Eat Me by Ou

Eat Me by Ou Online shop service

တောင်ကြီး ထောပတ်သီးမှ ထောပတ်သီးဆိုတဲ့သူလေးတွေအတွက် ထပ်ရောက်ပါပြီရှင်။ 🥑🥑🙆 အလုံးတွေက ရှယ် ချော သန့်။ အရသာက ဒီက ထောပတ်သီးတ...
24/09/2022

တောင်ကြီး ထောပတ်သီးမှ ထောပတ်သီးဆိုတဲ့သူလေးတွေအတွက် ထပ်ရောက်ပါပြီရှင်။ 🥑🥑🙆

အလုံးတွေက ရှယ် ချော သန့်။ အရသာက ဒီက ထောပတ်သီးတွေနဲ့မတူ စိမ့်နေတာပဲနော်။

အားလုံးကြိုက်ကြတယ်ဆိုလို့ တန်စေရအောင် အများစျေးလေးနဲ့ပါ ရောင်းပေးပါမယ်ရှင်။

10 လုံး - 6000
1 လုံး - 1000/700

(10လုံးက အကြီးအသေးရောပါတယ်ရှင်။ ပါသမျှအကုန် အကြီးက များတာမလို့ အကြီး ၅လုံးအထက်ပါနော်။ တန်စေရမယ် စိတ်ချပါရှင်)

စမ်းချောင်းပို့ခ - 1000
တခြားမြို့နယ်များ ဒလီအပ်ပေးပါတယ်ရှင်။

🥑🥑🥑
#ထောပတ်သီး .... ကြိုက်သူတွေ သိသင့်သောအရာများ😊

ထောပတ်သီးကို... အနာကင်းစွာမှည့်ရန်နှင့်
မှည့်နေသောထောပတ်သီးများအား ထားသိုနည်း

၁။ ရေ လုံးဝ ( လုံးဝ ) မထိပါနဲ့
ဒါထောပတ်သီးစားသူတိုင်း
သိထားရမဲ့အချက်ပါနော်
( ရေလုံးဝမထိရပါဘူး။)
အညှာထဲရေဝင်ရင် အမျှင်မဲတွေပေါ်လာပြီး
ပုတ်တတ်ပါတယ်။

တကယ်လို့ ဘုရားကပ်မယ်။
လက်ဆောင်ပေးမှာမို့ လှချင်တယ်ဆိုရင်တော့
tissue အစိုနဲ့သုတ်ပြီး။
အဝတ်ခြောက်ဖြင့်သေချာစွာ သုပ်ပေးပါရှင့်။
သူ့အရောင်အလိုလိုတက်လာပါမယ်။
တချို့ရောင်းတန်းတွေမှာ
အသီးကိုပြောင်လက်နေအောင် သုတ်ထားတာက
အသီးအမှည့်နားက အသားနဲ့ပြန်သုတ်တာပါ။
အသီးကြောတင်းပြီး စားမကောင်းတော့ပါ။
ကျမ ရောင်းသမျှအသီး မြေကြီး ပေနေတောင်
လုံးဝ မသုတ်ပေးပဲ
သဘာဝအတိုင်းပဲရောင်းပါတယ်။

၂။အမြန်မှည့်ရန်*****
ထောပတ်သီးကို အမြန်မှည့်ချင်ရင်တော့
သတင်းစာနဲ့တလုံးချင်းပတ်။
နေလုံ လေလုံတဲ့ ဂျပ်ဖာထဲထည့်ထားပါ
ဖာထဲ ငှက်ပျောသီးအမှည့် ၁ လုံးထည့်ထားပါ။

အသီးအရမ်းစိမ်းရင် ၃ ရက်။
မစိမ်းရင် ၂ ရက် လုံးဝမဖွင့်ပါနဲ့။ ချိန်ဆဖွင့်ပါ။
ဆန်အိုးထဲမထားရပုတ်လွယ်သည်။

၃။အမှည့်မလွန်ပါနဲ့****
အညှာလေး ဖယ်ကျိလို့
အဝါရောင်သန်းနေ နည်းနည်းအိရင်ရပါပီ။
ဒီနေ့မှာ တလုံးမှည့်တယ်။ စားမှာက ၂လုံး
နောက်ရက်မှ ၂ လုံး တခါတည်းစားမယ်။ မရပါဘူးနော်

အမှည့်လွန်ရင် ဘယ်အသီးမှ စားမရသလို
ပစ်ရပါလိမ့်မယ်။
မာယာ များတဲ့ထောပတ်သီးကို သေချာ ဂရုစိုက်စားပါက
အကောင်းဆုံး အရသာ ရပါမယ်နော်။

