05/02/2022
https://www.facebook.com/103201434772044/posts/484405909984926/
᠌᠌ယုန်တစ်ကောင်_ငါးကျပ်_မစားနဲ့_
ါးဆယ်_ဖြစ်မှ_စား______
🐇🐇🐇🐇🐇🐇🐇🐇🐇🐇
တစ်ခါက…သားအဖနှစ်ယောက်
အလွန်စည်ကားသော စျေးကြီးတစ်စျေး
အတွင်းသို့ ရောက်ရှိလာသောအခါ…
အသက်(၁၀)နှစ်ခန့်ရှိ သားငယ်မှ
အဖေဖြစ်သူအား
"ဗိုက်ဆာတယ်…အဖေ…
ရှေ့မှာယုန်ကင်တွေရောင်းနေတယ်…
သားကို ဝယ်ကျွေးပါ…"တဲ့။
"သား…တစ်ကောင်ဘယ်လောက်လဲ?
သွား…မေးလိုက်"လို့
အဖေဖြစ်သူက ပြောလိုက်ပါတယ်။
အဲ့ဒါနဲ့ သားဖြစ်သူလည်း
ယုန်သားကင်ကို ရောင်းနေတဲ့
စျေးသည်ကို သွားမေးတော့…
"ယုန်တစ်ကောင် ငါးကျပ်"လို့
စျေးသည်က ပြန်ပြောပါတယ်။
သားဖြစ်သူလည်း …
"အဖေ…တစ်ကောင် ငါးကျပ်တဲ့ဗျ။
သားကို ဝယ်ကျွေးနော်"ဆိုတော့…
ဖခင်ဖြစ်သူက
သူ၏လက်ထဲ ကျစ်ကျစ်ပါအောင်
ဆုပ်ကိုင်ထားတဲ့ တစ်ဆယ်ကျပ်တန်လေး
တစ်ရွက်ကို ကြည့်ရင်း အံကိုကြိတ်ပြီး
သားဖြစ်သူကို ပြောလိုက်ပါတယ်။
"ယုန်တစ်ကောင်ကို ငါးကျပ်တဲ့လား…?
မစားပါနဲ့အုံး…သားရယ်…
လာ…သွားရအောင် သား…
ဗိုက်ဆာနေရင် အဖေတခြားဟာ
ဝယ်ကျွေးပါ့မယ်…"လို့ပြောပြီး
သားဖြစ်သူရဲ့လက်ကိုဆွဲပြီး
အဲ့ဒီနေရာကနေ ထွက်လာခဲ့ပါတယ်။
ပြီးတော့မှ ဘိန်းမုန့်(၂)ခု
တစ်ကျပ်ဖိုး သားဖြစ်သူ ဗိုက်ပြည့်စေဖို့
ဝယ်ကျွေးခဲ့ပါတယ်။
ဒီလိုနဲ့ နောင်(၁၅)နှစ်လောက်
ကြာတဲ့အခါ…အဲဒီစျေးကြီးထဲကိုပဲ
သားအဖနှစ်ယောက် ပြန်ရောက်လာတဲ့အခါ
သားဖြစ်သူက ပူဆာပြန်ပါတယ်။
"အဖေ… ဟိုမှာ…ယုန်သားကင်သည်
ရှိသေးတယ်ဗျ။သားကို ယုန်သားကင်
တစ်ကောင်လောက် ဝယ်ကျွေးပါ"ဆိုတော့…
ဖခင်ဖြစ်သူက
"သား…တစ်ကောင် ဘယ်လောက်လဲ…?
