SMART Gallery

SMART Gallery Jewelry is a way of keeping memories alive
Good Quality,Faire price and beautiful products so you can truthly buy this products.

မကြာခင် ဈေးတန်တန်နဲ့ ပစ္စည်းလှလှလေးတွေ တင်ပေးတော့မယ်နော်😘😘Adminတို့လဲနားထားတာကြာတော့ pageရဲ့like followလုပ်ထားတဲ့ Custom...
19/09/2021

မကြာခင် ဈေးတန်တန်နဲ့ ပစ္စည်းလှလှလေးတွေ တင်ပေးတော့မယ်နော်😘😘
Adminတို့လဲနားထားတာကြာတော့ pageရဲ့like followလုပ်ထားတဲ့ Customerများနဲ့ လာမေးကြတဲ့customerများကိုအားနာလို့ ဈေးတန်တန်လေးနဲ့ရနိုင်မဲ့လက်ဝတ်ရတနာများကိုမကြာမီ တင်ပေးတော့မယ်နော်စောင့်မျှော်အားပေးပါဦးနော်🥰🥰🥰

Happy 76th Birthday ပါ အမေ😍😍😍မွေးနေ့ကစပြီး အမေဖြစ်ချင်တဲ့ဆန္ဒတွေ အမြန်ဆုံးဖြစ်မြောက်ပါစေအမေ အမြဲတမ်းပြုံးပျော်နိုင်ပါစေ ...
19/06/2021

Happy 76th Birthday ပါ အမေ😍😍😍
မွေးနေ့ကစပြီး အမေဖြစ်ချင်တဲ့ဆန္ဒတွေ အမြန်ဆုံးဖြစ်မြောက်ပါစေ
အမေ အမြဲတမ်းပြုံးပျော်နိုင်ပါစေ

#အရေးတော်ပုံအောင်ရမည်

photo

19/03/2021

China brand တွေမသုံးဘူး
Korea brand ဘဲသုံးမယ်



#အရေးတော်ပုံအောင်ရမည်

တူတူချွေတာသုံးကြမယ်နော်
18/03/2021

တူတူချွေတာသုံးကြမယ်နော်

(က) အိမ်သုံးအမျိုးအစား လျှပ်စစ်ဓါတ်အားခကျသင့်ငွေနှင့် မီတာဝန်ဆောင်ခများကို သုံးစွဲမှုယူနစ်အားလုံးအတွက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှစ၍ ခြွင်းချက်မရှိ ကင်းလွတ်ခွင့် (အခမဲ့) ပြုခြင်း။

(ခ) အိမ်သုံးမဟုတ်သည့် အမျိုးအစားများအတွက် လျှပ်စစ်ဓါတ်အားခကျသင့်ငွေနှင့် အခြားဝန်ဆောင်ခများကောက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှစ၍ သုံးစွဲမှုယူနစ်အားလုံးအတွက်ခေတ္တ ဆိုင်းငံ့ခြင်း။
------------------------------
ကြေညာချက်အမှတ်(၃/၂၀၂၁)
၁၃၈၂ ခုနှစ်၊ တပေါင်းလဆန်း (၆) ရက်
(၂၀၂၁ ခုနှစ်၊ မတ်လ ၁၈ ရက်)
=================
အကြောင်းအရာ ။ ။ (က) အိမ်သုံးအမျိုးအစား လျှပ်စစ်ဓါတ်အားခကျသင့်ငွေနှင့် မီတာဝန်ဆောင်ခများကို သုံးစွဲမှုယူနစ်အားလုံးအတွက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှစ၍ ခြွင်းချက်မရှိ ကင်းလွတ်ခွင့် (အခမဲ့) ပြုခြင်း။
(ခ) အိမ်သုံးမဟုတ်သည့် အမျိုးအစားများအတွက် လျှပ်စစ်ဓါတ်အားခကျသင့်ငွေနှင့် အခြားဝန်ဆောင်ခများကောက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှစ၍ သုံးစွဲမှုယူနစ်အားလုံးအတွက်ခေတ္တ ဆိုင်းငံ့ခြင်း။

ရည်ညွှန်းချက် ။ ။ ခေတ္တဒုတိယသမ္မတ ဦးဆောင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် ၁/၂၀၂၁ ဆုံးဖြတ်ချက်

