတာဖြစ်ပါတယ်။ မြန်မာ့ရိုးရာ လွန်းတရာအချိတ်လုံချည်ဟာ ထူးခြားတဲ့သွင်ပြင်ရှိပြီး ပိုးအစစ်လွန်းရာကျော်ချိတ်တထည်ထွက်ဖို့ဆို အနည်းဆုံး လွန်းကလေးပေါင်း ၁၀၀ ကျော်ကို အသုံးပြုပြီး အသေးစိတ်ရက်လုပ်ရပါတယ်။ ဒါဟာ ဇွဲလုံ့လကိုအားစိုက်ထုတ်ရင်း စိတ်ရောကိုယ်ပါ မြုပ်နှံပြီး အသေးစိတ်လုပ်ရတာကိုပြဆိုပါတယ်။ ဒီစိတ် ဓာတ်ကိုစံပြုလျက် မြန်မာအမျိုး သမီးတိုင်း၀တ်ဆင်နိုင်မယ့် စျေးနှုန်းသင့်တင့်သောထုတ်ကုန်များသာမက အရည်အသွေးပြည့်၀ ကောင်းမွန်တဲ့ အဆင့်မြင့် ထုတ်ကုန်များကို ဒေသရင်းမြစ်များအသုံးပြုလျက် ထုတ်လုပ်သွားမှာဖြစ်ပါတယ်။

ကျွန်မတို့အနေနဲ့ ခုလိုထုတ်လုပ်ဖို့တိုင်ပင်လာခဲ့ကြတာ လွန်ခဲ့တဲ့ ၃ နှစ်လောက် ကတည်းကပါ။ အခြေ အနေတွေကြောင့် ကျွန်မတို့လက်လျော့ရမလိုဖြစ်ခဲ့ပေမယ့် ပြင်းပြလွန်းတဲ့စိတ်‌ေကြာင့် ကျွန်မတို့ရှေ့ ဆက်တိုးဖို့ အားမွေးကြရပါတယ်။

''ရွှေလွန်းပျံ ရပ်မနား ဘယ်ညာခုန်လို့သွား'' ဆိုပြီး ဆရာမ ခင်ခင်ထူးထဲမယ်တခါဖတ်ဖူးပါတယ်။ ရက် ကန်းစင်က လွန်းကလေးတွေဟာ တစင်လုံး အသေးဆုံးကိရိယာဖြစ်ပေမယ့်လို့ တိုင်ချည်ဟိုဘက်ထိပ်၊ ဒီဘက်ထိပ် စုန်ချည်ဆန်ချည်ပြေးပြီး အရွယ်နဲ့မလိုက်အောင် တာဝန်ကြီးကြီးယူထားရရှာတယ်တဲ့။ အဲသလိုပဲ ကျွန်မတို့တွေရဲ့ဘဝတွေကိုကြည့်လိုက်ရင်လည်း တနေ့တနေ့ ဘဝအမောတွေနဲ့ ပြေးလွှားရုန်းကန်နေရတာ လွန်းဆံကလေးနဲ့ တူသတဲ့လေ။ ခုချိန်မှာ အားလုံးအတူတူ ရုန်းကန်ရင်း တချိန်အင်မတန်လှပတဲ့ အရောင်အသွေးအကွက်ကလေးတွေထွက်ရှိဖို့ ကျွန်မတို့ အသက်ရှင်သရွေ့တော့ ရှေ့ဆက်ကြရပါဦးမယ်။ ဒီစိတ်နဲ့ပဲ ကျွန်မတို့ ၁၀၀ ကို အခက်အခဲတွေကြားက အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

၁၀၀ (တရာ) ကနေ လာမယ့် ၂၀၂၃ ခုနှစ်အတွင်း ပထမဦးဆုံးထုတ်လုပ်မှာကတော့ ယခင်နှင့်ယခုဒီဇိုင်းများကို သဟဇာတမျှတစွာ ပေါင်းစပ်ထားတဲ့ ပိုးအစစ်လွန်းရာကျော်အချိတ်လုံချည်များနဲ့ အခြားသောရှေးခတ်ရိုးရာဒီဇိုင်းများကိုဖော်ထုတ်ထားတဲ့ စျေးနှုန်းသင့်လက်ရက်ကန်းချည်ထည်များပဲဖြစ်ပါတယ်။ ထုတ်ကုန်များအားလုံးဟာ ကျွန်မတို့ ကိုယ် တိုင်ကိုယ်ကျ စမှဆုံးတိုင်ဖန်တီးထားပြီး တည် ထောင်သူများထဲမှာပါ၀င်တဲ့ artist ကိုယ်တိုင်ရေးဆွဲထားတဲ့ artist အချိတ်ဒီဇိုင်းများဖြစ်ပါတယ်။

ထုတ်လုပ်မယ့်ထုတ်ကုန်များအကြောင်း မကြာခင်မှာ အသေးစိတ်ပြောပြပေးသွားပါမယ်ရှင့်။

ကျွန်မတို့ရဲ့ ၁၀၀ အကြောင်း
28/11/2022

ကျွန်မတို့ရဲ့ ၁၀၀ အကြောင်း

Address

Myitta Road
Yangon
11901

Website

Alerts

Be the first to know and let us send you an email when The 100 - The Taya Collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The 100 - The Taya Collection:

Share

Category