သွားမေးချေ…"ဆိုတော့…
လွန်ခဲ့တဲ့(၁၅)နှစ်လောက်က
တစ်ကောင် ငါးကျပ်သာရှိတဲ့
ယုန်သားကင်ဟာ…အခု တစ်ကောင်
ငါးဆယ် ဖြစ်နေပါပြီ…။
"ဟာ...အဖေ…စျေးကြီးလိုက်တာ…
တစ်ကောင် ငါးဆယ်တဲ့ဗျ…။"
"ဒီမှာ…သား…ငါးဆယ် မကလို့
ငါးထောင် ဖြစ်နေပါစေ…
အခုအချိန်မှာ ငါ့သား…စားချင်ရင်
တစ်ကောင် မဟုတ်ဘူး။နှစ်ကောင်စား"လို့
ဖခင်ဖြစ်သူက ပြောတဲ့အခါ…
သားဖြစ်သူက အံ့သြတဲ့မျက်နှာနဲ့…
" ဟင်…!ဟိုတခါ သားစားချင်တယ်ဆိုတော့…
အဖေ…သားကို ဝယ်မကျွေးပဲ
အခုကြ နှစ်ကောင်တောင်
ဝယ်ကျွေးနေပါ့လား…?အဖေရ… "ဆိုတော့…
" ဒီမှာ…သား… ဟိုတခါ အဖေ
ဝယ်မကျွေးခဲ့တာ…အဲဒီတုန်းက
သားအဖနှစ်ယောက် ဆင်းဆင်းရဲရဲနဲ့
ဘဝကိုဖြတ်သန်းနေတဲ့အချိန်မှာ…
အဖေ့လက်ထဲ တစ်ဆယ်ကျပ်တန်လေး
တစ်ရွက်ပဲရှိတယ်…ငါ့သား…
အဲဒီအချိန်တုန်းက ယုန်တစ်ကောင်
ငါးကျပ်…အဖေဝယ်ကျွေးရင် ရနိုင်ပေမယ့်…
အဖေ့လက်ထဲမှာ…ကျန်ခဲ့မယ့်
ငါးကျပ်တန် တစ်ရွက်က
အဖေတို့…သားအဖနှစ်ယောက်
မနက်ဖြန်အတွက် တကယ်လိုအပ်မယ့်
ဆန်၊ ဆီ၊ ဆား…စတာတွေကို
ဝယ်ဖို့ မလုံလောက်ဘူး…သား…
အဲ့ဒါကြောင့်…သားကို ဝယ်ကျွေးချင်တဲ့
ဆန္ဒကို ချိုးနှိမ်ပြီး
ဘိန်းမုန့်(၂)ခု တစ်ကျပ်ဖိုးသာ
အဖေ…ဝယ်ကျွေးခဲ့တာပါ…"
အခု…အဖေတို့က…အရင်တုန်းကလို
မဟုတ်တော့ဘူးလေ…
အခု…အဖေတို့…ချမ်းသာနေပြီ…။
ငါ့သား…စားချင်တာ လုပ်ချင်တာ
မှန်သမျှကို…အခုအချိန်မှာ…အဖေ
အကုန်လုပ်ပေးနိုင်တယ်…ငါ့သား…"တဲ့။
ပုံပြင်လေးကတော့……ဒါပါပဲ...။
ကျွန်တော်တို့…တစ်တွေလည်း
ဘဝကို ကိုယ့်အားကိုယ်ကိုး
ဖြတ်သန်းနေကြတဲ့အချိန်မှာ…
လိုချင်တာ…လုပ်ချင်တာ…
ဝတ်ချင်တာ…စားချင်တာ…မှန်သမျှကို
ပုံပြင်ထဲက အဖေဖြစ်သူလို
ဆန္ဒကို ချိုးနှိမ်ထားရပါမယ်…။
ကိုယ့်ဘဝရပ်တည်ဖို့ ခက်ခဲနေတဲ့အချိန်မှာ
ပိုက်ဆံရှိ ချမ်းသာနေတဲ့သူတွေနဲ့
လိုက်ပြီး တန်းမညှိသင့်ပါဘူး.…။
ဥပမာ…တစ်ခုပြောရရင်
အခုလက်ရှိ ပိုက်ဆံချမ်းသာတဲ့သူ
တစ်ယောက်ဟာ…ထမင်းတစ်ပွဲ
(၁၀,၀၀၀)ပေးပြီး စားနိုင်ပါတယ်။
အင်္ကျီတစ်ထည်(၅၀,၀၀၀)ပေးပြီး
ဝတ်နိုင်ပါတယ်…။
အဲ့ဒီလိုပဲ…ကျွန်တော်တို့,ခင်ဗျားတို့
တစ်တွေဟာ…အမြဲတမ်း မဟုတ်ပေမယ့်…
အခါအားလျှော်စွာ သူဌေးတွေလို
ထမင်းတစ်ပွဲ(၁၀,၀၀၀)ပေးပြီး
စားနိုင်သလို အင်္ကျီတစ်ထည်
(၅၀,၀၀၀)ပေးပြီး ဝယ်ဝတ်နိုင်ပါတယ်..။
ဒါပေမယ့်…တန်ဘိုးချင်းတူပေမယ့်
ပေးဆပ်ရပုံချင်း မတူပါဘူး …
ပိုက်ဆံချမ်းသာတဲ့ သူဌေးတစ်ယောက်ရဲ့
လုပ်အားနဲ့ရတဲ့ ငွေတစ်သိန်းဟာ…
မိနစ်ပိုင်းလေးနဲ့ ဖြစ်နိုင်ပေမယ့်…
ကျွန်တော်တို့တွေရဲ့လုပ်အားနဲ့ရတဲ့
ငွေတစ်သိန်းကတော့…
မိနစ်ပိုင်းလေးနဲ့ မဖြစ်နိုင်လို့ပါပဲ။
နောက်ဆုံးစကား အနေနဲ့
"ယုန်တစ်ကောင် ငါးကျပ် မစားနဲ့။
ငါးဆယ်ဖြစ်မှစား.."လို့ပြောလိုက်ပါရစေ…။
မေတ္တာဖြင့်မျှဝေပါသည် ။
🌸🌸🌸🌸🌸
မူရင်းရေးသားသူအားcreditပေးပါသည်။
to original writer
မျှဝေသူ ဦးကျော်မြင့်