၄။မှည့်နေသော အသီးအား ကြာကြာထားနည်း*****
ဒါကတော့ မခက်ခဲပါဘူး။
ဗူးသန့်သန့် ဇွန်းသန့်သန့်နဲ့
ရေခဲသေတ္တာရှိရင် ok ပါတယ်။
မှည့်နေတဲ့ အသီးတွေကို ဗူး တခုထဲ
ဇွန်းလေးနဲ့သေချာခြစ်ချ သိပ်သိပ်လေးလုပ်
အဖုံးလေးဖုံးပြီး ရေခဲထဲထည့်ထားရင်
ကြာကြာထားစားလို့ရပါတယ်။
အဓိက လေလုံနေဖို့ပါ။

စားခါနီး အပေါ်ယံလွှာလေးမဲ နေရင်တောင်
ဇွန်းလေးနဲ့ အသာဖယ်ပီး လိုသလိုအသုံးပြုရုံပါရှင့်။
မနက်က တခြမ်းစားတယ် တခြမ်းကျန်တာ
ညနေမှ စားမယ်ဆိုရင်တော့ ကျန်တခြမ်းပေါ်
ဆီလေးသုတ်ထားပါနော်

အဓိက က
အသီး ကို ရေထိရင် ပုတ်ဖို့ 99%သေချာပါပီရှင့်

⚠️ချက်ချင်းစားချင်ရင် အသီးတလုံးလုံးကို အသာဖျစ်ကြည့်ပါ
အနည်းငယ်အိရင် အကောင်းဆုံးပါ။
မာတောင်နေရင် တရက်နှစ်ရက်ထားပါ
ဖျစ်ကြည့်လို့ အိဝင်သွားရင် ချက်ခြင်းဖျော်/စားဖို့ အသင့်ဖြစ်နေပါပြီ။ သို့မဟုတ် အမှည့်လွန် ပျက်ပါတော့မယ်ရှင့်
Crd

23/09/2022

ဒီ ညနေ ထောပတ်သီး ထပ်ရောက်ပါမယ်နော်။ မှာချင်ကြိုမှာထားလို့ရပါတယ်ရှင်။

အရမ်း အရမ်း တန်စေရမယ် 🤩🤩

22/09/2022

ramen ကို ဂျယ်ဆော့ အိုပါးတို့ပြောသလို လုပ်စားကြည့်ကြည့်

လျှာလည်ပြီး ဆွေမျိုးပါမေ့မယ် 🤭🤭

  all sold outအလုံးသိပ်မလှဘဲ နည်းနည်းသေးနေလို့ ကျန်ရစ်ဖြစ်နေသော ဘေဘီလေးတွေ ကြိုက်တာယူ တစ်ပုံ 1000 ပါရှင်။ ဒါနောက်ဆုံး လက...
06/09/2022

all sold out

အလုံးသိပ်မလှဘဲ နည်းနည်းသေးနေလို့ ကျန်ရစ်ဖြစ်နေသော ဘေဘီလေးတွေ
ကြိုက်တာယူ တစ်ပုံ 1000 ပါရှင်။

ဒါနောက်ဆုံး လက်ကျန်ပါ။

ဒါကုန်ရင်ဖျာပုံပြန်ပါပြီ ဟုတ်။ 👀🙆

My logic: အလုံးသေးတာလေးဆို ပေးမကောင်းဘူး အနစ်နာခံပြီးပဲ စားလိုက်ပါမယ်လေ။ 😔ဟယ် နည်းနည်းနာနေတယ် ကိုယ့်ဗိုက်ထဲပဲ ထည့်လိုက်ပ...
03/09/2022

My logic:
အလုံးသေးတာလေးဆို ပေးမကောင်းဘူး အနစ်နာခံပြီးပဲ စားလိုက်ပါမယ်လေ။ 😔

ဟယ် နည်းနည်းနာနေတယ် ကိုယ့်ဗိုက်ထဲပဲ ထည့်လိုက်ပါမယ်လေ။ 🥺

(အမှန်က အီစိမ့်နေတာပဲ 😆)

ဘယ်ဖက်က ပါသမျှထဲ အသေးဆုံးအလုံးပဲ။ ဘယ်သူ့မှမရောင်းပါဘူးနော်။ ဥ တစ်ယောက်တည်း ဝိုက်မှာပါ။
ညာဖက်ကတော့ ကိုယ့် ကာစတန်မာတွေ ကို ထည့်ပေးနေကျ အလုံး ကြီးပြီး လှတာလေးတွေပါ 🥑🥑🥑

