May Nandar

May Nandar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from May Nandar, Shopping & retail, Yangon.

Post 4 ခုမှာ  like&share ထားတဲ့  ညီမလေး တွေ ဒီနေ့ 5ရက်နေ့ည 9:30 kpay 3000 နဲ့ တခြားလက်ဆောင်လေးတွေ မဲဖောက် ပေးမယ်နော်
05/06/2024

Post 4 ခုမှာ like&share ထားတဲ့ ညီမလေး တွေ ဒီနေ့ 5ရက်နေ့ည 9:30 kpay 3000 နဲ့ တခြားလက်ဆောင်လေးတွေ မဲဖောက် ပေးမယ်နော်

May bags  collection 🎒🎒🎒မှ မဲပေါက်တဲ့ အိတ်လေးရောက်ပါပြီLive ထဲဝင်ကြည့်ပြီး မဲဖောက်တဲ့ ညီမလေး ရဲ့ ဆံပင်ပုံနဲ့ စကားပြောတာလ...
05/06/2024

May bags collection
🎒🎒🎒
မှ မဲပေါက်တဲ့ အိတ်လေးရောက်ပါပြီ
Live ထဲဝင်ကြည့်ပြီး မဲဖောက်တဲ့ ညီမလေး ရဲ့ ဆံပင်ပုံနဲ့ စကားပြောတာလေး😍 ချစ်လို့ gpတွေထဲ shareတယ် စျေးရောင်းကောင်းပါစေလို့မန့်ပြီး
ကံဝင်စမ်းတာ 19000 တန် ကျောပိုး အိတ်တစ်လုံး
မဲပေါက်ပါတယ်
ဒီနှစ် သားလေး အတွက် အိတ်အသစ်မဝယ်ရသေးတာနဲ့ အတော်ဖြစ်သွားတယ် သူကြိုက်တဲ့ ပုံစံနဲ့ အိတ်size ကကြီးတာမို့ တော်တော် အဆင်ပြေ ကွက်တိဖြစ်သွားတယ်
မဲဖောက်ပေးတဲ့ ညီမလေးကို အရမ်းကျေးဇူးတင်ပါတယ်
စျေးတွေအများကြီး ပိုရောင်းကောင်းပါစေ
မေမေနန္ဒာ fri တွေလည်း အိတ်ဝယ်ဖို့ စိတ်ကူးရှိရင်
May Bags Collection page ထဲဝင်ကြည့်ပြီး အားပေးကြပါရှင့်😍😍😍

04/06/2024

တစ်ည..အိမ်ပြန်လာတော့ ညရှစ်နာရီခွဲလောက်ရှိနေပြီ။ မီးပွိုင့်မှာတန်းစီနေတုန်း နောက်ကပါလာတဲ့ ကားတစ်စီးက ဖော့ဘူးနဲ့ထည့်ထားတဲ့ ညစာတွေ ပန်းရောင်းတဲ့ ကလေးတွေကိုခေါ်ပြီး အားရပါးရကို ဝေနေတာ တွေ့လိုက်ရပါတယ်။

ပန်းရောင်းတဲ့ ကလေးတွေ အဲဒီကားနားကိုပြေးသွားကြ..အချင်းချင်းအော်ခေါ်ကြ.. ကိုယ့်လူမရလိုက်မှာစိုးလို့ ဗူးအရေအတွက် ပြောကြနဲ့ ရုတ်ရုတ်သဲသဲ ပျော်ပျော်ပါးပါးကို ဖြစ်သွားကြပါတယ်..

လမ်းဘေးက ခွေးလေးနှစ်ကောင်တောင် ဘာမှန်း ညာမှန်းမသိ ထအူကြလို့ ပြုံးမိသေးတယ် ။ကျွန်မလည်း သူများ အလှုကို ကြည့်ပြီး ကျေနပ် အားရပါးရကို သာဓုခေါ်လိုက်ပါတယ်။ တကယ်တော့ ကိုယ်လည်း ဗိုက်ဆာပြီးအိမ်ပြန်လာတာ ..နောက်ကျနေတာမို့ ဘယ်မှာမှ ဝင်မစားတော့ဘဲ အိမ်ရောက်မှ ကြက်ဥလေးကြော်စားမယ် အားခဲလာခဲ့တယ်..