၁။ ပြည်ထောင်စုအစိုးရ၏လမ်းညွှန်ချက်အရ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် COVID-19 ကြောင့် ပြည်သူများ စီးပွားရေးအရ၊ စိတ်ဓါတ်ရေးရာအရ ကြပ်တည်းခြင်းများစွာ ရှိနေခြင်းကို အထိုက်အလျောက် ပြေလျော့စေရန် ၂၀၂၁ခုနှစ်၊ ဇန်နဝါရီ လ (၃၁) ရက်နေ့အထိ အိမ်သုံးအမျိုးအစား လျှပ်စစ်ဓါတ်အားသုံးစွဲမှု (၁) ယူနစ်မှ (၁၅၀) ယူနစ်အထိ ဓါတ်အားခ ကျသင့်ငွေနှင့် မီတာဝန်ဆောင်ခ အပါအဝင် ကင်းလွတ်ခွင့် (အခမဲ့) ပြုခဲ့ပြီး ဖြစ်သည်။

၂။ ယခုအခါ COVID-19 ကူးစက်ရောဂါကပ်ဘေးအပြင်၊ အာဏာသိမ်းစစ်အုပ်စု၏ အဆင်အခြင်မဲ့လုပ်ရပ်များကြောင့် ပြည်သူ များ နေ့စဉ်နှင့်အမျှ စိတ်ရောကိုယ်ပါ အတိဒုက္ခရောက်နေကြရသည့်အပြင် လူမှုစီးပွားဘ၀များ မကြံစဖူး ထူးကဲစွာ အကြပ်အတည်း ရင်ဆိုင်နေရသည့်ကာလ ဖြစ်သောကြောင့် အိမ်သုံးအမျိုးအစား လျှပ်စစ် ဓါတ်အားသုံးစွဲမှုအတွက် ဓါတ်အားခကျသင့်ငွေ နှင့် မီတာဝန်ဆောင်ခအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှစ၍ နောက်ထပ်ကြေညာချက်တစ်စုံတစ်ရာ မထုတ်ပြန်မီ အချိန် အထိ ခြွင်းချက်မရှိ အလုံးစုံ ကင်းလွတ်ခွင့်(အခမဲ့) ပြုလိုက်သည်။

၃။ အိမ်သုံးမဟုတ်သည့် အမျိုးအစားများအတွက် ဓါတ်အားခကျသင့်ငွေနှင့် အခြားဝန်ဆောင်ခများ ကောက်ခံခြင်းအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှစ၍ နောက်ထပ်ကြေညာချက်တစ်စုံတစ်ရာ မထုတ်ပြန်မီ အချိန်အထိ ခေတ္တဆိုင်းငံ့ ထားလိုက် သည်။

၄။ သို့ပါ၍ အိမ်သုံးအမျိုးအစား လျှပ်စစ်ဓါတ်အားခကျသင့်ငွေ နှင့် မီတာဝန်ဆောင်ခအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှစ၍ သုံးစွဲမှုယူနစ်အားလုံးအတွက် လုံး၀(လုံး၀) ပေးဆောင်ရန်မလိုဘဲ၊ အိမ်သုံးမဟုတ်သည့် အမျိုးအစားများအတွက် ပေးဆောင်ရမည့် ဓါတ်အားခကျသင့်ငွေနှင့် အခြားဝန်ဆောင်ခ များကို ပေးဆောင်ခြင်းမပြုဘဲ ဆိုင်းငံ့ထားကြရန် ဖြစ်သည်။

စစ်ဖြစ်နေပြီလို့ စိတ်ထဲသွင်းထားကြပါ ဒီထက်ပိုကြမ်းလာဖို့ပဲရှိပါတယ်အချိန်မရွေး ကိုယ်တိုင် First Aid လုပ်ပေးနိုင်အောင်ပါအိမ...
14/03/2021

စစ်ဖြစ်နေပြီလို့ စိတ်ထဲသွင်းထားကြပါ ဒီထက်ပိုကြမ်းလာဖို့ပဲရှိပါတယ်
အချိန်မရွေး ကိုယ်တိုင် First Aid လုပ်ပေးနိုင်အောင်ပါ

အိမ်တိုင်းဒီအချိန်မှာ ဝယ်ထားကြပါ

ခုချိန် ရပ်ကွက်အလိုက် လမ်းအလိုက် အိမ်အလိုက်
အရေးပေါ်ဆေးပစ္စည်းတွေ ဆောင်ထားသင့်ပါပြီ...
ဒဏ်ရာရလူနာ ကိုယ့်အနီးအနားရှိခဲ့ရင် ကူညီပေးလို့ရအောင်ပါ...
တချို့လူနာတွေ အပြင်မထွက်ရဲတော့လို့ အိမ်ထဲပဲ ပုန်းနေရသေးရင်လဲ အသုံးဝင်ပါတယ်...