နည်းနည်းပဲ ကျန်ပါတော့တယ်။

အလုံးကြီး - 1000
အသေး - 700 ပါရှင်

ခုခွဲ ခုချလပ် အရသာရှိမှရှိနော်တစ်လုံးမှ 700-1000 စားပျော်တယ်။ ဒါ ၁၀၀၀တန် အလုံးကိုခွဲပြထားတာပါ 😍😍https://www.facebook.com...
01/09/2022

ခုခွဲ ခုချလပ် အရသာရှိမှရှိနော်

တစ်လုံးမှ 700-1000 စားပျော်တယ်။ ဒါ ၁၀၀၀တန် အလုံးကိုခွဲပြထားတာပါ 😍😍

https://www.facebook.com/107692324458126/posts/515848663642488/

ထောပတ်သီး ရှယ်အလုံးချော အလုံးသန့်တွေ ရောက်ပါပြီရှင်။ 🥑🥑တောင်ကြီးက မရတနာဆီက တိုက်ရိုက်ယူတာမလို့ Q တော့ စိတ်ချပါနော်။ ထောပ...
30/08/2022

ထောပတ်သီး ရှယ်အလုံးချော အလုံးသန့်တွေ ရောက်ပါပြီရှင်။ 🥑🥑

တောင်ကြီးက မရတနာဆီက တိုက်ရိုက်ယူတာမလို့ Q တော့ စိတ်ချပါနော်။ ထောပတ်သီးက အသားပြည့် အမျှင်လုံးဝမပါပါရှင့်။ အရသာရှိချက်က ဆွေမျိုးပါမေ့သွားမယ်။ ကိုယ့်အတွက်စားဖို့ဝယ်ရင်း ကြိုက်လွန်းလို့ အပိုမှာထားတာပါနော်။ 😍

ရောင်းစျေး
🥑 အကြီး - 1000
🥑 အသေး - 700 ပါရှင့်။

🚴‍♀️ စမ်းချောင်း deli - 1000 ks
(10000 အထက် ပို့ခ free)

🚴‍♀️ တခြားမြို့နယ်များလည်း ဒလီအပ်ပေးပါတယ်ရှင်။
(20000 အထက် ပို့ခ free)

တန်တန် များများလေး ရောင်းပေးမယ်နော်။ 🤭
29/08/2022

တန်တန် များများလေး ရောင်းပေးမယ်နော်။ 🤭

25/08/2022
Simplus grinder အသားကြိတ်စက် Quality တအားကောင်းသောနော်။ခဏခဏ လာ ဝယ်ကြတယ်။ အိမ်ရှင်မတွေအကြိုက်ပဲ။ သူ့ဓားသွားက တော်တော်ကောင...
25/08/2022

Simplus grinder အသားကြိတ်စက်

Quality တအားကောင်းသောနော်။ခဏခဏ လာ ဝယ်ကြတယ်။ အိမ်ရှင်မတွေအကြိုက်ပဲ။ သူ့ဓားသွားက တော်တော်ကောင်းပါတယ်။

Flash saleနဲ့မလို့ ယူပါ တကယ်တန်တယ်။ မူရင်းစျေး ၁သိန်းဝန်းကျင်ပါရှင်။
ခု Sale price - 42500 ks နဲ့ရပါမယ်နော်။

220V-50Hz
300W/2kg

Preorder/halfpaid
Waiting time 2/4 weeks

ရောက်သမျှ 🙆🙆
22/08/2022

ရောက်သမျှ 🙆🙆

air fryer ဝယ်ထားပြီးရင် တွဲသုံးဖို့ ဆီပေခံ စက္ကူလေးတွေ ရပါမယ်ရှင်။ Fryer ပဲ သုံးမယ်ဆို ဟင်းနှစ်တွေ ဆီတွေ ပေရင် သန့်ရှင်း...
18/08/2022

air fryer ဝယ်ထားပြီးရင် တွဲသုံးဖို့ ဆီပေခံ စက္ကူလေးတွေ ရပါမယ်ရှင်။

Fryer ပဲ သုံးမယ်ဆို ဟင်းနှစ်တွေ ဆီတွေ ပေရင် သန့်ရှင်းရခက်တယ်နော်။ ဒါလေးက ဆီပေခံ စက္ကူမလို့ စိတ်တိုင်းကျ ချက်လို့ရပါပြီရှင့်။

အရွက် ၃၀ ပါ - 8500
အရွက် ၅၀ ပါ - 11000 ပါရှင့်။

Preorder/Waiting time 2/4weeks

Address

Sangchaung
Yangon
11111

Website

Alerts

Be the first to know and let us send you an email when Eat Me by Ou posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Eat Me by Ou:

Share