ဒီအချိန်မစားရသေးရင် အတော်ဆာနေမှာပဲ..ကိုယ်ချင်းစာမိပြီ..စားရရင်လည်းအတော်ဝမ်းသာကြမှာလေ..ဗူးထဲမှာ ထမင်းကြော် ကြာဆံကြော် စသဖြင့်ပါမှာပဲ..လက်ဖက်ထမင်းလေးဆိုရင်လည်း အဆင်ပြေတာပဲ..ဘယ်အချိန်ထဲက ပြင်ဆင်ထားတာပါလိမ့်..ဘယ်နှစ်ဗူးလောက်လုပ်လာတာလဲ.. မွေးနေ့တို့ ဘာတို့ အထိမ်းအမှတ် တစ်ခုခုအတွက် ကျွေးတာများလား ..ဒီတိုင်း ကျွေးချင်စိတ်ပေါက်လို့လား..ညဘက် အလုပ်လုပ်နေကြတဲ့ လူတွေအတွက် စဥ်းစားတတ်တာ..ချစ်ဖို့ကောင်းလိုက်တာ..တူလေးတွေတောင်ပါသေးတယ်..အစရှိသဖြင့် ကျွန်မလည်း တွေးတောရင်း ဝမ်းသာ အားကျနေခဲ့မိပါတယ်။

ဒါနဲ့ပဲ သူများအလှုကို မုဒိတာအပြည့်နဲ့ သာဓု ခေါ်ရင်း Abundance Mentality ဆိုတာကို တွေးလာခဲ့မိပါတယ်။

Abundance လို့ပြောလိုက်ရင် ပြည့်စုံ ကြွယ်ဝခြင်းကိုဆိုလိုတယ်လို့ လူအတော်များများ သိကြပါတယ်။

ပြည့်စုံကြွယ်ဝချမ်းသာတယ် ဆိုမှတော့ ငွေကြေးတွေ စီးပွားဥစ္စာတွေရရှိနေလို့ပေါ့ လို့ တွေးတတ်ကြတာအမှန်ပါပဲ။ Abundance ဆိုရင် ကိုယ်လက်ခံ ရရှိတာတွေကိုပဲ မြင်တတ်ကြပြီး သူနဲ့ ဆန့်ကျင်ဘက် Scarcity /Inadequacy ရှားပါးတာ ..မရှိတော့တာ..မလောက်ငှတာတွေနဲ့ပတ်သက်ရင်ကျတော့ ကိုယ့်ဘက်က ပေးလိုက်ရတာတွေကိုပဲ မြင်ကြတာ များပါတယ်။

ဒါပေမဲ့ Abundance ဆိုတဲ့ Power ကို ပေးတဲ့ဘက်ကနေလည်း..ပြန်ကြည့်စေချင်ပါတယ်။

ကိုယ်ဘယ်လောက်ပေးနိုင်လဲ..
ဘယ်အရာတွေပေးနိုင်လဲဆိုတာဟာ Abundance Power/ Abundance Energy/Abundance Mentality ပဲ ဖြစ်ပါတယ်။

Abundance ဆိုတိုင်း ရတာတွေချည်းပဲတွေးမနေစေချင်ဘူး..။ပေးနိုင်တာကလည်း Abundance ဖြစ်တာပါပဲ။

တစ်ယောက်က ကိုယ့်ရှေ့မှာ တစ်ခုခုကို ပေးကမ်းလိုက်တယ်..ဆိုပါစို့ ။
လက်ရောက်ပေးနိုင်တဲ့သူမှာ Abundance Power ရှိသလို
ဘေးကထိုင်ပြီး ဝမ်းသာလိုက်တယ်..မုဒိတာဖြစ်လိုက်နိုင်တယ်ဆိုတာဟာလည်း ကိုယ့်ရဲ့ Abundance Power ပဲ ဖြစ်ပါတယ်။

ဒါကြောင့် Abundance ဆိုတိုင်း ကိုယ်ရတာတွေ..ရဖို့တွေကိုချည်း မတွေးစေချင်သလို ပေးနိုင်တာတွေကိုလည်း Abundance နေရာကနေ
တွေးကြည့်စေချင်ပါတယ်။

ဒီနေ့ ဘယ်သူ့ကို ဘာပေးခဲ့သလဲ။

တစ်ခါတလေမှာ တစ်စုံတစ်ယောက်ကို ပြုံးပြလိုက်တာ..ယဥ်ယဥ်ကျေးကျေးလေး ပြောဆိုဆက်ဆံလိုက်တာမျိုးကလည်း ပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။

လမ်းသွားရင်း ရှေ့ကကားပိတ်နေတဲ့အခါ ဘာဖြစ်နေမှန်းမစူးစမ်းဘဲ ဟွန်းတွေစွတ်တီးနေမဲ့အစား သူဘာအခက်အခဲရှိနေလို့လဲ..ရုတ်တရက် ကားစက်နှိုးမရလို့လား..သူ့အရှေ့မှာ တစ်ခုခုပိတ်နေတာများလားလို့ နားလည်မှုလေးနဲ့ သည်းခံ စောင့်စားပေးလိုက်တာမျိုးကလည်း ပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။