ကျည်ဒဏ်ရာကို ဘယ်လို အရေးပေါ်ပြုစုလို့ ရတာကိုလည်း အကြမ်းဖျဉ်း ရေးထားပါတယ်... လိုတာရှိ ထပ်ဖြည့်ပေးကြပါ..

ဝယ်ထား/ဆောင်ထားသင့်တာတွေက

Sterile Gauze (ပိုးသန့်ပတ်တီးစအဖတ်)
(အခု၁၀၀/၅၀၀ပါတာတွေ လာတယ်) ၂ထုပ်
4” bandage (ပတ်တီး) ၂ထုပ်
2” bandage ၂ထုပ်
1” Paper tape ၁ဗူး
Septidine 1 box
Hansaplast ၁ထုပ်
E-glove (လက်အိတ်)medium size ၁ဗူး
Permanent pen 1ချောင်း
(ဒဏ်ရာ/tourniquet time မှတ်ဖို့)
ကတ်ကြေး (အဝတ်အစား ညှပ်ထုတ်ပစ်ရန်)
ဓာတ်မီး
ရေခဲသေတ္တာတွေမှာ ရေခဲ လုပ်ထားသင့်
ရေသန့်ဗူးတွေ (အနာဆေးရန်)

သောက်ဆေးတွေက
Ampiclox (ပိုးသတ်ဆေး) ၁ဗူး
Aciclofenac/Ibuprofen (အကိုက်အခဲပျောက်ဆေး) ၁ဗူး
Omeprazole ၁ဗူး
ဓာတ်ဆားထုပ်

ဆေးထိုးတတ်တဲ့သူ ဖြစ်ရင်/ရှိရင်တော့
ATT မေးခိုင်ကာကွယ် ဆေး ထိုးဆေး
N/S 10လုံး +Drip set 10ခု
Cannula size စုံ လေးခုစီ

ဒဏ်ရာရတဲ့သူ တွေ့ရင်

(၁) သွေးတိတ်အောင် လုပ်ပါ..

အနာပေါ်ကနေ အဝတ်သန့်/sterile gauge နဲ့ အုပ်ပြီး
အပေါ်ကနေ လက်ဖနောင့်အားနဲ့ ဖိပါ..
ဖိတာကို မညှာပါနဲ့..
လိုအပ်ရင် ကျတော်တို့ဆို ဒူးနဲ့ပါ တက်ခွဖိ ပါတယ်.. သွေးတိတ်ရပ်ဖို့ အရေးကြီးပါတယ်...
၁၅မိနစ်ဆက်တိုက်လောက်ထိ နာနာဖိထားဖို့ လိုပါတယ်..

သွေးမထိန်းနိုင်သေးရင် tourniquet စည်းလို့ ရပါသေးတယ်..
အနာအထက် ၂လက်မ အကွာကနေ တင်းတင်းစည်းပေးရတာပါ..
စည်းမယ့် tourniquetက ၃လက်မလောက် အကျယ်ရှိမယ့် အဝတ်ဖြစ်ဖို့ လိုပါတယ်..
အရေးပေါ်ဆို အင်္ကျီနဲ့ စည်းတာ အကောင်းဆုံးပါ..

အဲဒါကိုမှ သွေးထပ်ထွက်နေသေးရင် ပထမစည်းထားတာရဲ့ အပေါ်ကနေမှ နောက်တစ်ခု ထပ်စည်းပါ..

Tourniquet စည်းရင် သတိထားဖို့က
-အရေပြားပေါ် တိုက်ရိုက်စည်းပါ.. (နာရီပေါ် ပစ္စည်းတခုခုပေါ်ကနေ ခံစည်းလို့ မရပါ)
-Joint အဆစ်ပေါ် စည်းလို့မရပါ..
-စစည်းတဲ့ အချိန်ကို လူနာအသားပေါ် ရေးမှတ်ထားပါ..
-ဆေးရုံမသွားနိုင်သေးရင် ၂နာရီ တစ်ခါ စစ်ပေးပါ..
ယောင်ကိုင်းလာတယ် ကြွက်သားတွေ နာပြီးတင်းလာရင် နည်းနည်းပြန်လျှော့ပေးပါ...
သွေးထပ်ထွက်လာရင် တင်းတင်းပြန်စည်းပါ

သွေးထွက်နည်းသွား/တိတ်သွားရင်
ရေနဲ့ အနာကို လောင်းချ ဆေးပြီး
sterile gauge ခံပြီး ပတ်တီးတင်းတင်းစည်းထားပေးပါ..