ဆေးရုံကားဖြတ်သွားတာတွေ့ရင် ဆုတောင်း မေတ္တာပို့ပေးလိုက်တာကလည်း ပေးနိုင်ခြင်းပဲဖြစ်ပါတယ်။ မိသားစုဝင်တွေအပေါ် ​ကောင်းကောင်းမွန်မွန် တုံ့ပြန်စကားပြောတာကလည်း ပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။

နေ့တဓူဝ ကြုံတွေ့နေရတဲ့ အခြေအနေတွေမှာ ကျွန်မတို့ဟာ စိတ်ပိုင်းဆိုင်ရာအရအများကြီးကို ပေးနိုင်နေကြတာကို စဥ်းစားကြည့်စေချင်ပါတယ်။

ဒီအချက်လေးတွေဟာ ယေဘူယျအားဖြင့် ပိုက်ဆံတစ်ပြားမှမကုန်တဲ့ မေတ္တာပေးခြင်းမျိုးပဲ ဖြစ်ပါတယ်။ အလုပ်မှာ.. အိမ်မှာ..လမ်းမှာ..နေရာတကာမှာ သုံးလို့ရပါတယ်။

ပေးတယ်ဆိုတိုင်း ငွေကြေးနဲ့ပဲ တန်ဖိုးသတ်မှတ်တာမျိုးလည်း မဖြစ်စေချင်ပါဘူး..ပေးသမျှမှာ တန်ဖိုး အကြီးမားဆုံးက မေတ္တာတရားပါပဲ ..

မေတ္တာပြည့်နေတဲ့လူတွေဟာ မေတ္တာပေးနိုင်ကြပါတယ်။ ပေးနိုင်တာတွေထဲမှာမှ မေတ္တာ ပေးတယ်ဆိုတာဟာ ခက်တယ်လို့ မပြောနိုင်ပေမဲ့ သိပ်တော့လည်း လွယ်ကူတဲ့ ကိစ္စ မဟုတ်ပါဘူး.. ။ သတိရှိမနေရင်..စေတနာမပါရင်တော့ လွယ်ကူလှတယ်လို့ မပြောနိုင်ပြန်ပါဘူး။ လူတိုင်းလည်းမလုပ်နိုင်ကြပါဘူး။

ကျွန်မ တစ်ရက်က ရေးခဲ့တဲ့ စာလေးတစ်ပုဒ်ထဲမှာလို ပေးတယ်ဆိုတာကလည်း ရယူခြင်းပါပဲ။ ရခဲ့တာမှန်သမျှကလည်း ပေးခဲ့လို့ပဲ ဖြစ်ပါတယ်။

ပေးလိုက်ရတာတွေအတွက် Scarcity Mindset မရှိတော့ဘူး ..မလောက်တော့ဘူး ဆိုပြီး ဖြစ်မနေဖို့လည်း အရေးကြီးပါတယ်။
ကိုယ်ပေးလိုက်ရလို့ တစ်စုံတစ်ယောက်ကတော့ အဆင်ပြေသွားပြီလို့ တွေးတာဟာ Abundance Mindset ပါပဲ။

ပေးလိုက်ရတာချင်းအတူတူ စိတ်မထားတတ်တဲ့အခါ Lack ဖြစ်သွားတတ်ပါတယ်..Lack နဲ့ Abundance Mentality ဆိုတာကလည်း ကျောချင်းကပ်ပြီးရှိနေကြတာပါ။ စည်းလေးတစ်ခုသာ ခြားနေသလိုပါ..ကျွန်မတို့ဟာ စကားလုံးတွေ..ခေါင်းစဥ်တွေရဲ့ ဘောင်တွေကိုကျော်ကြည့်ပြီး ချဲ့ထွင် စဥ်းစားတတ်ဖို့လည်း လိုပါတယ်။

ဘာမှပေးစရာမရှိရင် မေတ္တာ ပေးဖို့ စဥ်းစားပါနော်..။ ကိုယ်ပေးနေသမျှဟာ ကိုယ့်ရဲ့ Abundance Power ပဲဖြစ်ပါတယ်။ ကိုယ်ပေးခဲ့တဲ့အရာတွေဟာလည်း ကိုယ့်ဆီကို အမျိုးစုံသော Abundance ပြည့်စုံကြွယ်ဝခြင်းတွေ အဖြစ်နဲ့ ပြန်လည် ရောက်ရှိလာမှာပဲ ဖြစ်ပါတယ်။