ခြေထောက် နဲ့ လက်ကို ထိရင်တော့ ခြေ/လက်ကို မြှောက်ပေးထားပါ..
ရင်ဘတ်နဲ့ ဝမ်းဗိုက်ထိရင်တော့ ခြေရင်းကို မြှောက်မပေးရပါ.. ***ပက်လက်အနေအထားပဲ လူနာကို ထားပါ

(၂) အသက်မရှူ/အသက်ရှူနှုန်းတအားနည်းရင် CPR ထုပါ...
လူနာကို ပက်လက်အနေအထား မေးမော့ထားပြီး
နို့သီးခေါင်းနှစ်ခု ဖြတ်မျဉ်းပေါ် ရင်ဘတ်အလယ်မှာ
လက်ဖနောင့်ထားပြီး ဖိရတာပါ..
လက်ကို မကွေးရ တံတောင်ဆစ် တဖြောင့်ထဲ ထားပြီး ဖိရတာပါ..
လူနာပါးစပ်ထဲ လေမှုတ်သွင်းပေးတာ (mouth-to-mouth)ကတော့ လုပ်မနေပါနဲ့တော့..
တယောက်တလှည့်စီသာ ထုနေပေးပါ..

ဒီလောက်ကိုပဲ အရေးပေါ် ကုပေးထားရင် ရပါပြီ..

နောက်ပိုင်း တွေ့လာရတာက လူနာတွေက
အပြင်ထွက် မပြရဲဘဲ တညလုံး ပုန်းနေတာမျိုးတွေပါ ရှိလာတတ်လို့ပါ..

လူနာအခြေအနေကောင်းတယ် shockမရ သတိကောင်းတယ်ဆိုရင်တော့ အနာကို first aid လုပ်ထားပေးတာမျိုးလောက် လုပ်ပေးထားပြီး
ပိုးသတ်ဆေး+အကိုက်အခဲပျောက်ဆေး+အစာအိမ်ဆေး တွဲတိုက်ထားပေးပါ..

ဓာတ်ဆားရည် တိုက်ထားပေးပါ..

ရေခဲဝတ် အုပ်ပေးထားပေးပါ..
အနာကိုတော့ မစိုစေပါနဲ့....

နောက်ရက် ထွက်လို့ရတာနဲ့ နီးရာ ဆေးခန်းတခုခုမှာ ပြပေးပါ..

၇၂ နာရီ-------အာဏာထိမ်းတယ်လို့ ကြေငြာလိုက်တာနဲ့နိုင်ငံတကာက စောင့်ကြည့်ပါတယ်။အကြောင်းအရာက မဲစာရင်းမသမာမှူ့။ဒါက အပေါ်မှာ အ...
01/02/2021

၇၂ နာရီ
-------
အာဏာထိမ်းတယ်လို့ ကြေငြာလိုက်တာနဲ့
နိုင်ငံတကာက စောင့်ကြည့်ပါတယ်။
အကြောင်းအရာက မဲစာရင်းမသမာမှူ့။
ဒါက အပေါ်မှာ အချင်းချင်းရှင်းရမယ့်ကိစ္စ။

ဒါပေမယ့် အာဏာထိမ်းမှုသာမြောက်ပြီး
အာဏာသိမ်းမှူ့ မဖြစ်သေးပါဘူး။
အာဏာသိမ်းမှူ့ ဘယ်တော့ဖြစ်နိုင်လဲဆိုတော့
ပြည်သူတွေမခံမရပ်နိုင်ပဲ လမ်းပေါ်မှာဆန္ဒပြ၊
ရုန်းရင်းဆန်ခတ်ဖြစ်မှသာ အဖက်ဖက်က
ယိုးယွင်းနေသည်ကို ထိမ်းသိမ်းရန်ဆိုတဲ့
အကြောင်းပြချက်နဲ့ အာဏာသိမ်းနိုင်ပါတယ်။