မွန်ဟော်စီ
၂၀၂၃ June





#မနက်စာအာဟာရ




Photo
FreeStock

အားပေးတဲ့ ဝယ်သူလေးတွေရောShare ပေးတဲ့ သူလေးတွေရော အားလုံးပဲ ကျေးဇူးပါဒီနေ့တင်တဲ့ ပုံလေးတွေ ထဲက ကျန်တာလေးတွေဆက်ရွေးပေးအုံး...
27/05/2024

အားပေးတဲ့ ဝယ်သူလေးတွေရော
Share ပေးတဲ့ သူလေးတွေရော အားလုံးပဲ ကျေးဇူးပါ
ဒီနေ့တင်တဲ့ ပုံလေးတွေ ထဲက ကျန်တာလေးတွေ
ဆက်ရွေးပေးအုံးနော်

အပြင်သွားရင်း ကားစီးရင်း postတင်လိုက် ဝယ်သူတွေနဲ့ စကားပြောလိုက်နဲ့ ရောင်းနေတာပါ
Page ထဲဝင်ကြည့်ပြီး အရင်post ကအထည်တွေပါ
ဝယ်ကြတဲ့ ဝယ်သူလေးတွေ ကျေးဇူးပါ
အိမ်ပြန်ရောက်ရင် ပါဆယ်ထုတ်
မနက်ဖန် delivery အပ်ပေးပါမယ်နော်

ဂါဝန် အလှလေးတွေ
တင်ပေးလိုက်ပြီ ညီမလေး တို့ရေ
ကြိုက်တာတွေ့ရင် cb အမြန်လာနော်
ငွေလွှဲထားသူရပါမယ်👗👗👗👗👗👗👗👗👗👗
Post ကို share ပေးတဲ့သူ SS မန့်ပြီး kpay 3000 ကံစမ်းပါ

ဂါဝန် အလှလေးတွေ တင်ပေးလိုက်ပြီ ညီမလေး တို့ရေကြိုက်တာတွေ့ရင် cb အမြန်လာနော်ငွေလွှဲထားသူရပါမယ်👗👗👗👗👗👗👗👗👗👗Post ကို share ပေး...
27/05/2024

ဂါဝန် အလှလေးတွေ
တင်ပေးလိုက်ပြီ ညီမလေး တို့ရေ
ကြိုက်တာတွေ့ရင် cb အမြန်လာနော်
ငွေလွှဲထားသူရပါမယ်👗👗👗👗👗👗👗👗👗👗
Post ကို share ပေးတဲ့သူ SS မန့်ပြီး kpay 3000 ကံစမ်းပါ

ညီမလေး တို့ရေဒီနေ့ည 9:30 live ရှိပါတယ်နော်Page ကို like & follow လုပ်ထားတဲ့ ss လေးနဲ့ဂါဝန်အဖြူလေး လက်ဆောင်ယူလို့ မန့်ပေး...
23/05/2024

ညီမလေး တို့ရေ
ဒီနေ့ည 9:30 live ရှိပါတယ်နော်
Page ကို like & follow လုပ်ထားတဲ့ ss လေးနဲ့
ဂါဝန်အဖြူလေး လက်ဆောင်ယူလို့ မန့်ပေးပါ
စကပ်လေးတွေလည်း မဲဖောက်ပါမယ်နော်

21/05/2024

ညီမလေး တို့ရေ
မဲဖောက်မဲ့ live လေး မနက်ဖန် 9:30
မှ လွှင့်ပါတော့မယ်နော်
😍😍😍

Helloညီမလေးတို့ရေ ဒီနေ့ညမဲဖောက်တဲ့ live လေးရှိပါမယ်နော်ကြိုက်တဲ့ စကပ်3ထည်ကို ss ရိုက်ပြီး မေမေနန္ဒာ page ကို like & foll...
21/05/2024

Hello
ညီမလေးတို့ရေ
ဒီနေ့ညမဲဖောက်တဲ့ live လေးရှိပါမယ်နော်
ကြိုက်တဲ့ စကပ်3ထည်ကို ss ရိုက်ပြီး မေမေနန္ဒာ page ကို like & follow ထားတဲ့ ssလေးနဲ့တွဲမန့်ပေးနော်
ည9:30 live စပါမယ်

သူ့ဆီမှာ အကသင်သွားသင်အုံးမှပဲ မေမေနန္ဒာဝယ်သူလေးတွေကို ကပြရအောင်လို့😂😂😂😂😂😂
19/05/2024

သူ့ဆီမှာ
အကသင်သွားသင်အုံးမှပဲ
မေမေနန္ဒာဝယ်သူလေးတွေကို ကပြရအောင်လို့
😂😂😂😂😂😂

Address

Yangon

Telephone

+959451127973

Website

Alerts

Be the first to know and let us send you an email when May Nandar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share