ဒီတော့ နိုင်ငံတကာက စောင့်ကြည့်နေတဲ့
၇၂ နာရီမှာ ပြည်သူတွေ ကိုယ့်ကိုကိုယ်
Self Lock Down ချနိုင်ရင် အဆင်ပြေပါပြီ။
အကောင်းဖက်ကကြည့်ရင် Covid - 19 ရဲ့
Transmission လည်း နည်းသွားပါလိမ့်မယ်။

အိမ်ထဲမှာပဲနေကြပါ ❤️🙏

Credit : Kyaw Kyaw Htike




ကိုယ့်ဆီ နီလာကျောက်ဝယ်တဲ့ customerတွေရော မကြာမှီ customerဖြစ်လာမဲ့သူတွေရော သိရအောင်လို့ တင်ပေးလိုက်ပါတယ်ရှင့်😉😉😉
24/01/2021

ကိုယ့်ဆီ နီလာကျောက်ဝယ်တဲ့ customerတွေရော မကြာမှီ customerဖြစ်လာမဲ့သူတွေရော သိရအောင်လို့ တင်ပေးလိုက်ပါတယ်ရှင့်😉😉😉


Valentine's Dayလည်း နီးပြီဆိုတော့ ...ယောက်ျားလေးအများစု တွေးကြတာက ကိုယ့်ချစ်သူ ကောင်မလေးကို အမှတ်တရလက်ဆောင်လေး ပေးချင်တယ...
11/01/2021

Valentine's Dayလည်း နီးပြီဆိုတော့ ...
ယောက်ျားလေးအများစု တွေးကြတာက ကိုယ့်ချစ်သူ ကောင်မလေးကို အမှတ်တရလက်ဆောင်လေး ပေးချင်တယ် ... ဘာပေးရင် ကောင်းမလဲပေါ့ 🤔🤔🤔
လှပမှုလည်းရှိ 💍
နောင်ရေးအတွက်ပါ တန်ဖိုးရှိတဲ့ အမှတ်တရလက်ဆာင်ဖြစ်စေဖို့
ရွှေထည်လေးတွေ လက်ဆောင်ပေးကြမယ်ဆိုရင် ...
ချစ်သူလေးလည်း ပျော်
ကိုယ်လည်း ကြည်နူးရမယ့် ပျော်ရွှင်ဖွယ် ချစ်သူများနေ့လေး ဖြစ်နေမှာပါ ...
ကိုယ့်ချစ်သူရဲ့ လက်ကလေးနဲ့ လိုက်ဖက်မယ့် ဒီဇိုင်းလေးကို စိတ်ကူးနဲ့ပုံဖော်နိုင်ဖို့ ဒီဇိုင်းလှလှလေးတွေ နမူနာပြပေးထားပါတယ်ရှင့်
ကဲ ရည်းစားမရှိတဲ့သူလေးတွေကလည်း😜😜😜😜 နောင်ရေးအတွက် စုဆောင်းတဲ့အနေပဲဖြစ်ဖြစ်
ကိုယ့်လက်ကလေးရဲ့အလှကို ရွှေထည်လေးနဲ့ ဆင်မြန်းတင့်တယ်စေဖို့ပဲဖြစ်ဖြစ် ဝယ်ယူစုဆောင်းကြဖို့ အခုကတည်းကorderတင်လိုက်ကြရအောင်နော်😽😽😽


photos

မင်္ဂလာပါ Valentine's Day လေးနီးလာပြီဆိုတော့ အစားကိုလျော့ နောင်ရေးအတွက်စုမိအောင်🤵👰 Smart Galleryကနေပြီး "Couple Rings" လ...
09/01/2021

မင်္ဂလာပါ

Valentine's Day လေးနီးလာပြီဆိုတော့ အစားကိုလျော့ နောင်ရေးအတွက်စုမိအောင်🤵👰 Smart Galleryကနေပြီး "Couple Rings" လေးတွေကိုမမှာချင်ဘူးလားနော် 💍💍💍

ဒီဇိုင်းလေးတွေကိုတော့ အခုကတည်းကစဉ်းစားလို့ရအောင်တင်ပေးထားပါတယ်နော်🤔🤔🤔

စိတ်ဝင်စားရင်တော့ page cbမှာ အမြန်သာ order တင်လိုက်တော့နော် 🏃🏻‍♂️🏃‍♂️🏃‍♂️

သက်သာသောစျေးနှုန်းနဲ့အထူးဆောင်ရွက်ပေးနေပါတယ်နော်


Rings
photos

Address

Yangon

Website

Alerts

Be the first to know and let us send you an email when SMART Gallery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share